ငရဲပြည်တံခါးဝ

khinmintatthuJuly 15, 20101min723

Uzekistan မှာရှိတဲ့ ဒီနေရာကို ငရဲပြည်သို့တံခါးဝ ဟု အမည်ပေးထားပါတယ် ။ Darvaz
ဟုခေါ်သောမြို့ငယ်လေးရဲ့အနီးမှာ တည်ရှိပါတယ် ။ ဒီပုံပြင်လေးဟာ ၃၅နှစ်တိုင်အောင် တည်ရှိခဲ့တာ ဖြစ်ပါတယ် ။ တစ်ခါတုန်းက ဘူမိဗေဒပညာ ရှင်တွေဟာ
ဓါတ်ငွေ့တူးဖော် ခဲ့ကြပါတယ် ။ ဓါတ်ငွေ့တူးဖော်နေစဉ် အတွင်းမှာပဲ သူတို့ဟာလှိုဏ်ခေါင်းကြီး တစ်ခုကို တွေ့ှရှိခဲ့ ကြပါတယ်။ ဒါဟာ အလွန်ကြီးမားပြီးတူးခဲ့သမျှထဲမှာ အနက်ဆုံး လှိုဏ်ခေါင်းတွင်းကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ် ။ ဘယ်သူမှ ဒီတွင်းကြီးထဲကို မဆင်းရဲ ကြပါဘူး ။လှိုဏ်ခေါင်းတွင်းကြီးတစ်ခု လုံးဟာဓါတ်ငွေ့တွေနဲ့ ပြည့်နေလို့ ဖြစ်ပါတယ် ။
ဒါကြောင့်သူတို့ဟာ အဆိပ်ဓါတ်ငွေ့တွေ မထွက်အောင် မီးရှို့ခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး မီးတွေစွဲလောင် ကြပါတယ် ။ ရပ်နားခြင်းမရှိပဲ ၃၅နှစ်တိုင်တိုင် မီးတွေစွဲလောင်ခဲ့တာ ဖြစ်ပါတယ်။ ဓါတ်ငွေ့ဘယ် နှစ်တန်လောက်မီးလောင်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး ။ မြင်ရသူတိုင်းကတော့ဒါဟာယခုလေးတင်မှ မီးရှို့ထားတယ်လို့ ထင်မှတ်ကြပါတယ် ။

မေးလ်ထဲမှ ဖော်ပြလိုက်ခြင်းဖြစ်သည်။

3 comments

  • etone

    July 16, 2010 at 1:45 am

    အဆန်းပဲနော် 35နှစ်လုံးမီးလောင်တယ်ဆိုတော့ ဓါတ်ငွေ့တွေကလည်း ရှိနေလို့ဖြစ်မှာပေါ့ ။

  • Htoo

    July 16, 2010 at 3:02 am

    အောက်ကိုကျသွားရင် ဘယ်လို့နေမလဲမသိဘူးနော် ကြောက်စရာကြီးဗျ။

  • winne

    July 16, 2010 at 5:00 am

    ထူးဆန်းတယ်နော် တခါမှ ကြားတောင် မကြားဘူးဘူး.. ဘာပဲပြောပြော ဒီမှာ ဝင်ဖတ်ပြီး ရေးနေတာ မသိသေးတာတွေလည်း သိရတယ် ဗဟုသုတတော့ တိုးတာ အမှန်ဘဲ

Leave a Reply