မန့် ခြင်း အမှူ

ထိုတခုတွင်…

တိုသော် မကောင်း…

ရှည် သော် မလှ….

ထို နှစ်ဝမှ

တိုခြင်း မန့် ကား လေးရာမရောက်….

ရှည် ခြင်း မန့် ကား အမှားများရာ….

ထိုထိုထွေထွေ ကြားမြောင် အလယ်…

တည်ကာ မန့် မှ…

ကောင်းလိမ့်မည်ဟု မှတ်လေသတည်း….

 

 

မန့် ခြင်း အမှူ

ထိုတခုတွင်…

အကြင် စာရေး…..

ရေးချင်တာရေး….

မန့် ချင်တာ မန့်  ပြုခြင်းဖြစ်က…..

လေးထားအမှူ မရှိခဲ့သော်….

ရွာပူ ရွာဆူ ပြုလုပ်သည်ဟု….

ခိုင်ခေါ် သဂျီး သမုတ်လေသတည်း….

 

 

မန့် ခြင်း အမှူ

ထိုတခုတွင်…

ကာလံဒေသံ….

မျက်နှာ စာရေး…

မကြင် ရွင်ပြ ရှိသော်ငြားလည်း…

မသိကျွိုးကျွံ ပြုကာ မန့် သော်….

ဖြစ်သမျှ အကြောင်း အကောင်းမှတ်ကာ…

ဖတ်ကာမှတ်ထား မန့် သော်ငြား…..

ဒေါသ ရှေ့ မထားလင့်….

 

မန့် ခြင်းအမှူ

ထိုတခုတွင်…

ရေးသူအမှား….

ရေးသူ ကြွားသော်….

မန့် ခြင်းသူမှာ ကြီးစွာသတိ…

ကပ်ကာထားမိ ပြုခြင်းအမှူ…

အထူးထူးကို…..

ရှောင်ကာရှားသင့် ရှားလေသတည်း….

 

 

 

တိမ်မည်း လက်တည့်စမ်းကာ ရေးစပ်ထားသည်…..

၁၃၄၇ တန်ဆောင်မုန်းလဆန်း (၈) ရက်

၂၀၁၂ နိုဝင်ဘာလ (၂၁) ရက်

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........