မန် ့ခြင်း အမှူ ( ကဗျာ )

တိမ္မည္းNovember 21, 20121min27136

မန် ့ခြင်း အမှူ

ထိုတခုတွင်…

တိုသော် မကောင်း…

ရှည် သော် မလှ….

ထို နှစ်ဝမှ

တိုခြင်း မန် ့ကား လေးရာမရောက်….

ရှည် ခြင်း မန် ့ကား အမှားများရာ….

ထိုထိုထွေထွေ ကြားမြောင် အလယ်…

တည်ကာ မန် ့မှ…

ကောင်းလိမ့်မည်ဟု မှတ်လေသတည်း….

 

 

မန် ့ခြင်း အမှူ

ထိုတခုတွင်…

အကြင် စာရေး…..

ရေးချင်တာရေး….

မန် ့ချင်တာ မန် ့ ပြုခြင်းဖြစ်က…..

လေးထားအမှူ မရှိခဲ့သော်….

ရွာပူ ရွာဆူ ပြုလုပ်သည်ဟု….

ခိုင်ခေါ် သဂျီး သမုတ်လေသတည်း….

 

 

မန် ့ခြင်း အမှူ

ထိုတခုတွင်…

ကာလံဒေသံ….

မျက်နှာ စာရေး…

မကြင် ရွင်ပြ ရှိသော်ငြားလည်း…

မသိကျွိုးကျွံ ပြုကာ မန် ့သော်….

ဖြစ်သမျှ အကြောင်း အကောင်းမှတ်ကာ…

ဖတ်ကာမှတ်ထား မန် ့သော်ငြား…..

ဒေါသ ရှေ ့မထားလင့်….

 

မန် ့ခြင်းအမှူ

ထိုတခုတွင်…

ရေးသူအမှား….

ရေးသူ ကြွားသော်….

မန် ့ခြင်းသူမှာ ကြီးစွာသတိ…

ကပ်ကာထားမိ ပြုခြင်းအမှူ…

အထူးထူးကို…..

ရှောင်ကာရှားသင့် ရှားလေသတည်း….

 

 

 

တိမ်မည်း လက်တည့်စမ်းကာ ရေးစပ်ထားသည်…..

၁၃၄ရ တန်ဆောင်မုန်းလဆန်း (၈) ရက်

၂၀၁၂ နိုဝင်ဘာလ (၂၁) ရက်

36 comments

  • ဦးခင်ခ

    November 21, 2012 at 11:01 am

    မန့်လည်း မကောင်း
    မမန့်လည်း မကောင်း
    ပိုစ့်များတွက်မူ
    မန့်သူများက ပြုလုပ်ကြသည်
    လက်ရှောင်ဖတ်သွား ဖြစ်လေသည်။

    • တိမ်မည်း (ခရီးသွားနေည်)

      November 21, 2012 at 11:08 am

      မသိ ရှောင်သွား
      သိတော့ ပွားမိ
      ထိုထို ထွေထွေ
      လေးရာ မယူ
      ပေါ့ရာ မမှတ်
      အကြင် ခင်ခ
      မန် ့ခြင်း အမှူ
      ပြုသည် ရှိသော်
      ကျေးဇူး အထူးတင်ပါသည်…..

  • Inz@ghi

    November 21, 2012 at 11:08 am

    တနေ့ ဤရွာကြီး ပျက်မည်။ မပျက်ခင် မန့်ချင်သလိုမန့်ကြ။

    :harr:

    • တိမ်မည်း (ခရီးသွားနေည်)

      November 21, 2012 at 11:14 am

      ကမာ္ဘကြီးလည်း တနေ ့ကျရင် ပျတ်မယ်မှန်းသိလို ့…
      ပညာရှင်တွေလည်း အသစ်ရှာနေကြသလို……….

      ကိုအင်ဇာဂီတို ့လို ဘိုးတော်ကြီးတွေလည်း…..
      လူငယ်တွေအတွက် ရွာသစ်ရှာပုံတော်ကြီး ဖွင့်တဲ့ Project များရှိရင် Share စေချင်ကြောင်း…….

  • thit min

    November 21, 2012 at 11:40 am

    ငန့်တန့်တန့်ဖြစ်အောင်မန့်
    လန့်တန့်တန့်ဖြစ်အောင်မန့်
    ဪ……… ထန့်တန့်တန့်ဖြစ်အောင်မန့်။
    အဝဲယား ပါအောင်မန့်
    အသဲယား လာအောင်မန့်
    ဪ…………. အမြဲအကြွား ပါအောင်မန့်။
    အကြံပြုတဲ့ မန့်
    စံပြုဖွဲ့မန့်
    ဪ …………..ရန်ပြုတဲ့မန့်။
    အသာမြင်လို့ မန့်
    အပလာ ချဉ်လို့ မန့်
    ဪ ………………..အစာ “နင်” လို့မန့်။
    အလာထူးလို့မန့်
    ဝါသနာ မြူးလို့မန့်
    ဪ …………………တဏှာရူးလို့မန့်။
    သိပ်အတွေးခက်လို့မန့်
    စိတ်အတွေးယှက်လို့မန့်
    ဪ …………………အိပ်ရေးပျက်လို့ မန့်။
    တချက်ထူးလို့မန့်
    အမျက်စူးလို့ မန့်
    ဪ ……………..အရက်မူးလို့မန့်။
    ယိုင်မကျဖို့ မန့်
    စတိုင်ပြလို့ မန့်
    ဪ …………………ဘိုင် ကျလို့ မန့်။
    တီထွင်လို့ မန့်
    ပီပြင်လို့မန့်
    ဪ …………………အီ ချင် လို့မန့်။
    ဟားတိုက်သလို မန့်
    ကျားလိုက်သလို မန့်
    ဪ ……………………ဖားရိုက်သလို မန့်။
    အကြိုက်အမြောက်နဲ့ မန့်
    အနှိုက်အဖောက်နဲ့ မန့်
    ဪ ……………..ရိုက်ပေါက်နဲ့ မန့်။
    ရောတောတောနဲ့ မန့်
    ကြောတောတောနဲ့ မန့်
    ဪ …………………ပေါတောတောနဲ့ မန့်။
    လော်ကြီးနဲ့ မန့်
    အပေါ်စီးနဲ့ မန့်
    ဪ ……………………..အတော်ဖြီးတဲ့ မန့်။
    ဒန့် ဒန့် ဒန့်။ဒန့် ဒန့် ဒန့်။

    • တိမ်မည်း (ခရီးသွားနေည်)

      November 21, 2012 at 11:56 am

      ရှည်တဲ့ ကော်မန် ့
      ကောင်းတဲ့ ကဗျာ
      ရေးသူ သစ်မင်း
      ဖတ်သူ အကျွန်
      မနော ခွေကာ
      ကြိုက်မိ ပါသည်……….

    • ခိုင်ဇာ

      November 21, 2012 at 12:04 pm

      ကိုသစ်မင်း ရေးတာလေး သဘောကျသနော်။ :harr:

      • Inz@ghi

        November 21, 2012 at 12:12 pm

        ကောင်းမပေါ့ ..အဲ့လာ ရှေးမဆွကတည်းက ရှိခဲ့တဲ့ ရွာ့ကဝိ ဆြာသစ် ဆိုတာသူပေါ့အေ့
        ဒီဆြာက လူသားမျိုးနွယ်တာဝန် ထမ်းအံ့ဆိုပြီး ရွာကပျောက်သွားတာ
        ခုတလောမှ ပြန်ပေါ်လာလို့ ..ညည်းမသိသေးတာ….

        ပြောစ့် လိုက်ပီနော…
        ဘဘသစ်…

        :kwi:

        • ခိုင်ဇာ

          November 21, 2012 at 12:16 pm

          ဟိုလူပြော၊ ဒီလူပြောနဲ့ သိပါ့အေ။
          သူပို့(စ) တွေလည်း ဖတ်ဖြစ်ပါတယ်။ ဝင်မပြောဖြစ်တာပဲရှိတာပါ။
          ဟိုတလောကကို ကိုသစ်မင်း မွေးနေ့မဟုတ်လားလို့။ :harr:

        • thit min

          November 21, 2012 at 12:51 pm

          အဲဒီလိုလဲ ဟုတ်သေးပါဘူး။ညီလေးဂီရယ်။
          ရွာထဲမှာ စွယ်စုံရမောင်ဂီ ဆိုတာရှိသကွဲ့။

          ဆိုင်ရာပိုင်ရာများလည်း သူ့ကွင်းမှာသူအပိုင်စား ဆိုတော့
          ဒီရွာက ကဝိတွေ တယ်များလှ ဖွရရင်တော့ ဒီလိုရှိမယ်ကွဲ့။

          ဆရာ့ဆရာများ လက်စောင်းထက်ပုံကတော့ ပြောမဆုံးပေါင် ဘောလုံးပေါင် ပါဘဲ။
          ခုမှ ဝင်စတွေလဲ အစွမ်းထက်သမို့ ကမ်းတက်လာတဲ့ ဝေလငါး
          ခြေပေါက်သလို ဝှီးကနဲဒေါက်ကနဲ ခရီးလဲပေါက်လှ မြင်ရမြင်ရ.. ဪ ဘဝင်ကျရ
          ဂေဇက်ကိုအလှချယ် ငြင်းဟယ်ခုန်ဟယ်နဲ့ အနုပညာသည်များရယ်လို့ မလပ်တမ်းပွါးကြပါဆိုပြီး
          (တို့ သူကြီးကလေ) မှတ်တမ်းထား သတဲ့ မောင်ရေ့။

          ဒါနဲ့ လူတွေလဲ ငြင်းကြငြင်းကြ ဗြင်းရအောင်တော့ လက်လှမ်းမမှီ
          အင်း ထရဲန်ပါရဲန်စီ လား စားအုန်းဆီ လား ဆိုတာတော့
          ကဝိကြောင်တောင်တောင်မဖြစ်ရအောင် (ဘာတဲ့) မသိချင်ယောင်ဘဲ ဆောင်ကြမယ်ဟေ့။

  • Shwe Ei

    November 21, 2012 at 12:36 pm

    တခါတလေရင်ထဲကလာတဲ့အတိုင်းမန့်မယ်
    တခါတလေအုံးနှောက်ထဲကထွက်သလောက်မန့်မယ်
    တခါတလေ လိုက်မမှီတာတွေကိုကြိုးစားဖတ်ရင်း မူးတယ် 🙁

    • တိမ်မည်း (ခရီးသွားနေည်)

      November 21, 2012 at 1:40 pm

      ရင်ထဲကထွက်တာ အန်ဖတ်
      ဦးနှောဏ်ထဲကထွက်တာ အပူ
      မူးရင်သောက်တာက ပါရာစီတမော…..

      မှတ်ချက်။ ။ ပါရာစီတမော အတုများပေါ်နေပါသဖြင့် လန်းဆန်း သောက်နေပါဂျောင်း….

  • ဘူဒွေ ဘာကြောကြော
    တိမ်တွေကို လေခိုစီးပြီး မန့်ဒတ်ဒယ် ..
    ဖတ်ရသူ ပြုံးပျော်လည်း နည်းမှတ်လို့ …
    ဟုတ်ဘူးလားလို့ …

    ကဗျာစပ်ထားပုံကတော့ မိုက်တယ် ..

    • တိမ်မည်း (ခရီးသွားနေည်)

      November 21, 2012 at 1:43 pm

      ဟုတ်ပ ကိုအံစာတုံးရေ…..
      ရွေပွဲလာ ပရိသတ်များ ပြုံးပျော်ဆိုဖို ့…..
      အသစ်တဖန် ကမှာ ဖြင့်……
      ကျွန်တော် မောင်တိမ်မည်းလေးရဲ့……….
      မန်းဂေးဇာတ် ဇာတ်သဘင် မဟုတ်ပါလား ဗျာ……….

  • Hnin Hnin

    November 21, 2012 at 2:12 pm

    မမန့်တတ်ရင် အသာလေးနေ…
    မန့်ချင်ရင်လည်း မန့်တတ်သလောက်လေး မန့်…
    စိတ်ထဲက ပေါ်လာတဲ့အတိုင်း ချရေးလိုက်ရတော့လည်း ပျော်တာပဲပေါ့… 🙂

    • တိမ်မည်း (ခရီးသွားနေည်)

      November 21, 2012 at 2:21 pm

      ပျော်တယ်ဆိုရင် ကောင်းတာပေါ့……….

      🙂

  • aye.kk

    November 21, 2012 at 2:27 pm

    မမန် ့ခင် စဉ်းစား
    မန် ့ပြီးရင် စဉ်းစား
    မန် ့နေစဉ်မှာလည်း စဉ်းစား
    မန် ့တာ မန် ့ပါ ဘယ်သူ ့မှမထိခိုက်အောင်မန် ့
    ကိုယ်လည်းအကျိုးရှိအောင်မန် ့
    သူတစ်ပါးလည်းခံသာအောင်မန် ့
    မမန် ့ချင်ရင် ဥပေက္ခာနေ အကောင်းဆုံးပါပေ။။။

    • တိမ်မည်း (ခရီးသွားနေည်)

      November 21, 2012 at 2:40 pm

      မမန် ့ခင်လည်း ဒီစိတ်….
      မန် ့နေတုန်းလည်း ဒီစိတ်….
      မန် ့ပီးရင်လည်း ဒီစိတ်…
      စိတ်တကာ့ စိတ်…. မန် ့တကာမန် ့…….
      ခံသာသာ မန် ့ခြင်းဖြစ်ရအောင်……
      အကြံတကာ့ အကြံ အခေါင်တကာ့ အခေါင်…..
      အေးကေကေ လာကာ မန် ့လိုက်တယ်…..
      မန် ့ခြင်း ကဗျာ ဆက်ရန် ရှိသေးပါတကား…..

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2012 at 2:46 pm

    ဥုံ

      • တိမ်မည်း (ခရီးသွားနေည်)

        November 21, 2012 at 3:10 pm

        နှစ်ကိုယ် တစိတ်ပဲ ကြားဖူးတာ…..
        အခုမှ နှစ်ယောက် တကောမန် ့ မြင်ဖူးတော့တယ်….
        အံ့ရော အံ့ရော……..

        🙂

      • surmi

        November 21, 2012 at 3:13 pm

        ဂလုံဂတ် …..ဂလုံဂတ်

    • တိမ်မည်း (ခရီးသွားနေည်)

      November 21, 2012 at 4:45 pm

      ဘပု

      ဘာဂါထာလဲဟင်…….. 🙂

  • juu juu

    November 21, 2012 at 3:19 pm

    ဘာမှ မမန့်တော့ဘူးနော်…………..

  • MaMa

    November 21, 2012 at 4:22 pm

    မန့်ရမလား
    မမန့်ရဘူးလားးးးး
    ဖတ်ရသလောက်တော့…….
    ခုတလော တိမ်မည်း လေဟုန်စီးနေတယ်……..

    ဒါ့ထက် စကားအတင်းစပ်-
    ဂေးဇာတ် ဝင်ရင် ဘပုက ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်တဲ့။
    ဝမ်းသာလွန်းလို့ ဆို့နစ်ပြီး ဥုံ ….. တစ်လုံးပဲ ပြောလိုက်နိုင်တယ်။ :harr:

    • တိမ်မည်း (ခရီးသွားနေည်)

      November 21, 2012 at 4:41 pm

      မန် ့ပါ မန်ပါ… 🙂

      လေဟုတ်စီးနေတာမဟုတ်ဖူး မိုးကြိုးပွတ်ပီး လျှပ်စီးထနေတာ…. ဟီးဟီး

      ဂေးဇာတ်ဝင်တယ်ဆိုတာ ဘာကိုပြောတာလဲဟင်….

      ကြိုဆိုသောသူအားလုံးကို တွေ ့တဲ့အခါ တီးအဝတိုက်ပါ့မယ်လို ့……
      မှတ်ချက်။ ။ တခွက် ၁၅၀ဝ ထက်မကျော်သော တီးသာတိုက်မည်………..

      ဥုံ တလုံးတည်းလား…..
      သိပါဖူး……………. ဘာဂါထာများလဲလို ့ ကြည့်နေတာ…………

      • MaMa

        November 21, 2012 at 4:50 pm

        ဂေး= gay

        တစ်ခွက် ၃၀ဝ တန် တီး ပဲ သောက်ဖူးပါသည်။
        တခွက် ၁၅၀ဝထက် မကျော်သော တီး တိုက်လျှင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါမည်။ :hee:

        • တိမ်မည်း (ခရီးသွားနေည်)

          November 22, 2012 at 8:44 am

          Mandalaygazette ဇာတ်ကို ပြောခြင်းပါဗျာ……..

          ဂေး=gay တော့မလုပ်ပါနဲ ့……
          ဝေါင်ဝေါင်ရှေးပါတယ်…….

          တီးလား တိုက်အုံးမှာ……
          တောင်ကြီး မှာဆိုရင် အခု Nes တခွက်တောင် ၂၀၀ဝတဲ့….
          အဲ့ဒါကြောင့် ကြိုပြောထားတာ ၁၅၀ဝ တော့မကျော်ပါနဲ ့လို ့………
          ရန်ပုံငွေပွဲတွေနဲ ့တိုးလွန်းလို ့ပါ….. ဟီး 🙂

          ကြိုဆိုတာက ဂေးကိုလား ကျွန်တော့်ကိုလား…..
          MaMa ရှင်ရှင်းပြော….
          ဟီး

          ကြိုဆိုခြင်းသည်…
          ဂေး ကိုဆိုလိုရင်တော့ ဆံပင်ညှပ်ဆိုင်သွား……
          ကျွန်တော့်ကို ရည်ညွန်းရင်တော့ ခရီးသွားနေပါသဖြင့်….
          မကြာမှီလာမည် မျှော်………………… 😀

  • padauk moe

    November 21, 2012 at 7:08 pm

    လန်းတယ်ဟေ့

  • Mobile

    November 21, 2012 at 8:47 pm

    ရှေ့ကလူများ
    ပြောသွားသည်မှာ
    ဆင်ခြင်နှိုင်းဆ
    သတိတရား
    မပြတ်ထား၍
    အမြဲးမပြတ်
    ကြိုးစားပါက
    အေးအေးချမ်းချမ်း
    သိုက်သိုက်မြိုက်မြိုက်
    သည်ရွာစည်ကား
    လာပေလိမ့်မည်
    သည်မျှမက
    အပြင်လောက
    စီပွားနယ်ပယ်
    အသွယ်သွယ်တွင်
    ထိုသို့ကျင့်ထုံး
    မပြတ်သုံးက
    ကောင်းကျိုး ထွေထွေ
    ရရှိပေလိမ့်
    ကျင့်အပ့် သင့်ကြောင်းတည်း။

    • တိမ်မည်း (ခရီးသွားနေည်)

      November 22, 2012 at 9:01 am

      မိုဘိုင်း ဆပ်တဲ့ ကဗျာ….
      ပျိုတိုင်း ကြိုက်နေတာ…..
      မိုဘိုင်း ကတဲ့ ပွဲ…
      ပျိုတိုင်း ကြိုက်နေဆဲ….
      မိုဘိုင်း ဂေးဇက်ဝင်….
      ပျိုတိုင်း ပင့်သတ်ဘဝင်….
      မိုးဘိုင်း မန် ့သွား…..
      ပျိုတိုင်း အခိုက်ဇယား….

  • မောင်ပေ

    November 21, 2012 at 9:42 pm

    မန် ့ခြင်းအမှု
    တော်ပြီ
    ကျုပ်ကတော့ ဗမာ/မြန်မာပီပီ အမှုဆိုရင် ဝေါင်ဝေါင်ရှေးတယ်
    လစ်ပြီ

    • တိမ်မည်း (ခရီးသွားနေည်)

      November 22, 2012 at 8:47 am

      လစ်လစ်…………… ညန်ညန်လစ်….

  • မိုးတိမ်

    November 22, 2012 at 12:32 am

    မဝင်တော့မသုံးတော့ဘူးလို့ကိုနေနေတာ မနေနှိုင်တော့လဲ သောက်ညင်ကပ်ရင်ဖြစ်စေ၊ကြိုက်ရင်ဖြစ်စေ
    ငြင်းခုန်ခြင်းအနုပညာမြောက်ရအောင် ဝင်ငြင်းလိုက်၊ဝင်ဗျင်းလိုက်ဗီဇကိုဖြောက်မရဘူးခင်ည။ငြင်းစရာမရှိရင်
    ငြင်းစရာ ဖွဘုတ်ဆိုဒ်မှာလိုက်ရှာငြင်း အတော်လဲလက်ကမျင်းတတ်သဗျ။အခုလဲ
    ဟိုကျမ်းစာဖတ်လိုက်၊ဒီကျမ်းစာဖတ်လိုက်နဲ့မျက်စိနှစ်ကွင်းကတရုတ်ပန်ဒါဝက်ဝံလို ဖြစ်နေလို့မှန်ထဲတောင်
    ပြန်မကြည့်ရဲဘူး။လူကလဲအူလည်ချာလည်နဲ့ ကျမ်းစာတွေကြားအူလည်ချာလည်ဖြစ်နေဘီ။
    ကိုယ်ကပြိုင်ငြင်းချင်တာကိုး၊အတိအကျသိချင်တော့လဲ ဆိုက္ကားတောင်မထွက်နှိုင်။ချစ်သူကလဲ အထင်လွဲငါ့မှာသာသောက်တလွဲကြီးဖြစ်တော့သကိုး။တော်ဘီမမန့်တော့ဘူး ဒါနောက်ဆုံးပဲ။ငါလဲရွာထဲကထွက်ပြီးအပြင်မှာတဲထိုးပြီးနေတော့မယ်။

    • တိမ်မည်း (ခရီးသွားနေည်)

      November 22, 2012 at 8:53 am

      အကို မိုးတိမ်…..

      ရွာပြင်တဲထိုးတာက ဟုတ်ပါပီ…..
      ရွာပြင်မြေရိုင်းတွေမှာ သဂျီးဦးခိုင်က ပြည်သူပိုင်ဖြစ်သောကြောင့် ကျူးကျော်တဲမထိုးရလို ့စာထုတ်ထားတယ်ဂျ…..
      အဲ့ဒါကြောင့် ကိုမိုးတိမ်တဲလေး ဘူဒိုဇာနဲ ့အထိုးခံရမှာ စိုးသောကြောင့်…..
      တဲမထိုးမီ သဂျီးခိုင် နဲ ့ နဖူးတိုက်ဒူးတိုက် မရရင် ရတာတိုက်ပီး အဂရီးမန် ့ ယူသင့်ကြောင်း…..

      လေးစားလျက်
      တိမ်မည်း

  • Mobile

    November 22, 2012 at 1:10 am

    ကိုမိုးတိမ်က ကောင်းကင်မှာမနေပဲ ဒီရွာထဲကို ဝင်လာတာကိုဗျ
    တဲထိုးနေတယ်ဆိုတာ ငလျင် လှုပ်တဲ့အခါမှာ ပိမှာ ပြိုကျမှာ မကြောက်ရပေမယ့်
    မုန်တိုင်းတိုက်ရင်တော့ အမြစ်ကနေ ကျွတ်ထွက်ပြီး ပါသွားမှာနော် . . . . . .

Leave a Reply