ယ = ယိမ်း …. က ကြမည့် ……လက်တို ့ ၏ ရာဇဝင်

alinsettNovember 21, 20121min23025
ဆီမီးယိမ်းကနေ ပုံ ရှာမတွေ ့လို ့…..

( အမှန်တရား…. ဆိုရာတွင်…. ကိုယ့်အတ္တ နှင့်ကိုယ်….

တစ်ဦးတည်း..မှန်နေသော… အမှန်တရား မဟုတ်ပဲ…..

အားလုံး အတွက်လည်း.. မှန်ကန်သော../ သဘာဝ လောက အမှန်တရားစစ်စစ်လည်း..ဖြစ်သော…

သစ္စာတရား / အမှန်တရား ကိုသာ..ဆိုလိုပါသည် ။ )

===============================

သူတပါး ၏ မျက်ရည်ကိုတောင်…ညှစ် ထုတ်နိုင် သည်……ဆိုတော့………

ထို လက် ပိုင်ရှင်များ…၏ အစွမ်းအစ ကို…

လျှော့ တွက် လို ့တော့မရပါ ။

ကိုယ့် အနားကို….ရောက်လာသော..လက်သည်…..

ကိုယ့် မျက်ရည်ကို…. ညှစ်ထုတ်နိုင်မယ့်..လက်တွေ…လား……. ဆိုတာလေးတော့…..

တိတိကျကျ သိနိုင် / ရိပ်မိနိုင် / အကဲ ခတ်နိုင်မယ့် အစွမ်းအစ….

ကိုယ့်မှာ..ရှိထားမှ..ဖြစ်တော့မည် ။

====================================

ယိမ်းက နေသော ကချေသည် တို ့ ၏ လက်များ ကို မြင်ယောင်ကြည့်ပါ ။

ညီညာ၍ လှပ သော အယိမ်းအနွဲ ့ များ နှင့် … ယိမ်း က သော လက်များ ။

အလွန် ရှု မငြီး စဖွယ် ဖြစ်ပါသည် ။

ယိမ်းများစွာ ရှိသည့်အနက် ကျွန်တော် အချစ်ဆုံး / ကြည့် မဝ ဆုံး ယိမ်း မှာ ဆီမီး ယိမ်း ဖြစ်ပါသည် ။

ဆီမီးခွက်ကလေးများ…. ကို..ကိုယ်စိီ ကိုင်ကာ…. ညီညာ လှပစွာ.. က ပြနေသော..ယိမ်းကချေသည် တို့ ၏

( ယိမ်းကနေသော ) လက်ကလေးများ သည်…. ချစ်စရာ အလွန် ..ကောင်းပါသည် ။

=========================================================

ယိမ်း… က…သော… လက်များအကြောင်း စဉ်းစားရင်းဖြင့်… လောက မှာ.. လက် အမျိုးမျိုး.. ရှိနေကြောင်း…အထိ..

အတွေး နယ်ပယ် ကို ချဲ ့ထွင်…ဖို ့.ကြိုးစားမိပါသည် ။

လောကတွင်…လက် အမျိုးမျိုး..ရှိပါသည် ။

ထို လက် အမျိုးအစား…များစွာ.. ထဲ မှ…

အချို ့လက်များမှာ…

အောက်ပါအတိုင်း ရှိနေပါသည် ။

-=========================================

ပေးသောလက်များ ( ၁ )

အပေးသာ ..ရှိသော လက်များသည်… စွန့်လွှတ် အနစ်နာ ခံရသူ တို ့၏ မြင့်မြတ်သော… လက်များ.ဖြစ်ပ့ါသည် ။

ကျွန်တော့် ဘဝမှာ… ပေးသောလက် နှစ်စုံ ကတော့….အသေအချာကို…ရှိနေခဲ့ပါသည် ။

ထို လက် နှစ်စုံ မှာ..ကျွန်တော့် ဖေဖေ နှင့် မေမေတို ့ ၏ လက်များ ဖြစ်ပါသည် ။

ကျွန်တော့်ကို…….. တရား အသိများ..သိနိုင်အောင်… (သိတော့ မသိသေးပါ ) စာအုပ်များ… ရေးသား..ထုတ်ဝေ ပေးနေသော ..

ဆရာတော်များနှင့်……

ကျွန်တော်…လေးစား.စွာ..အားကျ အတု ယူ ခဲ ့ရသော… စာပေ ပညာ ရှင်များ ၏ လက်များ..သည်လည်း..( ကျွန်တော့်အတွက်.. )

ပေးသောလက်များ..စာရင်း…. ဝင်ပါသည် ။

ထို ..ပေးသော လက်များကို… ကျွန်တော်..ချစ်မြတ်နိုး …. ၍ တန်ဖိုး..ထား..မိပါသည် ။

–===========================================

ပေးသောလက်များ ( ၂ )

ပေးသောလက်များ ထဲတွင်…

မပေးချင်ပဲ..ပေးလိုက်ရတတ်သော..လက်များ..လည်း.ရှိနေပါသည် ။

မပေးသင့် / မပေးထိုက် တာကို… မတရားသဖြင့်.တောင်းယူ ( သိမ်းပိုက် ) သူများ…အား…..

အားမတန်…၍ မာန် လျှော့ကာ…. မပေးချင်ပဲ..ပေးလိုက် ရသော… လက်များ ဖြစ်ပါသည် ။

လာဘ်ပေး / လာဘ် ယူ…ခြင်းများတွင်…. လာဘ်ပေးရသူသည်….. မပေးချင်ပဲ.. ပေးရသော.. လက် ဖြစ်သည် ။

လာဘ်ယူ သူ ( လာဘ်စားသူ ) သည်…. သိမ်းပိုက်တတ်သော..လက် ဖြစ်သည် ။

မပေးချင်ပဲ..ပေးလိုက်ရသော…လက်များကို… ကျွန်တော်…. ကိုယ်ချင်းစာ…သနား ပြီး….

မယူသင့်ပဲ..ယူငင် သိမ်းပိုက်တတ်သော လက်များကိုတော့………………

ကျွန်တော်..မုန်း ပါသည် ။

========================================================

သိမ်းပိုက်တတ်သော လက်များ ( ၁ )

သိမ်းပိုက်တတ်သော လက်များ အမှတ်…တစ်ထဲတွင်….

မယူသင့်ပဲ..ယူ တတ်သော လက်များကို.. ထည့် သွင်း ရပါမည် ။

ထိုကဲ့သို ့…. မယူသင့်ပဲ..ယူ တတ်သော လက်များကို…

ရာထူး ကြီးမား..သော…

အာဏာပြင်းထန်သော…. လုူစားအချို ့( အချို ့) တွင်… တွေ ့ရတတ်ပါသည် ။

အလိုလောဘ ကြီးသူ…/ အင်အား ကြီးသူ ( အချို ့) ၏ လက်များသည်…အင်အားမရှိသူ…

အားနည်းသူ…တို ့ ဆီမှ…. ရ နိုင်သမျှ ကို.. သိမ်းကြုံး..ယူငင်ဖို ့…

အသင့်ဖြစ်နေတတ်ပါသည် ။

လယ်မြေနှင့် အခြား အရာများ… သိမ်းယူတတ်သော ဖြစ်ရပ်များကို… မြင်တိုင်း / ကြားတိုင်း… သိမ်းပိုက်သော လက်များ အကြောင်း..စဉ်းစားမိပါသည် ။

သိမ်းပိုက်တတ်သော လက်များ ကို ကျွန်တော်…

မချစ်ပါ ။

==============================================

———————————————————————————————————

သိမ်းပိုက်တတ်သော လက်များ ( ၂ ) သို့မဟုတ် ယူသင့်လို ့ယူရသော လက်များ

ယူသင့်လို ့ယူ ရသော လက်များကတော့….

အနည်းငယ် ချစ်စရာကောင်းပါသည် ။

တစ်စုံတစ်ယောက်ထံမှ……

တစ်ခုခု ရအောင် ..ယူ ပြီးသောအခါ…..

ထို တစ်ခုခုကို ….

အခြား… လိုအပ်သူ တစ်ယောက်ယောက် ကို ပြန်ပေးတတ်သော…. လက် ဖြစ်သည် ။

( ယူသင့်လို ့ယူတယ်..သာ ရှိပြီး..ပြန် မပေးတတ်သော လက်များလည်း ရှိပါသည် ။ဒါကတော့ ယူုသင့်လို ့ယူတာဆိုတော့……ပြောစရာမရှိပါ ။ )

သမာသမတ်ကျသော…. စီးပွါးရေးသမားများ… ၏ လက်များသည်..ယူသင့်လို ့ယူသော..လက်များဖြစ်နိုင်ပါသည် ။

ယူသင့်သော..အမြတ် ထက် ..ပို မယူသော….

ယူသင့် ယူထိုက် ၍ ယူခဲ ့သော..အမြတ် များ.ထဲမှ….

အများကောင်းကျိုးကို.လိုလားစွာ……

ပြန်လည်…. ကူညီ ပံ့ပိုး..ပေးဝေ မျှ ..တတ်သော… လက်များ..မို ့….

တစ်မျိုးတော့….

ချစ်စရာ ကောင်း ပါသည် ။

============================================

တားဆီး တတ်သော လက်များ ( ၁ )

ဒါလည်း.နှစ်မျိုး.နှစ်စား ရှိနေပြန်ပါသည် ။

တစ်မျိုးက……. မလို..မုန်းထား ၍

တားဆီးတတ်သော လက်များ ဖြစ်ပါသည် ။

ဖြစ်သင့်တာ..ဖြစ်သ ွားမှာကို… မလိုလာ း၍…..

မနာလို စွာ… တားဆီး ပိတ်ပင်တတ်သော….. လက်များ …လည်း. ဖြစ်သည် ။

============================================

တားဆီးတတ်သောလက်များ ( ၂ )

နောက်တစ်မျိုးကတော့………………………

မဖြစ်သင့်တာကို..မဖြစ်ရအောင်……

အကျိုးလိုလားစွာ…….

တားဆီး..ပေးသော.. လက်များ…ဖြစ်သည် ။

=================================================

ခေါ်ယူတတ်သော လက်များ ( ၁ )

ကောင်းတာ / မှန်တာ လုပ်ဖြစ်အောင်……

ကောင်းမှု ရှိရာကို… ခေါ်တတ်သော လက်များ….မို ့…

ခေါ်ယူတတ်သော လက်များ ( ၁ ) သည်..ချစ်စရာ ကောင်းပါသည် ။

ဘဝ မှာ..မ မေ့နိုင်စရာ……ကျေးဇူး..တင်ထိုက်သော..လက်များလည်း ဖြစ်သည် ။

=================================================

ခေါ်ယူတတ်သော လက်များ ( ၂ )

မကောင်း / မမှန် သော လမ်းမှား…ထဲသို ့ရာက်အောင်….

ဆွဲခေါ် တတ်သော လက်များ… လည်း.. ရှိပါသည် ။

ထို ကဲ့သို ့.ခေါ်ယူခြင်းကတော့… သိပ်မကောင်းပါ ။

ထိုလက်များသည်……

အဆိပ်ခွက်ကို….ချော့ တိုက်မည့်..လက်များ..ဖြစ်ပါသည် ။

မုန်းစရာ.ကောင်းပါသည် ။

======================================================

မျက်ရည် ညှစ်သော… လက်များ…

အလွန်………….

ကြောက်စရာကောင်းပါသည် ။

မျက်ရည် ညှစ်ထုတ်တတ်သော လက် ပိုင်ရှင်များသည်….

ပညာပါပါ..ဖြင့်…. သူတို ့အစွမ်းအစ ကို ပြ တတ်ပါသည် ။

တော်ရုံ တန်ရုံဖြင့်..ရုန်း ထွက် ၍ မရလောက်အောင်…..

ချည်နှောင် ပြီးကာမှ……..

မျက်ရည် ထွက်အောင်….. ညှစ်ထုတ်..တတ်သည့် လက်များ ဖြစ်သည် ။

ရက်စက်လှပါသည် ။

သူတပါး ၏ မျက်ရည်ကိုတောင်…ညှစ် ထုတ်နိုင် သည်……ဆိုတော့………

ထို လက် ပိုင်ရှင်များ…၏ အစွမ်းအစ ကို…

လျှော့ တွက် လို ့တော့မရပါ ။

ကိုယ့် အနားကို….ရောက်လာသော..လက်သည်…..

ကိုယ့် မျက်ရည်ကို…. ညှစ်ထုတ်နိုင်မယ့်..လက်တွေ…လား……. ဆိုတာလေးတော့…..

တိတိကျကျ သိနိုင် / ရိပ်မိနိုင် / အကဲ ခတ်နိုင်မယ့် အစွမ်းအစ….

ကိုယ့်မှာ..ရှိထားမှ..ဖြစ်တော့မည် ။

==============================================

ချောက်ထဲ တွန်းချတတ်သော… လက်များ

ကြောက်မက်ဖွယ်ရာ…….ထက်…ပိုသော…

စက်ဆုပ်ဖွယ်ရာ…. / မုန်းတီး.နာကြည်းဖွယ်ရာ… လက်များ …ဖြစ်သည် ။

ချောက်နက်နက် ထဲ…. တွန်းချ တတ်သော..လက်များ သည်……

မာယာ လည်း.များ လှပါသည် ။

လက်ယပ်ခေါ်..သယောင်ယောင်… ဖြင့်… ခေါ်ယူ….ပြီးမှ…..

ယုံကြည်မှုကိ်ုရော…..

ဘဝ ကိုပါ…….

ချောက်ထဲ..တွန်းချ ပစ်တတ်သော…. လက်များ.ဖြစ်သည် ။

မာယာကို… ပညာ ပါပါ သုံးပြီး…..

အငြိုး ကွန်ယက်ဖြင့် …ချုပ်ကိုင်… တွန်းချ တတ်သော….

လက်များ…ဖြစ်သည် ။

အငြိုးကြီးစွာဖြင့်……. မာယာကို..ပညာ လို သုံးခြင်း…အထွဋ်အထိပ်သို ့ ရောက်သောအခါ…များတွင်…

လက်များဖြင့်သာ မက…..

သူတို ့၏ ခြေထောက်များဖြင့်ပါ…..

ချောက်ထဲ..ကန်ချ တတ်သေးသည် ။

ဘဝတစ်ခုလုံး…ပြန်..ဆယ်ယူလို ့မရလောက်အောင်….

တွန်းချ တတ်သော လက်များမို ့….

အလွန် ရှောင်ရှား..သင့်သော… လက်များ..အဖြစ်..

မှတ်တမ်း..တင်ခဲ့ချင်ပါသည် ။

-=========================================================================

ညွှန်ပြတတ်သော လက်များ

ညွှန်ပြ တတ်သော…. လက်များ…သည်..ထိထိရောက်ရောက်…မကူညီနိုင် / ကယ်တင် မပေးနိုင်သူတို ့၏ လက်များ..ဖြစ်ပါသည် ။

ဆွဲခေါ် ဖို ့…. / ကမ်းလက်ကလေး..လှမ်းပေး ဖို ့…. စသည်ဖြင့်…

ဘာမှ လုပ် မပေးနို်င်သောအခါ……

ညွှန်ပြ ခြင်း သည်သာ…….

သူတို ့ ၏ …ကူညီခြင်း ဖြစ်ပါသည် ။

သင့်တော် မှန်ကန်သော..လမ်းကို… ညွှန်ပြ နိုင်လာလေလေ…..

သူတို ့ …၏ ကူညီမှု. ( ညွှန်ပြ မှု ).က ပို၍

အကျိုး ရှိ ( တန်ဖိုး တက် ) လာလေလေ…….

=============================================

လက်နက် ကိုင်သော…..လက်များ

လက်နက်ကိုင်သော… လက်များ…သည်….

လုံခြုံ လိုမှု… နှင့်…..

သိမ်းပိုက်လိုမှု..များကြောင့်..ဖြစ်လာရပါသည် ။

( အကြောက်တရား နှင့်.. ကာကွယ် ခုခံ..လိုမှု.ကြောင့်လည်း… လက်နက်ကိုင်ကြပါသေးသည် ။

အကြောက်တရားနှင့် ကာကွယ်ခုခံလိုမှုကြောင့် လက်နက်ကိုင်ခြင်းကိုလည်း..လုံခြုံ လိုမှုကြောင့်… ဟု ပဲ.. ကျွန်တော်… သတ်မှတ်မိပါသည် ။ )

ဘာပဲ.ပြောပြော………

လက်နက်ကြီး တကားကား နှင့်…..

ကိုယ်လိုရာကို..ရောက်အောင်… / ရအောင်…. လုပ်ယူနေခြင်းသည်……

မငြိမ်းချမ်းသော.. ကိစ္စသာ..ဖြစ်ပါသည် ။

လက်နက် တွေ..ကိုင်ဆောင်ထားမည့်အစား…..

အခြားတစ်ခုခု… ကို…

ကိုင်ဆောင်နိုင်လျှင်.. ပို၍ သင့်တော်..မည် ထင်မိပါသည် ။

ဥပမာ…….

မေတ္တာတရား…

လူသားချင်း ( သတ္တဝါချင်း ) စာနာထောက်ထားမှု..

………………………

++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော့် လက်များ….

လက် အမျိုးမျိုး.ရှိနေကြောင်းကို…..

စဉ်းစားပြီးသော အခါ……………………..

ကျွန်တော်…..

ကိုယ့်လက် အကြောင်းကို…

ကိုယ်..ပြန်စဉ်းစား ရပါသည် ။

ကျွန်တော့်လက်……………………..

ကျွန်တော့် လက်ဟာ..ဘယ်လို ..လက်မျိုးလဲ………………….

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော့်လက်က… ဘယ်လို လက်အမျိုးအစားလဲ….

ထပ်ခါ ထပ်ခါ….. အဖြေရှာပြီးသောအခါ…………………..

ကျွန်တော့်လက်များ…..

ဘယ်လို လက်အမျိ်ုးအစားထဲမှာ..ပါနေသလဲ..ဆိုတာ. သိလိုက်ရပါသည် ။

ကိုယ် ့လက် အကြောင်းကို… ကိုယ်တိုင် တိတိကျကျ သိနိုင်ဖို ့…….

ကိုယ့် အတ္တ နှင့်.. မာန

ကိုယ့်ကို ကိုယ် အထင်ကြီးမှု… များကို… အတော်လေး…ခွါချ… လိုက် ရပြီးမှ….

သိလိုက်ရတာ ဖြစ်ပါသည် ။

ကျွန်တော့် လက်များ သည်…. ( ……………………………. ) သော…… လက်များ..ဖြစ်ပါသည် ။

(( ကွက်လပ်ကလေးထဲမှာ… ကျွန်တော့်လက် ဘယ်လိုအမျိုးအစားဆိုတာ… စာဖတ်သူမိတ်ဆွေကပဲ.ဖြည့်ပြီး. ဖတ်စေချင်ပါတယ် .။

ကျွန်တော့်လက်….လို ့ဆိုရာမှာ…….. ကျွန်တော် အလင်းဆက် ၏ လက် ကိုပဲ…..ပြောတာ …. လို ့ မယူဆပဲ……………………………

………………………………………………. :kwi: ))

=======================================================================

ကောင်းပြီ။

ကျွန်တော့်လက်များ…. ဘယ်လို..လက်အမျိုးအစားထဲမှာ..ပါနေနေ…..

( အဲဒါထက် တစ်ဆင့် တက်ပြောရရင်..) ခင်ဗျားတို ့ ရဲ ့ လက်များ…. ဘယ်လို လက်အမျိုးအစားထဲမှာပါနေနေ..ပေါ့နော် ။

တကယ်တမ်း..ဖြစ်သင့် ဖြစ်ထိုက် တာက…ဘာလဲ………

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော် တို ့ ၏ လက်များ နှင့်……………… သူတပါးကို…

ချောက်ထဲ..တွန်းမချ မိဖို ့…….

သူတပါး ၏ မျက်ရည်များကို.. ညှစ်မထုတ်မိဖို ့…..

မတရား သဖြင့်… မသိမ်းပိုက်မိဖို ့…..

မလျော်သော… လမ်းမှားများကို… ညွှန်… မပြ မိဖို ့…..

မကောင်းသော လမ်းထဲ… ( ကိုယ် ရောက်နေရင်တောင်.. ) သူတပါးကို..ဆွဲ မခေါ်မိဖို ့…..

မကိုင်သင့်သော..လက်နက်များကို… မကိုင် မိဖို ့……..

စသဖြင့်……………….

ကျွန်တော်… ( တို ့) ကြိုးစားရပါဦးမည် ။

ဒါက တစ်ပိုင်း…..။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော် တို ့ရဲ ့လက်တွေ….

တစ်ယောက်နဲ ့တစ်ယောက်….ဘယ်လောက်ပဲ… မတူ ကွဲပြား..ခြားနားနေပါစေ……။

မတူ ကွဲပြား ခြားနားမှု ကို… အသာ ဖယ် ထားပြီး…

လောလောဆယ်တော့……….

အင်းးးးးးးးးးးးးးးးးးးးးးးးးးး ..လောလောဆယ်.တော့…..

++++++++++++++++++++++++++++++++++++++++++++++

(ဆီမီးခွက်ကလေးများ…. ကိုင်ပြီး… ညီညီညာညာ လှပ စွာ..က တတ်သော…

ဆီမီးယိမ်းကို..နှစ်သက် သဘောကျသောကြောင့်….. )

မိတ်ဆွေများ..ခင်ဗျာ……… …

ကျွန်တော် နှင့်အတူ…….. ယိမ်း ကစေချင်ပါတယ် ။

(အလင်းဆက်ကြီး..ယိမ်းက ချင်နေပြီ..လို ့ … ထင်ကုန်ကြပြီပေါ့နော် ။

မထင်ပါနဲ ့… ယိမ်းဆိုတာ… ဟိုလို..က ပြ ရမယ့် ယိမ်းကို မဆိုလိုပါဘူး ။

ယိမ်းကကြရအောင် ဆိုတာ…သင်္ကေတ နဲ ့.ပြောလိုက်တာပ ါ ။ဘဝဆိုတာလည်း.. က….ပြ နေရတဲ ့ဇာတ်တစ်ပုဒ်မဟုတ်လား..။ အဟိ ။ :kwi:

ကဲကဲ… စကားပြေ…. စီးကြောင်း ထဲ.ပြန် သွားပါ့မယ် ။ )

————————————————————————-

ကျွန်တော်….တို ့ ၏ လက်များ… အတုူတကွ……..

ယိမ်းနွဲ ့လှုပ်ရှားပြီး…

အနုပညာ ဆန်သော…. ကကြိုး..ကဟန်များ….ကို….

ဖန်တီး…ကြစေချင်ပါသည် ။

ကျွန်တော်တို ့ အားလုံး ၏ လက်များ..ထဲတွင်…..

“ အမှန်တရား..”ဆိုသော ဆီမီးခွက်ကလေးများ…. ကိုယ်စီ….. ကိုင်ဆောင်ကာ….

အားလုံး..ညီတူ. မျှတူ…

က..ကြပါစို ့…..။

( အမှန်တရား…. ဆိုရာတွင်…. ကိုယ့်အတ္တ နှင့်ကိုယ် …

တစ်ဦးတည်း..မှန်နေသော… အမှန်တရား မဟုတ်ပဲ…..

အားလုံး အတွက်လည်း.. မှန်ကန်သော../ သဘာဝ လောက အမှန်တရားစစ်စစ်လည်း..ဖြစ်သော…

သစ္စာတရား / အမှန်တရား ကိုသာ..ဆိုလိုပါသည် ။ )

ထိုသို ့ဖြင့်………..

ထို အမှန်တရား ၏ အလင်းရောင်…များ..သည်…..

ကျွန်တော်..တို ့…. အားလုံး ၏ လက်များ… ဆီမှ….

ညီညီဖြဖြ… လင်းလက်တောက်ပ လာပါလိမ့်မည် ။

လှပ ညီညာစွာ…. အတုူတကွ… ကိုယ်စီ..ယိမ်းနွဲ ့ က…. ပြ..ကြဖို့ သာ….

လိုပါသည် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
………………………………………………
………………………………………………
……………………………………………… ။ ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အမှန်တရား ကို…. လက်ကိုင်ထားသော….

ယိမ်း..က ခြင်းသည်……

ဆီမီးယိမ်းထက် ပင်…. ပို လှပ မည့်…….. အနုပညာ…. ဟု……

ကျွန်တော်…

ယုံကြည်ပါသည် ။

===============================================================

လေးစားစွာဖြင့်….

အလင်းဆက်

21 . 11 . 2012 . PM

alinsett.art@gmail.com

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တွေးမိတာလေး….

ချရေးမိတာပါ ။

လွန်သွားတာ..ကျွံ သွားတာ ရှိရင်.. နားလည် ခွင့်ခွင့်လွှတ်ပေးနော် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++=

ရ = = ? ???

25 comments

  • အလင်းဆက်

    November 21, 2012 at 8:07 pm

    တ =http://myanmargazette.net/149512/arts-humanities
    ထ =http://myanmargazette.net/149925/arts-humanities
    ဒ =http://myanmargazette.net/150370/arts-humanities
    ဓ =http://myanmargazette.net/151141/arts-humanities
    န =http://myanmargazette.net/151584/arts-humanities
    ပ =http://myanmargazette.net/152640/arts-humanities
    ဖ =http://myanmargazette.net/153657/arts-humanities
    ဗ=http://myanmargazette.net/154762/arts-humanities#comments
    ဘ =http://myanmargazette.net/155933/arts-humanities
    မ =http://myanmargazette.net/156660/arts-humanities
    —————————–
    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ လို ့…..

    ချစ်သော….

    အလက်ဆင်း

  • aye.kk

    November 21, 2012 at 8:31 pm

    အကြင်နာကရုဏာလက်တစ်စုံသာလိုအပ်သည်
    မေတ္တာလက်ဖြင့်ကမ်းလင့်မှုကိုသာတောင့်တသည်
    နွေးထွေးစွာပွေ ့ဖက်ပေးသောလက်တသက်တာလိုချင်သည်
    ထိုလက်များသာပြင်းပြဆန္ဒရင်မှာဖြစ်ရသည်။။။

  • Shwe Ei

    November 21, 2012 at 10:21 pm

    အမှန်တရားကိုလက်ကိုင်ထားပြီးယိမ်းကဖို့က
    အပြောလွယ်သလောက် အလုပ်ခက်နေမလား အလင်းဆက်ရေ။
    မေတ္တာတရားကိုလက်ကိုင်ထားပီး ယိမ်းကကြည့်ရင်တော့
    နဲနဲ နီးစပ်မယ်ထင်ပါတယ်။
    ကိုယ်တိုင်တော့ သူတပါးကိုချောက်ထဲတွန်းချမဲ့လက်ပိုင်ရှင်မဖြစ်အောင်
    ကြိုးစားပါကြောင်း။

    ခင်တဲ့
    မရွှေအိ

  • pooch

    November 21, 2012 at 11:36 pm

    အစကနေ အဆုံး အဖွဲ့ညက်ညက်လေးနဲ့ ဖတ်လို့ကောင်းတယ်။ အတွေးလေး သဘောကျတယ်။

    ကျမလက်ကတော့ လက်ကြမ်းကြီးထင်ပါရဲ့ ။ ကိုယ့်ယုံကြည်မှု ခံယူချက်အတွက်ဆို ဘယ်တော့မှမနူးညံ့ဘူး မသိမ်မွေ့ဘူး မညင်သာဘူး ။ အားမနာဘူး ။ နည်းနည်းတော့ တဇွတ်ထိုးဆန်နေမလားပဲ ။

    အဆိပ်လူးတဲ့ လက်ဖြစ်မလာအောင်ပဲ ကိုယ့်လက်ကိုယ် အတတ်နိုင်ဆုံးစောင့်ရှောက်ထားတယ်။

  • Mobile

    November 22, 2012 at 1:03 am

    ကျုပ်လက်ကတော့ နုနုနယ်နယ်နဲ့ ဖယောင်းတိုင်ကလေးများ ထောင်ထားသကဲသို့
    လက်မျိုးမဟုတ်ပါ။
    ဦးစွာပထမ အရေးအသား ကောင်းမွန်ကြောင်း ပြောကြားလိုပါတယ်
    နောက်ထပ်ထပ်ပြီးတော့ ကျနော်လက် ဘယ်အထဲမှာ ပါတယ်ဆိုတာကို
    ပတ်ဝန်းကျင်မှာ ရှိတဲ့မိတ်ဆွေများကို ဒီစာဖတ်ခိုင်းပြီး အဖြေထုတ်ပါမယ်

  • ခိုင်ဇာ

    November 22, 2012 at 5:37 am

    လက် အမျိုးအစား တင်စားချက်လေးတွေကတော့ လှသဗျာ။
    အင်း။ မောင်အလင်းဆက်တို့က သူ့လက်အမျိုးအစားကို ကွက်လပ်ဖြည့်ခိုင်းလိုက်သေးတယ်။ မှန်းကြည့်စမ်းမယ်။
    “ကံဆိုးမိုးမှောင်ကျတဲ့အခါ ချစ်သူလက်ကို ဆွဲကိုင်ထား၊ အကျင့်ပါသွားခဲ့တာ ချစ်သူမရှိတော့လက်မှိုင်ချ” လို့ စိုင်းစိုင်း ရေးဖူးတယ်။
    ဒီတော့ မောင် အလင်းဆက်ရဲ့ လက်က “လက်ဆုပ်လက်ကိုင်မရှိတဲ့ လက်” ပဲ ဖြစ်ရမယ်။ ဟဟဟ။ :harr: :harr:

    • Inz@ghi

      November 22, 2012 at 7:52 am

      ဘူ့ စာသားများလဲလို့ …ကော်ပီဆိုတဲ့ မာမီတို့ရဲ့ အသည်းကျော် လေးလက်ရာကိုး …
      သူလည်း ခပ်နွဲ့နွဲ့ရယ်နော … ခိခိ သူငယ်လေးတွေ ပွဲထုတ်ရတာလည်း အမော …
      ဟီဟိ ….
      (အီ ကွန်းမန့်ကို မန်းဒလေးးဟ အာပိုရီး မမြင်ဇီယ)

      :harr:

      စကားမစပ်
      အားပေးသွားပါတယ် ကိုဒညင်းဝက်…

      • ခိုင်ဇာ

        November 22, 2012 at 9:24 am

        ဪ။ အပုလေးကလည်း သူ့ကို သဘောကျသလား။

        (သူ နွဲ့တာမနွဲ့တာကတော့ မြွေမြွေ ချင်း မဟုတ်၍ မသိမြင်နိုင်ပါ။ ဟိဟိ) :mrgreen:

        မာမီဆွိက သူ့အရပ် ၅ပေ ၉လက်မလေးရယ်၊ အင်နိုးဆင့်(ဖစ် ဟန်ဆောင်ထားတဲ့) မျက်လုံးလေးတွေလောက်ရယ်ပဲ သဘောကျတာပါ။ :kwi:
        သူ့ညီမလေးနဲ့ ခု တူတူနေတာရယ်။
        မောင်လေး ဂီ သဘောကျရင် ပြောပါလေ။ မိတ်ဆက်ပေးရာက အဆင်ပြေတဲ့ထိ အခမဲ့ တာဝန်ယူပါ၏။ :harr:

  • ခင်ခ

    November 22, 2012 at 8:26 am

    ယုံကြည်မှု့ဆိုတာ လက်ယက်ခေါ်လို့ ရတဲ့အရာလား။
    ယူငင်လို့ ရတဲ့အရာလား၊ မဟုတ်လောက်ဘူးနော်
    ယုံကြည်မှု့ဆိုတာ
    ယုံကြည်လာအောင် ကိုယ်ကစပြီး
    ယုံမှားသံသယ မရှိအောင် စတင်တည်ဆောက်ရတာမျိုးပါ။
    ယုံကြည်မှု့ တစ်ဦးနဲ့တစ်ဦး ရရှိသွားကြတယ်ဆိုရင်တော့
    ယက်ခပ်ပြီး အေးအေးဆေးဆေးနေရသလိုမျိုး အငြင်းပွားစရာမရှိဘူးလေ။

  • ယိမ်း
    ဆိုတော့ မြန်မာပြည်မှထူးခြားတဲ့သီချင်းလေးတစ်ပုဒ်ကိုသတိရမိတယ်။
    သွားလေသူ ခင်ဝမ်း ဆိုခဲ့တာပါ

    သီချင်းနာမယ်က “ယိမ်း”
    အတီးမပါ အဆိုချည်းဘဲသက်သက် ……….။
    လိုတရ အကြည့်ဆိုတဲ့ စီးရီးမှာ ပါ။
    နားထောင်ချင်တယ်ဆိုရင် ကျနော့်အကောင့်ကိုအက်လို်က်ပါ.
    သီချင်းအခမဲ့ ပို့ပေးပါမည်။

    • ခိုင်ဇာ

      November 22, 2012 at 12:57 pm

      ကိုကြီးပေါက် ကို အက်ထားတယ်လေ။ ပို့ပေးပါ။
      ခင်ဝမ်းကို ဆယ်လမွန်ငါးတို့အပြန် တစ်ပုဒ်ပဲ နားထောင်ဘူးလို့။ :harr:

  • jullies cezer

    November 22, 2012 at 12:14 pm

    လောလောဆယ်တို့မြင်တာကတော့ ကိုအလင်းဆက်ရဲ့လက်က
    အက္ခရာလက်လို့မြင်တယ်ဗျာ နောက်ထပ် ပဉ္စလက် လိုဟာမျိုးလေး
    ကြုံရင်ရေးပါအုံး ……..

  • surmi

    November 22, 2012 at 2:10 pm

    ညာဖက်လက်က ထမင်းစားတယ်
    ဘယ်ဖက်လက်က …………. တယ်
    ဟဲဟဲ နောက်တာနော် မတွေ ့ရတာကြာလို ့
    အတွေးနဲ ့ အရေးလေးကို အရမ်းသဘောကျတယ်ဆိုတဲ ့ အကြောင်းးးးးးးး

  • thit min

    November 22, 2012 at 2:13 pm

    မှောက်သော လက် သည် ပက်လက်လှန် ထားသော လက် ကိုအ နိုင်ရ၏ လို့ မှတ်သားဘူးပါတယ်။

    ပေးကမ်းခြင်း သည် အောင်မြင်ရာ ကိုပြော တယ်လို့မှတ်ပါရဲ့။

    ကောင်းတဲ့ အတွေးလေးတွေနဲ့ ကိုအလင်းဆက်လေးရဲ့ စာတွေက နှစ်သက်စရာဖြစ်ပါတယ်လို့။

  • မိုချို

    November 22, 2012 at 4:17 pm

    ကိုယ်တိုင်တော့ တားဆီးတတ်သောလက်( ၂ ) ၊ ခေါ်ယူတတ်သော လက်( ၁ ) တွေ နဲ့ ငယ် ဘဝ တုန်း က အရွယ် မတိုင် မီ ရီးစား ထား ချင်တဲ့ ၊ ရည်မှန်းချက် မထားတတ်တဲ့ သူ ငယ် ချင်း တွေ ကို ဆုပ်ကိုင်ဖူးတယ် ထင် ပါ ရဲ့ ။

    ကိုယ် လဲ ယိမ်း ထဲ မှာ ပါဝင် ချင် ပါတယ်၊ တခါ တရံ မှာ (အမှန်တရား ကို လက် မခံ ချင်တဲ့ သူတွေ နဲ့ ပတ်သက် လာရင် )လက်ထဲ က “ အမှန်တရား..” ဆီမီး ခွက် လေးတွေက ကိုယ့် ကို ပြန် မလောင် အောင် သတိပြု ရှောင်ရှား ရင်းပေါ့။

  • အရီးခင်လတ်

    November 22, 2012 at 4:56 pm

    လက် ဆိုရင် ပထမဆုံး စပြီး သတိရတာက စာသားတစ်စု
    ၁၉၈၃ လောက်က (ထင်ရဲ့)

    ————————————————————–
    အဝေးကနေ လက်ပြနေတာကိုတော့ မြင်သားပဲ။
    ဒါပေမဲ့ …
    လက်ပြတာက သူ့ဆီလာဖို့ လက်ယပ်ခေါ်နေတာမှ မဟုတ်ဘဲ။
    ခွဲခွာဖို့ နှုတ်ဆက်နေတာကိုး
    ခုတော့ သိပြီလေ…။
    —————————————————————-

    ဘယ်သူရေးတာလဲ။
    သိလား အလင်းဆက်။
    အဲဒါ သူ့ ရဲ့ ပထမဆုံး စာမူ လို့ တော့ သိခဲ့တာဘဲ။
    အဲဒီ ကထဲက ကြိုက်ခဲ့တာ။

    နောက်တစ်ခုက
    ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီ တဲ့
    ဘယ်သူ ဆိုခဲ့တဲ့ စကားလဲတော့ မသိ။ 😆

  • အလင်းဆက်

    November 22, 2012 at 6:54 pm

    အရီး ခင်လတ်ရေ...

    ( ကျနော့်…လက်တွေ..က… ( ..) ဆိုတဲ ့… ပဟေဠိကိုတော့.. မဖြေသေူးး ။ သားကို.ပြန်ပြီး..ပဟေဠိ….လုပ်တွားတယ်.နော် ။

    :kwi: ……………)

    အဝေးကနေ လက်ပြနေတာကိုတော့ မြင်သားပဲ။
    ဒါပေမဲ့ …
    လက်ပြတာက သူ့ဆီလာဖို့ လက်ယပ်ခေါ်နေတာမှ မဟုတ်ဘဲ။
    ခွဲခွာဖို့ နှုတ်ဆက်နေတာကိုး…………..

    ဆိုတဲ ့စာသားလေးက…
    ဂျူး..ရေးတာပါနော် ။

    ရာဇဝင်ထဲမှာမောင့်ကို ထားရစ်ခဲ့.. ဝတ္ထုတိုစုစည်းမှု..ထဲက..
    ခုတော့သိပြီလေ…ဆိုတဲ ့ ဝတ္ထုတိုထဲက…စာသားလေး..ထင်ပါရဲ ့ ။

    ကျွန်တော်..သေချာတော့မမှတ်မိပါဘူး ။
    ဂျူး..ရဲ ့ပထမ ဆုံး ဝတ္ထု..က သက်ငင်ချစ်…လား ။
    ရာဇဝင်ထဲမှာ…. လား…
    ဆိုတာ…
    ပထမ… ပထမဆုံး ဝတ္ထုတို… ဆိုပြီး.စဉ်းစားတော့…
    သက်ငင်ချစ်..ထဲက…လား..ပေါ့ ။

    ဒါပေမယ်…
    ပို… ထင်မိတာက …ခုတော့သိပြီလေ….

    အိမ်ရောက်မှ…စာအုပ်ပုံထဲ.ခေါင်းစိုက်လိုက်ဦးမယ် ။
    ———————

    ကွေးသောလက် မဆန့်မီ…. ဆန့်သောလက် မကွေးမှီ ဆိုတာလေးကိုတော့..
    ဘယ်တူ..ပြောခဲ့တာလဲ..မတိဝူး..။

    မှတ်သားစရာ.စကားလေးမို ့… နာမည်တော့အတော်ကြီးသား…နော် ။

    အရီးရေ..
    အရီးလည်း.စာတွေ.ရေးပါဦးဗျ ။

    ခင်မင်လေးစားစွာ…
    အလက်ဆင်း

  • အလင်းဆက်

    November 22, 2012 at 7:02 pm

    အန်င်္တီအေး….

    မရွှေအိ

    မမ pooch

    ကိုကို . ..Mobile ( ကိုကိုပဲ..ထင်ပါတယ် ။ 🙂 )

    မမခိုင်ဇာ…

    ခင်ရတဲ ့..ဂီဂီ..

    လေးလေး ခင်ခ

    လေးလေးပေါက်

    မမ jullies cezer

    ဦးဦးဆာမိ

    လေးလေး.သစ်

    မမမိုချို…

    တို ့အားလုံးကို..

    ကျေူးဇူး..အထုူးတင်ပါတယ်ခည ။

    အချိန်မရတော့လို ့….

    အားလုံးကိုပေါင်းပြီး.ကျေးဇူးတင်လိုက်ပါတယ် နော် ။

    အချိန်ရတဲ ့အခါ…. တစ်ဦးချင်းစီ..ကို..အိမ်တိုင်ရာရောက်… လိုက်ပြီး…
    ကျေးဇူးတင်စကားတောင်..ဆိုချင်ပါတယ် … ။

    တစ်ခါ..တော့… ကျွန်တော် ချစ်တဲ့ ရွာသူရွာသားတွေ .ရဲ ့ အိမ်တွေ.. အထိ..လိုက် လာပါဦးမယ် ။

    အခုတော့…

    လစ်ပြီဗျို ့….

    ==============================

    အော်…မေ ့တော့မလို ့…

    စိမ်းသွားသူတွေ.ကို လည်း.ကျေးဇူးတင်တယ်ဗျို ့ ။

    ပြီးတော့….

    မန်ဘာ မဟုတ်ပေမယ့်
    ကျွန်တော့် စာတွေနဲ ့..ဂေဇက် စာတွေကို…ဖတ်ရှု..ခံစားကြသူ..စာဖတ်သူ အားလုံးကိုလည်း.ကျေးဇူးပါပဲ
    လို ့…………….

    =============

    ချစ်သော…

    အလင်းဆက်

  • “လက်များ” အကြောင်းကို ဖတ်မိရင်းက …
    ကျနော် ကျောင်းသားဘဝက အဖြစ်ကလေးတစ်ခုကို သတိရလိုက်မိတယ် ..
    ကျောင်းသား ဆိုတော့လည်း သိတဲ့အတိုင်းပေါ့ဗျာ ..
    အိမ်ကနေ လက်ဖြန့်တောင်းရတာပ …
    ဂလိုနဲ့ တစ်နေ့တော့ ဘာအတွေးပေါက်မိတယ် မသိ ..
    စိတ်ညစ်ညစ်နဲ့ ဟောဒီလိုလေး ပြောလိုက်မိတယ် …
    “ဒီလောက် ဖြန့်တတ်တဲ့ လက်၊ ခုတ်ဖြတ်လိုက်တာက အေးပါဦးမယ်”
    ဆိုပြီးတော့ပေါ့ဗျာ …
    ကြုံတုံလေး ဝင်ပေါကြည့်ဒါဘာ ……။

  • lynnsatyar

    November 23, 2012 at 10:01 am

    ကျွန်တော်ကတော့ အပျင်းထူတဲ့လက် 🙂 ။ အစ်ကိုရေ ဝင်ဖတ်ပြီး အတွေးပွားသွားပါတယ် ခင်ဗျာ…။

  • အလင်းဆက်

    November 23, 2012 at 6:57 pm

    ချစ်သော..

    အံစာတုံးကြီးရေ….

    ဖတ်ရှု.ခံစားသွားလို ့ကျေးဇူးပါခည ။

    ====================
    lynnsatyar ရေ…

    ကျွန်တော့် လက်လည်း..တစ်ခါတစ်ခါ..စာရေးရမှာ.အရမ်းပျင်းတာပဲ.. ။ တကယ် ။
    ကကြီးလေးတစ်လူံးတောင်.. မရေးချင်တဲ ့အထိ…အပျင်းထူ ဖူးတယ် ။
    မကြာခဏ..ပေါ့ ။
    🙂

    ဖတ်ရှု..ခံစားသွား လို ့ကျေးဇူးနော် ။

    ခင်မင်လေးစားလျက်…

    အလင်းဆက်

  • ရွှေ ကြည်

    November 28, 2012 at 6:34 pm

    ဟယ် အလက်ဆင်းပို့စ်မှာလှနေတာပဲ အနှုတ်လေးတွေနဲ့ 😆
    အလက်ဆင်းရေ သိမ်းပိုက်တတ်သော လက်များ ( ၂ ) သို့မဟုတ် ယူသင့်လို ့ယူရသော လက်များကိုပိုင်ဆိုင်လိုပါတယ်ကွယ် ပိုင်ဆိုင်နှို်အောင်လည်းကြိုးစားမယ်..။
    လောလောဆယ်တော့အစ်မရွှေကြည်လက်တွေက ကီးဘုတ်နှိပ်သောလက်များဖြစ်ပါကြောင်း :harr:

  • အလင်းဆက်

    November 28, 2012 at 6:39 pm

    မမရွှေကြည်ရေ…
    လောလောဆယ်..သား လက်လည်း…ကွန်ကွန်ကို ကလိနေသော.လက်ဖြစ်နေပါရဲ ့ ။

    အနှုတ်ကလေးတွေ..လှတယ်ဗျ ။
    ငါသလိုလို စိမ်းသလိုလို နဲ ့..။

    အဟိ ။

    အချိန်ပေးပြီး.. လှအောင် လုပ်ပေးကြလို ့…
    ရှဲရှဲ..ပါ ခည ။

  • ဦးကြောင်ကြီး

    November 29, 2012 at 9:29 am

    ယိမ်းကလက်
    မိန်းမမှတ်
    စိမ်းလှဖက်
    ရှိန်းပွဓာတ်…
    ဒလိန်းထနတ်
    သိမ်းမရဇာတ်
    ဟိန်းပြသွက်
    ဘိန်းကြွမှတ်..။

Leave a Reply