ဘကြီးပြောပြသောရုပ်လက္ခဏာနှင့် သိကောင်းစရာများ အပိုင်း-(၉)

aye.kkNovember 21, 20121min32730

၉။ မျက်နှာအချိုး(၃)ချိုးညီပါက အရွယ်(၃)ပါးတွင်(၁)ပါးသုခချမ်းသာရ။

မိန်းကလေးများ၏ မျက်နှာအချိုးညီပါက အရွယ်(၃)ပါးတွင် (၁)ပါးသောအရွယ်၌ ချမ်းသာသုခ ခံစားရကြောင်း ကျမငယ်စဉ်အခါကတည်းက ဘကြီးပြောပြထားခဲ့ပါတယ် ။ ထိုစဉ်က ဘကြီးကို မျက်နှာအချိုး(၃)ချိုးညီတာ မသိနားမလည်၍ ရှင်းပြပေးပါရန် တောင်းဆိုမိခဲ့ပါတယ်။
ဘကြီးရှင်းပြတာက….
မိန်းကလေးများ မျက်နှာအချိုး(၃)ချိုးဟု ဆိုရာတွင်
(၁)ဆံစနဖူးမှနဖူး(မျက်ခုံး)စပ်နားအထိ (နဖူးပြင်အရှည်)(အနံ)(၁)ချိုး
(၂)မျက်ခုံးနှစ်ခုကြားနှာရိုးတံထိတ်အစမှခေါင်းရိုးအဆုံးထိ (နှာတံအရှည်)(အနံ)(၁)ချိုး
(၃)နှာခေါင်းေအောက်မှမေးစေ့အဆုံးအထိအရှည်(အနံ)(၁)ချိုး
မိန်းကလေး၏ မျက်နှာပြင် အရှည်အား(၃)ပိုင်း အညီပိုင်းကြည့်ပါက အချိုးအစားညီမျှ နေပါလျှင် အရွယ်တစ်ပါးပါးတွင် ချမ်းသာသုခရရှိ နေထိုင်နိုင်တာ ရှင်းပြပါတယ် ။

အချိုးအစား ဘယ်လိုတိုင်းရမှာလည်း ပေတံနဲ ့တိုင်းရမှာလား မေးတော့ ဘကြီးက ကျမကို လက်ဖဝါး လက်ချောင်းများအားစုပြီး နဖူးအား လက်ချောင်း(၅)ချောင်းရှိသည့်အနက် လက်မဖယ်ခိုင်းပြီး ကျန်ရှိသည့် လက်ချောင်း(၄)ချောင်းအား ညီညီစုခိုင်းပြီး ဆံစနဖူးမှမျက်ခုံးအထိ အရှည်တိုင်းခိုင်းပါတယ် ။ ကျမနဖူးပြင်က ကျဉ်းတော့ လက်မထည့်ပြီး(၅)ချောင်းလုံးတိုင်းရင် မဆန် ့ပါဘူး ။ လက်မဖယ်ပြီး တိုင်းကြည့်မှသာ ရပါတယ်။ ဘကြီးကတော့ နဖူးပြင်ကြည့်ပြီး မှန်းဆ၍ ကျမအား လက်မချောင်းဖယ်ပြီး တိုင်းကြည့် ခိုင်းတာဖြစ်ပါတယ် ။

မိမိနဖူးပြင်က မိရဲ ့လက်ဖဝါးရှိ လက်(၄)ချောင်းနဲ တိုင်းကြည့်တော့ ကွက်တိပါဘဲ ။ နှာတံအပိုင်းကို တိုင်းကြည့်တော့ အနည်းငယ်လို နေပါတယ်။ နှာတံအောက်ဖက် မေးစေ့အပိုင်းအထိ လက်လေးချောင်းထက် နဲနဲပိုနေတာ သိရပါတယ် ။ အချိုးမညီပါဘူး ။ ဒါကြောင့် အရွယ်သုံးပါး တစ်ပါးချမ်းသာနိုင်တဲ့ကံ မပါတာ နားလည်ထားခဲ့ပါတယ် ။ မိဘကချမ်းသာတာ ဆင်းရဲတာနဲ ့မဆိုင်ပါဘူး ။
ကိုယ့်ဥပဓိရုပ်ရည်အရ မိဘမွေးဖွားလာစဉ် ကတည်းက ဖြစ်တည်လာတဲ့ ရုပ်လက္ခဏာ အပေါ် အင်္ဂရုပ်ကျမ်းမှာ
ဆိုထားသည့်အကြောင်း ဘကြီးက ကျမအား ပြောပြခဲ့ပါတယ်။
ကျမရဲ ့လက်လေးချောင်းကတော့ ကျမနဖူးပြင်နဲ ့ကတော့ကွက်တိပါ ။ မိဘကတော့ ပြည့်ပြည့်စုံစုံနဲ ့ထားနိုင်တာ အမှန်ပါ ။ ဒါပေမယ့် အဲဒီလို နဖူးလေးက ကွက်တိဖြစ် နေတာ (၁)ချိုးထဲကွက်တိ ဖြစ်နေတာကို ဆိုလိုရင်းမဟုတ်ကြောင်း ။ အမြင်ရှင်းအောင် ဘကြီးကပြောပြပါတယ်။

ဘကြီးပြောပြတာကတော့ မိန်းကလေး မျက်နှာအချိုး သုံးပါးညီရင် တစ်ပါးကတော့ ချမ်းသာသုခပြည့်စုံစွာနဲ ့နေရသည့်
ကုသိုလ်ကံ အဘို ့ပါလာသည့် သူပင်ဖြစ်ကြောင်း ။ မိဘချမ်းသာတာ ဆင်းရဲတာနှင့် လုံးလုံးမသက်ဆိုင်တာ ထပ်မံရှင်းပြပါတယ် ။
ရုပ်လက္ခဏာ ဝါသနာပိုးက ပါတော့တွေ ့သူမြင်သူကို လိုက်လိုက်ကြည့်ရတာ အမောပါဘဲ ။ ရင်းနှီးသူဆိုလျှင်တော့ လူကြီးမှန်းသိလည်း အားမနာပါဘဲ သိချင်စိတ်နဲ ့တိုင်းကြည့်ခိုင်းတာမျိုး ဖြစ်ခဲ့ဘူးပါတယ် ။ တစ်ခါက ကိုယ်နဲ ့လည်း ရင်းနှီးမှုက မရှိထား ။
အဒေါ်က မိတ်ဆက်ပေးလို ့ ထိုမိန်းမကြီးအား သိယုံမျှရှိသေး ။
ကျမကမျက်နှာကို ဖမ်းကြည့်ပြီး ထိုမိန်းမကြီး၏ မျက်နှာအား သူ၏လက်ဖဝါးနဲ ့ယူပြီးအတင်း တိုင်းကြည့်မိခိုင်းပါတယ် ။
အဒေါ်က မျက်စိမျက်နှာပျက်ပြီး အတင်းတောင်းပန် လိုက်ရပါတယ် ။

အဲဒီမိန်းမကြီးက အသက်(၄၀)ကျော် ဝန်းကျင်ပါ ။ သူက ကျမအဒေါ်ဆီမှာ ပိုက်ဆံလာချေးငှားတာ ကျမသိမြင်လို ့ သူမျက်နှာခန် ့မှန်းပြီး ချမ်းသာမယ ့်လူလား ဆိုုတာကို စိတ်ကသိချင် နေမိပါတယ် ။ ထိုမိန်းမကြီးက သားသမီး မွေးထားတာ များပြီးအားလုံးကလည်း တက္ကသိုလ် တက်နေတဲ့အရွယ် ကလေးကျောင်းစရိတ်တွေ လိုအပ်နေလို ့ပိုက်ဆံလာချေးငှားတာပါ ။ ယောဂီဝတ်စုံ နွမ်းနွမ်းလေး ဝတ်ထားပါတယ် ။
အလွန်ဆင်းရဲတဲ့ပုံပေါက်နေပါတယ် ။ ကျမကတော့ ကျမသိထားတဲ့ ရုပ်လက္ခဏာ ဝါသနာအရ ဟောပေးချင်မိတာပါ ။
အဒေါ်ဆီက ပိုက်ဆံချေးငှားပြီး ပြန်တော့မယ့်အချိန် ကျမက အဒေါ်ဟာ ဆင်းရဲမယ့်သူ မဟုတ်ဘူး အဒေါ်မျက်နှာက
မျက်နှာအချိုး(၃)ချိုးညီနေတာကို အမြင်နဲ ့မှန်းကြည့်လို ့စိတ်ကသိချင်ပြီး တိုင်းကြည့်မိခိုင်းတာပါ ပြောလိုက်တော့ ။

ကျမ၏အဒေါ်ကို ထိုမိန်းမကြီးက အစ်မဘဲရှင်းပြလိုက်ပါ ။ ရစရာ အမွေကလည်း မရှိ ။ ရတဲ့ယောက်ျားက ရုံးအုပ်။ ရာထူးကသာရှိတယ် အဆံမရှိ ။
မိဘက မွေးလာကတည်းက ဆင်းရဲ ။ လောကဓံတွေ ဘယ်လိုခံစား ရတယ်ဆိုတာကို ။ အစ်မကဘဲ ခလေးမကို ရှင်းပြလိုက်ပါဦး လို ့ပြောပါတယ် ။ ထိုမိန်းမကြီးက ရုပ်လက္ခဏာ ဆိုတာအယုံအကြည်မရှိ ။ နားလည်းမလည် သူယုံကြည်တာက ဝမ်းတခါးဝဘို ့အရေး ဘယ်လိုအခက်ခဲတွေနဲ ့ရုန်းကန်ရတာကို ပြောပြလိုက်ပါ ဆိုပြီး ကျမ၏အဒေါ်အား ထိုမိန်းမကြီးကထပ် ပြောပြပြန်ပါတယ် ။
အစ်မရဲ ့တူမလေးမို ့အားနာမိကြောင်းလည်း ထုတ်ပြောပါတယ် ။ ထိုစဉ်က ကျမက အလယ်တန်း ကျောင်းသူအရွယ်ပါ ။

ထိုမိန်းမကြီးကလည်း သူ ့ပထမအရွယ် ဒုတိယအရွယ် ဆင်းရဲနှုံချာလို ့ ဒုက္ခတွေများမြှောင်လို ့ယခုအသက် ရလာသည့် အရွယ်၌ အပတ်တိုင်း ကုသိုလ်ရအောင် ဥပုသ်စောင့်တယ် ။ အခုရိပ်သာ ကအပြန်အစ်မဆီ ဝင်ပြီး ငွေခဏ လာချေးငှားတာ ။ ကျမလည်း ဥပုသ်တောင် ပျက်မလားမသိ ဆိုပြီး ။ ထိုမိန်းကြီး၏ ညီးထွားပြောဆိုနေသည့် စကားအသံများအား ကျမ ကြားသိမိရပါတယ် ။

ကလေးမလေးက အသက်ကငယ်လေးရှိသေးတယ် ။ ရုပ်လက္ခဏာပညာ ဟောစားနေပြီလား ဟောစားတဲ့သူလား
ကျမကိုကြည့်ပြီး ပြောဆိုတော့ ။အဒေါ်က ကျမကိုကြည့်ပြီး ငါ့တူမက တောကနေ ခဏအလည်လာတာ ။ ငါလည်းသူ ့ကို ရုပ်လက္ခဏာ ကြည့်တတ်တာ မကြည့်တတ်တာတွေ မသိပါဘူးအေ ။ ဆွေမျိုးဆိုပေမယ့် အနေတော့ဝေးပါတယ် ။ နင်အခုလာရင်း တိုက်ဆိုင်သွားတာ သူကလည်းလာခဲပါဘိ ။ သူ ့အဖေကလွှတ်ခဲပါတယ် ။ ဟောစားတဲ့သူတော့ မဟုတ်ပါဘူး ဆိုပြီး ထိုမိန်းမကြီးကို ရှင်းပြပြောဆိုပါတယ် ။

ထိုမိန်းမကြီးက ကျမကို ကြည့်ပြီး ။ ကယ်..ကယ်…သ္မီးလာပါဦး ။ သ္မီးစိတ်ချမ်းသာအောင် တိုင်းကြည့်ချင်သပ ဆိုရင် အဒေါ်မျက်နှာ
လာတိုင်းကြည့်ပါ ။ပေတံနဲ့တိုင်းကြည့်မှာလား ။ သေချာသွားအောင် ဆိုပြီး ကျမကိုပြောပါတယ် ။ ကျမက မဟုတ်ပါဘူး အဒေါ်ရယ် ။
မိမိလက်ဖဝါး နဲ ့ဘဲတိုင်းရတာပါ ။ ဘယ်ပဲဖြစ်ဖြစ် ညာပဲဖြစ်ဖြစ် ကိုယ့်လက်နဲ ့တိုင်းကြည့်ရင် သိနိုင်ပါတယ် ။
မျက်နှာအချိုး(၃)ခုညီရင် ဘကြီးက ချမ်းသာတယ် ပြောပြထားလို ့ပါ ။

ကျမကပြောတော့…. ။ အဒေါ်လုပ်သူနဲ ့ထိုမိန်းမကြီးတို ့နှစ်ဦးလုံး ကျမကိုကြည့်ပြီး သဘောကျနေကြတော့ ။ ကျမလည်း စိတ်ပျော်သွားပါတယ် ။
ထိုမိန်းမကြီးက စိတ်ရှည်စွာနဲ ့သူ ့လက်ဖဝါးပြင် လက်ငါးချောင်းစုပြီး နဖူးကိုအရင် တိုင်းကြည့်တော့ လက်မဖယ်ရပါတယ်။ ကျန်တဲ့လက်လေးချောင်းလုံးစုပြီး တိုင်းတော့ အချိုး(၃)ချိုးညီစွာ အံဝင်ဂွင်ကျ ကွက်တိဖြစ်နေတာ ကျမမြင်တွေ ့ရတော့ ။ အဒေါ်က အမှန်တကယ် တတိယအရွယ်မှာ တကယ်ကောင်းစားပြီး ချမ်းသာမှာ အမှန်ပါဘဲလို ့ပြောပြလိုက်မိပါတယ် ။

သူက သဘောကျပြီး ပြုံးရယ်ပါတယ် ။ ချမ်းသာရင် ဟောထားတာလေး မမေ့ပါဘူး သ္မီးရေလို ့ပြောပြီး နှုတ်ဆက်ခါ ပြန်သွားပါတယ် ။
အခုတော့ ကျမ၏အသက်အရွယ်မှာ ထိုစဉ်က မိန်းမကြီး၏ အသက်အရွယ် ထက်မကသည့် အရွယ်သို ့ပင်ရောက်ရှိလာခဲ့ပါပြီ ။ မိန်းမကြီးက အခုချိန်မှာ အဘွားအိုအရွယ်ဖြစ်နေပါပြီ ။ ကျမ္မာပြီး ချမ်းချမ်းသာသာ နေထိုင်နိုင်နေတာ သိရပါတယ် ။ သားသ္မီးတွေ အားလုံးအကျိုးပေး ကောင်းမွန်ပြီး ချမ်းချမ်းသာသာ ထားထားတာသိရပါတယ် ။ နိုင်ငံခြားလည်း အခေါက်ပေါင်းများစွာ လည်ပတ်ပြီး နိုင်ငံခြားမှာ တစ်လှည့်နေလိုက် ဗမာပြည်ပြန်လာလိုက် နဲ ့ချမ်းသာသုခတွေ ခံစားရရှိနေတာကြားသိရပါတယ် ။

ဟိုတလောတုန်းက အဒေါ်နဲ ့စကားစပ်မိရာက သိရလို ့ဖုန်းပြောဖြစ်ခဲ့ပါသေးတယ် ။ နားနဲနဲလေးသွားပြီး နားကြပ်တတ်ဆင်ခါထားပြီး စကားပြောနေရတာ သိခဲ့ရပါတယ် ။
ထိုမိန်းမကြီးကတော့ ကျမဟောပြောထားသည့် စကားအား အမှတ်တရ ရှိနေတာ မမေ့တာ သိရပါတယ် ။
ကျမကိုလည်းရန်ကုန်ရောက်လာရင် အလည်လာဖြစ်အောင်လာဘို ့ဖိတ်ခေါ်ခဲ့ပါတယ် ။
ရုပ်လက္ခဏာတွေရဲ ့ကံအကျိုးပေး ကောင်းမွန်မှုလက်တွေ ့တိကျ ။ မှန်ကန်မှုရှိနေခဲ့တာကို ဗဟုသုတအဖြစ် ။
ပြန်လည်ပြောပြ ဝေမျှခြင်းသာလျှင် ဖြစ်ပါတယ် ။။

30 comments

  • aye.kk

    November 21, 2012 at 6:57 pm

    အပိုင်း(၉)အားထပ်မံတင်ပေးလိုက်ပါတယ်။

  • Hnin Hnin

    November 21, 2012 at 9:36 pm

    တီကေရေ…လက်နဲ့မတိုင်းတတ်လို့..ပေကြိုးနဲ့ဆွဲကြည့်ခဲ့ပါတယ်…
    ၂ ချိုးပဲ ညီကြောင်းပါ…မချမ်းသာရင် နေပါစေ..ခုထက် မဆင်းရဲရင် တော်ပါပြီ.. 🙂
    နောက်အပိုင်းတွေလည်း စောင့်မျှော် ဖတ်ရှုနေပါမယ်နော်…

    • aye.kk

      November 22, 2012 at 6:43 am

      နှင်းနှင်းရေ
      အန်တီအားရှိဝမ်းသာမိရပါတယ်။
      အားပေးနေတာသိရလို ့ကျေးဇူးလည်းတင်တယ်။
      ရုပ်လက္ခဏာပညာကိုဝါသနာလည်းပါတယ်။
      ကိုယ်တကယ်လေ့လာထားတဲ့ရုပ်လက္ခဏာအကြောင်းကို
      ဗဟုသုတအဖြစ်ပြန်လည်ဝေမျှတာဟာ ဝါသနာရှိသူ စိတ်ဝင်စားသူတို ့အား
      သိစေချင်သည့် စေတနာသက်သက်မျှသာဖြစ်ကြောင်း ပြောပြချင်ပါတယ်။။

  • pooch

    November 21, 2012 at 11:18 pm

    ကိုယ့်ဖာသာကိုယ်တိုင်းတာ ၂ခုပဲ ညီသလိုလိုရှိတယ် မနက်မှအိမ်ကလူတွေ ကို တိုင်းကြည့်ခိုင်းအုန်းမယ်

    ဘယ်သူများ ညီမလဲလို့ ။

    အဲ့ဒီမှာအေးရောပေါ့နော်။ ဒီမှာတော့ ဟိုရက်က မိုးတွေ စိုစိစိနဲ့ မိုးပြီးတော့ အေးလာတယ်။ဒီနေ့ အအေးပေါ့တယ် ။ ရာသီတွေလည်း ဖောက်နေပါပြီ။ ဂရုုစိုက်နော် အန်တီအေး။

    ဒီနေ့ညလည်း ငလျင် ကောလဟာလတွေကို ပလူပျံနေတာပဲ ။ သေတနေ့ မွေးတနေ့ပဲသဘောထားလိုက်တော့တယ် ။ 🙁

    • aye.kk

      November 22, 2012 at 6:55 am

      pooch,
      ကျေးဇူးပါ။
      ဒီမှာအေးလာပြီ၊ကျမ္မာရေးက လေရောဂါသမားဆိုတော့
      အေးတဲ့ရာသီကပိုပြီး သတိထား ဆင်ခြင်နေရတယ် အစားအသောက်ကအစပါ ။
      အခုလိုအန်တီကိုစေတနာနဲ ့သတိပေးတာကျေးဇူးတင်ဝမ်းသာမိပါတယ်။
      ငလျှင်ကိစ္စက ထိုင်းသတင်းမှာလွှင့်တာ သတိပေးတာ သိရပေမယ့် ဒီမနက်အထိ ဘာမှဖြစ်တာမရှိပါ။
      သတိကပိုတယ်မရှိဘူးလို ့သဘောထားပြီး နေလိုက်ပါတယ် ။ ။

  • Mon Kit

    November 22, 2012 at 9:16 am

    မွန်ကစ်လည်း နှစ်ချိုးဘဲ ညီတယ်.. 🙁

    ဒါပေမဲ့ ဗဟုသုတ ရရှိလို့ အန်တီအေးကို ကျေးဇူးလည်းတင်ပါတယ်..
    နောက်အပိုင်းများ ရှိရင်လည်း ဆက်ဆက်စောင့်နေပါတယ်လို့….. :hee:

    • aye.kk

      November 22, 2012 at 1:33 pm

      Mon Kit
      အားပေးတာဝမ်းသာပါတယ်။
      အန်တီအပိုင်း(၁၀)တင်ပေးပါဦးမယ်။

  • ခိုင်ဇာ

    November 22, 2012 at 9:33 am

    အင်း……. အဲ့တိုင်းဆိုရင်တော့ နောင်ရေး စိတ်အေးရပေါ့ တီအေးရယ်။ ကျေးဇူးတင်ပါတယ်။ :hee:

    • aye.kk

      November 22, 2012 at 1:36 pm

      ခိုင်ဇာ
      မျက်နှာအချိုး(၃)ချိုးညီရင်
      အရွယ်သုံးပါးမှာတစ်ပါးချမ်းသာသုခရရှိစံစားခံစားနိုင်မှာအမှန်ပါဘဲကွယ်။။

    • Hnin Hnin

      November 22, 2012 at 3:24 pm

      အာ့ဆို…..ယောက်မ တော်ပါရစေနော်…. :mrgreen:
      (ဦးကြီးကြောင် မလာခင် ဦးအောင်ရေးရတာ..ဟိ)

      • ခိုင်ဇာ

        November 22, 2012 at 3:33 pm

        ကျနော့ မှာ အစ်ကို ရှိဘူးဗျ။ အရင်းက လည်း မောင်လေးတစ်ယောက်တည်းရယ်။
        :mrgreen:

  • weiwei

    November 22, 2012 at 10:01 am

    နှဖူးကျဉ်းတဲ့အတွက် ၃ ချိုး မညီတဲ့အထဲ ပါပါတယ် …
    အခုတလော အန်တီအေးရဲ့ ရုပ်လက္ခာတွေနဲ့ ရုံးကလူတွေကို လိုက်တိုက်ကြည့်နေတာ …
    ကျွန်မကြည့်ရသလောက်တော့ သူဌေးဖြစ်မယ့် ရုပ်လက္ခာမျိုးက ခပ်ရှားရှားရယ် (အစိုးရရုံးမို့လို့လဲ ဖြစ်မယ်ထင်တယ်နော် …)

  • aye.kk

    November 22, 2012 at 2:04 pm

    weiwei
    နဖူးကျဉ်းရင်အပျိုကြီးတသက်လုံးလုပ်စေချင်တယ်။
    ရှေးဝိပါက်ပြုတဲ့ကုသိုလ်ကံကမမြင်ရတဲ့အရာပါ ။ကံကောင်းတယ်ဆိုတာလည်းထီသဘောပါဘဲ။
    အားလုံးကပေါက်ချင်လို ့ထီထိုးပေမယ့်ပေါက်မဲကတစ်ဆုထဲသာ။ သူဋ္ဌေးဖြစ်မယ့် ရုပ်လက္ခဏာမျိုးက ရှားပါတယ် ။ ကံပါဘဲ ။ ထီထိုးသလိုပါ ။အစိုးရရုံးမို ့လို ့လဲပြောလို ့မရပါဘူး။ ရှေးပြုခဲ့တဲ့ဝိပါက်ကံတွေအရ ရုပ်လက္ခဏာတွေဟာလည်း ကွဲပြားခြားနားလာကြလို ့ပါ ။
    အယုတ် အလတ် အမြတ်မရွေး သူပြုခဲ့တဲ့ အတိတ်ကံ(သံသရာ) အတ္တအကြောင်း တရားတွေကြောင့်သာ ရုပ်အကျိုးတရားတွေ ဖြစ်တည်မှုဟာ ပဋိသန္ဓေတည်ရှိလာထဲကပါလာကြတာပါ ။ ဘကြီးက ရုပ်လက္ခဏာ အကြောင်းကို ဘုရားကျန်းဂန်တွေမှာ ဆိုထားခဲ့တာ ဖတ်ရှုပြီးသိရတဲ့အတွက် ငယ်စဉ်ကလေး ဘဝကတည်းက အန်တီကို ပြောပြလာခဲ့တော့ စိတ်ဝင်စားပြီး ဝါသနာပါတဲ့အပြင် ရုပ်လက္ခဏာ သဘောတွေကို သိမြင်ယုံကြည်လာမိပါတယ်။။

  • မောင်ပေ

    November 22, 2012 at 2:07 pm

    ဒေါ်လေးကေ ရေ ဖတ်ရုံပဲ ဖတ်သွားပါတယ်
    သွားတော့ မတိုင်းကြည့်တော့ပါဘူး
    ချစ်ဖို ့ပဲ အဓိကလို ့သာ မှတ်ယူထားပါတယ်

  • aye.kk

    November 22, 2012 at 2:22 pm

    မောင်ပေ
    အားပေးဖတ်သွားတဲ့အတွက်ဝမ်းသာရပါတယ်။

  • jullies cezer

    November 22, 2012 at 3:56 pm

    အန်တီအေး ရဲ့ ရုပ်လက္ခာနှင့်သိကောင်းစရာ post တိုင်းကိုဖတ်ဖြစ်ပါတယ်
    နဖူးကျဉ်းရင်ဘာလို့အပျိုကြီး လုပ်စေချင်တာလဲ ဆိုတာအဆင်ပြေရင်ရှင်းပြပါနော် ။
    တိုက်ဆိုင်တာတစ်ခုတော့ရှိတယ် သမီးတို့အိမ်မှာအစ်မတစ်ယောက်က နှဖူး
    ကျဉ်းတယ် သူ့နဖူးက ကကြီးပုံလေး အသက်လဲ ၃ဝ ကျော်ပြီ အခုထိအပျိုကြီးပဲ
    တစ်သက်လုံးအပျိုကြီးလုပ်မယ် ဆုံးဖြတ်ထားတယ် ။ နောက်တစ်ခုက အလုပ်
    အတူတူလုပ်ခဲ့တုန်းက သူငယ်ချင်းတစ်ယောက်နှဖူးကျဉ်းတယ် ငယ်ငယ်ရွယ်ရွယ်
    နဲ့အိ်မ်ထောင်ကျပြီး အိမ်ထောင်လဲမမြဲဘူးနှစ်ဆက်တောင် အန်တီအေးပြောတာ
    နဲ့တိုက်ဆိုင်နေတယ် ……..

    • aye.kk

      November 23, 2012 at 3:59 am

      jullies cezer
      အန်တီရေးတဲ့ရုပ်လက္ခာနှင့်သိကောင်းစရာpostတိုင်းဖတ်ဖြစ်တာသိရလို ့
      ဝမ်းသာမိပါတယ်။ နဖူးကျဉ်းရင်လင်ညှင်းဆဲခံရ နိုင်တာ
      ဘကြီးက အင်္ဂရုပ်ကျမ်းမှာ ဖတ်ရှုလေ့လာ သိမြင်ထားတာကို ရုပ်လက္ခာနှင့်ပတ်သက်ပြီး
      အကြောင်းကြုံကြိုက်တိုက်ဆိုင်ရင်း အန်တီ ဒုတိယတန်း ကျောင်းသူအရွယ်က
      မေးမြန်းခဲ့ရာက ပြောပြ ခဲ့ဘူးပါတယ်။ တကယ်လည်း မှန်ကန်မှု ရှိနေတာ
      နှစ်များစွာကြာ လေ့လာချက်များအရ အန်တီကိုယ်တိုင် သိရှိရလို ့အိမ်ထောင်
      မပြုစေချင်တာပါ ။
      ရုပ်လ္ခကာနှင့် သိကောင်းစရာမှာ ဆက်လက်ရေးသား ဖော်ပြပေးပါမယ် ။
      မိန်းကလေးနဖူး ကကြီးပုံ (စစ်စစ်)ပါတာက စာပေဘက်မှာ လေ့လာလိုက်စား ဝါသနာ အထုံပါတာ သိရပါတယ် ။
      အသိပညာ အလိမ္မာရှိသူ ဆိုရမှာပါ ။ မိန်းကလေး နဖူးကျဉ်းတာနဲ ့ပတ်သက်ပြီး
      အိမ်ထောင်မြဲတာ မမြဲတာက သည်းခံနိုင်မှု အတိုင်းအတာ(ခံနိုင်တာ၊မခံနိုင်တာ)
      မိမိ၏စေတနာနဲ ့မိမိပြုလုပ်တဲ့ကံတရား အပေါ်မှာသာ မူတည် သက်ဆိုင်လွန်းလှတယ်လို ့ပဲ အန်တီထင်မြင် ယုံကြည်မိပါတယ်။။

  • ကိုရင်စည်သူ

    November 22, 2012 at 5:00 pm

    အန်တီရေ.. မသိလို့နော့.. ယောက်ျားလေးကို မျက်နှာအချိုးအဆ
    သုံးခုညီနေရင် ဘာဖြစ်နိုင်မလဲဗျ… နှာရောင်ကောက်ပြီး
    မျက်နှာခွက်တဲ့ မိန်းမတွေက ယုတ်မာတယ်ဆို မှတ်သားဖူးပါတယ်..။
    Metal Power ကို အားထားပြီး နှာဖူးကို စေ့စေ့ကြည့်ပြီး
    အာရုံယူပြီး ဟောတာမျိုးတော့ လေ့ကျင့်ဖူးပါတယ်… (တစ်ဝက်တစ်ပျက်ပါ)..
    ကိုရင်က ပညာရေးကံမကောင်းတော့ အားလုံးတစ်ဝက်တစ်ပျက်နဲ့
    လေ့လာမှုတွေ ရပ်နေပါတယ်…
    အန်တီ ပေးမယ့် ဝိပဿနာ ရှူ့နည်း လမ်းညွှန်လေးလည်း
    မျှော်နေပါတယ်… ခုတော့ မိုးကုတ်ဘက်ကို လေ့လာနေပါတယ်ခင်ည…။

    • aye.kk

      November 23, 2012 at 5:12 am

      ကိုရင်စည်သူရေ
      အန်တီအနေနဲ ့ ပြန်လည်ဖြေဆိုပြောပြချင်တာက…..ယောက်ျားလေးကိုလည်း
      မျက်နှာအချိုးအဆ သုံးခုညီရင် အရွယ်သုံးပါး တစ်ပါးချမ်းသာနိုင်ကြောင်းပါဘဲ။
      နှာယောင်ကောက်ပြီး မျက်နှာခွက်တဲ့မိန်းမတွေက ယုတ်မာတယ်ဆိုတာနဲ ့ပတ်သက်ပြီး
      ပြန်လည် ရှင်းပြချင်ပါတယ်….ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ
      အဆင်းအင်္ဂါရုပ်လက္ခာအရ…နှာယောင်ကောက်ပြီး နဖူးမောက်ရင် ကောက်ကျစ်(ယုတ်မာ)ပါတယ်။
      ဥပမာအနှိုင်းပြရရင်မြေခွေးပေါ့နော် ကောက်ကျစ်တဲ့နည်းလမ်းသုံးပြီး
      သားကောင်ရဖို ့အတွက် မျှားယောင်းသွေးဆောင် လိမ်လည်သိမ်းသွင်းလှည့်စားပြီးမှ ယုတ်မာစားသုံးရသလို
      မိမိကိုယ်ကျိုးအတွက် မြေခွေးနည်းတူကောက်ကျစ်တဲ့ နည်းလမ်းကိုအသုံးပြုတဲ့
      သူများ ဖြစ်တယ်ဆိုတာကို အန်တီပြောပြချင်ပါတယ် ။
      ဝိပဿာနာရှုနည်းလမ်းညွန်ပေါ့နော် ။မဟာစည်ချမ်းမြေ့ဆရာတော်ဘုရားကြီးရေးသားတဲ့ ယောဂီသိဖွယ်အသွယ်သွယ် ၁၉၉၅ ခုနှစ် ဒုတိယအကြိမ်ထုတ်ဝေတဲ့စာအုပ် (ဝိပဿာနာ ရှုနည်း)လမ်းညွန်စာအုပ် ဖတ်စေချင်ပါတယ် ။
      ဝိပဿာနာ တရားအားထုတ်ရာမှာ တရားကိုယ်တိုင်ကျင့်သူများ အတွက် လွန်စွာအကျိုးရှိ အသုံးဝင်တာ သိခဲ့ရပါတယ် ။
      တည့်မတ်လမ်းညွန်မှု အထောက်အကူပြုနိုင်ကြောင်း လက်တွေ ့သိခဲ့ရလို ့
      စည်သူဆီကို စာအုပ်ပို ့ပေးချင်ပါတယ် ။ ဆက်သွယ်ရမယ့်လိပ်စာ သိချင်ပါတယ်။

  • ရွှေ ကြည်

    November 22, 2012 at 6:32 pm

    မိုးကုတ်မှာကျောက်သွားတူးတာလားဟင် :harr:

  • ရွှေ ကြည်

    November 22, 2012 at 6:35 pm

    အန်တီအေးရေ သေသေချာချာပေတံနဲ့တိုင်းကြည့်ရမယ်
    အန်တီအေးကလက်တွေ့အဖြစ်အပျက်လေးတွေပါပြောပြသွားတော့ စိတ်ဝင်စားစရာကောင်းတယ်။

    • aye.kk

      November 23, 2012 at 6:20 am

      ရွှေကြည်ရေ
      စိတ်ဝင်စားဖတ်ရှုအားပေးတာတာဝမ်းသာမိပါတယ်။
      အချိုးညီမညီပေတံနဲ ့တိုင်းကြည့်လို ့လည်းရပါတယ်။။

  • အန်တီပြောတဲ့ …
    ရုပ်လက္ခဏာတွေ အကြောင်းကလည်း စိတ်ဝင်စားစရာပါပဲ …။
    အခု မျက်နှာအချိုးအစား ညီတဲ့အကြောင်းကိုလည်း မှတ်သား ထားလိုက်ပါတယ် ….။

    ကျနော် မိန်းမ ယူမယ်ဆိုရင်တော့
    အိုက်ဒီလို ညီတဲ့ မိန်းမမျိုးကို ရှာယူမယ်ဗျာ .. :kwi:
    အိုက်ဒါ ကောင်းဘူးလား … နောက်တာပါ …

    • aye.kk

      November 23, 2012 at 6:11 am

      မဟာရာဇာ အံစာတုံး
      မှတ်သားထားလိုက်တာသိရလို ့ဝမ်းသာမိပါတယ်။
      သိသူတွေဖော်စားနိုင်အောင်လို ့သိသမျှ ဗဟုသုတအဖြစ် ချရေးလိုက်ရပါတယ်။။

  • thit min

    November 23, 2012 at 4:54 am

    အစ်မရေ
    (အားလုံးကိုမဆိုလိုပါ၊ကျနော်တွေ့ဘူးသော နဖူးကျဉ်းသောအမျိုးသမီးလေးများနဲ့ပါတ်သက်
    သော လက်တွေ့အဖြစ်များကိုပြောပြခြင်းသာဖြစ်ပါတယ်။)
    လက်တွေ့ ဘဝမှာတွေ့ဘူးတာကတော့
    နဖူးကျဉ်းတဲ့အမျိုးသမီးလေးတွေဟာ အိမ်ထောင်ရေး ကံ မကောင်းတာတွေ့ဘူးပါတယ်။
    ပြီးတော့ (အချစ်ရေးမှာ)သူတို့ကိုယ်တိုင်လဲ နီးစပ်ရာကိုတွယ်တတ်တာတွေ့ရပါတယ်။
    အဲဒီလိုဖြစ်တော့ အတွယ်ခံရတဲ့ ချစ်သူက စိတ်သဘောထား နိမ့်တဲ့ ယောက်ကျားမျိုးဆိုရင်
    တန်ဖိုးထားမခံရခြင်းမျိုး၊ သစ္စာအဖောက်ခံရတာမျိုးနဲ့ တွေ့ရပါတော့တယ်။
    အဲဒီလိုသူတို့ကို ပြန်ပြီး မတွယ်တာဘူးဆိုရင်တော့ တွယ်တာမဲ့သူကိုရှာတတ်လို့
    ခဏခဏ အချစ်သစ်ပြောင်းဆိုတာတွေ ဆက်တိုက်ဖြစ်လာပါတယ်။
    ဆိုလိုတာက အဲဒီလိုမိန်းကလေးမျိုးဟာ ကိုယ်ကိုတန်ဖိုးထားချစ်မဲ့ယောက်ကျားမျိုးဖြစ်ရမဲ့အပြင်
    အဲဒီယောက်ကျားရဲ့ စိတ်သဘောထားမြင့်မြတ်မှုကိုပါထည့်စဉ်းစားပြီး ချစ်သူအဖြစ်ရွေးချယ်သင့်ပါတယ်။
    အဲဒီလိုလူမျိုးနဲ့ ဆုံခဲ့လို့ အဆင်ပြေသွားသူများလဲရှိပါတယ်။

    နောက်တခု အထူးသတိထားမိတာက အနီးကပ်လူကို အရမ်းတွယ်တတ်တာပါဘဲ။
    ချစ်သူ မဟုတ်တဲ့၊ မိန်းကလေးသူငယ်ချင်းအချင်းချင်းဆိုရင်တောင်မှ
    အနစ်နာခံတတ်ကြတယ်၊ ပြီးတော့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှူတွေ
    ဖယ်ပြီးတော့ကို ချစ်သူပြောသမျှ ဒါမှမဟုတ်ခင်မင်တွယ်တာနေတဲ့ သူငယ်ချင်း
    ချယ်လှယ်သမျှခံကြရှာပါတယ်။

    သူတို့ချစ်ပြီ/ ခင်ပြီဆိုရင်အရမ်း တွယ်တာတတ်ကြတာမို့ တဘက်ကကြည့်ရင် သနားစရာပါဘဲ။
    ဒါပေမဲ့ ဆန့်ကျင်ဘက်သဘောနဲ့ တဘက်မှာလဲ သူတို့လုပ်ချင်လာပြီဆိုရင် ရှေ့နောက်မစဉ်းစားဘဲ
    ဇွတ်လုပ်တတ်ပါတယ်။ ဘာဘဲဖြစ်သွားဖြစ်သွား ဂရုမစိုက်ဘူး ဆိုတဲ့ စိတ်မျိုးနဲ့ကိုလုပ်တာမျိုးပါ။
    ဒါ့ကြောင့် အမှားတွေဖြစ်သွားတတ်ပါတယ်။
    အဲဒီလို လမ်းမှားကရတဲ့ ရိုက်ခံမှုဒါဏ်ကြောင့် သူတို့လေးတွေမှာ စိတ်နာကျည်းစရာ၊ စိတ်ဒါဏ်ရာရစရာ
    နောက်ခံအတိတ်တွေ “အသက်အရွယ်”အလိုက် ခံစားရရှိကြရတာကိုတွေ့ရပါတယ်။

    အဆိုးထဲကအကောင်း ကိုပြောရရင်တော့ အဲဒီလိုအမျိုးသမီးလေးတွေဟာ ဘာသာရေးကိုတော့ အထူးလေးစား
    တတ်သူများဖြစ်နေပြန်ပါတယ်။စိတ်ထားအခြေခံ သာမန်လူတွေထက် ကောင်း သူများလည်းဖြစ်နေပြန်ပါတယ်။
    ကိုယ်ပိုင်စဉ်းစားမှုကို ဦးစားပေးမယ်၊လုပ်ချင်တဲ့အလုပ်ကို သေသေခြာခြာအထပ်ထပ် စဉ်းစားပြီးမှချင့်ချိန်လုပ်မယ်
    ဆိုရင် အဲဒီလိုမိန်းကလေးတွေရဲ့ ဘဝတေ သာယာလှပမယ် လို့ တွေးမိတာလေးကိုတင်ပြအပ်ပါတယ်ခင်ဗျား။

  • aye.kk

    November 23, 2012 at 5:52 am

    thit man
    ကျေးဇူးပါ။
    အတွေးကသင့်မြတ်ကောင်းမွန်လှပါတယ်။
    အကောင်းဆုံးbest comment အဖြစ်ရွေးလိုက်ပါရစေ။(ပြောပြထားတာတွေမှန်ပါတယ်)
    ဘကြီးပြောပြခဲ့တာ မှတ်သားထားတာ ဗဟုသုတအဖြစ် ထပ်မံဖြည့်စွက် ပြောပြချင်ပါတယ်။
    နဖူးကျဉ်းတဲ့မိန်းကလေးရဲ ့ရှေးပြုခဲ့တဲ့ အတိတ်ဝိပါက်ကံဝဋ်ကြွေး ပါလာမှုအရ
    အိမ်ထောင်ပြုရင် ခင်ပွန်းဖြစ်သူရဲ ့ အနိုင်ကျင့်မှု (ကာယကံ၊ဝစီကံ၊မနောကံ)တစ်ပါးပါးအရပြစ်မှားပြုမူ
    ကျူးလွန်ခြင်းခံရမည့်သူ ဖြစ်လို ့အိမ်ထောင်မပြုသင့်ကြောင်း။
    အင်္ဂရုပ်ပညာအား အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး ထပ်မံ ရှင်းလင်းပြောပြခဲ့တာက နဖူးကျဉ်းသည့်အပြင်
    ထိုသူမိန်းကလေး၏ ခြေညိုးဟာ ခြေမထက်ပိုရှည်တာ တွေ ့မြင်ရပါက ။ တဇွတ်ထိုးဆန်သည့် စိတ် ။
    နားခံ မလွယ်တဲ့စိတ် ။ မိမိစိတ်အလို ဆန္ဒအား ဦးစားပေးလွန်းသည့်စိတ် ။
    ရှိမရှိ တို ့အား ထပ်မံစီစစ် ရှင်းလင်းပြောပြခဲ့ပါတယ် ။ ခြေမနဲ ့ခြေညိုး(အတို၊အရှည်)တူညီနေရင်တော့
    နာခံလွယ်တဲ့သူ (အိမ်ထောင်မပြုဘဲနေနိုင်သူ) ဖြစ်လို ့
    ထိုအိမ်ထောင်ရေး ဒုက္ခမှလွတ်မြောက်ချမ်းသာ ကာကွယ်နိုင်တာကို ဘကြီးကပြောပြခဲ့ပါတယ် ။။

  • Foreign Resident

    November 23, 2012 at 8:07 am

    မ aye.kk ရေ ။

    ၃ ခု တူတယ် သိလား ။
    ဒီအတိုင်းဆို ချမ်းသာရချည်သေးရဲ့ ။ ဟီ ဟိ ။
    မြန်မြန် ချမ်းသာပါစေ ။

    ဒါနှင့် ၊ မ aye.kk ရဲ့ e-mail address ကို ၊
    အဘ e-mail ပို့ထားသေးတယ် ၊ ရလားမသိ ။

  • aye.kk

    November 23, 2012 at 5:27 pm

    အဘဖော
    လာရင်ဆုံချင်ပါတယ်။
    အဘဖော e-mail ရောက်ပါတယ် ။
    ပြန်ထားပြီးပါပြီ ။

  • ဦးကြောင်ကြီး

    November 26, 2012 at 1:27 am

    သုံးချိုးတချိုး
    ဘုန်းမျိုးကတိုး
    မုံးကိုးအဘိုး
    ချုန်းဖြိုးတန်ခိုး..။

  • aye.kk

    November 26, 2012 at 9:16 am

    ကြောင်ကြီး
    သုံးချိုးညီ
    သုခတည်
    လုံးဝအပြီ
    လူတိုင်းဤ
    လွန်ကောင်းသည်။

Leave a Reply