အချစ်ကို ကိုးကွယ်ခဲ့တာမဟုတ်ပါဘူး ငါ့နှလုံးသားကို ယစ်ပူဆော်ခြင်းခံခဲ့ရတာပါ၊  မေတ္တာအတုအယောင်တွေအောက်မှာ

ကိုးကွယ်နေကြတဲ့ သစ္စာစကားတွေကရော ဘာတွေလဲ …………

ချစ်တယ် သိပ်ချစ်တယ်တဲ့  ပြောထွက်တဲ့ မင်းလေးရဲ့နှုတ်ဖျားကိုတော့ ငါလေဆိုးကြောက်မိတာတော့ သေချာတာပေါ့

မာနတွေနဲ့ ဆင်ယင်ထားတဲ့ အပေါ်ရံအလွှာတွေအောက်မှာ ထားရှိတဲ့ သစ္စာစကားတွေက    ဟား ဟား ဟား………

သိပ်ရယ်စရာကောင်းပြီး အနှစ်မပါတဲ့ ဟင်းလျှာတစ်ခွက်လိုဘဲနော်…………

ပြောစမ်းပါဦးကွာ ဘယ်အရောင်ဘယ်ကာလာတွေနဲ့ ငါ့ရဲ့ဖြူစင်တဲ့နှလုံးသားကို ခြယ်သနေဦးမလဲလေ

ငါရဲ့အချစ်တွေကလဲ အလိုက်မသိစွာနဲ့ဘဲ မင်းပြုမှုသမျှ ခေါင်းငြိမ့်နေခဲ့မိတာ ဘာကြောင့်များပါလိမ့်

တော်ပါပြီ သိပ်ကိုကြောက်ပါပြီ နှုတ်ကပြောမထွက်ခဲ့ပေမယ့် သိပ်ချစ်ခဲ့မိတဲ့ မင်းလေးကိုတော့

ငါ့မာနတွေကို နင်းလျှောက်ဖို့အတွက် လမ်းအဖြစ်ခင်းထားပေးခဲ့ပြီးပြီဘဲလေ…. ကျေနပ်ပါတော့နော်

အပြစ်ရှိခဲ့တယ်ဆိုလဲ ချစ်မိခဲ့တဲ့ ငါ့ရင်ခွင်ကိုဘဲ ဒဏ်ခက်တဲ့အနေနဲ့ မင်းလေးရဲ့ဝေးရပ်တစ်နေရာမှာ

ပုန်းခိုရင်း…………….

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..