အချစ်ဒဏ် း(

ကာရံNovember 21, 20121min996

အချစ်ကို ကိုးကွယ်ခဲ့တာမဟုတ်ပါဘူး ငါ့နှလုံးသားကို ယစ်ပူဆော်ခြင်းခံခဲ့ရတာပါ၊  မေတ္တာအတုအယောင်တွေအောက်မှာ

ကိုးကွယ်နေကြတဲ့ သစ္စာစကားတွေကရော ဘာတွေလဲ …………

ချစ်တယ် သိပ်ချစ်တယ်တဲ့  ပြောထွက်တဲ့ မင်းလေးရဲ့နှုတ်ဖျားကိုတော့ ငါလေဆိုးကြောက်မိတာတော့ သေချာတာပေါ့

မာနတွေနဲ့ ဆင်ယင်ထားတဲ့ အပေါ်ရံအလွှာတွေအောက်မှာ ထားရှိတဲ့ သစ္စာစကားတွေက    ဟား ဟား ဟား………

သိပ်ရယ်စရာကောင်းပြီး အနှစ်မပါတဲ့ ဟင်းလျှာတစ်ခွက်လိုဘဲနော်…………

ပြောစမ်းပါဦးကွာ ဘယ်အရောင်ဘယ်ကာလာတွေနဲ့ ငါ့ရဲ့ဖြူစင်တဲ့နှလုံးသားကို ခြယ်သနေဦးမလဲလေ

ငါရဲ့အချစ်တွေကလဲ အလိုက်မသိစွာနဲ့ဘဲ မင်းပြုမှုသမျှ ခေါင်းငြိမ့်နေခဲ့မိတာ ဘာကြောင့်များပါလိမ့်

တော်ပါပြီ သိပ်ကိုကြောက်ပါပြီ နှုတ်ကပြောမထွက်ခဲ့ပေမယ့် သိပ်ချစ်ခဲ့မိတဲ့ မင်းလေးကိုတော့

ငါ့မာနတွေကို နင်းလျှောက်ဖို့အတွက် လမ်းအဖြစ်ခင်းထားပေးခဲ့ပြီးပြီဘဲလေ…. ကျေနပ်ပါတော့နော်

အပြစ်ရှိခဲ့တယ်ဆိုလဲ ချစ်မိခဲ့တဲ့ ငါ့ရင်ခွင်ကိုဘဲ ဒဏ်ခက်တဲ့အနေနဲ့ မင်းလေးရဲ့ဝေးရပ်တစ်နေရာမှာ

ပုန်းခိုရင်း…………….

ပိတောက်မိုး

6 comments

  • မောင်ပေ

    November 21, 2012 at 9:21 pm

    အချစ်ဒဏ်
    ညှစ်နံ
    ပစ်လန်
    စစ်ပြန်
    ယစ်သန်
    ကစ်မှန်
    လစ်ကြံ

  • Mobile

    November 22, 2012 at 1:16 am

    ပိတောက်မိုး တစ်ယောက်ဆိုး
    ကဗျာပျိုး တစ်ရာဖိုး ၃ ပုဒ်
    ကဗျာ အရေးအသားလေးကတော့ ကောင်းတယ်
    ဒါပေမယ့် မိန်းကလေးတစ်ယောက်ကို ဒိလိုတော့ပြောမနေနိုင်ဘူး
    ကျုပ်ကမိန်းမယူရင် အိုးဝယ်တဲ့အခါ ခေါက်ကြည့်ရသလို
    ခေါင်းခေါက်ပြီးယူမှာဗျ။

  • ခိုင်ဇာ

    November 22, 2012 at 11:21 am

    ဒီ ခေါင်းစဉ်ကို မြင်တိုင်း လေးဖြူဆိုတဲ့ အချစ်ဒါဏ် သီချင်းစာသားကိုပဲ ဆိုမိနေတယ်။
    ဒီကဗျာကတော့ စကားလုံးတွေ အတော်နုတယ်နော်။ စင်္ကာပူမှာနေပြီး ဒီလို အတွေးအနုလေးတွေ ခေါင်းထဲက ထွက်တယ်ဆိုတာတော့ဖြင့် ချီးကျူးစရာပဲ။ တကယ်ပြောတာ။ :hee:

  • တိမ်မည်း (ခရီးသွားနေည်)

    November 22, 2012 at 11:51 am

    အချစ်ရယ်……

    မင်ပေးတဲ့စာလေးတွေ ရုတ်တရက် ကိုယ့်ဆီပြန်ရောက်လာတော့ ဘာလုပ်ရမှန်းမသိလို ့ အပေါင်ဆိုင်ပို ့လိုက်ပီနော်…..

    အချစ်ရယ်……

    မင်းနဲ ့ အတူ လျှောက်ခဲ့တဲ့လမ်းမှာ ဘာလုပ်ရမှန်းမသိလို ့ တွေ ့တဲ့ ကောင်မလေးနောက် ချစ်ရေးဆိုမိပီနော်….

    အချစ်ရယ်…….
    အသည်းကွဲလို ့ အရက်သောက်တယ်လို ့ ထင်မှာဆိုးလို ့….. ကိုယ် အရက်မသောက်ဖူးကွယ်….. ဘီယာပဲ ထိုင်စုပ်တော့မယ်……

    အချစ်ရယ်……
    မင်းနဲ ့ ထိုင်ခဲ့တဲ့ ရုပ်ရှင်ရုံ နောက်ဆုံးထောင့်မှာလည်း ကိုယ့် ဘာလုပ်ရမှန်းမသိလို ့ တယောက်လောက် အနားခေါ်မိတယ်ကွယ်……

    အချစ်ရယ်…….
    မင်းကိုယ်ပေးခဲ့တဲ့ ဖုန်းလက်ဆောင်ကလည်း အရစ်ကျ ပေးမသွင်းရင် အစိုးရက လာသိမ်းလိမ့်မယ်ကွယ်…..

    အချစ်ရယ်…….
    ကိုယ် မင်းကို သတိရလို ့ ညတိုင်း အိမ်မနိုင်စားမရနဲ ့ ဒေါ့တာ ဆော့လိုက်တာ အခုဆို ပြိုင်ပွဲကြီးတောင် ဝင်နိုင်ပီကွယ်………..

    အချစ်ရယ်………..
    မခံစားနိုင်တော့ဖူးကွယ်….. ခံစားရလွန်းလို ့ ကိုယ် ပေါက်ကွဲလိုက်တာ အခုဆို စာလာဖတ်နေတဲ့ ဂေးဇက်ရွာသူက ကိုယ့်ကို သနားလို ့ သူ ့နောက်ပဲ ခိုးရာလိုက်သွားပီကွယ်……

    အချစ်ရယ်…….
    နောက်မှ ဂေးဇက်ရွာသား တယောက်နဲ ့ အောင်သွယ်ပေးမယ်နော်…….

    အခုတော့ တော်သေးဘီ…….

    ဝူး… ဝူး…. ပီးပီး ပေါ်ပေါ်……

    🙂

  • ရွာသူ jujuma .

    November 22, 2012 at 2:43 pm

    ဟားးးးးး အနှစ်မပါတဲ့ဟင်းဆိုရင်တော့ စားဘူးကွာ … သွား :hee:

  • padauk moe

    November 22, 2012 at 6:53 pm

    အော်ဝိုင်းပြီးအားပေးသွားကြတာကိုးဗျ ကျေးဇူးတင်ပါတယ်ဗျာ

Leave a Reply