1 မိုးတိမ်အောက်က နေခြည်

 

2 ရွာအ၀င်လမ်း

 

3 စိမ်းဝါ၀ါစိမ်း

4 နေချင်ပါသလား အေးအေးချမ်းချမ်း

 

5 အလင်းတန်းများထိုးဖောက်

 

6 တစ်ကိုယ်တော်

 

7 ယိမ်းယိုင် ယိမ်းယိုင်

 

8 ပန်းရိုင်းတော

9 ဟိုးအဝေးမှာစိမ်းပြာလွင်လွင်

 

10 လမ်းဘေးက ပန်းဝါ၀ါ

11 အဝေးက တိမ်ပြာပြာ နဲ့ မြက်ရိုင်းတော

 

12 အဆင်းလမ်းလေး

 

13 တိမ်မည်းညိုကြားမှထွက်လာတဲ့အလင်းတန်း

 

14 ညနေခင်း ဗျူးပွိုင့်မြင်ကွင်း

 

 

15 တောင်ခါးပြတ်

16 တိမ်ပြာပြာအောက်က ရွှေစေတီ

17 တောင်စွယ်ကိုနေကွယ်ချိန်လေး

“ပြင်ဦးလွင်မှအပြန်လမ်း”

 

 

ညနေ နှစ်နာရီကျော်ကျော်လောက်မှာတော့ ပြင်ဦးလွင်ကနေပြန်ဆင်းလာခဲ့ပါတယ်။

အပြန်လမ်းမှာတော့ ဗျုးပွိုင့်ညနေခင်းလေးကို ရချင်မိပါတယ်။

ဆောင်းဝင်စပြုပြီဆိုတာရယ် တစ်ယောက်ထဲရယ်ဆိုတော့ သိပ်မိုးချုပ်လို့တော့မရပါဘူး။

ဒါနဲ့ဘဲလမ်းမှာတွေ့တဲ့ တိမ်ပုတ်ပုတ်လေးရယ်

ရွာထဲအ၀င်လမ်းကလေးရယ်။

ချစ်စရာ အ၀ါအစိမ်းရောနေတဲ့လယ်တောအိမ်လေးကို တော့အမိအရ။

အပြန်လမ်းဆင်းလာရင်းနဲ့တစ်နေရာမှာ တောရိုင်းပန်းဝါ၀ါလေးတွေ့တော့ မနေနိုင်။

သူ့နံဘေးနားမှာတော့ ကိုင်းတောလေးရယ် တိမ်ပြာပြာရယ်ကလှပ။

နောက်တော့ ဗျုးပွိုင့်မှာဆင်းပြီး ထပ်ရိုက်။

အဲဒိကဆက်အဆင်း ဇီးပင်ကြီးအလွန်မှာတော့ ဟိုးအဝေးက တောင်ခါးပြတ်ကြီးကိုလက်ဆော့၊

အောက်ဆုံးနားအရောက်မှာတော့ ညနေငါးနာရီခွဲကျော်ကျော်ပေမယ့် နေမင်းက ၀င်လုဆဲဆဲ။

အရင်က ခက်ခဲစွာမောင်းခဲ့ရတဲ့ကျော်တောင်လမ်းကျဉ်းလေးရောက်တော့ မြေပြန့်လဲနီးပြီမို့ ဆိုင်ကယ်

လမ်းဘေးထိုးပြီး ဓါတ်ပုံတွေရိုက်ပါတော့တယ်။

ထုံးဘိုအကျော်မှာတော့ နေ၀င်ဆည်းဆာအလင်းတန်းလေးကို အရအမိ။

အိမ်ပြန်ရောက်တော့ မှောင်နေပါပြီ ခြောက်နာရီ။

 

ကိုပေါက်လမ်းသလားနေသည်။

22-11-2012

 

18 တောင်ခါးပြတ်ကို အနီးကပ်မြင်ရတာပါ

19 ပြာလွင် ၀ါရွှင်

20ပြင်ဦးလွင်တောင်ပါတ်လမ်း

21 နေ၀င်ချိန် ပြင်ဦးလွင်လမ်း

22 တောင်အဆင်းလမ်းကွေ့

23 အပြန်လမ်းက ရောင်ခြည် ခ

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။