မင်းသားဆိုသည်မှာ…

တကားလုံး အထိုးအကျိတ်ခံရပီး နောက်ဆုံးကျမှ နိုင်သော သူကို မင်းသား ဟုခေါ်သည်…

 

ဟိုးအရင် ရုပ်ရှင်ပေါ်စက ရွေဘ ဆိုသော မင်းသား တဦးရှိဖူးသည်……

ပြသော ရုပ်ရှင်က အသံတိတ် ပိတ်ပေါ် စလိုက်ထိုး အဖြူအမည်း ရုပ်ရှင်ခေတ်ဦးက ဖြစ်သည်…….

ပရိသတ်တွေက မင်းသားကို ချစ်သောကြောင့် မင်းသား ခံရလျှင် မကျေနပ် တခါတလေ ၀ိုင်းပီး ခဲနဲ့ ပေါက်လို့  ရုပ်ရှင်ပြသော ပိတ်ကား ပြဲခြင်းကား အခါခါ အလီလီ….

ထိုကြောင့် မင်းသား ခံရလျှင် မကြာခင်ရွေဘ နိုင်ပါတော့မည်ဟု ကြိုတင်ပြောရသည်က မနည်း….

 

လူအများ သိသော 007 မင်းသား ကြီးကိုသိမှာပေါ့… James Bond လေ…

ဇာတ်ကောင်ဖန်တီးသော စာရေးသူ ရဲ့ တကယ့်ဘ၀ကတော့ James Bond လို နောက်ဆုံး ဇာတ်သိမ်းမှာ မင်းသမီးလေးနဲ့  မွေးမွေးပေးခန်းမပါသလို သူရဲ့ Mission ကြီးလည်း မအောင်မြင်ခဲ့…..

ဒါပေမယ့် သူရဲ့ စိတ်ကူးယဉ်ဇာတ်ကောင်ကြီးကို ဖန်တီးလိုက်သော သူ့ ဝတ္တုကြီးကတော့ ကမ္ဘာကျော်ခဲ့သည်….

 

တခါတလေ လူတွေဟာ စိတ်ကူးယဉ်တွေထဲပဲ နေနေကြသည်……

တကယ့်ဘ၀ကို မေ့ချင်ကြသည်…. ထို့ ကြောင့် မြန်မာဟာသဇာတ်ကားများ အောင်မြင်ကြသည်….

တကယ့်ဘ၀ကတော့ မပဒါ မြေမလူးယုံတမယ်……

ကူသူမရှိ ကယ်သူမရှိ သားဆုံး လင်ဆုံး ဇာတ်ကား တထောကြီး………

 

Naruto ဆိုသော ဂျပန်ကာတွန်းလေးသည် လူငယ်မှ အစ လူကြီးအဆုံး နာမည်ကြီးလှသည်…

ဇာတ်ကားလေးက Naruto ကလေးဘ၀မှသည် Naruto Shippudden လူကြီး ဘ၀အထိ အပိုင်း ၃၀၀ ကျော် ဆွဲကာ ရိုက်သွားသော်လည်း….

ကောင်းမွန်လှသော ဇာတ်အိမ်တည်မှူကြောင့် ထိုကားလေး ရဲ့ အားပေးသော ပရိသတ်သည် လျော့မသွား တိုးကာလာသည်….

ထိုကားလေးရဲ့ အရေးကြီးသော အချက်မှာ Uzumaki Naruto ခေါ် ကလေးလေးရဲ့ ဇွဲမလျော့သောစိတ်… ကြိုးစားသောစိတ်… ကတိတည်သောစိတ် ဖြစ်သည်….

သူရဲ့ ကြိုးစားမှူသည် သူတယောက်တည်း သာ မဟုတ် သူရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေပါ ကူးစက်သွားကြောင်းကို ရိုက်ပြထားသည်….

 

လက်ဝှေ့ လောကတွင် ကြောက်ရဆုံးသော အရာမှာ လက်သီးပြင်းချင်းမဟုတ်ပါ…..

ဘယ်နှစ်ခါ အထိုးခံရ ခံရ ပြန်ထနိုင်သော လူဖြစ်သည်……

 

မြန်မာပြည်သည် အဖတ်ဖတ်သို့  တံခါးတွေဖွင့်လိုက်ပီ……

အမေရိကန်နဲ့  မဟာမိတ်ဖွဲ့ သလို တရုတ်နိုင်ငံနဲ့ လည်း မိတ်မပျက်အောင် ထိန်းနေသည်….

စီးပွားရေးတွေ တိုးတက်လာမည်… ရင်းနှီးမြုပ်နှံမူတွေ ၀င်လာမည်…. ပြောင်းလဲလာမည်…..

ကောင်းသော ပြောင်းလဲခြင်းတွေရှိသလို… အိမ်မက်ဆိုးများလည်း မက်နိုင်သည်….

ချမ်းသာသွားနိုင်သလို…. ခွေးလုံးလုံးလည်း ဖြစ်သွားနိုင်သည်….

 

ထလော့ မိတ်ဆွေ….

စိတ်ကူးယဉ်ခြင်းမှ ထလော့…..

ထိုနည်းလမ်းနှင့် သင်သည် မင်းသား မဟုတ်…..

ထလော့ မိတ်ဆွေ….

သင့်စိတ်ကူးများကို ၀တ္တုထဲ ချရေးနေသလိုမပီး…

လက်တွေ့ အကောင်အထည်ဖော်ဆောင်ပါလေ….

ထလော့ မိတ်ဆွေ…

နာရူတိုသည် ဇာတ်ကား တခုဖြစ်ပေမယ့်….

သူရဲ့ ကြိုးစားမူ အားမလျော့မှူ ကတိတည်မှူ သည် သင့်ကို ကူးစက်လော့…..

ထလော့ မိတ်ဆွေ….

လက်ဝှေ့ သမားသည် ပွဲပေါင်း ထောင်သောင်း ရှုံးနှိမ့်နိုင်ပေမယ့်လည်း….

သင်သာ လဲတိုင်း ထဖို့  ကြိးစားနေသရွေ့ …

သင်သည် မင်းသား ဖြစ်နိုင်နေပေသေးသည်….

ထလော့ မိတ်ဆွေ….

လူတိုင်း မင်းသား ဖြစ်နိုင်သည်….

ကြိုးစားမှူ လိုသည်….

အားမလျော့ဖို့ လိုသည်….

ကတိတည်ဖို့ လိုသည်…..

ထလော့ မိတ်ဆွေ….

ရွေမြန်မာပြည်ကြီး မီးထိန်ထိန်ငြီးချိန်မှာ….

သင်နဲ့  အောင်ပွဲအတူခံချင်သည်….

 

 

လေးစားလျက်

တိမ်မည်း

၁၃၄၇ တန်ဆောင်မုန်းလဆန်း ၉ ရက်

၂၀၁၂ နိုဝင်ဘာလ ၂၂

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........