ထလော့…

တိမ္မည္းNovember 22, 20121min31040

မင်းသားဆိုသည်မှာ…

တကားလုံး အထိုးအကျိတ်ခံရပီး နောက်ဆုံးကျမှ နိုင်သော သူကို မင်းသား ဟုခေါ်သည်…

 

ဟိုးအရင် ရုပ်ရှင်ပေါ်စက ရွေဘ ဆိုသော မင်းသား တဦးရှိဖူးသည်……

ပြသော ရုပ်ရှင်က အသံတိတ် ပိတ်ပေါ် စလိုက်ထိုး အဖြူအမည်း ရုပ်ရှင်ခေတ်ဦးက ဖြစ်သည်…….

ပရိသတ်တွေက မင်းသားကို ချစ်သောကြောင့် မင်းသား ခံရလျှင် မကျေနပ် တခါတလေ ဝိုင်းပီး ခဲနဲ ့ပေါက်လို ့ ရုပ်ရှင်ပြသော ပိတ်ကား ပြဲခြင်းကား အခါခါ အလီလီ….

ထိုကြောင့် မင်းသား ခံရလျှင် မကြာခင်ရွေဘ နိုင်ပါတော့မည်ဟု ကြိုတင်ပြောရသည်က မနည်း….

 

လူအများ သိသော 007 မင်းသား ကြီးကိုသိမှာပေါ့… James Bond လေ…

ဇာတ်ကောင်ဖန်တီးသော စာရေးသူ ရဲ့ တကယ့်ဘဝကတော့ James Bond လို နောက်ဆုံး ဇာတ်သိမ်းမှာ မင်းသမီးလေးနဲ ့ မွေးမွေးပေးခန်းမပါသလို သူရဲ့ Mission ကြီးလည်း မအောင်မြင်ခဲ့…..

ဒါပေမယ့် သူရဲ့ စိတ်ကူးယဉ်ဇာတ်ကောင်ကြီးကို ဖန်တီးလိုက်သော သူ ့ဝတ္တုကြီးကတော့ ကမာ္ဘကျော်ခဲ့သည်….

 

တခါတလေ လူတွေဟာ စိတ်ကူးယဉ်တွေထဲပဲ နေနေကြသည်……

တကယ့်ဘဝကို မေ့ချင်ကြသည်…. ထို ့ကြောင့် မြန်မာဟာသဇာတ်ကားများ အောင်မြင်ကြသည်….

တကယ့်ဘဝကတော့ မပဒါ မြေမလူးယုံတမယ်……

ကူသူမရှိ ကယ်သူမရှိ သားဆုံး လင်ဆုံး ဇာတ်ကား တထောကြီး………

 

Naruto ဆိုသော ဂျပန်ကာတွန်းလေးသည် လူငယ်မှ အစ လူကြီးအဆုံး နာမည်ကြီးလှသည်…

ဇာတ်ကားလေးက Naruto ကလေးဘဝမှသည် Naruto Shippudden လူကြီး ဘဝအထိ အပိုင်း ၃၀ဝ ကျော် ဆွဲကာ ရိုက်သွားသော်လည်း….

ကောင်းမွန်လှသော ဇာတ်အိမ်တည်မှူကြောင့် ထိုကားလေး ရဲ့ အားပေးသော ပရိသတ်သည် လျော့မသွား တိုးကာလာသည်….

ထိုကားလေးရဲ့ အရေးကြီးသော အချက်မှာ Uzumaki Naruto ခေါ် ကလေးလေးရဲ့ ဇွဲမလျော့သောစိတ်… ကြိုးစားသောစိတ်… ကတိတည်သောစိတ် ဖြစ်သည်….

သူရဲ့ ကြိုးစားမှူသည် သူတယောက်တည်း သာ မဟုတ် သူရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေပါ ကူးစက်သွားကြောင်းကို ရိုက်ပြထားသည်….

 

လက်ဝှေ ့လောကတွင် ကြောက်ရဆုံးသော အရာမှာ လက်သီးပြင်းချင်းမဟုတ်ပါ…..

ဘယ်နှစ်ခါ အထိုးခံရ ခံရ ပြန်ထနိုင်သော လူဖြစ်သည်……

 

မြန်မာပြည်သည် အဖတ်ဖတ်သို ့ တံခါးတွေဖွင့်လိုက်ပီ……

အမေရိကန်နဲ ့ မဟာမိတ်ဖွဲ ့သလို တရုတ်နိုင်ငံနဲ ့လည်း မိတ်မပျက်အောင် ထိန်းနေသည်….

စီးပွားရေးတွေ တိုးတက်လာမည်… ရင်းနှီးမြုပ်နှံမူတွေ ဝင်လာမည်…. ပြောင်းလဲလာမည်…..

ကောင်းသော ပြောင်းလဲခြင်းတွေရှိသလို… အိမ်မက်ဆိုးများလည်း မက်နိုင်သည်….

ချမ်းသာသွားနိုင်သလို…. ခွေးလုံးလုံးလည်း ဖြစ်သွားနိုင်သည်….

 

ထလော့ မိတ်ဆွေ….

စိတ်ကူးယဉ်ခြင်းမှ ထလော့…..

ထိုနည်းလမ်းနှင့် သင်သည် မင်းသား မဟုတ်…..

ထလော့ မိတ်ဆွေ….

သင့်စိတ်ကူးများကို ဝတ္တုထဲ ချရေးနေသလိုမပီး…

လက်တွေ ့အကောင်အထည်ဖော်ဆောင်ပါလေ….

ထလော့ မိတ်ဆွေ…

နာရူတိုသည် ဇာတ်ကား တခုဖြစ်ပေမယ့်….

သူရဲ့ ကြိုးစားမူ အားမလျော့မှူ ကတိတည်မှူ သည် သင့်ကို ကူးစက်လော့…..

ထလော့ မိတ်ဆွေ….

လက်ဝှေ ့သမားသည် ပွဲပေါင်း ထောင်သောင်း ရှုံးနှိမ့်နိုင်ပေမယ့်လည်း….

သင်သာ လဲတိုင်း ထဖို ့ ကြိးစားနေသရွေ ့…

သင်သည် မင်းသား ဖြစ်နိုင်နေပေသေးသည်….

ထလော့ မိတ်ဆွေ….

လူတိုင်း မင်းသား ဖြစ်နိုင်သည်….

ကြိုးစားမှူ လိုသည်….

အားမလျော့ဖို ့လိုသည်….

ကတိတည်ဖို ့လိုသည်…..

ထလော့ မိတ်ဆွေ….

ရွေမြန်မာပြည်ကြီး မီးထိန်ထိန်ငြီးချိန်မှာ….

သင်နဲ ့ အောင်ပွဲအတူခံချင်သည်….

 

 

လေးစားလျက်

တိမ်မည်း

၁၃၄ရ တန်ဆောင်မုန်းလဆန်း ၉ ရက်

၂၀၁၂ နိုဝင်ဘာလ ၂၂

40 comments

  • ခိုင်ဇာ

    November 22, 2012 at 9:31 am

    “”သင်သာ လဲတိုင်း ထဖို ့ ကြိးစားနေသရွေ ့…
    သင်သည် မင်းသား ဖြစ်နိုင်နေပေသေးသည်….””

    အာ့ဆို မင်းသမီး ဖြစ်နိုင်ဖို့ကရောဟင်? :kwi:

    တိမ်မည်း ရေးတာနဲ့တော့ မဆိုင်ပါဘူး။ စကားမစပ်….
    နာ့ ဖြင့် နောက်ဆုံး ဂျိန်း(စ)ဘွန်းမင်းသား ဒယ်နီရယ်ကို ကြိုက်ဘူးအေ။

    • တိမ်မည်း (ခရီးသွားနေည်)

      November 22, 2012 at 9:44 am

      မင်းသမီးလဲ အတူတူပါပဲ…..
      ဟီးဟီး

      အတူတူပဲ…. ဒယ်နီရယ်ကို မကြိုက်ဖူးဟူးဟူး…………….
      အဲ့ဒါကြောင့် ဘွန်းကား ကို မကြည့်ဖြစ်တာ ကြာပီ…..

    • Inz@ghi

      November 22, 2012 at 10:04 am

      ဂလိုရှိတယ်ဗျ … (သိသလောက် ဝင်ဆြာလုပ်အုံးမှ..)
      အရင်က ဂျိန်းစဘွန်း ဆိုရင် ရုပ်ဖြောင့် ၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ၊ လက်နှက် ပစ္စည်း အဆန်း ၊ စတာတွေနဲ့ ဒီဖိုင်း လုပ်ထားခဲ့ကြတာ….

      ရှေးတုန်းကတော့ တခြားတခြားသော ဇာတ်လမ်းတွေမှာ က ရုပ်ဖြောင့်တဲ့မင်းသား
      မင်းသမီးချော စတာတွေ သုံးနိုင်ပေမယ့် တကားဆိုတကား ပီပီပြင်ပြင် ပစ္စည်းလက်နက်
      အဆန်းတွေ သုံးတဲ့ အင်္ဂလိကန် ဂျိမ်းစဘွန်းကို မှီဖို့ လိုအပ်ချက်တွေ ရှိခဲ့တယ်ခည…

      အဲ့.. ဂျိမ်းစဘွန်းကလည်း ပစ္စည်းလက်နက် အဆန်းတွေကို သူ့ရဲ့ critical success factor
      အနေနဲ့ သုံးလာလိုက်တာ ပီးယာ့စ် ဘရာစနန် နောက်ဆုံးကားမှာ ကိုယ်ပျောက်ကားတွေ
      ဘာတွေနဲ့ အထွတ်အထိပ်တောင် ရောက်ခဲ့သေးတယ် မဟုတ်လား ..

      နာ့သင်းလာ့စ်ဖော်အဲဗား ပါဗျာ ..ခေတ်ကပြောင်းပြီ ဟောလိဝုဒ်က အဲ့သည့်အချိန်
      မာဗယ်လ် သူရဲကောင်းတွေကို ဖလင်ပေါ်တင်ပြီ လက်နက်ပစ္စည်ဆန်း သုံးတာလောက်များ
      ထွစ်ဘယ် အပ်က်စ် ၊ ထွမ်စပို့တာ ၊ ထွမ်စဖော်မာ တို့လို အဆန်းကြီးတွေ ရိုက်ပြလာပြီ။

      အဲ့သည့်မှာ ဂျိမ်းစ်ဘွန်း ကို ရီဒီဖိုင်း လုပ်ဖို့လိုလာပါတယ်ခည။ ဂျိမ်းစ်ဘွန်း ဇာတ်ရုပ်ဟာ
      ရှေး ဗျိတိန် အင်္ဂလိပ်စာ သုံးရမှာ ဖြစ်လေတော့ အမေရိကန်ဖွား မင်းသားတွေ
      တစ်ကြိုစာရင်းက ပြုတ်ကုန်သပေါ့ …။ (ရမလားအေ့ ဂျော်နီဒပ် လို နန့်ကြောဆွဲကို
      ဂျိမ်းစဘွန်းပေးလုပ်လို့ … ။ အဲ.. အိုဘားမား တက်လို့ဆိုပြီး ဂုဏ်ပြုတဲ့အနေနဲ့ဝီလ်စမစ်
      လို အမည်းကိုလည်းဂျိမ်းစဘွန်းပေးလို့မရ … ကျုပ် ပါဆင်နယ်အမြင်အရ အလိုက်ဖက်ဆုံး
      ဖြစ်မယ်ထင်တဲ့ ဂျော့ချ်ကလိုးနီး ကလည်း အမေရိကန်ဖြစ်နေ) ဆိုတော့ …သရုပ်ဆောင်ပညာအရ
      အပိုင်နိုင်ဆုံးလူ ကိုရွေးလိုက်တယ် ယူဆပါတယ်အေ…

      ဒီဘဲကြီးက ရုပ်ကြီးကြမ်းပေမယ့် သရုပ်ဆောင်ကောင်းတာကိုတော့ လက်ခံရမယ်ဗျ …
      သူတို့ ရီအင်ဗန့်လုပ်လိုက်တဲ့ ဂျိမ်းစဘွန်းကာရိုက်တာကလည်း … လူသတ်လိုင်စင်စရကာစ
      ငယ်တဲ့ ပျာတဲ့ ..တော်ပေမယ့် နမော်နမဲ့နိုင်တဲ့ ဂျိမ်းစဘွန်း လေဗျာ ..
      အရင်က ပြဇာတ်ဆန်ခဲ့ပေမယ့် အခုလူသားပိုဆန်လာတဲ့ ဂျိမ်းစဘွန်း လို့ ပြောရမှာပေါ့ ….
      သူ့လက်ထက်မှာ အအောင်မြင်ဆုံးဆိုတာ ငြင်းမရဘူးဆိုပါတော့ဗျာ..
      ကမာ္ဘက ရုပ်ရည်ထက် ရုပ်ဝတ္ထုပစ္စည်းတွေထက် လူသားဆန်မှု ကို ပိုတောင့်တတယ်ဆိုတဲ့
      အချက်ကလေး လှစ်ကနဲ တွေ့လိုက်ရရဲ့ ..
      အဲ့လာ ဂျိမ်းစဘွန်း ကာရိုက်တာ အတွက် မားကတ္တင်း အပရို့ချ်

      တော်သေးဘီ
      ဒက်ဂလောက် ..ဒက်ဂလောက် ..

      • Wow

        November 22, 2012 at 10:46 am

        ဒီတစ်ခုတော့ ညီးနဲ့ကျုပ် သဘောချင်းတူပဟဲ့… အိုက်ရုပ်ကြမ်းမင်းသားကြီးကို ကြိုက်မှကြိုက်… သရုပ်ဆောင်လဲကောင်း ကာရိုက်တာနဲ့လည်းလိုက်တော့ ဒါဂျောင့်လဲ ကမ္ဘာကျော်ပေတာပဲ…

        • Inz@ghi

          November 22, 2012 at 11:04 am

          သိနေတယ်လေ … ထိပ်ဆုံးကား မှာ ဖင်ချွတ်အရိုက်ခံထိတဲ့အခန်းကတည်းက အသည်းစွဲသွားမှန်း…ဟီဟိ..

          :harr:

      • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

        November 22, 2012 at 1:02 pm

        အခိုက်ဆုံး ဘွန်းမင်းသား (၂)ယောက်ရှိခဲ့သည်ပေါ့…
        ဇာတ်ကောင်နဲ့ရော… စတိုင်အရပါ…အလွန်ကိုက်ညီမှုရှိသော မင်းသားနှစ်ယောက်…
        တစ်ယောက်ကား ရှောင်ကွန်နရီ… နောက်တစ်ယောက်ကား ပီယဲ့ဘရော့စနန် သူတို့နှစ်ယောက်လုံးကို ဂျိမ်း(စ)ဘွန်း၏ပြရုပ်နှင့်အလိုက်ဆုံးလို့ဆိုရမည်…

        နောက်တစ်ခုက ဂျိမ်းစဘွန်း၏ အသုံးအဆောင်လက်နက်ဆန်း နည်းပညာပစ္စည်းများ…
        လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က ဂျိမ်းစဘွန်းက တပ်စခရင်ဖုန်းကိုင်ပြရင်… ရင်သပ်ရှု့မောဖြစ်ပေမယ့်… ယခုလက်တွေ့ဘဝမှာ အချို့သောနည်းပညာတွေက လူထုလက်ထဲရောက်လာတဲ့အချိန်မှာ ဂျိမ်းစဘွန်းရဲ့ စပိုင်လက်နက်ဆန်းများက မဆန်းတော့ပါဘူး…
        သူလိုကိုယ်လို အသုံးနိုင်တဲ့ကိရိယာများဖြစ်လာပါပြီ…
        တချို့ စပိုင်ကင်မရာတွေ… ဈေးပေါပေါနဲ့ဝယ်လို့ရလာပြီ…
        ဒါဟာနည်းပညာရဲ့တိုးတက်ပြောင်းလဲမှုပါ…

        လွန်ခဲ့တဲ့အနှစ် (၂၀)လောက်တုန်းက သံရည်ကြိုစက်မှာသုံးတဲ့ နည်းပညာ အင်ဒတ်ရှင်းကွတ်ကာ… အခု မီးဖိုချောင်ကို ရောက်လာပြီ…
        အာကာသမှူတွေအစာအာဟာရအတွက်သုံးခဲ့တဲ့ ဒီဟိုက်ဒရိတ်နည်းပညာ ကျွန်တော်တို့တွေ အခုစားနေပါပြီ… အဲဒီလို အဆင့်ဆင့် နည်းပညာရွေ့လျားရာက…
        ဂျိမ်းစဘွန်းရဲ့ပုံစံကို ပြင်ပြီးပြင်ရပါတော့တယ်…

        သူငယ်ချင်းတစ်ယောက်ပြောတာသတိရမိတယ်…
        အဲဒါဂျိမ်းစဘွန်းမဟုတ်တော့ဘူး အာနိုးဖြစ်လာပြီတဲ့…
        တစ်သက်လုံးတွေ့မြင်နေရတဲ့ ဂျိမ်းစဘွန်းစတိုင်ကနေ အခုလိုစတိုင်မကျ… ခပ်ကြမ်းကြမ်း ဂျိမ်းစဘွန်းကို မြင်လိုက်ရတော့ ပရိတ်သတ်တွေအမြင်မှာ ရမ်ဘိုမင်းသား (စတော်လုံး)ကို မိန်းမလျာသရုပ်ဆောင်ခိုင်းလိုက်သလိုဖြစ်သွားတာပါပဲ…

        မှတ်မှတ်ရရ ကာစီနိုရိုင်ရယ်ရုပ်ရှင်ထဲမှာ ဂျိမ်းစဘွန်းကို ဘဲလ်ဘွိုင်းနဲ့မှားပြီး ကားသော့ပစ်ပေးတဲ့ အခန်းကိုမြင်လိုက်တော့ ဂျိမ်းစဘွန်းမင်းသားတွေထဲမှာ ဘဝအနာဆုံးမင်းသားရယ်လို့ သနားလိုက်မိပါသေးတယ်…

        ဘာပဲဖြစ်ဖြစ်ပါ… အခုချိန်အထိ… ဂျိမ်းစဘွန်းဇာတ်လမ်းတွေကို ကြည့်နေတုန်းပါပဲ…
        ဒယ်နီရယ်ရေ… ခင်ဗျားကို ဂျိမ်းစဘွန်းအဖြစ်တော့သိပ်မထောက်ခံချင်ပေမယ့်… တခြားရုပ်ရှင်တွေမှာ သရုပ်ဆောင်ကောင်းပါတယ်…
        The girl with the dragon tattoo လိုဟာမျိုးမှာပေါ့…

        ပိုစ့်ပိုင်ရှင်ရေ…
        ခင်ဗျားရဲ့ဆိုလိုရင်းလေးကို နားလည်သဘောပေါက်သွားပါတယ်…
        ဒါပေမယ့် လောလောဆယ်စကားကောင်းနေတာကတော့ ဂျိမ်းစဘွန်းမှ… ဂျိမ်းစဘွန်းပါဘဲဗျာ…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

        • ခိုင်ဇာ

          November 22, 2012 at 1:06 pm

          ဟုတ်ပါ့။ ဟုတ်ပါ့။ ကိုဖက်ကက် ပြောတာ သဘူတောပါတယ်။ :harr:

        • Inz@ghi

          November 22, 2012 at 1:22 pm

          လောဘတ် ပက်တင်ဆန် ပဲ ခေါ်ရိုက်လိုက်ပါတော့ကွီ

          :kwi:

        • ခိုင်ဇာ

          November 22, 2012 at 1:30 pm

          တူ့ကို ကြိုက်ဘူးရယ်။ ဖြူဖတ်ဖြူရော်နဲ့။ :kwi:

  • ခင်ခ

    November 22, 2012 at 10:10 am

    “ ထလော့ မိတ်ဆွေ….
    ရွေမြန်မာပြည်ကြီး မီးထိန်ထိန်ငြီးချိန်မှာ….
    သင်နဲ ့ အောင်ပွဲအတူခံချင်သည်…. ´´

    မီးများထိန်ထိန်ငြီးချိန်လေး အခါမလပ်ရှိစေသတည်း။

    • တိမ်မည်း (ခရီးသွားနေည်)

      November 22, 2012 at 10:36 am

      ပေးတဲ့ဆုအတိုင်းပြည့်အောင် ကြိုးစားနိုင်ကြပါလို ့၏…..

      ဦးခင်ခရေ…

  • ခိုင်ဇာ

    November 22, 2012 at 10:10 am

    အို သဘာဝကျတာ ကြည့်ချင်မှတော့ တခြား အက်ရှင်ကား ကြည့်မပေါ့အေ။
    ပြဇာတ်ဆန်တာကြည့်ချင်လို့မှ ဘွန်း မင်းသားချောကို ကြည့်တာပေါ့။
    သရုပ်ဆောင်ကတော့ ကောင်းမပေါ့။ ဘွန်း ကားမတိုင်ခင် ဒုတိယမင်းသားအနေနဲ့ ဘယ်နှစ်ကားလောက်ရိုက်ပြီးပြီတုန်း ကြည့်ပါ့လား။
    ဘွန်း မင်းသားတဲ့။ မင်းသမီးကို အချစ်စစ်နဲ့ များ ချစ်ပြလိုက်သေး။ စိတ်ကုန်တယ်။ ကြည့်ချင်ဘူး။

    • Inz@ghi

      November 22, 2012 at 10:20 am

      အာ့ ခက်တာပေါ့ … စီးကရက် အေးဂျင့်ဆိုတာ
      သိပ်ဖြောင့်နေမှတော့ လူတကာမှတ်မိပီး ဘယ်လိုလုပ် ထောက်လှမ်းရေး
      လုပ်နိုင်ပါတော့မလဲ
      ကွန်းဆက်ပ် အမှားရီးကို ရှေးက အုပ်မြစ်ချခဲ့တာ ခိုင်လွန်းခဲ့တော့
      အုံးနှောက်လေးတွေ ဆေးခံထိထားလေရော …ဟီဟိ..

      ရီးရဲယ်လ်ဝါးလ် စီးကရက် အေးဂျင့်ဆိုတာ… မျက်ခွက်မာရမယ်။
      ဖင်ချွတ်အရိုက်ခံ ထိလည်း အံကျိတ်ခံနိုင်ရမယ်။ နီးရာနဲ့ ကောက်ထုနိုင်ရမယ်။
      အခွင့်အရေးသမား ဆန်ရမယ်။ ရက်စက်ရမယ်။ ဆုံးဖြတ်ချက်မြန်ရမယ်။
      မောထှာ…

      တခြား အက်ရှင်ကားပဲ ကျိပါတော့အေ …

      • ခိုင်ဇာ

        November 22, 2012 at 10:24 am

        အေး ဟုတ်တယ်အေ။
        နာ ကြိုက်တဲ့ မင်းသားတွေကလည်း အသက်ကြီးတဲ့သူကြီး၊ ဆုံးတဲ့သူ ဆုံးနဲ့ ဘယ်သူ့ရွေးရမှန်းသိသေးဘူးရယ်။
        သနားစရာ ငါ့ဘဝ!! 🙁

        • Inz@ghi

          November 22, 2012 at 10:31 am

          Sacha Baron Cohen ကိုပဲ အားပေးလိုက်ပါတော့ကွယ်..

          :528:

          jk

      • ခိုင်ဇာ

        November 22, 2012 at 10:33 am

        ဘိတိန် မင်းသားဖြစ်ရတဲ့ထဲ ရုပ်ဆိုးရင် ကြိုက်ဘူးကွယ်။ 🙁

        • တိမ်မည်း (ခရီးသွားနေည်)

          November 22, 2012 at 10:44 am

          နှစ်ပေါင်း ၂ဝ လောက် ကြည့်လာတဲ့ ကားတခုကို ဆန်းဆန်းပြားပြား ပြောင်းမြင်မိသော်….
          အရင်အတိုင်းမြင်လိုသည်က တကြောင်း…..

          ဘွန်းဇာတ်ကား ကိုလည်း ဆန်းဆန်းပြားပြား များနဲ ့သာ မြင်လိုကြောင်း…..

          တခါတရံ Madagascar ကားထဲကလို I like to move it, move it ဆိုပီး ပြောင်းလဲမှူကို ကြိုက်မိပေမယ့်……

          ဒယ်နီရယ်ကိုတော့ မည်သို ့မျှ မခံစားနိုင်ကြောင်း……..

          တော်သေးဘီ….

          ဝုန်းဝုန်း ဂျုတ်ဂျုတ်….. ဝုန်းဝုန်း ဂျက်ဂျက်……

          🙂

  • Wow

    November 22, 2012 at 11:38 am

    ဒယ်နီရယ်ကို ဘပုခံဇားဖို့ထားပေးလိုက်ပါ တိမ်မည်းရယ် :mrgreen:

    • တိမ်မည်း (ခရီးသွားနေည်)

      November 22, 2012 at 11:56 am

      ဘပုက ဒယ်နီရယ်ကို ဘယ်လိုခံစားလဲဟင်………..
      မသိလို ့မေးတာနော်…….

      အာဟု… အဟွက်အဟွက်……..

      🙂

  • မောင်ပေ

    November 22, 2012 at 1:17 pm

    ထပြီ တိမ်မည်း
    ထပြီ တိမ်မည်း
    အသက်ရှိနေသရွေ ့
    မနက်ဖန်တိုင်းဟာ
    ပိုက်ဆံရစရာ
    စီးပွားတက်စရာ
    စိတ်ချမ်းသာစရာ
    ကိုယ်ကျန်းမာစရာ
    နေ ့ရက်များပေတည်း…။
    ကြုံ
    မောင်ပေ

    • တိမ်မည်း (ခရီးသွားနေည်)

      November 22, 2012 at 1:46 pm

      ထပါ ဦးပေ…….
      မထနိုင်ရင် ဆွဲထူပါ့မယ်……
      ဆွဲထူခတော့ ပီးရင် မစသွားနော်…..
      ပွိုင့် တသိန်းလောက်…. ဟီးဟီး………….

      😀

  • Shwe Ei

    November 22, 2012 at 1:20 pm

    ဟတ်ကဲ့ မင်းသမီးတွေကိုလဲ မင်းသားနဲ့ အမြဲတမ်းပေး ညား မဲ့အစား
    လူကြမ်းတို့ ဇာတ်ပို့တို့နဲ့ ပေး ညား သင့်ပါဂျောင်း :mrgreen:

    • Wow

      November 22, 2012 at 1:55 pm

      ရွေအိတို့ကတော့နောက်ပြီ ကိုယ်သာ မင်းသမီးနေရာမှာ ဆိုပြီး ခံဇားကြည့် လူဂျမ်းတော့ ယူနိုင်ဘောင် :kwi:

      • Inz@ghi

        November 22, 2012 at 1:59 pm

        အာ့ ပေါရာပေါ့ …
        မစွံတဲ့လူများ (စွံချင်တာ တပိုင်းသေ)

        :kwi:

        သူများလို မင်းသားလည်း စိတ်ကူးမယဉ်နိုင်တော့ဝူး
        လူဂျမ်း ဇာတ်ပို့ပါ မချန်
        ဘာလာလာ ဒေါင်းမဟဲ့ ဆိုပီး
        မကြည်ပြာတို့ ဝှီးချဲ စီးချက်များ …
        ဟီဟိ…

        :hee:
        :harr:

        • တိမ်မည်း (ခရီးသွားနေည်)

          November 22, 2012 at 2:21 pm

          အဲ့လိုလည်း စီးလို ့ရလား…………

          😀

        • Shwe Ei

          November 22, 2012 at 2:28 pm

          သေချင်လို့။ ညီးယူထားတဲ့ဘွဲ့ အစုတ်ပလုတ်ရီး
          နာ့လာမပေးနဲ့။ ဝီးးချဲဂီ။
          ညီးအလှည့်ကျမှ မင်းသမီးအမေကိုရဲဇားစကားပြော။
          ဟွန်းးးးးးး

        • Inz@ghi

          November 22, 2012 at 2:34 pm

          ညည်းသာ အနီးအနားက ဘော်ဒါတွေ မင်ဂါဆောင်တွေသွားလိုက်
          ကြည့်လိုက်နဲ့ သွေးပျက်ပြီး ဝှီးချဲစီးရမှာ
          ကျုပ်ကအေးချေး မိဘ လုပ်ကျွေးဦးမှာ..

          ဝှီးချဲကြည် ရဲ့…

          :harr:

      • Shwe Ei

        November 22, 2012 at 2:34 pm

        မမဝေါင်းချင့် သများက ဇာတ်ပို့နေရာကနေ
        မင်းသား(နေတိုး)ကိုအပိုင်ရအောင်ယူပျချင်တာချင့်…ဟိ
        :harr:

        • Shwe Ei

          November 22, 2012 at 2:40 pm

          မသိရင်ခက်မယ်။ မိဘလုပ်ကျွေးနေတဲ့
          ဝီးချဲဂီရီး၊ အမှန်တရားတွေပျောလွန်းလို့
          မိုးကြိုးပစ်မခံရပါဇီနဲ့တော်….

        • Wow

          November 22, 2012 at 2:50 pm

          ဂီမကို မခံချင်စိတ်နဲ့ ရအောင်ယူပြလိုက် စမ်းဘာာာာာာ… မကြည်ဗျာ :kwi:
          ဘာပဲပြောပြော အဖတ်တင်တာပေါ့ :harr:

  • တိမ်မည်း (ခရီးသွားနေည်)

    November 22, 2012 at 3:33 pm

    ဂီမ + ကြည်ဗျာ = ?????????????????????????????

    • Inz@ghi

      November 22, 2012 at 3:37 pm

      မှုတ်ဝူးမွှားတယ်.. ကျုပ်စိတ်ဝင်စားတာ သူ့ညီမလေး
      အနာဂါတ်ရဲ့ ..ကျုပ်အသီးကျော် မလေး…ဟီဟိ…

      :528:

      • Shwe Ei

        November 22, 2012 at 3:43 pm

        ရ..အုံး………မယ်……
        ဝီးချဲစီးပီးစောင့်နေ အိုက်မှာ…… :chee:

      • တိမ်မည်း (ခရီးသွားနေည်)

        November 22, 2012 at 3:46 pm

        အော် အဲ့လို ကိတ်စလည်း ရှိတယ်ပေါ့…………………..
        ဟီးဟီး…….

        အသီးကျော်ဆိုတော့ အင်း………..
        ဘယ်လိုပဲစဉ်းစား စဉ်းစားပေါ့နော်………
        အသီးကျော်ဆိုတော့…………………………………………………………….. အင်း……………

  • “ရွေမြန်မာပြည်ကြီး မီးထိန်ထိန်ငြီးချိန်မှာ….
    သင်နဲ ့ အောင်ပွဲအတူခံချင်သည်….”

    ဆိုတော့ကာ …
    ထိုအချိန်အား မမှီလိုက်ရမည်ကို စိုးသူများအတွက်
    “အသက်ရှည်ဆေးဂျီး” လိုအပ်လှပေသည် …။
    ထိုဆေးဂျီး ကျွန်ုပ်ထံတွင် ရှိပေသည် …။
    လိုအပ်ပါက ဆက်သွယ် စုံစမ်း ဝယ်ယူနိုင်ပါသည် ….။

    ပုံ/
    မဟာဘာဂျာ ဆေးချရာ

    • တိမ်မည်း (ခရီးသွားနေည်)

      November 22, 2012 at 4:34 pm

      တံတိုင်းမင်း လေးထောင့်တုံး ခင်ဗျ……….

      အသက်ရှည်ဆေးဂျီးကို ဝယ်ယူလိုပါသော်လည်း………………..
      တခုခုဝယ်ရင် Quotation လေးစောင် လိုပါသဖြင့်……………….
      Quotation လေးစောင်များ ပေးပို ့နိုင်သော်…………
      ဝယ်ယူရန်စဉ်းစားပါမည်……………

      ပုံ
      ချာရာဏသီ ဝန်ဂျီးချုပ် တိမ်မည်း

  • မိုးတိမ်

    November 22, 2012 at 8:00 pm

    အဟွတ်…အဟွတ်…ဘယ်ကောင်လဲကွ ငါ့ဘာသာ ဘီအီးလေးကစ်ပြီး ဆိုက္ကားဂိတ်ထိုးအိပ်နေတာကို အတင်းလာထခိုင်းနေတာ။အော်လက်စသတ်တော့မည်းမည်းကောင်ကိုးးး။နင်လဲလေထဲလွင့်နှိုင်တာ
    သတိထားစမ်းဘာာာ…ချကားလုံးတွေက 9 လောက်ကြီးတွေကြား မျောသွားမယ်ဘာမှတ်ဒုန်းးး
    အဲအများဆန္ဒအရ ဝင်ဖောရရင် ကျုပ်က ရပ်ကွက်ထိပ်ကပြတဲ့ ဂျိမ်းစဘွန်းဆိုလား ဂျိတ်စဘွတ်ဆိုလားမသိပါဘူးဗျာ အဲမင်းသားတွေထဲ နောက်ဆုံးက ကျုပ်လိုရုပ်မျိုးနဲ့ကောင်ကို သဘောကျသဗျ။သဘာဝကျတဲ့အပြင် ခပ်ကြမ်းကြမ်းဗျင်းတတ်တာရော ကျုပ်လိုရုပ်ရေမျိုးနဲ့ရောဆိုတော့တစ်ခါကြည့် ၂၀ဝနဲ့ ဆိုက္ကားခထဲကပါလို့ တစ်ခါတစ်လေ ဘီအီးတောင်မကစ်နှိုင်ပါဘူးဗျာ။ကျုပ်ကလဲ sector 13 (ပြင်သစ်ကား)ထဲကလို ပညာမတတ်တော့လဲ ခပ်ကြမ်းကြမ်းဇာတ်ကားတွေပဲကြိုက်သဗျ။လီတိုနှာတိုဆိုလား အဲကောင်ဗျာ တိုက်တိုင်းနစ်တဲ့သဘောင်္ဂျီးကကောင်လို ရုပ်ချောရင် ကျုပ်ကသောက်ညင်ကပ်လို့မကြည့်တော့ဘူးဗျ။
    သေတာတောင် လာလွမ်းပြနေရင် ကျုပ်လို ခါနာမှန်အောင် ကြိုးစားနေရတဲ့ ဆိုက္ကားသမားကဘယ်ဂလို
    ခံစားပေးရမလဲဟင်င်င်င်င်……..တော်ဘီ ဘီအီး ၂၀ဝ ဖိုးထပ်ဝယ်ကစ်ပြီး ဂိတ်ကအပင်ရိပ်မှာပဲပြန်နှပ်နေတော့မယ်။လာမထခိုင်းနဲ့ ပါစင်ဂျာလာရင်တောင် မအားဘူးပြောလိုက်ကြားလား။

    ရုပ်ကြမ်းသောမင်းသားတိုင်း သဘောကျတဲ့…….
    ဂိတ်မှုး မိုးတိမ် …ဂိန်…ကိန်…ဃိန်…………….

  • မိုးတိမ်

    November 22, 2012 at 11:50 pm

    ကတောက်(စ်)ဘယ်ကောင်တုန်းကွ…..င့ါဘာသာဘီအီးလေးနဲ့ နှပ်နေတာ ထကြတော့ဆိုဒါ။
    အော်…မောင်မည်းကိုး မင်းလဲငါနဲ့အတူတူပါဘဲဟ…..လေဂလောက်ထန်နေတဲ့ တော်ကီ 9 လောက်ကြားမှာ
    တိမ်တွေလွင့်မယ်ဆိုတာမသိလေရော့သလား၊မသိချင်ဒါဂလား။တော်ပါဘီလေ ရွာထဲကဈာန်ဝင်စားသောအကြောင်းပြောရရင် ဘီအီးကစ်ရင်းနဲ့မူးကြောင်ရူးကြောင်ဝင်ကြည့်မိတာက
    ဂျိမ်းစဘွန်းဆိုလား ဂျိတ်စဘွတ်ဆိုလားအဲဂဒါမှာ ကျုပ်ကနောက်ဆုံးမင်းသားအတော်သဘောတွေ့သဗျ။
    ဒင်နီရယ် ပက်ကျိဆိုလားပါဗျာ သိပါဘူး ကျုပ်ကလဲ ဆိုက္ကားနင်းနေရတော့ ကျုပ်လိုရုပ်ကြမ်းတာရယ်၊
    ခပ်ကြမ်းကြမ်းသရုပ်ဆောင်တွေကြောင့် ကြိုက်တယ်ဗျ။ကျုပ်ကပညာလဲမတတ်၊ပိုက်ဆံလဲမရှိတော့
    Sector 13(ပြင်သစ်)ကားလိုကြမ်းမှကြိုက်ဒယ်ဗျ။တစ်ခါကြည့် ၂၀ဝနဲ့ ရပ်ကွက်ထိပ်က ရုံမှာသွားသွားကြည့်ရတာ တစ်ခါတစ်လေ ဘီအီးတောင်မသောက်ရဘူးဗျ။ကိုရီးယားကားနားထား၊ဟိုဗျာ ဘာတဲ့ တိုက်တိုင်းနစ်တဲ့သဘောင်္ကားထဲကပါတဲ့ကောင်… အော်ဟုတ်ဘီ.. လီတိုနှာတို ဆိုကလားပဲ မကြိုက်ဘူးရယ်ဗျ။သေခါနီးတောင် အလွမ်းသယ်နေတဲ့ကောင် တကယ့်ဘဝကျုပ်တို့နဲ့ မအပ်စပ်ပါဘူးဗျာ။
    အဲနောက်ဆုံးပြောချင်တာက ဒီနေ့နေ့တွက်စီပြီ။ကျုပ်ကိုထပ်လာမနှိုးနဲ့တော့ ဘီအီး ၂၀ဝ ဖိုးနဲ့နှပ်တော့မယ်။
    ပါစင်ဂျာလာရင်တောင် ကျုပ်ကိုမနှိုးနဲ့ကြားလား……..အော်မေ့လို့ ကဗျာတစ်ပုဒ်တော့ကြားဖူးသလိုပဲ နားထောင်ကြည် ့မူးမူးနဲ့ကျုပ်ဆိုပြမယ် ပြီးရင်နှပ်တော့မယ် မနှောင့်ယှက်ပါနဲ့……

    တို့တိုင်းပြည် (ဇော်ဂျီ)

    ထလော့ မြန်မာ၊ အို … မြန်မာတို့
    တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
    စေတီ စပါး၊ များလည်း များ၏
    များပါလေလည်း၊ တမွဲမွဲနှင့်
    ဆင်းရဲကာသာ၊ ကာလကြာလျှင်
    ယာစကာမျိုး၊ တညှိုးညှိုးနှင့်
    ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
    လှည့်လည် သွားလျက်
    မစားလေရ၊ ဝမ်းမဝ၍
    ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

    ထလော့ မြန်မာ၊ အို … မြန်မာတို့
    တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
    ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
    သီးနှံ ချိုပျား၊ များလည်း များ၏
    များပါလေလည်း၊ တမွဲမွဲနှင့်
    ဆင်းရဲကာသာ၊ ကာလကြာလျှင်
    မြင်သာမြင်ရ၊ မစားရ၍
    လောကပြိတ္တာ ဖြစ်မည်တည်း။

    ထလော့ မြန်မာ၊ မြန်မာ ထလော့
    အားမပျော့နှင့်၊ မလျှော့လုံ့လ
    သူကစ၍၊ ငါက အားလုံး
    လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
    စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
    ဤမြေ ဤရွာ၊ ဘယ်သူ့ ရွာလဲ
    ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
    ထားလော့ တာဝန်၊ ပွန်လော့ လုပ်ငန်း
    ဉာဏ်ရှေ့ပန်း၍
    တဝမ်းတစိတ် ညီစေသတည်း။ ။

    ဇော်ဂျီ

    • တိမ်မည်း (ခရီးသွားနေည်)

      November 23, 2012 at 11:10 am

      ခရီးလွန်နေပါသဖြင့် အကျယ် မမန် ့တော့ပါ
      ကဗျာအတွက် ကျေးဇူးပါ

  • မိုးတိမ်

    November 22, 2012 at 11:57 pm

    ကော်နက်ရှင်ကြောင့် မရောက်ဘူးထင်လို့ခံစားပြီး ၂ ခါထပ်တင်မိတာဆောဒီးးးး။ခံစားချက်ချင်းက အတူူတူပါပဲ တစ်ခုဖျက်ချင်ဖျက်လိုက်ပါခင်ဗျား။

Leave a Reply