ဆေးဖက်ဝင်တဲ့ မဲဇလီဖူး။

ခင္ခNovember 22, 20121min29840

ဆေးဖက်ဝင်တဲ့ မဲဇလီဖူး။

တန်ဆောင်မုန်းလပြည့်ညမှာ မဲဇလီဖူးသုတ်စားတတ်ကြတာကို သတိရမိလို့ မဲဇလီဖူးရဲ့ ဆေးဖက်ဝင်အကျိုးပြု ချက်လေးတွေကို ရှာဖွေပြီးတွေ့တာနဲ့ မျှဝေရေးပေးလိုက်တာပါ။

မဲဇလီဖူးအနေနဲ့  ကျန်းမာရေးအရ အောက်ပါအချက်များကောင်းစေတဲ့အကျိုးရှိကြောင်းသိရပါတယ်။

၁။ သွေးအားကောင်းစေတဲ့အပြင် သွေးကိုလည်း သန့်စေပါတယ်။

၂။ မဲဇလီဖူးမှာပါတဲ့ သဘာဝအခါးဓာတ်က အသည်းအားကောင်းစေပါတယ်။

၃။ အစာချေစနစ်ကောင်းမွန်စေပြီး ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်းတို့ကို သက်သာ စေပါတယ်။

၄။ ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို ဖြည့်တင်းပေးသလို ကိုယ်ခန္ဓာကြီးထွားမှု့ကိုထောက်ပံပေး ပါတယ်။

၅။ အူမကြီးကိုကောင်းစွာ အလုပ်လုပ်စေလို့ ဝမ်းပျော့ပျော့သွားစေပါတယ်၊ အူမကြီး၊ အူသိပ်အူမများရှိ တုတ်ကောင်၊ သန်ကောင်နဲ့ ကပ်ပါးကောင်တွေကို ဖယ်ရှားပေးပြီး အူသန့်စေပါတယ်။

၆။ ကစီဓာတ်ကြွယ်ဝစွာပါလို့ ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်စဉ်ကို ကောင်းကျိုးပြုပါတယ်။

၇။ သရက်ရွက်ထဲရှိ ကောင်းသောဆဲလ်များကို တိုးပွားစေလို့ သရက်ရွက်ကို ကျန်းမာစေပါတယ်။

၈။ မဲဇလီဖူးထဲတွင် ပါဝင်သော သဘာဝအဆီဓာတ်က ခန္ဓာကိုယ်ထဲရှိ မကောင်းသောဓာတ်များကို လောင်ကျွမ်း စေပါတယ်။

၉။ အူမကင်ဆာ၊ အစာအိမ်ကင်ဆာရောဂါများ မဖြစ်စေနိုင်သော ဓာတ်များပါရှိပြီး၊ သတ္တုဓာတ်များပါဝင်မှု့ ကြောင့် သူငယ်နာအရိုးပျော့ခြင်းကို ကာကွယ်ပေးပါသလို ကိုယ်ဝန်ဆောင်များအတွက် မွေးဖွားလာသော ကလေးများတွင် ပိုလီရိုရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ပေးသဖြင့် စားသုံးသင့်ပါတယ်။

၁၀။ မဲဇလီဖူး ရွက် ပွင့် တို့ကိုဓာတ်ခွဲစမ်းသပ်ချက်အရ ပါဝင်သောအဟာရဓာတ်များသည် ဟင်းနုနယ်တွင်ပါရှိ သော အာဟာရဓာတ်များနှင့် အလားတူကြေားင်းတွေ့ရပါတယ်။

မဲဇလီဖူးဟာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းနဲ့ အူလမ်းကြောင်းအစာအိမ်တွေပေါ်မှာ အခုလိုအကျိုးပြုတာကို တွေ့ရှိရပြီး ဆေးပေါင်းခသော တန်ဆောင်မုန်းလပြည့်ညလေးမှာ မဲဇလီဖူးသုတ်လေးစားရင်း ရောဂါဘယ ကင်းဝေးကြပါစေ လို့ဆန္ဒပြုလိုက်ပါတယ်။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ခင်ခ။

40 comments

  • ခိုင်ဇာ

    November 22, 2012 at 9:56 am

    ငယ်တုန်းကများ ခါးလွန်းလို့ မစားချင်ပဲ ထွက်ပြေးရတာ။
    အခါး တန်ဖိုးကို မသိသေးဘူးကိုး။
    ခု တန်ဖိုးသိတဲ့အချိန်ကျ ရှာရခက်တဲ့နေရာမှာ။ ဒါပေမဲ့ ဒီနှစ် လပြည့်နေ့မှာ ကျနော် မန်းလေးမှာ ရှိမယ်။
    စိတ်ချမ်းသာစရာပဲ။ :hee:

    • ရွှေ ကြည်

      November 22, 2012 at 6:42 pm

      မခိုင်ဇာ ရွှေကြည်ဖို့ပါပိုစားခဲ့နော် ရွှေကြည်ကမဲဇလီဖူးသုတ်အရမ်းကြိုက်တယ်။

      • ခိုင်ဇာ

        November 22, 2012 at 6:48 pm

        စိတ်ချပါ ညီမလေး။. :harr:

  • Ma Ei

    November 22, 2012 at 10:19 am

    မနေ့က သတင်းစာမှာပါထဲက စိတ်ဝင်စားနေတာ
    ဒီလောက်အကျိုးထူးတာ သိမှတော့ စားဖြစ်အောင်ကိုစားဦးမှာ…
    အခါးလျော့အောင်တော့ အာလူပြုတ်လေးချေထည့် ၊
    ပုဇွန်ခြောက်လေးထောင်းထည့်လို့ သုပ်စားမယ်…

    • ခိုင်ဇာ

      November 22, 2012 at 11:11 am

      ကျနော်က မြေပဲဆန်သမားမို့ အသုပ်တိုင်းကို မြေပဲထည့်၏။ 🙂

  • ခင်ခ

    November 22, 2012 at 10:20 am

    ဦးဆုံးကွန်မန့်ပေးသူ မခိုင်ဇာရေကျေးဇူးပါ။ မန်းမှာရှိချိန်လေးလည်း စိတ်ချမ်းမြေ့လို့ အပျော်တွေစုပါစေနော်။
    တန်ဆောင်းမုန်းလပြည့်နေ့က မန်းမှာတော့ အတော်စည်ကားပျော်ကြတဲ့ဓလေ့လေးရှိတယ်ဗျ။
    စုပြီးသွားကြလာကြ ညဖက်ကျတော့လည်း ပျော်ပွဲစားဆိုပြီးချက်ကြစားကြလေ။
    မယ်ဇလီဖူးကတော့ အခုနောက်ပိုင်း တန်ဆောင်မုန်းလပြည့်ပါတ်ဝန်းကျင်ဆို ဈေးမှာရောင်းတာတွေ့ မိတယ်လေ။

    အခါးလျှော့အောင်သုတ်သင့်နည်းလေး ဖြည့်တင်းပေးလို့ မအိရေကျေးဇူးနော်။

  • maungmoenyo

    November 22, 2012 at 11:13 am

    မှတ်မှတ်ရရဖြစ်အောင် အိမ်က သင်ပုန်းမှာ ရေးထားလိုက်တယ်။
    “နိုဝင်ဘာ (၂၈) ညနေ မဲဇလီဖူးသုပ်…စားရန်”..လို့

  • ကိုခရေ
    စံပြကိတ်မုန့်ဆိုင်မှာ
    မယ်ဇလီဖူး ပတ်ဖ်တဲ့ရနေပြီ
    မုန့်တွေမှာလုပ်ထားတာအစုံဘဲ။
    တန်ဆောင်တိုင်အတွက်တဲ့……………………………

    • P chogyi

      November 23, 2012 at 10:51 am

      မယုံဘူး၊ ရန်ကုန်ပို့လိုက်။

  • Inz@ghi

    November 22, 2012 at 12:12 pm

    ကိုခင်ခရေ…
    ကျနော် …ငယ်ငယ်က ဖတ်ဖူးတဲ့ ကာတွန်းလေး သွားသတိရတယ်ဗျို့ ..
    မယ်ဇလီ ဆိုလို့ပါ …။
    မျက်စိနာနေတဲ့လူတယောက် အသိနဲ့လမ်းမှာတွေ့တော့
    ဘယ်သွားမတုန်း မေးတော့ ဘုန်းကြီးကျောင်းတဲ့….
    ဘာလုပ်မလို့တုန်းဆိုတော့ သူကျက်ထားတဲ့ စာချိုး ကောက်ရွတ်ပြတယ်..


    မျက်စိနာ ကျောင်းပို့ ဘုန်းကြီး – ီး နဲ့ တို့

    တဲ့လေဗျာ.. အဲ့ဒါ သွားတို့ မလို့ လို့ ဖြေသတဲ့…

    တဖက်လူလည်း အံ့အားသင့်ပြီး ကိုယ့်လူနှယ့် ဒုက္ခ
    အဲ့ဒါတိုင်းရင်းဆေး စာချိုး ဗျ ဆိုပြီး သည်လို ပြင်ဆိုပေးသတဲ့


    မျက်စိနာ ချောင် ပို့ ဘုန်းကျီလီ နဲ့ တို့တဲ့ …

    ဘုန်း-ဘုန်းမသိမ်ရွက်
    ကျီ- မန်ကျီးရွက်
    လီ- မဲဇလီရွက် ကို ဆတူ ရောထောင်းပြီး
    ချောင်ထဲ(မှောင်တဲ့နေရာ) သွားပြီး ဆေးထည့်ဖို့ ပြောတာပါတဲ့ ..

    အိုဘယ့် စာချိုး…
    မှတ်မှတ်ရရ ပါပဲဗျာ..

    :harr:

    • အရီးခင်လတ်

      November 22, 2012 at 4:45 pm

      ဘုန်းမန်မဲ လို့ စာချိုး လဲ ရသားနဲ့ တမင် double meaning ဖြစ်အောင် လုပ်ထားတာပါ လို့ ထင်ပါ၏။ 😆

      ကိုခင်ခ ရေ တန်ဆောင်မုန်းလပြည့် မှာ ဆေးပေါင်းခ တဲ့ အစာဘဲ နော်။
      မယ်ဇလီ (အသံ) ဖူးသုပ် ရဲ့ အရသာ ခါးခါး ကို အလွန်ကြိုက်ပါတယ်။
      ကောင်းကျိုးများ ကို ပိုသိရလို့ ကျေးဇူးပါ။
      အခုတော့ ငွေလမင်း ရဲ့ အဝေးကလူ ဖြစ်နေတော့ မစားရတာကြာပေါ့။ 😥

      • ခင်ခ

        November 23, 2012 at 10:19 am

        အရီးရေ အသက်အရွယ် ၄ဝ ကျော်ရင်တဲ့ အခါးအရသာရှိသော အသီးအနှံတွေကို အလျဉ်းသင့်သလို စားသင့်ကြောင်း တိုင်းရင်းဆေးကညွှန်းပါတယ်။ မြန်မာတိုင်းရင်းဆေးတင်မက တရုတ်တိုင်းရင်းဆေးကလည်း အဲလိုဘဲဆိုတယ်ခင်ဗျ။ ဒါကြောင့် တရုတ်အစားအစာ ထဲမှာ ဆေးခါးနဲ့ ပေါင်းတဲ့ ကြက်ပေါင်းတို့၊ နံရိုးပေါင်းတို့ကို အသက်အရွယ်ကြီးသူတွေ စားကြတာလေ။
        အသီးအရွက်ထဲမှာ ကြက်ဟင်းခါးသီးက အသက်အရွယ်ကြီးရင် အလျဉ်းသင့်သလိုစားသင့်တဲ့ထဲပါ တာပေါ့။ အဓိကကတော့ သွေးထဲမှာ အချိုဓာတ်ကဲလို့ ဆီချိုသွေးချို ဖြစ်စေခြင်းကို ထိန်းညှိစေတဲ့ သဘောပါခင်ဗျ။ ကြက်ဟင်းခါးသီး အလွယ်မရနိုင် ရင်တော့ ကြက်သွန်ဖြူ ဥတစ်လုံးအနည်းငယ်ကို ထက်ခြမ်းပြုလို့ တို့စားပေးသင့်တယ်တဲ့လေ။

  • Mr. MarGa

    November 22, 2012 at 12:21 pm

    လပြည့်နေ့မှာ မယ်ဇလီဖူးသုပ်ကိုတော့ အမြဲ စားရတယ်။
    အိမ်နားနီးချင်းတွေက လာပေးတာတွေပေါ့
    ဦးမာဃ အဘွားကတော့ အဲဒီနေ့မှာ ကြောင်လျှာပွင့်သုပ်ပြီးဝေတာ
    သတိရတာလေးတွေ ပြောကြည့်တာပါ

  • jullies cezer

    November 22, 2012 at 12:53 pm

    ကိုခင်ခ လို့ကိုမပြောရဘူး တင်တဲ့ post ကိုက ခပါတဲ့ ဆေးပေါင်းခ တဲ့
    post ကို ……….

  • ရွာသူ jujuma .

    November 22, 2012 at 1:39 pm

    မဲဇလီ ဖူးလား .. အသံထွက်ကတော မယ်ဇလီ ဖူးပဲ ထွက်ကြတယ်နော်..
    ကြိုက်တယ်ဗျ .. အခါး ဓါတ်ရှိလို့ .. သုတ်စားတာလဲ ကြိုက်တယ် .. တို့စရာအဖြစ်နဲ့လဲ ကြိုက်တယ်…
    ကျမ်းမာရေးအတွက် အကျိုးရှိစေတယ်ဆိုလို့ ပိုပြီး စားဖြစ်တော့မယ် … ရှဲရှဲ

  • မောင်ပေ

    November 22, 2012 at 1:46 pm

    အဲဒီ မဲဇလီဖူးသုပ်ကို ဆေးပေါင်းခအောင် ခိုးစားရတယ်လို ့ အရပ်ထဲမှာ ပြောနေကြတယ်
    လေးခ တို ့အိမ်ကို လာခိုးစားရင် ကောင်းမယ်
    ဘော်ဘော်ချင်းဆိုတော့ ကွိုင်မရှာလောက်ပါဘူးနော

    • ခင်ခ

      November 22, 2012 at 2:06 pm

      ရေးထားတာတော့ဟုတ်ပါပြီ အဲဒီနေ့ကျ မဖတ်မိဘဲနေဖြစ်နေအုံးမယ် maungmoenyo ရေ။

      ထွင်လည်းထွင်ကြပေသကိုး ကိုပေါက်ရေ။

      မှတ်မှတ်ရရ စာချိုး ဆေးနည်းလေး ရေးပေးတဲ့ ဂီရေမှတ်ထားလိုက်ပြီနော်။ ရွာထဲမှ သိရသောဆေးနည်း များရေးဖြစ်တဲ့အခါ ပြန်မျှဝေမလို့လေ။

      ဦးမာဃရေ ကြောင်လျှာပွင့်သုပ်တော့ မစားဖူးသေးဘူးဗျ။ ကောင်းလားဟင်။

      တန်ဆောင်မုန်းနဲ့ မယ်ဇလီဖူး အတွဲလေးမို့ သတိရလို့သိရအောင် ရေးမိတာပါ jullies cezer ခင်ဗျ။

      အဲ မဲဇလီ ဖူးလား .. အသံထွက်ကတော မယ်ဇလီ ဖူးပဲ ထွက်ကြတယ်နော်..ဆိုလာသူ ရွာသူ jujuma ရေ ဘယ်ဟာမှန် လဲသိဘူးနော် သတ်ပုံအမှန်သိပ်မသိလို့ပါဗျာ။ မဲဇလီ လို့ပေါင်းတာမှားရင် ခွင့်လွှတ်ကြပါ ရွာသူားတို့ရေ။

      အဲလိုလား ဆရာပေရေ အဲဒီနေ့ ခင်ခ က တံခါးပိတ်လို့ အကင်ဆိုင်ရောက်နေမှ သွားမောဖြစ်နေအုံးမယ်ဗျ။

      • Mr. MarGa

        November 22, 2012 at 2:22 pm

        ကိုယ့်ငါးချဉ် ကိုယ်မချဉ် ချင်ပါဘူးကွယ်
        လာစားပြီး ဆုံးဖြတ်ပေါ့

  • aye.kk

    November 22, 2012 at 2:56 pm

    ကိုခင်ခရေ
    ဆေးဖက်ဝင် မဲဇလီဖူး အကြောင်းကို ဗဟုသုတ အဖြစ်မျှဝေပေးတာကျေးဇူးပါ ။
    မဲဇလီတွေပေါ်ချိန် ရောက်ရင်ပေါ့နော်
    အမေက ဆေးဖက်ဝင် မဲဇလီဖူး မဲဇလီအရွက် တွေကို ရေစင်အောင်ဆေးပြီး တစ်နေလောက်လှမ်းပြီး လေသလပ် အခြောက်ခံ ။ ဆေးထောင်းသည့် ဆုံနဲ ့ကြိတ် ဆားနဲ ့တေပြီး ဆီးသီးအရွယ် အနေတော် အလုံးလေးတွေ (ညရောက်တိုင်းမှာ) အမေနဲ ့အတူဝိုင်းကူပြီး လုံးပေးရတယ် ။ လုံးထားတာလေးတွေ ဇကာဘမ်းထဲဖြန် ့ပြီး လေသလပ်ခံထားပြီးမှ နေပြန်လှမ်းတယ် ။ပုလင်းသန် ့သန် ့ထဲထည့်ပြီး တပါတ်တစ်ခါ စားသုံးခိုင်းတယ်။ တစ်ခါစားရင်သုံးလေးလုံးပေါ့နော် ။ ဝမ်းတွင်းက အပူအပုတ်တွေ စင်အောင် ဆိုပြီးဆေးအဖြစ် သုံးဆောင်တယ် ။ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်ကျော်(၁)
    ရက်နေ ့နှစ်စဉ်နှစ်တိုင်း မှာ မဲဇလီဟင်းရည်ချက်ပြီး အိမ်နီးချင်းတွေ ဝေပေးတာကို ပြန်သတိရတယ် ။။

  • ခင်ခ

    November 22, 2012 at 3:12 pm

    မအေးရေ မြန်မာ့တိုင်းရင်းဆေးတွေ လက်နဲ့ဆေးလုံးတဲ့အခါ တစ်ချို့က ရေ အပြင် ပျားရည်လေး အနည်းငယ်ထဲ့လုံးတတ်ကြတယ်လေ။ ပျားရည်ကလည်း သူ့မှာအကျိုးပြုအစွမ်းရှိသလို ပျားရည်နဲ့ နှယ်စေတဲ့ဆေးရဲ့အစွမ်းကိုလည်း တိုးမြှင့်စေတဲ့ဂုဏ်သတ္တိရှိလို့ဟု မှတ်သားဖူးတယ်ဗျ။
    မဲဇလီဆေးလုံးပုံလေးရေးပေးတာ မှတ်ထားလိုက်ပြီနော်။

  • Hnin Hnin

    November 22, 2012 at 3:41 pm

    မဲဇလီဖူးသုပ် ကတော့ တန်ဆောင်မုန်းလပြည့်နေ့ သူများအိမ်က လာပေးတာပဲ စားဖူးတာ..
    ဒီနှစ်လည်း မစားရပြန်ဘူးထင်တယ်…အခါးမစားပေမယ့် သိပ်မခါးရင်တော့ ကြိုက်ပါတယ်..
    ဟင်းနုနယ်နဲ့ အာနိသင်တူတယ်ဆိုလို့ ဟင်းနုနယ်ပဲ စားတော့မယ် 🙂

  • Thu Wai

    November 22, 2012 at 3:42 pm

    ငယ်ငယ်တုန်းက အမေက ဝမ်းနုတ်ဆေးကြောက်တဲ့သားသမီးတွေကို မယ်ဇလီရွက်ကို လက်ဖက်သုပ် သလိုတစ်ဇလုံကြီးသုပ်ကျွေးတာ ဝမ်းနုတ်ဆေးလိုပဲဗျ ဒါပေမယ့် ဗိုက်တော့တော်တော်ရစ်တယ်။

    • candle .

      November 22, 2012 at 5:39 pm

      ကိုသုဝေ ရဲ ့အမေသုတ်ကျွေးတာ ပွေးမယ်ဇလီ ဖြစ်မယ်ထင်တာဘဲရှင့်..သူက ဝမ်းနှုတ်ဆေးဖေါ်တဲ့နေရာမှာလဲ သုံးကြတယ်လေ..
      အရွက်ကိုမီးလေးမြှိုက်ပြီး တို ့စရာအဖြစ်လဲစားလို ့ရတယ်..
      candle သိသလောက်တော့ အခု ကိုခင်ခ ပြောတဲ့ မဲဇလီ ကအခေါ်အဝေါ်ဆင်ပေမဲ့ အပင်ပုံစံရော အပွင့်ပုံစံပါ မတူဘူးလေ..
      အပွင့်ဝါတာလေးချင်းတော့တူတယ်..ဆေးပေါင်းခတဲ့ည အတွက်ဆိုရင်တော့ ကိုခင်ခရဲ ့မဲဇလီ ကိုဘဲသုံးကြတာ..ပြောရင်းနဲ ့တောင်စားချင်လာပြီ ရွာထဲက ဘယ်သူသုတ်မှာလဲဟင်..ဂလု..ဂလု (တံတွေးမြိုချသံ)

      • weiwei

        November 22, 2012 at 7:44 pm

        ဒီကွန်မန့်မြင်မိလို့ ပွေးမယ်ဇလီပင် မြင်ဖူးအောင် ပို့စ်တင်ပေးထားပါတယ် ….
        ငယ်ငယ်တုန်းက တန်ဆောင်မုန်းလပြည့်နေ့ညဆိုရင် ကျိုက်ခေါက်ဘုရားပေါ်သွားပြီး မယ်ဇလီဖူးသုတ် သွားစားကြတာကို သတိရသွားတယ် …
        အခုတော့ အဲဒီအသုတ်ဆိုင်လဲ ဘုရားပေါ်မှာ မရှိတော့တာကြာပြီ …

      • ခင်ခ

        November 23, 2012 at 9:46 am

        candle ရေးတာအမှန်ဘဲဗျာ။ ခင်ခပြောတဲ့ မဲဇလီဖူးက ရိုးရိုးမဲဇလီပင်က အဖူးဖြစ်ပြီး တန်ဆောင်မုန်း လပြည့်ညသုတ်စားသင့်တယ်လို့ညွှန်းတာလည်း ထိုရိုးရိုး မဲဇလီဖူးပါခင်ဗျ။
        ပွေးကိုင်းမဲဇလီဖူးရဲ့ အကျိုးအာနိသင်သည် အထက်ဖော်ပြပါ ပိုစ့်မှာညွှန်းထာတဲ့ အချက်တွေနဲ့ မတူညီပါကြောင်း အသိပေးပါရစေ။ အမှတ်မှားကြမှာစိုးလို့ပါ။
        ပွေးကိုင်းမယ်ဇလီက ယားနာနဲ့ပွေး ညင်း တွေအတွက် လိမ်းဆေးအဖြစ်အသုံးများပါကြောင်းခင်ဗျ။

  • Khaing Khaing

    November 22, 2012 at 3:49 pm

    ဦးဦးခ သမီးအတွက် လိုအပ်တာလေး ဖတ်မှတ်သွားပါကြောင်း …. လာမယ့် တန်ဆောင်တိုင်လပြည့်ညမှာ အမေခရီးသွားနေတော့ ဘယ်လိုသုတ်စားရမလဲတောင်မသိတော့ဘူး …. အမေကတော့ ဆေးပေါင်းခတဲ့ အချိန်မှ အပင်ကခူး သုတ်စားဖို့ပစ္စည်းတွေ အဆင်သင့်လုပ်ထားပြီး ညီမကို အိပ်နေတာတောင် နိုးကျွေးတတ်တယ် ….. မနှစ်ကအထိပေ့ါ …… ဒီနှစ်တော့ အမေခရီးလွန်နေတော့ စားဖြစ်မယ်မထင်တော့ဘူး …….

    • Inz@ghi

      November 22, 2012 at 3:51 pm

      ခုရွယ်ရီးထိ မိဘ ကို ဒုက္ခပေးတုန်းကိုး …
      :chee:

  • ခင်ခ

    November 22, 2012 at 3:52 pm

    မနှင်းနှင်းရေ အဟာရဓာတ်အနေနဲ့ ဟင်းနုနယ်နဲ့တူတာပါ။ ဒါပေမယ့် အခါးဓာတ်နဲ့ အူလမ်းကြောင်း အပူအပုပ် ရှင်းနိုင်စွမ်းတော့ ကွာခြားမှု့ရှိတယ်လေ။ ရှေးတုန်းက တန်ဆောင်မုန်းလပြည့်နေ့မှာ မဲဇလီဖူး စားကြတာက တန်ဆောင်မုန်းလမှာ မိုးတွင်းကာလကုန်လွန်ပြီး ဆောင်းတွင်းဝင်စဖြစ်လို့ အေးသော ကာလရာသီအပြောင်းမှ ရာသီဥတုအေးသမို့ ရေငတ်ခြင်းကင်းပြီး ရေသောက်သုံးမှု့နည်းကြကြောင်း၊ ကိုယ်ခန္ဓာအနေနဲ့လည်း ပြင်ပ၌အေးပြီး ကိုယ်တွင်းအပူအောင်းသောသဘောရှိသဖြင့် ဝမ်းချုပ်စေပြီး ကိုယ်တွင်းအပူများစုအောင်းခြင်းကို သက်သာစေ၍ အပူဝမ်းများသွားစေရန် ဒီတန်ဆောင်မုန်းလမှာ ပွင့်ဖူးကြသော မဲဇလီဖူးသည် သဘာဝမှပေးသော တိုင်းရင်းဆေးဟုယူဆကာ စားသုံးကြကြောင်း သိရသမျှ ရေးလိုက်ရပါ၏။ အခုတော ့တန်ဆောင်မုန်းဆိုပေမယ့် အအေးဝင်ရောက်မှု့နည်းလာသလိုပါဘဲဗျာ။

    ကိုသုဝေရေ မဲဇလီဖူးသုတ်က ဝမ်းသက်စေတဲ့သဘောရှိပြီး ဝမ်းတွင်းအပူကြီးရင် ပိုပြီးဗိုက်ရစ် တယ်လို့သိရပါ၏

    မမခိုင်ရေ မန်းက မြန်မာထမင်းဆိုင်တစ်ချို့မှာတော့ အဲဒီချိန်ဆို မဲဇလီဖူးသုတ်ရတတ်တယ်၊ ရန်ကုန်တော့ မပြောတတ်ဘူးလေ။

    ဂီရေ မမခိုင်က အမေ့မလို့ ချွဲပြီးခိုင်းတာမျိုးနေမှာပါ။

    • Khaing Khaing

      November 22, 2012 at 4:16 pm

      @ မောင်မောင်ဂီ ….. အမေကိုဒုက္ခပေးတာမဟုတ် … အမေကိုယ်တိုင်က ဝါသနာပါတာ ….

      @ ဦးဦးခ အမေ့ကိုချွဲပြီးမခိုင်းပါဘူး … အမေက မလုပ်ပါနဲ့ဆိုတာတောင် သူကလုပ်ပေးချင်နေတာ …. အပင်ပန်းခံချင်နေတာလေ …. အမေက ခိုင်းတိုင်းမလုပ်ပေးဘူး … သူ့သဘောနဲ့သူသာလုပ်ပေးတတ်တာပါ … အမေက အဲသလိုအလိုက်သိလေ ညီမက ကိုယ့်ဘာသာကိုယ်အခုချိန်ထိမရပ်တည်နိုင်လေပါပဲ .. တစ်ခုခု ဆိုအားကိုးအမြဲလိုချင်မိတယ် …….. အမေကိုယ်တိုင်ကလည်း ညီမကိုဆို အခုချိန်ထိ စိတ်မချဘူး ….

  • ခင်ခ

    November 22, 2012 at 4:31 pm

    အလိုက်သိလွန်းတဲ့ အမေရထားတဲ့ မမခိုင်ကတော့ ပြောအားတွေရှိတယ်ပေါ့။ ကောင်းပါ၏။

  • မဲဇလီဖူးကလည်း အစွမ်းသားဗျ …
    ခုလို ဦးခင်ခကြီး ရေးပြတော့မှပဲ မဲဇလီဖူးစွမ်းကြောင်း သိတော့တယ် …
    ကျုပ်က မဲဇလီဖူးတော့ အကြိုက်ကြီး မဟုတ်လှဘူး …
    ခုတော့ မဲဇလီဖူး သုပ်စားဦးမှဘဲ …
    ကျေးဇူးပါဗျာ ….

  • လုံမလေးမွန်မွန်

    November 22, 2012 at 10:08 pm

    ဆေးပေါင်းခတယ်ပဲသိတာ..ဘာတွေခတယ်ဆိုတာ သိဝူး..အခုတော့ လေးလေးခင်ခကြောင့် ခတဲ့အကြောင်းတွေ သိသွားပီ..
    ဒါမယ့်… သမီးက အသုပ်ဆို သူများထည့်ပေးတာကိုပဲ နယ်ပေးချင်တာ..ကိုယ့်ဘာသာကိုယ် မသုပ်တတ်ဝူးရယ်… တစ်ယောက်ယောက်များ သုပ်ကျွေးရင်တော့ ကောင်းမှာပဲ..အဲ့နေ့မှ ခရီးကပြန်ရောက်မှာဆိုတော့…ဈေးမသွားနိုင်ဝူး.. 🙂 (စကားခေါ်နေခြင်းဖြစ်သည်..လှည်းတန်းရှိ အစ်မများ စေတနာရှိလျှင် သုပ်ကျွေးနိုင်ပါတီ..)

    အဲ့နေ့ညက ဘာပဲစားစား ဆေးပေါင်းခတယ်ဆို..ဟုတ်လား.. 🙄

    • Khaing Khaing

      November 23, 2012 at 11:34 am

      ယောက္ခမကို သုတ်ကျွေးခိုင်း …. သူက နှစ်တိုင်း သုတ်နေကြ … ဒီနှစ်ယောက္ခမက ခရီးလွန်နေတော့ ယောင်းမပဲ သုတ်ကျွေးမယ် … အိမ်ကိုလာခဲ့ …ခစ်ခစ်ခစ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 22, 2012 at 11:59 pm

    အဲ့သည်နေ့မှာ ဘာ့ကြောင့်ဆေးပေါင်းခတယ်ဆိုတဲ့
    ရာဇဝင်လေး လုပ်ကြပါလား အရပ်ကတို့ :mrgreen:

    • မဟာရာဇာ အံစာတုံး

      November 23, 2012 at 10:33 am

      ဆေးပေါင်းခ သည့် ည ဖြစ်ပေါ်လာပေါ်ကား
      ဤသို့တည်း ဟူ၍ ဂဏာတိ မှတ်လော့ ငါ့ရှင် …

      တစ်ရံရောအခါက လမင်းကြီး ထိန်ထိန်သာနေသော ညတစ်ညတွင်
      သူခိုးတစ်ယောက်သည် ဆေးဆရာတစ်ဦး၏ အိမ်သို့ တက်ရောက်၍ ခိုးယူလေရာ ..
      မည်သည့် ပစ္စည်းမျှ ခိုးယူမရသည်နှင့် ငါးမရ ရေချိုးပြန်ဟူသော သဘောအတိုင်း
      ဆေးပစ္စည်းများ ထားရှိရာ အခန်းအတွင်းသို့ ဝင်ရောက်၍ ရှိသမျှ ဆေးများအား မကျေမနပ်ဖြင့် သောက်ချလိုက်လေ၏ ..
      ထိုအချိန်မှာ လမင်းကြီးသည် ၎င်း၏ ခေါင်းပေါ် တည့်တည့်ဆီသို့ ရောက်ရှိနေသည့် အချိန် ဖြစ်လေ၏ ..

      ဆေးဆရာသည်လည်း အသံဗလံများ ကြား၍ နိုးလာပြီး စူးစမ်းကြည့်ရှုသောအခါတွင်
      အဆိုပါ သူခိုးဖြစ်သူအား တွေ့လိုက်ရလေ၏ ..
      သို့ရာတွင် သူခိုးကား သူခိုး မဟုတ်တော့ .. ဝိဇ္ဇာဓိုရ် ဖြစ်နေပေပြီ ဖြစ်လေ၏ ..

      ဆေးစွမ်းကြောင့်လော … လမင်းကြီးကြောင့်လော ..
      ဖြစ်နိုင်ချေမှာ နှစ်ခုပေါင်းစပ်၍ သူခိုးဖြစ်သူမှ ဆရာကြီး ဖြစ်သွားခြင်း ဖြစ်လေ၏ ဟူ၍ မှတ်ယူပြီးသကာလ
      ထိုသော ကာလမှ စ၍ ဆေးပေါင်းခ သော ညဟူသည် ဖြစ်ပေါ်လာခဲ့လေတော့သတည်း …..။

      ဤသည်ကား ရာဇဝင်ပင်တည်း …။
      :mrgreen: :mrgreen:

    • Khaing Khaing

      November 23, 2012 at 11:36 am

      ဆေးပါင်းခတဲ့ညကို ……….ဇော်ဝင်းထွဋ်ဆိုရင်တော့ သေသေချာချာရှင်းပြနိုင်ပါလိမ့်မယ် ………..

  • ခင်ခ

    November 23, 2012 at 10:08 am

    တန်ဆောင်မုန်းလပြည့်ညမှာ ကောင်းကင်၌ မိုးသား မြူတိမ်တွေကင်းလို့ နက္ခတာရာတွေ အပြည့်အစုံ ထွန်းလင်းတောက်ပကြသဖြင့် နက္ခတ်သဘင်ပွဲစီရင်ကျင်းပကြတယ်တဲ့။ ဟိုးရှေးတုန်းက ဆေးသမားတော်တွေ ဆေးစပ်ကြတဲ့အခါ နက္ခတ်တို့ ဂြိုလ် ဝင် ထွက် တိပ် မြုပ် အဲဒါတွေ တွက်ချက်ပြီးတော့လည်း လုပ်တတ်ကြတာမို့ ထို တန်ဆောင်မုန်းလပြည့်ညမှာတော့ ဆေးစွမ်း ထက်စေတဲ့ နက္ခတ်တွေ ထွန်းလင်းပေါ်တဲ့ အချိန်ကာလမို့ အဲဒီအချိန်မှာဆေးဖော်ကြရင် အနာရောဂါအတွက် ကောင်းမွန်စွမ်းသော ဆေးမျိုးဖြစ်စေလို့ ဆေးပေါင်းခ တယ်လို့ဆိုကြောင်းမှတ်ဖူးပါတယ်။
    ဒီအယူအဆက ရှေးဘုရင်တွေလက်ထက်ကဖြစ်ခဲ့ပြီး ထေရဝါဒဗုဒ္ဓအယူနဲ့လည်း မပက်သက်သလို မျက်မှောက်ခေတ် အနောက်တိုင်းဆေး ဆရာဝန်တွေ အနေနဲ့လည်း လက်ခံနိုင်မယ်မထင်ပါဘူး။
    အဲဒါကြောင့်လဲ တန်ဆောင်မုန်းလပြည့်ညဟာ အပျော်ညများအဖြစ်သာ ကျန်ရစ်ဆက်ဖြစ်နေကြတာပါ ဆရာအောင်ပုခင်ဗျ။
    အခုခေတ်တော့ ဆေးပေါင်းခ သည်ဖြစ်စေ မခသည်ဖြစ်စေ မိုးရာသီကုန်လို့ ဆောင်းကာလ ရာသီပြောင်း ရာသီအကူးကာလမှာတော့ မယ်ဇလီဖူး စားရင် ဝမ်းတွင်းအပူကင်းစေနိုင်တဲ့ အကျိုးတော့ရမှာတော့ အမှန်ပါဘဲလေ။

  • surmi

    November 23, 2012 at 10:10 am

    အဲဒီအသုပ်ကြီးကိုတော ့တစ်ကယ်မကြိုက်တာ
    ခုတော့ ဒီလောက်ဆေးဖက်ဝင်ရင် အံကြိတ်ပြီး မြိုချလိုက်ဦးမယ်
    အရင်နှစ်တွေကတော ့ စိမ်းလမ်းစိုပြေမှာကျွေးတယ်ဆိုလား
    ဒီနှစ် သွားစားကြည် ့ဦးမယ်ဗျ ။

  • ခင်ခ

    November 23, 2012 at 10:34 am

    ကိုဆာမိရေ တစ်ခါတလေတော့လည်း ကြိုက်တာမကြိုက်တာထက် စားသင့်တဲ့အချိန် ဆေးအဖြစ်တော့ စားစေချင်ပါတယ်။ ငယ်ရင်ချီ ကြီးရင်မှီ ဆိုတဲ့စကားကို တိုင်းရင်းဆေးဆရာတွေက ဘယ်လို အဓိပ္ပါယ်ဆိုလဲဆိုတော့ ငယ်တဲ့အရွယ် သန်စွမ်းလို့ အရာဝတ္တုတွေကိုချီနိုင်ပေမယ့် အရွယ်ကြီးရင်တော့ အသက်ဉာဏ်စောင့်ဆိုသလို ဓာတ်တည့်တဲ့အစာအဟာရနဲ့ ဆေးဝါးလေးတွေကိုတော့မှီဝဲ သင့်တယ် လို့ဆိုတယ်လေ။

  • မင်းနန္ဓာ

    November 23, 2012 at 1:26 pm

    ၁ နဲ့ ၂ အချက်လောက်နဲ့ကို ကျနော့်အတွက် အတော်ကောင်းတဲ့ ဆေးတစ်ခွက်ဖြစ်နေဘီ :mrgreen:
    တန်ဆောင်တိုင်ဆိုရင် အစဉ်အလာအရ ကိုယ်က အသုပ် သုပ်မစားဖြစ်ရင်တောင် ဘေးအိမ်တွေက ပေးလို့ မဲဇလီဖူးသုပ်က နှစ်တိုင်း စားရပါတယ်.. ဆေးပေါင်းခတယ် ဆိုပြီးတော့လေ

Leave a Reply