သံတွဲဈေးအိမ်သာ အားယခင်နေရာဟောင်းနေရာသို့ပြောင်းရွှေပေးစေလို့ကြောင်း

Nu ThanNovember 22, 20121min560

ယခုအခါသံတွဲဈေးကြီးမီးလောင်ခဲ့သော နေရာတွင်းဈေးပြန်လည်ဆောက်လုပ်နေပါသည်။ ကန်ထရိုက်များမှာလက်တွေ့လုပ်ကိုင်ဘူးသူများမပါ
ဝင်ဘဲ စည်ပင်နှင့်ဈေးကော်မတီတို့မှ၎င်းတို့နှင့်လက်သင့်သူများ၊၎င်းတို့သို့လာဘ်ငွေပေးသူများကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ကန်ထရိုက်
များသည် အဆောက်အဦးများကို ပုဒ်ပြတ် ထပ်ငှါးကာ လုပ်ကိုင်ဆောင်ရွက်နေပါသည်။ ပထမပိုင်းတွင် ပစ္စည်းများကိုလည်း ရန်ကုန်မှတင်သွင်း
ခြင်း၊ဝယ်ယူခြင်းများ လုံးဝ မရှိသောအညံစား ကန်ထရိုက်များဖြင့်ဆောက်လုပ်နေရာအဆောက်အဦးများခိုင်ခန်မှု၊။စနစ်ကျမှုတို့မှာရင်လေးစရာ
ကိစ္စရပ်များဖြစ်နေခဲ့ပါသည်။အုပ်များကိုလည်းသဲဖြင့်ပြုလုပ်ထားသောဘိလပ်မြေပါသည်ဆိုသောအုပ်များဖြင့်ဆောက်လုပ်ခဲ့ပြီးအဆိုပါအုပ်များမှာခိုင်ခန့်မှုမရှိလှပါ၊အဆောက်အဦးအမိုးတိုင်များကိုသုံးသောအလွိုင်းသံများမှာမီးဒါဏ်ကိုခံနိုင်ခြင်းမရှိဘဲမီးပြလိုက်သည်နှင့်ပြိုပျက် သွားနိုင်သောပစ္စည်းများဖြစ်ပါသည်။ဈေးအိမ်သာနေရာများကိုလည်းယခင်ဆောက်လုပ်ခဲ့သောနေရာဟောင်းတွင် ဈေးကော်မတီနှင့်စည်ပင်တို့မှဆိုင်ခန်းများရယူရန်အတွက်ထိုနေရာအားမပေးဘဲ ဈေးအိမ်သာကိုကလေးများနှင့်နီးရာ ကျောင်းနားလမ်းထောင့်သို့ပြောင်းရွှေဆောက် လုပ်ခြင်းသည်လည်း ခလေးငယ်များကျန်မာရေးကို ထိခိုက်မှုဖြစ်ပွါးစေပြီး နောင်ရေရှည် ကျန်မာရေးထိခိုက်မှုဖြစ်ပေါ်စေနိုင်သော အနာဂတ်
သားကောင်းများကိုလူညွန့်တုံးစေသောကိစ္စရပ်များဖြစ်ပါသည်။ ဈေးအိမ်သာကိုစနစ်တကျဆောက်လုပ်မည်ဆိုကာသံယောင်လိုက်ပြောဆိုပြီး၊ကော်မတီများမှလည်းငွေရထားသဖြင့်နားမလည်းဘဲအဟုတ်ထင်ကာပြောဆိုကြသော်လည်းယခုလက်ရှိမည့်သည့်ဈေးကိုမဆိုသွားရောက်
ကြည့်ရှုလိုက်ပါကလူများစနစ်မကျမှုကြောင့်၎င်း၊စည်းကမ်းမရှိမှု၊စနစ်မကျတည်ဆောက်ထားမှုတိုကြောင့်အနံဆိုးများထွက်ပေါ်နေသည်ကိုရန်ကုန်မန္တလေးအစရှိသောမြိုကြီးများသို့ ရောက်ဖူးသူတိုင်းသိနိုင်သောကိစ္စရပ်များဖြစ်သဖြင့် ဈေးအိမ်သာကိုယခင်နေရာသို့ပြောင်ရွေပေးစေလို ့ကြောင်းမြို့ခံများ၊ ကျောင်းသားကျောင်းသူမိဘများ၊ကျောင်းအုပ်ဆရာကြီးမှစာရေးပြီးတိုင်းကြားထားသော်လည်းယနေအထိမည့်သို့မှထူးခြားမှုမရှိကြာင်းသိရှိရပါသည်။အဆိုပါဈေးအိမ်သာယခင်နေရာသို့မပြောင်းရွှေရအောင်ကန်ထရိုက်မှ ဈေးကော်မတီ၊စည်ပင်အုပ်ချုပ်ရေးမှုးနှင့်တာဝန်ရှိသူတို့အားတစ်ဦးလျှင်ကျပ်သိန်း(၅၀)စီပေးအပ်ပြီးနှုတ်ပိတ်ထားသည်ဟုတိကျသောသတင်းရပ်ကွက်မှသိရှိရပါသည်။ဈေးကော်မတီအား လည်းငွေကျပ် သိန်း(၅၀၀)တန်ဆိုင်ခန်းများရာင်းစားခွင့်ကိုပေးအပ်ထားပြီးနှုတ်ပိတ်နေစေခဲ့ပါသည်။ အဆိုပါဈေးအိမ်သာနေရာသည် လမ်းမတန်းတွင်ကျရောက်နေသဖြင့် နိုင်ငံခြားခရီးသည်များအမြင်တွင်လည်း အနံဆိုးများဖြင့် သ့တွဲမြို့၏ လှပမှုကို ပျက်ပြားစေနိုင်ကြောင်း ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်တစ်ဦးမှလည်းပြောကြားပါသည်။ကျောင်းသားမိဘတစ်ဦးမှလည်းယခုကဲသိူ့ဈေးအိမ်သာ ကျောင်းနားတွင်ဆောက်လုပ်ပါက ကလေးငယ်များကို အဆိုပါအလယ်တန်းကျောင်းတွင် ထားရှိနိုင်တော့မည်မဟုတ်ကြောင်းပြောကြားပါသည်။
ဆိုင်ခန်းများ ကိုလည်းကန်ထရိုက်မှ ကြိုတင်ရောင်းစားထားရာ ပြင်ပလူများဝယ်ယူခွင့်မရဘဲ၊စည်ပင်နှင့်ဈေးကော်မတီတို့မှသာအများ
ဆုံးရယူသွားကြပြီး၊ အပြင်လူဝယ်ယူခွင့်ရရှိသူတို့မှလည်းအဆိုပါလူများနှင့်လက်သင့်သူများသာဝယ်ယူခွင့်ရရှိခဲကြပါသည်။ကန်ထရိုက်တို့
အပေါ်ထပ်ဈေးဆို်င်ခန်းရောင်းချသည်သတင်းကြားသဖြင့် ဝယ်ယူရန်သွားရောက်သောအခါ အကုန်ရောင်းထားပြီပြီဖြစ်ကြောင်းပြောကြားပါ
သည်။ အမှန်မှာ ဆိုင်ခန်းများ အားလုံး ရောင်းချထားသည်မှဟုတ်ဘဲ ၎င်းတို့ လက်သင့်ရာများကို လက်ကျိတ်ထိုးရောင်းချထားခြင်း၊ကော်မတီ
များမှ စာရင် အမည်များပေးသွင်းထားပြီး ဝယ်ယူလို့သူများကို ထပ်မံဈေးပိုတင်ကာသာရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဈေးဆိုင်ခန်း
များသည်လည်း ယခင်ဈေးကြီးကောင်းမွန်နေသောအခါက ဈေးဆိုင်ခန်းများသည် ပစ္စည်းသို့လှောင်ထားသော နေရာများစွာရှိပါသည်။အဆို
ပါပစ္စညးသို့လှောင်ရာနေရာများသည် ဈေးရောင်းမကောင်းသောနေရာများဖြစ်သဖြင့် ပိတ်ထားရသောဆိုင်ခန်းများ၊ဆိုင်ခန်းရောင်းချင်သောသူ၊
များစွာရှိပါသည်။ ယခုဈေးသစ်ဆိုသောအခါ လူများသည် ဟုတ်နိုးနိုးဖြင့် ဝယ်ယူထားသူများသာဖြစ်ကြောင်းစီပွါးရေးသုံးသပ်သူတစ်ဦးမှ
ပြောကြားသွားပါသည်။ ယခုဈေး ဆိုင်ခန်းများမှလည်း ယခင်ဈေးဆိုင်ခန်းများထက် သေးငယ်ကာ ၅ ပေပတ်လည်သာရှိပြီး ၊အလွန်ကျဉ်း
မြောင်းသောဆိုင်ခန်းများဖြစ်ကြောင်း။ ဈေးဆိုင်ခန်းများပို့မိုထွက်ရှိစေရန် ယခုကဲ့သို့ ဆိုင်ခန်းကျဉ်းကျဉ်းများဖြင့် ဆိုင်ခန်းအရေအတွက်
ပိုမိုစေကာ စည်ပင်သာယာရေးနှင့် ဈေးကော်မတီ၊ကန်ထရိုက်တို့မှငွေပို့မိုရရှိအောင် ဆောက်လုပ်ထားသောဈေးဆိုင်းခန်းပုံစံများ
ြ့ဖစ်ကြောင်းသိရှိရပါသည်။
သို့ပါ၍သံတွဲဈေးကြီးအိမ်သာအားယခင်နေရာတွင်ပြန်လည်ထားရှိစေရေးဆာင်ရွက်ပေးပါရန်နှင့် ငွေစားကာမိမိကိုယ်ကျိုး လုပ်ကိုင်နေသူများအားထိထိရောက်ရောက် အရေးယူသင့်ပါကြောင်း တင်ပြအပ်ပါသည်။
ဒွါရာဝတီဈေး ဈေးသူဈေးသားများ