ဖတ်ရွေး အဖွဲ့ကြီးသို့ ဝတ်လစ်စလစ် ပေးစာ

ムラカミNovember 22, 20122min86144

ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်တာ ..ခုတော့ ပြောဖို့ အချိန်လေး ရတုန်း ပြောလိုက်ပြီ ဗျို့…

ပြောမယ့်ပြောတော့လည်း အချက်အလက်ကျကျ ပြောချင်တယ်ဗျ…

ရွာဆူအောင်လုပ်တာတော့ မဟုတ်ပါဘူးဗျာ …။ လူကြီးတွေကိုကန့်လန့်တိုက်တာလည်း

မဟုတ်ရပါဘူး … ဖတ်၊ရွေး အဖွဲ့ကြီး နဲ့ ပါတ်သတ်လို့ပါ …ပြောချင်တာက

သည်လိုရယ်…ပါ….

 

စဆွဲပြီဗျို့ …

 

၃လ ရှိပြီနော … ဖတ်ရွေး အဖွဲ့ဖွဲ့ပြီး တလစာ အကောင်းဆုံး ပိုစ့်တွေ ဖတ်ကြ ရွေးကြ

တာ ..အဲ့သည့်မှာ ကျနော် ကိုယ်တိုင်လည်း လူကြီးတွေ တာဝန်ပေးလို့ ဝင်ဖတ် ဝင်ရွေးခဲ့

သေးရဲ့ …နောက်ပိုင်း ကျနော် အလုပ်တာဝန်ကြောင့် ပိုစ့်အစုံ မဖတ်နိုင် မရွေးနိုင်သမို့

နှုတ်ထွက်ခဲ့ပါရဲ့ … ။

နောက်ပိုင်း ပြန်အချိန်ရလာပြီး ပြန်ဖတ်လာနိုင်ပေမယ့် ပြန်ပြီး ဖတ်ရွေး လုပ်လိုစိတ်တော့

မရှိတော့ဘူးဗျို့ … သည်အကြောင်းကို ဘဘ-ဘလက် ပိုစ့်တပုဒ်မှာ အကျဉ်းသဘော

ရေးထားတာလေး ပြန်ကူးပြီး ထည့်ပါ့မယ်ဗျာ..

၁). ကိုယ့်ထက် လက်ရည်မြင့်တဲ့ ဆြာတွေ ဖန်တီးတာကို ဝေဖန်သလို အကဲ ဖြတ်သလို လုပ်ရမှာ စိတ်မလုံတာ ပထမ အချက်ဗျ.
ကိုယ်က စတီဗင်တိုင်လာ မို့လို့ အမေဒစ်ကန် အိုင်ဒိုးလ် မှာ ဒိုင်လုပ်တယ်ဆို ထားဦး. ကိုယ်က ဘာမှ မဟုတ်
တကယ့် ပဂေးကြီး ဝင်ရေးရင်ရေးမယ်. အဲ့လာကို ရွေးရမှာလို ဖစ်ချင်ဖစ်မယ်. ဆိုတော့ လမ်းဘေးက မောင်ဂီ့က
ဘရုစ် စပင်းစတင်းဂ် ကို ဒီဘဲကြီး မကောင်းပါဝူးကွာ ဝေဖန်သလို ဖြစ်မယ်.
အဲ့ဒါ ကြောက်မိတယ်ဗျာ. တကယ်ပါ. အဲ့လို ဖြစ်မှာ.

နောက်ဒုတိယတချက်ကတော့. ဖတ်ဖို့ အချိန်ပေးတဲ့ကိစ္စပါပဲ.
ဖတ်ရွေး တည်မြဲချင်ရင် ဝန်နဲ့အားနဲ့ မျှဖို့ လိုပါတယ်.
ကျနော့်မှာ ဖတ်ရွေးလ တလစာ စာရင်းရှိပါတယ်.
တလအတွင်း ပိုစ့် ၇၀ဝ ကျော်တက်ပါတယ်.

 

အဲ့သည့်အကြောင်းကို သက်သေပြပါ့မယ်ဗျာ …

သည်နှစ် ..ဩဂုတ်လက ပေါ့ … ကျနော် လကုန်ခါနီး ၁ဝရက်လောက်

ဘာမှမလုပ်ဘဲ ထိုင်ဖတ်ရွေးခဲ့တဲ့ မှတ်တမ်း ဆိုပါတော့ …

 

 

 

အနှီလမှာ ပိုစ့်ပေါင်း ၇၂၁ ပိုစ့် တိတိ တက်ပါတယ် ခည..။

ကိုအံကြီးရဲ့ ယနေ့ပိုစ့် စာရင်းအရ ခုလို စုစည်းနိုင်တာပါ

ကျေးကျေးပါ ကိုအံရေ…။

 

721

 

 

အဲ့သည့်စာရင်း ကို အရောင်တွေ တားခွဲပြီး အမျိုးအစား ခွဲကြည့်တယ်ခည…

ဒါကတော့ ဒါ့ပုံပိုစ့် ဒါကတော့ ကဗျာ ဒါကတော့ သတင်း စသည်ဖြင့်ပေါ့ဗျာ..

ဖတ်ရွေး အကျုံးမဝင်မယ့် ပိုစ့်တွေကို အရောင် လျောက်ခြယ်ကြည့်တာပါ

 

Filters

 

ဆိုတော့ အဲ့လိုနဲ့ ဖယ်ထုတ်ပြီး ခုစပ်ပြထားတဲ့ ပုံတွေအတိုင်း

ဖစ်လတာ အဆင့်ဆင့် ထိုးသဗျ .. ဒါကတော့ ဟာသ သက်သက်ရေးထားတာ

ဒါကတော့ ကော်ပီ ပေ့စ် ဒါကတော့ အပျော်တမ်းလက် အစရှိသဖြင့်ပေါ့ဗျာ …

ဂလိုနဲ့ နောက်ဆုံး စကာတင် ၃ရပုဒ် ကျန်ကြောင်း …

 

best of the best

အဲ့ထဲကမှ ပြန်ဖတ်ပြီး အကောင်းဆုံး ထင်တာကို ရွေးပါကြောင်း …ဗျာ

 

ဆိုတော့ဗျာ ..အောက်က အချက်-၅ချက်နဲ့ ဆွေးနွေးခွင့်ပြုပါဗျာ…

 

  1. 1.   Load

မတန်တဆပဲဗျ …

လတိုင်း တက်သမျှပိုစ့် ထိုင်ဖတ်နိုင်မလား..

ဖတ်နိုင်တယ်ထား …ခံစားဝေဖန်ဆင်ခြင်သုံးသပ် နိုင်မလား ..

တခြား ဘာအလုပ်မှ မလုပ်ဘူးဆိုရင်တော့ တမျိုးပေါ့ဗျာ …

ဖတ်ရွေး လူကြီးတွေမှာလည်း ကိုယ်ပိုင် ဘဝ ၊ အလုပ် ၊ မိသားစု နဲ့ အခြားအရာတွေရှိသေးတဲ့ ဥစ္စာ။

အထက်ကလို တဆင့်ချင်း ဖစ်လတာထိုးတာမျိုး ဘယ်လို အမြဲတမ်း အချိန်ပေးနိုင်ပါလိမ့်မလဲ…

သည်တော့ မဖြစ်နိုင်ဘူးလို့ ရိုးရိုးလေး ဆိုချင်ပါတယ်ဗျာ …။

အချိန်မရလို့ .. ကလောင်ကိုကြည့်ပြီး ရွေးဖတ်မလား ၊ ကောမန့်အရေအတွက်ကို အကဲခတ်ပြီး

ဝင်ဖတ်ကြည့်မလား ၊ ကတ်တီဂိုရီ ထိုးထားတာကိုကြည့်ပြီး ဖတ်မလား .. သေချာတာကတော့ အထက်မှာပြောခဲ့

သလို စုံအောင်ဖတ်ဖို့ဆိုတာ မလွယ်ရေးချာ မလွယ်ဘူးဆိုပါတော့ဗျာ.

ဆက်ပါမယ်။

  1. 2.   Bias

လူပဲဗျ …ဘိုင်းယာ့စ် ရှိတာပေါ့။ ဘကြီးမှာလည်း ရှိမယ် ကြီးမေမှာလည်း ရှိမယ်

အိုဘားမားမှာလည်းရှိမယ် … မောင်ဂီ့မှာလည်း ရှိမှာပဲ … ပုထုစဉ်တိုင်းမှာ ရှိမှာပဲဗျာ ..။

ကိုယ့်ကိုကိုယ်ပဲ ဥပမာပေးရရင်ဖြင့် သိပ္ပံနဲ့ ဝိဇ္ဇာ ဆို သိပ္ပံပိုင်း ပိုအားသန်တဲ့ လူငယ်ပီပီ

သုတ နဲ့ ရသ ဆို သုတဘက်ပိုကဲလေ့ ရှိသူပါဗျာ။ ဝန်ခံပါရဲ့ … သုတပိုစ့်တွေ ပိုနှစ်သက်မိတယ်

နောက်ထပ် ဆင်ခြေတခု ထပ်ပေးပါဆို ဈေးကွက်ထဲပဲ သွားကြည့်ကြည့်

ရသပိုင်း ခံစားမှုအတွက် ဝတ္ထုတွေ ဆောင်းပါးတွေ အရေအတွက်ထက် သုတပိုင်း နည်းပညာပိုင်း

စာစုတွေက နည်းနေသေး ဖွံ့ဖြိုးမှု အားနည်းနေသေးတာ တွေ့ရလို့ …ဒါတွေကို ပိုမို ပရိုမုတ်လုပ်သင့်

တယ် ယူဆလို့ပါပဲဗျာ …

ဒါက တယောက်ချင်းစီ သက်သက်ပြောတာပါ …

လူအစုအဖွဲ့ အနေနဲ့ ပြောရရင်တော့ … သဂျီးပြောတဲ့ စာရင်းရှိ

ဝင်ဖတ်သူ ၁သောင်းလောက်မှာ ဆြာအံ့စာရင်းအရ ရေးသူမန့်သူက ၂၀ဝလောက်

အဲ့၂၀ဝလောက်မှာမှ ဖတ်ရွေးက ၁ဝယောက်လောက်

သည်လူတစု၏ စုစုပေါင်းထွက်လာလတ္တံသော ဘိုင်းယာ့စ်သည် ရွာသူား ၂၀ဝကိုသော်လည်းကောင်း

စာဖတ်သူ ဧည့်သည် ၁၀၀၀ဝ ကိုသော်လည်းကောင်း ကိုယ်စားပြုပါ၏လော ဆိုတဲ့ မေးခွန်း

မေးစရာဖြစ်လာသဗျား..

 

  1. 3.   Feedback

ဆိုတော့ .. ကိုယ်စား ပြုနိုင်ခြင်းငှာ မစွမ်း ဆိုတဲ့ အဖြေပဲ ထွက်ပါတယ်ခင်ဗျား …။

မုန့်ဟင်းခါး ၊ ကြာဇံ ဟင်းခါး၊ ရခိုင်မုန့်တီ နဲ့ နန်းကြီးသုတ် ကြိုက်တာရွေးစားဆိုပြီး

ချက်ထားတဲ့ထဲမှာ ဖတ်ရွေးအများစုက မုန့်ဟင်းခါး လူကြိုက်များရင် မုန့်ဟင်းခါးသည်

သည်တလ အကောင်းဆုံးစားဖွယ် ဖြစ်မှာ မို့လို့ပါပဲ …။

 

သည်ဘက်ခေတ်မှာ ဖိဘက်ချန်နယ် ပွင့်တယ် လို့ ကျနော် ပြောဖူးရေးဖူးပါရဲ့ …

လူတသောင်းထဲကမှ ရွာသူား ဘဝ ခံယူပီး ဝင်လာသူတွေ ပါဝင်ပတ်သတ်ခွင့် ဆိုတာကို

ထည့်စဉ်းစားကြည့်ရင်ရော ….မကောင်းဘူးလားခင်ဗျား…။

ရွာသူားတွေ ဘာစားချင်တာလဲ … ဘာကြိုက်ကြသလဲ …

ရွာကို ဘယ်ပုံ သွားစေချင်တာလဲ .. ဘယ်လိုစာတွေ တောင့်တသလဲ

ဘာကို လျှာတွေ့သလဲ စသည်ဖြင့် စသည်ဖြင့် ရွာကို ကောင်းသထက်ကောင်းအောင်

လုပ်ဖို့ နည်းလမ်းတွေ အတွေးအမြင်တွေ ..အင်ဖော်မေးရှင်းတွေ စီးဝင်လာအောင်

တံတားတစင်း ထိုးသင့်တယ် လို့ မြင်မိပါရဲ့ဗျို့…

 

  1. 4.   Quotations

ဆိုတော့ ရွာသူားအားလုံးကို ကိုယ်စားပြုတဲ့ တံတားတစင်းထိုးဖို့ရာမှာ ကျနော် ကိုတေးရှင်း

အကြမ်းဖျင်း ၂ခု တင်ကြည့်မယ်ဗျာ။ ဖတ်ရွေးအဖွဲ့ မရှိရဘူး မလိုအပ်ဘူး ကျနော် မပြောဘူးနော

ဖတ်ရွေးအဖွဲ့ကြီးကို အခြား ခြားနားတဲ့ အလုပ်တာဝန် တခု ပြောင်းလုပ်ကြည့်ပါလား ကျနော်တို့

၃လ လုပ်ခဲ့ပြီးပြီပဲ … ဆိုတဲ့ အနေအထားနဲ့ စဉ်းစားကြည့်တာပါဗျာ ..။

 

၁။ ဖတ်ရွေးမှ စကာတင် ရွေးခြင်း ။

တလတလ တက်သမျှ ပိုစ့် ရဲ့ ပျမ်းမျှ ၂% ကို ဖတ်ရွေးအဖွဲ့က စကာတင်ရွေးမယ်ဗျာ..

(ဥပမာ ပိုစ့် ၇၀ဝ ဆိုရင် ၁၄ပုဒ် နှုန်းလောက်ပေါ့) ။ အဲ့ဒါကိုမှ ရွာသူားတွေကို ဗုတ်တင် ပေးခိုင်းမယ်

အဲ့ထဲကမှ ပ၊ဒု၊တ ပေါ့ဗျာ …။

 

၂။ ရွာသူားတွေကို စကာတင် ရွေးခိုင်းခြင်း။

အဆိုပါ ၂% လောက်ကိုပဲ ရွာသူားတွေ သဘောနဲ့ ရွေးပြီးမှ ပ၊ဒု၊တ ကို ဖတ်ရွေးအဖွဲ့က ပြန်ရွေးတာ။

ဒီနည်းကတော့ နည်းနည်းကောက်သင်းကောက်ရမယ့် သဘောခည။ ကျနော့်အမြင်ကတော့

ပထမ ကိုတေးရှင်းကို ပို သဘောကျရဲ့။ သို့ပေမည့် ဒါလည်းနည်းကောင်းလေး တခုမို့ မပယ်ထားပါ

ဘူးဗျာ…

5. Conclusion

 

ဆိုတော့ သည်နည်းတွေ သုံးနေလည်း ဗိုင်းယာ့စ် ကတော့ ရှိနေဦးမှာပါပဲ သို့သော် လူ ၁ဝယောက်လောက်ရဲ့

ဗိုင်းယာ့စ် ထက် လူ၂၀ဝလောက်ရဲ့ ဗိုင်းယာ့စ် က ပိုပီး ယေဘုယျကျပြီး ရွာကို ပိုမို ကိုယ်စားပြုနိုင်မယ်

ယူဆမိပါရဲ့ဗျာ…

 

နောက်ဆုံး ပြောချင်တာက သဂျီး အသစ်ထပ်တိုးထားတဲ့ ဆက်တင်လေး အကြောင်းပါ..

 

Members Only

 

category တွေအကြောင်းပေါ့…အဲ့သည့်မှာ member only ရွေးထားလိုက်ရင် မန်ဘာသက်သက်သာ

မြင်နိုင် ဖတ်နိုင် ဝင်ဗုတ်နိုင်မှာ ဖြစ်ပါတယ်။ မန်ဘာဖြစ်လင့်ကစား လော့ဂင်မဝင်ဘဲ guest အနေနဲ့

ဝင်လို့ကတော့ မြင်ရမှာ မဟုတ်ကြောင်းပါ။ ဘာလို့ သည်လို လုပ်သင့်သလဲ ဆိုရင်တော့

အကြောင်းပြချက်က ၂ခုရှိပါတယ် ။ ပထမ တခုက ဓါတ်ပုံပြပွဲက သင်ခန်းစာပါ၊ ခုလို ကန့်သတ်ချက်သာမထားရင်

ကွန်ပျူတာများများရှိရင် ရှိသလို စိတ်ကြိုက် ဖရီးဖော်အောလ် ဗုတ်လို့ ရနေတဲ့အချက်နဲ့ ဒုတိယအချက်ကတော့

ရွာသူားအခွင့်အရေး လို့ ခေါ်မလား ရွာသူား ဖြစ်ဖို့ ဆွဲဆောင်ချက် လို့ခေါ်မလား ..အနှီ အချက်ကို ဖန်တီး

လိုတာပါပဲ … ဘယ်ကမှန်း ဘာမှန်းမသိတဲ့ လူစိမ်း တသောင်းက နေ ရွာအခြေချနေထိုင်သူ ရွာသူား ၂၀ဝ ထဲ

ထပ်မံ တိုးပွားလာစေဖို့ပါပဲ..။

 

ဖတ်ရွေး kaizen ကိုရေးရတဲ့ ရည်ရွယ်ချက်ကို အနှစ်ပြန်ချုပ်ရရင်တော့ .. ရွာ့လူကြီးတွေရဲ့ ဝန်ထုတ်ဝန်ပိုးကို

လျှော့ချ ပေးလိုတာရယ် ၊ သူတို့ စာရေးအားတွေကျတာကို မြင်နေရတာ ကို စိတ်မကောင်းဖြစ်မိတာရယ်၊

ရွာသူား တွေကို ပိုမို ကိုယ်စားပြု ပိုမိုပါဝင်ပတ်သတ်ခွင့်ရှိတဲ့ ရွေးချယ်မှု ဖြစ်စေချင်တာရယ် ရွာကိုပိုမိုစည်ပင်

လာစေချင်တာတွေရယ်ကြောင့်ပါဗျာ …။  ဟုတ်ကဲ့ နိုဗင်ဘာ လည်း ကုန်ခါနီး နောက်လ ကသုတ်ကရက်

ပြောင်းဖို့ကလည်း ကသီလွန်းနေတာမို့  ပြောင်းမယ့် ပလင်န်ကို အကောင်အထည်ဖော်ရင်ဖြင့် ၂၀၁၃ ဇန်နဝါရီက

စတာ အသင့်တော်ဆုံး ဖြစ်မယ် ထင်မိပါကြောင်း…

 

Change !!

Kaizen

改善

 

 

Ref:

https://myanmargazette.net/94119/business-economy

 

ဟီဟိ။

 

44 comments

  • surmi

    November 22, 2012 at 11:56 am

    ပထမအချက်ကို ပိုသဘောကျပါတယ် ၃%လောက်အကြမ်းရွေးထားသင် ့တယ်ထင်တယ် ။
    မန်ဘာ အုန်းသီး ဆိုတော ့ မန်ဘာပိုတိုးလာနိုင်တာပေါ ့
    အခု မေးပို ့ပြီး ကြိုက်တာရွေးပေးဆိုပေမဲ ့ ဘယ်နှစ်ယောက်ပို ့လဲမဆိုနိုင်ဘူး
    မန်ဘာသီးသန် ့ပဲ ရွေးတဲ ့ ပို ့စ်ကို ဗုတ်နိုင်မယ်ဆိုတော ့
    ကဲ ……….မန်ဘာဝင်ကြပါဗျို ့ ………..

    • Inz@ghi

      November 22, 2012 at 3:42 pm

      ၂% လား ၃% လားဆိုတဲ့ ကိစ္စကတော့ လစဉ် တက်တဲ့ပိုစ့်အရေအတွက်ကိုကြည့်လို့
      ညှိနှိုင်း အတည်ပြုသွားရင် ဖြစ်နိုင်ခြေရှိကြောင်းပါဗျို့….
      အားပေးသွားတာကျေးကျေးပါဗျ…

  • Mr. MarGa

    November 22, 2012 at 11:59 am

    ကောင်းမွန်သောအစီအစဉ် ဟု ထင်မိပါ၏
    ဆက်လက်ဆွေးနွေးငြင်းခုန်မှုများကို စောင့်ကြည့်နေပါသည်။
    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • တိမ်မည်း (ခရီးသွားနေည်)

    November 22, 2012 at 12:07 pm

    ကိုအင်ဇာဂီရေ
    ထောက်ခံပါတယ်ဗျာ…..
    ဒါပေမယ့် ကုလသမဂ္ဂလိုပဲ အမြဲတမ်းဖတ်ရွေးရှိသလို….
    အလှည့်ကျ ဖက်ရွေး အဖွဲ ့ဝင်တွေလည်း ရှိသင့်ကြောင်း……
    ဖြည့်စွက်အကြံပြုပါတယ်……
    ကျန်တာကတော့ တက်လာတဲ့ မန် ့တွေပေါ်မူတည်ပီး ဆက်မန် ့ပါ့မယ်….

    ခိုင်ဇန်…..
    အဲ့တလုံးတော့ ကြိုက်တယ်ဗျာ……
    အင်ဇာဂီစံရေ……

    အခုတော့ ထမင်းသွားမန် ့အုံးမယ်……
    တာတက်

  • blackchaw

    November 22, 2012 at 12:18 pm

    ညီလေးဂီ ရေ…။
    ပြောင်းသင့်တဲ့ အချိ်န်မှာ ရဲရဲ ပြောင်းတာဟာ
    တိုးတက်မှုကို ဖြစ်စေမှာပါဗျာ…။
    လာမယ့် ဇန္နဝါရီ ကစလို့…
    ဘယ်လိုအပြောင်းအလဲတွေလုပ်သင့်သလဲဆိုတာ…
    အခုကတည်းက ကြိုတင်ပြင်ဆင် ထားရမှာပါ…။
    ဆိုတော့…
    အားလုံး ဝိုင်း ဦးနှောက်စားကြတာပေါ့…။
    တစ်ယောက်ခြင်းစီရဲ့ ဆွေးနွေးမှုတွေကို စောင့်ဖတ်ကြတာပေါ့…။
    လေးစားခင်မင်တဲ့…
    ဘဘ ဘလက်…။

    • Inz@ghi

      November 22, 2012 at 3:43 pm

      ဘဘ ဘလက်ရေ ..ဒီကိစ္စလေး က မေ့နေတာ
      ဘဘ ဘလက်မာဆက်မှာ အနှိပ်ခံလိုက်တော့မှပဲ
      ပြန်သတိရပြီး ကောက်ရေးတင်လိုက်တာပါဗျို့…
      ကျေးကျေးပါနော…

  • jullies cezer

    November 22, 2012 at 12:25 pm

    တို့မှာလဲ ဖတ်ရွေးအဖွဲ့ထဲသာပါထားရတယ် အင်ဇာဂီပြောသလိုပဲ ”ကိုယ့်ထက်
    လက်ရည်မြင့်တဲ့ ဆြာတွေ ဖန်တီးတာကို ဝေဖန်သလို အကဲ ဖြတ်သလို လုပ်ရမှာ
    စိတ်မလုံတာ ” အဲလိုဖြစ်နေတယ် ပြီးတော့ ကိုယ်က စာကိုသာခံစားပေးတာ
    အရေးအသားအဖွဲ့အနွဲ့ကျတော့ကိုယ်ကိုတိုင်လဲ မရေးတတ်သေးတဲ့အခါကျ
    ကိုယ့်ထက် senior တွေရေးသမျှ ကိုယ့်အတွက်အားလုံးအကောင်းချည်းဖြစ်နေလို့
    ဘယ်သူ့ရွေးရမှန်းမသိဘူး ဖြစ်နေတယ်ဗျာ ………

  • ဦးဦးပါလေရာ

    November 22, 2012 at 1:03 pm

    အမှန်ကတော့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ဝန်းကျင်မှာ ဖတ်ရွေးအဖွဲ့ကို တင်ပြဘို့ စာတမ်းတစောင် ခေါင်းထဲမှာ စီစဉ်နေတာ ကြာပါပြီ..။
    အခု ကိုဂီက အစထုတ်လိုက်တော့ အတော်ပဲဖြစ်သွားတယ်..။
    ဒါပေမယ့် ကျုပ်မှာ ကိစ္စတွေများနေလို့ (စားဝတ်နေရေးကိစ္စမငြိမ်းသေးတဲ့ဒီအဖိုးကြီးကိုစာနာထောက်ထားပြီး) နဲနဲသည်းခံပေးကြပါ…။
    ဟို ကိုရီးယားမော်ဒယ်စုံတွဲ မင်္ဂလာဆောင်တဲ့ညမှာ
    ဒီပိုစ့်မှာပဲ ကွန်မင့်နဲ့ တင်ပြပါမယ်….

    ညဆွမ်းခံကိုယ်တော်တွေတော့ မူးမူးနဲ့လာဖတ်ကြလေကုန်…..
    :harr:

    • ခင်ခ

      November 22, 2012 at 2:11 pm

      နှစ်သစ်မှာ စနစ်သစ်နဲ့ စတင်ဖို့ ခြေလှမ်းပြင်နေပါသော ဖတ်ရွေးအဖွဲ့ပေါ့နော်။
      ဦးဦးပါကလည်း ဟင့် ဘဲပေးပြီးမျော်ခိုင်းနေပါပေါ့ စာတမ်းဖတ်ပွဲနဲ့များ ပြောအုံးမလို့လားဗျ။

  • လုံမလေးမွန်မွန်

    November 22, 2012 at 2:11 pm

    ဖတ်ရွေးအဖွဲ့စပါပြီဆိုကတည်းက တွေးမိလိုက်ပါတယ်..တော်တော်လေးကို ပင်ပန်းမယ့် ကိစ္စလို့….
    တက်သမျှပို့စ်ပေါင်း ရာချီတဲ့အထဲကမှ အကြိုက်ဆုံးကို ရွေးရမှာကိုး…အကြိုက်ဆုံးရွေးဖို့ဆိုတာကလည်း အကုန်လုံးကို ဖတ်ကြည့်မှရမှာမို့လား..အကုန်လုံးဖတ်ဖို့ဆိုတာ တော်တော်လေးကို မလွယ်တဲ့ကိစ္စပါ…
    အဲ့ဒီမလွယ်တဲ့ကိစ္စကို လူကြီးတွေက အပင်ပန်းခံလုပ်ကြပြီးတော့ ပထမဆုံးအကြိမ် ဆုကြေညာတဲ့အချိန်မှာ တော်တော်လေးကို ဝမ်းသာသွားပါတယ်.. ပို့စ်ကောင်းတွေထွက်လာစေချင်တဲ့စေတနာကိုလည်း တော်တော်လေး လေးစားမိပါတယ်..
    ဒါက ပထမအချက်ပါ….

    ဒုတိယအချက်က မိဂီရဲ့ ပထမကိုတေးရှင်းပါ…
    အရီးလတ်ရဲ့ ကိန်းဂဏန်းတွေနဲ့ စကာတင်ပို့စ်ကို ဖတ်ပြိးတဲ့အချိန်မှာ အဲ့ဒီစကာတင်တွေထဲက ကိုယ်ကြိုက်တာလေးတွေကို ရွေးချင်စိတ်ပေါက်မိတယ်..အဲ့တုန်းကတော့ ခဏတာပေါ့နော်..
    နောက် ဖတ်ရွေးအဖွဲ့ရဲ့ အမှတ်ပေးပုံကိုဖတ်ပြီးတဲ့နောက် လေးပေါက်ရဲ့ ကြက်ချေးတန်းပို့စ်တက်လာတဲ့အခါမှ စကာတင်တွေကို ကိုယ့်ဘာသာကို အမှတ်လေးတွေ ပေးကြည့်မိတယ်..အဲ့ဒီအချိန်မှာ ဒီစကာတင်တွေကို vote ပေးလို့ရရင်ကောင်းမှာပဲဆိုတဲ့အတွေး ဝင်မိတယ်..ဒါပေမယ့် တစ်ဖက်ကလည်း အဲ့လိုမျိုးဆိုရင် လူကြီးတွေက အပင်ပန်းခံဖတ်ပြီးမှ ထွက်လာတဲ့ စကာတင်တွေကို အရံသင့်လေးအမှတ်ထပ်ပေးတယ်ဆိုရင် ဦးနှောက်ဖောက်စားသလိုများဖြစ်မလားဆိုတဲ့အတွေး ဝင်မိပြန်ရော…

    အခု မိဂီက ဒီလိုမျိုးလေးပြောလာတော့ ဖတ်ရွေးက တင်ပေးမယ့် စကာတင်အပုဒ်တွေ (၂၀/၃ဝ စသဖြင့်) ကို member တွေက ထပ်ပြီးတော့ အမှတ်ပဲဖြစ်ဖြစ်၊ vote ပဲဖြစ်ဖြစ် ပေးလို့ရမယ်ဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်လို့..

    ခင်တဲ့
    လုံမလေး

  • Novy

    November 22, 2012 at 2:25 pm

    “တလတလ တက်သမျှ ပိုစ့် ရဲ့ ပျမ်းမျှ ၂% ကို ဖတ်ရွေးအဖွဲ့က စကာတင်ရွေးမယ်ဗျာ..
    (ဥပမာ ပိုစ့် ၇၀ဝ ဆိုရင် ၁၄ပုဒ် နှုန်းလောက်ပေါ့) ။ အဲ့ဒါကိုမှ ရွာသူားတွေကို ဗုတ်တင် ပေးခိုင်းမယ်
    အဲ့ထဲကမှ ပ၊ဒု၊တ ပေါ့ဗျာ …။ ”

    အဲဒီ့အချက်ကလေးကို သဘောကျပါတယ်ဆိုတာလေးဝင်ပြောတာပါ

  • jullies cezer

    November 22, 2012 at 2:51 pm

    novy ပြောတာ ထောက်ခံပါတယ် အဲဒါပိုအဆင်ပြေမယ် ..

  • kyeemite

    November 22, 2012 at 3:09 pm

    ကိုရင်ဂီရေ…ကျနော်က မောင်အံဇာရဲ့ယနေ့ပို့စ်ကို
    ဖွင့်ပီး…တစ်ရက်ကနေစလို့ တစ်နေ့ချင်း စီကြည့်ပီး
    ကိုရင့်နည်းအတိုင်း အဆင့်ဆင့် ဖစ်လ်တာလုပ်ပြီး
    ဖတ်ရွေးပါသဗျာ…မလွယ်ဘူးဆိုတာအမှန်ဖြစ်ကြောင်းပါ…
    ဒီလ အလုပ်ကလည်းနဲနဲဖိစီးနေလို့…ကွန်မန့်တွေတောင်သိပ်မပေးနိုင်ဘူး…
    ဝှီးးးးးးးးးးးးး…ဒီလအတွက်တောင် တစ်ပုဒ်မှမဖတ်နိုင်သေးဘူးဗျာ..
    ပြောရင်းနဲ့ မောသဗျာ…
    ကောင်းသောအကြံလေးအတွက် ကျေးကျေးအမှန်တင်ပါဂျောင်းးးးးးး :buu: :ha:

  • Inz@ghi

    November 22, 2012 at 3:23 pm

    ရွာထဲ လစ်ဘရယ် ပါတီ နဲ့ ကွန်ဇာဗေးတစ်ပါတီ ထောင်ဗျာ
    ပြီး စာပေဝါဒ ကိုလည်း သုတ နဲ့ ရသ ဆိုပြီး ဂိုဏ်းဂနခွဲထောင်
    အဲ့ … တကယ်က ခွဲတယ် မဟုတ် ကွဲပြီးသားရယ်…
    အဲ့သည့်မှာ

    ၁။ လစ်ဘရယ် သုတ
    ၂။ လစ်ဘရယ် ရသ
    ၃။ ကွန်ဇာဗေးတစ် သုတ
    ၄။ ကွန်ဇာဗေးတစ် ရသ
    ဆိုပြီး ၄မျိုး၄စား ထွက်လာမယ်….
    ဆိုင်ရာ ၄မျိုးလေးစား ကအဖွဲ့သားတွေကနေ ဖတ်ရွေး ကိုယ်စားလှယ် ၄ယောက်စီ
    ရွေးချယ်တင်မြှောက်ပြီး စုစုပေါင်း ၁၆ယောက်နဲ့ ဖတ်ရွေး အမြုတေ အဖွဲ့ကို ဖွဲ့စည်း…
    အဲ့သည့် ၁၆ယောက်အတွင်းမှာ မဲပေးပြီး နာယကရွေး ..
    မြန်မာပြည် နံပါတ်-၁ ပထမဦးဆုံးသော စနစ်တကျ ဒီမို ဝက်ဆိုက်ဒ် ဖြစ်လာ …
    အော်. .. ဆေးလှုပ်သောက်ဦးမှ..

  • MaMa

    November 22, 2012 at 3:28 pm

    ရွာသူားတွေကို ပိုမို ကိုယ်စားပြု ပိုမိုပါဝင်ပတ်သက်ခွင့်ရှိတဲ့ ရွေးချယ်မှု ဖြစ်စေချင်တာရယ်
    ရွာကိုပိုမိုစည်ပင်လာစေချင်တာတွေရယ်ကြောင့် ပြောင်းမယ့် ပလင်န်ကို အကောင်အထည်ဖော်ရင်ဖြင့် ၂၀၁၃ ဇန်နဝါရီကစတာ အသင့်တော်ဆုံး ဖြစ်မယ် ထင်မိပါကြောင်း…

    ဆိုတာကို ထောက်ခံအားပေးသွားပါတယ်။
    ဒါ့အပြင်……….
    ဒီလို တက်လူငယ်တွေနဲ့ ဖတ်ရွေးအဖွဲ့ကို ပြောင်းလဲမယ်ဆိုရင်ဖြင့်……..
    အတိုင်းထက်အလွန်
    တံခွန်ထက်ကုက္ကားဆိုသလို… :hee:
    ူလူကြီးတစ်ယောက်အနေနဲ့ ထိုင်ခုံကဆင်းပေးဖို့ အဆင်သင့်ရှိပါကြောင်းးးးးးးးးးးးး :kwi:

    • Inz@ghi

      November 22, 2012 at 3:30 pm

      ရမားဂျ….
      သတ်ပုံးဂိုဏ်းချုပ်ကတော့ ဖတ်ရွေး ဇကာတင်ပိုစ့်တွေ သတ်ပုံး
      အမှတ်ပေးဖို့ ဆက်ရှိပေးသင့်တာပေါ့ ….

      အဆိုတင်သွင်းပါတယ်ခီညားးးးးး

      :kwi:

  • Shwe Ei

    November 22, 2012 at 3:28 pm

    ကျမအထင် ပို့စ်တေမှာ Thumb System ပြန်ထည့်ပေးသင့်တယ်ထင်တယ်။
    Thumb Up များတဲ့ပို့စ်ကို Filter လုပ်ရင်လဲရတာဘဲ။
    တချို့ပို့စ်တေက ကွန်မန့်ပေးတာထက် ဖတ်ပီး မှတ်ရတာ ပိုကောင်းတာမျိုး ရှိတတ်လို့။
    နောက်ပီးကွန့်မန့်များတိုင်း လူကြိုက်များတာမျိုးလဲမဟုတ်ပြန်ဘူး။
    ပို့စ်တိုင်းမှာ မန်ဘာတွေ ဗုဒ်လုပ်လို့ရတဲ့ စစ်စတမ်ထည့်ထားရင်လဲ မဆိုးဝူးလားလို့။
    * ဖြစ်နိုင်မဖြစ်နိုင်ထက် စဉ်းစားလို့ရသလောက် အကြံပြုခြင်းသာဖြစ်ကြောင်း။

    • Inz@ghi

      November 22, 2012 at 3:35 pm

      ဟုတ်ပါပြီ မကြည်ပြာ (သို့မဟုတ်) ဝှီးချဲကြည်

      ဟစ်ကောင့် ပလပ်ဂင် ရယ်
      လက်မ ပလပ်ဂင်ရယ် ပြန်ထည့်သင့်ကြောင်း
      ကျုပ် လည်း တွေးမိပါတယ်ကွယ်..

      ဒါကတော့ ရီပါ့ဘလစ်အော့ဖ် မန်းဂဇက် ရဲ့ အာဏာရှင် သမ္မတကြီး လစ်ဘရယ်ဦးခိုင်ဆီ
      အဆိုတင်သွင်းကြတာပေါ့ကွီ…

      တော်သေးဘီ
      ခင်တဲ့
      ဂီ

      • Shwe Ei

        November 22, 2012 at 3:50 pm

        နံမယ်မဖျက်နဲ့ ဝီးချဲဂီ
        ရိုးရိုးပြောလဲရတယ်။

        • Inz@ghi

          November 22, 2012 at 3:58 pm

          ဝှီးချဲကြည်

          :chee:

    • Mr. MarGa

      November 23, 2012 at 5:06 pm

      Thumb up plugin ကို ပြန်ထည့်တာကတော့ ကောင်းပါတယ်
      ဒါပေမယ့်
      အခု ကွန်မန့်တွေမှာ တောင်မှ အားအားယားယားတွေကြောင့် ရဲရဲနီနေတာ
      thumb up ထက် thumb down က ပိုများသွားရင် ဘယ်လိုလုပ်မလဲ၏
      ဦးမာဃ တွေးမိတာလေး ပြောပြတာပါ

  • Khaing Khaing

    November 22, 2012 at 3:33 pm

    စာအကြောင်းပေအကြောင်းနဲ့ပတ်သက်ရင် ဖတ်အားနည်းသလို ဗဟုသုတလည်းနည်းတဲ့အတွက် သူများတွေ လုပ်တာကောင်းတယ် ဆိုးတယ် မဝေဖန်ချင်ပါဘူး ……. ဘာဖြစ်ဖြစ် လစဉ်လတိုင်း ဒီအစီအစဉ်လေးဖြစ်မြောက်နေတာကိုပဲ ဝမ်းသာလို့မဆုံးပါဘူး ……….

  • Hnin Hnin

    November 22, 2012 at 4:23 pm

    စာပေဆု စပေးကတည်းက စာဖတ်သူက ရွေးချယ်ပေးတဲ့ စာပေဆုကိုပဲ ပိုနှစ်သက်တာပါ…
    ဖတ်ရွေးအဖွဲ့ဝင်၊ လူကြီး၊လူငယ်တွေလည်း အထိုက်အလျာက် သက်သာရာရတာပေါ့…

    စာဖတ်သူတွေကတော့ ဒီလို အဆင့်ဆင့် စိစစ်ရွေးချယ်သွားမှာ မဟုတ်ဘူးထင်တယ်..
    ဖတ်ရင်းစွဲ သူကောင်းတယ် ထင်တဲ့လူ၊ ကောင်းတယ် ထင်တဲ့ပို့စ် ဟာသ၊ရသ၊သုတ
    တစ်ခုခုကို ရှာဖတ်ပြီး ရွေးလိုက်မှာပဲ ထင်တယ်..

    Online Voting စနစ် ရှိလာမယ်ဆိုရင်လည်း စာဖတ်သူတွေရဲ့ Bias တွေ ရှိနေနိုင်တာပဲ…

  • တိမ်မည်း (ခရီးသွားနေည်)

    November 22, 2012 at 4:27 pm

    နောက်ဆုံး ကြားသိရသော သတင်းအရ ဖတ်ရွေးအဖွဲ ့ ပြန်ရွေးရန် သဂျီးမှ ဗီတို အာဏာဖြင့် ပယ်ချလိုက်သည်………………
    .
    .
    .
    .
    .
    .
    .
    ..
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    ကောလဟာလဆိုတာ ဒါမျိုးကိုပြောတာ……………………………. ဟီး 🙂

  • အရီးခင်လတ်

    November 22, 2012 at 4:35 pm

    မောင်ဂီ မှ ဝစ်လစ်စတစ် ပို့ပေမဲ့ ဝစ်လစ်စတစ် တော့ မဖတ်နိုင်ဘူးပါ။
    ချမ်းလွန်းလို့။

    ဒီတော့ အနွေးထည် အထပ်ထပ် ကြားမှ ခိုးဖတ်ပြီး
    ဇူလိုင် ၂ရ ရက် ၂၀၁၂ နှစ် က ပေးခဲ့တဲ့ မှတ်ချက် လေး ကို ပြန်ရှာပေးလိုက်ပါသည်။
    သို့သော် ထိုမှတ်ချက်မှာကား လက်ရှိ အကြံမဟုတ်ပါ။
    သို့ကမို့ကြောင့် ခေါင်းထဲ မထည့်ကြပါနဲ့။

    အရင်က တွေးခဲ့ဘူးသော အတွေးအဟောင်းကိုဘဲ ပြန် တူးလိုက်ခြင်းဖြင့် မောင်ဂီ အား အားဖြည့် သွားပါသည်။

    မှတ်ချက်တွင် သုံးထားသော အမည် ” ကျော်” = “မောင်ဗိုက်”
    ——
    ကျွန်မ ဒီရက် တွေးမိသွားတာလေးက
    ဒီရွာထဲမှာ စာရေးတာ ….
    ဆု ဘာညာ အတွက် ရ ဖို့ မဟုတ်ဘဲ စိတ်ထဲ ရှိရာ Post လေးတွေ ကို လွတ်လွတ်လပ်လပ် ရေးကြတာကို ကြိုက်တဲ့ သူ များ နေတာ လို့ ထင်ပါတယ်။
    သူတို့ စာတွေ ကို အကဲဖြတ်မယ် ဆိုရင် အဲဒီ လွတ်လပ်မှု လေးပျောက်သွားမယ် ဆိုပြီး စိုးရိမ်မိမှာ သေချာပါတယ်။
    နောက်ပြီး ကျွန်မ စာအားလုံး မဖတ်နိုင်ခဲ့ပါဘူး လို့ ဝန်ခံပါတယ်။
    ကိုယ်မဖတ်ဖြစ်တဲ့ ရက်၊ ကိုယ်မဖတ်ဖြစ် တဲ့ Post တွေ မှာ အလွန်ကောင်းတာတွေ ပါနိုင်ပါတယ်။
    အဲဒါကို ရွေးချယ်ရေးထဲမှာ မိန့်မိန့်ကြီးပါ ပြီး ကိုယ်ဖတ်တာတွေ ဘဲ ဝင်ရွေးလို့ကတော့ ဘယ်လိုမှမတရားပါဘူး။
    အဲဒါကိုလဲ ကျွန်မရဲ့ အစ်မ/ညီမ များကိုတော့ ပြောပြီးဖြစ်ပါတယ်။
    ဒါက ကျွန်မ ရဲ့ ခက်ခဲတဲ့ အမှုကိစ္စ ကိုပြောတာပါ။

    ကျွန်မ အခု စဉ်းစားမိတာ ကိုပြောရရင်တော့
    (၁) အခု လုပ်မဲ့ ရွေးပွဲ ရဲ့ ရည်ရွယ်ချက်
    – ဂဇက် ရဲ့ ပုံမှန် စာရေး၊ စာဖတ်သူများ ကို ပုံမှန် ရေး/ဖတ် နေမြဲဖြစ်စေလိုပါတယ်။ မည်သူ့ ကိုမျှ မထိခိုက် စေရပါ။
    – အမှတ်တရ ပေးပွဲ တစ်ခု ရှိခြင်းဖြင့် မျက်နှာဖုံး မသုံးသူ များ အနဲဆုံး တစ်နှစ် တစ်ခါ ပျော်ပျော်ပါးပါး တွေ့နိုင်ပါမယ်။
    – ကိုယ့်လက်ရာ ကို သွေးနေချင်သူ များ အတွက် လေကျင့်ရေး ကွင်း ရပါမယ်။

    (၂) စာမူ ပေးပို့ သူများ
    – ဂဇက် အဖွဲ့ဝင် အားလုံး ပေးပို့ နိုင်ပါသည်။

    (၃) အကဲဖြတ် သူများ
    – ဂဇက် အဖွဲ့ ဝင် မှန်သမျှ အကဲဖြတ် နိုင်ရပါမယ်။
    – မိမိ အကဲဖြတ် တာက ကောင်းပါတယ်၊ ကြိုက်ပါတယ်၊ ခံစားရပါတယ် နဲ့ ပြီးလို့ မရပါဘူး။
    မိမိကိုယ်ကို ဒိုင်လို့ သတ်မှတ် ရင် ကိုယ်အကြိုက်ဆုံး စာမူ ကို ဘာကြောင့်ကြိုက် တယ် ဆိုတဲ့ မှတ်ချက် ကောင်းကောင်း လိုပါမယ်။
    မဟုတ် ရင် အကဲဖြတ် စရာ မလိုပါ။
    မှတ်ချက်ကောင်း နဲ့ စာမူ အတွက် အမှတ်ရပါမယ်။
    သေချာတာပါ့။ ကိုယ့်စာမူ ကို ကိုယ်ကိုယ်တိုင် လဲ မှတ်ချက် ကောင်းကောင်း ပေးပြီး အမှတ်ပေးနိုင်ပါမယ်။
    – ဒါကြောင့် အဖွဲ့ ဝင် အားလုံး (တစ်သိန်း နီးပါး ;-)) ဟာ မိမိ ဆန္ဒ နဲ့ ဒိုင်ဖြစ်သင့် ပါတယ်။
    – တာဝန် ရယ် လို့ သတ်မှတ် မထားပါဘူး။
    ဒါပေမဲ့ ကိုယ်တကယ် အကြိုက် တွေ့ရင်တော့ အမှတ် ပေးဖို့ ဝန်မလေး ကြပါနဲ့။
    ဒါဟာ စာရေးသူ အတွက် အင်အား တစ်ရပ် မို့ သူ့ ကို ကိုယ်က စိတ်ခွန်အားပေးလိုက်ခြင်း ဖြစ်ပါတယ်။

    (၄) စာမူ လက်ခံခြင်း
    – မိမိစာမူ ကို အများ မှ အကဲဖြတ် စေလို ပါက အီးမေး mr.solakoko@gmail.com ထံ ပို့ပါ။
    – အဖွဲ့ ဝင် တစ်ယောက် ကို တစ်လ တစ်ပုဒ် ပို့နိုင်ပါသည်။ ???????
    – မည်သူ/မည်သည့် စာမူ ပို့ သည် ကို ကျော် မှ စီးကရက် (Secret) ခဲထားရပါမည်။

    (၅) အကဲဖြတ် မှတ်ချက်(အမှတ်) လက်ခံခြင်း
    – အဖွဲ့ ဝင် တစ်ယောက် သည် တစ်လ ကို မိမိ စိတ်ကြိုက် စာမူ တစ်ပုဒ် ကို အင်မတန် ကောင်းမွန်သော မှတ်ချက် ဖြင့် ရွေးချယ်နိုင်ပါသည်။
    – မိမိ ရွေး သော စာမူ နှင့် မှတ်ချက် ကို အီးမေး mr.solakoko@gmail.com ထံ ပို့ပါ။
    – မည်သူ/မည်သည့် စာမူ အတွက် မှတ်ချက် ပို့ သည် ကို ကျော် မှ စီးကရက် (Secret) ခဲထားရပါမည်။

    (၆) အရွေးခံမည့် စာမူများ နှင့် ပွိုင့်
    အရွေး ခံ မည့် စာမူများ သည် စာမူရှင် ၏ အကောင့် နှင့် မဟုတ် ဘဲ ကျော့်မှ တင်မည်ဖြစ်၍ ထိုသူများ ရဲ့ ပုံမှန် ရသင့်သော ပွိုင့် နစ်နာမှု မရှိအောင် လဲ စဉ်းစားပေးသင့်ပါသည်။
    သဘော ကတော့ ကျော်မှ လာသမျှ စာမူ များ ကို သူ့ အကောင့် နဲ့ တင်။
    ထိပ်မှာလဲ Post တစ်ခု နဲ့ စုဖတ်လို့ ရအောင် အဲဒီ Link တွေ ပေးထားပါမည်။
    ဤပုံစံ ကို လက်ခံ ပါက ကျော် ဆက်လုပ် ရ မည့် တာဝန် ကို အားလုံးမှ ဆက်လက် အကြံပြု ဆွေးနွေး ဖို့ ပန်ကြားပါသည်။
    ထိန်းသိမ်းရမည့် အချက်အလက် များ အတွက် လဲ စနစ်ကျသော ထိန်းသိမ်းမှု ကို စဉ်းစားကြပါမည်။
    ကျော့် မှာ တော့ တာဝန် နဲနဲ ပိ သွားပါမည်။
    သို့သော် လွယ်လွယ်ကူကူ ထိန်းသိမ်း နိုင်အောင် ဝိုင်းစဉ်းစားကြည့် လို့ ရပါသည်။
    ရွာသူ/သား များ ဤပုံစံ ကို သဘောမတူ ပါက လဲ ခေါင်းရှုပ် စိတ်ရှုပ် မသွားကြပါနဲ့။ 😉
    ကျွန်မ ပြောတာ ကို လစ်လျုရှု တော် မူကြ ပါ ကုန်လော့။ 😀
    ———————

    ရွာထဲဝင်သမျှစာများ (မရွေးရန် ပန်ကြားထားသူမှ အပ) အားလုံးကို ကို ရွေးချယ်ခြင်းက ပိုကောင်း၍ အမှတ်စဉ် (၂) နဲ့(၄) ကို လစ်လျူရှု ပေးကြစေရန် ဖျက်ထားပါသည်။
    တစ်ဖွဲ့/တစ်ယောက်အားဖြင့် ယူ ခြင်း ထက် အများအားမှ ပိုကောင်းပါသည်။
    ထိန်းဖို့ နည်းလမ်း စည်းကမ်း ဥပဒေ များ ကောင်းမွန် ရင်တော့ ဗြဲလရမ်း မဖြစ်ဘဲ ပိုပြီး ကောင်းတဲ့ လှလှလေး ဖြစ်မှာပါ။ :hee:

  • weiwei

    November 22, 2012 at 7:55 pm

    ပို့စ်တွေအကုန်လုံးဖတ်ဖို့ကတော့ တကယ်မလွယ်တဲ့ကိစ္စပါ …
    ပို့စ်တွေကို ဘယ်ဟာက ကောင်းတယ် ဘယ်ဟာက မကောင်းဘူးလို့ ဝေဖန်ရွေးချယ်ပေးဖို့ကတော့ ပိုလို့တောင် မလွယ်တဲ့ကိစ္စပါ …
    ဒါပေမယ့် အကြိုက်ဆုံးကိုပဲ ရွေးပေးရမယ်ဆိုတဲ့အခါမှာတော့ နဲနဲလွယ်ကူသွားပါတယ် …
    မန်ဘာအားလုံးက ဗုတ်နိုင်မယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့ … ပိုပြီးလဲ တရားမျှတလာမှာပါ …

  • အလင်းဆက်

    November 22, 2012 at 8:03 pm

    ဟင်…

    စောစောက..မန့် လိုက်ထှာ..က ဘယ်ရောက်သွား တုန်း…

  • ဟုတ်တယ်ဗျ …
    ဖတ်ရွေးတွေက စကာတင်ပို့စ်လေးတွေ ရွေးပေးပြီး
    မန်ဘာတွေကို ဗုတ်လုပ်ခိုင်းတဲ့ နည်းလမ်းလေးက ကောင်းမယ် …

    ဒါဆိုရင် ဖတ်ရွေးတွေကပဲ သီးသန့်ရွေးချယ်တာ မဟုတ် …
    မန်ဘာတွေကပဲ သီးသန့် ရွေးချယ်တာ မဟုတ် …
    အားလုံး ပူးပေါင်းပါဝင် ရွေးချယ်တဲ့ သဘောလေးများ သက်ရောက်နေမလားလို့ …. 🙄

    ပြီးတော့ ..
    ဒီလိုလေး လုပ်လိုက်ခြင်းအားဖြင့် …
    ဖတ်ရွေးအဖွဲ့က လူကြီးတွေလည်း သက်သာသွားတာပေါ့ …

    မန်ဘာ အုန်းသီး ဆိုတဲ့ ကဏ္ဍမှာတော့ ..
    အဲဒီ မန်ဘာအုန်းသီး ပို့စ်ကို မန်ဘာ မဟုတ်တဲ့လူက ဖွင့်လိုက်တဲ့အခါ ..
    ဖွင့်မရ ဖြစ်ရတာထက် စာရင် ..
    ပို့စ်ကတော့ ပွင့်လာတယ် … ဒါပေမယ့် ဘာရေးထားလည်း ဆိုတာကို မမြင်ရဘူး ..
    မန်ဘာဖြစ်မှသာ ဖတ်ခွင့်ရပါမည် ဆိုတဲ့ … စာလေးကို ပြထားနိုင်အောင် လုပ်ထားရင်တော့ဖြင့် ..
    အတော်လေး ကောင်းမည် ထင်မိပါကြောင်း …….

  • uncle gyi

    November 22, 2012 at 9:36 pm

    ဖတ်ရွေးကအခုမှစလုံရေစ
    ဝိုင်းအကြံပေးကြကောင်းမယ်ထင်ပြင်လိုက်ကြ
    နဲ့တဖြည်းဖြည်းပိုကောင်းလာဖို့မျှော်လင့်ပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 23, 2012 at 12:31 am

    ဟ!!!!!!!!!!!!!!!!!!!!
    ဒါ့ကြောင့်ဂိုးးးးးးးးးးးးးး
    သဘာပတိအဖွဲ့တွေ အလုပ်လုပ်တာနည်းနေတာဂိုး
    ခုမှပေါက်ဒယ်
    ကျုပ်ရေးတဲ့ပိုစ့်တွေ သဒင်းဇာထဲဒေါင် ပါနိုင်တဲ့အခြေနေမှာရှိတာ
    ခုတော့ ဖတ်တောင်မဖတ်ကျိဂျဘူး 👿
    ( ဟဲဟဲဟဲ အရဂါးနောက်ဒါ )

    • MaMa

      November 23, 2012 at 7:49 am

      အိမ်ကို ဆေးသုတ်တုန်းက…..
      ကာလာခရေစီသမားဆိုတော့ သူများနဲ့မတူအောင် စိတ်ကူးကောင်းကောင်းနဲ့ အရောင်စပ်ပြီး သုတ်ပစ်လိုက်တယ်။
      ဆေးသုတ်ပြီးတော့တွေ့တဲ့ မိတ်ဆွေတချို့က ဘာဖြစ်လို့ ဒီအရောင်ကြီး သုတ်ထားတာလဲလို့ မေးကြတယ်။
      တချို့ကကျတော့လည်း မိုက်တယ်တဲ့။
      အဲ့ နောက်ပိုင်းတော့…….
      မိတ်ဆွေတွေတွေ့တိုင်း အိမ်ကိုဆေးပြန်သုတ်ထားတာတွေ့လား။
      ဘယ်လိုနေလဲ လှလား လို့ မေးကြည့်လိုက်တယ်။
      ပြီးတော့…….သူတို့ ပြန်မဖြေခင်…………
      လှတယ်လို့ ပြောရင် အရောင်ကြည့်တတ်လို့။
      မလှဘူးလို့ ပြောရင် မကြည့်တတ်လို့ လို့။
      အဲလိုနဲ့ ….
      အိမ်ကိုသုတ်ထားတဲ့ ဆေးရောင်ကို မိတ်ဆွေတွေက လှတယ်လို့ချည်း ပြောကြတော့တာပဲ။ :harr:

      အကောင်းဆုံးအကြံပေးချင်တာက-
      -ဘပုရဲ့စာကို ရွေးရင် …
      ဉာဏ်ကျယ်လို့။
      -ဘပုရဲ့စာကို မရွေးရင်….
      ဖတ်ရွေးအဖွဲ့တွေ ဦးဏှောက်က လိုက်မမီလို့ လို့ ပြောလိုက်ရင်….
      လတိုင်း ဘပုချည်းပဲ ဆုရလိမ့်မယ်။ 😆

  • Foreign Resident

    November 23, 2012 at 5:49 am

    တခြားတော့ ဘာမှ ထူးထူး ခြားခြား ကန့်ကွက် ထောက်ခံ စရာ မရှိပါဘူး ။
    အဘ ကတော့ တစ်ခုပဲ ပြောချင်ပါတယ် ။
    ရေရှည် ဖြစ်နိုင် လုပ်နိုင်မယ့် ကိစ္စကိုပဲ အကြံပြုကြစေလိုပါတယ် ။

    အခု လကုန်ရင် အနဲဆုံး ၃ ပုဒ်ရွေးပေးရတာ တော်တော် ပင်ပန်းပါတယ် ။
    ဒီကြားထဲ ဘာကြောင့်ကြိုက်တယ် Remark ထပ်ပေးရသေးတယ် ။
    အဲဒီ အလုပ်ကို အဘ တောင် ရေရှည် လုပ်နိုင်ပါ့မလား သံသယရှိပါတယ် ။
    အဲဒါကို နှစ်ဆင့် ထပ်ခွဲရင် ၊ ဝန် Work Load ပိုများလာတာပေါ့နော် ။

    OK အများ လက်ခံရင် အဘ လည်း လက်ခံမှာပါ ။
    သို့ပေမယ့် ပထမ / ဒုတိယ အဆင့် ရွေးပေး / မဲပေး မယ့်
    အမာခံ ရွာသား ဘယ်နှစ်ယောက် ရှိမလဲ ။
    ဘယ်လောက်ကြာ နှစ်ပေါက်အောင် ရွေးပေး / မဲပေး မလဲ ။
    အဲဒါလေး သေချာစေချင်တယ် ။

    အရမ်း ပင်ပန်းတယ်နော် ၊ မယုံမရှိ နှင့် ၊
    အခုရှိနေတဲ့ ဖတ်ရွေးအဖွဲ့တောင် တော်တော် ကျားကန်ထားရတာ ။
    ထွက်ကုန်တဲ့သူတွေ ရှိလာ တာသာ ကြည့်တော့ ။
    မှန်တာပြောရရင် နားလို့ရရင် ၊ အဘလည်း နားချင်တာပါပဲ ၊
    အော် တော်ကြာ အဖွဲ့လေး အားနည်းသွားမှာ စိုးလို့ ။

    အဲဒီတော့ အနဲဆုံး နောက်တစ်နှစ်ပေါ့ ကူညီ ရွေးပေး / မဲပေး မယ် ဆိုတဲ့ ၊
    ရွာသူား ၃ဝ / ၄ဝ လောက်က ကတိပြုကြမယ် ဆိုရင်တော့ မဆိုးပါဘူး ။
    နို့မို့ အဘတို့ ပုံစံပြောင်းပြီး နောက် ၂ လ / ၃ လ ကြာတော့မှ ၊
    သိပ် စိတ်မဝင်စားတော့ပဲ ကောက်ရိုးမီး ၊ အဖျားရှုး ဖြစ်သွားမှာ စိုးလို့ ။
    အရမ်းတက်ကြွတဲ့သူ ၂ဝ လောက်တော့ လိုချင်မိတယ် ။

    ဒုတိယ အချက်က အချိန် ။
    လကုန်ပြီး ၅ ရက် မှာ ၃ ပုဒ် ရွေးပေးနိုင်ဖို့ မနည်းလုပ်ရတယ် ။
    အဲဒါကို နောက်တစ်ခါ Vote လုပ်ဦးမယ် ဆိုရင် ၊
    အနဲဆုံး နောက်တစ်ပါတ် ထပ်ကြာသွားမယ် ။ OK မလား ။

    တတိယ အချက်က ငွေကြေး ။
    ငွေကြေး ကတော့ လောလောဆယ် အဆင်ပြေနေပါသေးတယ် ။
    လာမဲ့ နှစ်သစ် ရဲ့ ပထမ ၆ လ အထိတော့ အဘ ထည့်ဝင်ပေးနေမှာ ကတိပေးပါတယ် ။

    ကြုံတုန်း Transparency သဘော အသိပေးချင်တာက ဆုကြေးကို ၊
    တန်ဘိုး အရ ၂ သောင်း ၃ သောင်း ထက်ပိုမများမယ့် ပစ္စည်း ဆုချဖို့ ၊
    ဖတ်ရွေး အဖွဲ့က ဆုံးဖြတ်ထားပါတယ် ။
    ပိုတဲ့ ပိုက်ဆံကို ဆုပေးပွဲမှာ ကျွေးမွေးဖို့ သုံးရမှာ မို့လို့ပါ ။

    ညှိကြလေ ၊ တကယ် တက်ကြွတဲ့ ၊ လုပ်ပေးမှာ သေချာတဲ့ ရွာသူားတွေ
    အောက်မှာ Comment ပေးသွားကြပါကွယ် ။
    သေချာရင် ဒီနှစ်ဆန်းလောက် အဘတို့ ပုံစံပြောင်းပေးလို့ ရပါတယ် ။

  • kai

    November 23, 2012 at 8:01 am

    ပုံနှိပ်သတင်းစာ ထွက်ဖို့.. နေ့ညမအိပ်လုပ်နေတာမို့.. သေသေချာချာမဖတ်နိုင်သေးပေမယ့်.. စတစ်ကီတော့လုပ်သွားပါတယ်..
    သတင်းစာက.. အခုထိမထွက်သေးသမို့.. အိုဘာမားနဲ့ မြန်မာပြည်လူကြုံအပ်လိုက်ဖို့ရာမှာ…. လူကြုံတွေလည်း မမှီပါ..။

    ဘာပဲဖြစ်ဖြစ်..

    မကြာမှီ.. ရွာလွှတ်တော်ခေါ်မည်ဖြစ်ပါကြောင်း.. :528:

  • ဦးဦးပါလေရာ

    November 23, 2012 at 8:14 am

    ရွှီး….. ဖျောင်း.. ဖျောင်း… ဖျောင်း… ဖျောင်း…
    (လက်ခုပ်ဝိုင်းတီးကြပါ)

    ယခုမှစပြီး သူကြီးမင်းဦးခိုင် ရွာအရေးတွေမှာ ဦးဆောင်မှု့ပေးတော့မှာ
    ဖြစ်တဲ့အတွက် ဝမ်းမြောက်စွာ ဂုဏ်ပြုကြပါစို့ ရွာသူားအပေါင်းတို့….

    :hee:

  • thit min

    November 23, 2012 at 8:20 am

    သူကြီးရယ်
    လွှတ်တော် ဆိုတာ တောက မရွှေမိ ကို ကိုချက်ကြီးက လူအလစ်မှာ ဆွဲလား ရမ်းလား
    လုပ်လို့ အော်တဲ့ လွှတ်တော် လဲ လွှတ်တော် ပါဘဲ။

    ဖတ်ရွေး အဖွဲ့ကို သူကြီးကအကြံပေးမယ်ထင်နေခဲ့တာ။

    ကဲ ဖတ်ရွေးအဖွဲ့ရေ………………………..
    အဆိပ်ပင်နားမှာ အဆိပ်ဖြေဆေးပင် ဆိုတာလဲ ရှိသတဲ့။
    ဒီတော့ ဖတ်ရခက် ရွေးရခက် နေတာများ “ဝါရင့် သဘာရင့်” အယ်ဒီတာကြီးကို အနားမှာထားပြီး
    အော်နေသလိုဖြစ်နေပြီလို့တွေးမိတယ်။
    သူကြီးရဲ့ စာမူရွေးပုံ ရွေးနည်းလေးတွေ မေးကြည့်၊ လွယ်မဲ့ နည်းလမ်း သူကြီးသိကိုသိပါတယ်။
    အယ်ဒီတာဆိုတာ သူ့နယ်ပယ်=တော ရဲ့ မုဆိုး မဟုတ်လား။

  • ဦးဦးပါလေရာ

    November 23, 2012 at 8:21 am

    ကို Foreign Resident ပြောတဲ့

    တကယ် တက်ကြွတဲ့ ၊ လုပ်ပေးမှာ သေချာတဲ့ ရွာသူားတွေ
    အောက်မှာ Comment ပေးသွားကြပါကွယ် ။

    ဆိုတာလေးအတိုင်းပါပဲ…

    ဖတ်ရွေးအဖွဲ့/လုပ်ငန်းစဉ်မှာ ပါဝင်ပေးမယ့် မဲဆန္ဒပေးမယ့်သူတွေ ကွန်မင့်နဲ့ပြောပေးရင် မှတ်တမ်းပြုထားမှာဖြစ်ပြီး ပူပေါင်းဆောင်ရွက်ပါမယ်ဆိုတဲ့အကြောင်း…..
    အနဲဆုံး မဲပေးမယ့်သူ ၄ဝ ကျော်လောက်ရှိမှ Active member ၂၀ဝ ခန့်ရဲ့ ၂၀% သာရှိပါသေးကြောင်း….

  • pooch

    November 23, 2012 at 8:49 am

    ကျမကတော့ ဒီလကို ကတိပေးထားတဲ့ အတိုင်းဖတ်နေပါတယ်။

    နောက်လမှာ တော့ ခရီးတိုတွေရှိပါတယ်။ နောက်ပြီး ကို်ယ့်ပြသာနာနဲ့ ကိုုယ်မို့ စိတ်သွားတိုင်း ကိုယ်ပါနိုင်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဘဝကို ခုမှ စရတာမို့ လက်လှုပ်မှ ပါးစပ် လှုပ်ရတာမို့ ရွာအရေးမှာ တက်ကြွစွာ ပါဝင်နိုင်မဲ့သူမဟုတ်ပါဘူး။

    လေ့လာရမဲ့ သင်ယူရမဲ့ အရာတွေ များပြားလွန်းလှတာက တကြောင်း လူကလည်း သုညတန်းရောက်နေတာမို့ ဘယ်အရာကိုမှ အပ်ကျမတ်ကျ ဝေဖန်ဆန်းစစ်နိုင်စွမ်းလည်း မရှိပါဘူး။

    ဆိုတော့ ဒီလတလပဲ ဧည့်သည်ဝင်ရွေးသက်သက် ဖြစ်ပါကြောင်း။

    ခုလိုပြောရတဲ့ အတွက် အားလည်းနာတယ် ခင်လည်း ခင်ပါတယ်။ နားလည်ခွင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ 🙁

  • MaMa

    November 23, 2012 at 3:06 pm

    သဂျီးကတော့ ဘဲကျောင်း၊ ဆိတ်ကျောင်း၊ နွားကျောင်းဖူးတဲ့ အတွေ့အကြုံတွေ ရှိတယ်လို့တော့ ကြွား အဲ- ပြောဖူးတာပဲ။
    ဒါပေမယ့် ဘယ်လောက်ခင်ခင် ဟင်းစားပဲ ပေးရတယ်။
    ကွန်ချက်မပြရဘူးဆိုတဲ့ ထုံးနှလုံးမူထားတယ်ထင်ပါ့။ :buu:

    ခုတော့ဖြင့် ခေတ်ပြောင်းစနစ်ပြောင်းလာလို့….
    စက်ကရိယာနဲ့ ငါးဖမ်းတဲ့ခေတ်မို့ ကွန်ချက်ပြတော့မယ် ထင်တယ်။ :kwi:

  • Mr. MarGa

    November 23, 2012 at 5:20 pm

    အင်းးးးး
    အခုလတောင် ဖတ်ရတာ မူးချင်ချင်ရယ်
    ဒါတောင် ဦးမာဃက တစ်လ ဆိုပြီး volunteer လုပ်တာနော်
    အဲဒီတော့ အမြဲ ဖတ်ရမယ့် အဖွဲ့ ကိုလဲ ကိုယ်ချင်းစာမိပါတယ်။
    ဦးမာဃ အနေနဲ့လဲ လစဉ် မဖတ်နိုင်ပေမယ့် အဆင်ပြေတဲ့လမှာ ဒီလိုလေးပဲ ကူချင်ပါတယ်။
    အမြဲ မဟုတ်လို့ အာမ မခံနိုင်တာကို အားနာပေမယ့်
    လစဉ် အဆင်ပြေသူများကို အလှည့်ကျစနစ်နဲ့ ရွေးစေရင် မဆိုးဘူးထင်ပါတယ်။
    ကုလ လုံခြုံရေးညီလာခံလိုပေါ့လေ

  • အလင်းဆက်

    November 23, 2012 at 7:26 pm

    ဖတ်ရတာ..အင်မတန်.. ပင်ပန်းပါတယ် ။
    တစ်လ လုံးမှာ.. တက်လာတဲ ့ပိုစ့်တွေ..ကလည်းမနည်းမနော….။
    အဲဒီထဲက..ကိုယ် ရွာထဲ..မဝင်ဖြစ်တဲ ့..
    ရက်မှာ..ပိုစ့်ကောင်းလေးများ..လွတ်သွားမလားလို ့…တွေးပြီး..ပူရ..
    ပြန်ရှာရ.ဖွေရ…
    သိမ်းရ ဆည်းရ…
    ပြီးရင်..ဖတ်ရ..မှတ်ရ….
    ပြီးရင်…နှိုင်း ရ..ယှဉ် ရ…..

    အင်း….

    အခုမှပဲ..ဖတ်ရွေးအဖွဲ ့ကြီးရဲ ့… တာဝန်နဲ ့…
    ဖတ် ကူတွေရဲ ့… တာဝန်..ကို..သိရတယ် ။

    မလွယ်….။

    —————-

    သားလည်း.အလုပ်မအားတဲ ့ကြားကမို ့…

    ဧည့်သည်တော် ဖတ်ကူ…လေး..လို့ပဲ..
    ကိုယ့် ဘာသာ သတ်မှတ်ထားပါတယ် ။

    ဘယ်နှစ်လ…. များ.တောင့်ခံနိုင်မလဲ.လို့လည်း…
    ကိုယ့် ဘာသာ ပြန်မေးနေပါတယ် ။

    ————————————
    တတ်နိုင်ရင်တော့…
    အချိန်ရ ရင်ပေါ့လေ….

    ဒီ အစီအစဉ်ကြီးတွေ မှာ…
    လူရော.စိတ်ရော….
    ငွေကြေးရော…
    အရမ်း..ပုံအော… ကူညီချင်ပါတယ် ။

    အခုကတော့….

    စိ်တ်ပဲ..ရှိနေတယ် ။

    ===============
    သူများတွေ.. ကိုယ်စီ.ပြောကြဆိုကြတော့..
    သားလည်း….
    နည်းနည်းပြော ကြည့်တာပါ ။

    နည်းနည်းလေးများ.လွဲ..သွားသလား…။
    🙂

    ခင်မင်လေးစားစွာ…

  • ဦးဦးပါလေရာ

    November 24, 2012 at 10:55 pm

    အပေါ်နားမှာ ကျုပ်မန့်ထားတဲ့ ကွန်မင့်လေးကို ဘွာခတ်မလို့ပါ
    ဖတ်ရွေးအဖွဲ့ကို ကျုပ်တင်ပြဘို့စီစဉ်ထားတဲ့စာကြမ်းလေး ပြန်ရိုက်ကြည့်တော့ ကွန်မင့်အနေနဲ့ဆို ရှည်လွန်းပြီး အဆင်မပြေလောက်လို့ ပိုစ့်တပုဒ်အဖြစ်သာ တင်ပါရစေတော့…

  • ကထူးဆန်း

    November 25, 2012 at 8:26 am

    :harr: stupid and active member ဆိုတော့ အရင် သွားဖြီးပြတာပါ ။
    ပထမ ကိုဂီရဲ့ စာ..
    (၁) Load .. လုံးဝမှန်ပါတယ် ။ အကုန် မဖတ်နိုင်ပါဘူး။ရေးသူ အပေါ်မှုတည်ပြီး ဖွင့် မဖတ်ဖြစ်တာတွေရှိတယ် ။ ဥပမာ .ကဗျာ အရေးများသူဆို ကဗျာဘဲ ထင်ပြီး မဖတ်ဖြစ်ပါဘူး။
    (၂)Bias .. ဒါလည်း အမှန်ဘဲ ။ ရပြီးသူနဲ့ မရသေးသူ ယှုဉ်မိရင်ဝေဝါးလာပါတယ် ။ မရသေးသူဘက် ယိုင်ပါသည် ။
    (၃)Feedback ကတော့ နဲနဲ ခက်ခဲပါလိ်မ့်မယ် ။ အများကြိုက်ဆိုထားတဲ့ အတွက် အများကြိုက်ဘဲ ဖြစ်ပါလိ်မ့်မယ် ။ ကဗျာ ၊ သုတ၊ ဝထ္ထုတို စသဖြင့် တစ်ပုဒ်ဆီပေးမယ် မခွဲ သရွေ့ မုန့်ဟင်းခါး ကြိုက်သူများလို့ မုန့်ဟင်းခါးဘဲ အလေးသာပါလိမ့်မယ်။

    ပြီးတော့ ကထူးဆန်းရဲ့ အမြင်..

    ရွာကို ဗုဒ်လုပ်ခိုင်းဖို့ ကိုဘလက်ချော စတင်စဉ်က စဉ်းစားခဲ့ကြပါတယ် ။ ဒီလမ်းကိုအဲ့ဒီတုန်းက ဘေးဖယ်ခဲ့ကြပါတယ် ။အခု တစ်ပါတ်ပြန်လည်ခဲ့ပေမဲ့ အခုတော့ သူကြီးရဲ့ member only စီစဉ်နိုင်လို့ လုပ်နိုင်ရင် ပိုကောင်းသွားပါတယ် ။
    သို့သော်လည်း ကျွန်တော် ဆုရတဲ့ သူကြေညာရတဲ့ အလှည့်မှာ ရွာသူားတွေ ဘယ်လောက် စိတ်ဝင်စားလဲ သိချင်လို့ “ဂဇက်လိခ်( မန်းဂဇက်ချစ်သူများစာပေဆု) ဆိုပြီး ကျွန်တော်တို့ ရွေးထားတဲ့ ပိုစ်တွေ တင်ခဲ့ပါတယ် ။
    ဗုဒ်လုပ်ခိုင်းတာ မဟုတ်လို့ ဂရုမစိုက်တာလည်း ဖြစ်ကောင်းဖြစ်ပါ့မယ် ။ response က အားရဖွယ် မရှိပါဘူး ။ စိတ်ဝင်စားသူ လက်ချိုးရေလို့ ရပါသည် ။
    အခု ကိုဂီပိုစ် ကိုကြည့်ရင်လည်း ထိုနည်း၎င်းပါဘဲ မှ ပြန်စဉ်းစားကြပါလို့သာ ပြောချင်ပါသည် ။
    ဦးဦးပါတို့ အန်တီပဒုမ္မာ တို့ ရဲ့ စိတ်စေတနာတွေကို လေးစားပေမဲ့ ကျွန်တော်လည်း stupid and active အဖြစ်မှ လျော့ချဖို့စဉ်းစားထားကြောင်းပါ။

  • ဦးကြောင်ကြီး

    November 25, 2012 at 11:29 am

    ဂတိပေးတယ်ဗျာ… မဟုတ်တရုတ် ကြေးမုံဂျီးရေးတဲ့ လေကာတာပို့စ်မှန်သမျှအကုန် ဖတ်မယ်၊ မှတ်ချက်ပေးမယ်၊ လမ်းတွေ့ရင် ခြစ်ပစ်မယ်….. ပြေးနိုင်မှ လွတ်စေမယ် တရုတ်ကူမြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် ကြေးမုံဂျီးရေ…. :gee:

  • သုရှင်

    November 27, 2012 at 3:57 pm

    ခိုင်ဇန် ဆိုမှ အလုပ်ထဲမှာ အဲဒီ ခိုင်ဇန်ဆိုတာကြီးကို ကြားကြားနေရလို့
    စိတ်ကုန်နေပြီဗျို ့။
    kaizen = continuous improvement

Leave a Reply