“ရွှေ” နှင့်ပတ်သတ်လို့ ဗဟုသုတ

MgMobileNovember 22, 20121min20118

ရွှေဆိုသည်မှာ- အခေါက်ရွှေ (သို့မဟုတ်) မီးလင်း

-၁၅ဲ ရည် (ဆယ့်ငါးပဲရည်)

– ဒင်္ဂ ါးရည် (သို့) ၁၂ ရွေးစပ်

-၁၄ဲ ရည် (ဆယ့်လေးပဲရည်)

-ရွေးသုံးဆယ်စပ်

-မိုးကြိုး

တစ်ကျပ်သား =၁၆ ပဲ =ရွေး ၁၂၀

ငါးမူးသား = ဂဲ(ရှစ်ပဲ) = ရွေး ၆၀

တစ်မတ်သား = ၄ဲ = ရွေး ၃၀

တစ်မူးသား = ၂ဲ = ၁၅ ရွေး

တစ်ပဲသား = ၇.၅ ရွေး

(ငါးမူးသားကျတော့ ရွေး ၆ဝ ဖြစ်ပြီး တစ်မူးသားကျတော့ ၁၅ ရွေးဖြစ်နေခြင်းမှာ ကျနော်လဲမသိ

ရှေးအရင်လူများလက်ထက် ကတည်းက အဲ့ဒီအတိုင်း သုံးနှုန်းခဲ့ကြတာဖြစ်သည်)

(မြန်မာ့ အသုံးအနှုန်းများ၏ တိကျပုံ မှာတစ်ခါတစ်ရံ ထိုသို့ဖြစ်တတ်သည်)

မီးလင်း နှင့် အခေါက်သည် အတူတူ ခေါ်ဝေါ်ပုံသာကွဲသည် ရွှေဈေး အသုံးအနှုန်းကို

အခေါက်ရွှေနှင့်သာ အရောင်းအဝယ်လုပ်သူများ အသုံးပြုပြောကြားကြသည်။

အခေါက်ရွှေဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်းဒြပ်စင်ဖြစ်သည်။ ၁၅ဲ ရည်ဆိုသည်မှာအခေါက်ရွှေ ၁၅ဲ

သားနှင့် ကြေးနီ+ဘော် အချိုးကျ ၁ဲ(တစ်ပဲ) သားနှင့်ရောစပ်ပြီး

တစ်ကျပ်သားပြုလုပ်ထားတာဖြစ်သည်။

ဒင်္ဂ ါးရည် (သို့) ၁၂ ရွေးစပ်ဆိုသည်မှာလည်း အခေါက်ရွှေ ၁၁၈ ရွေးကို ကြေးနီ+ဘော် ၁၂

ရွေးအချိုးကျ ရောစပ်ထားတာဖြစ်သည်။

၁၄ ဲရည်(ဆယ့်လေးပဲရည်) ဆိုသည်မှာလဲ ထိုနည်း၎င်း အခေါက်ရွှေ ၁၄ဲ (ဆယ့်လေးပဲ)သားကို

ကြေးနီနှင့် ဘော်အချိုးကျ ၂ဲသား(နှစ်ပဲသား) ရောစပ်ထားခြင်းပဲဖြစ်ပါသည်။

ရွေးသုံးဆယ်စပ် ဆိုတာကတော့ အခေါက်ရွှေ သုံးမတ်သား ရွေး (သို့) ၁၂ဲ သားကို ကြေးနီနှင့်

ဘော် အချိုးကျ ၁ မတ်သားရောစပ်၍ တစ်ကျပ်သား ဖြစ်အောင်ပြုလုပ်ထားတာဖြစ်သည်။

မိုးကြိုး- ဆိုသည်မှာတော့ အခေါက်ရွှေ တစ်မတ်သား (၄ဲ) ကို ကြေးနီ နှင့်ဘော် အချိုးကျ

သုံးမတ်သား(၁၂ဲ)သားရောစပ် ၍တစ်ကျပ်သားဖြစ်အောင်ပြုလုပ် ထားတာဖြစ်တယ်။

(မလွန်လွန်းဖူးလားကွယ်)

အခေါက်ရွှေတစ်ကျပ်သား ဈေးဘယ်လောက်ရှိတယ်ဆိုတာ သိရင် ကျန်တဲ့အရွှေအမျိုးအစားတွေ

ရဲ့ဈေးဟာလဲ ဘယ်လောက်ရှိတယ်ဆိုတာ ဒီလို ဒီလို ဖော်မြူလာလေးတွေ ရှိတယ် . . . . .

အခေါက်ရွှေဈေး x ၁၁၂.၅ / ၁၂ဝ = ၁၅ဲရည်ဈေး

အခေါက်ရွှေဈေး x ၁၀၈ / ၁၂ဝ = ဒင်္ဂ ါးရည်ဈေး

အခေါက်ရွှေဈေး x ၁၀၅ / ၁၂ဝ = ၁၄ဲ ရည်ဈေး

အခေါက်ရွှေဈေး x ၉ဝ / ၁၂ဝ = ရွေးသုံးဆယ်စပ်ဈေး

အခေါက်ရွှေဈေး x ၃ဝ / ၁၂ဝ = မိုးကြိုးဈေး

အခေါက်ရွှေ ဟာပျော့တယ် ကြေးနီနှင့်ဘော် ပါဝင်နှုန်းများလာလေ ရွှေဟာအရည်ညံလေ

မာလာလေဖြစ်ပါတယ်။ အခေါက်ရွှေကို မီးနဲ့ နီရဲးလာအောင် အပူပေး ရေထဲသို့ ချလျှင်သော်၎င်း

ဒီအတိုင်းပဲ အအေးခံလျှင်သော်၄င် အဝါရောင်အတိုင်း မပြောင်းလဲပဲမြင်တွေ့ရပါလိမ့်မယ်။

ရွှေထည်များဝယ်ယူ ဝတ်ဆင်ပြီးပါက ပြန်လည်ရောင်းချသောအခါ

ဘောက်ချာပျောက်လျှင်သော်၎င်း မိမိဝယ်ယူသည့်ဆိုင်မဟုတ်ပဲ

တစ်ခြားဆိုင်သို့ရောင်လျှင်သော်၎င်း ဈေးအနှိမ်ခံရပါတယ်။ အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့

ရွှေထည်တစ်ခု လုပ်တော့မယ်ဆိုရင် ဂဟေဆော်ရတယ်။ အဲ့ဒီဂဟောဆော်ဖို့က

အထည်လုပ်မည့်ရွှေ အမျိုးအစား ၂ ဆကို ကြေးနီနှင့်ဘော် ဆတူဝန်းကျင် ရောစပ်ထားတဲ့ စပ်ခဲ ၁

ဆနဲ့ရောရတယ်။ ရွှေထည်တစ်ကျပ်သားဆိုပါက စပ်ခဲ ၁ ရွေးမှစ၍ ၅ ရွေး ၆ ရွေးအထိဝင်ပါတယ်။

တစ်ခါတစ်ရံ တစ်ပဲဝန်းကျင်သာ အတင်ချိန်ရှိတဲ့ နားကပ် လက်စွပ် တစ်ခုခုပြုလုပ်ပါကလဲ စပ်ခဲ ၁

ရွေး ၂ ရွေးအထိဝင်ပါတယ်။ နားကပ်တစ်ရံဆိုပါစို့ ရွှေချိန်က ၁ဲ သားပဲရှိတယ် စပ်ခဲက ၂

ရွေးလောက်ဝင်နေတယ်။ ရွှေက ၅ ရွေးခွဲပဲကျန်တော့တယ်။ ဆိုင်ကကိုယ်ဝယ်ခဲ့တော့ ၁ဲ

ဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း ရွှေပါတာက ၁ဲ မပြည့်ဘူး။ အလျှော့တွက်လက်ခက ၃

ရွေးလောက်ပေးရတယ်။ ကိုယ်ဝယ်မယ်ဆိုရင် အတင်ချိန်+အလျှော့တွက်လက်ခ ၁၀.၅

ရွေးဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း အဲ့ဒီအထည်မှာ ပါတဲ့ရွှေက ၅ ရွေးခွဲးလောက်ပါတယ်။ ဒါကို

မိမိဝယ်ယူတဲ့ဆိုင်မှာ ပြန်ရောင်းမယ်ဆိုရင် ပြဿနာမရှိဘူး ရွှေချိန် ၁ဲ ကိုလဲ ၁ဲ ဖိုးပြန်ပေးတယ်။

အလျှော့တွက်လက်ခ ၃ ရွေးယူထားတာကိုလဲ အထည်မပျက်စီးသေးဘူးဆိုရင်

တစ်ဝက်ဖိုးပြန်ပေးတယ်။ အဲ့ဒါကြောင့် မိမိဝယ်ယူတဲ့ဆိုင်ကို ပြန်ရောင်းမယ်ဆိုရင် အလျှော့တွက်

တစ်ဝက်လောက်ပဲရှုံးတယ်။ အခြားဆိုင်မှာ သွားရောင်းမယ်ဆိုပါက သူတို့လုပ်ထားတဲ့

အထည်မဟုတ်တဲ့အတွက် လက်ရှိအထည်မှာပါတဲ့ ရွှေတန်ဖိုးကိုပဲ တွက်ဝယ်မှာဖြစ်ပါတယ်။

ရွှေပါဝင်တာက ၅ ရွေးခွဲလောက်ပဲရှိမယ်ဆိုရင် သူတို့အတွက် အမြတ်က

တစ်ခြမ်းလောက်ချန်လိုက်မယ်(တစ်ရွေး၏တစ်ဝက်) ရောင်းတဲ့လူမှာ ၅ ရွေးဖိုးပဲပြန်ရတော့မယ်။

ဝယ်တုန်းက ဆယ်ရွေးနဲ့ တစ်ခြမ်းရှိတယ် ငါးရွေးခွဲးလောက် ရှုံးသွားမယ်။

ရွှေဆိုင်တစ်ဆိုင်အနေဖြင့် မိမိရောင်းလိုက်သော အထည်မိမိဆီပြန်မလာလေ ကြိုတ်လေပဲ။

တစ်ချို့ရွှေဆိုင်တွေက ကျတော့လဲ ရွှေအရည်မပြည့်မှိဘူး ၁၅ဲ ရည်ဆိုရင် ၁၄ဲ

ရည်လောက်ပဲရှိတယ်။ တစ်ကျပ်သားကို တစ်ပဲ ပိုစပ်ထားတဲ့အတွက် တစ်ပဲ ကို လေးသောင်း

ငါးသောင်း ဝန်းကျင်မှာရှိတယ်။ တစ်ရက်ကို နှစ်ကျပ်သားရောင်းရရင် တစ်သိန်းလောက်က

အလျှော့တွက် လက်ခ မပါသေးဘူး ပိုစပ်ထားတဲ့အတွက်နဲ့တင်မြတ်နေပြီ။ ပြန်လာရောင်းတော့

ပြန်ပေးလိုက်တယ်။ ဘာဖြစ်လဲ ကိုယ်လုပ်ထားတဲ့ဟာ ကိုယ်ပြန်ပေးရတာ။ ကြားထဲမှာ

ငွေသုံးရတာပေါ့။ ပြန်မလာတော့ဘူးဆိုရင် အမြတ်ကျန်နေလိုက်တာပေါ့။ တစ်ကယ်တော့ ဒါဟာ

ဝယ်ယူတဲ့လူဆီကနေ ပိုစပ်ထားတဲ့ အတွက်ကခိုးလိုက်တာပဲ။ ရွှေအကြောင်းဆိုရင်

နားမလည်တဲ့လူကများတော့ တစ်ချို့ရွှေဆိုင်တွေက ညစ်ပတ်တယ် ရွှေထည်က

ဝယ်ထားတာကြာနေပြီ ။ ဝယ်တုန်းကဈေး နဲ့ ပြန်ရောင်းတဲ့ အချိန်ဈေးဟာလဲ

တော်တော်ကွာနေတယ်။ ဥပမာ ဝယ်တုန်းက တစ်သိန်း ပေးထားရတယ်ဆိုရင် အခု

တစ်သိန်းခွဲလောက် ရ ရမှာ။ ဒါပေမယ့် တစ်သိန်း သုံးသောင်းလောက်ပဲ ပေးတယ်။

ရောင်းတဲ့လူကလဲ နားမလည်တော့ သုံးသောင်းလောက်မြတ်တာနဲ့ ကျေနပ်နေတယ် အဲ့ဒါမျိုးတွေ

လုပ်ကြတယ်။ ရွှေဆိုင်ကြီးတွေမှာ ရောင်းလိုက်ရတဲ့အထည် တစ်ဝက်လောက်က

ဆိုင်ကိုပြန်လာတယ်။ တစ်ဝက်လောက်က ဆိုင်ကိုယ်ပြန်မလောတော့ဘူးလို့

ခန့်မှန်းခြေသိရပါတယ်။ ရွှေထည်များဝယ်ယူမည် ဆိုပါက ထိုကဲ့သို့ ရှိပါသည်။ တစ်ကယ်လို့

ပိုက်ဆံပျောက်ပျက်သွားမှာစိုးလို့ ရွှေဝယ်ထားချင်တယ်ဆိုရင် အခဲလိုက်ဝယ်ထားတာ

အဆင်အပြေဆုံးပါ။ တစ်ကျပ်သားကို ရောင်းဈေးနဲ့ ဝယ်ဈေး ၁၅၀ဝ ပဲခွါတယ်။ ဒါကလဲ ခေါက်ရွှေ

သီးသန့်ရောင်းတဲ့ ဆိုင်တွေ ဈေးမှန်တဲ့ ဆိုင်တွေမှပါ။ တစ်ချို့ရွှေဆိုင်များစို ဝယ်တဲ့အခါမှာ

လက်ရှိပေါက်ဈေးထက် တစ်သောင်းလောက်ပိုရောင်းတယ် ပြန်ဝယ်တဲ့အချိန်ကျတော့

တစ်သောင်းလောက် လျော့ပေးပြန်ရော ဝယ်တော့တစ်သောင်းနာ ရောင်းတော့တစ်သောင်းနာ။

ရွာသူ ရွာသားအပေါင်းကို ဗဟုသုတဖြစ်စေလိုတဲ့ စေတနာနဲ့ ရေးလိုက်တာပါ။ အမှားများ

မပြည့်စုံသည်များ တွေ့ရှိရပါက ပြန်လည် ဖြည့်စွပ်ပေးကြပါရန် . . . . . . . . .

18 comments

  • koyinmaung

    November 22, 2012 at 2:33 pm

    မြန်မာနိုင်ငံရဲ့ရွှေအလေးချိန်နဲ့တရုတ်ပြည်ကရွှေအလေးချိန်ဘယ်လိုကွာလဲဆိုတာ
    သိယင်ပြောပြပေးပါလား …
    မြန်မာနိုင်ငံက ကျပ်သားသုံးပြီး တရုတ်ပြည်က ခက် လို့ခေါ်တယ်ထင်တာဘဲ….
    အသံထွက်မှားယင်လဲပြင်ပေးကြပါအုံး
    ကျနော်သိချင်တာက တစ်ကျပ်သားမှာဘယ်နှစ်ခက်ရှိတယ်ဆိုတာပါ…
    ရွာသားတွေထဲကလဲသိယင်ပြောကြပါအုံး….

    • MaMa

      November 24, 2012 at 9:41 am

      တရုတ်ရွှေအလေးချိန်တော့ မသိဘူး။
      gm နဲ့ ကျပ်သား ဆိုရင်တော့ 16.6 gm= ၁ကျပ်သား။
      အနီးစပ်ဆုံးတော့ 1gm က ၁ပဲသားလောက်နီးနီး ရှိတယ်။

  • koyinmaung

    November 22, 2012 at 2:35 pm

    ကိုမိုဘိုင်းရေ ရွှေအကြောင်းခုမှပြည့်ပြည့်စုံစုံလေးသိရတော့တယ်..
    ကျေးဇူးတင်ပါတယ်ဗျာ…..

  • surmi

    November 22, 2012 at 2:42 pm

    ကိုရင်က မန်းလေးဖက်ကထင်တယ်
    ရန်ကုန်မှာက တစ်ကျပ်သားကို ၁၂၈ ရွေးနဲ ့ တွက်တာ
    ဆက်အားပေးနေပါ ့မယ် ။
    မတူတဲ ့ ဒေသက အထာလေးတွေသိရတာပေါ ့နော

    • MaMa

      November 22, 2012 at 2:51 pm

      ရွာထဲမှာ ရွှေဆရာတွေ များလာတဲ့သဘောပေ့ါ။ :hee:

  • ရွာသူ jujuma .

    November 22, 2012 at 3:02 pm

    ရွေးကြီး – ရွေးလေး နှစ်မျိုးရှိတယ်လို့သိရပါတယ် …
    ဘယ်လိုကွာသလဲ ဆိုတာလေးလဲ သိချင်ပါတယ်ဗျ …

  • မိုချို

    November 22, 2012 at 3:03 pm

    ရွှေထည် ကတော့ ဝတ်ဖို့ ကလွဲ ရင် စု ဖို့ ဆို မဝယ်တာ အကောင်း ဆုံး ပဲ ၊ နာဘက် ကချည်း ပဲ။ သူ့ ဆိုင် မှာ ပြန်ရောင်း တာ အလျော့ တွက် လက်ခ တဝက် ပြန်ပေး တာ တခါ မှ မကြုံ ဖူးသေးဘူးရယ်။ ဝတ်ထား လို့ ချွေးတွေ၊ သနပ်ခါးတွေ နဲ့ ဂျီး တတ်နေ တာတောင် အဲဒိ အတွက် ပို လေး နေ ရမယ့် အစား ပြန်ရောင်း ရင် အလေး ချိန် ကအမြဲလျော့ နေတယ် ဆို တာချည်း ပဲ။
    ရွှေစု ချင်တယ် ဆို ရင် အခေါက် လက်ကောက် ကွင်း တွေ ဆို ရင် တော့ အဆင် ပြေတယ်။ အလျော့ တွက် ၊ မရှိဘူ။ ရောင်း ရင် ပေါက် ဈေး ပြန် ရ တယ် လက်ခ ၅၀၀ဝ ပဲ လျော့ တယ်။ အနည်း ဆုံး ၁ ကျပ်သား က စဝယ် လို့ ရတယ်၊ ၁ ကျပ်သား လောက် ဆိုရင် တော့ အရမ်း သေး ပြီးပျော့ တယ်။ ၂ ကျပ်သားလောက် ဆို ဝတ် လို့ လဲ အဆင်ပြေတော့ လူ ရှိန် အောင် ဝတ် ထား ချင် လဲ ရတယ်။ ရွှေ လည်း စု ချင် ၊ တခါတည်း အတုံးတွေ ၊ အချောင်းတွေ အလေး ချိန် များများ စားစား မဝယ် နိုင် ရင် အဲလိုလေး ဝယ်စုရင် အဆင်ပြေတယ်။
    စကားစပ် ပြီး ပြော ရ ရင် မြန်မာ့ ရွှေအလေး ချိန် မူးတွေ ၊ ပဲ တွေ ၊ရွေး တွေ ကို နိုင် ငံ တကာ အတိုင်း ၊ ဂရမ် နဲ့ပဲ တိတိ ကျကျ ပြောင်း သုံး ကြရင်ကောင်း မယ်။

  • jullies cezer

    November 22, 2012 at 4:24 pm

    ရွှေဆိုရင်တော့ ငရွှေ ကိုအမုန်းဆုံးပဲဟေ့ (ငါးကိုပြောတာပါ) 😀

  • အလင်းဆက်

    November 22, 2012 at 7:22 pm

    ဗဟုသုတ…ပေါ့နော် ။

    ရွာမှာ..ဒီလို.. စာလေးတွေလည်း..လိုအပ်ပါတယ်ဗျ ။
    လိုအပ်ချက်ကလေး..ဖြည့်ပေးသွားလို ့..
    ကျေးဇူးဗျို ့ ။

  • uncle gyi

    November 22, 2012 at 9:08 pm

    အခဲဝယ်လည်း
    ဝယ်တုန်းပြောတာ၁၅၀ဝခွါမယ်
    ရောင်းတော့၃၀၀ဝ ၅၀၀ဝ ခွါတာပါပဲကွယ်
    သူတို့ပါးစပ်ထဲရှိတာဈေးပါပဲမိုမိုရယ်

  • Mobile

    November 22, 2012 at 10:21 pm

    ရွေးကြီး – ရွေးလေး နှစ်မျိုးရှိတယ်လို့သိရပါတယ် …
    ဘယ်လိုကွာသလဲ ဆိုတာလေးလဲ သိချင်ပါတယ်ဗျ …
    ရွေးကြီး-ရွေးလေး ဆိုတာက
    ရွေးကြီးစေ့က နှစ်ရွေးစေ့ကို ခေါ်တာပါ
    တစ်ကျပ်သားကို ရွေးလေးနဲ့ဆိုရင် ၁၂ဝ ရှိပါတယ်။
    ရွေးကြီးနဲ့ ဆိုရင်တော့ ၆ဝ ပဲရှိပါတယ် ဒီလိုလေးပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 23, 2012 at 12:07 am

    တစ်ခါတစ်လေတော့ တွေးမိတယ်ဗျ
    ရွှေဆိုတာ ကမ္ဘာ့ငွေကြေးတွေကို အာမခံထားလို့ရတဲ့ပစ္စည်းဖြစ်လေတော့
    ပန်းတိမ်ပညာတတ်ပြီး ရွှေလေးဘာလေးခိုးတတ်ရင် မခါးဘူးလို့ဆိုရမှာဘဲ
    ပြောခြင်တာက ရွှေဆိုတာ ဟိုးးးးးဘုရားမပွင့်မီအချိန်ကတည်းကသုံးနေကြတာကလား
    ကျုပ်ကတော့ ရွှေကို ပေါင်လို့လွယ်တာကလွဲလို့ အခြားအကြောင်းတွက် သိပ်မကြိုက်လှဘူး :mrgreen:

  • lynnsatyar

    November 23, 2012 at 1:40 pm

    အဲ့လိုမရှုံးရအောင် ရွှေကို လက်ဝတ်လက်စားမဟုတ်ပဲ ဒီ အတိုင်းပဲ ဝယ်စုချင်ပါတယ်…။ ရွှေကို တစ်တုံးလုံး တစ်ချောင်းလုံးစာ မတတ်နိုင်လို့ ကိုယ်နိုင်သလောက် ဖြတ်စလေးတွေပဲ ဝယ်ချင်တယ်ဆို.. ဘယ်လောက်ကနေ အနည်းဆုံးစဝယ်လို့ရပါသလဲ

  • Mobile

    November 24, 2012 at 1:59 am

    တစ်ရွေးကနေ အနည်းဆုံးဝယ်စုလို့ရပါတယ်
    ပထမ တစ်ရွေးဝယ်လိုက်မယ်
    နောက်တစ်ခါကျ တစ်ရွေးဝယ်လိုက်မယ်
    အဲ့ဒီနှစ်ရွေးကို ပေါင်းပြီး ကျိုခိုင်းလို့ရပါတယ်
    အဲ့ဒီလိုနဲ့ နဲနဲစီ တတ်နိုင်သလောက် ဝယ်စုလို့ရပါတယ်
    ခေါက်ရွှေ တစ်ရွေးကို အခုလက်ရှိ တစ်ကျပ်သား ၇၇၀၀၀ဝ ဝန်းကျင်နဲ့ဆိုရင်
    တစ်ရွေးကို ၆၅၀ဝ ဝန်းကျင်ဖြစ်ပါတယ်

  • uncle gyi

    November 24, 2012 at 10:03 am

    မိုဘိုင်းရေရွေးလေးလည်းမသိချင်နဲ့
    ရွေးကြီးလည်းမသိချင်နဲ့
    မကြာမှိီအချိန်အတွင်းမက်ထရစ်စနစ်ပြောင်းတော့မယ်လို့ကြားပါတယ်ကွယ်

  • မန်းလေးမှာတော့ အောင်သမာဓိရွှေလုပ်ငန်းကနေပြီး
    ရွှေအကြောင်းသိလိုသူတွေကို အခမဲ့သင်တန်းပေးနေပါတယ်။
    သင်တန်းဆင်းလာသူတွေကိုမေးကြည့် တော့ တကယ်ကိုတန်ဖိုးရှိတဲ့ သင်တန်းလို့ပြောကြပါတယ်။

  • Hnin Hnin

    November 24, 2012 at 4:17 pm

    ဖတ်ပြီး မှတ်သွားပါတယ်….

  • Mobile

    December 13, 2012 at 12:50 pm

    ဝင်ရောက်အားပေးခဲ့ကြသူအပေါင်း အထူးကျေးဇူးတင်ရှိပါကြောင်း။။။။။။

Leave a Reply