နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ် ဦးနှောက်တွင်ရပ်နေသော အပိုင်း(16)

အဲဒီအချိန်တုံးက (ကျားမျက်လုံး)လို့အမည်ရတဲ့နိုင်ငံခြား ရုပ်ရှင် ခေတ်စားနေတဲ့အချိန်မှာ ရုပ်ချောချော တူးတူးဆိုတဲ့ကောင်လေး က (အမုန်းမျက်လုံး)ဆိုတဲ့
သီချင်းလေးနဲ့ ခေတ်စားလာခဲ့ပါတယ်။
အခုခေတ်လူကြိုက်များတဲ့ (မင်းလက်ကလေးကိုင်ချင်လို့……………………)ဆိုတဲ့သီချင်းအလိုက် (မင်းမရှိရင် ငါ့စိတ်မှာ မြင်မြင်ရာဝိုးတဝါးထင်……..ဖြစ်ပါ့မလားမင်းမရှိရင်…………………ဆိုတဲ့သီချင်းလေးကလဲ နာမယ်ကြီးပါတယ်။
(ဆူးနဲ့နှင်းဆီ။အကြင်နာအကြည့်တွေရဲ့အကြောင်း။သူ)စတဲ့သီချင်းတွေက နာမယ်ကြီးသီချင်းတွေပါ။
စကားနည်းပြီး အရမ်းအေးဆေးတယ်လို့ သတ်မှတ်ခံရတဲ့တူးတူးက ဟေမာနေဝင်းနဲ့ တစ်ပြိုင်တည်းလောက်နာမယ်ကြီးလာပါတယ်။
သူတို့နှစ်ယောက်တွဲဆိုတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးတွေ၊စုံတွဲတေးတွေကလဲနာမယ်ကြီးသလိုလိုက်ဖက်တယ်လို့ အများက သတ်မှတ်ကြပါတယ်။
အိမ်ထောင်ကျပြီးတဲ့နောက်မှာ ဂီတအလုပ်တွေရပ်သွားပါတယ်။
အမှတ်ရစရာဆို သူ့သီချင်းနာမယ် (ဆူးနဲ့နှင်းဆီ)နဲ့နာမယ်တူ ဗွီဒီယိုတကားအတွက် သီချင်းရေးသူနဲ့ ရုပ်ရှင်ထုတ်လုပ်သူ ကွိုင်တွေပူကြတာပါ။
သူနဲ့ခေတ်ပြိုင်နောက်တစ်ယောက်ကတော့ အကယ်ဒမီမင်းသား ဆရာဝန် ရုပ်ချောသဘောကောင်း တဲ့
(ကြိုပါကွယ်၊ကြည်ဖြူပါမေရယ်။လိုက်ရဲလား။မိုးရွာတဲ့နေ့အသက်ရှင်ခြင်း။ လင်းဆွဲလေးလိုကြည့်မလား)
တွေနဲ့နာမယ်ကြီးပြီး ရုပ်ရှင်လောကထဲကိုရောက် နောက် သူနဲ့ခေတ်ပြိုင် အတွဲလဲများတဲ့မင်းသမီးတစ်လက်နဲ့ ကောလဟာလတွေထွက်ပြီးနောက်
နိုင်ငံခြားကို အပြီးထွက်သွားတာ ပြန်မလာတော့ပါ။
ဒါပေမဲ့ဟိုမှာ ကြုံရင် ဝင်ဟဲတယ်လို့တော့ စာစောင်တွေကတစ်ဆင့်သိရပြန်ပါတယ်။
သူတို့နဲ့မရှေးမနှောင်းထူးအိမ်သင်ရေးတဲ့သီချင်းတွေဖြစ်တဲ့
ဒို့နှစ်ယောက်ရဲ့အချစ်………………………………………
အခါလွန်တဲ့မိုး မို့အငြိုးနဲ့ရွာ…………………………………….
မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ် မနေ့ကငါသေဆုံးသွားခဲ့တယ်…………………….တို့နဲ့အောင်မြင်လာခဲ့ပါတယ်။
သူကတော့အခု ရုပ်ရှင်လောက မှာ အမေမို့ကနေ သင်ပေးနေတယ်ဆိုတဲ့ မိုးအောင်ရင်ရဲ့ဖေဖေ ရုပ်ဖြောင့်တဲ့ အောင်ရင်ပါ။
နောက်ပိုင်းမှာတော့ သူက မြန်မာသံရေဒီယိုသီချင်းတွေကို ဆိုတာများပါတယ်။
(ချစ်သောသူသာရင်အလှပန်း။သမုဒ္ဒရာခြားလို့နေမလား။နိုဝင်ဘာမှာလာမလား ဒီဇင်ဘာမှာလာမလား။ကိုယ်ဆင်ပေးမဲ့ပန်း ။အချော့ကြိုက်မလေး။
ချယ်ရီပန်းမခူးရ )အစရှိတဲ့ ရေဒီယိုသီချင်းခပ်မြူးမြူး ဘိုဆန်ဆန်လေးတွေအပြင်
ကိုမြကြီးရဲ့နာမယ်ကြီး (နွဲ့ဆိုးတို့ ဘာဘဲလုပ်ရလုပ်ရလေတို့ ဇာတိမာန်တို့ကို ဆိုတော့လဲ သူ့အသံနဲ့လိုက်တော့ လူကြိုက်ပါတယ်။
နောက်သည်ဘက်ခေတ်မှာ လေးလေးဝါးနဲ့တွဲလို့ နာမယ်ကျော် ဂီတလုလင်မောင်ကိုကိုရဲ့သီချင်း
(နွေမိန်တပေါင်း နေရှိန်လောင်း ရွက်ဟောင်းကြွေကျ မြေခခဲ့ပြီကွယ်……….ဆိုတဲ့လက်ပန်ပွင့်ကောက် အပါအဝင်
တနေဝင်သော်။ဂျိန်းဖောပွဲတော် သီချင်းကို ဆိုသလို
လေးလေးဝါးကလဲ (အချစ်ဆုံးမို့ပြောပြချင်ပါတယ်တို့ ကိုကိုချစ်ဝဲလယ်)စတဲ့ရေဒီယိုသီချင်းလေးတွေကို ဆိုထားပေးပါတယ်။
နောက် (မြို့ထဲလမ်းမပေါ် ကားရောင်စုံများစွာ တစ်စီးမှကိုယ်မပိုင်ပါ ……….အရမ်းကိုကြွားလိုက်တဲ့
ရှားရှားပါးပါး မိန်းကလေးဒရမ်မာ ပူစူးရဲ့တော်တော်လေးကို ရုပ်ဖြောင့်တယ်လို့ ပြောတဲ့ မျက်မှန်ထူထူနဲ့
ဒရမ်တီးရင်းသီချင်းဆိုတဲ့ (ဘီယာကျန်သေးလား။ ရိုစီတာမှမနှင်းဆီသို့။ငွေလမင်းရဲ့အဝေးကလူ။ဝေဒနာပြူတင်းပေါက်။
ကော်ဖီသောက်တိုင်းလွမ်းတယ်)တို့ရဲ့ပိုင်ရှင်အစစ် (ဇော်ဝင်းရှိန်)ပါ။
အခုတော့အသံတွေတိတ်နေပါတယ်။
သည်ကြားထဲက မြန်မာသံအဆိုတော်လေး မောင် ဂဠုန်က(ဆံပင်တွေကို လေနဲ့မူတ်မယ်ချစ်လို့ ချစ်လို့ ငြင်သာစွာနဖူးလေးနမ်းမယ်ချစ်လို့ချစ်လို့………….)
အော်နေတဲ့အချိန်မှာဘဲ (မိန်းမတွေမှိုလိုပေါတဲ့လောကကြီးထဲမှာ …………………..ဆိုပြီး အော်ဝင်လာတဲ့ဂျက်မြသောင်း
မှတ်မှတ်ရရ ပြောရရင် ဟေမာနေဝင်းနာမယ်ကြီးနေချိန်မှာ (ကြိုးပုခက်နှင့်ငြိတွယ်ခြင်း)ဆိုတဲ့ဟေမာနဲ့ စုံတွဲဆိုထားပေမဲ့ ဟေမာနေဝင်းနာမယ်ကိုလုံးဝမသုံးဘဲ
ထားတာ လေးစားစရာပါ။
စင်ပေါ်မှာ အရမ်းကို မုဒ်အပြည့်နဲ့ဆိုတတ်ပြီး စတိတ်ရှိုးတစ်ခုမှာ စင်ပေါ်ကပြုတ်ကျလို့ခြေထောက်ကျိုးဘူးသူလို့လဲမှတ်တမ်းတင်ရပါတယ်။
အခုတော့သူလဲ ငြိမ်ပြီးပျောက်နေပါတယ်။
သူနဲ့သိပ်မကွာတဲ့အချိန်မှာ တပုဒ်ကောင်းလေးတွေနဲ့ နာမယ်ကြီးတဲ့ တစ်ခွေပေါက် အဆိုတော်တွေလဲထွက်လာပါတယ်။
ကော်ပီသီချင်းလေးဖြစ်တဲ့ (မူံရွှေရည်သီချင်းလေးလိုကွယ် ……………တူလွန်းပါတယ် ပန်ချင်သူတွေဝို်င်းလည်.တို့။ ရုပ်ဆိုးသူဆို မုန်းပြန်တယ်…………..)ဆိုတဲ့သီချင်းတွေနဲ့အောင်မြင်လာတဲ့အဖွဲ့လေးနောက်နိုင်ငံခြားကို ထွက်သွားကြတော့ အဖွဲ့ပျက်သွားပါတယ်။
ဒီသီချင်းလေးကိုနောက်ပိုင်းမှာ သူ့ရုပ်ကညိုချောဘဲ…….မြင်သူငေးလောက်တယ်နဲ့ပေါက်သွားတဲ့ လူပိန်လေး ဗလ ပြန်ဆိုတာလဲအောင်မြင်ပါတယ်)
ထူးခြားတာကတော့ အဖွဲ့လိုက်ဆိုတဲ့ (လီယို)ပါဘဲ။
နာမယ်ကြီးသီချင်းကတော့ ကော်ပီသီချင်းလေးဖြစ်တဲ့ (မူံရွှေရည်သီချင်းလေးလိုကွယ် ……………တူလွန်းပါတယ် ပန်ချင်သူတွေဝို်င်းလည်.တို့။ ရုပ်ဆိုးသူဆို မုန်းပြန်တယ်…………..)ဆိုတဲ့သီချင်း(ဒီသီချင်းလေးကိုနောက်ပိုင်းမှာ သူ့ရုပ်ကညိုချောဘဲ…….မြင်သူငေးလောက်တယ်နဲ့ပေါက်သွားတဲ့ လူပိန်လေး ဗလ ပြန်ဆိုတာလဲအောင်မြင်ပါတယ်)။
ပရင့်ဘသော် အရပ်မြင့်မြင့်အချစ်ဆုံး
ဟယ်ရီလင်း ပျောက်ဆုံးသွားမှာစိုး
ဂျော်နီ ချာတိတ် ။မမ သီချင်းများ
ကောင်းဆက် အမြင့်ဆုံး မှာထားချင်တယ်။
ကိုမှိုး စာနာတတ်သူမို့။
မင်းခေါင် ရေစီးကြောင်းသံယောဇဉ်
နေမျုးိဆေး ဝါဆို
ရဲသွင် အချစ်များရင်ထဲမှာတို့။စွန့်စားမယ်ကိုယ့်အချစ်ရေ့လိုက်ရဲလား
စောဘွဲ့မူးရဲ့ ရောဂါ(သည်သီချင်းမူရင်းမှာ က ခွေးလွေခွေးလွင့်တောထဲ ဝင်ထိုင်ကာ ငိုချင်းချပါ ခုခေတ်ပြန်ဆိုတော့
မိန်းမလှတောထဲလို့ပြင်ဆိုထားပါတယ်။
ကြက်ခြံထဲကအလွမ်း(ကြက်အော်သံကို ဂစ်တာအဖက်တွေနဲ့ထဲ့တာ မိုက်မှမိုက်ပါ)
မြန်မာပြည်ရဲ့ကြီးမားသော အပြောင်းအလဲအပြီးမှာ ထိုင်းသီချင်းအလို်က်ဖြစ်တဲ့
(လမ်းဘေးနားက အကြော်ဆိုင် …………….အစချီတဲ့နာမယ်ကျော်မေဆွိရဲ့ကိုကိုစိတ်ကူးယဉ်ကအတော့ကိုအရှိန်ပြင်းခဲ့ပါတယ်။
အဲဒီသီချင်းရဲ့ဂယက်ကတော့ ရန်အောင်ဆိုတဲ့ရုပ်ဖြောင့်ဖြောင့်အခုတော့ အကယ်ဒမီများရှင်ရန်အောင်ကလဲ
(ငရုတ်သီး.တို့ မငြင်းနဲ့နော်တို့ ချစ်တယ်မီးရယ်တို့ မှော်ဆရာမလေး တို့နဲ့အောင်မြင်ပြန်ပါတယ်။
နောက်ပိုင်းမှာရန်အောင်က မြန်မာသံစဉ်သီချင်းတွေကို ဆိုပေမဲ့ မအောင်မြင်ဘူးလို့ဆိုနိုင်ပါတယ်။
သူတို့နဲ့အတူ တစ်ဆက်ထဲ မြန်မာပြည်နာမယ်ကျော် ဒါရို်က်တာဝင်းဖေရဲ့သမီး မီမီဝင်းဖေကလဲ ချိုအေးတဲ့အသံလေးနဲ့ဝင်လာခဲ့ပါတယ်။
သူ့နာမယ်ကြီးသီချင်းကတော့(ပန်းချစ်သူ။နှလုံးသားမြို့တော်.မိုးရွာမယ်ဆိုရင်လေ။)တွေပါ။
တင့်တင့်ထွန်းကလဲ ပုဂံလမ်းမှာလျှောက်တဲ့ညမှာ နမ်းမှာလားဆိုတဲ့သီချင်းနဲ့ဝုန်းဒိုင်းကြဲလို့ ဝင်လာပါတယ်။
နာမယ်အရမ်းကြီးထွက်မလာ ဟုန်းကနဲ့ဖြစ်မလာပေမဲ့
(နေရာတကာဆိုတဲ့သီရိကိုကို ။ ရင်ထဲမှာဦး………….ဆိုတဲ့သန္တာဦး

ခင်မြတ်မွန်။စိမ်းမို့မို့။ခင်ရတနာသိန်း)တို့က နာမယ်ရခဲ့သူတွေပါ။
ထူးခြားသူအကြောင်းပြောရမယ်ဆိုရင်တော့ သီချင်းအသံအေးအေး ရှရှချိုချိုလေးနဲ့အောင်မြင်ပေမဲ့
စာမျက်နှာပေါ်ကိုထွက်လူလုံးမပြလို့ ပရိတ်သတ်တွေအကြားမှာ အဖြေမရတဲ့ ပဟေဠိတပုဒ်ပိုင်ရှင်
(သည်မိုးတိမ် မျှော်နေချင်တယ် စိတ်ကူးများ ငါချမ်းလို့တုန် ……………….လို့ဆိုသူ မို့မု့ိရဲ့မေမေ ပိုလာဘာလီက ဖြူသီပါ။
(ရွေကျေးတမာ.မိုင်ပေါင်းတစ်ကုဋေ။ပုန်းနေမယ် ။ပိုလာဘာလီ။ မန်းလေးရောက်ရင်ဝင်ခဲ့ပါ။ဟိုဘက်အိမ်ကလူ။)အစရှိတဲ့
တော်တော်လေးကိုကောင်းတဲ့သီချင်းများကို သူ့မောင်ဖြစ်သူ ရာဇာဝင်းတင့်နဲ့တွဲလို့ ထွက်လာပါတယ်။
နောက်ပိုင်းမှာမြန်မာသံစဉ်သီချင်းတွေကိုပြန်ဆိုတာလဲအောင်မြင်ပါတယ် သူက သူ့စိတ်ကြိုက်သီချင်းလေးတွေကိုရွေးဆိုသွားတာပါ။
အခုတော့ ဖြူသီဘယ်လောက်ကျက်သရေရှိတယ်ခန့်တယ်ဆိုတာ လူတွေမြင်ဘူးယုံမက သူရေးတဲ့စာတွေကိုတောင်ဖတ်နေရပါပြီ။
ထူးခြားတာလေးတစ်ခုက နောက်ပိုင်းမှာ အယ်ခွန်းရီ ဖြစ်လာမဲ့သူက အရင်က စန်းစန်း
ဖြူသီ လို့ဖြစ်လာမယ့်သူ က တက္ကသိုလ်ဖြူဖြူသီ ။ မိုင် ဖြစ်လာမယ့်သူက ဓညဝတီရွှေကြည်ဆိုတဲ့နာမယ်နဲ့ကျင်လည်ပြီးမှ အောင်မြင်လာတာပါ။
ဆိုလိုချင်တာအောင်မြင်မူ့ဆိုတာ အများကြီးရင်းနှီးခဲ့ရတယ်ဆိုတာလူငယ်တွေကိုသိစေချင်တာပါ။
1990ခုနှစ်လောက်မှာ မြန်မာပြည်ရဲ့ဂီတလောက် ကိုအပြောင်းအလဲတစ်ခုဖြစ်စေနိုင်တဲ့
(မွန်တို့ဌာနီရာမညတို့နဲ့အောင်မြင်သူရဲ့သားဖြစ်သူ က)
ဘယ်သူမှမဆွဲကြနဲ့ ဘယ်သူမှမတားကြနဲ့ဆိုပြီး ……………………………….

One comment

  • fatty

    July 16, 2010 at 3:48 am

    If possible…..let us know ……about singer HAN TIN……..FROM MANDALAY

    ……………now he lives on the hill ,,,,may be sagaing division,,,,,near Myaung, Myinmu……..

Leave a Reply