ပွေးကိုင်း မယ်ဇလီပန်းလေးများ

weiweiNovember 22, 20121min29123

တန်ဆောင်းမုန်းလမှာ ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုတ်အကြောင်း ရေးတာ ဖတ်ရတော့ ဒီအပါတ် ဓါတ်ပုံရိုက်ဖြစ်ခဲ့တဲ့ ပွေးကိုင်း မယ်ဇလီပင်များကို သတိရမိတာနဲ့ မမြင်ဖူးတဲ့သူတွေ မြင်ဖူးအောင် တင်လိုက်ပါတယ်။

ပန်းခင်းတစ်ခုလိုပဲ ပွင့်နေကြတယ်
လေအတိုက်မှာ ယိမ်းနွဲ့နေကြတယ်
အလှချင်းပြိုင်နေကြတဲ့ ပန်းကလေးများ
အနီးကပ်ကြည့်လေ ပိုလှလေ ..

ဆောင်းရာသီဝင်ပြီဆိုတာနဲ့ ပွေးကိုင်းပန်းလေးတွေ ပွင့်လာတာ မြင်တွေ့ရပါတယ်။ ဘယ်သူမှလဲ မစိုက်ပဲနဲ့ အလေ့ကျပေါက်တဲ့အပင်များဖြစ်ပါတယ်။
ပန်းပွင့်ကို မန်ကျီးသီးနဲ့ရောပြုတ်ပြီး တို့စရာအဖြစ်စားကြတယ် …
ဒီအတိုင်းပြုတ်ပြီးလဲ သုတ်စားကြပါတယ် …
ဝမ်းနှုတ်ဆေးအနေနဲ့ အသုံးဝင်တဲ့ ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။
တခြား အသုံးဝင်တာရှိရင်လဲ ဖော်ပြပေးစေလိုပါတယ် ….

23 comments

  • weiwei

    November 22, 2012 at 6:57 pm

    ဒီအပါတ်သန်လျင်ရောက်တုန်းက ရိုက်ခဲ့တဲ့ ပုံများဖြစ်ပါတယ် …
    ဘယ်အိမ်ဘက်ကြည့်ကြည့် မယ်ဇလီပန်းတွေ တွေ့ရလို့ အံ့ဩမိခဲ့သေးတယ် …
    မြေလွတ်မြေရိုင်း ရှိတဲ့နေရာတွေမှာ သူ့အလိုလိုပေါက်ပြီး ပွင့်နေကြတာ အရမ်းလှတယ် …

    • Foreign Resident

      November 23, 2012 at 10:30 am

      မ ဝေဝေ ။
      ဖားအောက်တောရ စခန်းခွဲ (ကျောက်တန်း) ရွှေမော်ဝန်း
      သိမ်ရေစက်ချအလှူ ကို သွားတာလား ။
      ဖားအောက် ဆရာတော် ကိုယ်တိုင်ကြွတယ်လေ ။

  • ခိုင်ဇာ

    November 22, 2012 at 7:07 pm

    ကျေးဇူးပါဗျို့။ မြင်ဘူးပြီး ဘာပင်မှန်း မသိခဲ့ဘူး။ :hee:

  • pooch

    November 22, 2012 at 7:22 pm

    စားသာစားဖူးတာ ခုမှမြင်ဖူးတယ်
    မဝေစာရေးအုန်းလို့

    • weiwei

      November 22, 2012 at 7:33 pm

      ဟုတ်ကဲ့ .. စာရေးဖို့ စဉ်းစားထားတာတွေတော့ရှိတယ် …
      ဒါပေမယ့် ဆုံးအောင် မရေးဖြစ်တာနဲ့ … ရေးပြီး မကြိုက်လို့ မတင်ဖြစ်တာနဲ့ …
      ကြိုးစားကြည့်ပါအုန်းမယ် …

  • ပွေးကိုင်း …. ဒဲ့ …
    အဟိ …
    ဒါနဲ့ .. အိုက်ဒီ အပွင့်ဒွေဂို စားလို့ရမှန်း
    အခုမှ သိတယ် …

  • Hnin Hnin

    November 22, 2012 at 8:00 pm

    ပွေးကိုင်း မဲဇလီဆိုတာ မမြင်ဖူး၊ မကြားဖူးသေးဘူး။ ဝါဂွမ်းဆုပ်လေးတွေလိုပဲ။

  • မောင်ပေ

    November 22, 2012 at 9:58 pm

    အရင်က မယ်ဇယ်တန်းနားက ဖြတ်ခဲ့ဖူးပေမယ့် ၊ သေချာ မကြည့်ခဲ့ဘူးလို ့၊ မမြင်ခဲ့ဖူးဘူး
    ကျေးကျေးပါ အန်တီဝေ

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 22, 2012 at 11:42 pm

    ပွေးကိုင်းမဲစလီ ဆိုကတည်းက ပွေးပေါက်ရင်ကုလို့ရတာပေါ့
    ပွဲတွေ့
    ကျုပ်ဖင်မှာပွေးပေါက်တုန်းဂ :mrgreen:
    အရွက်တွေကို လုံးချေပြီး ပွေးပေါက်တဲ့နေရာကို ပွတ် ပျောက်ဒယ်
    ဖင်မှာပွေးပေါက်ဒဲ့လူဒေ စမ်းကျိ မယုံမရှိနဲ့
    မြန်မာပြည်ကြီး တိုးတက်လို့ လျှပ်စစ်မီးတွေအလျှံပယ်ရဒဲ့အခါ
    အဲ့သည်အရွက်တွေကို တိုင်းရင်းဆေးတစ်ခုခုထုတ်လုပ်ဘို့ သုတေသနပြုဘို့စိတ်ကူးထားဒယ်
    အငယ်ခံ ပွေးဆေးပေါ့ဗျာ

    • ရွာသူ jujuma .

      November 23, 2012 at 10:23 am

      ဦးလေးကလဲ .. ဘယ်နေရာပေါက်ပေါက် လိမ်းလို့ရပါတယ်ဗျ .. :kwi:
      ပွေးကိုင်းရွက် (၇) ရွက်ကို ဖင်ပြန်ဂေါင်းပြန်ထပ်ပြီး ..
      လုံးချေလို့ ပွေးပေါက်တဲ့နေရာကို ပွတ်ရင် ပျောက်တယ်လို့သိရပါတယ် …

  • aye.kk

    November 23, 2012 at 7:30 am

    ပွေးကိုင်းမယ်ဇလီပန်းပွင့်လေးတွေက
    အရမ်းလှလို ့ကူးယူသွားပါတယ်။ပုံတွေတင်ပေးတာကျေးဇူးပါ။
    မဝေအချိန်ရရင်စာရေးပါဦး။မဖတ်ရတာကြာပြီမို ့ဖတ်ချင်ပါတယ်။။

  • blackchaw

    November 23, 2012 at 9:09 am

    အန်တီဝေ အခုရိုက်ထားတဲ့ အပင်ရဲ့ အရွက်ရင့်ရင့်တွေကို
    ကိုအောင်ပု ပြောသလို ပွေးပေါက်တဲ့နေရာကို…
    သွေးထွက်လာတဲ့အထိ ခပ်ကြမ်းကြမ်းလေး ပွတ်ပေးရပါတယ်…။
    အချပ်လိုက်ကို ကွာကျတယ်လို့ ပြောပါတယ်…။
    ဝမ်းနှုတ်ဆေးအဖြစ်တော့…
    အညွန့် (သို့) အရွက်နုနုလေးတွေကို ပြုတ်ပြီး ထမင်းစားတဲ့အခါ
    အတို့အမြှုတ်အနေနဲ့ စားရပါတယ်…။
    ဝမ်းနှုတ်ဆေးကတော့ ကိုယ်တွေ့ပါဗျာ…။
    ပွေး ကတော့…
    ဖက်တီးကက် ရဲ့ ကိုယ်တွေ့ပါခင်ဗျာ…။
    :mrgreen:
    စာကြွင်း။ ။ အများပွဲတောင်းနေကြတဲ့
    စာရေးပါဦး ဆိုတာလေးကိုလည်း ထောက်ခံသွားပါတယ်ဗျာ…။

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 23, 2012 at 11:11 am

      အဲ…
      ကျွန်တော့်ကိုယ်တွေ့ပြောပြပါဦးမယ်… ဦးဘလက်ပြောတဲ့ပွေးမဟုတ်… ဟီးဟီး…

      တောင်ကြီးမှာ တန်ဆောင်တိုင်ပွဲတော်ရက်တစ်ရက်…
      တန်ဆောင်မုန်းလပြည့်နေ့ည ထုံးစံအတိုင်းကဲကြ… ပျော်ကြပေါ့…
      အဲဒီအချိန်မှာ ကိုညီထွဋ်ရဲ့ဆေးပေါင်းခဲ့ညကို ကျွန်တော်က မူးမူးနဲ့ဆိုနေကြ…

      ” ကတိသစ္စာများ မြဲတဲ့အခါ နွယ်ပင်မြက်ပင်တောင်ဆေးဘက်ဝင်တယ်တဲ့…”
      အဲဒီစာသားလေးကိုအရမ်းခိုက်နေတဲ့အချိန်… အော်ဒါထက်… နွယ်ပင်ဆိုတာ ရွာထဲက ဆံပင်ကောက်ကောက်မျက်လုံးပြူးပြူးတစ်ယောက်ကို ပြောတာမဟုတ်ဘူးနော်…

      အဲဒီတော့ တန်ဆောင်မုန်းလပြည့်ညဆိုရင် ဆေးစွမ်းတွေအကုန်ထက်တယ်…
      မယ်ဇလီဖူးသုပ်စားလေ့စားထရှိတယ်ဆိုတော့ သူငယ်ချင်းတစ်ယောက်က သူခူးလာမယ်ဆိုပြီးပြောပါလေရော…
      ကျုပ်တို့ကလဲ မူးမူးနဲ့ စားမယ်ပေါ့… အဲဒီနေ့ကျတော့ သူတို့ခူးပြီးသုပ်လာပေးတဲ့ မယ်ဇလီဖူးသုပ် ကျွန်တော်ကတော့ စားလိုက်တယ်…
      နောက်တစ်ယောက်က တစ်ခုခုလွဲနေလားမသိဘူးလို့တော့ပြောတယ်…
      နောက်နေ့မှသိတာက လမ်းမှာအရိပ်ရအောင်စိုက်ထားတဲ့ ယိုးဒယားမယ်ဇလီပင်ကအဖူးတွေသုပ်ကျွေး တာဆိုဘဲ…
      သူလဲ သိတဲ့မယ်ဇလီဖူးကိုသုပ်ကျွေးရှာပါတယ်… တော်သေးတာပေါ့ဘာမှမဖြစ်လို့…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • surmi

    November 23, 2012 at 9:58 am

    ပွေးကိုင်းမှုန် ့နဲ ့ လုပ်ထားတဲ ့ ကချင်ပြည်နယ်ဝမ်းနှုတ်ဆေးကတော ့
    အမှတ်တရပါဗျာ ။ ကံကောင်းလို ့ မသေတယ် ။ ငါးမိနစ်ခြားတစ်ခါ
    ပြေးရလို ့ နောက်ဆုံးဆေးခန်းမှာ ဆေးထိုး ဆေးသောက်လုပ်ရတဲ ့အထိပါပဲ ။
    မဲဇလီဖူးပြုတ်ကို ခရမ်းချဉ်သီးချက်နဲ ့ တို ့စားရတာတော ့ ကြိုက်ပါတယ်
    ဒါနဲ ့ ဟိုတလောက မဝေနဲ ့ ကိုအောင်ပု တို ့ရဲ ့ပို ့စ်အဟောင်းတွေပြန်ဖတ်ပြီး
    စာပြန်ရေးကြရင် ကောင်းမှာပဲလို ့တောင်တွေးမိသေးတာ …….

  • Foreign Resident

    November 23, 2012 at 10:36 am

    သေချာသွားအောင် မေးပါရစေ ။
    တန်ဆောင်မုန်းညမှာ သုပ်စားရတဲ့ မယ်ဇလီဖူး သုပ် ဆိုတာ ၊
    အဲဒီ အပင်က အဖူးကို သုပ်စားရမှာလား ။

  • ခင်ခ

    November 23, 2012 at 10:48 am

    ကျွန်တော်သိတာကတော့ ရိုးရိုးမဲဇလီပင်က အဖူးကိုသုတ်စားကြတာပါ။ ပွေးကိုင်မယ်ဇလီဖူး (အဲဒီပင်ကအဖူး) မဟုတ်ပါ အဘဖော ခင်ဗျ။ ပွေးကိုင်းမယ်ဇလီက ယားနာ ပွေး ညှင်း အတွက် လိမ်းဆေးအဖြစ်ဖော်စပ်ကြတာများပါတယ်ဗျ။

  • jullies cezer

    November 23, 2012 at 11:16 am

    အရွက်ကို ဝမ်းနှုတ်ဆေးအဖြစ်စားရမှန်းတော့သိတယ် အဖူးကိုစားရတယ်လို့တော့
    အခုမှပဲသိတော့တယ်ကျေးဇူးပါ

  • Novy

    November 23, 2012 at 11:39 am

    ပွေးကိုင်းမယ်ဇလီရွက်မနုမရင်လေးတွေကိုခူး
    ရေစင်အောင်ဆေး ပြီးရင် အရွက်တွေကို ပါးပါးလေးတွေလှီး
    လေလုံတဲ့ဖန်ပုလင်းထဲထဲ့ ဆားမီးဖုတ် အနည်းငယ်ထဲ့ရှောက်သီကိုအရည်ညှစ်ထဲ့
    အဖုံးကိုလုံအောင်ပတ်ပြီး ၅ရက်လောက်ထားလိုက်ပါ
    လူကြီးတစ်ခါစား ထမင်းစားဇွန်းတစ်ဝက်
    ၅-၁ဝနှစ်ကြားကလေးတွေကိုတော့ လက်ဖက်ရည်ဇွန်း
    ချဉ်ဖြုံဖြုံ အရသာလေးနဲ့အဝင်မဆိုးတဲ့ အကောင်းဆုံး
    အကြောပြေဝမ်းပျော့ဆေးပါပဲ

  • ခင်ခ

    November 23, 2012 at 11:52 am

    ပွေးကိုင်းမယ်ဇလီဖြင့် ဝမ်းနုတ်ဆေးပြုလုပ်လိုလျှင်-
    ပွေးကိုင်း ၅ဝ ဂရမ်
    စမုန်စပါး ၁၀ဝ ဂရမ်
    သကြား ၂၀ဝ ဂရမ် ( သို့မဟုတ် )
    ( ပွေးကိုင်း ၁ ဆ၊ စမုန်စပါး ၂ ဆ၊ သကြား ၄ ဆ) ရောလို့ ထောင်းကာ
    အမှုန့်ပြုလုပ်ပြီး တစ်ခါသောက် လက်ဖက်ဇွန်းတစ်ဇွန်း( ၆ ဂရမ် )ကို
    ညအိပ်ယာဝင် ရေနွေးနှင့်သောက်ပါ။ ဝမ်းသက်စေမည်ဖြစ်ပါသည်။
    ရေနွေးဖြင့်သောက်ရန်ဖြစ်ပြီး ရေအေးနှင့်မဟုတ်ပါ။

  • ပန်းစံပါယ်

    November 23, 2012 at 3:05 pm

    ကျမတို့အိမ်မှာ အဲဒီအပင်တွေရှိတယ်။ ဖေဖေကတော့ အဲဒီအရွက်တွေကို အခြောက်ခံပြီး ရေနွေးထဲကို လ္ဘက်ခြောက်အဖြစ်ခပ်ပြီးသောက်တယ်။ ဝမ်းမချုပ်ဘူးတဲ့။ ဝမ်းချုပ်ရင်လည်း အဲဒါကိုသောက်ရင် ဝမ်းသက်တယ်လို့ပြောတယ်။ ပန်းပွင့်ကိုအခုလို ပြုတ်တို့တာတို့ သုပ်စားတာတို့တော့ မသိဘူး။ အခုလိုသိရတာ ကျေးဇူးနော်။ ဟင်းတစ်မျိုးတိုးတာပေါ့။

  • ဦးကြောင်ကြီး

    November 26, 2012 at 1:20 am

    မယ်ဇလီပန်း
    တကယ်ရည်မှန်း
    ရှယ်အတည်နမ်း
    ဘယ်ဆီလှမ်း
    ကြယ်နီမြန်း
    စံပယ်သီတန်း
    ငယ်ပလီဆန်း
    သယ်အပီဗန်း..။

  • ဗန်းသယ်အပီ
    ဆန်းငယ်ငပလီ
    ပန်းစံပယ် ဝယ်သီ
    မှန်းရွယ်သူ ဆီ
    ပန်းမယ်ဇလီ
    ဆေးဘက်ဝင်ပါသည်။

  • Shwe Phyu

    December 16, 2012 at 4:15 pm

    ဝေဝေရေ..
    ပွေးကိုင်းကတော့ကိုယ်တွေ့ဘဲ…
    အစာတွေအရမ်းစားပြီး (ဆိုလိုတာက Input အရမ်းများပြီးတော့ Output ကကောင်းကောင်းမထွက်တော့ အရွက်နုလေး၂ ရွက်နဲ့ အဖူးလေး တစ်ခုဟင်းတို့အနေနဲ့စားလိုက်တာ…ကောင်းမှကောင်း…လူကိုပေါ့ပါးသွားသလိုခံစားရတယ်…

Leave a Reply