ရွှေဝါအဆင်း ရွှေသားအတိ ရွှေရောင်းဝင်းသည့်

တို့တိုင်းပြည်ဝယ် ဘယ်မှညာလှမ်း စိမ်းလန်းသောရေ

အေးချမ်းသောမြေုငြိမ်းချမ်းသော တရားဒေဿနာတွေက

တို့တစ်တွေရဲ့ ရင်မှာ အစဉ်ကိန်းအောင်းလို့ နေခဲ့ပြီလေ…….

တမ်းတလို့ရှုမ၀ လွမ်းတစ်တတနဲ့ တို့တစ်တွေ အစဉ်

နမ်းရှိုက်ခဲ့တဲ့ လေနုအေးလေးတွေကလည်း ထွက်ခွါမရအောင်

တုံ့နှောင်ထားနိုင်ခဲ့တယ်နော်…………..

အော် အတိတ်လား  ပစ္စုပါန်လား အနာဂတ်လေလား

ပျော်ရာမှာမနေရ တော်ရာမှအခြေချနေ့ရတဲ့ တို့တစ်တွေရဲ့ရင်မှာ

တမ်းတမိတာကတော့ တို့ပြည် တို့မြေ တို့ရဲ့ အိမ်လေးကိုပါ

သူငယ်ချင်းရေ မင်းလဲတို့လိုဘဲ အဝေးတစ်နေရာက ခံစားနေရမယ်ဆိုရင်

သေချာပါတယ် မရေရာသေးတဲ့ တို့ဘ၀တွေကို

မပြည့်စုံမှုအောက်မှာ နောက်တစ်ခါ ထက်မရောက်စေချင်လို့ဆိုတာလေ………

ဒါကြောင့်  ကျွန်တော်လေ လွမ်းလှပါတယ် ပြည်မြန်မာရယ်

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..