မကာရဖွား အင်္ဂါသား သို့

ဇီဇီNovember 23, 20121min30242

ငါ့စိတ်ကို နားအလည်နိုင်ဆုံး လူတစ်ယောက်အနေနဲ့ လွမ်းတယ်။

ဒါပေမဲ့ ငါ့ကို နားမလည်ချင်ယောင်ဆောင်နေနိုင်တဲ့ လူတစ်ယောက်အနေနဲ့လည်း မုန်းတယ်။

 

ငါပြောသမျှ ဘာကိုဆိုလိုတယ်ဆိုတာ အတိအကျ အသိနိုင်ဆုံး လူတစ်ယောက်အနေနဲ့ လွမ်းတယ်။

ဒါပေမဲ့ ငါပြောသမျှကို မသိချင်ယောင်ဆောင်နေနိုင်တဲ့ လူတစ်ယောက်အနေနဲ့လည်း မုန်းတယ်။

 

ငါလိုချင်တဲ့ ဂရုစိုက်မှုမျိုးကို ပေးနိုင်တဲ့လူတစ်ယောက်အနေနဲ့ လွမ်းတယ်။

ဒါပေမဲ့ ငါလိုချင်တဲ့ဂရုစိုက်မှုတွေကို မပေးပဲနေနိုင်တဲ့ လူတစ်ယောက်အနေနဲ့လည်း မုန်းတယ်။

 

ငါ့ရဲ့ စေတနာတွေကိုု မြင်နိုင်တဲ့ လူတစ်ယောက်အနေနဲ့ လွမ်းတယ်။

ဒါပေမဲ့ အဲဒီ စေတနာတွေကို ဝေဒနာဖြစ်အောင် လှစ်လျူရှုနိုင်တဲ့ လူတစ်ယောက်အနေနဲ့လည်း မုန်းတယ်။

 

ငါ့ရဲ့ မပြောင်းလဲနိုင်တဲ့ စွဲလမ်းမှုတွေကို သဘောပေါက်နိုင်တဲ့ လူတစ်ယောက်အနေနဲ့ လွမ်းတယ်။

ဒါပေမဲ့ လိုက်မမှီအောင် ပြောင်းလဲသွားနိုင်တဲ့ လူတစ်ယောက်အနေနဲ့လည်း မုန်းတယ်။

 

အဲဒီ အလွမ်းစိတ်တွေနဲ့ အတူတူ ကပ်ပါလာတဲ့  အမုန်းတရားတွေကို ငါ…. ၊လက်မခံချင်ပေမဲ့ လက်ခံရတော့မယ်။
တကယ်တမ်း ကိုယ့်လမ်းကို လျှောက်ကြတာမှန်ပေမဲ့၊ ငါက နင့်ကို စိတ်ထဲ/ရင်ထဲ/မှတ်ဉာဏ်ထဲ ထည့်ပြီး လျှောက်ရတာ။
လမ်းဘယ်လောက်သာတယ်ပဲဆိုဆို ပင်ပန်းတယ်။

42 comments

  • Khaing Khaing

    November 23, 2012 at 3:51 pm

    မမခိုင်ဇာ …. သမီးလည်း မကာရဖွားပါ … ဒါပေမယ့် တနင်္လာသမီး ……. အင်္ဂါသားတော့မဟုတ်ပါ ……..

  • nozomi

    November 23, 2012 at 4:07 pm

    ခေါင်းစဉ် ကြည့်ပြီး စိတ်ထဲ ထိတ်ကနဲ ဖြစ်သွားတယ်
    ဒါပေမဲ့..

    တကယ်တော့ ကိ်ုယ်က
    မကာရဖွားလဲ မဟုတ်
    အင်္ဂါသားလဲ မဟုတ်

    ပြန်စဉ်းစားကြည့်တော့
    ခေါင်းစဉ်ကြည့်ပြီး လန့်တတ်လာတာ သိပ်မကြာသေးဘူး ထင်ရဲ့

    • surmi

      November 23, 2012 at 7:47 pm

      Me 2
      သွေးကျဆေးပါသောက်နေရတယ်
      ခုတလော လန် ့လန် ့နေလို ့
      ကျနော်ကလည်း ……. ဆာမိ ….ဆိုတော ့
      ပို ့စ်ကို မဖွင် ့ခင် ရင်ဘတ်ကိုအရင်ဖိပြီးမှ ………….!!!!!!!!

      • ခိုင်ဇာ

        November 23, 2012 at 8:27 pm

        ကိုနိုတို့ ကိုဆာမိတို့ အဲလောက် အသည်းမငယ်ကြပါနဲ့လေ။
        အမှုကြီးအောင်လုပ်ကြပါနဲ့ဗျာ။ :kwi:

  • Hnin Hnin

    November 23, 2012 at 4:24 pm

    အသည်းကွဲနေရပြီလား… း(

  • Nyo Win

    November 23, 2012 at 4:48 pm

    ဩ..မကာရ ရာသီဖွား အင်္ဂါသား စိတ်က ဂလိုလား…

  • စိုင်း ကွမ်းခေး

    November 23, 2012 at 4:54 pm

    စကားမစပ်ဗျာ…

    ကျွန်တော် စနေသားပါ၊ ဓနုရာသီဖွားပါ

    (အထင်တွေ လွဲနေမှာစိုးလို့ဘာ)

    :harr:

  • Ma Ei

    November 23, 2012 at 4:55 pm

    ခိုင်ဇာ မုန်းရင်း လွမ်းနေတဲ့ သူက
    မကာရဖွား အင်္ဂါသား ကိုး….
    ခေါင်းစဉ်ကြည့်လိုက်ပြီး….
    ဒီနှစ်ယောက် ငြင်းကြပြန်ပြီ ထင်မိတာရယ်…
    :hee:

  • Good™

    November 23, 2012 at 5:06 pm

    ဟော၊ ကဲ၊ ကြည့်
    အင်္ဂါသား လဲ မဟုတ်၊ မကာရဖွား လည်း မဟုတ်ရ ပါဘူးဗျာ။
    ဟိ စတာ။
    တခါတခါ မန်းဂေဇက် က ဘယ်မှာ ဖွင့်ထုတ်ပစ်ရမှန်း မသိတဲ့ ခံစားမှု တွေ ပွင့် အံ ချ ဖို့ နေရာလေး အဖြစ်လဲ အသုံးပြုလို့ ရတာ ပဲ လို့ နားလည်စွာ ဖတ်ရှု အားပေး ရင်း အတွေးတွေ ပွားသွားပါကြောင်း။

  • pooch

    November 23, 2012 at 5:07 pm

    မဆွိ စိတ်ဆိုးနေရင် shopping ထွက်ပစ်လိုက် :mrgreen:

  • လုံမလေးမွန်မွန်

    November 23, 2012 at 5:09 pm

    ရွာထဲမှာ အင်္ဂါသား ဆယ်လီဗျဲတီး တစ်ယောက်ချိဒယ်… ဘာဖွားလဲတော့ သိဝူး… ခေါင်းစဉ်ဖတ်လိုက်တော့ သူလားလို့.. အဟိ.. :mrgreen:

    အစ်မစာတွေကိုဖတ်ပြီး တစ်ခုခု ခံစားလိုက်ရတယ်.. တစ်ခုခုကို ကြောက်သွားသလိုပဲ…
    ဒါနဲ့…မကာရက ဘယ်လဖွားလဲဟင်…

  • ခိုင်ဇာ

    November 23, 2012 at 6:33 pm

    မှတ်ဟ။ ရှင်းရတော့မယ်။ ဒီလိုုပါလေ။
    ၁။ ဒီစာရေးပြီးတာ မနှစ်ကတည်းက
    ၂။ ဒီနေ့ တင်ချင်လွန်းလိုု့ တင်တာပါ။
    ၃။ ဖေ့ဘုုတ်မှာ တင်ရင် အကြောင်းသိတွေပြောမှာ စိုုးလိုု့။ အဟင့်။
    ၄။ ဒီရွာထဲက ဘယ်သူ့ကိုုမှ ပြောတာ ဟုုတ်ဘူးနော်… :mrgreen:
    ၅။ မကာရဆိုုတာ ဒီဇင်ဘာ ၂ဝ ကနေ ဇန်ဝါရီ၂၁ ထိပါ မွန်မွန်။
    :harr: :harr:
    ၆။ ခေါင်းစဉ် ဘာပေးရမှန်း မသိလိုု့ မွေးနေ့ ကိုု သတိတရပေးမိပါ၏။

  • kyeemite

    November 23, 2012 at 6:44 pm

    မိုက်တယ်ကွာ..(မလိမ္မာဘူး) :hee: :harr:

    • ခိုင်ဇာ

      November 23, 2012 at 8:25 pm

      မိုက်တော့မယ် ကိုကြီးမိုက်။ :harr:

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 23, 2012 at 7:59 pm

    ( စေတနာတွေကို ဝေဒနာဖြစ်အောင် လှစ်လျူရှုနိုင်တဲ့ လူတစ်ယောက်အနေနဲ့လည်း မုန်းတယ် )
    အခွင့်ကြုံရင်လေ ကတ်ကျီးနဲ့ညှပ်ဖြတ်ပစ်မယ်
    ဂျဘင် ဂို :mrgreen:

    • ခိုင်ဇာ

      November 23, 2012 at 8:24 pm

      နောက်ပါနဲ့ဂျာ။ :mrgreen:

  • အရီးခင်လတ်

    November 23, 2012 at 8:16 pm

    မပြောမရှိနဲ့ သမီးရေ။
    အဲဒီ အတွင်းက မွေးတဲ့ သူ တွေ ဟာ Dark Side က ကြည့်ရင် အတော်များများ ကပ်တပ်တပ် ဂွကျကျ တွေ နော်။
    Capricorn ပေါ့။ တောင်ဆိတ် ခေါ်မလား။
    ကောင်းတာက တော့ creative thinking အလွန်ကောင်းတယ်။
    :hee:

    • ခိုင်ဇာ

      November 23, 2012 at 8:22 pm

      ဟုတ်ပါ့ အရီးရယ်။ အဲ့ ခရီရေးတစ်(ဖ) သင့်ကင်း က ဒုက္ခပေးသပေါ့။ :harr:

  • မောင်ပေ

    November 23, 2012 at 8:17 pm

    ဟူး
    တော်ပါသေးရဲ ့
    ငါ အင်္ဂ ါသား မဟုတ်ပါကလား
    :kwi:

    • ခိုင်ဇာ

      November 23, 2012 at 8:20 pm

      ကန်ရာသီဖွား ဆို။ :kwi:

      • မောင်ပေ

        November 23, 2012 at 8:51 pm

        ဟုတ်သယ်လေ
        ကန်ရာသီဖွားလေ
        အင်္ဂ ါ သား ဟုတ်ဖူးလို ့ပြောတာလေ
        ဗမာ/မြန်မာစကား ရှုပ်တာ
        ဟီဟိ

        • ခိုင်ဇာ

          November 23, 2012 at 9:04 pm

          သိတယ်လေ။ ကိုပေ့ကို ပြောတာဟုတ်ဘူးဆိုတာ သေချာအောင် သိတာကို ပြောပြတာ။ :harr:

  • မောင်သုည

    November 24, 2012 at 1:03 am

    ကျုပ်က အင်္ဂါသားပါ။ဒါပေမယ့် ဒီဇင်ဘာရဲ့ရှေ့နှစ်လက ကြိုမွေးခဲ့ပေလို့…တော်သေးသည်။

  • တစ်ခါတစ်ခါကျပြန်တော့လည်း …
    အဲ့ဒီလိုမျိုး .. စိတ်ထဲ/ရင်ထဲ/မှတ်ဉာဏ်ထဲ ထည့်ပြီး လျှောက်ရတာ ..
    အတော်ပဲ ပန်းလှပါသဗျာ …
    တစ်ခါတစ်ခါ ရှေ့ဆက် မလျှောက်နိုင်အောင်တောင် ဖြစ်မိတတ်သေးရဲ့ …
    အော် .. အချစ် .. အချစ် ..
    အသွင်မတူတဲ့အခါ .. အင်း .. အဲ …
    ငါ ဘာတွေ လျှောက်ပြောနေပါလိမ့် … (ထိုင် ပေါနေဒါဘာ …) :mrgreen:

    မကာရဖွား အင်္ဂါသား ဆိုတာ ဘာမှန်း သိဘူး …
    စကားမစပ် ကျုပ်လည်း အင်္ဂါသားပဲ .. ဘယ်ချိန် မွေးလဲတော့ သိဘူး ..
    မေ့မေ့ကို ပြန်မေးရဦးမယ် …

    • ခိုင်ဇာ

      November 24, 2012 at 8:07 am

      Sordi, Ghi Ghi. I noticed after posing this. :mrgreen:

      • Inz@ghi

        November 24, 2012 at 8:13 am

        ၁၉၈၆ ဇန်ညော်ရီ ၇.
        စက္ကန်းတိန်

        • ခိုင်ဇာ

          November 24, 2012 at 8:15 am

          :mrgreen: Sordi again!!

        • Wow

          November 29, 2012 at 10:57 am

          ဒါချိုရင် အင်္ဂါဇက် သေချာဘီ :kwi:

  • blackchaw

    November 24, 2012 at 10:18 am

    စိုင်းစိုင်းခမ်းလှိုင်များလားကွယ်…။
    :mrgreen:

    • ခိုင်ဇာ

      November 24, 2012 at 11:15 am

      သူလဲ အဂါင်္။ ဒါပေမဲ့ ဧပြီ ၁ဝ ဆိုုတော့ မိသဖွား။. :kwi:

  • ကိုရင်စည်သူ

    November 24, 2012 at 11:41 am

    ကိုရင်က စည်သူဘာ.. အင်္ဂါသားပါဗျာ..
    မဆွိ့နဲ့ မနှစ်ကတောင် ..
    မန်လေး မကာရရာသီမှာ ချမ်းတုန်လို့ ကမ်းကုန်အောင်
    အော်ပီးတော့..
    အူးစည်ကို လက်ဆောင်ပေးခဲ့သေးတယ်
    မဟုတ်လား..။ :kwi:

    • ခိုင်ဇာ

      November 24, 2012 at 11:49 am

      အယ်။ ဒီ ကိုုရင်စည်ကိုုလည်း အနိုုင်မပြောနိုုင်။ 🙁

  • ဦးကြောင်ကြီး

    November 25, 2012 at 12:39 pm

    တငါငါနဲ့
    ငါခြင်းတယ်ထပ်
    စွာဒင်းရှယ်မှတ်နေတဲ့
    ခိုင်ဇာလေးကို
    ငါမပါဘဲ
    သက္ကာယဒိတ္ထိ
    ဖြုတ်ပြောမယ်
    လုကို
    ဝခြစ်လယ်
    ဝေါ်အိုက်လီ
    ရှဲရှဲနီ
    ဖရဲညီ
    ကသဲပြည်
    တပဲထီ
    အဟဲရီ..။

  • zaw zaw

    November 27, 2012 at 5:40 pm

    ခေါင်းစဉ်ကြီးကလည်း ရင်တုန် ပန်းတုန်းရှိလိုက်တာနော်…..
    မရဏဖွားလား ရာဇာဖွားလား ပြောရင်ပိုကောင်းမယ် 🙂
    ဒါတောင်လိုက်တူမလားမသိ….
    များသောအားဖြင်.တော. အဲဒီရာသီမှာမွေးတဲ.သူတွေကကောင်းကြပါတယ်….
    သူကိုယ်တိုင်ကလွဲလို. အားလုံးအပေါ်ကောင်းတဲ.သူမျိုးတွေပါ….
    အကြောင်းမကောင်းလို. မဆုံကြရတာ ပဲနေမှာပါ
    မကာရဖွား အင်္ဂါသား

    • ခိုင်ဇာ

      November 28, 2012 at 7:31 pm

      အဲ့ ရာသီဖွားက ဆိုုးပါသဟဲ့။. :hee:

  • Nay Chi

    November 28, 2012 at 10:28 am

    ငါ့စိတ်ကို နားအလည်နိုင်ဆုံး လူတစ်ယောက်အနေနဲ့ လွမ်းတယ်။
    ဒါပေမဲ့ ငါ့ကို နားမလည်ချင်ယောင်ဆောင်နေနိုင်တဲ့ လူတစ်ယောက်အနေနဲ့လည်း မုန်းတယ်။

    မကာရဖွားတစ်ယောက်ပေးတဲ့ ဆန့်ကျင်ဘက် ရသတွေကြားမှာ နာ့တယ်ရင်းလေးလဲ အလူးအလဲပေမဲ့လဲ စွဲစွဲမြဲမြဲ တမ်းတနေရဆဲ ဟုတ်..။

    မကာရဖွား စနေသမီးလဲ လာအားပေးသွားပါတယ်..။ ကြိုသိမထားခဲ့ဘူး..။ ဒီလောက်တင်ပြပုံကောင်းတတ်မှန်းးး

    • ခိုင်ဇာ

      November 28, 2012 at 7:27 pm

      အဲ့လိုု မကာရမလေးမိုု့ ချစ်နေရတာပေါ့။ :harr:

Leave a Reply