ဂဇက်ရွာလူစွမ်းကောင်းများနှင့် အင်တာဗျူးခြင်း…။

black chawNovember 23, 20121min36241
ရွှေတိုက် နှင့် သူ၏ အုပ်ထိန်းသူ…။

ဆောင်းတွင်းဖြစ်ပြီး ဆောင်းတွင်းမပီသတဲ့ ဆောင်းရာသီ…။
နွေနေ့လယ်ခင်းတွေလို ပူပျင်းခြောက်သွေ့လွန်းတဲ့ ဆောင်းရာသီ…။
အိုဘယ့်…သောက်မြင်ကတ်စရာကောင်းလိုက်ပါတဲ့ ဆောင်းရာသီ…။
ဒီလိုနဲ့ပဲ…ပူလောင်ခြောက်သွေ့တဲ့ ဒီဇင်ဘာဆောင်းရက်တွေကို ဖြတ်သန်းတိုးဝင်ရဦးတော့မှာပါလား…။
အင်း…ဒါလည်း ပါရာဒိုင်း အပြောင်းအလဲလို့တောင် ပြောလို့ရနေပြီလားမသိ…။
ရောင်စုံအနွေးထည်တွေဝတ်ပြီး ဟန်ရေးပြဖို့ပြင်နေတဲ့ မန်းဂဇက်ရွာသူ မမ အတွက်တော့ ဒီနှစ်ဆောင်းက
အမြင်ကတ်ချင်စရာကောင်းလွန်းပါတယ်…။
ဒီကြားထဲ ပို့စ်မော်ဒန်မိုးက နားလည်ရခက်လောက်အောင် တစ်ခါတစ်ခါ ထထရွာနေတတ်သေး…။
ဆောင်းတွင်းရဲ့အေးချမ်းမှုတွေကို အုပ်ထိန်းသူရင်ခွင်နွေးနွေးမှာ ခိုနား ပျော်ပါးဖို့ကြံစည်ထားတဲ့
မန်းဂဇက်ရွာသား ရွှေတိုက်စိုး လေးခင်ဗျာ…ယပ်တောင်တဖျတ်ဖျတ်ခတ်ပြီး
အုပ်ထိန်းသူကိုထွေးပွေ့ရတော့မယ့် အပေါက်မျိုးကြီးပေါ့…။
လူလယ်ကြီးလုပ်ပြီး ဆောင်းရာသီကိုမှ ရွေးလို့ မင်္ဂလာဆောင်တာတဲ့လား ရွှေတိုက်ရေ…။
အေးပါကွာ…။
ဘဝဆိုတာ ဒီလိုပါပဲ…။
အေးမယ်ထင်ရပေမယ့် ပူချင်ပူနေတတ်ပါတယ်…။
ပူမယ်ထင်ရတဲ့ နေရာကျတော့ အေးချင်အေးနေတတ်ပြန်ရော…။
ဘယ်လိုပဲဖြစ်ဖြစ် အေးအတူပူအမျှပေါ့…။
ထောင်ချောက်တွေကိုလည်း ကြည့်တတ်မြင်တတ်ဖို့လိုသေးတယ် ညီလေးရေ…။
အကိုတို့တုန်းကလည်း ဝင်တိုးချင်စရာကောင်းတဲ့ ထောင်ချောက်တွေ ထဲ အကြိမ်ကြိမ်ကျရောက်ဖူးပါရဲ့ကွာ…။
+++++++++++++++++++++++++++++++++++++++++++++++++++
ဘလက်ချောကြီးတစ်ယောက် ဘာတွေလျှောက်ရေးနေတာလဲ ဆိုပြီး ဒေါသထွက်နေတဲ့…
အိုဘယ့်…ချစ်လှစွာသော စာဖတ်သူ မိတ်ဆွေ…။
နားမလည်အောင်ရေးရင် မော်ဒန် ပဲလို့ ကြားဖူးပါတယ်…။
ဆိုတော့ ဘလက်ချောကြီးရေးတဲ့ မော်ဒန် ပို့စ်ပေါ့ဗျာ…။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် April လရဲ့ ညချမ်းတစ်ခုမှာ ကျွန်တော်ဟာ ရွာသားတစ်ချို့နဲ့ ဆုံတွေ့ခွင့်ရခဲ့ပါတယ်…။
ရိုးသားစွာပြောရရင် Red လေဘယ် ဆိုတဲ့ အရက်ကို သောက်ကြပါတယ်။
ရန်ကင်းစင်တာနားက ဘီယာဆိုင်တစ်ဆိုင်မှာပါ…။
အဲဒီကနေ အဖွဲ့သားအားလုံးရဲ့ တောင်းဆိုချက်နဲ့ ကျွန်တော်တို့ အင်းလျားကန်စောင်းတစ်နေရာကို
ချီတက်ခဲ့ကြပါတယ်…။
အဲဒီ အင်းလျားကန်စောင်းမှာ ကျွန်တော်တို့ မန်းဂဇက်ရွာသားတစ်စု ပွင့်လင်းလွတ်လပ်ရင်းနှီးနွေးထွေးစွာ
သောက်ခြင်းအမှု ဆက်လက်ပြုလုပ်ကြပြန်တယ်ပေါ့ဗျာ…။
အဲဒီလို သောက်ရင်း စားရင်း ပြောကြဆိုကြရင်း အမှတ်တရအနေနဲ့ အဖွဲ့သားတွေကို အင်တာဗျူးလုပ်ခဲ့မိပါတယ်…။
မေးသူ ဘလက်ချော…ဖြေသူ ရွာသားတစ်စုလို့သာ မှတ်ပြီး ဖတ်ကြည့်ပါတော့ဗျာ…။
+++++++++++++++++++++++++++++++++++++++++++++++++
ဘလက် ။ ။ ကိုကြီးမိုက် ရဲ့ အသက်…။
ကိုမိုက် ။ ။ 52…၁၉၆ဝ ခုနှစ် ဂျူလိုင်လ ၂၉ ရက် သောကြာနေ့မှာမွေးပါတယ်ဗျာ…။
ဘလက်။ ။ အမျိုးသမီးကရော ကိုကြီးမိုက်ထက် ကြီးလား ငယ်လား…။
ကိုမိုက် ။ ။ ကျွန်တော့်မိန်းမက ကျွန်တော့်ထက် ရ နှစ်ငယ်ပါတယ်…။
ဘလက်။ ။ အမျိုးသမီးက ဘာနဲ့ ကျောင်းပြီးပါသလဲ…။
ကိုမိုက် ။ ။ အမျိုးသမီးက ဖစ်ဆစ် နဲ့ ကျောင်းပြီးတယ်…။
ဘလက်။ ။ ဒါဆို ကိုမိုက်က စက်မှုတက္ကသိုလ်ကနေပြီးတော့ ရန်ကုန်တက္ကသိုလ်ထဲကို လူပျိုလာလှည့်ခဲ့ရတာပေါ့…။
ကိုမိုက် ။ ။ ကျွန်တော် တက္ကသိုလ်ထဲရောက်ချိန်မှာ ကျွန်တော့် အမျိုးသမီးက နှပ်ချီးတွဲလောင်းနဲ့
လျှောက်သွားနေတုန်းရှိသေးတယ်…။
ဘလက်။ ။ ဒါဆိုကိုကြီးမိုက်ရဲ့ မိန်းမက ကိုကြီးမိုက်ရဲ့ ရည်းဇားဦးမဟုတ်ဘူးပေါ့…။
ကိုမိုက် ။ ။ ရည်းဇားဦးမဟုတ်ဘူး…။
ဘလက်။ ။ ဘယ်နှယောက်မြောက်ရည်းဇားလဲ…။
ကိုမိုက် ။ ။ ဒုတိယ…။
ဘလက်။ ။ ဒုတိယမှာပဲညားတာ!!!!! ဒါဆိုကိုကြီးမိုက် ရည်းဇားမများခဲ့ဘူးပေါ့…။
ကိုမိုက် ။ ။ မများဘူး…။
ဘလက်။ ။ ကိုကြီးမိုက် က မျက်နှာမများတတ်သူပေါ့…။
ကိုမိုက်။ ။ မများဘူး..မများဘူး..မများဘူး..မျက်နှာမများဘူး…မျက်နှာ တစ်မျက်နှာပဲရှိတယ်…။
ဖက်တီးကက်။ ။ ရည်းဇားများများထားတဲ့ သူကို ဒသဘီလူးနဲ့တူသလို မျက်နှာများကြတာကို ဆိုသတဲ့…
(သံသေးသံကြောင်ကြီးဖြင့် သီချင်းဝင်ဆိုပါတယ်)
ကိုမိုက် ။ ။ ခင်ဗျားတို့ကို ထူးခြားတာပြောပြဦးမယ်…။ လွန်ခဲ့တဲ့ သုံးလလောက်က…
…………………………………………………………………………………………………
………………………………………………………………………………………………………….
(အဲဒီစကားတွေကို ဆွေးဆွေးမြေ့မြေ့ကြီးပြောသွားတာပါခင်ဗျာ…။)
ဘလက်။ ။ အဲဒါတွေ ကျွန်တော်ရေးလို့ရတယ်နော်…။
ကိုမိုက်။ ။ ရေး…ရေး…ရေးလို့ရတယ် ရေး…။
ဘလက်။ ။ ကိုမိုက် အိမ်ထောင်သက် ဘယ်လောက်ရှိသွားပလဲ…။
ကိုမိုက်။ ။ ကျွန်တော် ၃၆ နှစ်မှာ အိမ်ထောင်ကျတယ်…။
ဘလက်။ ။ ဒါဆို ကိုမိုက် အိမ်ထောင်သက်က ၁၆ နှစ်ပေါ့…။
ကိုမိုက်။ ။ ဟုတ်တယ်…။
ဘလက်။ ။ ကလေး ဘယ်နှယောက်ရှိလဲ…။
ကိုမိုက် ။ ။ ၂ ယောက်…။ အကြီးမက အခု ရှစ်တန်းဖြေထားတယ်…။ အငယ်ကောင်က လေးတန်းဖြေထားတယ်…။
ဘလက် ။ ။ အိုကေပါဗျာ…။ အစ်ကို က ဘီအီး ကို ဘာနဲ့ပြီးတာလဲ…။
ကိုမိုက် ။ ။ မဂ္ဂနီကယ်…။
ဘလက်။ ။ အိုကေပါဗျာ…။ အခုလို ဖြေပေးတာကျေးဇူးတင်ပါတယ်…။

အဲဒီလို အတည်ပေါက်ကြီး အင်တာဗျူး ခဲ့တာခင်ဗျ…။
ဆင်ဆာလူကြီးမင်း ကိုကြီးမိုက်က အဲဒီအခန်းဖြတ်ပေးပါဆိုလို့ အဲဒီအခန်းကို ဖြတ်ချလိုက်ပါတယ်ဗျာ…။
တကယ်လို့ ကိုကြီးမိုက် ပြောသွားတာ ဘာတွေလဲလို့ သိချင်ကြသူများ ဘလက်ချောထံကို ဆက်သွယ်ကြပါခင်ဗျာ…။
++++++++++++++++++++++++++++++++++++++++++++
ဘလက်။ ။ ကိုဖက်တီးကက် ရဲ့ ကိုယ်အလေးချိန်ကို သိချင်ပါတယ်ဗျာ…။
ဖက်ကက်။ ။ ဟိုတစ်နေ့ကမှ ချိန်ထားတာ… ၂၇၁ ပေါင်ရှိပါတယ်…။
ဘလက်။ ။ ကိုဖက်တီးကက် အမျိုးသမီးကရော ဘယ်နှပေါင်ရှိပါသလဲ…။
ဖက်ကက်။ ။ အဲ…၁၃ဝ ကျော်ကျော်လောက်ရှိပါတယ်…။
ဘလက်။ ။ ဒါဆို နင့်အမျိုးသမီးက နင့်တစ်ဝက်လောက်ပဲရှိတာပေါ့…။
ဖက်ကက်။ ။ အဲ…သူနဲ့ ကျွန်တော်နဲ့ အသက်က ၆ နှစ်လောက်ကွာသလို…ကိုယ်အလေးချိန်ကလည်း
ကျွန်တော့်တစ်ဝက်လောက်ပဲ ရှိပါတယ်…။ (ဟီးဟီး…)
ဘလက်။ ။ မညားခင်ကတည်းက ဒီခန္ဓာကိုယ်မျိုးပဲလား…။
ဖက်ကက်။ ။ နည်းနည်းပိန်တယ်..။ အဲဒီတုန်းက ကျွန်တော့်ကိုယ်အလေးချိန် ၂၁၀/၂၂ဝလောက်ရှိမယ်…။
ဘလက်။ ။ ဘယ်နှခုနှစ်လောက်က အိမ်ထောင်ကျခဲ့တာလဲ…။
ဖက်ကက်။ ။ အမှတ်တရပြောရရင် ကျွန်တော် ၂၀၁ဝ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ အိမ်ထောင်ကျတယ်…။
ကျွန်တော်တို့ စေ့စပ်တော့ ၂၀၀၉ ဖေဖေါ်ဝါရီ ၁၄ မှာ စေ့စပ်တယ်…။ ကျွန်တော်တို့ စေ့စပ်တဲ့နေ့က ကျွန်တော်က
လူကြီးတွေစုံရာရှေ့မှာပြောတယ်…။ နောက်တစ်နှစ်အတွင်းမှာ ကျွန်တော် လက်ထပ်ပါ့မယ်လို့ ကတိပေးခဲ့တယ်…။
ဒါကြောင့် ကျွန်တော်မင်္ဂလာဆောင်တဲ့နေ့က တစ်နှစ်တင်းတင်းပြည့်တဲ့နေ့ပါပဲ…။
ရက်ကျော်လို့မရတော့ဘူးပေါ့ဗျာ…။
ဘလက်။ ။ ကလေးမရသေးဘူးပေါ့…။
ဖက်ကက်။ ။ စီးပွားရေးအခြေအနေရယ် …ကိုယ့်ကိုယ်ကို စက်တပ် လုပ်နိုင်မယ့်အနေအထားထိစောင့်နေလို့
ကလေးမယူသေးတာပါ…။
သူရဇော်။ ။ ဆေးစားလား ဆေးသောက်လား… (ရယ်သံများ)
ဖက်ကက်။ ။ ဆေးသောက်ပါတယ် (ဟားဟား…)
ရွှေတိုက်။ ။ ကိုဖက်က အာတာလွတ်ပါဗျာ…(ရယ်သံများ)
++++++++++++++++++++++++++++++++++++++++
ဘလက်။ ။ အမတ်မင်းဘယ်နှခုနှစ်ဖွားလဲဗျ။ (တော်တော်ကြီးကိုမေးယူရပါသည်…။)
အမတ်။ ။ ၁၉၈၀
ဘလက်။ ။ ဘာနဲ့ ကျောင်းပြီးပါသလဲ…။
အမတ်။ ။ ဘီအေ အီကို…။
ဘလက်။ ။ ရွှေတိုက်လိုမျိုးအုပ်ထိန်းသူတွေဘာတွေ ရှိပြီလား…။
အမတ်။ ။ မရှိဘူး…။
ဘလက်။ ။ တစ်ခါမှကို ဈေးဦးမပေါက်သေးဘူးလို့ ဆိုချင်တာလား…။
အမတ်။ ။ ဟုတ်တယ်…မပေါက်ဖူးသေးဘူး…။
ဖက်တီးကက်။ ။ ဒီအချိန်မှ အမှီးမပေါက်ရင် အဲဒါ ချင်ပန်ဇီဟေ့ ဟားဟားဟား…။
ကိုမိုက်။ ။ ဟာ မဖြစ်နိုင်ပါဘူးဗျာ…လာနောက်နေပြန်ပြီ…ဟားဟားဟား…ဟေ့
အဖွဲ့သားအားလုံး။ ။(ရီးဇားလေးထားရတာလဲ ဇီးပြားလေးထားရသလိုပဲ..ချစ်ပြီးရင်မုန်း ခဏထားဦး…
လူပျိုအပျိုချစ်ကြကြိုက်ကြညားကြတာပဲ ကျွန်တော့်ရီးဇား တတိယမြောက် နင်ဘယ်လိုလဲ…။)
အမတ်။ ။ ပြောလဲ ခံရတော့မှာပဲဗျာ…။
ကိုမိုက်။ ။ ကျွန်တော် ခုနသီချင်းကို ခံစားပြီးတော့ ဆိုလိုက်တာပေါ့ဗျာ…။ ဒါပေမယ့်
ရဲဘော်အမတ်မင်းမှာရည်းဇားရှိပါတယ်…။ ပြောလိုက်…ခင်ဗျား ဖွင့်ပြောလိုက်…။
ခင်ဗျားလိုရုပ်ရည်နဲ့ဗျာ…။
++++++++++++++++++++++++++++++++++++++++++
ဘလက်။ ။ အာဂက အသက်ဘယ်လောက်ရှိပြီလဲ…။
အာဂ။ ။ ကျွန်တော်က ၂၉။
ဖက်ကက်။ ။ နွယ်ပင်က အသက်ဘယ်လောက်လဲ…။
အာဂ။ ။ နွယ်ပင်က ကျွန်တော့်ထက် တစ်နှစ်ကြီးတယ်…။
ဖက်ကက်။ ။ ဒါဆို နွယ်ပင်က ၃ဝ ပေါ့…။
အာဂ ။ ။ ဟုတ်…။
ဘလက်။ ။ ဘယ်နှခုနှစ်လောက်က အိမ်ထောင်ကျပါသလဲ…။
အာဂ။ ။ ၂၀၁ဝ ဆယ်လပိုင်း ၂၄ ရက်နေ့…။
ဖက်ကက်။ ။ ကလေးဘာလို့ မယူသေးတာလဲ…(ရယ်သံများ)
အာဂ။ ။ ကလေးဘာလို့ မယူသေးတာလဲဆိုတော့ ကျွန်တော် ဝဋ်လည်မှာစိုးလို့…(လက်ခုတ်သံများ)
ဘလက်။ ။အခုအချိန်မှာရော အိမ်ထောင်မကျမီက အချစ်မျိုးရှိသေးလား…။
အာဂ။ ။ ချစ်တာပေါ့…ချစ်တာပေါ့…။
(ရယ်သံများ)
+++++++++++++++++++++++++++++++++++++++++++++++++++++++
ဘလက်။ ။ ရွှေတိုက် အသက် ကအရင်စပြောလိုက်ရအောင်…။
ရွှေတိုက်။ ။ ကျွန်တော် ၁၉၈၄ ခု ၁လပိုင်း ၂၂ ရက်မှာမွေးပါတယ်…။
ဘလက်။ ။ ရွှေတိုက်မှာ ရည်းဇားရှိတယ်လို့ ကျွန်တော်တို့သိထားတယ်ဗျာ…။
ရွှေတိုက်။ ။ ရှိပါတယ်…ကျွန်တော့် အုပ်ထိန်းသူပါ…။ (ဂုဏ်ယူဝံ့ကြွားစွာပြောပါတယ်…)
ဘလက်။ ။ တွေ့ကြတာကြာပြီလားဗျ…။
ရွှေတိုက်။ ။ ကြာပါပြီ ။ ၂၀၀၄ ခုနှစ်ကတည်းကတွေ့တာပါ…။
ဘလက်။ ။ ဘယ်မှာတွေ့ကြတာလဲဗျ…။
ရွှေတိုက်။ ။ မန္တလေးမှာတွေ့တာ…။ ဒါပေမယ့် သူက မန္တလေးကမဟုတ်ဘူး…။ စစ်ကိုင်းသူ…။
ရန်ကုန်မှာနေတာ ကြာတဲ့အတွက် ရန်ကုန်ကနေပြီး မန္တလေးကို စာလာသင်တာ…။
ကျွန်တော် ကိုးတန်းကတည်းက အဖေဆုံးသွားတယ်…။ အမေနဲ့နေခဲ့ရတယ်…။ ကျွန်တော်တို့ ဘဝတွေအားလုံးက
အမေ့ကိုငဲ့ညှာပြီးတော့… ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ခဲ့ရတယ်…။ ဆယ်တန်းအောင်ကတည်းက
တက္ကသိုလ်စရိတ်…၊ ကွန်ပျူတာ လေ့လာတဲ့စရိတ် အားလုံးကို အမေ့ကိုငဲ့ညှာပြီးတော့ ကိုယ့်ဟာကိုယ်ရှာခဲ့ရတယ်…။
ဘလက်။ ။ အမေကိုရော ပြန်ထောက်ပံ့ရသေးလား…။
ရွှေတိုက်။ ။ ပြန်ထောက်ပံ့ခဲ့တယ်…။
ကျွန်တော် မန္တလေးမှာ ဆိုင်ကယ်ပွဲစားလုပ်တယ်…။
ဘလက်။ ။ ကျောင်းတက်ရင်းနဲ့လုပ်တာလား…။
ရွှေတိုက်။ ။ ကျောင်းတက်ရင်းနဲ့လုပ်တာ…။ ပြီးတော့ ကျွန်တော့်အိမ်မှာမြေအကျယ်ကြီးရှိတယ်…။ အဲဒီ
မြေအကျယ်ကြီးထဲမှာ ဘာလုပ်လဲဆိုတော့ တက္ကသိုလ်မှာရှိနေတဲ့ ဆရာမတွေအားလုံးကိုချိတ်ပြီး ကျူရှင်တွေဖွင့်တယ်…။
မြန်မာနိုင်ငံပညာရေးစံနစ်အရ စပေါ့တွေလိုက်တယ်…။ ပို့ကက်တွေထုတ်တယ်…။ ရောင်းတယ်…။
ရတဲ့ အမြတ်ငွေတွေအားလုံးကို ကျွန်တော့်အမေရဲ့စီးပွားရေးအဖြစ် အမေ့ကို ထောက်ပံ့တယ်…။
အမေနဲ့အတူတူ ရုန်းကန်လှုပ်ရှားခဲ့ကြတယ်…။
အရင်တုန်းက ကျွန်တော်တို့ အိမ်လေးဟာ တဲသာသာပေါ့ဗျာ…။
အခု ကျွန်တော့်အမေနဲ့ ကျွန်တော်တို့ ပြောင်းလဲပစ်လိုက်ပြီ…။ အခုဆိုရင် ကျွန်တော်တို့ လူတန်းစေ့နေနိုင်ပါပြီ…။
ဘလက်။ ။ လူနေမှုအဆင့်အတန်း ကို မြှင့်လိုက်နိုင်ပြီပေါ့…။
ရွှေတိုက်။ ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တီဗီ မရှိဘူးဗျာ..။ ကျွန်တော်တို့ သူများအိမ်မှာ သွားကြည့်ရတယ်…။
ဘလက်။ ။ ဒါကတော့ တော်တော်များများဖြတ်သန်းခဲ့ကြဘူးပါတယ်ကွာ…။
ရွှေတိုက်။ ။ သူများအိမ်မှာ ဘယ်လိုသွားကြည့်ခဲ့ရသလဲဆိုတော့…အမှတ်တရပြန်ပြောပြမယ်ဗျာ…။
ဘလက်။ ။ပြောပါဗျာ…။
ရွှေတိုက်။ ။ ဟိုဘက်အိမ်မှာ သတင်းလာနေတာလား ဇာတ်ကားလာနေတာလားဆိုတာကို ဘယ်လို ခွဲခြားခဲ့ရသလဲ…။
ကျွန်တော်တို့ မန္တလေးက ခြံစည်းရိုးတွေကာထားတာက အကျဲလေးတွေဗျ…။ အဲဒီနားလေးကနေ သတင်းလာနေလား
ဇာတ်ကားလာနေလားဆိုတာကို နားစွင့်ရတယ်…။ တကယ်လို့ ဇာတ်ကားလာနေပြီဆိုရင် ကျွန်တော် ပြေးပြီ…။
ကျွန်တော့်ညီမလေးမွေးလာတဲ့အချိန်ကစပြီး ကျွန်တော့်အိမ်မှာ တီဗီပိုင်ဖို့ အောက်စက်ပိုင်ဖို့ ကြိုးစားခဲ့တယ်…။
ဘလက်။ ။ မင်းညီမလေးက မင်းနဲ့ အသက်ဘယ်လောက်ကွာလဲ…။
ရွှေတိုက်။ ။ ကျွန်တော်နဲ့ လေးနှစ်ကွာတယ်…။ ဘယ်လိုလဲဆိုတော့… ကျွန်တော်ခံစားခဲ့ရတာတွေကို
ကျွန်တော့်ညီမလေး မခံစားစေချင်ဘူး…။ ကျွန်တော်ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ…။ အမေ့ရဲ့အုပ်ထိန်းမှုအောက်မှာ
မှန်တာတွေအားလုံးကို ကျွန်တော်လုပ်ခဲ့တယ်…။ ကျွန်တော့်ညီမလေးကို အခုချိန်ထိ ကျွန်တော်လိုလေးသေးမရှိ…
ဘွဲ့ရသည်အထိ အမေနဲ့အတူ ကျွန်တော် ပျိုးထောင်ခဲ့တယ်…။ ကျွန်တော့်ညီမလေးလိမ္မာတယ်…။
ဘလက်။ ။ ဒါဆိုကျောင်းပြီးသွားပြီပေါ့…။
ရွှေတိုက်။ ။ ပြီးသွားပြီ…။ ဖစ်ဆစ်နဲ့ ဘွဲ့ရသွားပြီ…။ အခုဆိုရင် အိမ်မှာ ကျူရှင်ထောင်ထားတယ်…။
သူ့ရဲ့စီးပွားရေးအနေနဲ့ စတိုးဆိုင်လေးတစ်ခု ထောင်ထားပေးတယ်…။
သူ့ဟာသူလည်ပတ်နေတယ်…။ သူပဲ ဦးစီးတယ်…။
ကျွန်တော့်မိသားစုတွေအားလုံးက ကျောက်ဆစ်အလုပ်လုပ်ကြတယ်…။ ဒါပေမယ့် ကျွန်တော်ကချွန်ပြီးတော့
ကွန်ပျူတာပညာရပ်ကိုလိုက်ရင်းလိုက်ရင်း နဲ့ ရန်ကုန်ရောက်လာတယ်…။
အခုအချိန်မှာတော့ အမေ့ကိုလည်း လိုလေးသေးမရှိ ကျွန်တော်ထားနိုင်ပါပြီ…။
ဘလက်။ ။ ဘယ်တော့လောက် အိမ်ထောင်ပြုဖို့ စဉ်းစားထားလဲ…။
ရွှေတိုက်။ ။ အမှန်ကတော့ ဒီနှစ်ထဲမှာ ပြုဖို့ပဲ…။
ကျွန်တော့်ရဲ့ အုပ်ထိန်းသူခေါ်မှာပေါ့…ကျွန်တော့်ရဲ့ရည်းဇား…။
ကျွန်တော်က ငယ်ငယ်လေးကတည်းက အစ်မတစ်ယောက်ကို အရမ်းလိုချင်ခဲ့တယ်…။
ဘလက်။ ။ မင်းထက်ကြီးတယ်လား…။
ရွှေတိုက်။ ။ ကြီးတယ်…။ ကျွန်တော့်ထက် ၂ နှစ် ၃ နှစ်လောက်ကြီးတယ်…။
ကျွန်တော့်အတွက်တော့ အမေအစားထိုးပေါ့ဗျာ…။
ဘလက်။ ။ ကိုယ်ခန့်မှန်းမိသလောက် မင်းတို့က ၂ ဘက်မိဘသဘောတူမှုကို ရပြီးပြီလို့ ထင်မိတယ်…။
ရွှေတိုက်။ ။ ရပြီးပြီ…။
ဘလက်။ ။ ဆိုတော့ မင်းအုပ်ထိန်းသူအကြောင်းလေး နည်းနည်း အဓိပ္ပါယ်ဖွင့်ကြည့်ပေးပါလား…။
ရွှေတိုက်။ ။ ကျွန်တော်နဲ့ ကျွန်တော့်အုပ်ထိန်းသူနဲ့ ၂၀၀၄ ကနေ အခုချိန်အထိ ဘာလို့ လက်တွဲလို့ရနေတာလဲ…။
ဘလက်။ ။ တော်တော် ကြာပြီနော်…ရှစ်နှစ်လောက်ရှိပြီပေါ့…။
ရွှေတိုက်။ ။ ကျွန်တော်ဟိုးအရင်ကတည်းက ကျွန်တော်တစ်ယောက်တည်း ရပ်တည်ခဲ့တယ်…။ ကျွန်တော်တစ်ယောက်တည်း လုပ်ခဲ့တယ်…။ အမှားတွေရှိတယ်…။ အမှန်တွေရှိမယ်…။ ဒါပေမယ့် တစ်ယောက်တည်းဆိုတော့ အမှားတွေက အများကြီးပေါ့…။
ဘလက်။ ။ ဒါပေ့ါ…အမှားကင်းတဲ့လူ မရှိသေးပါဘူးကွာ…။
ရွှေတိုက်။ ။ ကျွန်တော့်အမေဆိုရင်ချစ်လို့ဆိုပြီး ခွင့်လွှတ်ခဲ့တဲ့ အမှားတွေအများကြီးပေါ့…။
ဒါပေမယ့် အမေမဟုတ်ပဲနဲ့ သူစိမ်းရင်းနှီးတဲ့လူတစ်ယောက်ဆိုရင်တော့ ကျွန်တော့်အုပ်ထိန်းသူ…။
ကျွန်တော့်ကိုဗျာ… တစ်နေ့ကို ဘယ်လောက်သုံးရမယ်…။ ဘယ်နေရာအတွက် ဘယ်လောက်ကိုသုံးရမယ်…။
ဘယ်လောက်ကိုစုရမယ်..
ဘလက်။ ။ ကွန်ထရိုးပေးနိုင်တယ်ပေါ့ဗျာ…။
ရွှေတိုက်။ ။ ဟုတ်တယ် ကွန်ထရိုးပေးနိုင်တယ်…။ ကျွန်တော်လိုချင်တာကဗျာ…ကျွန်တော့်ဘဝတစ်ခုလုံးကို ကွန်ထရိုးလုပ်နိုင်တဲ့သူ…။ တခြားမိန်းကလေးတွေ အများကြီး ကျွန်တော်တွေ့ဘူးတယ်…။ သူငယ်ချင်းမိန်းကလေးတွေလည်း အများကြီးရှိတယ်…။ တက္ကသိုလ်ကနေစပြီးတော့ ရည်းဇားတွေ အများကြီးထားခဲ့တယ်…။
ဘလက်။ ။ ဘယ်တက္ကသိုလ်ဆင်းလဲဗျ…။
ရွှေတိုက်။ ။ မန္တလေး တက္ကသိုလ်…။ ရတနာပုံတက္ကသိုလ်မှာ First Year, Second Year, Third Year သုံးနှစ်အတွင်းမှာ ရည်းဇား ၆ ယောက်ထားခဲ့ဘူးတယ်…။
အမတ်မင်း။ ။ ပျှမ်းမျှ တစ်နှစ်ကို ၂ ယောက်နှုန်းပေါ့…။
ဘလက်။ ။ အုပ်ထိန်းသူကရော ကျောင်းမှာပဲ တွေ့တာလား…။
ရွှေတိုက်။ ။ အုပ်ထိန်းသူက ကျောင်းပြီးတော့မှ တွေ့တာ…။ တွေ့တဲ့အချိန်မှာ သူက ဆရာမ…။
တရားဓမ္မဘက်ကိုလည်း လိုက်စားတယ်…။ တစ်ခုခု ကျွန်တော် သူ မကြိုက်တာလုပ်မိပြီဆိုရင်
စိတ်ဆိုးစိတ်ကောက်ခြင်းလုံးဝ မရှိဘူး…။ အိုကေ…မကြိုက်တာလုပ်မိရင်ဘုရားပေါ်တက်ပြီး တရား ၂ နာရီ
ထိုင်ခိုင်းတယ်…။
ဘလက်။ ။ အပြစ်ပေးတဲ့ သဘောပေ့ါ…။
ရွှေတိုက်။ ။ သူစိတ်ဆိုးရင် ဘာဖြစ်တယ် ညာဖြစ်တယ် လိုက်ချော့စရာမလိုဘူး ၂ နာရီတရားထိုင်ပေးလိုက်ရုံနဲ့
အေးဆေးပဲ…။ အဲဒါကြောင့် ကျွန်တော်က လေးစားတယ်…၊ ယုံကြည်တယ်…၊ ကိုးစားတယ်…။ အစ်ကိုတို့ပေးတဲ့
နာမည်က အုပ်ထိန်းသူ…။
ဘလက် ။ ။ အဲဒီ အုပ်ထိန်းသူ နာမည်က ဘယ်သူပေးခဲ့တာလဲဗျ…။
ရွှေတိုက်။ ။ ရွာသားတွေထဲက တစ်ယောက်ပြောလိုက်တာဗျ…။ ဘယ်သူပြောလိုက်မှန်းလဲ မသိလိုက်ဘူး…။
ဘလက်။ ။ အဲဒါကို မင်းက ကျေနပ်တယ်ပေါ့…။
ရွှေတိုက်။ ။ ကျေနပ်တယ်…။ လှိုက်လှိုက်လှဲလှဲ ကျေနပ်တယ်…။
အုပ်ထိန်းသူက ကျွန်တော့်ထက် အရပ်ပုတာကိုတော့ ကျွန်တော် ဂုဏ်အယူဆုံးပဲ…။
ဘလက်။ ။ ဘာကိုဆိုလိုတာလဲဗျ…
ရွှေတိုက်။ ။ အုပ်ထိန်းသူဆိုတာ ကျွန်တော့်ကို အုပ်ထိန်းပြီးတော့ ထိန်းကျောင်းတဲ့သူ…။
ဒါပေမယ့် ကျွန်တော့်ထက်အရပ်ပုတာကိုလည်း ဂုဏ်ယူတယ်…။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က တစ်ရွာလုံးမှာ အရပ်အပုဆုံး…။
အားလုံးက ပုပုလေးနဲ့ ချစ်စရာကောင်းတယ်လို့ ပြောတာကို ခံချင်တယ်…။

ကျွန်တော် အဲဒီနေ့က မှတ်တမ်းတင်ခဲ့သမျှကို ပေါ့ပေါ့ပါးပါးဖတ်ဘို့ အပျော်သဘော ပို့စ်တင်ပေးလိုက်ပါတယ်ဗျာ…။
အမှားအယွင်းတစ်စုံတစ်ရာ…
သောက်မြင်ကတ်စရာတစ်စုံတစ်ရာများပါခဲ့ရင်…
ကျွန်ုပ်ဘလက်ချောကိုသာ တစ်တစ်ခွခွ ဆဲဆိုကြပါလို့…။

41 comments

  • Khaing Khaing

    November 23, 2012 at 4:11 pm

    အော် …. မနက်ဖြန်မင်ဂါဆောင်မယ့် သတိုးသားလေးအတွက် လက်ဖွဲ့ပေ့ါနော် လေးဘလက် ….

  • nozomi

    November 23, 2012 at 4:29 pm

    အဲဒီ မေးခွန်းလေးတွေကိုပဲ ကိုယ်တိုင်ပြန်မေးပြီး
    ထပ် ထည့်ပေးပါလား ဗျာ
    ပို ပြည့်စုံ ပို ဖတ်လို့ ကောင်းသွားမှာ

    မိန်းမ မကြောက်တတ်တဲ့ သူ ဆို ဖြည့် ဖြစ်အောင် ဖြည့်ပေး နော

    • thit min

      November 23, 2012 at 4:41 pm

      လှလိုက်တဲ့ ဂိုး လေး။ကိုနိုက ဂိုးသွင်းကောင်းတဲ့ နိုနို ပါဘဲ လားဗျာ။
      ကိုဘလက်ရေ
      ခင်ဗျားစာဖတ်ပြီး ရီနေတုန်း ကိုနိုရဲ့ ကော်မန့်လဲ တက်လာရော
      ပိုပြီး အားရပါးရ ရယ်မိပါတော့တယ်။
      ပါစဲန်နယ် ကို ခုလိုပျော် စရာဖန်တီးနိုင်တော့လည်း ကောင်းလှောင့်တေး။
      ကောင်းလှောင့်တေး ပါဘဲ။

      • nozomi

        November 23, 2012 at 4:50 pm

        ကိုသစ်ကြီးလဲ စိတ်ဝင်စားရင် ဖြေလို့ ရတယ်နော
        လူ ဦး ရေ ကန့်သတ် မထားဘူး 😀

        ကိုချောကတော့ အကြောင်းသိတွေဆိုတော့ ဖြေမယ် မထင်

        ကိုသစ်ကြီး အခြေအနေပေးရင် တွေ့ခွင့် ရ ချင်ပါသေးတယ် ခင်ဗျာ

      • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

        November 23, 2012 at 4:58 pm

        ဒီမေးခွန်းတွေကိုလိုမျိုး…
        နောက်တစ်ခါ ဆရာသစ်တို့… မောင်ဂီတို့ အိမ်ပြန်လာချိန်မှာ မေးဦးမယ်ဗျာ…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

  • jullies cezer

    November 23, 2012 at 4:34 pm

    ကိုဘလက်ကောင်းမှုအကြောင်းပြုလို့ ရွာသားများအကြောင်းသိခွင့်ရတဲ့အတွက်ကျေး
    ဇူးပါ နို့မို့ဆို တို့မှာ ဘယ်သူအသက်ကြီးမှန်းငယ်မှန်းမသိတာက တစ်မျိုး နာမည်ကို
    ကြည့်ပြီး ယောကျာ်းမိန်းမခွဲခြားမရတာကတစ်မျိုး အတော်ကိုဂွတီးဂွကျနိုင်ခဲ့ပါတယ် ….

  • etone

    November 23, 2012 at 4:50 pm

    အဟီး… လေးဘလက်ကြီး …. ဆင်ဆာဖြတ်နဲ့နော် …. ။
    ဦးမိုက်အကြောင်း တစေ့တစောင်း ချန်ထားသေးတယ် ထင်တယ် …ခ ိခိ … ဖွဘီ :kwi:
    တခြား ရွာသားတွေနဲ့ အင်ထှာဗျူးလေးလည်း …. ကြားပါရစေလား ချင့် :mrgreen:

    • Shwe Ei

      November 23, 2012 at 4:56 pm

      ဟတ်ကဲ့ ဒေါ်etoneကိုထိပ်ဆုံးက ဗျူးလိုက်ပါချင့်။ :mrgreen:

      • etone

        November 24, 2012 at 10:40 am

        အွန် … ဒိတ်လွန်နေတဲ့ ပေါင်မုန့် ကြီး……… အဲ့တုန်းက ကျုပ်မပါဘူးအေ့ …. ။
        နောက်အပိုင်းတွေကျလျှင် လေးဘက်ထောက်ပြီး မျက်မှန်ပါပျောက်ခဲ့သူတွေအကြောင်းပါများ လာမလား မသိဘူး .. ခိခိ … :mrgreen:

  • Shwe Ei

    November 23, 2012 at 4:53 pm

    အပျိုရီးများကိုလဲ အင်တာဗျူးပါအုံး
    ဘဘ ဘလက်ချင့်။ :harr:
    (ဖြေချင်လို့ဘာာာ ဟိ)

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 23, 2012 at 4:56 pm

    ဒီပို့စ်ကတော့ ချစ်သူငယ်ချင်းကြီးရွှေတိုက်အတွက် မင်္ဂလာလက်ဖွဲ့ပါပဲဗျာ…
    ထပ်ပြောရရင် ကျွန်တော်မရေးဖြစ်လိုက်သော စုံထောက်အောင်တိုက်ရဲ့ငယ်ဘဝပေါ့ဗျာ…

    ကျွန်တော် ရွှေတိုက်ရဲ့အုပ်ထိန်းသူ… မမစိမ်းကို… အမှတ်တရနာမည်လေးတစ်ခုပေးခဲ့ဖူးတယ်…
    ကျွန်တော့်ဖုန်းထဲမှာလဲ အဲဒီလိုပဲ မှတ်ထားတယ်…
    အဲဒါကတော့…

    စိမ်းဒဗလျူစိမ်း ပါတဲ့…

    ချစ်သူငယ်ချင်းကြီးကိုတိုက်ရေ… ခင်ဗျားပြောထားသလိုပေါ့… အမေမဟုတ်ဘဲအရင်းနီးဆုံးလူဆိုတော့ ကိုတိုက်ရဲ့အုပ်ထိန်းသူကိုး…
    အဲဒီတော့ အသက်ကလဲပိုကြီးတဲ့ မမကြီးကို အသက်ငယ်ငယ်၊ အရပ်ပုပုလေးနဲ့ ကိုအောင်တိုက်က…
    နွဲ့ဆိုးတော့ဆိုးပါတော့မယ်… စိမ်းဒဗလျူစိမ်းရေ… ဒီကောင့်ကို တစ်သက်လုံးအဆိုးခံပေတော့…

    မန်းဂဇက်မှာ အလှူတွေလုပ်ဖူးပြီးဘီ… မင်္ဂလာဆောင်တွေဆက်တိုက်တက်နေကြပြီ…
    ကဲ… ရွာထဲက ချင်ပန်ဇီတွေရေ…. အဲ… လူပျိုကြီးအပျိုကြီးတွေရေ…
    အားကျဘူးလား…ဟိဟိ…

    ပိုပြီးတော့အားကျတာက…. ဦးကြီးမိုက်ကြီးရဲ့ဇာတ်လမ်းလေးပေါ့ဗျာ…

    ဖက်တီးကက်။ ။ ရည်းဇားများများထားတဲ့ သူကို ဒသဘီလူးနဲ့တူသလို မျက်နှာများကြတာကို ဆိုသတဲ့…
    (သံသေးသံကြောင်ကြီးဖြင့် သီချင်းဝင်ဆိုပါတယ်)
    ကိုမိုက် ။ ။ ခင်ဗျားတို့ကို ထူးခြားတာပြောပြဦးမယ်…။ လွန်ခဲ့တဲ့ သုံးလလောက်က…
    …………………………………………………………………………………………………
    ………………………………………………………………………………………………………….
    (အဲဒီစကားတွေကို ဆွေးဆွေးမြေ့မြေ့ကြီးပြောသွားတာပါခင်ဗျာ…။)
    ဘလက်။ ။ အဲဒါတွေ ကျွန်တော်ရေးလို့ရတယ်နော်…။

    အဲဒီ အစက်လေးတွေနေရာမှာ ဦးမိုက်ကြီးဘာတွေပြောခဲ့လဲဆိုတာကို စိတ်ဝင်စားပါတယ်…
    ဗျာ…. စိတ်ဝင်စားကြတယ်လား…ဟုတ်… အဖြစ်က ဒီလိုဗျ…………………………………….
    ……………………………………………………………………………………………………..
    ………………………………………………… ဟုတ်ကဲ့… အဲဒါပါပဲဗျာ…
    သိချင်သူများ ကျွန်တော်ကြောင်ဝတုတ်ထံ… အီးမေးလ်ဖြင့်ဖြစ်စေ… ဖုန်းဆက်၍ဖြစ်စေ…
    အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာအပြည့်အစုံဖြင့် ပေးပို့မေးမြန်းနိုင်ပါသည်….

    “ဟာသပါဗျာ…” ခရက်ဒစ်တူ ဦးမိုက်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • မိုချို

    November 23, 2012 at 5:00 pm

    ရွှေ တိုက်ရေ
    မင်္ဂလာ ရက် မြတ် မှသည်နောင် နှစ် တစ် ရာ တိုင် ခိုင်မြဲတဲ့ ချစ်ခြင်း နဲ့ တွဲလက်တွေ မြဲယှက် နိုင် ပါစေ လို့ ဆု တောင်း လိုက် ပါတယ်။
    လွှတ်တော် မတတ် တဲ့ အမတ်မင်း က ဒီရုပ်၊ ဒီ ရည် နဲ့ ဒီ အရွယ်ထိ ရဲစား မရှိဘူး ဆိုတာ မယုံဘူး။
    ဖက်ကက်တို့ မောင်နှံ နဲ့ အာဂ ၊ နွယ်ပင် တို့ စုံ တွဲ လည်း သားသား မီးမီး တွေ နဲ့အမြန်ဆုံး ဝေစည်နိုင် ပါစေ လို့ ။

  • လုံမလေးမွန်မွန်

    November 23, 2012 at 5:06 pm

    ပျော်စရာကြီနော် ဦးလေးဖြူကြမ်း… Transparent personal လို့ ပြောလို့ရမလားမသိဘူး.. :mrgreen:
    ပြီးတော့လေ…. …. …. သမီး ဆက်သွယ်လိုက်မယ်နော်.. :harr:

    ကိုဖက်ကပ်ကြီးရဲ့ အလေးချိန်ကိုမြင်တော့ မျက်လုံးတောင် ပြူးထွက်သွားတယ်… ဖျား…ဖျား.. ပထမဆုံး ကြားဖူးတဲ့ ကိန်းဂဏန်းလို့.. 🙂
    ချစ်သူများနေနဲ့ ကဗျာဆန်တဲ့ သူရို့စုံတွဲကို သဘောကျမိပါကြောင်း…

    ဟိုဘိုလေးသား…ဈေးကြီးလို့ ဈေးဦးမပေါက်တာ ဖြစ်မှာပေါ့… :kwi:

    တိုက်တိုက် အကြောင်းကိုဖတ်ပြီး အတုယူသွားပါတယ်လို့…

    • လုံမလေးမွန်မွန်

      November 23, 2012 at 5:22 pm

      အဲ..ကိုအာဂတို့အတွဲက ဘယ်လိုကျန်သွားတာလဲ မသိဝူး…
      ခုချိန်ထိ အိမ်ထောင်မကျမီက အချစ်မျိုးနဲ့ချစ်တယ်ဆိုတာ ကြားရလို့ ဝမ်းသာမိပါကြောင်း..
      မကြာမီ လူဦးရေတိုးတာ မြင်ချင်ပါကြောင်း…
      တို့မမနွယ်ကတော့ လှတုန်းနော်… ပျိုလေးတွေထက်တောင် သာချင်တယ်.. 🙂

  • Mr. MarGa

    November 23, 2012 at 5:13 pm

    မန်းဂေဇက်က active member နှစ်ရာကျော်ထဲက
    အလွန့် အလွန် active ဖြစ်သော member နှစ်ဆယ် သုံးဆယ်ခန့်၏ အင်တာဗျူးအား
    ဖတ်ချင် မိပါကြောင်း
    (အဲဒါ မြှောက်ပေးတာလို့ ခေါ်တယ်)

  • pooch

    November 23, 2012 at 5:14 pm

    တိုက်တိုက်တို့အတွဲ ယနေ့မှစ နှစ်တရာတိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
    ကိုဝတုတ်ကို ပေါင်၂၀ဝ လောက်ပဲထင်ထားတာ ၂၇ဝ ဆိုတော့ မျက်လုံးကိုပြူးသွားတာပဲ 😀

  • myanmarcitizen

    November 23, 2012 at 5:16 pm

    အင်တာဖြူးဖတ်ရတာ ပျော်စရာကြီးဗျာ … အရမ်းကောင်းတယ်။ နောက်လဲ ကြုံရင်ကြုံသလိုဗြူးပေးပါအုန်း

  • blackchaw

    November 23, 2012 at 5:25 pm

    ကိုနိုကြီး ဖတ်ချင်တယ်ဆိုလို့ ဘလက်ချောကြီးကို ဗျူးလိုက်တာ
    ဒီလိုတွေဖြေသွားတယ်ဗျာ…။
    (မေး) အရင်ဆုံးအသက်ကို ပြောပြပေးပါဗျာ…။
    (ဖြေ) ဟုတ်ကဲ့ ကျွန်တော့်မွေးသက္ကရာဇ်က ၂၁-၁၀-၁၉၇ဝ ပါဗျာ…။
    (မေး) ဘာနဲ့ ကျောင်းပြီးပါသလဲ…။
    (ဖြေ) ကျွန်တော် ဘီအီးကွမ်းအီကို ဘွဲ့ကိုရခဲ့ပါတယ်…။
    (မေး) ကိုဘလက် မိန်းမက ကိုဘလက်ရဲ့ အချစ်ဦးလားဗျ…။
    (ဖြေ) မဟုတ်ပါဘူးဗျာ…။ ကျွန်တော်ကလည်း ကျွန်တော့်မိန်းမရဲ့ အချစ်ဦးမဟုတ်သလို
    ကျွန်တော့်မိန်းမကလည်း ကျွန်တော့် အချစ်ဦးမဟုတ်ပါဘူး…။
    :mrgreen:
    (မေး) အိမ်ထောင်သက်ဘယ်လောက်ရှိပြီလဲ…။
    (ဖြေ) ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့က ၁၂-၂-၁၉၉၉ ပါ…။
    ဆိုတော့ ၁၃ နှစ်ကျော်ပြီပေါ့ ဗျာ…။
    (မေး) ကလေး ရှိလားဗျ…။
    (ဖြေ) ကလေး မရှိပါဘူးခင်ဗျာ…။
    (မေး) ဘာလို့ မယူတာလဲဗျ…။
    (ဖြေ) အရင်ကတော့ ကလေးတစ်ယောက်ကို လူတန်းစေ့ ပြုစုပျိုးထောင်နိုင်မယ်လို့
    ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခဲ့လို့…။
    အခုကတော့ အသက်ကြီးသွားလို့…။
    (မေး) ဆေးထိုးလား ဆေးသောက်လား…။
    (ဖြေ) ထိုးတဲ့အခါ ထိုးပြီး သောက်တဲ့အခါသောက်ပါတယ် ဗျာ…။
    :mrgreen:

    ကဲ ကိုနိုကြီးရေ…။
    ကိုဘလက်ချောကြီးက
    အမေရိကန်အမျိုးသမီး ဘောလုံးအသင်းက ဂိုးသမား ဟုတ်ဆိုလိုလေး
    အိမ်ထောင်ပြုသွားလို့ အသည်းကွဲနေပါတယ်ဆိုတာလေး ထည့်ရေးပေးပါလို့လည်း
    ပြောသွားပါသေးတယ်ဗျာ…။
    ဒီလောက်နဲ့ ကျေနပ်ပါဗျာ…။
    :mrgreen:

    ဒီပို့စ်လေးက ညီငယ် ရွှေတိုက်စိုးနဲ့ ဇနီး အတွက် အမှတ်တရ တင်ပေးလိုက်တာပါ…။
    ခင်ဗျားတို့လည်း ညီငယ်ရွှေတိုက်အတွက် မင်္ဂလာဆုတောင်းလေးတွေ
    ပေးခဲ့ကြဖို့ တောင်းဆိုပါရစေဗျာ…။
    :mrgreen:

  • thit min

    November 23, 2012 at 5:59 pm

    ညီငယ်လေးရွှေတိုက်ရေ
    အိမ်ထောင်ပြုမယ်လို့ (ခုမှ) သိရလို့ ကွန်ဂရက်ကျူလေးရှင်းပါနော်။
    ဓာတ်ပုံထဲမှာ ၂ ယောက်လုံးကိုတွေ့ဖူးနေလို့ အာရုံနဲ့ မေတ္တာများလဲပို့သပါတယ်။
    ခုချိန်ကစပြီး ၂ယောက်တဘဝကို စိတ်ရောကိုယ်ပါချမ်းသာ ကျန်းမာစွာရှိပြီးလိုရာပြည့်ဝတဲ့
    အိမ်ထောင်ရေး ဖြစ်ပါစေလို့။
    ~~~~~~~~~~~~~~~~~~~~~~~
    ရိုးရာအရတော့
    အနီးအနားမှာ ကိုဘလက်တို့ ကိုဖက်ကက်တို့လို နမူနာတွေရှိလို့
    ရွှေတိုက်လေးရဲ့ အုပ်ထိန်းသူက ပိုပြီး ” mature ” ဖြစ်နေမှာမို့
    (အထင်) ရွှေတိုက်တော့ ” Do and Don’ts ” သူများထက် ပိုများနေမှာလားရယ်လို့။

    တခုတော့သတိပေးချင်တယ်။
    ခဏခဏ စိတ်မကောက်စေနဲ့ နော်။
    ကိုရွှေတိုက်လေး တရားထိုင်ချည်းဘဲ နေရလို့ အိမ် ကို “ရိပ်သာ” ဆိုပြီး ဆိုင်းဘုတ်ချိတ်နေရမယ်။

  • မင်းနန္ဓာ

    November 23, 2012 at 6:24 pm

    ကွန်ဂရက်ကျူလေးရှင်းပါ ရွှေတိုက်ရေ
    ရွှေတိုက်လိုချင်တဲ့ နားလည်ပေး ထိန်းကျောင်းပေးနိုင်တဲ့ မမအုပ်ထိန်းသူနဲ့ နှစ်ကိုယ်တူဘဝ ကိုလည်း
    အောင်မြင်အောင် တည်ဆောက်နိုင်မယ်လို့ ယုံပါတယ်ဗျားး
    သားသမီးတွေ အများကြီး စည်းပွားလို့ အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ကြပါစေ…

  • kyeemite

    November 23, 2012 at 6:40 pm

    ကိုမိုက် ။ ။ ခင်ဗျားတို့ကို ထူးခြားတာပြောပြဦးမယ်…။ လွန်ခဲ့တဲ့ သုံးလလောက်က…
    …………………………………………………………………………………………………
    ………………………………………………………………………………………………………….
    (အဲဒီစကားတွေကို ဆွေးဆွေးမြေ့မြေ့ကြီးပြောသွားတာပါခင်ဗျာ…။)

    အင်း..ဒီစကားက ရဲဘော်ဘလက်တို့ကို အမြည်းလေးပဲပြောလိုက်တာ….
    တကယ့် တကယ် အဖြစ်ကတော့ ပြောပြရရင် စာဖတ်သူတွေ..
    မျက်ရည်ဥတွေ ဘူးသီးလောက်ကြီးကျသွားနိုင်တယ်ဗျ…
    စာဖတ်သူ ရွာသူားများရဲ့ မျက်ရည်တွေနှမြောလို့…ပြောတော့ဘူးဗျာ…
    တော်တော်ဆိုးတဲ့ ရဲဘော်ဘလက်…လာလာဆွပေးနေတယ်…
    `ကြီးမိုက် မိုက်ခဲ့သမျှ´ဆိုပီး ပိုစ့်ရေးမလားစဉ်းစားနေတာ…..
    မဒမ်မိုက်ဆီက ခွင့်ပြုချက်ယူလိုက်အုံးမယ်ဗျားးးးး :hee: :harr:

  • အခုလိုလေးတွေဗျူးပေးတာကျေးဇူးပါရှင်။
    ထူးထူးခြားခြား ကိုကြီးမိုက်နဲ့ကျွန်မနဲ့က မွေးရက်၊မွေးလတစ်ထပ်တည်းကျပါကလားးးးးးးးးးးးး
    မွေးတဲ့နှစ်ကတော့၂၃ နှစ်ခြားပါတယ်။
    အခုလိုသိရတာဝမ်းသာပါတယ်။

  • အလင်းဆက်

    November 23, 2012 at 7:01 pm

    သားသားတို့လို.. လူပျိုပေါက်စနလေးတွေကိုတွေ ့ရင်လည်း..
    ဗျုူးနော် ။

    အဟိ ။

  • ခိုင်ဇာ

    November 23, 2012 at 8:06 pm

    ရွှေတိုက်စိုး အတွက် Congratulations ပါ။
    :hee:

  • အရီးခင်လတ်

    November 23, 2012 at 8:29 pm

    တိုက်တိုက်ရေ
    နာရွက်ကြီး ရွက်လွှင့် လို့ ရအောင် ကြီးလာဦးမှာတော့ မြင်ယောင်သေးတော့။
    မင်းတို့ နှစ်ယောက် မျက်နှာလေးတွေ က မောင်နှမလေးလို ဘဲ။ ဆင်ကြတယ်။
    အဲဒါမျိုး က အိမ်ထောင်ထူပြီးရင် အင်မတန်ကြီးပွါးပါသတဲ့။
    ရှစ်နှစ် ရှစ်မိုး နားလည်မှု ယူခဲ့ ကြတဲ့ ခိုင်မြဲ တဲ့ မေတ္တာ ကိုလဲ အင်မတန် လေးစားကြောင်း ပြောပါရစေ။
    စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တွေ နဲ့ နှစ်ယောက်ဘဝ ကနေ သားသမီး မြေးမြစ် များသာမက စည်းစိမ် ဓန များလဲ ပိုမိုတိုးတက် အောင်မြင်ကြီးပွါးပါစေကြောင်း
    ဆုမွန်ပို့ လိုက်ရပါတယ်။

    PS –
    တရားထိုင်ရင်း တရားပေါက် လူ့ဝတ်ကြောင် စွန့်ပြီး ရိပ်ကြီးခို သွားမစိုးလို့
    ပြစ်ဒါဏ်ပြောင်း သတ်မှတ်ဖို့ အုပ်ထိန်းသူလေး ကို အကြံပြုလိုပါတယ်။
    ဘယ်လို အကြံ ဆိုတာ ပရိုက်ဗိတ် ပြောပြမယ် လို့။ 😆

    ဆုတောင်း ပေးလို့ရအောင် တင်ပေးထားတဲ့ ကဘချော ကိုလဲ ကျေးဇူးပါရှင်။
    ကိုယ်တိုင်ဗျူး က ဖော့ပြီး ဗျူးထားတယ်။
    ပြင်းပြင်းလေး ဗျူးပါဗျို့။

  • ရွှေ ကြည်

    November 23, 2012 at 8:29 pm

    ကိုရွှေတိုက်နဲု့အုပ်ထိန်းသူ
    စိတ်တူကိုယ်တူလွန်ကြည်ဖြူ
    ညူစူမရှာနားလည်စွာနဲ့
    ဘဝခရီးလျှောက်မငြီးအောင်
    နားလည်မှုဆောင် မာန်ကိုရှောင်ကာ
    လွန်စွာဖြောင့်တန်းပန်းခင်းလမ်းကို
    ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ။

  • surmi

    November 23, 2012 at 11:36 pm

    ဪ ………….. ရဲဘော်ကြီး ရွှေတိုက် ပျော်ရတော့မှာကိုး …..
    ကဲဗျာ ဆုတောင်းပေးလိုက်မယ်
    ” မင်္ဂလာဦးမှသည် …သက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ ့ပါစေ ဗျာ ”
    အိမ်ရဲ ့ ဆည်းလည်း လေးများလည်း လိုသလောက် ရပါစေဗျာ …..။

  • မောင်သုည

    November 24, 2012 at 12:21 am

    ရွှေတိုက်စိုးနှင့်အုပ်ထိမ်းသူ(မမစိမ်း)တို့ မင်္ဂလာရပ်မြတ် ယနေ့မှ နှစ်တစ်ရာတိုင် ပျော်ရွှင်မူအပေါင်းနှင့်ပြည့်စုံပြီး ဒီဘဝခရီးမှာ အေးအတူပူအမျှ ထာဝရ အတူတကွလျှောက်လှမ်းနိုင်ကြပါစေ…
    ကိ ုဘလက်ရေ..ဒီပိုစ့်မှာ ထူးခြားတာတွေလေးတွေရှိသလို..ထူးမခြားနားတဲ့ အကြောင်းလေးတွေလည်းရှိပါလေရဲ့…
    ကိုမိုက်တို့ ဟိုတလောက ဖွဲ့ခဲ့တဲ့ နယ်စည်းမခြားဂိုဏ်းလို နောက်တစ်မျိုးဖွဲ့လို့ရတဲ့ ဂိုဏ်းလည်းတွေ့ထားသေးတယ်…
    (နယ်စည်းမခြား မ.ယ.က ဂိုဏ်း)…ဂိုဏ်းချူက်ကတော့ ကျနော်တို့သူကြီးပေါ့ဗျာ…နောက်အဆင့်လိုက်ခွဲပြီးပို ကြောက်ရတဲ့သူတွေကို ရာထူးအလိုက် ဥက္ကဌတွေ၊အတွင်းရေးမှူးတွေပေါ့ဗျာ…
    ကိုချောက ကျနော့်ထက်တစ်နှစ်ကြီးတယ်၊မွေးရက်တူပြီးလပဲကွဲတယ်..နောက်တစ်ခုက အိမ်ထောင်ကျတဲ့နှစ်ကလည်းတူနေပြန်တယ်၊နောက်တစ်ခုက သားသမီးမရှိတာလည်းတူနေပြန်တယ်…နောက်တစ်ခုကလည်းတူနေပြန်တယ်…ဆိုတော့ကာ..၂၀၁၃ မှာ ရန်ကုန်ဆုံဖြစ်ကြရင်ပေါ့လေ…Red or Black…

  • ရွှေတိုက်တစ်ယောက် ကျွတ်တော့မည်
    ဖူးတံဝင့်လို့ချီ …
    နေခြည်မှာ ရွှေရည်လောင်
    ရွှေတိုက် ဒိုက်ကောင်းကောင်း … အဲ .. ဟုတ်ပါဘူး .. :mrgreen:

    ဦးမိုက်ရဲ့ အင်တာဗျူးအရ သိရသည်မှာ ..
    ဦးကြီးမိုက်ကြီးက ၃၆ ရယ် .. ၁၆ ရယ် ဆိုတော့ …
    အဟီးးးး ကြီးဗီပေါ့နော် … (အသက်)
    ဒီနေရာကနေပဲ ဦးကြီးမိုက်ကို အရင်က ပေါမှားဆိုမှား ချိခဲ့ဒါဒွေတွက်
    တောင်းဗန်ဘာဒယ် ခည …. :mrgreen:

    ကိုဖက်ကက်ကြီးက ၂၇၁ ပေါင် ..
    ဖျား … ဖျား …
    ကျုပ်က အိုက်ဒလောက် ချိဘူး မှတ်ဒါ .. :mrgreen:

    ကိုမတ်မင်းကတော့ လောလောဆယ် လူပိုဂျီးပေါ့ …
    ဦးမိုက် စကားအရ ရီးဇား ချိဒယ်ဆိုလားပဲ …

    ကိုအာဂ ကတော့ …
    တစ်ပင်တည်း ရင်ထဲက နွယ်ပေါ့ …
    ဝဋ်လိုက်မှာ စိုးလို့ ကလေး မယူရင် ..
    ရွှေအနာဂါတ် လေးတွေနဲ့ လွဲတတ်တယ်လို့ …

    ဒါနဲ့ စကားမစပ် ..
    ဦးဘလက်ကြီးကိုရော ပြန်ဗျူးဂျဘူးလားဟင်င်င် … :mrgreen:

  • ဆူး

    November 24, 2012 at 10:36 am

    မင်္ဂလာဦးမှသည် နှစ်ပေါင်းများစွာ သားသမီး မြေးမြစ်တွေ နဲ့ ပျော်ရွင်တဲ့ ဘဝ ခရီးလမ်း ကို ကောင်းစွာ လျှောက်လှမ်းနိုင်ပါစေ။

  • နီပေပါ

    November 24, 2012 at 10:41 am

    အူးလေး ဒါတွေကို personal data တွေကို transparency ရှိရှိ privacy လဲရပီးသား တင်ပြတဲ့အတွက်
    အဟွတ် …… နောက်က နားရင်းရိုက်နေပီ
    တ့တာ

  • Shwe Ei

    November 24, 2012 at 10:48 am

    တိုက်တိုက်ရဲ့မင်ဂါပွဲကို တက်ရောက်အားပေး (အဝအပြဲစား) မည်ဖြစ်ကြောင်း။
    မင်ဂါဦးမှသည် ရွှေရတု ငွေရတု စိန်ရတု တိုင်စေသောဝ် :mrgreen:

  • ဦးဦးပါလေရာ

    November 24, 2012 at 10:54 am

    ရွှေ့တိုက်ရေ
    မောင်ရင့်မင်္ဂလာအချိန်နဲ့တိုက်ပြီး ကွန်မင့်ပေးခဲ့တယ်…
    အမေတူ စိတ်ထားကောင်းတဲ့ အဖေတူ လိမ္မာရေးခြားရှိတဲ့
    ဂျူနီယာလေးတွေ ဒါဇင်ဝက်လောက် နဲ့
    ဘဝခရီးလမ်း အေးချမ်းသာယာပါစေကွယ်…

  • စိတ်ကပါ
    လူမလာနိုင်
    24-11-12
    နှစ်ယောက်ပေါင်း နှစ်ဆဖြစ်
    (အင်အားအသစ်တွေပြောတာပါ။)
    နှစ်ပေါင်းများစွာ
    ကျန်းမာ ချမ်းသာ လန်းဖြာ(အရေးကြီးသည်)
    ကြပါစေ……………….သောဝ်

  • Mobile

    November 24, 2012 at 6:23 pm

    မဆီမဆိုင် ကျနော် လဲဝင်ဖြေလိုက်ပါ့ဦးမယ်
    မေး။ ။ မိုဘိုင်း အသက်ဘယ်လောက်ရှိပါပြီလဲ။
    ဖြေ။ ။ ကျနော် အသက် ၁၉ နှစ်ပါ။
    မေး။ ။ ရည်းစား ဘယ်နှယောက်ထားဖူးပါသလဲ။
    ဖြေ။ ။ ကျနော် ဖက်က စိတ်ဝင်စားတဲ့ မိန်းကလေးရယ်လို့တော့ တစ်ယောက်မှ မရှိဖူးပါဘူး
    ဒါပေမယ့် ကျနော် ကိုတစ်ဖက်သက် ကြိတ်ခိုက်နေတဲ့ ကောင်မလေးတွေကတော့
    ဘောလုံးပွဲတစ်ပွဲမှာ လာအားပေးတဲ့ ပရိတ်သတ် တစ်ဝက်စာလောက်ရှိပါတယ်။
    မေး။ ။ကျောင်းပြီးသွားပြီလား။
    ဖြေ။ ။ ဟုတ်ကဲ့ ကျောင်းကတော့ ပြီးခါနီးနေပြီဗျ ဒါပေမယ့် ဘုန်းကြီးက အလှူခံထားတဲ့ ပိုက်ဆံတွေ
    တခြားနေရာမှာ သုံးလိုက်လို့ လက်စမသတ်နိုင်သေးဘူးဖြစ်နေတယ်။ အုပ်အလှူရှင်လေး
    ဘီးလပ် မြေအလှူရှင်လေး ပေါ်လာရင်တော့ အမြန်ဆုံးပြီးနိုင်အောက်ကြိုးစားမှာပါ။
    မေး။ ။အသုံးအဆောင် ပစ္စည်းတွေ နဲ့ အစားအသောက်တွေ ထဲမှာ အနှစ်သက်ဆုံးဟာရှိပါသလား။
    ဖြေ။ ။ ဟုတ်ကဲ့ အသုံးအဆောင် ပစ္စည်းအနေနဲ့ကတော့ ဆေးတံအိုးနဲ့ ကွမ်းအစ်ဟာ ကျနော် အတွက်
    မရှိမဖြစ်ပါ။ အစားအသောက်အနေနဲ့ကတော့ အမြည်းလုပ်လို့ ရတဲ့အစားအသောက်ကို အကုန်
    ကြိုတ်တယ်ခင့်ဗျ။
    မေး။ ။ အကြိုတ်ဆုံး ဝါသနာတစ်ခုကို ပြောပါလား။
    ဖြေ။ ။ အကြိုတ်ဆုံး ဝါသနာကတော့ ငါးမျှားတာနဲ့ ဘုရားသွားရတာကို ဝါသနာပါမိပါတယ်ဗျာ။
    ဒီအပြင်တစ်ခုကတော့ အတွဲးချောင်းရတာပါ။
    မေး။ ။ ဘဝရှင်သန် ရပ်တည်မှုမှာ ခံယူထားတဲ့ ခံယူချက်ကလေးရှိရင် ပြောပါဦး။
    ဖြေ။ ။ ဘဝရှင်သန် ရပ်တည်မှုမှာတော့ အရေးအကြီးဆုံးအနေနဲ့ သူငယ်ချင်းများကို ပြောချင်တာက
    ကျနော်ကစပြီး ဘယ်သူကိုမှ မယုံပါနဲ့ လောကကြီးမှာ ကျနော်တွေ့ဖူးသလောက်တော့
    လိမ်တာ ကောက်ကျစ်တာဟာ ယဉ်ကျေးမှုတစ်ခုလို ထွန်းကားစပြုလာပါပြီ
    အဲ့ဒီရေစီးမှုထဲမှာ မိမိပါမသွားဖို့ ဝေးဝေးကရှောင်နိုင်အောင် သတိအမြဲးတမ်းထားပါ။
    မေး။ ။နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ မန်းဂေဇတ်မှာ ရှိတဲ့သူငယ်ချင်းတွေ အပေါ်မှာ
    ကိုမိုဘိုင်းရဲ့ အမြင်လေးပါ။
    ဖြေ။ ။ အဲ့ဒါကတော့ ဒီလို အဲဘယ်လိုပြောရမလဲဆိုတော့ ကျနော်ဘယ်လိုပြောရမှန်းကို မသိတော့ပါ
    ဘူးဗျာ ပြောရမှာ နဲနဲအားနာနေတယ်ဗျာ နောက်ဆုံးအနေနဲ့ ပြောကြားချင်တာကတော့
    အဲ့ဒီလို ဖြေရခက်တဲ့ မေးခွန်းတွေ မမေးပါနဲ့လို့ပြောချင်ပါတယ်။
    အားလုံးကို ကျေးဇူးတင်ပါတယ်။

  • မောင်ပေ

    November 24, 2012 at 9:54 pm

    တို ့ရွာသားများအကြောင်း စုံစုံလင်လင် ဖတ်ရတာပ

  • myanmar oscar

    November 25, 2012 at 1:10 am

    ညီလေးရွှေတိုက်ရေ….
    မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေကွာ

  • ဦးကြောင်ကြီး

    November 25, 2012 at 12:51 pm

    ရွှေတိုက်စိုး
    ထွေဗိုက်ဖြိုး
    ဆွေကြိုက်မျိုး
    ငွေပိုက်အိုး..။

  • Shwe Tike Soe

    November 29, 2012 at 10:42 am

    ဦးဘလက်ရေး အခုလိုလေး အမှတ်တရ မင်္ဂလာဂုဏ်ပြု ပို.စ်လေး တင်ပေးတာ ပြောမပြနိုင်လောက်အောင် ကျေးဇူး တင်မိပါတယ်ဗျာ…
    ဝိုင်းဝန်းဆုတောင်းပေးကြသူအပေါင်းကိုလဲ ကျေးဇူးတင်လို.မဆုံးပါဘူးဗျာ……….

Leave a Reply