အကြွေ

ဖုန်း …
သွားဆက်မိပါတယ်..
အကြွေမရှိလို့
စက္ကန့် (၂၀) ကို
ထားတော့ တစ်မိနစ်
၁၀ဝ တဲ့ ..
ကိစ္စမရှိပါဘူး..။

ကား …
ဟိုးနားဒီနား သွားစီးမိပါတယ်..
အကြွေမရှိလို့
၁၀ဝ တဲ့
ထားတော့
ကိစ္စမရှိပါဘူး ..။

ဆိုင် …
တစ်ဆိုင်ကို ဝင်ပြီးတော့ ဆေးလိပ်မီးညှိတယ်
၂၀ဝ တန်ပေးတော့
၁၅ဝ ပြန်အမ်းမပေါ့ ..
၁၀ဝ တန်ကို ချိုချဉ်တစ်လုံးနဲ့တွဲလို့
လက်ဝယ်ရောက်လာ၏
ထားတော့
ကိစ္စမရှိပါဘူး..။

ဟိုနေရာ ဒီနေရာ အကြွေမရှိလို့
ဒီနေရာ ဟိုနေရာ အကြွေမရှိလို့
တစ်လကို ၁၀၀၀ဝ လောက်က
အကြွေမရှိသူတွေကို လုပ်ကြွေးနေရပါပေါ့ ..
ထားတော့
ငါက သူကြွယ်ဆိုလဲ …
သူကြွယ်မဟုတ်ပဲ .. သူငယ်ဆိုတော့
လည်ပြီပေါ့ မျက်ရည်ရယ် ..
ဘာတဲ့
အကြွေမရှိလို့ …။

 

တစ်ဇောက်ကန်း

 

12 comments

  • jullies cezer

    November 23, 2012 at 4:57 pm

    ဘစ်စ်ကားတွေ လမ်းဘေးဈေးသယ်တင်ဘယ်ကပါ့မလဲ တစ်ဇောက်ကန်းရေ
    supermarket ကမှအစ အကြွေမရှိရင် တစ်ရူးအမ်းချင်အမ်းတယ် သကြားလုံး
    တို့ ကော်ဖီမစ်တို့အမ်းချင်အမ်းတယ် ပြီးရင်လူပါးဝခံရခံပြင်းတာက သူတို့အမ်း
    တဲ့အကြွေအစားကူပွန်ကို ပြန်မယူတာကို ဘယ်လိုဒေါသဖြစ်မှန်းမသိဘူး
    ဒါတောင်အခုနောက်ပိုင်းအရင်ကထက်စာရင်အများကြီးတော်လာတာ ပိုက်ဆံ
    အကြွေဆိုလဲ အဖာတစ်ရာ အပြဲတစ်ရာ ညစ်ပတ်စုတ်ပြတ်တာ မယူချင်လဲယူ
    ယူချင်လဲယူ ပြောရမယ်ဆိုဒေါသတွေ post တစ်ပုဒ်စာလောက်တောင်ရှိတော့မယ် 👿

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      November 24, 2012 at 3:46 pm

      အဟား.. ဟုတ်လောက်တယ်ဗျို့ … ။

  • ခိုင်ဇာ

    November 23, 2012 at 8:38 pm

    ပိုက်ဆံကကိုင်လို့မရအောင် စုတ်ပြတ် နွမ်းဖတ်နေတာတွေ ထက်စာရင် တော်သေးမလားဟင်။ 🙁

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      November 24, 2012 at 3:48 pm

      နိုးနိုး … အခုဆိုရင် အကြွေတွေက အသစ်တွေ ထုတ်ပေးပြီးပြီလေ..။ ကားသမားနဲ့ ပီစီအို ဖုန်းဆိုင်မှာ အကြွေ မရှိဘူးဆိုတော့ …. 🙂

  • ချာရာဏသီ ဝန်မင်း တိမ်မည်း

    November 24, 2012 at 9:19 am

    မှတ်မိသလောက် အကြွေ ဆိုတာ ၁၀ဝ တန် ၅ဝ တန်ခေါ်တာပါ…………

    ဟိုတလောက တီးဆိုင်တဆိုင်မှာ ကျတာက ၄၅၀ဝ ပေးလိုက်တာ ၅၀၀ဝ တန်…..
    ပြန်လာပြောတယ် အကို အကြွေမရှိလို ့တဲ့………..
    ဟယ် ၅၀ဝ တန်တောင် အကြွေဖြစ်သွားပီလား…………
    အံ့ဩစရာကြီးနော်……….

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      November 24, 2012 at 3:49 pm

      အဟတ် .. ရှားပါးပစ္စည်းတွေ ဖြစ်နေပြီကိုး..။

  • “…
    ဆိုင် …
    တစ်ဆိုင်ကို ဝင်ပြီးတော့ ဆေးလိပ်မီးညှိတယ်
    ၂၀ဝ တန်ပေးတော့
    ၁၅ဝ ပြန်အမ်းမပေါ့ ..
    ၁၀ဝ တန်ကို ချိုချဉ်တစ်လုံးနဲ့တွဲလို့
    …”
    ကျုပ်ကတော့ ဟောဒီလို ထပ်စပ်တယ် ..
    ချိုချဉ် ယူဒေါ့ဘူး ..
    နောက်တစ်လိပ် ထပ်ပေး ..
    ဒါဗျဲ … :mrgreen:

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      November 24, 2012 at 3:51 pm

      အဟတ် … အနောက အတိုင်းနဲ့ သုံးရတာဗျ … ဆေးလိပ်တစ်လိပ် သောက်ပြီး ကားစီးရမယ်ဆိုပြီး ပိုက်ဆံကို အတိုင်းနဲ့ အိမ်က အမြဲပေးတာဗျ ..။ 😀

  • အခုအပြင်မှာ အနုတ်တွေပြန်ပေါလာတယ်နော်
    သက်သက်မဲ့ ရစ်တာနေမှာ မယူနဲ့ ပြန်ပေးလိုက်

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      November 24, 2012 at 3:52 pm

      ယူဘူးလေ.. ဘာရမလဲ ရန်ပြန်ပြန်တွေ့တာပေါ့ … အခုဆိုရင် ငြိမ်ခံမနေတော့ဘူး… ပုဆိုးစွန်တောင် ဆွဲပြီးတော့ကို ရန်တွေ့ပလိုက်တာ..။ ဘာရမလဲ .. တစ်ဇောက်ကန်းလေ.. 😀

  • မောင်ပေ

    November 24, 2012 at 8:49 pm

    ဟုတ်တယ် ပုဆိုးစွန်တောင်ဆွဲပြီး ရန်တွေ ့တာ မှန်တယ်
    အခု ၂၀ဝ ကျပ်တန် ၊ ၁၀ဝ ကျပ်တန် တစ်ကယ်ကို များနေရောပေါ့
    လူလူချင်း ညွန် ့တာ မခံနဲ ့

Leave a Reply