“ပြည်ထောင်စုကိုချစ်”

nicolus agralNovember 23, 20121min1628

သီချင်းမှန်ရင် စိမ်းစိမ်းကျက်ကျက် အကုန်နားရည်ဝလွယ်လို့ တခါတလေတော့လည်း ကိုယ်ကသာ အဲဒီသီချင်းကြီး မုန်းစရာကောင်းလိုက်တာလို့ ထင်နေတာ။ တကယ်တမ်း အစအဆုံးရနေမှန်း ယောင်ယောင်ပြီး ညည်းမိမှပဲ သတိရပြီး ဖွဟဲ့ ဖွ ဖွ ပြန်လုပ်ယူရတယ်။ အထူးသဖြင့် အတင်းကြီး နားမယဉ်ယဉ်အောင် ခဏခဏ အသံလွှင့်ပေးတဲ့ သီချင်းမျိုးတွေပါ။ “တာဝန် ဝတ္တရား အသိစိတ်ဓါတ်နဲ့ စေတနာတွေညီ၊ လူတိုင်းလူတိုင်း စွမ်းအားပြလို့ ပျော်ရွှင်မဆုံးသည်။ ရေသာမခိုတမ်း ဇွဲလုံ့လနဲ့ အပြိုင်နွှဲမည်။ မြန်မာ့နည်းမြန်မာ့ဟန် လမ်းစဉ်အောင်ရမည်။” ဆိုတဲ့ သီချင်းမျိုးတွေပေါ့။ “စက်ရုံ အလုပ်ရုံ၊ ထုတ်ကုန်ပစ္စည်း တိုးပွားရအောင် ကြံဆောင်ကာကြိုးစားလို့ ရနိုင်ပါသည်။ ကာယအားကိုယ်စီ ဉာဏအားတူညီ ညီညွတ်မှု အဓိပ္ပါယ်ဖော်ဆောင်မည်။” တဲ့။ အဲဒါ ဘာပြောမှန်းမသိခင်ကတည်းက စာရေးတဲ့ခုံကို ပေတံစောင်းနဲ့ ခေါက်ပြီး ဆိုတတ်တဲ့သီချင်း။ ဒေါ်မာမာအေးကြီးဆိုတဲ့ “မောင် .. မောင် ..။ တကယ်အလုပ်သမားဆိုရင် ဒီကပင် စတင် ချစ် ချစ်ပါရစေရှင်။ အနားမှာချဉ်းကပ်လို့ ပါးချင်းအပ်ကာ ပြောချင်ပါသည်။ တိုင်းပြည်အတွက် ကုန်ထုတ်နှုန်းပိုမိုတက်အောင် ဆောင်ရွက်စမ်းပါလို့အတည်။” ဆိုတာ ရှိသေးတယ်။ ခိုင်းလို့သာ ဆိုရတယ် ထင်ရဲ့။ အဲဒီအချိန်က သူလည်းဆိုရတာ ဘယ်လောက်ရှက်နေမလဲမသိဘူး။ ကိုယ်လည်း နားထောင်ရတာ ရှက်စရာ။ ဒါပေသိ ဘယ်လိုဘယ်လို နားစွဲသွားမှန်း မသိဘူး။ အစအဆုံးကိုရရော။

တခါတခါတော့လည်း သီချင်းတောင် မဟုတ်ဘူး။ “နိုင်ငံတော် ပြိုကွဲမယ့် အခြေအနေကို တို့လက်မခံနိုင်ပါ..။” ဆို စာကြောင်းလိုက်ကြီး အသံထည့်ဆိုတဲ့ စိမ်းမို့မို့ အသံကြီး နားထဲက ဖျောက်မရဘူး။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်။” ဆိုတဲ့ ခင်စိုးဝင်း အသံကြီးလိုပေါ့။ ဂီတဆိုတာ ဝါဒဖြန့်စရာ လက်နက်တစ်ခုလို့ ထင်ပုံရပါတယ်။ ဒါပေမယ့် ဂါထာပေးတိုင်း တေးဖြစ်တာ မဟုတ်ဘူးဗျ။ ခိုင်းလို့ပဲဆိုဆို၊ နားယောင်လို့ပဲ ညည်းညည်း။ သဘောတရားဆိုတာကို အဲသလိုနည်းနဲ့ ခေါင်းထဲရိုက်သွင်းရင်တော့ ဒီဘက်နားကဝင်လို့ ဟိုဘက်နားကထွက်သွားမှာ။ ဒီလိုပြောလို့ ပေါ်လစီသီချင်းဆိုတာ အနှစ်အရသာ မရှိဘူးလို့ မဆိုလိုပါဘူး။ ဆရာရွှေတိုင်ညွန့် ဆေးရုံပေါ်ကနေရေးပေးသွားတဲ့ ဇာတိမာန်သီချင်းဆို ဘယ်လောက်ကောင်းလဲ။ “ဗမာဇာနည်အချင်းတို့ ဒါ ဗမာပြည်။ မဟာသာကီမင်းမှ မျိုးနွယ်ဆင်းသည်။ သမာ္ဘတာရှည်လင်းဖို့ အာဏာပိုင်နန်းတည် ဒါ ဗမာပြည် သိစေမည်။” တဲ့။ ဒေါ်မာမာအေးကြီးရဲ့ “ဂနိုင်ခြေ မြိုင်ခြေတော သာမောဖွယ်ရာ..။” ဆို ကြားလိုက်ရင် ကြက်သီးမွေးညင်းတောင် ထတယ်။ အဲလိုပဲ နားဝင်ငြိမ့်ငြောင်းတဲ့ ပေါ်လစီသီချင်းတစ်ပုဒ်ရှိတယ်။ သတင်းလာခါနီး အဲဒါကလေးကြားလိုက်ရင် တီဗီပိတ်မလို့ လုပ်နေရင်းက အသာလေး ဆုံးအောင်နားထောင်ပြီးမှ ပြည်သူ့သဘောထားလာရင် ပိတ်ပစ်တယ်။ ကေဂျာနူးဆိုတာ။ “ပြည်ထောင်စုကိုချစ် သွေးချင်းများပီပိ” ဆိုတဲ့ သီချင်းလေ။ နောက်ကဂီတာတီးတဲ့လူကြီးဝတ်တဲ့ ပုဆိုးအဝါကွက်ကလေးကအစ မှတ်မိပြီး ရှေ့နားကျရင်တော့ ကေဂျာနူးကြီး မေးကလေးဆတ်ပြီး မျက်စောင်းထိုးတော့မှာ လို့ သိနေလည်း မဆုံးမချင်း ထိုင်ကြည့်တယ်။ ကြိုက်လို့။ ဘာဖြစ်လို့ကြိုက်သလဲဆိုတော့ သီချင်းက တိုင်းရင်းသားတွေ ပြည်ထောင်စုကို ချစ်ကြဖို့အကြောင်း၊ ဆိုတာက ကချင်တိုင်းရင်းသူကလေး၊ ပြောတာက နာစရာရှိရင် လွမ်းစရာလေးနဲ့ဖြေတဲ့။ ဘာကွာသွားသလဲဆိုတော့ ရှေ့ကပြောခဲ့တဲ့သီချင်းတွေလို “ရော့ ဒီစာသား။ ဒီအသံနဲ့ဆိုရမှာ နင့်ဘာသာ ဆိုချင်ချင် မဆိုချင်ချင် အသံထွက်အောင်ဆို။ ဒီမှာ သွင်းပြီ။” ဆိုတာမျိုး မဟုတ်ဘူး။ သေသေချာချာ ခံစားသီဆိုထားတယ်။ ဆိုတဲ့သူကိုယ်တိုင်က သူဆိုနေတဲ့ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ ယုံယုံကြည်ကြည် သီဆိုတာ။ ဘာဖြစ်လို့ သိသလဲဆိုတော့ ခံစားလို့ရနေတယ်လေ။ အခုပြောချင်တာ အဲဒီပြည်ထောင်စုစိတ်ဓါတ်ဆိုတာကို ခံစားလို့ ရသလား မရဘူးလားဆိုတဲ့အကြောင်းကို ပြောပါမယ်။

ဦးနေဝင်းခေတ်မှာ လူဖြစ်လာသူတစ်ယောက်အနေနဲ့ ပြည်ထောင်စုတိုင်းရင်းသားဆိုတဲ့စကားလုံးဟာ တော်တော်ကို

အကျွမ်းတဝင်ရှိခဲ့ရတာပါ။ သူ့ခမျာ နံမည်ဆိုးအမွေတွေနဲ့ ကျန်ရစ်ခဲ့ရတဲ့ မဆလပါတီကိုတောင် နံမည်အသစ်ပေးထားတာကိုက တစညပါတီတဲ့။ သူ့သက်တမ်းတလျှောက် ၂၆ နှစ်လုံးလုံး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တောင်ပေါ်မြေပြန့်မကျန် စည်းရုံးသွားနိုင်ခဲ့တယ်လို့ ရဲရဲဝံ့ဝံ့ ရှိတဲ့ပုံပါပဲ။ နှစ်စဉ်နှစ်တိုင်း ကျိုက္ကဆံကွင်းမှာ ပြည်ထောင်စုပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပတာ၊ အလံတော်ကြီး ခမ်းခမ်းနားနား သယ်ယူတာတွေကို တော်တော်ကိုအလေးပေးပြီး အစဉ်အလာမပျက်လုပ်ခဲ့ရှာတယ်။ တိုင်းနဲ့ပြည်နယ်က ဒေသထွက်ကုန်တွေကို ဈေးချိုချိုနဲ့ ရောင်းချသလို ပြခန်းကြီးတွေမှာလည်း ငွေကုန်ကြေးကျခံလို့ ခမ်းခမ်းနားနား ပြင်ဆင်ပြသတယ်။ ဝန်ကြီးဌာနပြခန်းတွေလည်း ရှိတယ်။ ပဒေသာကပွဲတွေလုပ်တယ်။ ရန်ကုန်မှာ အင်မတန်စည်ကားပြီး တပြည်လုံးက မဖြစ်မနေ လာရောက်ဆင်နွှဲကြတဲ့ ပွဲတစ်ပွဲပါ။ ပြက္ခဒိန်ထဲမှာ ပြည်ထောင်စုနေ့လောက် အင်တိုက်အားတိုက် ကျင်းပတဲ့ အစိုးရရုံးပိတ်ရက် မရှိဘူး။ ဒါပေမယ့် သူရည်ရွယ်သလို တိုင်းရင်းသားတွေအကြားမှာ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ ခိုင်ခိုင်မာမာ အုတ်မြစ်ချပေးနိုင်ခဲ့ရဲ့လား ဆိုတာတော့ အတော်လေး သံသယဖြစ်စရာကောင်းတယ်။ အဲဒီခေတ်က ဗုံးပေါက်ပြီဟေ့ ဆို ကျိုက္ကဆံကွင်းမှာ။ မိုင်းခွဲပြီဟေ့ဆို အလံသယ်လာတဲ့လမ်းမှာ။ ဘာတွေဘယ်လိုဖြစ်နေနေ တိုင်းနဲ့ပြည်နယ်က ဗဟိုကော်မတီဝင်တွေ၊ ဒေသပါတီကော်မတီလူကြိီးတွေ ရန်ကုန်က အကြီးအကဲတွေအိမ် အထုပ်တွေနဲ့ ဝင်တဲ့ ပွဲကြီးလည်း ဖြစ်ပြန်တယ်။ အဲဒါဟာ သူ့အတွက် ပြည်ထောင်စုစိတ်ဓါတ်လို့ သတ်မှတ်ရင်တော့ မသိဘူး။

ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ ဘယ်လိုဟာမျိုးလဲ လို့ မေးရင် အခု ဒီစာကိုရေးနေတဲ့ ကိုယ်ကိုယ်တိုင်တောင် မရေးခင် တွေးရင်းတွေးရင်းနဲ့မှ သဘောပေါက်လာတာ။ လူတိုင်းသိတဲ့၊ မြင်နေကျ၊ ပါးစပ်ဖျားကမချ တဖွဖွပြောနေတဲ့စကားပေမယ့် အဲဒီစကားရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကို ကြက်တူရွေးတစ်ကောင်ထက် ပိုပြီး သဘောပေါက်နိုင်မှာ မဟုတ်ဘူးလို့ဆိုရင် လွန်တယ် မထင်နဲ့နော်။ စာမေးပွဲမှာ မေးရင်တော့ လေးတန်းကလေးတောင် ဂုဏ်ထူးထွက်အောင် ဖြေနိုင်ပါလိမ့်မယ်။ “ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်း ညီရင်းအကိုပမာ ချစ်ကြည်စည်းလုံးတဲ့ စိတ်ဓါတ်ပေါ့” လို့။ ပြောတဲ့သူပြောပါပြီတဲ့။ ကြားတဲ့သူက ယုံရဲ့လား။ ပြောတဲ့သူကရော သူ့စကား သူ့ဖာသာ ယုံလို့လား။ “ကိုကိုရေ သိပ်ချစ်တယ်။ အစွဲကြီး စွဲမိပြီရှင်” ဆိုတာ ဟေမာနေဝင်းလည်း ပြောတတ်တာပဲ။ သူတောင် သူ့ဖာသာ မယုံလို့ ယုံလား ယုံလား မေးနေရတယ်။ ဘာဖြစ်လို့ သံသယတွေပွားနေရသလဲဆိုတော့ စာရေးလာမိတဲ့ သက်တမ်းတလျှောက်မှာ အဲဒီပြည်ထောင်စုတိုင်းရင်းသားဆိုတဲ့ အရေးနဲ့ပတ်သက်လာရင် တော်တော်လေး ထိလွယ်ရှလွယ်တဲ့ “Sensitive Issue” တစ်ခုမှန်း တစတစ သဘောပေါက်လာလို့ပါ။ အဲဒီထက် ပိုပြီးရေးဖြစ်အောင် တွန်းအားပေးတဲ့အချက်ကတော့ ဒေါ်ယင်းမာကြီးရဲ့ “စကားနားယောင် မိုးမီးလောင်” တုန်းကလို သူတို့အကျိုးစီးပွားအတွက် တိုင်းရင်းသားတွေနဲ့ မြန်မာအကြားမှာ သပ်လျှိုပေးမယ့်သူတွေ မြင်တွေ့လာရလို့ပဲ။ ဒီအတိုင်း ဘာမှ ပြန်မပြောပဲ နားထောင်နေမိလိုက်ရင် နောင်ကျ အလိုတူအလိုပါဘဝရောက်သွားတဲ့ နန်းရင်းဝန်လီဆီဘိုးဘိုးကြီးလို မဖြစ်ရလေအောင် ဒီကိစ္စကတော့ အခုကတည်းက ရှင်းထားပါမှ တော်ကာကျပါမယ်။

ဆိုကြပါစို့ဗျာ။ ကျွန်တော်တို့ မြန်မာတွေဟာတဲ့။ တိုင်းရင်းသားတွေအပေါ်မှာ အမြဲတမ်း အနိုင်ကျင့် ဗိုလ်ကျပြီး စိုးမိုးဆက်ဆံလာတာပါတဲ့။ ရခိုင်ထီးနန်းဟာ ဘိုးတော်ဘုရားလက်ထက်မှာ အတင်းအကြပ် အနိုင်ကျင့်ပြီး ဘုရားဆင်းတုပါမကျန် သိမ်းပိုက်ယူငင်သွားလို့ ပျက်ရတယ်တဲ့။ မွန်တွေရဲ့ ထီးနန်းကိုလည်း မြန်မာတွေ မကြာမဏ ထိပါးနှောက်ယှက်လွန်းလို့ အောက်မြန်မာပြည်မှာ မွန်ရယ်လို့တောင် မကျန်ဘူးတဲ့။ ရှမ်းစော်ဘွားတွေကျတော့ မြန်မာဘုရင်တွေက အမြဲလိုလို ပဏ္ဍာဆက်ဘဝနဲ့ အထက်ကဆက်ဆံနေတာတဲ့။ ကချင်ပြည်နယ်ဆိုတာကတော့ ဘယ်တုန်းကမှ မြန်မာမင်းများလက်အောက်မှာ ရှိခဲ့တာ မဟုတ်ပါဘူးတဲ့။ အင်္ဂလိပ်က သိမ်းပြီး မြန်မာမြေပုံထဲထည့်ထားလို့သာ မြန်မာအောက် ရောက်နေတာ။ တကယ်တော့ သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခုပါတဲ့။ ကော်သူးလေက ကရင်တွေနဲ့ ငွေတောင်ပြည်က ကယားတွေကျတော့ ကော့ကေးရှပ်စ်ကဆင်းသက်လာတာမို့လို့ မြန်မာတွေနဲ့ မျိုးနွယ် မတူပါဘူးတဲ့။ ဒီဇာတ်လမ်းတွေက ရိုးနေပြီလေ။ မဆလခေတ်ကတည်းက နောကျေပြီးသား။ ဗြိတိသျှနယ်ချဲ့တွေက မြန်မာပြည်ကို လွတ်လပ်ရေး မပေးချင်လို့ သွေးခွဲတဲ့စကားတွေ။ သီဟတင်စိုးကားထဲမှာ သွားပြော။ ဟုတ်ဘူးဗျ။ ကျုပ်ကြားခဲ့တာ ဘယ်အဖြူကမှ အဲဒီစကားပြောနေတာ မဟုတ်ဘူး။ မြန်မာတွေဆီက ကြားတာ။ ဖေ့စ်ဘုတ်ပေါ်မှာ သေသေချာချာကို ပြောလို့ရေးလို့နေတာ ဖတ်ရတာ။ (ကိုယ့်လိုဟာမျိုး ဘယ်အဖြူကမှ အဘက်မလုပ်တာမို့လို့ မကြားတာလည်း ဖြစ်ချင်ဖြစ်မယ်) အဖြူတွေပြောရင် မနာပေါင်ဗျာ။ ရယ်နေလိုက်မှာပေါ့။ သူတို့စိတ်ဓါတ်ကို သိပြီးသားပဲ။ ခုဟာက မြန်မာနံမယ်နဲ့ မျက်လုံးမည်းမည်းတွေဆီကမို့ အသည်းနာသဗျာ။

ပြည်ထောင်စုတိုင်းရင်းသားဆိုတာ ဘာကိုခေါ်တာလဲ သိလား။ မြန်မာပြည်မြေပုံကြီးပေါ်မှာ ဟိုးသမိုင်းမှတ်တမ်းတွေ စရေးနေကတည်းက ဝင်ရောက်နေထိုင်အခြေချသူတွေကို ခေါ်တာပေါ့။ မြန်မာဆိုတာ စကတည်းက တိဘက်မြန်မာအနွယ်တွေ မွန်ခမာအနွယ်တွေ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် မြစ်ဝှမ်းတွေကို ဝင်ရောက်လာခဲ့ကြတာပါတဲ့။ ရုပ်သေးပွဲစလို့ ဇာတ်ပန္နက်ရိုက်သလိုပဲ ဒီမြေပေါ်မှာ ပဒေသရာဇ်နိုင်ငံကလေးတွေ ထူထောင်လို့ ဘိုးစဉ်ဘောင်ဆက် နေလာခဲ့ကြတာ တောင်ပေါ်မှာတောင်ပေါ်သားတွေရှိသလို မြေပြန့်မှာလည်း မြေပြန့်သားတွေ ရှိခဲ့တာပဲ။ ဘယ်မြန်မာဘုရင်ကမှ လယ်မြေတွေမှာခိုင်းဖို့ ကျွန်လိုရင် တောင်ပေါ်တက်ပြီး တွေ့သမျှလူ လက်နက်အားကိုးနဲ့ ဖမ်းဆီးလာတာမျိုး မလုပ်ခဲ့ဘူး။ အာဖရိကတိုက်ရဲ့သမိုင်းကိုသိရင် အမေရိကကို လူမည်းတွေ ဘယ်လိုရောက်သွားသလဲ ဆိုတာသိရင် မြန်မာတွေက တိုင်းရင်းသားတွေအပေါ် ဘယ်တုန်းကမှ နိုင့်ထက်စီးနင်း မလုပ်ခဲ့ဖူးမှန်း သိလိမ့်မယ်။

စစ်နိုင်တဲ့ မြန်မာဘုရင်တွေက စစ်ရှုံးတဲ့ဆီကနေ သုံ့ပန်းတွေ အမြဲခေါ်နေကျ မဟုတ်လို့လားဆိုရင် အင်းဝကိုရောက်ဖူးအောင် သွားကြည့်ပါ။ အဲဒီမှာ ယိုးဒယားတန်းဆိုတာရှိတယ်။ ပုဏ္ဏားတန်းဆိုတာလည်း ရှိတယ်။ မြန်မာဘုရင်ခေါ်လာတဲ့ သုံ့ပန်းဆိုတာ စပါတာကပ်ကားထဲကလို ခြေထောက်သံခြေချင်းခတ်ပြီး ရေသောက်ဖို့နားရင် ကြာပွတ်နဲ့ ရွှမ်းကနဲ အရိုက်ခံရတဲ့အစား မဟုတ်ဘူး။ ရပ်နဲ့ရွာနဲ့ မိသားစုနဲ့ထားတာ။ ကျွမ်းကျင်သူ ပညာရှင်ကို တရပ်တရွာက ပင့်လာသလောက်ပဲ ရှိတယ်။ ယိုးဒယားကို သိမ်းတော့ ကလေးတွေကို မောင်းဆုံထဲထည့်ထောင်းတယ်ဆိုတာ ဘယ်စာအုပ်အထောက်အထားကို ကိုးကားပြီး ပြောတာလဲ။ ဘယ်လောက်အထိ ယုံရသလဲ။ စာရေးထားတိုင်း ယုံရစတမ်းဆို Myanmar Express ကရေးသမျှတွေ ထိုင်ယုံနေ အရူးဖြစ်ယုံပဲ ရှိမယ်။ ကိုယ်သိသလောက်တော့ အခုလက်ရှိဘုရင်မင်းမြတ်ရဲ့ ရာမမင်းဆက်ဆိုတာ ဘုရင့်နောင် ခေါ်မွေးစားပြီး စစ်ပညာသင်ပေးခဲ့တဲ့ မင်းသား ဗြဟ္နရာဇ်ကလာတယ် လို့ ကြားဖူးတယ်။ ရန်သူ့နယ်မြေက သုံ့ပန်းကို သားတော်အရင်းနဲ့အတူထားပြီး စစ်ပညာပါသင်ပေးတဲ့ ဘုရင်ဆိုတာ ကမာ္ဘ့သမိုင်းမှာတောင် ကြားဖူးလို့လား။ သူတို့ယိုးဒယားတွေ မြန်မာကို မုန်းနေတယ်ဆိုတာ အဲလို သေသေချာချာ ပညာမသင်ပဲ သူများသွေးခွဲစကားတွေ ယုံလွယ်တတ်တဲ့သူတွေကသာ ဖြစ်ကောင်းဖြစ်မယ်။ ကိုယ်တို့ မြန်မာတွေဘက်ကတော့ ယိုးဒယားကို ဘယ်တုန်းကမှ မမုန်းပါဘူး။ (မယုံ အခု ဒေါ်ယင်လက်ကြီးနဲ့ တွေ့ပေးကြည့်။ အိုဘားမားကြီး ရှုံးသွားမယ်)

မြန်မာ့ယဉ်ကျေးမှု မဟာဂီတနယ်ပယ်ထဲက ယိုးဒယားသီချင်းဆိုတာတွေဟာ သူတို့ထိုင်းမှာတောင် လက်ကျန်မရှိတာ့တဲ့ ဂီတအမွေအနှစ်တွေပေါ့။ ရမ်းသမ်းပြီး ပြောနေတာ မဟုတ်ဘူးဗျ။ သက်သေရှိတယ်။ “လွမ်းပိုအောင် ညိုမင်းလွင် လေပြေပျိုး တိမ်ခိုးဆင်” ဆိုတဲ့သီချင်းဟာ ယိုးဒယားမင်းသားလေးတစ်ပါး မိုးတွေညိုလာတဲ့အခါ အိမ်ကိုလွမ်းလွန်းလို့ သူတို့ဘာသာနဲ့ ဆိုညည်းတဲ့သီချင်းကလေးကို ပြန်ရေးထားတာပါတဲ့။ သူ့မူရင်းအသံတိုင်း မြန်မာတွေလိုက်ဆိုကြတာတော့ “ချူ ချူ ရေ ဧ ချိုက် ချယာပါနှော” တဲ့။ ယိုးဒယားတွေတောင် အဲဒီစကား နားမလည်ဘူး။ ယိုးဒယားသုံ့ပန်းဆိုတာ နန်းတော်ထဲမှာ မင်းညီမင်းသားအဖြစ် ဝန်ကြီးမူးမတ်များက တတန်းတစားတည်း ဆက်ဆံကြတယ်။ တပြည်တိုင်းခြားက လာတဲ့သူတောင် အဲသလိုဆို ကိုယ့်ပြည်ထောင်ဘက်အချင်းချင်းဆို အတူတူပဲ ရှိမပေါ့။ ရခိုင်နန်းဆက်က ကံရာဇာကြီးဘုရင်ဟာ ကိုယ်တို့ တကောင်းအဘိရာဇာ ဘုရင်မင်းမြတ်ရဲ့ သားတော် အကြီးပဲ။ အဲသလိုပဲ ကိုယ်တွေ ပထမ မြန်မာနိုင်ငံတော် ထူထောင်တဲ့အခါ ကျန်စစ်သားမင်းကြီးဆိုတာ ရခိုင်မင်းသမီး ပဉ္စကလျာဏီကမွေးလို့ ရခိုင်သွေး တဝက်တိတိပါတယ်။ ထီးရေးနန်းရေးဆိုတာ ရှိပေမယ့် ဆွေရေးမျိုးရေးတွေ မကင်းခဲ့ပါဘူး။ ရခိုင်ကို မြန်မာဘက်က စစ်ပြင်ဝင်ရောက်တဲ့အခါတိုင်းဟာ အလကားနေရင်း ရန်သွားပြုတာ မဟုတ်ပဲ ရခိုင်ဘက်က မင်းညီမင်းသား တစ်ဦးတစ်ယောက်က မြန်မာဘုရင်ဆီမှာ စစ်ကူတောင်းရာက စတာပဲ များပါတယ်။ ရခိုင်ကပင့်လာတဲ့ မဟာမြတ်မုနိကို ရတနာပုံနန်းဦးမှာ ကိုးကွယ်ခဲ့လို့ သည်ကနေ့ထိ မန္တလေးမြို့ ကျက်သရေဆောင် ဘာသာရေး အထွတ်အမြတ် မြန်မာပြည်သူတွေရဲ့ နှလုံးသည်းပွတ်ဖြစ်နေတယ် မဟုတ်ဘူးလား။ ကိုးကွယ်ရာဘာသာတရားဆိုတာ ပုဂ္ဂလိကပိုင်၊ ဘယ်သူ့ကိုမှ မပေးနိုင်ဘူးဆိုတဲ့ သဘောမှ မရှိတာ။ ကိုယ့်ဆီထက် ကြည်ညိုပူဇော်ကော်ရော်မယ့်ဆီရောက်တာ ဝမ်းသာစရာပေါ့။ ထိုင်းက မြဘုရားဆင်းတုတော်တောင် ဂရိဘက်က လာတယ် လေ။ ဘုရားကြီးက ကြေးရုပ်ကြီးတွေကလည်း အန်ကောဝပ်ကလာတာပဲ။

မြန်မာရာဇဝင်တွေထဲမှာ ကချင်တွေ နံမယ်မပါတာကတော့ သူတို့ကို အရင်က ရှမ်းလူမျိုးထဲမှာ ထည့်ထားလို့ပါ။ ပဒေသရာဇ်ခေတ်တလျှောက်လုံး ဘယ်ခေတ်မှာမဆို မြန်မာမင်းများဟာ ရှမ်းစော်ဘွားများနဲ့ အဆက်အဆံမပြတ်ခဲ့ပါဘူး။ ပုဂံခေတ်က အနော်ရထာမင်းရဲ့ မိဖုရား စောမွန်လှ က ရှမ်းအမျိုးသမီးမို့ သူ့အကိုဆီပြန်ရင်း မေမြို့အတက်မှာ နားဍောင်းကျကျန်ခဲ့တာပေါ့။ ပင်းယကိုတည်တဲ့ ရှမ်းညီနောင် သုံးဦးဆိုတာ ရှိခဲ့တယ်။ ဗုဒ္ဓဘာသာမဟုတ်တဲ့ ရှမ်းမင်းသိုဟန်ဘွားဆိုတာတောင် မြန်မာနန်းဆက်ထဲ ပါလာခဲ့ဖူးတယ်။ မြန်မာနဲ့ တိုင်းရင်းသားတွေရဲ့ ဆက်ဆံရေးဟာ ရှင်ဘုရင်နဲ့ စော်ဘွားဆက်ဆံရေးလောက်ကိုပဲ ကြည့်ပြီး အကဲဖြတ်လို့တော့ မရဘူးပေါ့။ ဒါပေမယ့် စာပေ ယဉ်ကျေးမှု အထောက်အထားများအရတော့ မြန်မာတွေဟာ သူတို့ကို မလိုတမာ နှိမ့်ချဆက်ဆံတဲ့အထောက်အထား မတွေ့ဖူးပါဘူး။ ကျိုက်ထီးရိုးဘုရားသမိုင်းမှာဆို ရွှေနန်းကျင်ဆိုတဲ့ ကရင်မကလေးကို မဏ္ဍိုင်ထားပြီး ဇာတ်အိမ်တည်လို့ ဆိုကြကကြတယ်။ ချင်းကလေးဖဝေးကို ဦးဘိုးစိန်ကြီးကတော့လည်း တိုင်းရင်းသားများကို ဂရုဏာသက်ဖွယ် ချစ်ခင်ဖွယ်သာ သရုပ်ဖော်တယ်။ ကလေးတွေကြီးပြင်းလာခဲ့ရတဲ့ ပြည်ထောင်စုတိုင်းရင်းသားရိုးရာ ပုံပြင်တိုင်းဟာ မြန်မာကို အကိုကြီးတစ်ယောက်အနေနဲ့ သရုပ်ဖော်ထားခဲ့တယ်။ အဲဒါတွေက ဦးနေဝင်းခိုင်းလို့ လုပ်ထားတာ တစ်ခုမှ မပါဘူး။ ကိုယ်လည်းမမီ သူလည်းမမီတဲ့ ခေတ်ကအကြောင်းတွေကို ကိုယ်ပြောတာကမှ အမှန်လို့ ငါတကောမကောလိုပါဘူး။ အထောက်အထားကလေးတွေနဲ့ ပြောရင်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အထောက်အထားချင်းတူရင်တောင် ချစ်စကိုရှည်စေတဲ့အထောက်အထားကို ပိုခိုင်မာအောင် ကြိုးစားသင့်တာပေါ့။ သီချင်းထဲမှာပါသလို နာစရာရှိရင် လွမ်းစရာလေးနဲ့ချေတာလေ။

“အိန္ဒိယကိုရှာဖွေတွေ့ရှိခြင်း” ထဲမှာ ပဏ္ဍိတ်ကြီးနေရူးရေးထားတာ ဖတ်ရတော့ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ ပိုသဘောပေါက်လာပါတယ်။ သူတို့အိန္ဒိယမှာ ကွဲပြားခြားနားမှု (Diversity) ဆိုတာ သိပ်ထင်ရှားပါသတဲ့။ လူတိုင်းလည်း အလွယ်တကူ တွေ့မြင်နိုင်ပါသတဲ့။ ဥပမာ အနောက်မြောက်ပိုင်းက ပထန်တွေနဲ့ တောင်ပိုင်းက တမီလ်တွေဆို ဘာမှမဆိုင်ဘူး။ ဒါပေမယ့် ပထန်လူမျိုးတွေမှာ ရှိနေတဲ့ အိနိ္ဒယသွင်ပြင်လက္ခဏာနဲ့ တမီလ်လူမျိုးတွေမှာ တွေ့ရတဲ့ အိနိ္ဒယသွင်ပြင်လက္ခဏာကတော့ ထပ်တူထပ်မျှပါပဲတဲ့။ အဲဒီလူမျိုးနှစ်မျိုးအပြင် သီးခြားစရိုက်လက္ခဏာတွေနဲ့ထင်ရှားတဲ့ လူမျိုးကွဲပေါင်းများစွာ အိနိ္ဒယမှာ တွေ့နိုင်ပေမယ့် အဲသည်လူမျိုးအားလုံးရဲ့ အိနိ္ဒယလက္ခဏာကသာ ပိုထင်ရှားတဲ့ ဘုံလက္ခဏာတစ်ခု ဖြစ်ပါသတဲ့။ အဲဒီလက္ခဏာဆိုတာ အိန္ဒိယတိုင်းရင်းသားတွေ ရာစုနှစ်ပေါင်းများစွာ ဆက်ခံထိန်းသိမ်းလာခဲ့ကြတာကို အစဉ်အလာဟောင်း မှတ်တမ်းဟောင်းတွေမှာ တွေ့နိုင်ပါသတဲ့။ အိန္ဒိယယဉ်ကျေးမှုကို လွှမ်းမိုးဖို့ ပြည်ပဩဇာတွေ ဘယ်လိုပင် ဝင်လာခဲ့ပေမယ့် အဲဒီအိန္ဒိယလက္ခဏာကိုတော့ ပျောက်ပျက်သွားအောင် လွှမ်းမိုးဖို့ မဖြစ်နိုင်ပါဘူးတဲ့။ (စကားပြောရင် မေးကလေး ရမ်းကာရမ်းကာ မျက်စကလေး ပစ်ကာပစ်ကာ ပြောတတ်တာကို ဆိုချင်တာလားမသိ) ဘာဖြစ်လို့ဆိုတော့ အဲဒါဟာ နဂိုကတည်းက ပြည်ပကဝင်လာတာ မဟုတ်ပဲ သူတို့လူမျိုးတွေ အသွေးအသားထဲမှာ အရိုးစွဲနေတဲ့ ဓလေ့ထုံးစံတွေက ဆက်ခံလာတာမို့လို့တဲ့။

အဲဒီလက္ခဏာရှိတဲ့အတွက် သမိုင်းတင်ပြီးဘယ်ကာလမှာမဆို အိန္ဒိယတစ်ယောက်ဟာ အိန္ဒိယနိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းမှာပဲနေနေ၊ သူ့အိမ်သူ့ယာလို ခံစားလို့ရနေပါလိမ့်မယ်တဲ့။ အိန္ဒိယရဲ့ ပြင်ပ ဘယ်အရပ်ရောက်ရောက် ဘယ်လောက်ပြည့်စုံတဲ့ အခြေအနေမျိုးဖြစ်ဖြစ် သူ့အတွက်တော့ တစိမ်းပြင်ပြင် ခံစားရပါလိမ့်မယ်တဲ့။ သူပြောနေတာကြီးက ဦးနေဝင်းကျုပ်တို့ကို ခေါင်းထဲရိုက်သွင်းလို့ မဝင်ခဲ့တဲ့ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာကြီး မဟုတ်ဘူးလားဗျ။ ကျွန်တော့မှာ မွေးချင်းမောင်နှမ ခြောက်ယောက်ရှိတယ်ဗျ။ တစိမ်းတွေ အမြဲပြောလေ့ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် လုံးဝ မတူကြဘူး။ ဒါပေမယ့် မြင်နေကျလာတဲ့အခါ ရုပ်ချင်းမဆင်တဲ့ မောင်နှမတွေရဲ့ မျက်နှာပေါ်မှာ တထေရာတည်းတူတဲ့ ပုံပန်းသဏ္ဍာန်တစ်ခု ဖမ်းလို့ရတယ်။ အဲဒါ အဖေတို့ အဖိုးတို့မှာလည်း တူတယ်။ တိုင်းရင်းသားတွေမှာလည်း အတူတူပဲဗျ။ မောင်းကလေးကာထားတဲ့ နာဂတွေမှာပဲ ဖြစ်ဖြစ်၊ လည်တံရှည်ရှည်နဲ့ ပဒေါင်တွေမှာပဲ ဖြစ်ဖြစ် ကွဲပြားတဲ့အသွင်သဏ္ဍာန်တွေရှိပေမယ့် မြန်မာတိုင်းရင်းသားဖြစ်တဲ့ စရိုက်လက္ခဏာတွေ တွေ့ရတယ်။ အနေကြာလာတဲ့အခါ သွေးကလည်း စကားပြောတယ်။ ရခိုင်တွေမှာ ဖြစ်နေတဲ့ ပဋိပက္ခမို့ မြန်မာတွေရဲ့ အမျိုးသားလုံခြုံရေးနဲ့ ဘာဆိုင်လို့လဲ ဘာပတ်သက်လို့လဲ လို့ မှတ်ချက်ပေးပြီး အမေးခံရတဲ့အခါ ကိုယ့်စိတ်ထဲမှာ အဲဒီအဖြေထွက်လာတယ်။ တကယ်တော့ ကိုယ်ရခိုင်ရောက်တာ အခုမှ နှစ်နှစ်ရှိသေးတာ။ ဒါပေမယ့် ဘယ်ရခိုင်ကမှ ကိုယ်နဲ့ စိမ်းနေတယ် မခံစားမိဘူး။ ကိုးကန့်တွေအလယ်မှာ၊ ရှမ်းတွေ အလယ်မှာလည်း အလားတူပဲ။ တရင်းတနှီး ညီရင်းအကိုလို ဆက်ဆံခဲ့တဲ့ ဘူတန်တွေနဲ့တောင် မတူဘူး။ ဂရုဏာဒေါသော ဆိုချင်ဆို ပြောချင်ပြောမယ်။ မကောင်းတာဖြစ်အောင် ဒုက္ခရောက်အောင်တော့ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ သူများကလာအနိုင်ကျင့်နေရင်လည်း လက်ပိုက်ကြည့်မနေနိုင်ဘူး။ အဲဒါ ဦးနေဝင်းကြီး ခေါက်ရိုးကျိုးအောင် သင်ပေးထားလို့ မဟုတ်ဘူး။ ကိုယ့်ဘာကိုယ်တောင် အစက မသိဘူး။ အသွေးထဲမှာ သူ့ဘာသူ ရှိနေတာ။

“လာလာချေသေး မောင်စံဖားရယ်။ ဒါဖြင့် အခု ကချင်တွေကို သတ်နေတာ နင်တို့ဗမာတွေ မဟုတ်လို့ ဘာလဲပြော။” ဆို လည်း ပြောရဦးမယ်။ အဲဒီစစ်ပွဲဟာ ဗမာမို့လို့ ကချင်မို့လို့ဆိုတဲ့ လူမျိုးရေးစစ်ပွဲ လို့ ဘယ်သူက ပြောလဲ။ ကချင်ပြည်နယ်ရဲ့ တခြားနေရာတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း အတူတူနေနေကြတဲ့ ဗမာတွေ ကချင်တွေ ရှိသားပဲ။ ကေအိုင်အေဆိုတာ ကချင်ပြည်နယ်လွတ်မြောက်ရေးအတွက် ဖွဲ့ထားတဲ့ တိုင်းရင်းသားစစ်တပ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကချင်တိုင်းရင်းသားတရပ်လုံးက ထောက်ခံတယ်လို့ မပြောနိုင်ဘူး။ အယ်ခွန်းရီရဲ့အဖေ အယ်လ်ကွန်ဖန်ကြီးကို လောင်ချာနဲ့ ပစ်တာ သူတို့ပဲ။ ကချင်ခေါင်းဆောင် ဆမား ဒူးဝါးကြီးတွေ မြန်မာအစိုးရနဲ့ ခေတ်အဆက်ဆက် ချစ်ချစ်ခင်ခင် ဆက်ဆံခဲ့တာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေ ရှိတယ်။ နောက်တစ်ချက်က အပစ်အခတ်ရပ်စဲရေးတို့၊ အပြီးတိုင်ချေမှုန်းရေးတို့ကို မီးစတစ်ဘက် ရေမှုတ်တစ်ဘက်လုပ်နေပါတယ်ဆိုတဲ့ မြန်မာစစ်တပ်ကလည်း မြန်မာလူမျိုးတစ်ရပ်လုံးရဲ့ ဆန္ဒသဘောထားကို ဖော်ဆောင်နေတာပါလို့ ဘယ်သက်သေနဲ့ ပြောနေတာလဲ။ ပြည်ထောင်စု မပြိုကွဲရေးဆိုပြီး လုပ်ချင်တိုင်းလုပ်နေတယ်ပဲ ထားပါလေ။ သူတို့က ကချင်တစ်ယောက်ကို သတ်လိုက်တိုင်း ပလီရှေ့မှာထကပြသလို အားရဝမ်းသာရှိနေတဲ့ မြန်မာလူမျိုးများ မြင်ဖူးသလား။ ပြစမ်းပါ။ ကြည့်ချင်လို့။ လက်သည်းဆိတ်ရင်တောင် လက်ထိပ်က နာတတ်တာ အဲလောက်သွေးစိမ်းရှင်ရှင်ထွက်နေမှ မနာပဲ ရှိပါ့မလား။ ညှိနှိုင်းလို့ မရသေးတဲ့ ပြဿနာတစ်ခုကို အကြောင်းပြုပြီး လူမျိုးရေး သွေးခွဲတာတော့ ဒီက မယုံကြည်တတ်ပါဘူး။ သို့သော်လည်း ငြိမ်နေရင် ဟုတ်နိုးယောင်ထင်မစိုးလို့ ချေပါတယ်။

နိုင်ငံရေးကြောင့်ဖြစ်တဲ့ ပြဿနာတစ်ခုကို လူမျိုးရေးနဲ့ ဆွဲထည့်လိုက်၊ ဘာသာရေးနဲ့ မှိုင်းတိုက်လိုက်၊ လူ့အခွင့်အရေးနဲ့ ဖနောင့်နင်း အမှတ်ယူလုပ်လိုက်နေတာကို ကွဲကွဲပြားပြားသိစေချင်တဲ့အတွက် ဒီစာကိုရေးပါတယ်။ ဒီအရေးအခင်းကြီးဖြစ်တော့မှ ဘင်္ဂါလီတွေက မိုးပေါ်ကကျသလို ရောက်လာတာ မဟုတ်ပါဘူး။ နဂိုကတည်းက တစတစ ကုလားအုပ်ခေါင်းလျှိုသလို တိုးဝင်လာခဲ့ကြတာပါ။ ဒါပေမယ့် ပြဿနာ ကြီးကြီးမားမား ရှိခဲ့လို့လား။ သူတို့လည်း သေသေဝပ်ဝပ်နေ။ ကိုယ်လည်းရောရောနှောနှော ဆက်ဆံတယ် မဟုတ်ဘူးလား။ စစ်တွေရောက်တုန်းက ကုလားကလေးတွေ အများကြီးတွေ့ခဲ့တယ်။ တောင်းတဲ့လူလည်း တောင်းရမ်းစားတယ်။ ဆိုက်ကားနင်းတဲ့ကလေးတွေလည်း ရှိတာပဲ။ ဘယ်ရခိုင်ထမင်းဆိုင်ကမှ ရိုက်မောင်းပုတ်မောင်း ငေါက်ငမ်းမထုတ်ဘူး။ ကုလားနင်းတဲ့ဆိုက်ကား မစီးဘူး။ ပိုက်ဆံမပေးဘူးလို့လည်း မရှိဘူး။ နိမ့်ကျတဲ့ကလေးတွေကိုတောင် အနိုင်ကျင့်မဆက်ဆံပဲနဲ့ ကောင်းရောင်းကောင်းဝယ် စီးပွားဖြစ်နေတဲ့သူတွေနဲ့ဆို အဆင်ပြေစွာ မဆက်ဆံပဲနေပါ့မလား။ အခုပြဿနာက ဒီလူတွေရှိနေလို့ ဖြစ်ရတာ မဟုတ်ဘူး။ ဒီလူတွေကို ကိုယ်နဲ့ဘယ်လိုမှ နေမဖြစ်အောင် သွေးထိုးလှုံ့ဆော် ရန်တိုက်မြှောက်ပင့်ပေးပြီး သီးခြားပြည်နယ်တောင်းခိုင်းထားလို့ ဖြစ်ရတာ။ ဒီလူတွေဟာ သူတို့ပြောသလို ဘင်္ဂလားနိုင်ငံ မတည်ထောင်မီကတည်းက ကိုယ့်ဘက်မှာရှိနေခဲ့တယ်ဆိုပေမယ့် ကိုယ့်သွေးသားလား သူတို့သွေးသားလားဆိုတာ သူတို့အရိုးထဲက အိန္ဒိယဗီဇလက္ခဏာက ဘွင်းဘွင်းကြီး ဖော်ပြနေတယ်။ ကိုယ်နဲ့ သံသရာအဆုံးတိုင် တစိမ်းဆန်နေမှာဖြစ်ပြီး သူတို့စိတ်ထဲက အိမ်နဲ့ယာက ဘင်္ဂလားမှာ။ အခုဟာက ကိုယ့်အိမ်မှာ နေခွင့်ပေးဖို့တောင်းနေတာမှ မဟုတ်ပဲ။ သူ့အိမ်အဖြစ် လုယူနေတာ။ ကိုယ့်ကို မောင်းထုတ်နေတာ။ လူတွေက ရောက်နှင့်ပြီးပြီ။ အိမ်ကို သိမ်းချင်တာ။ ဒီအခြေအနေထိအောင် အဲဒီကိစ္စဟာ မြန်မာနိုင်ငံတော်ရဲ့ လုံခြုံရေး အချုပ်အခြာအာဏာကို မထိပါးသေးဘူးလား။ တယ်တရားတာပဲ။

နေရူးကြီးပြောတဲ့စကားက မဆုံးသေးဘူး။ လူတစ်ဦးတစ်ယောက်ဟာ ကိုယ့်ဘာသာယဉ်ကျေးမှုတို့ ရှင်သန်ကြီးပြင်းရာ ရေမြေပေါ်မှာ ဘယ်သောအခါမှ သူစိမ်းပြင်ပြင် ခံစားရလိမ့်မည် မဟုတ်ပါတဲ့။ မူဆလင်၊ ခရစ်ယာန်၊ ဖာရစီ၊ ဂျူး စတဲ့ အိန္ဒိယဗီဇမဟုတ်သော ဘာသာတရားကို သက်ဝင်ယုံကြည်လျက် အိန္ဒိယပြည်ထဲကို ဝင်ရောက်လာခဲ့လျှင်လည်း မျိုးဆက်အနည်းငယ်အတွင်းမှာပဲ သူ့ဘာသာ အလိုအလျောက် အိန္ဒိယပီသသွားလိမ့်မယ်။ အိနိ္ဒယတိုင်းသားတစ်ယောက်က ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ် အိန္ဒိယသားအဖြစ်သာ ဆက်ရှိနေဦးမှာဖြစ်ပါသတဲ့။ အိန္ဒိယခရစ်ယာန်တစ်ယောက်က အနောက်တိုင်းသွားရင် အိန္ဒိယအဖြစ်ပဲ မြင်ကြမှာ ဖြစ်ပြီး အိန္ဒိယမူဆလင်တစ်ယောက် တူရကီ၊ အာရေဗျသွားရင်လည်း အိန္ဒိယအဖြစ်ပဲ ဆက်ရှိပါလိမ့်မယ် တဲ့။ ဘာလို့ဆိုတော့ လူတိုင်းလူတိုင်းမှာ ဇာတိနွယ်ရဲ့ နောက်ခံပန်းချီကားချပ်တွေ ရှိကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ထပ်တူမရှိနိုင်ပေမယ့် ဟိမဝန္တာ၊ ကက်ရှ်မီးယားဒေသကနေ အပူပိုင်းဇုံ အိန္ဒိယသမုဒ္ဒရာထဲအထိ ရှည်လျားကျယ်ပြောတဲ့ အိန္ဒိယမြေပြင်တဝှမ်းက ယဉ်ကျေးမှုလက္ခဏာတွေ လွှမ်းခြုံထားလို့ ဖြစ်ပါသတဲ့။ သူပြောတဲ့ အိန္ဒိယပြည်ထောင်စုစိတ်ဓါတ်ကိုသာ အားလုံးလက်ခံ သဘောပေါက်ကြရင် ပါကစ္စတန်တို့ ဘင်္ဂလားတို့တောင် ပဲ့ထွက်လာစရာ အကြောင်း မရှိဘူး။ သူ့ဘာသူ ပဲ့ချင်ပဲ့ အရေးမကြီးဘူး။ သူ့မှာ သန်းထောင့်နှစ်ရာတောင် ကျန်တယ်။ ကိုယ့်ဆီက သန်းခြောက်ဆယ်က ထပ်ပဲ့သွားရင် ကျန်ခဲ့တဲ့ အများစုမြန်မာတွေအတွက် မပူပါဘူး။ ပဲ့သွားတဲ့ အနည်းစုကလေးအတွက်ကိုပဲ စိတ်ပူမိပါတယ်။

တကယ်တော့ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ သူများကလာ ခေါင်းထဲအတင်းရိုက်သွင်းလို့လည်း ခိုင်မာသွားတဲ့အရာ မဟုတ်ပါဘူး။ မိကျောင်းမှန်တော့ ဆန်ရသလို ဗီဇကပါလာတဲ့ ခံစားချက်တစ်မျိုးသာ ဖြစ်ပါတယ်။ ကိုယ်တွေမှာရှိသလို သူတို့မှာလည်း ရှိကြတာပဲ။ အရေးကြီးတဲ့အခါ အမြဲ သွေးနီးခဲ့ကြသားပဲ။ သူများကလာသွေးခွဲလို့ စိတ်ဝမ်းတွေကွဲကြရင် နှစ်ဘက်စလုံးရင်နာနေရမှာစိုးလို့ တင်သန်းဦးအကြိုက် ပေါ်လစီဇာတ်ကားရိုက်လိုက်ရပါတယ်။ သို့သော် စိတ်ထဲက တကယ် ယုံယုံကြည်ကြည်နဲ့ ရေးတာပါ။ မြန်မာနိုင်ငံတဝှမ်းလုံး လွှတ်ချင်တဲ့နေရာလွှတ်၊ တွေ့ချင်တဲ့သူနဲ့တွေ့၊ ကိုယ့်အိမ်ကိုယ့်ယာစိတ်ထားနဲ့ ရောနှောဆက်ဆံလို့ ရပါတယ်။ အခုလည်း ဆက်ဆံနေသားပဲ။ တသက်လုံး အစိုးရမကောင်းကြောင်း အပုပ်ချလာတဲ့အကောင်က ဒီနေရာကျမှ အစိုးရနဲ့ တလေသံတည်း ဘာဖြစ်လို့ ထွက်ရသလဲဆိုတော့ အခုပြောနေတဲ့ ပြည်ထောင်စုစိတ်ဓါတ်ကြောင့်ပါ ဆိုရင် သဘောပေါက်သွားလိမ့်မယ် ထင်ပါတယ်။ သဘောထားတွေ ပြောင်းသွားလို့တော့ မဟုတ်ပါဘူး။ နိုင်ငံရေးက နိုင်ငံရေး၊ အမျိုးသားရေးက အမျိုးသားရေး၊ တစ်ကန့်စီလေဗျာ။ ဒီတခါ ကေဂျာနူးသီချင်းလာရင် သေချာ နားထောင်လိုက်ကြနော်။ ဘာတဲ့။ “ပြည်ထောင်စုကိုချစ် သွေးချင်းများပီပီ …” တဲ့။

credit to Dr Soe Min

8 comments

  • nozomi

    November 23, 2012 at 4:45 pm

    ဆရာ စိုးမင်း ဖွဘွတ်မှာ တွေ့ပြီး သဘောကျလို့
    ရှယ်ထားလိုက်သေးတယ်
    အားလုံး ဖတ်သင့် သိသင့်တဲ့
    အချိန် အခါ ကိုက် ပို့စ် လေး ဖြစ်ပါကြောင်း

  • Good™

    November 23, 2012 at 5:18 pm

    အစ ပိုင်း လေး နဲနဲ ဖတ်ထားတယ်။ မောက်ရဲ့ စခရိုး လေး ကို လိမ့် လိုက် တော့ ပို့ က နဲနဲ ရှည် နေလို့ နောက် တခေါက် ရောမှ ပဲ အပြီး ဖတ် တော့ မယ်။

  • အလင်းဆက်

    November 23, 2012 at 7:03 pm

    တကယ်တော့ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ သူများကလာ ခေါင်းထဲအတင်းရိုက်သွင်းလို့လည်း ခိုင်မာသွားတဲ့အရာ မဟုတ်ပါဘူး

  • pooch

    November 23, 2012 at 8:03 pm

    တကယ်ကိုပဲ အပြုသဘောဆောင်ပြီး အမုန်းတွေပြေပြီး စိတ်ကိုငြိမ်းအေးစေတယ် သုံးသပ်တာကလည်း အမြော်အမြင်ကြီးပြီး ပညာသားပါတယ်

    တခြားစာများနဲ့ယှဉ်ဖတ်ရတဲ့အခါ
    ပြည့်တဲ့အိုးဘောင်ဘင်မခတ်ဖူးဆိုတဲ့ ခံစားမှုမျိုးပေးတဲ့

    အရေးအသားမျိုးဖြစ်ပြီး ဖတ်လိုက်ရတဲ့သူအတွက် မလိမ္မာစိတ်ကိုတောင် လိမ္မာလာစေသလို ခံစားမိတယ်

    လူတော်တဖြစ်လည်း လူကောင်းတယောက်ရဲ့ သုံးသပ်မှုပါ

    ကျမလည်းသူ့စာမျက်နှာကနေ သိမ်းထားသေးတယ်

  • areno areno

    November 25, 2012 at 4:14 pm

    ဒီလူတွေကို ကိုယ်နဲ့ဘယ်လိုမှ နေမဖြစ်အောင် သွေးထိုးလှုံ့ဆော် ရန်တိုက်မြှောက်ပင့်ပေးပြီး သီးခြားပြည်နယ်တောင်းခိုင်းထားလို့ ဖြစ်ရတာ။ မောင်ရင်အတွေးလားဒါမှမဟုတ်RNDPကပြောခိုင်းလို့
    လျှောက်ပြောနေတာလား၊ဒါမှမဟုတ်ချီးစားတာများသွားလို့လား၊ ပထမ သီးခြားပြည်နယ်တောင်းနေတာ
    ဘယ်ကောင်တွေလဲသိတယ်မဟုတ်လား ၊အခွေတောင်ထုတ်ထားတာရှိသေးတယါ၊ရခိုင်ပြည်နယ်ကဂစ်
    ဓါတ်ငွေတွေရောင်းစားတယ်ဆိုပြီးရခိုင်အစွန်းရောက်တွေကတောင်းတာမောင်ရင်သေသေချာချာ
    ကြည့်ပါအုံး၊မောင်ရင်ပြောတဲ့သူတွေက အေးအေးဆေးဆေးစားရသောက်ရရင်ပြီးတဲ့သူတွေ
    ဘယမှလဲ သူတို့သီးခြားတောင်းနေတဲ့စာ။ရှိရင်အချိန်မရွေးပြပါ၊ ဘာသက်သေမှမရှိဘဲ ဟောင်မနေ
    ပါနဲ့၊ ရခိုင်အစွန်းရောက်အဝကျွန်းသားတွေက သူတို့နေတဲ့နေရာတွေကို အပိုင်စီးချင်လို့ဖြစ်တယ်
    ဆိုတာက ဗိုလ်ချုပ်လှမင်းတိ်ု့ကိုယ်တိုင်တွေ့ရှိပြောထားပြီးသား၊ချီခြောက်ရေနူးမနေနဲ့။နဂိုကလဲနှိမ်
    ချဆက်ဆံတာပါဘဲ၊ဒီလောက်ကြီးကြီးမားမားမားနှိပ်စက်သတ်ဖြတ်တာမရှိဘူးလို့ဘဲပြောရမယ်၊အခု
    တော့ သူတို့နေနေတဲ့အိမ်တွေ၊ရွာတွေကို မီးရှိုမောင်ထုတ်ပြီးမြို့ပြင်မှမသေရုံစားနေရတာ၊
    တနေ့မောင်ရင်တို့ဝဋ်လည်လိမ့်မယ်၊ ဒါကိုသတိရပါ။
    နယ်စပ်မှလဲတင်းတင်းကြပ်ကြပ်ကိုင်တွယ်ထားတာ၊အထင်းသားမြင်နေရတာဘဲ၊
    ပြီးတော မောင်ရင် မြန်မာနို်င်ငံသမိုင်းနဲ့ရခိုင်သမိုင်းမဖတ်ဖူးတာလားစာမတတ်တာလား။
    မြန်မာတွေ ဘယ်ကစတင်ခဲ့တာ၊ရခိုင်တွေ အိန္နိယကစတင်ခဲ့တာမသိရင်သမိုင်းပြန်ကြည့်
    အခုမင်းတို့တွေက ကိုယ်သမိုင်းကိုယ်ဖျောက်ချင်နေကြတာ၊

    သူတို့အရိုးထဲက အိန္ဒိယဗီဇလက္ခဏာက ဘွင်းဘွင်းကြီး ဖော်ပြနေတယ်။
    ဆိုတာမောင်ရင်တို့ကိုယ်တိုင်ဘဲ၊

    ကိုယ်နဲ့ သံသရာအဆုံးတိုင် တစိမ်းဆန်နေမှာဖြစ်ပြီး သူတို့စိတ်ထဲက အိမ်နဲ့ယာက ဘင်္ဂလားမှာ။
    တဲလား မောင်ရင်တို့ကသာကုလားကိုးကွယ်ပြီးကုလားမုန်နေ၊ကိုယ်ကျေူးဇူးရှင်ကိုမုန်းနေကြတာ
    လို့ဘဲမြင်ရတယ်၊ဘယ်သူမှ နေခွင့်ပေးဖိုတောင်းနေတာမဟုတ်ဘူး၊သမိုင်းစဉ်ဆက်နေထိုင်လာခဲ့
    ကြတာဘဲ၊
    သူ့အိမ်အဖြစ် လုယူနေတာ။ ကိုယ့်ကို မောင်းထုတ်နေတာ။
    လိုူ့သူခို့ လူဟစ်မနေပါနဲ့၊ ဘယ်သူကမောင်းထုတ်နေလဲဆိုတာအမေရိကန်သမ္မတတောင်သိတယ်၊
    လူတွေက ရောက်နှင့်ပြီးပြီ။ အိမ်ကို သိမ်းချင်တာတယ်ဆိုတာ မောင်ရင်တို့ကိုယ်တိုင်ဘဲ၊

    အများစုမြန်မာတွေအတွက် မပူပါဘူး။ ပဲ့သွားတဲ့ အနည်းစုကလေးအတွက်ကိုပဲ စိတ်ပူမိပါတယ်။

    ဘာမှစိတ်မပူနဲ့မောင်ရင် အိန္ဒိယ က ထွက်ပြေးလာတဲ့မောင်ရင်တို့ကိုစာပေတွေပေါ်ထွန်းလာခဲ့တဲ့
    မောင်ရင်တို့အဖိုးအဖွါးတွေလဲဒီလို့ဘဲ လူနည်းစု့ကနေ မြန်မာနို်င်ငံဆိုပြီးယဉ်ကျေးမှုပေါင်းစုံ၊လူမျိုးပေါင်စုံပေါင်းစု့ပြီးပေါ်ထွန်းလာခဲ့တာဘဲ
    နောက် ဘုရားဟောတရာကိုလည်းသတိရပါအုံးဒီလို့ဘဲသံသရာမှာရောက်ရှိနေထိုင်ကြတဲ့ဧည့်သည်
    အချင်းချင်း အေးအေးချမ်းချမ်း နေထိုင်ဖို့စိတ်မွေးကြပါ။ သံသရာမှာ ကိုယ်ဖိုး၊အဖွါးတွေအဲ့ဒီအထဲမှာမရှိ
    ဘူးလို့ မောင်ရင်အာမခံနိုင်လို့လား၊ ကိုယ် အဖိုးအဖွါးတွေကို မသတ်မိ၊မမောင်းထုတ်မိစေပါနဲ့၊
    အစွန်းရောက်ရင်တော့ ငရဲထဲရောက်မယ်ဆိုတာ မှတ်ထားပေါ့ကွာ

    • pazflor

      November 25, 2012 at 8:25 pm

      အနုတ်ပေးတယ်ဗျာ။ရိုင်းလို့။

      ရခိုင်ပြည်ကထွက်တဲ့ gas အတွက်ရခိုင်တောင်းတာပြဿနာလို့ မမြင်ပေါင်။

      ကိုယ်အိမ်ကိုယ်မီးပြန်ရှိူ ့ကြတာတော့ အချိန်ကိုက် လုပ်ကြံဖန်တီးတာလည်း ဖြစ်နိုင်ပါတယ်။
      အခု ရခိုင်မှာ လဝက လည်းစစ်ရော မီးထဲပါသွားတယ်ဆိုပြီး ID အပျောက်ပြပြီလေ။

      အခြား မြို့နယ်တွေထဲမှာလည်း ဘာသာခြားတွေနဲ့ အတူနေတာဘဲ။ ပြဿနာ ကြီးကြီးမားမား မရှိဘူး။

      အဓိက က အဲ့ဒေသမှာ ဆင်းရဲမွဲတေ ပညာမတတ်၊ ဘာသာရေးမှိူင်း မိတော့ ပိုဆိုးကုန်တာလို့ထင်တယ်။

      မွတ်စလင် ဆိုတိုင်း အခြားမွတ်စလင်တွေက မျက်စိမှိတ်ပြီး အမှန်ဆိုပြီး သံယောင်မလိုက်ပါနဲ့။ အရှက်ရှိပါ။
      အဲ့ လူရမ်းကားတွေ အားကြီးလာရင် (သို့) တစ်နိုင်ငံလုံးပြန့်လာရင် သာမန် မွတ်စလင်တွေလည်း ကောင်းကောင်းနေလို့ရမယ်မထင်ပါနဲ့။ အားလုံး ဒုက္ခရောက်မှာ။

  • pazflor

    November 25, 2012 at 8:17 pm

    အနုတ်ပေးတယ်ဗျာ။ရိုင်းလို့

  • nicolus agral

    November 26, 2012 at 7:29 pm

    စိတ်ပျက်တယ် areno areno
    (မောင်ရင်တို့ကသာကုလားကိုးကွယ်ပြီးကုလားမုန်နေ၊ကိုယ်ကျေူးဇူးရှင်ကိုမုန်းနေကြတာ
    လို့ဘဲမြင်ရတယ်)
    ကျွန်တော်ကိုးကွယ်တဲ့သူက ကုလားမျိုးမဟုတ်ဘူး
    အဲ သူ ့လူမျိုးကိုကိုးကွယ်တာလဲမဟုတ် ၊ သူ ့အယူဝါဒ ကိုယုံကြည်သက်ဝင်တာ

    ဂေါတမက ကုလားပြည်က ၊ ငါတို ့ကလဲကုလားပြည်ကလာတာ ၊ ငါတို ့ကဘုရားမျိုး ၊ငါတို ့ကိုယူရင်မြတ်တယ် ဆိုတယ့်အပြောမျိုးနဲ ့ မသိနားမလည်တဲ့ ရှမ်းပြည်ကမိန်းကလေးတွေကိုယူ မွတ်ဘာသာထဲထဲ့ အဲဒီအပေါက်မျိုး ဂေဇက်မှာလာမပြောနဲ ့

    တရုတ်ကတမျိုး ၊ ကုလားကတမျိုးနဲ ့
    ချဉ်ထာ…….

Leave a Reply