ရှာဖွေတွေ ့ရှိခြင်း

alinsettNovember 23, 20121min40417

ရှာဖွေတွေ ့ရှိခြင်း
……………….


ကောင်းကင်ကြီ်း အကြောင်း… အိပ်မက်ရင်း….

မြေကြီးထဲ….ပဲ..နစ်…နစ်…ဝင်….

ကျဆုံးချိန်မှာတောင်…..အလံ…. မလဲ…ချင်တဲ့..လူ….

—————————–

မဆုံ နိုင် မှန်း……. သိ လျက်နဲ ့လည်း…

မျဉ်းပြိုင် နှစ်ကြောင်း ရဲ ့ဆုံမှတ် ကိုမှ…. မြင်ချင်သူ….

အောက်စီဂျင်ကို…. မရှုချင်တဲ ့……. လူ……

——————————-

အဆိပ်ခွက်ကို..ကိုင်ဆောင်ရင်း……….

အမှန်တရား ရဲ ့ ချိုမြိန်မှု..ကို..ရှာဖွေ..သူ…..

ရှာမတွေ ့ရင်တောင်……

ဆက်… ရှာဖွေတဲ ့လူ….

နဖူးမှာ…စာ…မပါတဲ ့ လူ………

————————————————

အဆုံးသတ် ဆိုတာ….

အစ သစ် တစ်ခု…ဆွဲထုတ်ခြင်း…မဟုတ် ….

အစသစ် ဆိုတာ……

အဆုံးသတ်တစ်ခု…ရဲ ့ နိဂုံးလည်း..မဟုတ်ခဲ ့……..

ဘာဆိုဘာမှလည်း………….

မဟုတ်ခဲ့…….

…………………………………

—————————————–

နောက်ဆုံးတော့လည်း………………

အဆိပ်ခွက် က်ို…မော့သောက်ခြင်း…က…. ပဲ……

ရှာနေတဲ ့…. အမှန်တရား ရဲ ့ချိုမြ်ိန်မှု..ဖြစ်ခဲ့……

အလဲလဲ…. အပြိုပြို………..

ရဲရင့်ခဲ့ တဲ ့….လူ…………….

………………………………..

………………………………..

………………………………….

……………………………………

…………………………………..။

=================================

အလင်းဆက်

23 . 11 .2012 ./ 17 း 05 PM

alinsett.art@gmail.com

17 comments

  • surmi

    November 23, 2012 at 7:23 pm

    ဆက်ဆက် ရေ ့ ့
    ပထမဆုံးလာအားပေးသွားပြီ
    နောက်မှပြန်လာခဲ ့မယ်

  • အလင်းဆက်

    November 23, 2012 at 7:28 pm

    ဆာဆာရေ…
    ပထမဆုံး…မန့်သူကို..
    ကံစမ်းမဲ.ဖောက်ပေးမယ်…

    လို ့….တော့…..

    မစဉ်းစားနိုင်သေးဘူး ။

    အဟိ ။

    ချစ်လို ့စတာပါ ။

    လက်ဖက်ရည်ဆိုင်..မှာ..
    လေးလေးဆာမိနဲ ့အတူ… ထိုင်ပြီး…

    အနုပညာအကြောင်းပြောချင်တယ် ။

    🙂

  • thit min

    November 23, 2012 at 7:50 pm

    တဏှာကပ်နေတဲ့ အဆိပ်ခွက်ကို
    အနာဂတ်ရဲ့ အိမ်မက်နဲ့လဲပြီး
    ပွဲပြီးအောင် ကြံတယ်ထား။

    အမှန်တကယ်ထားခဲ့ရတာက
    သမိုင်းကြောင်း
    ကြံရွယ်ထားခဲ့တာကောင်းမကောင်းဆိုတာ
    အကျိုးအကြောင်းဖော်ထုတ်
    လူတွေ “မင်းအရုပ်” ကိုရေးကြ လိမ့်မယ်။

    ဖေးမခြင်း နဲ့အရုပ်ကိုအရောင်ချယ်တဲ့
    အရေးမလှတဲ့ “အတင်း” နဲ့အရှုပ်ပို နှောင်တွယ်တဲ့
    လူ့ဝန်းကျင်ရဲ့ အဆုံးအဖြတ်ဟာ
    ဘဝတခုရဲ့ အဆုံးသတ်မှာ ပေါ်ထွက်
    မှတ်ချက်တွေပေး
    “မင်းသတင်း” ကိုရေးကြပြန်မယ်။

    အဲဒီ
    အရုပ်နဲ့သတင်း ဆက်စပ်ခြင်း ဟာ
    အတိတ်အတွက် ဆိုပေမဲ့
    (မင်းသောက်ခဲ့တဲ့) အဆိပ်ခွက်ထက် “ပြင်း” တယ်။

    • ရွှေ ကြည်

      November 24, 2012 at 12:30 pm

      ကောင်းလိုက်တာ ပို့ကဗျာနဲ့မန့်ကဗျာ လိုက်ဖက်ညီလိုက်တာနော်..။

  • ခိုင်ဇာ

    November 23, 2012 at 8:01 pm

    မဆုံ နိုင် မှန်း……. သိ လျက်နဲ ့လည်း…

    မျဉ်းပြိုင် နှစ်ကြောင်း ရဲ ့ဆုံမှတ် ကိုမှ…. မြင်ချင်သူ….

    အဲဒီ စာသားလေးကြိုက်သကွယ်။ :mrgreen:

  • pooch

    November 23, 2012 at 8:20 pm

    မနေ့က ့ကြည့်ဖြစ်တဲ့ ပရိုမီးသီးယပ်ဆိုတဲ့ ဇာတ်ကားထဲမှာတော့ စကြာဝဠာကြီးထဲက လူသားတွေကို ဖန်တီးခဲ့တဲ့ ဖန်ဆင်းရှင်တွေကိုလိုက်ရှာရင်း မဆုံးတဲ့ခရီးရှည်ကြီးကို ဆက်လက်ထွက်ခွာသွားလေရဲ့
    မြင်မိလိုက်တာကတော့ ရှာဖွေလေတွေ့ ရှိလေဆိုတဲ့သဘောတရားလေးပဲ

  • အောက်ဆီဂျင်တောင် ရှူချင်ဘူးဆိုဒေါ့ ..
    အင်း .. ဒီကောင်လေး သေချင်ပီနဲ့ တူဒယ် .. :mrgreen:
    နောက်တာပါဗျာ …
    ကိုလင်းဆက်ရဲ့ ကဗျာလေးကို အားပေးသွားပါတယ်နော့ ..

  • blackchaw

    November 24, 2012 at 10:38 am

    အလက်ဆင်းရေ…။
    ချစ်စရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါဗျာ…။
    ကျဆုံးချိ်န်မှာတောင် အလံမလှဲချင်တဲ့သူ ဆိုတာလေးတော့
    ရင်ထဲကို တန်းရောက်သွားပါတယ်…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

  • Nay Chi

    November 24, 2012 at 10:53 am

    ကောင်းကင်ကြီ်း အကြောင်း… အိပ်မက်ရင်း….
    မြေကြီးထဲ….ပဲ..နစ်…နစ်…ဝင်….
    ကျဆုံးချိန်မှာတောင်…..အလံ…. မလဲ…ချင်တဲ့..လူ….။

    (အ စ တစ် ပုဒ် နဲ့ ဆွဲ ဆောင် ခေါ် သွား ခဲ့ ပြီးးး)

    နောက်ဆုံးတော့လည်း………………
    အဆိပ်ခွက် က်ို…မော့သောက်ခြင်း…က…. ပဲ……
    ရှာနေတဲ ့…. အမှန်တရား ရဲ ့ချိုမြ်ိန်မှု..ဖြစ်ခဲ့……
    အလဲလဲ…. အပြိုပြို………..
    ရဲရင့်ခဲ့ တဲ ့….လူ…………….။

    (အ ဆုံး တစ် ပုဒ် နဲ့ လူ ကို ဆွဲ နှစ် ပစ် လိုက် တယ်…။)
    ဖတ်ရင်း နည်းနည်းတောင် မွန်းသွားတယ်…။ (y)

  • ရွှေ ကြည်

    November 24, 2012 at 12:42 pm

    ကောင်းကင်ကြီ်း အကြောင်း… အိပ်မက်ရင်း….

    မြေကြီးထဲ….ပဲ..နစ်…နစ်…ဝင်….

    ကျဆုံးချိန်မှာတောင်…..အလံ…. မလဲ…ချင်တဲ့..လူ….။

  • Shwe Ei

    November 24, 2012 at 3:57 pm

    အလင်းဆက်ရေ နောက်ဆုံးသော ရှာဖွေတွေ့ရှိမှုက
    အဆိပ်ခွက်ကို မော့သောက်ခြင်းတဲ့လား………

  • Mobile

    November 24, 2012 at 11:37 pm

    ပုံလေးကို ကြိုတ်လို့ကူးသွားတယ်ဗျာ
    ကဗျာနဲ့ပုံနဲ့ လိုက်ဖက်ညီပါတယ်ဗျာ
    ကဗျာတင်ပဲ ရေးတာလား သီချင်းလေးဘာလေးရေးရင်
    ဆိုပေးမယ့် အဆိုတော် ရှိပါကြောင်း

  • myanmar oscar

    November 25, 2012 at 12:27 am

    အားပေးသွားတယ်နော်…..

  • အလင်းဆက်

    November 25, 2012 at 7:11 pm

    ဖတ်ရှု ခံစား..အားပေးကြသူများ..အားလုံးကို..

    ချစ်ခင်လေးစားစွာ.
    ကျေးဇူးတင်လျက်ပါဗျ ။

    ===============
    ဟိုတစ်နေ့က….စိတ်ညစ်စရာတွေ..များနေချိန်မှာ…
    ချရေးဖြစ်တာလေး..ပ ါ ။

    အနုပညာ.ဖန်တီးမှု တစ်ခု..အနေနဲ ့မဟုတ်ရင်.တောင်မှ…
    ကျွန်တော့် ခံစားချက် စာစုလေး..သက်သက် အဖြစ်.. ခံစားမှု..ကူးလူး ဆက်ဆံ..ပေးကြမယ်..လို ့.
    ယုံကြည်ပြီး….

    တင်ပြ လိုက်တာပါ ။
    ===============

    အားလုံးကို..

    ကျေးဇူးတင်ပါတယ်.နော် ။

    ==========

    လေးစားစွာ.ဖြင့် …

    အလက်ဆင်း

    🙂

  • athwe lay

    December 15, 2012 at 11:45 am

    အကိုရေအားပေးသွားတယ်နော် အသိနောက်ကျလို့မန့်တာနောက်ကျတာတော့နားလည်ပေးပါနော်။

  • အလင်းဆက်

    December 15, 2012 at 12:50 pm

    နောက်ကျနေပေမယ့်
    သတိတရနဲ့
    လာရောက် ဖတ်ရှုပေးလို ့
    ပြောမပြတတ်အောင်
    ကျေးဇူးတင် ဝမ်းသာမိပါတယ်
    ညီ ရေ

Leave a Reply