အလွမ်းတွေကို တေးဖွဲ့ရင်း

ရေးခဲ့တဲ့ကာရံလေးတွေက

အခုတော့ မိုးသည်းတဲ့ညမှာ

ကြယ်လေးတွေလဲ အေးခဲလို့နေပြီလား

အနောက်အရပ်မှာ ကွယ်နေတဲ့နေမင်းရဲ့ခြေရာကို

မင်းဘယ်လိုအရာတွေနဲ့ ဖမ်းပေးနိုင်မလဲလေ

မတွေးခဲ့မိတဲ့ မေတ္တာရိပ်အောက်မှာ

မင်းပေးခဲ့ဖူးတဲ့ သစ္စာစကားလေးတစ်ခွန်းက

ဘယ်တော့မှ မပျက်ပြယ်မဲ့ ချစ်သံဇဉ်တွေတဲ့

အခုတော့ သံဇဉ်လဲ လွမ်းလွန်းလို့ ခန်းခြောက်နေတဲ့

ရေကန်ငယ်လေးထဲမှာ ရွှေငါးလေးတွေလဲ

တွေးဖွဲ့စရာ မရှိတော့ပြီဘဲလေ

အနိုင်လိုချင်တဲ့ မင်းလေးရဲ့စိတ်ထားကို

ငါဘယ်လို ပြုပြင်ပေးမှ နိုးထနိုင်မလဲကွယ်

သိပ်ချစ်တယ်ဆိုတာကို ရင်ထဲကဖွင့်မပြောပေမယ့်

ငါပေးခဲ့ဖူးတဲ့ အကြင်နာတွေကို အမှတ်ရနေသေးမယ်ဆိုရင်

သိနိုင်ပါတယ် ချစ်ဦးသူရယ်

အခုတော့ မင်းရဲ့ချစ်ပါတယ်ဆိုတဲ့ နှုတ်ခမ်းထက်က စကားလုံးတွေက

ကြိုးပျက်သွားတဲ့ သံယောဇဉ် ပမာ ငါလေ

အလွမ်းတွေနဲ့ ထွေးဖက်ရင်း ကျန်ရှိသေးတဲ့ နေ့ရက်တွေကို

ဘယ်လိုခွန်အားတွေနဲ့ ခရီးဆက်ရမလဲကွယ်

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..