N ကြယ်မင်း ရဲ့ ပွဲကြို အနုပညာ…။

black chawNovember 23, 20121min20110

ဘလက်ကြီးတစ်ယောက် လိုင်းကြောင်းပြန်ပြီလို့ အထင်မလွဲကြစေချင်ပါဘူး…။
ဘောလုံးပွဲ ပွဲကြိုရေးတဲ့လူတစ်ယောက် အကြောင်းပြောမလို့ပါဗျာ…။
ပုံမှန်အားဖြင့်တော့ ပွဲကြိုဆိုတာ အနုပညာ တစ်ခု လို့ ပြောရမှာ ခက်ပါတယ်…။
ဒါပေမယ့် ဆရာ Nကြယ်မင်းရဲ့ ပရီးမီးယားလိဂ် ပွဲကြိုတွေကတော့ အနုပညာရသတစ်ခုပါတယ်လို့…ကျွန်တော် အခိုင်အမာ ပြောရဲပါတယ်…။
အဲဒီပုဂ္ဂိုလ် N ကြယ်မင်း ရဲ့ ပွဲကြိုတွေဟာ အရမ်းမှန်တယ်လို့ (လုံးဝ) မဆိုလိုချင်ပါဘူး…။
သို့သော် အရသာတစ်ခုခု ပေးစွမ်းနိုင်တာတော့ အသေအချာပါ…။
ဆိုလိုချင်တာက မှားတယ်ဆိုတဲ့ ပွဲတွေမှာတောင် အနုပညာပါတော့ အရသာရှိနေတတ်တာမျိုးကိုပါ…။
ကျွန်တော်ကတော့ သူ့ပွဲကြိုတွေကို ဘောလုံးပွဲကြည့်ပြီးမှ ပြန်ဖတ်ရင် ပိုအရသာရှိတယ်ဆိုတာလေး အခုတင်ပြချင်တာပါ…။
ပွဲကြိုဆိုတော့လည်း မှန်တဲ့အခါ မှန်ပြီး မှားတဲ့အခါ မှားပေါ့ဗျာ…နော့်…။
ဟုတ်မဟုတ် ဆိုတာ သူပင်တိုင်ရေးနေတဲ့ ALL STAR ဂျာနယ်ထဲက ပြီးခဲ့တဲ့ အပတ် ပရီးမီးယားလိဂ်ပွဲကြိုတွေနဲ့ သက်သေ ပြပါရစေ…။
ခေါင်းစဉ်ပေးထားတာကိုအရင်ဖတ်ကြည့်ပါဦး…။

ရပ်..နတ်ဆိုးတွေရဲ့ အဝေးကွင်းနိုင်ပွဲများ အခုရပ်

တဲ့…။
ပွဲကြိုရေးဆရာတစ်ယောက်အနေနဲ့ ဘယ်လောက်များရဲရင့်လိုက်ပါသလဲ…။

နောရစ်ချ် – မန်ယူ

ဒီတစ်ပတ်ရဲ့ Danger အသင်းအဖြစ် ကျွန်တော် မန်ယူကိုရွေးပါတယ်…။
နောက်ဆုံး ၄ ပွဲမှာ ရ ဂိုး ပေးထားတဲ့ ခံစစ်မျိုးနဲ့ အသင်းကို မန်ယူလို့ သတ်မှတ်ဖို့ ခက်ခဲလှပါတယ်…။
ဖာဒီနန်-အီဗန် အတွဲနဲ့ အဆင်မပြေခဲ့မှုတွေကို ဖာဒီနန် – ဆမောလင်း အဖြစ် ပြောင်းလိုက်တော့ ပိုဆိုးသွားတာ..ကျွန်တော်တို့ မြင်နိုင်ရမှာပါပဲ…။
နောက်တစ်ခုက အဝေးကွင်း ၅ ပွဲဆက်တိုက် အနိုင်ရထားတာပါ…။ ခပ်နုံနုံ ချည်းကပ်မှုကိုပြောလည်းပဲ လက်ခံရမှာ ဖြစ်ပေမယ့် အဲဒီလို ဆက်တိုက်လှပနေတာမျိုးဟာ အခုချက်ခြင်း ပြောင်းလဲသွားနိုင်တယ်လို့ ကျွန်တော် ဘာကြောင့် မယုံကြည်နိုင်ရမှာလဲ…။
နောရစ်ချ်က နောက်ဆုံးအိမ်ကွင်း ၂ ပွဲမှာ အာဆင်နယ်နဲ့ စတုတ်ကို ၁-ဝ ကိုယ်စီနဲ့ အနိုင်ယူထားပါတယ်…။
ဒါ့အပြင် နောက်ဆုံးကစားထားတဲ့ ၄ ပွဲမှာ ၃ ပွဲက ပေးဂိုးမရှိပါဘူး…။ ဒါဟာ မန်ယူထက်သာလွန်နေတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ…။
မန်ယူကို သူတို့သာ တစ်ဂိုးသွင်းနိုင်ပြီဆိုရင် နောက်ပိုင်းဇာတ်လမ်းက တော်တော် အေးသွားပါပြီ…။ မန်ယူဟာ တစ်ဂိုးနိုင်ရင်တောင် နည်းနည်းလောက် ရှုံးဦးမယ်ဆိုတော့ သရေကျနိုင်ခြေများလွန်းတဲ့…၊ ရှုံးရင် ဂိုးပြတ်ဖို့ မဖြစ်နိုင်တဲ့ နောရစ်ချ်ကို ရွေးချယ်ရပါလိမ့်မယ်။
ရပ်…မန်ယူရဲ့ အဝေးကွင်းနိုင်ပွဲများ အခုရပ်…။
(ပွဲပြီးရလာဒ် နောရစ်ချ် ၁ – ဝ မန်ယူ)

ပွဲခန့်မှန်းတာမှန်လို့ ကျွန်တော် ပြန်တင်ပြတာမဟုတ်ပါဘူး…။
သူ့ရဲ့ ပွဲကို ချည်းကပ်ပုံက သူများနဲ့ မတူတာကို ပြောချင်တာပါ…။
အရေးအသားကိုရောပေါ့…။
ဆိုတော့ ပွဲပြီးရင်ပြန်ဖတ်ကြည့်…။ ပိုပြီး အရသာရှိနေတာကို သင်တွေ့ပါလိမ့်မယ်ဗျာ…။
နောက်တစ်ပွဲထပ်သွားရအောင်…။

မန်စီးတီး – ဗီလာ

၅ ပွဲနိုင် ၁ ပွဲသရေနဲ့ အိမ်ကွင်းရလာဒ်တွေ ကောင်းမွန်လွန်းလည်းပဲ ကိုယ့်အတွက်ပါတာက တစ်ပွဲပဲရှိပါသေးတယ်…။ ခိုလာရော့ဗ် ကို ကွင်းလယ်ဘယ်တောင်ပံ တက်ကစားခိုင်းထားတာ တစ်ခုကလွဲရင် မန်စီးတီး ကစားပုံဟာ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတာအမှန်ပါပဲ…။ ဗီလာကတော့ အဝေးကွင်းရလာဒ် ညံ့ဖျင်းလွန်းသလို မန်စီးတီးကွင်းအစဉ်အလာမှာလည်း ဆိုးရွားလွန်းပါတယ်…။ မန်ယူကို ၂ ဂိုးသွင်းသွားတဲ့ ဝီလ်မန်နဲ့ ဘန်နန်တို့ တောင်ပံ ၂ ဖက် ကစားပုံကောင်းမွန်လာလည်း
ဟန်ချက်ညီ တုန့်ပြန်မှုမျိုး မရှိပါဘူး…။ ခံစစ်မှာ ရွန်ဗလာတို့ ညံ့ဖျင်းနေကြပုံနဲ့တော့ ဇီကိုတောင် လူစားဝင်လာပြီး အဆုံးအဖြတ်ဂိုးတွေသွင်းပေးစရာ လိုမယ်မထင်ပါဘူး..။
ဒေးဗစ်ဆေးလ်ဗား ပြန်ကစားနိုင်တာကမန်စီးတီးကစားပုံကို ပြောင်းလဲသွားစေတာကြောင့်
လည်း ဂိုးတွေစောစောရပြီး ပွဲအဖြေလည်း စောစော ပြတ်နေပါလိမ့်မယ်…။
မန်စီးတီးကို ဘယ်ဈေးနဲ့ ဖြစ်ဖြစ် လိုက်ခဲ့မယ်လို့ ကြိုပြောထားပြီးပါပြီ…။
(ပွဲပြီး ရလာဒ် မန်စီးတီး ၅ – ဝ ဗီလာ)
ဒီပွဲလည်း မှန်ခဲ့ပါတယ်…။

ရက်ဒင်း – အဲဗာတန်

အဲဗာတန်ကို ကျွန်တော် ကြိုက်ပါတယ်…။ ဒါပေမယ့် နောက်ဆုံး ၅ ပွဲမှာ ၈ ဂိုးပေးထားရတာတောင် မရှုံးသေးတဲ့ အဲဗာတန်တွေ အမှတ်မထင် နာကျင်ရမယ့် အချိန်ကျရောက်လာပြီလို့ ကျွန်တော် သဘောရပါတယ်…။ ကွင်းလယ်မှာလည်း အသင်းလိုက်ကစားအား
ကောင်းနေတာထက် ဖယ်လိုင်နီ တစ်ယောက်တည်း ကြဲနေရသလို ရှိတာက မကောင်းလှပါဘူး…။ ရက်ဒင်းဟာ အခုချိန်ထိ နိုင်ပွဲမရသေးပေမယ့် နောက်ဆုံးကစားတဲ့ ၆ ပွဲမှာ ရှုံးပွဲလည်း တစ်ပွဲပဲ ပါလာပါတော့တယ်…။ အိမ်ကွင်း ၅ ပွဲမှာ တော့တင်ဟမ် တစ်သင်းတည်းကို ရှုံးထားတာ ကြည့်ရင်လည်း သူတို့ကို အနည်းငယ် ခမ်းနားတဲ့ နိုင်ပွဲတစ်ပွဲပေးအပ်ချင်စရာပါ…။
ရက်ဒင်းကိုရွေးချယ်တာဟာ စွန့်စားမှု မဟုတ်ပါဘူး…။ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ပါ…။
(ပွဲပြီးရလာဒ် ရက်ဒင်း ၂ – ၁ အဲဗာတန်)

လီဗာပူး – ဝီဂန်

လီဗာပူးကိုရွေးရတာ အရူးကွက်နင်းရသလိုပါပဲ…။ သူ့လုပ်လည်းမရ..၊ သူ့ဆန့်ကျင်လို့လည်း မဖြစ်..၊
ဘယ်နှယ့် နေထက်ပူပြင်း တွေလည်း မသိပါဘူး..။ နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲနိုင် ၄ ပွဲသရေ ဆိုတော့ အမှန်က ဒီထက်တစ်ခုခုတော့ ပိုဖြစ်လာဖို့ ကောင်းတဲ့ အနေအထားမျိုးပါပဲ..။ ဝီဂန်ကလည်း ၂ ပွဲဆက်တိုက်နိုင်ပြီး အရှိန်လေးရလာပြီထင်မှတ်ချိန်မှာ အိမ်ကွင်းမျက်နှာလေးမှမထောက် ဝက်စ်ဘရွန်းကို ရှုံးပစ်လိုက်ပြန်ပါတယ်…။ ဝီဂန်ဟာ တန်းဆင်းဇုန်နဲ့ဝေးဖို့တောင်တက်လမ်းတွေ ဖြတ်သန်းနေရဦးမယ့် သဘောပါပဲ…။ သူတို့မှာ လွတ်မြောက်နိုင်တဲ့ ခြေစွမ်းမျိုး သဲကွဲသေချာ မတွေ့ရသေးပါဘူး…။
အရူးကွက်နင်းပြန်ပြီပဲ ပြောပြော လီဗာပူးကိုပဲ ရွေးချင်မိပြန်ပါတယ်…။
(ပွဲပြီးရလာဒ် ၃-၀)

မှန်တဲ့ ပွဲတွေချည့် ရွေးပြီး နမူနာပေးနေတယ် ထင်မှာစိုးလို့ မှားတဲ့ ခန့်မှန်းမှုလေးတွေဘက် နည်းနည်း လှည့်လိုက်ရအောင်ဗျာ…။

ကျူပီအာ – ဆောက်သမ်တန်

တချို့ကတော့ ကျူပီအာ နဲ့ မထူးဇာတ်ခင်းပြီး လိုက်မိုက်နေမယ့်အစား ကျူပီအာကို ပုံမှန်ဆန့်ကျင်နေရင် အဆင်ပြေမယ်လို့ သုံးသပ်စပြုလာကြပါပြီ…။ စတုတ်ကို ရှုံးပြီးတဲ့နောက် သူတို့အပေါ် မေတ္တာ ကုန်စင်သွားကြတဲ့ သဘောပါပဲ…။ ဒါပေမယ့် ပြန်စဉ်းစား ပေးကြည့်စေချင်ပါတယ်…။ ဒီတစ်ပွဲလေးကျန်တာပါ…။ အဆင့် ၁၉ နဲ့ ၂ဝ အထက်အောက် အသင်းချင်း တွေ့တဲ့ပွဲမှာ ကိုယ့်ကောင်တွေက အိမ်ရှင်ဖြစ်နေတာကို လက်လွှတ်ခံသင့်ပါရဲ့လား…။ ဒီပွဲမှာမှ ဖြစ်ချင်တာဖြစ်ဦးမယ်ဆိုရင်တော့လည်း
နောက်ပွဲမှာ သူတို့ အတိအကျ သေဆုံးပါစေ…။
ဒီတစ်ပွဲနဲ့တော့ မထူးပါဘူးဆိုပြီး စမ်းကြည့်လိုက်ရင် ကျူပီအာက အသံထမြည်မယ် ထင်နေမိတုန်းပါပဲ…။
နောက်ဆုံးပဲ ကျူပီအာ၊ ဒီပွဲမှာ လွတ်အောင်ရုန်းပေတော့ ကျူပီအာ…။
(ပွဲပြီးရလာဒ် ကျူပီအာ ၁ – ၃ ဆောက်သမ်တန်)

ကဲကြည့်…။ ဒီပွဲ ခန့်မှန်းတာ လွဲသွားပါတယ်…။
ဒါပေမယ့် သူရေးထားတာလေးဖတ်ရတာ အရသာတစ်ခု မပေးနိုင်ဘူးလားဗျ…။
ဟုတ်ပါပြီ…။ ဒီလောက်ဆိုရင် N ကြယ်မင်း ဘာလဲ… ဘယ်လဲ ဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်မှာပါ…။
ပြီးခဲ့တဲ့အပတ် ကစားတဲ့ ဆယ်ပွဲမှာ N ကြယ်မင်း ရဲ့ ရွေးချယ်မှုတွေက ၆ ပွဲမှန်ပါတယ်…။ ၄ ပွဲမှားပါတယ်…။
ကျွန်တော် အခုတင်ပြခဲ့တာက မှန်တာ မှားတာထက် သူရေးတဲ့ ပွဲကြိုက ပေးတဲ့ ရသတစ်ခုအကြောင်းကို ပြောချင်တာပါ…။
ဆိုတော့ ဘောလုံးပွဲလောင်းကြမယ့်သူတွေအနေနဲ့ Nကြယ်မင်းရဲ့ ခန့်မှန်းမှုတွေက အားကိုးရတယ်လို့ ကျွန်တော် ပြောချင်တာမဟုတ်ပါ…။ အဲဒီလိုလည်း တစ်လွဲမတွေးစေချင်ပါဘူး…။
ဘောလုံးပွဲတွေပြီးမှ Nကြယ်မင်းရဲ့ ခန့်မှန်းမှုတွေ ပြန်ဖတ်ကြည့်ကြဖို့ ညွှန်းချင်တာပါ…။
ဘောလုံးပွဲကြည့်ပြီးမှ ဒါဖတ်ပါ ပေါ့ဗျာ…။
အော် ဒီဆရာပင်တိုင်ရေးနေတာကဗုဒ္ဓဟူးနေ့ထုတ် ALL STAR ဂျာနယ်မှာပါ…။
ကဲ…ဆရာ Nကြယ်မင်းရဲ့ ပွဲကြိုအနုပညာကို ခံစားကြည့်ကြဖို့ အွန်လိုင်းပေါ်တက်ကြော်ငြာထိုးလိုက်ပါတယ်ဗျာ…။

လေးစားခင်မင်တဲ့…
ဘလက်ချော…။

10 comments

  • pooch

    November 23, 2012 at 11:18 pm

    it’s beyond me မို့ ဖတ်ဖူးတယ်ရှိအောင်တော့ ဖတ်သွားပါတယ်

  • surmi

    November 23, 2012 at 11:43 pm

    အစ်ကိုဘလက်ရေ ………
    ကောင်းတော့ ကောင်းတယ် ….မျက်စိစပ်သဗျ ။
    ယူရို စပို ့ မှာရေးတဲ့ …. တစ်ပွဲတည်းပြော ဆိုရင် ..ဗြောင်းပြန်ဗျ
    ကျနော်ကတော့ အရေးအသားကြိုက်ပါတယ် …
    အရင် တက်လမ်းမှာလည်းရေးဖူးတယ်ထင်တယ် ………။

  • blackchaw

    November 23, 2012 at 11:59 pm

    @ pooch :
    ဖတ်သွားတာနဲ့တင် ကျေးဇူးတင်ပါတယ် ပုချ်ရေ…။
    ပထမဆုံး ပေးတဲ့ ကွန်းမန့်လေးအတွက်လည်း နောက်ထပ် ကျေးဇူး အထူးပါဗျာ…။

    @ surmi :
    ကွန်းမန့်လေးအတွက်ကျေးဇူးပါ ကိုဆာမိရေ…။
    ကျွန်တော်ပြောချင်တာလည်း တခြားပွဲကြိုဆရာတွေနဲ့ မတူကွဲပြားနေတဲ့…
    သူ့ အရေးအသားကိုပါဗျာ…။
    ပွဲကြိုခန့်မှန်းတာကတော့ မှန်တဲ့အခါမှန်ပြီး မှားတဲ့အခါ မှားပေါ့ဗျာ…။
    ဟုတ်တယ်ဗျ…။
    သူက တက်လမ်းက စရေးခဲ့တာပါ…။
    နောက်ပိုင်း အိုလံပစ်ဂျာနယ်တိုက်ကိုရောက်သွားပြီး
    ပင်တိုင်ရေးတာပေါ့နော်…။
    ကိုဆာမိ သိခဲ့မလားမသိဘူး…။
    ဖြူးမြို့က မိတ်ဆွေများ စာကြည့်အသင်းဆိုတာလေ…။
    ကို N ကြယ်မင်း က အဲဒီက ဆရာမိုးအောင်သန်းဌေးပါ…။
    ယူရိုစပေါ့ ရဲ့ တစ်ပွဲတည်းပြော လည်း ကျွန်တော် ပုံမှန်ဖတ်ပါတယ်…။
    ဘာပဲ ဖြစ်ဖြစ် ကျေးဇူးပါ ဗျာ…။

  • marblecommet

    November 24, 2012 at 2:17 am

    အစ်ကိုဘလက်ရေ့….
    ဆရာ အင်န်ကြယ်မင်းကိုလည်း သတိမရမိတဲ့
    နမော်နမဲ့ တနင်္ဂနွေမှာ..
    အဝေးမိုးသားမှာ ညျိ့နေတဲ့ တိမ်တွေကိုကြည့်ပြီး
    မန်ချက်စတာကို အထင်ကြီးလိုက်မိတာ
    ရွှေစိတ်တော်ညိုရတဲ့အဖြစ်သာ ရင်ဘတ်ကြီးကို
    တည့်တည့်လာတိုးရော….
    ….
    အာဟိ….
    ဟိုဂျပွန်ကြီး ကတော့ ဆြာ ဝဏ(စမ်းချောင်း)ပိတ်သတ်ဗျ…..
    လေးစားတဲ့

    • Inz@ghi

      November 24, 2012 at 10:24 am

      အဲ့ဘဲရီးက ရေးမှမရေးတော့တာ. ခွီးးး
      အနာဟောင်း လာဆွနေဒယယ်

  • kyeemite

    November 24, 2012 at 10:00 am

    ရဲဘော် ဘလက်ရေ….
    ကိုယ်နားမလည်တဲ့ ဘာသာရပ်မို့
    မမန့်တတ်တာ ခွေးလွှတ်ပါဟုသာ…. :harr:

  • thit min

    November 24, 2012 at 10:12 am

    ဟုတ်ကဲ့
    ကျနော်လဲ ကိုကြီးမိုက်လိုပါဘဲ။အခုရေးထားတာတွေကိုမသိပါ။
    အကြောင်းက
    ဘောလုံးနဲ့ပါတ်သက်ပြီး
    ကိုယ်တိုင်ကစားတာ ဝါသနာပါပေမဲ့ ဘောလုံးပွဲကြည့်တဲ့ဝါသနာမရှိလို့ပါခင်ဗျ။
    ခင်မင်စွာဖြင့်

  • blackchaw

    November 24, 2012 at 10:35 am

    @ marblecommet :
    သူလည်း အမြဲတမ်းတော့ မမှန်ပါဘူး ညီလေးရယ်…။
    မှန်မှန်…မှားမှား
    သူ့ရွေးချယ်ပုံတွေက သိတ်ရဲရင့်လွန်းပါတယ်ဗျာ..။
    :mrgreen:

    @ kyeemite :
    ပြသနာမရှိပါဘူး ကိုမိုက်ရေ…။
    အေးဆေးပါဗျာ…။
    :mrgreen:

    @ thit min :
    အသိအမှတ်ပြု ဝင်ဖတ်ပေးတာလေးနဲ့တင် ပြည့်စုံလှပါပြီ ကိုသစ်ရေ…။
    ကိုနိုကြီးနဲ့ ကျွန်တော့်ကြားကပို့စ်လေး စရေးနေပါပြီ…။
    အချိန်နည်းနည်း တော့ ပေးပါ ခင်ဗျာ…။
    :mrgreen:

    @ Inz@ghi :
    စီးရီးအေ စပယ်ရှယ်လစ်ကြီး ကို လွမ်းနေတာလား ဂီဂီရေ…။
    :mrgreen:

  • မောင်ပေ

    November 24, 2012 at 1:54 pm

    တစ်ကယ်တမ်းပြောရရင်… ပွဲကြို ခန် ့မှန်းရေးတယ်ဆိုတာ တော်တော်လေးကို အဆဲခံနိုင်ဖို ့လိုအပ်ပါတယ်
    ကိုယ်ရွေးလိုက်တဲ့ပွဲမှားသွားရင် ၊ ကိုယ့်စာကိုဖတ်ခဲ့သူအားလုံးဝိုင်းမေတ္တာပို ့ကြမှာ ၁၀၀%ပါ
    ကိုယ်တိုင်ကစားနေတဲ့ မောင်ပေသည်လဲ ယူရိုစပေါ့ဂျာနယ်တစ်စောင်ထဲပဲ ဝယ်ဖတ်တာမို ့ အပတ်စဉ် အန်ကြယ်မင်း စာမျက်နှာကို ဖတ်ခဲ့ပါတယ် ။ သူ ့အရေးအသားကို အကြိုက်တွေ ့ပါတယ် ။
    ကမ်းဝေး နဲ ့မောင်ပေ မန်းတလေးဂေဇက် ထဲကို မှတ်ပုံမတင်ခင်တုန်းက ၊ အန်ကြယ်မင်း ရေးပုံနဲ ့ပတ်သက်ပြီး သူ ့အမြင် ကိုယ့်အမြင် ပြောခဲ့ဖူးပါတယ် ။
    ဒါပေမယ့် ယူရိုစပေါ့ထဲပါတဲ့ ပွဲချိန်တွေကိုပဲ အဓိက ထားဖတ်တာမို ့၊ သူဘာခန် ့မှန်းလဲ ဆိုတာကို သိပ်အလေးအနက် မထားခဲ့ပါ
    ဘောလုံး ကို ငွေကြေးနဲ ့ အသည်းအသန်အားပေးနေတဲ့ လူတွေ အတွက်ကတော့ ၊ သူ ့လိုင်းနဲ ့သူ ၊ သူ ့အစွဲနဲ ့သူ ပါပဲ ။ စိတ်ရှုပ်မခံ ၊ စိတ်ညစ်မခံ တတ်ကြသူတွေပါ ။

  • blackchaw

    November 26, 2012 at 4:05 pm

    @ မောင်ပေ :
    ကွန်းမန့်လေးဝင်ရေးသွားတာ ကျေးဇူးပါ ညီလေးရေ…။
    စိတ်ရှုပ်မခံပါနဲ့ စိတ်ညစ်မခံပါနဲ့ ညီလေးရေ…။
    စိတ်အနှောက်အယှက်လည်းမဖြစ်ပါနဲ့ကွာ…။
    ကိုယ်က ကို N ကြယ်မင်းရဲ့ အနုပညာကို ဟိုက်လိုက်လုပ်ပြချင်ယုံသက်သက်ပါ…။
    ခေါင်းစဉ်ကိုက
    N ကြယ်မင်းရဲ့ ပွဲကြိုအနုပညာ ပါ…။
    ဆိုတော့ …
    ကိုယ်ပြောချင်တာ အနုပညာအကြောင်းသက်သက်ပါဗျာ…။
    :mrgreen:

Leave a Reply