ပုံပြင် နှင့် ပဟေဠိ ဝါသနာရှင်များအတွက်

MgMobileNovember 24, 20121min20511

သိရှိပြီးသားဖြစ်တဲ့ သူငယ်ချင်းများအတွက် တော့စိတ်ဝင်စားစရာ မကောင်းလောက်ပေမယ့်

မသိရှိသေးသူများ အတွက် ရင်ခုန်ပျော်ရွင်ဖွယ်ရာလေးမို့ ပျော်စေ ပျက်စေ ကလက်စေ

ရေးသားဖော်ပြရခြင်းဖြစ်ပါတယ်။

ဟိုရှေးရှေးတုန်းက ဘုရင်ကြီးမှာ သမီးတော်လေးတစ်ယောက် ရှိသတဲ့ကွယ်။

အဲ့ဒီသမီးတော်လေးဟာ အချိန်တန် အရွယ်ရောက်လာတော့ အညတရ လုင်ပျိုလေး

တစ်ယောက်နဲ့ ချစ်ကြိုတ် နေလေသတဲ့။ ဘုရင်ကြီးဟာလဲ သမီးတော်လေး

အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် သမီးတော်လေးကို သူဌေးသူကြွယ်

တို့၏သားတစ်ယောက်ယောက် ဒါမှမဟုတ် အခြားသေားနိုင်ငံမှ မင်းသားတစ်ယောက်ယောက်

နဲ့ထိမ်းမြားပေးဖို့ စဉ်းစားတယ်တဲ့။ အဲ့ဒီအခါမှာ ဘုရင်ကြီးနဲ့ သမီတော်လေးဟာ

သဘောထားကွဲလွဲးမှုတွေ ဖြစ်ကုန်ကြတော့တာပေါ့။ ဘုရင်ြံကီးဟာလဲ သူနှစ်သက်တဲ့

လုင်ပျိုတစ်ယောက်နဲ့ သမီးတော်လေးကို ထိမ်းမြားစေချင်သလို သမီးတော်လေးဟာလဲ

သူချစ်ခင်စုံမတ်နေတဲ့ အညတရလုင် ပျိုလေးကလွဲရင် ဘယ်သူနဲ့မှ လက်မထပ်လိုဘူးပေါ့။ ဒါနဲ့

တစ်နေ့ကျတော့ ဘုရင်ကြီးဟာ အကြံတစ်ခုရလာပါသတဲ့။ သူရရှိထားတဲ့ အကြံတစ်ခုကို

သမီးတော်လေးကို ခေါ်ပြီး တိုင်ပင်တဲ့အခါမှာ သမီးတော်လေးကလဲ လက်ခံလိုက်ပါတယ်တဲ့။

ဘုရင်ကြီးရဲ့အစီအစဉ်ဟာ ဘယ်လိုလဲဆိုတော့ သမီးတော်လေးနဲ့ ဘုရင်ကြီး အလောင်းအစား

ပြုလုပ်ကြမှာဖြစ်ပါတယ်။

အဲ့ဒီအလောင် အစားမှာ ဘုရင်ကြီးနိုင်ခဲ့မယ်ဆိုရင် သမီးတော်လေးဟာ ဘုရင်ကြီး သဘောတူတဲ့

အိမ်ထောင်ဖက်ကို ကြည်ဖြူစွာလက်ခံ သဘောတူရမှာ ဖြစ်ပြီး သမီးတော်လေး

နှစ်သက်စွဲးလမ်းနေတဲ့ အညတရ လုင်ပျိုလေးကို ဘုရင်ကြီးက သတ်ပြစ်မှာဖြစ်ပါတယ်။

မင်းသမီးလေးဟာ အနိုင်ရခဲ့မယ်ဆိုရင်တော့ သူနှစ်သက်စွဲးလန်းနေတဲ့ အညတရ လုင်ပျိုနဲ့

မင်းသမီးလေးရဲ့ လက်ထပ်မင်္ဂလာပွဲကို ဘုရင်ကြီးကိုယ်တိုင် ကြည်ဖြူစွာဖြင့်

သဘောတူပေးမှာဖြစ်ပါတယ်။

အဲ့ဒီအလောင်းအစားဟာ အထဲကို မမြင်ရတဲ့ အိုးတစ်လုံးထဲမှာ အဖြူရောင် အလုံးတစ်လုံးနဲ့ ၊

အမဲးရောင် အလုံးတစ်လုံး ထည့်ထားမှာဖြစ်ပါတယ်။ အဲ့ဒီအခါမှာ မှူးမတ်များနှင့် တိုင်းသူပြည်သား

အပေါင်းရဲ့ရှေမှာ အလောင်းအစားပွဲကို ကျင်းပမှာဖြစ်ပါတယ်။ မင်းသမီးလေးဟာ အိုးထဲကိုထည့်

ထားတဲ့အလုံး နှစ်လုံးအနက် အဖြူရောင်အလုံးကို ရအောင်နှိုက်နိုင်မယ်ဆိုရင် သူနှစ်သက်တဲ့

လုင်ပျိုလေးနဲ့ နီးစပ်ရမှာဖြစ်သလို နှိုက်တဲ့အခါမှာ အမည်းရောင်အလုံး ကျခဲ့မယ်ဆိုရင်တော့

ဘုရင်ကြီး ပေးစားတဲ့သူကို လက်ခံရမှာဖြစ်ပြီး သူနှစ်သက် နေတဲ့လုင်ပျိုလေး အဆုံးစီရင်ခံရမှာ

ဖြစ်ပါတယ်။ ဘုရင်ကြီးဟာ အလောင်းအစားပွဲ ကျင်းပတဲ့အခါမှာ အိုးထဲကို အမဲးရောင်

နှစ်လုံးထည့်ထားပြီး သမီးတော်လေးကို ကလိမ်ကျဖို့ စဉ်းစားထားပါတယ်တဲ့။ အဲ့ဒီလို

ထဲ့ထားလိုက်တဲ့အခါမှာ သမီးတော်လေး ဘယ်လိုပဲနှိုက်နှိုက် အမဲရောင်ပဲ ကျမယ်ဆိုတော့

ဘုရင်ကြီးဟာ သူဖြစ်ချင်တဲ့အတိုင်းဖြစ်ရတော့မှာမို့ ပျော်ရွင်နေပါတယ်။ မင်းသမီးလေးဟာလဲ

အိုးထဲကို ဘုရင်ကြီးဟာ အမဲရောင်နှစ်လုံးထည့် ပြီးညစ်ပတ်မယ်ဆိုတာကို

ကြိုတင်စဉ်းစားမိတယ်တဲ့။ မင်းသမီးလေးမှာလဲ အမဲးနှစ်လုံးထည့်ထားတာကို သူနှိုက်လိုက်တာ

အဖြူဖြစ်တယ်လို့ သေချာအောင် အကြံညဏ်ကို စဉ်းစားထားပြီးသားပါ။ ဒီလိုနဲ့

ပြိုင်ပွဲကျင်းပတဲ့နေ့မှာ တိုင်းသူပြည်သား မှူးကြီးမတ်ရာတွေစုံလင် နေတဲ့အချိန်မှာ

မင်းသမီးလေးဟာ မဲနှိုက်ဖို့ရောက်လာပါတယ်။ မှန်ခဲ့ပါက လုင်ပျိုလေးနဲ့ နီးစပ်ရမှာဖြစ်ပေမယ့်

မှားခဲ့မယ်ဆိုရင် လုင်ပျိုလေးနဲ့ဝေးရပြီး မချစ်မနှစ်သက်တဲ့ သူကိုလက်ထပ်ရမယ့်အပြင်

မိမိစွဲးလမ်းနေတဲ့ လုင်ပျိုလေးကို အဆုံးစီရင်တာကိုလဲ သဘောတူလက်ခံ ရမှာပါ။ တကယ်လို့

စာရှုသူ သူငယ်ချင်းသာ မင်းသမီးလေးနေရာမှာဆိုရင် ဘယ်လိုများ နှိုက်မလဲ

အဖြေထုတ်ကြည့်ပါဦး။

နောက်ထပ် ပဟေဠိ တစ်ခုကတော့

ဘာမျှမမြင်ရ မှောင်မဲနေတဲ့ အခန်းတစ်ခုထဲမှာ အဖြူရောင် ခေါင်းစွပ် သုံးလုံးနဲ့

အမဲးရောင်ခေါင်းစွပ် နှစ်လုံး ထားမှာဖြစ်ပါတယ်။ အဲဒါကို လူသုံးယောက်ဟာ ဝင်သွားပြီး

တစ်ယောက်တစ်လုံးစီ ဆောင်းရမှာဖြစ်ပါတယ်။ ဆောင်ပြီးတဲ့အခါမှာ အပြင်ဖက်ကို

သုံးယောက်တန်းစီပြီးထွက်လာရမှာ ဖြစ်ပါတယ်။ အပြင်ကိုရောက်တဲ့အခါမှာ သူတို့ရဲ့

အလုပ်ရှင်သူဌေးက ဒီအလုပ်သမားသုံးယောက်ကို မေးပါတယ်။ မင်းတို့ခေါင်းပေါ်မှာ

ဆောင်းလာတဲ့ ခေါင်းစွပ်ဟာ ဘာရောင်ဖြစ်သလဲလို့မေးပါတယ်။ နောက်ဆုံးကလူက

ရှေ့လူနှစ်ယောက်ရဲ့ ခေါင်းပေါ်မှာ ဆောင်းထားတဲ့ ခေါင်းစွပ် အရောင်ကို မြင်ရပါတယ်။ ဒါပေမယ့်

သူ့ခေါင်းပေါ်မှာ ဘာရောင်လဲဆိုတာ သူမဖြေနိုင်ပါဘူး။ အလယ်ကလူကတော့ ရှေ့ဆုံးက

လူဆောင်းထားတဲ့ ခေါင်းစွပ်ကို မြင်ရပါတယ်။ သူလဲပဲ သူ့ခေါင်းပေါ်မှာ ဘာရောင်လဲဆိုတာ

မဖြေနိုင်ရှာပါဘူး။ ရှေ့ဆုံးကလူကကျတော့ နောက်ကလူနှစ်ယောက်ရဲ့ ခေါင်းပေါ်မှာ

ဘာရောင်လဲဆိုတာလဲမမြင်ရဘူး။ မိမိခေါ်င်းပေါ်ကလဲ ဘာရောင်ဆိုတာ မမြင်ရပါပဲနဲ့

သူဆောင်းထားတဲ့ ခေါင်းစွပ်ဟာ ဘာရောင်ဖြစ်တယ်ဆိုတာကို ဖြေနိုင်ပါတယ်တဲ့။

အဲ့ဒါ ရှေဆုံးကလူက သူခေါင်းပေါက ခေါင်းစွပ် ဘာရောင်ဖြစ်တယ် ဆိုတာစဉ်းစားလိုက်တဲ့

စဉ်းစားနည်းလေး။ သူငယ်ချင်းများ စဉ်းစားပြီး ဖြေကြည့်ပါဦး။

နောက်ထပ် ပဟေဠိ တစ်ခုကတော့

လူတစ်ယောက်ဟာ မြစ်ရဲ့ တစ်ဖက်ကမ်းမှာ ကျားတစ်ကောင်ရယ် ဆိတ်တစ်ကောင်ရယ်

မြတ်ထုံးတစ်ထုံးရယ် ကို

လှေတစ်စီးနဲ့ ဟိုဖက်ကမ်းကို ကိုယ်တိုင်လှော်ပြီး သွားပို့ရမှာဖြစ်ပါတယ်။ သွားပို့ပြီးတဲ့ အခါမှာ

ကျားရယ် ဆိတ်ရယ် မြတ်ထုံးရယ်ကို ယူပြီးအိမ်ကိုပြန်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ

ပြဿနာဖြစ်နေတာက လှေပေါ်မှာ အဲ့ဒီသုံးမျိုးထဲက တစ်ခေါက်ကို တစ်မျိုးချင်းစီကိုပဲ

တင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီလူဟာတော်တော် ဒုက္ခရောက်နေပါတယ်။ ပထမဆုံးအနေနဲ့

မြက်ထုံးကို တင်သွားမယ်ဆိုရင်လဲ ကျားဟာ ဆိတ်ကို စားပြစ်လိုက်မှာဖြစ်ပါတယ်။

ကျားကိုတင်သွားမယ် ဆိုရင်လဲ ဆိတ်က မြက်ထုံးကို စားမှာဖြစ်ပါတယ်။ ဆိတ်ကို ခေါ်သွားပြီး

ကျားနဲ့ မြက်ထုံးကို ထားခဲ့မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ကျားကမြက်မှမကြိုတ်တာ။

ဆိတ်ကို ဟိုဖက်ကမ်းပို့လိုက်တာဟုတ်ပါပြီ။ နောက်တစ်ခေါက် ကျားကို ဟိုဖက်ထပ်ပို့ပြီး

မြက်ထုံးကို လာယူတဲ့အချိန်မှာ ကျားက ဆိတ်ကိုစားဦးမှာပဲ။ မြက်ထုံးကို အရင်ပို့ပြီး ကျားကို

လာပြန်ခေါ်တဲ့အချိန်မှာလဲ ဆိတ်က မြက်ထုံးကို စားမှာပဲ။ တော်တော်တိုင်ပတ်တဲ့လူဗျာ

တစ်ယောက်ထဲဒုက္ခရောက်နေတယ်။ လှေကလဲ တစ်ခေါက်ကို ပစ္စည်းတစ်မျိုး ပဲနိုင်တယ်တဲ့။

အနီးအနား ပတ်ဝန်းကျင်မှာလဲ အကူအညီတောင်းရအောင် လူကလဲ တစ်ယောက်မှ မရှိလေတော့

ဘယ်လိုများသယ်မလဲ သူငယ်ချင်းများကပဲ ဝိုင်းကူပြီး စဉ်းစားပေးလိုက်ကြပါဦး။

အမှားများပါရှိပါက ခွင့်လွှတ်နားလည်ပေးကြပါရန်နှင့် သိရှိထားပြီးသား ဖြစ်တဲ့

သူငယ်ချင်းများကလဲ ဒီထက်ဆန်းကြယ်တဲ့ ပဟေဠိများဖြင့် ပြန်လည် မေးခွန်းထုတ်ခဲ့ ကြပါရန်။

အားလုံး ပျော်ရွင်နိုင်ပါစေ။

11 comments

  • ချာရာဏသီ ဝန်မင်း တိမ်မည်း

    November 24, 2012 at 8:53 am

    ပထမအဖြေကတော့ နဲနဲ ဝိဝါဒကွဲဖွယ်ရှိပါတယ် မိုဘိုင်းရေ…..
    လိုရင်းကတော့ အိုးထဲမှာကျန်တဲ့ အလုံးကို စစ်ခိုင်းဖို ့ပါပဲ…….
    ဘယ်လိုနေနေ ကျန်တာကလည်း အမဲဖြစ်မှာကို…….

    ဒုတိယအဖြေကတော့…..

    ပထမကမ်း –> ဒုတိယကမ်း ဆိတ်ကိုသယ်
    ပထမကမ်း –> ဒုတိယကမ်း ကျားကိုသယ်
    ဒုတိယကမ်း –> ပထမကမ်း ဆိတ်ကိုပြန်သယ်
    ပထမကမ်း –> ဒုတိယကမ်း မြတ်ထုံးကိုသယ်
    ပထမကမ်း –> ဒုတိယကမ်း ဆိတ်ကိုသယ်

    ပို ့စ်ရှင်ကို ပြန်မေးခွန်းထုတ်သွားမယ်နော်……….

    တခါတုန်းက စစ်သူကြီးတဦးဆီက သူ ့အိမ်ပြန်ပီး ဘေးရန်ကင်းပဝါ ပြန်ယူဖို ့ ခြေမြန်တော်လေးဦးကို ခိုင်းလိုက်ပါတယ်…..
    ကံဆိုးချင်တော့ အပြန်လမ်းမှာ ကြိုးတံတား က ဒီဘက်ကမ်းက လက်ရမ်းတဘက်က ကြိုးက နဲ ့နဲ ့လေးပဲ ကျန်ပါတော့တယ်…… တခါကို နှစ်ယောက်ပဲဖြတ်နိုင်ပါတော့တယ်…..
    ပိုဆိုးတာက ညကြီးကလည်းဖြစ် မီးအိမ်ကတလုံးပဲပါတော့ နှစ်ယောက်အတူတူဖြတ်ရင် တယောက်က ဒီဘက်ပြန်လာပီး မီးအိမ်ပြန်ပေးပီး အတူခေါ်ရမယ့် သဘောဖြစ်နေပါတယ်…..
    တဦးက ၁ မိနစ် တဦးက ၂ မိနစ် တဦးက ရှစ်မိနစ် တဦးက ၁၂ မိနစ် အသီးသီးကြာပါတယ် တံတားကို ဖြတ်ဖို ့…….

    ၁။ ဘယ်လို အဖြေမျိုးက ၁၉ မိနစ်နဲ ့ရောက်စေမလဲ……
    ၂။ ဘယ်လို အဖြေမျိုးက ၁၂ မိနစ်နဲ ့ရောက်စေမလဲ…..

    ဖြေကြည့်ပါနော်……

    • ချာရာဏသီ ဝန်မင်း တိမ်မည်း

      November 24, 2012 at 2:42 pm

      ပို ့စ် ပိုင်ရှင်ရေ….

      အလယ်က တခု မတွေ ့လိုက်လို ့…. အခုမှပဲသတိထားမိတယ်…..
      အဲ့ဒါလေးလည်း ဖြေသွားမယ်နော်…..

      နောက်ဆုံးလူက စတွေးပြသွားမယ်နော်……
      သူ စဉ်းစားစရာဖြစ်နိုင်ခြေက……. လေးခုရှိပါတယ်….
      ရှေ ့က လူနှစ်ယောက်ဟာ…. ဖြူဖြူ ဖြူနက် နက်ဖြူ နက်နက် ….
      တကယ်လို ့ ရှေ ့ကလူနှစ်ယောက်သာ နက်နက် ဖြစ်ခဲ့ရင် သူက အဖြူဆို ကျိန်းသေတာမို ့ သူမဖြေနိုင်တာက ရှေ ့ကနှစ်ယောက်က နက်နက် မဟုတ်လို ့ပါ…………..

      အလယ်ကလူ…….
      သူ ကျတော့ ဖြစ်နိုင်ချေတခုလျော့သွားပါပီ…..
      နောက်ဆုံးကလူ စဉ်းစားသလို ဆက်စဉ်းစားရင် သူမဖြေနိုင်တာက သူ ့အပါအဝင်ရှေ ့ကလူပါ ဦးစွပ်က အနက် နှစ်လုံးမဟုတ်လို ့ပေါ့….
      ဒါဆို ကျန်တာက ဖြစ်နိုင်ချေ သုံးခု….
      ဖြူဖြူ ဖြူနက် နက်ဖြူ…..
      သူက ရှေ ့က တယောက်ကို မြင်ရတော့… ရှေ ့ကလူသာ အနက်ဖြစ်ရင် သူက အဖြူပေါ့နော်……
      နှစ်ယောက်လုံး အနက် မဟုတ်တာ ကျိန်းသေတယ်လေ……
      ကံဆိုးချင်တော့ ရှေ ့ကလူက အဖြူဖြစ်နေတော့ သူ ့မှာ ဖြစ်နိုင်ချေ နှစ်ခု ကျန်သေးတဲ ့အတွက် မဖြေနိုင်လိုက်ပါဖူး……..

      ရှေ ့ဆုံးကလူကတော့ ဖြစ်နိုင်ချေ နှစ်ခု ကျန်ပါတယ် ဖြူဖြူနဲ ့ နက်ဖြူ ပါ………
      ဒါဆိုသေချာတာက သူက အဖြူပေါ့… ဒါကြောင့် ဒုတိယလူမဖြေနိုင်တာလေ….

      ရှေ ့ဆုံးကလူ ဆောင်းထားတာက ဦးစွပ် အဖြူပေါ့နော်……

  • အင်း .. အဲ …
    အပေါ်က တိမ်မဖြူ ဖြေခဲ့ဒဲ့ အတိုင်းလို့ မှတ်ကွဲ့ … :mrgreen:

    (အောက်ဆုံးက ပဟေဠိလေးပဲ သိတယ်ဗျို့ .. အပေါ်က နှစ်ခုကို သိဘူးရယ် ..
    နောက်များ ခေါင်းအေးမှ စဉ်းစားလိုက်မယ်ဗျာ …)

    ဒါနဲ့ ကြားဖူးတဲ့ ဟာသ ပဟေဠိလေးတစ်ခုကိုလည်း ပြန်မေးကြည့်ရဦးမယ် ..
    မြတ်စွာဘုရားဟာ သူ့ရဲ့ ဇာတိချက်မြေကို ကြွချီတော် မူတဲ့အခါ …
    ပထမဆုံး ခရီးတစ်ထောက်အဖြစ် ဘယ်နေရာမှာ နား နေတော်မူသလဲ ????
    ဆိုတာလေးပါ ….

    ဒီပုစ္ဆာ ဖြေနိုင်ရင် ဖြေကြ ..
    ရွှေတစ်ရာ ငွေတစ်သောင်း
    လောင်းမယ် ခုည ….

    • ချာရာဏသီ ဝန်မင်း တိမ်မည်း

      November 24, 2012 at 2:52 pm

      များသောအားဖြင့် သစ်ပင်အောက်နားတာပဲလေ…….

    • thit min

      November 24, 2012 at 2:56 pm

      “နား” နေ (တော်မူ) တာက “နားထင်” (တော်)မှာပါ။

      • ဆြာသစ် …
        မှန်သဗျို့ …
        ရွှေတစ်ရာ .. ငွေတစ်သောင်း .. လောင်းလိုက်ပါပြီဗျို့ …
        (စိတ်ထဲက နေပြီးတော့ပေါ့နော်) … :mrgreen:

  • မောင်ပေ

    November 24, 2012 at 1:42 pm

    တစ်ခါတုန်းက ခရီးသွား မောင်ပေ ဆိုတဲ့ သူငယ်တစ်ယောက် ဟာ အပျိုချော ရ ယောက် ရှိတဲ့ အိမ်တစ်လုံး မှာ ရည တိတိ ဝင်နားသတဲ့ကွယ် ။ ရရက်ပြည့်တဲ့အခါ မောင်ပေ ဆိုတဲ့လူ ခရီးပြန်ဆက်တော့ အပျိုချော ဘယ်နှစ်ယောက် မောင်ပေ့နောက်ကို ပါသွားမလဲ ဆိုတဲ့ မေးခွန်းလေးကို ဖြေကြည့်ပါ
    အဖြေမှန်ရင် ၊ မောင်ပေ က ဘီယာ၅ခွက်တိတိ ဆုချပါမယ် ။ တစ်ကယ် ဆုချမှာပါ ၊ အပြင်မှာ တွေ ့တဲ့အခါ

    • တစ်ယောက်တောင် မလိုက်ချင် လိုက်ချင်နဲ့
      လိုက်ခဲ့ရဒယ် ဆိုပဲ … ငှဲ .. ငှဲ ..
      ကဲ .. ကျုပ်မတော့ ဘီယာ မကြိုက်လို့ မသောက်တော့ဘူး ..
      ကွမ်းသာ ဝယ်ကျွေးတော့ …

    • ချာရာဏသီ ဝန်မင်း တိမ်မည်း

      November 24, 2012 at 2:57 pm

      ဖြေမယ်………. ဘီယာ ငါးခွက်အရင်တိုက်………… အမြည်းပါ ပါရမယ်နော်………
      လူကို အရည်ဖတ်စို ့အောင် မလုပ်ရဖူး…. အန်ရင်တောင် သက္ခာရှိရှိ ဘဲကင်လေးမှ အန်ချင်တာ……

  • အလင်းဆက်

    November 25, 2012 at 7:55 pm

    ပဟေဠ်ိလေးတွေ..
    အဖြေ ညှိ…လို ့… ခံစား….ချင်ပါသေးတယ် ။

    “ဆက်လက်… ချီတက်ပါဦးနော့ ။

  • cobra

    November 26, 2012 at 12:02 pm

    သူများတွေဖြေသွားပြီ
    အပေါ်ကလူတွေဖြေတဲ့အတိုင်းပါပဲ
    ကော်ပီလုပ်တာမဟုတ်ဘူးနော်
    စာရိုက်ရမှာညောင်းလို့…။

Leave a Reply