ကျမရဲ့ဒီည

Nay ChiNovember 24, 20121min15013

ကျ မ က

ည ရဲ့ ည ဆန် မှု ကို နှစ် ခြိုက် သူ..။

မာ ကျူ ရီ ပန် ဆင် ရ တဲ့ ည တွေ ကို ခါး သက် တတ် သူ..။

ပိုး စုန်း ကြူး တစ် ကောင် ရဲ့ ဓါတ် ပြု မှု ကို တောက် ခေါက် ချင် သူ..။

 

ကျ မ ရဲ့ ည ကို

ကြယ် တာ ရာ တွေ နဲ့ အ လှ မ ဆင် ဘူး..။

လ မင်း ကြီး နဲ့ မ ဖျား ယောင်း ဘူး..။

 

ည ဟာ ည ပီ ပီ နက် ရှိုင်း နေ ဖို့ လို တယ်..။

မျှ တ တဲ့ ပိုင် ဆိုင် မှု တွေ ပေး တတ် တဲ့ ည ဟာ

အ လင်း ရောင် ရဲ့ အ လို မ တူ နယ် ချဲ့ ခြင်း ကို ခံ ရ လေ့ ရှိ တယ်..။

အ နာ ဂတ် တွေ ဟာ လဲ ည ပီ သ ဖို့ ဝေ ဝါး လွန်း တယ်..။

 

ကျ မ ရဲ့ ဒီ ည မှာ ….

ည ဟာ တိတ် ဆိတ် လွန်း နေ တယ်..။

ည တစ် ည ရဲ့ နာ ရေး ဟာ မျှော် လင့် ထား မိ သ လို

နှုတ် ဆက် စ ကား တွေ နဲ့ စည် ကား မ နေ ခဲ့ ဘူး..။

 

ည ဟာ

တိတ် တိတ် က လေး နောက် ဆုတ် ပေး နေ ရင်း

နေ ရောင် ခြည် နဲ့ ထိ တွေ့ ရ တော့ မယ်..။

လက် နက် ချ အ ရှုံး ပေး ပြီး တဲ့ ည က

အ ရောင် အ နု အ ရင့် တွေ နဲ့ ခြယ် သ ခြင်း ခံ ရ တော့ မယ်..။

 

မ နက် ဖြန် ည များ ဟာ မ ရေ ရာ တော့ ကြောင်း

သ တင်း စ ကား ပါး ပြီး သား ပါ..။

ဒါ ပေ မဲ့…

အ သံ တွေ ဟာ ဖမ်း ယူ ခြင်း မ ခံ ရ ဘဲ

လွင့် ပါး ကွယ် ပျောက် သွား ကြ တယ် ထင် ရဲ့..။

 

ဒီ လို နဲ့

ကျ မ ရဲ့ ည က လဲ

တိမ် တွေ ကို ခို စီး ရင်း အိပ် မက် မြို့ တော် ဆီ သို့

ခ ရီး ဆန့် ဖြစ် ခဲ့ ပြီ..။             ။

 

 

နေခြည်

13 comments

  • နေခြည် ဆိုတော့ကာ ..
    ကိုလေးဖြူရဲ့ နေခြည် ဆိုတဲ့ သီချင်းလေးကို
    ကျနော် အရမ်းကြိုက်တယ်ဆိုတဲ့ အကြောင်း ..
    စကားမစပ် ဝင်ပွားပါရစေ …

    ညနဲ့ ပတ်သက်လို့တော့ …
    ည ပီသဖို့ဆိုရင် ..
    ည ဟာ အမှောင်တွေ လွှမ်းခြုံထားပေမယ့် ..
    လမင်း မရှိပြန်ရင်လည်း
    ညခင်းရဲ့ အလှဟာ မပီပြင်နိုင်ဘူးလို့
    ကျနော်ကတော့ မြင်မိတယ် …

    ကျေးဇူးတင်ပါတယ် …

    • ရွှေ ကြည်

      November 24, 2012 at 10:39 pm

      လမင်းမှာခြံရံလာမယ့် ကြယ်တာရာတွေလည်းလိုသေးတယ် မောင်အံစာရဲ့..။

  • ညလေး

    November 24, 2012 at 10:52 am

    လ မရှိလဲ ည ဟာညပါပဲ………
    ဒါပေမယ့်…..
    ည မရှိရင်တော့ လ လဲမရှိဝူးးးး……
    ဒါက ညလေး ရဲ…ညပေါ့နော်…း)း)း)း)

  • ခိုင်ဇာ

    November 24, 2012 at 11:27 am

    ကိုုယ့်ဘဝကိုုစွန့်သွားတော့ နေခြည်။ ကိုုယ့်အနားကိုု မင်းလေးမလာနဲ့တော့။

    တိုု့ က ဇော်ပိုုင့် နေခြည်ကိုု ကြိုက်တာ။ :harr:
    Hey, happy to meet you here, Sis.

    • Nay Chi

      November 24, 2012 at 11:43 am

      မြန်မြန်ပြန်လာခဲ့နော်…။ ကြိုလွမ်းနေတာ..။ 🙁

  • Inz@ghi

    November 24, 2012 at 1:26 pm

    Sorry
    Is all that you can’t say
    Years gone by and still
    Words don’t come easily
    Like sorry like sorry

    Forgive me
    Is all that you can’t say
    Years gone by and still
    Words don’t come easily
    Like forgive me forgive me

    But you can say baby
    Baby can I hold you tonight
    Maybe if I told you the right words
    At the right time you’d be mine

    ဘာမှ မှုတ်ပါဝူးး.
    ဘေဘီကန်အိုင်ဟိုးယူ လာဆိုတွားတာပါ. ခိခိ
    ဒက်ဂလောက်. ဒက်ဂလောက်

  • မောင်ပေ

    November 24, 2012 at 8:14 pm

    နေခြည်ရဲ ့ည
    ငွေရီလှပ
    လှေသည်ကြွရွ
    ငွေစီမှထ
    ရေပလီတစစ
    မေညှီကပြ

  • padauk moe

    November 24, 2012 at 10:06 pm

    ကဗျာလေးကြိုက်တယ်ဗျာ ခံစားချက်ထင်ပါရဲ့နော်
    ညတစ်စင်း လမင်းရယ်မသာပြီ
    ရစ်ဝဲနေတဲ့ ငှက်လေးတွေတောင်
    နားခိုဖို့ ရှာနေကြပြီလေ
    ညနှင့်အတူ ငါလည်းဖြတ်သန်းရတော့မည်
    အနားမှာ ဖေးမသူလည်းမရှိ
    အားပေးဖော်လည်း မရှိလေတော့
    ဒီညလည်း အတွေးတလည်လည်နဲ့
    အဆွေးဘဲ ရတော့မယ် ဒီညကို
    ငါဘယ်တော့မှများ လွတ်လပ်ရပါလိမ့်

  • Nay Chi

    November 24, 2012 at 10:07 pm

    တစ်ယောက်ချင်းတော့ Reply မလုပ်တော့ဘူးနော်..။ ဝင်ဝင်ချင်းရက်မှာပဲ ပထမဆုံးတင်တဲ့ကဗျာလေးကို ခုလို လာရောက်အားပေးသွားတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်..။

  • ရာဇဝင်လူဆိုး

    November 24, 2012 at 10:16 pm

    ကိုယ့်ဘဝကို စွန့်သွားတော့ နေခြည်………………….
    အရာရာ မင်းရဲ့သဘောပါ သွားချင်ရာသွား..တားခွင့်မရှိသူပါ…………….
    အသဲလေးများကွဲလဲ ကိုယ်ခွင့်လွတ်တယ်…နောက်တစ်ယောက်နဲ့တွဲလဲ ကိုယ်ခွင့်ပြုတယ်…….
    အဟဲ…ဝင်ဖတ်ပြီး အားပေးသွားတယ် မနေခြည်။ :mrgreen:

  • thit min

    November 25, 2012 at 4:39 pm

    ည အဝင်တံခါးမှာ
    မာကျူရီနဲ့ ပိုးစုန်းကျူး
    အထူးတားမြစ်။

    ည နယ်မြေမှာ
    ကြယ်မပါ လမလင်း
    ခပ်ရှင်းရှင်းပေါ့။

    နက်ရှိုင်းတဲ့ ည
    ပီပီသဖို့လိုတဲ့အခိုက်
    မျှပေးလိုက်တဲ့ပိုင်ဆိုင်မှု
    အလင်းကပြုတဲ့ နယ်ချဲ့မှူအောက်မှာ
    ညဟာ ဝေဝါး အနာဂက်များနဲ့။

    ငါ့ရဲ့ညဟာ
    တိတ်ဆိတ်စွာရှိ။
    ညရဲ့ ရုတ်တရတ်နာရေး
    နှုတ်ဆက်တာတွေလည်း ဝေး ပေါ့။

    တိတ်တိတ်နောက်ကိုဆုတ်ရင်း
    နေမင်းရဲ့ အလင်းအောက်မှာ
    လက်နက်ချ၊အရှုံးပေးတဲ့ ည ကို
    အရောင်တွေနဲ့ ချယ်သ။

    မနက်ဖန်ရဲ့ည
    မရေရာလှတဲ့ သတင်းစကား
    အသံများလည်း
    လွင့်ပါးပျောက်ကွယ်။

    နောက်ဆုံးမတော့
    တိမ်ထက်ခိုစီးလျှက်
    အိမ်မက်မြို့ကြီးဘက်
    (ညဟာ) ခရီးဆက်။

    ~~~~~~~~~~~~~~~

    ကဗျာပိုင်ရှင်ခင်ဗျား
    ကဗျာလေးကိုဖတ်ပြီးနောက်
    ကဗျာလေးကိုခံစားရင်း ထပ်ဆင့်ပွါးမိပါသည်။

    ခင်မင်စွာဖြင့်

    သစ်မင်း

  • kyeemite

    November 26, 2012 at 3:08 pm

    အလင်းမရှိတဲ့ည
    ည ဟာ ည ပီ ပီ နက် ရှိုင်း နေ ဖို့ လို တယ်..။တဲ့လား…?????
    ဒါဆိုဘာလို့ တလောက ဖယောင်းတိုင်တွေထွန်းညှိပီး
    ဆန္ဒဖေါ်ထုတ်ခဲ့ကြတာလဲ…(နောက်တာနော.)
    :kwi:

Leave a Reply