Beer was the first alcoholic beverage known to civilization.

ဘီယာဆိုတာ တိုးတက်ဖွံ့ဖြိုးလာတဲ့ လူ့အဖွဲ့အစည်းရဲ့ ပထမဆုံးသော သောက်စရာ အယ်လ်ကိုဟောဖြစ်ပါသတဲ့ရှင့်။
သို့သော် ပထမဦးဆုံးသောဘီယာကို သောက်ခဲ့ရတာ
ဘယ်သူဆိုတာတော့ အတိအကျမသိပါရှင်။ သမိုင်းပညာရှင်တွေရဲ့ သီအိုရီကတော့ လူသားမျိုးနွယ်ရဲ့ ဘီယာအပေါ်နှစ်သက်စွဲလမ်းမှုနဲ့ အခြားသော အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာများဟာ ကျမတို့ရဲ့
ပြောင်းရွှေ့ကျက်စားတတ်သောအမဲ လိုက်မုဆိုးများလူ့အဖွဲ့အစည်းမှ တဆင့် ကောက်ပဲသီးနှံတွေကို အခြေတကျထွန်ယက်စိုက်ပျိုးကျသော (ရှင်းရှင်းပြောရရင် သောက်စရာရဖို့အတွက်ပေါ့လေ) လူ့အဖွဲ့အစည်းရဲ့
ပေါင်းစည်းမှုကိုရောက်ရှိသွားပါတယ်တဲ့။ လူသားတွေအနေနဲ့ အစေ့ အဆန်တွေနဲ့ရေကနေတဆင့် ပေါင်မုန့်လုပ်လို့ရမှန်းမသိသေးခင် ပထမဦးဆုံးထုတ်လုပ်ခဲ့တဲ့ ထုတ်ကုန်က ဘီယာပါတဲ့ရှင်။

နှစ်သက်မိသော အတွဲအစပ်များ

ယဉ်ကျေးမှုချင်းမတူညီကျသော နေရာတော်တော်များများက လူ့အဖွဲ့အစည်းတော်တော်များများဟာ သူတို့ကိုယ်ပိုင်ဘီယာကို မတူကွဲပြားသော အစေ့အဆန်တွေသုံးပြီးထုတ်လုပ်ခဲ့ကျတယ်ရှင့်။ အာဖရီကန်တွေက နှံစားပြောင်း၊ ပြောင်းဖူး နဲ့ ပီလောပီနံဥတွေကို ဘီယာချက်လုပ်ဖို့ သုံးကျတယ်။ တရုတ်လူမျိုးတွေက ဂျုံကိုသုံးတယ်။ ဂျပန်တွေက ဆန်ကိုသုံးတယ်။ အီဂျစ်လူမျိုးတွေက ဘာလီကိုသုံးတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် မျက်မှောက်ခေတ် ဘီယာထုတ်လုပ်မှုပုံစံမှာ အနံ့အတွက်ထဲ့သုံးတဲ့ နွယ်ပင်တမျိုးကပွင့်တဲ့ပန်းပွင့်တွေကိုတော့ ခရစ်တော်ပေါ်ပီးကာလ ၁၀၀၀ခုနှစ် (1000 AD) ထိအသုံးမပြုကျသေးပါတဲ့ရှင့်။
ခေတ်သစ်ဘီယာချက်လုပ်မှုပုံစံမှာတော့ ရောင်းဝယ်ဖောက်ကားမှုနဲ့သက်ဆိုင်တဲ့ အအေးခန်းသိုလှောင်ထားရှိမှုစနစ်၊ အလိုအလျောက်ပုလင်းသွပ်တဲ့စနစ် နဲ့ ပေါင်းခံပိုးသတ်မှု စတဲ့ တီထွင်ကြံဆမှုမျိုးမရှိဘဲ လုပ်ငန်းစဖို့မဖြစ်နိုင်ပါဘူးတဲ့ရှင်။

ဘီယာရိုးရာ-ပျားရည်ဆမ်းထားသောလ

လွန်ခဲ့တဲ့နှစ်ပေါင်းလေးထောင်ကဘေဘီလုံမှာ မင်င်္ဂလာပွဲတခုကျင်းပပြီးတဲ့အခါတိုင်း သတို့သမီးရဲ့အဖေက သူ့သမက်အတွက် တလစာ လုံလောက်တဲ့ ပျားရည်ဘီယာ သို့မဟုတ် ဘီယာကို ထောက်ပံ့ရသတဲ့ရှင့်။ ရှေးတုန်းကဘေဘီလုံမှာ လဆန်း လဆုတ်ကိုမူတည်ပြီး လကိုခြေခံတဲ့ ပြက္ခဒိန်ကိုအသုံးပြုပါတယ်တဲ့။ မင်္ဂလာပွဲတခုကျင်းပပြီးသွားတိုင်း အဲဒီ့တလလုံးကို “honey month” လို့သတ်မှတ်ရာကနေ “honeymoon”အဖြစ်ပြောင်းလဲခေါ်ဝေါ်လာကျတာပါတဲ့ရှင်။ ပျားရည်ဘီယာဆိုတာကတော့ ပျားရည်ကနေထုတ်လုပ်ထားတဲ့ဘီယာဖြစ်ပြီး ပျားရည်ဆမ်းထားသောလ (honeymoon) ကိုကျင်းပဖို့ အကောင်းဆုံးနည်းလမ်းပါတဲ့။

စည်ဘီယာ

ဇန်န၀ါရီ ၂၄၊ ၁၉၃၅မှာ ပထမဦးဆုံးသော စည်ဘီယာ “Krueger Cream Ale” ကို Kruger Brewing Company of Richmond, VA ကထုတ်လုပ်ရောင်းချခဲ့ပါတယ်တဲ့။
ပထမဦးဆုံးသော အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာကို ဘယ်အချိန်မှာ ဖန်တီးထုတ်လုပ်ခဲ့ကျ
သလဲတော့မသိရပါဘူး။ ဓါတုဗေဒနည်းအရ ပြောင်းလဲဖေါ်စပ်ထားသော သောက်စရာတွေကို ဘီယာခရားတွေအဖြစ်နဲ့မြင်ရတဲ့ မျက်မြင်သက်သေကတော့ နီယိုလစ်သစ်(Neolithic or New Stone Era) အခါသမယပါတဲ့ရှင့်။

Beer _ ဘီယာ
တိုးတက်ပြောင်းလဲလာသော လူ့အဖွဲ့စည်းရဲ့ ပထမဆုံးသော အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာ။

ရှန်ပိန်_Champange
ပြင်သစ်ဘုန်းတော်ကြီးတွေက အမြုပ်ထွက်သော ဂက်စ်ပါတဲ့ဝိုင်ကို ပုလင်းပုံစံသွတ်သွင်းပြီး ပြင်သစ်နိုင်ငံရဲ့ ဒေသတခုဖြစ်တဲ့ စပျစ်သီးစိုက်ပျိုးသောဒေသ ရဲ့နံမည် ရှန်ပိန်ကို အစွဲပြုကာ ရှန်ပိန်လို့မှည့်ခေါ်ခဲ့ကျပါသတဲ့။

Cider _ စိုင်းဒ (စိုင်းဒါး)
ကျမစိတ်ထင်ပြောရရင် ပန်းသီးရဲ့သမိုင်းကြောင်းဆိုတာ ကျမတို့ရဲ့ ကောက်ပဲသီးနှံများကို အခြေတကျ ထွန်ယက်စိုက်ပျိုးသောလူမျိုးစု သမိုင်းကြောင်းကိုဆိုလိုချင်တာရှင့်။ ပဲလီယိုလစ်သစ် (prehistoric period of human history) လေ့လာသူများကတော့ လွန်ခဲ့သောနှစ်ပေါင်း ၇သိန်းခွဲ (750,000 years ago) ၊ ပဲလီယိုလစ်သစ်(Paleolithic)အစောပိုင်းကာလမှာ ပန်းသီးကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ ခန့်မှန်းကျတယ်ရှင့်။ ပန်းသီးရဲ့ ကာဗွန်ရုပ်ကြွင်းကို ခရစ်တော်မပေါ်မီ သက္ကရာဇ် ၇၅၀၀ (7500 BC) သက်တမ်းကလို့ သတ်မှတ်ခဲ့ကျတယ်။ မှတ်တမ်းမှတ်ရာတွေက ဖေါ်ပြကျတာကတော့ ခရစ်တော်မပေါ်မှီ သက္ကရာဇ် ၁၃၀၀ (1300 BC) တုန်းက နိုင်းမြစ်ဝှမ်းတလျှောက် ထွန်ယက်စိုက်ပျိုးနိုင်သော မြေယာတွေမှာ ပန်းသီးစိုက်ပျိုးခြင်းကို ကြီးမားကျယ်ပြန့်စွာ လုပ်ဆောင်နေကျပြီလို့ဆိုပါတယ်။ ကိုလိုနီခေတ်တလျှောက် ပန်းသီးစိုင်းဒါးကို အယ်လ်ကိုဟောအဖြစ် ရွေးချယ်သောက်သုံးခဲ့ကျပါသတဲ့။ Johnny Chapman လို့နံမယ်ရတဲ့ Johnny Appleseed လို့လူသိပိုများတဲ့ လူငယ်လေးတယောက်က စိုင်းဒါးပျံနှံ့မှုနဲ့ပတ်သတ်လို့ ကြီးကြီးမားမား (သွယ်ဝိုက်သောနည်းနဲ့) တာဝနှ်ရှိပါသတဲ့ရှင်။

Jagermeister _ ဂျားမားစတား /je rma st r/
(အသံထွက်မှန်ခြင်းမမှန်ခြင်း အာမ မခံဘာ)
ဂျားမားစတားဆိုတာ ၁၉၃၅တုန်းက ဂျာမနီနိုင်ငံ Wolfenbuttel မှာပထမဦးဆုံးထုတ်လုပ်ခဲ့တဲ့ အယ်လ်ကိုဟောပါဝင်သော အရည်ပါတဲ့။ ဂျားမားစတားရဲ့ အဓိပ္ပါယ်က “a master-hunter”ပါတဲ့။ ဒါကြောင့် မုဆိုးများကိုကာကွယ်စောင့်ရှောက်သူ Saint Ubert ကိုကိုယ်စားပြုတဲ့ သမင်သင်္ကေတကို တံဆိပ်အနေနဲ့သုံးပါတယ်။ ဒီသောက်စရာကတော့ ၅၆မျိုးသော အပင်၊ အမြစ် ၊ အသီးအနှံတွေရဲ့အခွံတွေနဲ့ ရောစပ်ထားပြီး ၁၂လကြာအောင်ထားရပါသတဲ့ရှင့်။ စိတ်မပူပါနဲ့ ပါဝင်ပစ္စည်းတွေထဲမှာ သမင်သွေးလုံးဝမပါကြောင်းပါ။

Brandy_ဘရန်ဒီ
ရင်းမြစ်တော်တော်များများဆီက သိရတာတော့ အမည်မသိ ဒပ်ခ်ျကုန်သည်တယောက်က ၁၆ရာစုမှာ ဘရန်ဒီကို တီထွင်ခဲ့ပါသတဲ့။ ၀ိုင်ကိုဆူပွက်လာအောင်ကျိုချက်ပြီး ရေတွေကိုဖယ်ထုတ်ခြင်းအားဖြင့် ၀န်စည်စလယ်တွေတင်ဖို့နေရာ ကျယ်ကျယ်ရအောင်ကြံစည်တာပါတဲ့။ Brandewijn ရဲ့အဓိပ္ပါယ်က လောင်ကျွမ်းပြီးသောဝိုင် “burnt wine”လို့ ဒပ်ခ်ျလိုဖွင့်ဆိုပါတယ်။ အနဲငယ်သော ရင်းမြစ်တချို့ကတော့ တရုတ်လူမျိုးတွေရဲ့မူပိုင်လို့ဆိုပါတယ်။ ဘရန်ဒီကို စပျစ်သီး ဒါမှမဟုတ် အခြားသီးနှံများဖြစ်တဲ့ ပန်းသီး ၊ အက်ပရီကော့တ် (apricot) သီးနှံတွေကနေ ကျိုချက်ထုတ်လုပ်ပါတယ်ရှင်။

By Shwe Ei (ရှာဖွေစုဆောင်းဝေမျှသည်။)
24th Nov 12

About Shwe Ei

Shwe Ei has written 44 post in this Website..