****ဗုဒ္ဓဘား****
ခေတ်မှီတယ်တဲ့
ဘာလဲ………
ကိုးကွယ်မှုက
ယမကာဆိုင်လေ….။
ငြိမ်းချမ်းတယ်တဲ့
ဘုရားရှင်မျက်နှာတော်
ဖျော်ဖြေမှုလား…..။
ဝါဒတွေ မတူပေမယ့်
ဒါကိုတော့
ချမ်းသာပေးပါ….။
ကိုယ်လုပ်ချင်တိုင်း
ဖြစ်တယ်ဆိုရင်
ကန့်တော့ဗျာ
မနှိုင်းကောင်းနှိုင်းကောင်း
ကိုယ့်အမေကို ပြန်ယူကြပါလား။

ကျွန်တော်ကဗျာရိုင်းသွားရင်ခွင်

့လွှတ်ပါဗျာ။ဒီအကြောင်းရေးချင်တာကြာပြီ။ကဗျာလေးပဲရေးပြီးမှတ်စုထဲသိမ်းထားရတာ။ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ဒီနာမည်စကြားတော့က အစပ်အဟပ်မတဲ့သလို ဖြစ်နေတာ။ကိုယ်ယုံကြည်တဲ့ အလေးအမြတ်ထားတဲ့ဘုရားရှင်ရဲ့နာမည်ကို
ဘုရားတားမြစ်တော်မူတဲ့ ယမကာနဲ့ တွဲဖက်တွေ့ရတော့
ရင်ထဲကသိကအောင့်ဖြစ်တယ်ဗျာ။စတွေ့တာကရန်ကုန်ကတည်းကလွန်ခဲ့တဲ့၈နှစ်ဝန်းကျင်ရှေ့ဆောင်ရုပ်ရှင်ရုံအောက်က
လန်ဒန်မြူးဇစ်ခွေရောင်းတဲ့ဆိုင်မှာအဲဒီတုန်းကEnyaခွေဝယ်ဖို့သွားတာ။ဟိုဒီရှောက်မွှေရင်းနဲ့BuddhaBarChillout
ဆိုတဲ့နာမည်နဲ့ခွေသုံးလေးခွေသွားတွေ့ရတယ်။နောက်တော့ဒူဘိုင်းရောက်ပြီးမှဗုဒ္ဓဘားဆိုတာ
အရက်ဆိုင်နာမည်ဆိုတာသိရတယ်။ဗုဒ္ဓဘားစတင်ထူထောင်သူကတော့RaymondVisanဆိုတဲ့ပြင်သစ်နိုင်ငံသားပါ။
၁၉၉၆ခုနှစ်လောက်မှာစတင်ပြီးဗုဒ္ဓဘားကိုဖွင့်ခဲ့တယ်။အခုဆိုရင်ဗုဒ္ဓဘားဆိုတဲ့နာမည်နဲ့ကမ္ဘာအ၀ှမ်းမှာဖွင့်နေကြပါပြီ။
ဒီနေရာတွေက ကျွန်တော်သိသလောက်ပြောရရင်-

Boissy-d’Anglas street, France
Beriut, Lebanon
Dubai, U.A.E
Cairo
Kiev, Ukraine
Sao Paolo,
Brazil

London
Prague, Czeh Republic
Monaco
Washington, U.S.A
Dublin, Republic of Ireland
Jakata, Indonesia တို့မှာပါ။

သူတို့က ဒီဘားတွေကို တကယ်ဗုဒ္ဓဘာသာနိုင်ငံတွေမှာတော့ မဖွင့်ရဲသေးဘူး (အထင်ပြောတာပါ။ နောင်ဆိုရင်တော့မသိဘူး)။ဒီနာမည်နဲ့  ဘားတင်မကတော့ပါဘူး စားသောက်ဆိုင်၊အနှိပ်ခန်း (spa)၊ ဟိုတယ်၊ Chill
outသီချင်းခွေများ စတာတွေပါ စီးပွားဖြစ်လုပ်နေကြပါတယ်။ အခုဆို
အင်ဒိုနီးရှားဗုဒ္ဓဘာသာများက သူတို့ ဆီက ဗုဒ္ဓဘားကို နာမည်ပြောင်းဖို
့တိုက်တွန်းနှိုးဆော်နေတာအောင်မြင်နေပါပြီ။ သူတို့တွေကကိုယ့်စီးပွားအတွက်
သူတပါးဘာသာရဲ့နာမည်ကို ခုတုန်းလုပ်နေတာ ကောင်းကြသေးရဲ့လားဗျာ။ အရက်ရောင်းပါ
ဗုဒ္ဓနာမည်နဲ့ ဗုဒ္ဓရုပ်ထု(ဆင်းထုတော်)တွေကိုအလှဆင် အပန်းဖြေဖို့ မသုံးစေချင်ဘူးဗျာ။
ကမ္ဘာ့ဗုဒ္ဓအသင်းကြီးရေ….ဒီအတိုင်းကြည့်နေကြတော့မှာလား။

ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တံ့ပါစေသော်…………..။

link : http://www.buddhabar.com/

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!