“နံနက်ခင်းအရုဏ်တက် စစ်ကိုင်းတံတားဘက်ဆီသို့”

1 မပီဝိုးတဝါးအောက်က စစ်ကိုင်းတံတားအသစ်ကြီး

 

2 မိူင်းမူန်ပြာဝေရီတဲ့ နံနက်ခင်းအောက်က ဧရာဝတီ
3 အရုဏ်ဦးရောင်နီအောက်က စစ်ကိုင်းတံတားအသစ်
4 အလင်းတစ်စ လှေတစ်စင်းမြစ်မင်းဧရာ အဝေးမှာရွှေစေတီ
5 ဖွီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး(ရေတွေထွေးထုတ်လိုက်တာ)

 

6 ကျယ်ပြန့်တဲ့ကောင်းကင် အပြောကျယ်တဲ့ရေပြင် ခန့်ထည်တဲ့ တံတား အဲဒီ ကြီးသုံးကြီး အကြားမှာ လှေကလေးက ငယ်ငယ်(အဲသဟာက ဘဝ ပါဘဲ)
7 တိမ်မည်းညိုညိုအောက်က မျောချင်ရာမျောမယ့် ဝါးဖောင်ငယ်

 

8 တံတားအသစ်အောက်မှာ လူသစ်သွားအောင်
ရေချိုးမျက်နှာသစ်လိုက်တော့ (တံတားအဟောင်းကအဝေးမှာ)

 

9 လှပသော………………………………

 

10 သုံးရေသောက်ရေ……………………………….

 

11 ကြည်နူးစေသော နံနက်ခင်းလေး (အရုဏ်တက်နေခြည်နုနုအောက်က ရွှေကြက်ကျဘုရား)

 

12 ကင်မရာမင်းရဲ့ ထောက်ကလေးက မြစ်နံဘေးမှာ
13 ကျနော်လက်ဆော့တော့ ဘဲလေးက ရေထဲငုတ်သွားတယ်ဗျာ

 

14 အရုဏ်ဦးမှာအိပ်မောကျဆဲလှေဆိ်ပ်ကလေး
15သဘာဝဆလိုက်အောက်မှ ရေပြင်ကျယ်မှာလှော်ခတ်နေတဲ့လှေငယ်

 

16 ရင်ထိမှာထိရှစေသော…………………………….

 

“နံနက်ခင်းအရုဏ်တက် စစ်ကိုင်းတံတားဘက်ဆီသို့”

 

ကျနော်ရယ်ဘိုသော့ရယ်ကအလုပ်ပိတ်ရက်မတူပါဘူး။

သူက ကုန်ပါပြီ ဝန်ထမ်း တနင်္ဂနွေပိတ်တယ် ကိုးနာရီမှရုံးတက်ရတယ်။

ကျနော်က ပုတ်ထိပုတ်ထ ဈေးသည် ဥပုဒ်နေ့ဘဲပိတ်တယ် မနက် 8နာရီဆီအလုပ်ကိုရောက်ရပါတယ်။

အဲတော့ နှစ်ယောက်အတူလက်ဆော့ဘို့ကခဲယဉ်းပါတယ်။

တစ်ခါတစ်ရံညနေခင်းလေတွေဆော်ချင်နှက်ချင်ပေမယ့် ညနေခင်းများက ကျနော်တကယ်အလုပ်ရှုပ်တဲ့အချိန်။

နောက်တော့ အတူရိုက်လို့ရမယ့် အချိန်ကို တွေ့သွားပါတယ်။၏

တနင်္ဂနွေမနက်စောစော ဒါဆိုအနီးအနားရိုက်လို့ရ။

ဥပုဒ်နေ့မနက်စောစော အသင့်အတင့်ဝေးတဲ့နေရာကိုသွားရိုက်လို့ရပါတယ်။

 

တစ်ရက်မတော့ ကျနော်စိတ်ကူးယဉ်တာလေးသူ့ကိုပြောပြပါတယ်။

မနက်စောစော နေအထွက် စစ်ကိုင်းတံတားပေါ်ကနေ ရွှေကြက်ကျကို လှမ်းလက်ဆော့ဘို့။

အဲဒါနဲ့ဥပုဒ်နေ့တစ်ရက် မနက်စောစော ငါးနာရီ သူက ကျနော်ကိုဝင်ခေါ်ပါတယ်။

ကန်တော်ကြီးကဖြတ်တက် ရှမ်းလေးကျွန်းကနေကန်ပါတ်လမ်းဘက်သွား။

အဲဒီကမှ စစ်ကိုင်းတံတားပေါ်ရောက်ပါတယ်။

သူကမောင်းကျနော်က ချမ်းတော့ ခပ်ကုပ်ကုပ်လေးလိုက်။

ဒါနဲ့စစ်ကိုင်းတံတားပေါ်အရောက် စိတ်ပြောင်းသွားပါတယ်။

ရွှေကြက်ကျရော စစ်ကိုင်းတံတားပါမြင်ရတဲ့ ဘက်ကနေရိုက်ချင်လာပါတယ်။

အဲဒါနဲ့ စစ်ကိုင်းတံတား အောက်ဖက်မှာရှိနေတဲ့ သစ္စာစေတီပေါ်ကနေရိုက်ဘို့ဆုံးဖြတ်လိုက်ပါတယ်။

ရွှေတောင်ဦးမော်က မြစ်ပြင်မြင်ကွင်းရှင်းပေမယ့် တံတားနဲ့ဆိုအရမ်းဝေးသွားလို့ပါ။

အဲဒါနဲ့ တံတားအောက်ကိုဆင်း ရပ်ကွက်တွေထဲဖြတ်။

မှောင်မှောင်မဲမဲနဲ့ဘဲ ဘုရားတောင်ဘက်ခြေရင်းမှာဆိုင်ကယ်ရပ်.။

ဘုရားပေါ်တက်သွားလိုက်တဲ့အခါမှာတော့ အောက်ခြေမှာသစ်ပင်တွေနဲ့ပိတ်သွားတော့ မြင်ကွင်းမလှ.။

ဒါနဲ့ဘဲ ဘုရားပေါ်ကအမြန်ပြန်ဆင်းပြီး တံတားအောက်ဖက်ကို သွားဘို့ ဆုံးဖြတ်။

မူန်တိမူန်မွှားမှာ အိပ်ယာနိုးထစလူတွေကို တံတားဘက်သွားဘို့ လမ်းမေးပြီး ခရီးဆက်။

တစ်နေရာမှတော့ မြစ်ကမ်းဘက်ကို ဆင်းလို့ရတဲ့လမ်းကလေးမြင်တော့ ဆိုင်ကယ်ကိုရပ်။

မြစ်ပြင်ဘက်ကို အပြေးအလွှားဆင်းပါတော့။

အလင်းရောင်ကတော့ သိပ်မထွက်သေး။

ကျနော်တို့ရောက်သွားတာကတော့ စစ်ကိုင်းဘက်ကမ်း ဧရာဝတီဖြစ်အနောက်ဘက်ခြမ်း။

မြစ်ကမ်းနားရောက်တာနဲ့ ဘိုသော့ကတော့ ဒေါက်တွေပြင်။

ကျနော်ကတော့ ကင်မရာပေါက်စနထုတ်။

တစ်ယောက်တစ်ကွဲ ဆော်ကြနှက်ကြပါတော့တယ်။

သေချာကြည့်မှာကျနော်တို့ ရောက်တဲ့နေရာရဲ့ မြောက်ဘက်မှာ တံငါတည်းလေးတွေအစီအရီ။

ရှေ့တည့်တည့်မှာရြွေကြက်ကျဘုရား။

မြစ်ကမ်းစပ်မှာတော့ အိပ်ယာမနိုးသေးတဲ့ လှေကလေးတွေ၊

မီးလုံးတွေထွန်းထားတဲ့စစ်ကိုင်းတံတားသစ်ကြီးကလှတပတ။

ကဲကျနော့်လက်ဆော့ချက်လေးတွေကို ကြည့်လိုက်ပါအုံးနော်။

 

 

ကိုပေါက်လမ်းသလားနေသည်

(24-11-202)

 

 

11 comments

  • Ma Ei

    November 30, 2012 at 11:38 am

    ကိုပေါက်ရဲ့ဓါတ်ပုံလေးတွေက
    Comment ရေးဘို့ စာစီမရနိုင်အောင်ကို
    လှပလွန်းနေပါတယ် ဆိုရင် …
    ပိုတယ်မထင်ကြဘူးမို့လား…

    • Hnin Hnin

      November 30, 2012 at 11:57 am

      မထင်ပါဘူး… 🙂 …
      ‘ ကဗျာ မမီ၊ စာ မမီ ‘ သိပ်လှလွန်းသည်….

      လေးပေါက်…ခဲသားရောင် တိမ်တိုက်တွေ အုပ်မိုးထားတဲ့ စစ်ကိုင်းတံတားပုံတွေကတော့ လှမှလှပဲ…

  • ကြည်ဆောင်း

    November 30, 2012 at 1:15 pm

    အရင်တုန်းက ရန်ကုန်ကနေ မန္တလေးကို ရထားကြီးစီးပြီးသွား ..ပြီးရင်စစ်ကိုင်းတံတား(အခုတော့အဟောင်းပေါ့) ကိုဖြတ်ပြီးသွား ..သိပ်သဘောကျခဲ့ရတာပေါ့
    စစ်ကိုင်းတံတားအသစ်ကြီးကတော့ တစ်ခါမှမဖြတ်ဖူးသေးဘူး …
    အခုမှဘဲလေးပေါက်ကျေးဇူးနဲ့သေသေချာချာမြင်ဘူးတော့တယ် …
    ပုံတွေလှချက်ကတော့ပြောစရာမလိုတော့ဘူးထင်ပါ့…

  • Mr. MarGa

    November 30, 2012 at 1:45 pm

    အင်းးးးးး ပုံလေးတွေကြည့်ပြီးရင် ဦးမာဃတော့ မန့်စရာကို ထွက်မလာတာ
    လေးပေါက် ပုံတွေက အဲလောက်ကို ဖမ်းစားနိုင်တယ်

  • ဖေပေါက်ဂျီးရေ ..
    နံပါတ် ၁၁ ပုံလေးနဲ့ ၁၅ ပုံလေးကို ခိုက်တယ်ဗျာ …
    နံပါတ် ၁၅ ပုံဆို ပိုပြီး ရသမြောက်လေသလားပဲဗျ ..
    ရှယ်ဘဲ ..

    • ဂန္ဓာရီ ဆြာအုပ်

      December 2, 2012 at 11:36 am

      ဟုတ်သဗျို့ ၁၅ လေးကိုကြိုက်တယ်

  • ရွှေ ကြည်

    November 30, 2012 at 6:22 pm

    လေးပေါက်ရေ နံပါတ် ၆ နဲ့ ၁၁ အကြိုက်ဆုံး..။ အားလုံးလှတယ် သဘောကျတယ် ရှုမျှော်ခံစားရင်းလွမ်းသွားတယ်ကိုယ့်တိုင်းပြည်ကို..။

  • ဒီစစ်ကိုင်းတံတားမြင်ကွင်းက ကိုကြည်ဆောင်းပြောသလိုပါဘဲ တကယ်လှပ။
    ငယ်ငယ်က မုံရွာဘက်က အလုံနတ်ပွဲကို အဖွားနဲ့သွားရင် ဒီအနားရောက်က ရထားအကွေ့မှာ
    စစ်ကိုင်းဘက်ကမ်းကို မြင်ရတာလွမ်းစရာပါ။
    စစ်ကိုင်းတံတားပုံလဲ အများကြီးရိုက်ထားပါတယ်။
    အခုရတနာပုံတံတားလဲကြုံတိုင်းရိုက်ပါတယ်။
    နောက်ရက် ထပ်တင်ပေးပါဦးမယ်
    စစ်ကိုင်းမင်းဝံကတော့ မြန်မာပြည်သားတွေအဖို့ တကယ့် ဂန္ထဝင် ဘဲလို့ ထင်မိပါတယ်.

    နောက်ရက်မှာ စစ်ကိုင်း မင်းကွန်းပိုစ်နှစ်ခု တင်ထားပါသေးတယ်

  • မောင်ပေ

    November 30, 2012 at 6:48 pm

    နံပါတ် ၁
    နံပါတ် ၃
    နံပါတ် ၁၅
    အဲဒါတွေ ကြိုက်တယ်ဗျို ့
    အဲဒါ အဲဒါ

  • သခင် Mobile

    December 1, 2012 at 1:40 am

    3 , 6 , 9 , 15
    စတဲ့ပုံလေးတွေကိုဖြင့် နှစ်သက်မိတယ်ဗျာ။
    နံပါတ် ၁ဝ က သောက်ရေ သုံးရေ ဆိုတဲ့ပုံကတော့ နဲနဲဝါးသွာတယ်နဲ့တူတယ်။
    မြင်ရတာက တစ္ဆေတစ်ကောင်ရဲ့ အရိပ်ကိုမြင်လိုက်ရသလို ရှိလှတယ်။

Leave a Reply