မင်းဝံသို့မျှော်ကြည့်ခြင်း…………………

1 နံနက်ခင်းလေး တိမ်ပြာပြာ

 

2 အပြာရောင်ကောင်းကင်အောက်က အင်းဝတံတား
3 မင်းဝံတောင်ရိုးက ရွှေစေတီ
4 စစ်ကိုင်းတံတား အတက်လမ်း

 

6 နံနက်ခင်းနေခြည်အောက်က ရွှေကြက်ယက်စေတီ

 

7 ကောင်းကင်ပြာအောက်က တံတား

 

8 ရေပြင်ကျယ်အလွန်က မင်းဝံတောင်ရိုး
9 အပြာရောင်ကောင်းကင်အောက်က မင်းဝံ

 

10 တစ်ဖက်ကမ်းက ပုထိုးစေတီ

 

11 မူန်ရီမိူင်းမိူင်း ဇေယျာတိုင်း

 

13 ရွှေကြက်ကျဆိပ်ကမ်းက နေစစ်ကိုင်းတံတားကိုလည်ပြန်အကြည့်
14 မင်းဝံတောင်ရိုးကိုနေအခ
15 ရွှေကြက်ယက်ဆိပ်ကမ်း
16 ကြည်နူးညွတ်နူးဘွယ် မင်းဝံတောင်ရိုး

 

“မင်းဝံကိုငေးကြည့်မိခြင်း”

 

 

စစ်ကိုင်းတောင်ဆိုတာ မင်းဝံတောင်းတန်းကြီးရဲ့အစလို့ပြောနိုင်ပါတယ်။

ဧရာဝတီမြစ်ကမ်းနံဘေးက စစ်ကိုင်းမြို့မြောက်ဘက်ခြမ်းမှာမင်းဝံတောင်တန်းကြီးကို

ဧရာဝတီမြစ်ကြီးနဲ့ယှဉ်လျက်တွေ့နို်င်ပါတယ်။

စေတီပုထိုးဘုရားများစွာရှိတဲ့စစ်ကိုင်းတောင်ကတော့ အင်မတန်ကျက်သရေရှိလို့လှပ။

စစ်ကိုင်းတံတားအောက်ခြေမှာဓါတ်ပုံရိုက်အပြီး အလင်းရောင်ကူးပြောင်းစ ခြောက်နာရီခွဲလောက်မှာတော့

တံတားပေါ်ပြန်တက်လာခဲ့ကြပါတယ.်။

တံတားပေါ်ရောက်တဲ့အခါမှာတော့ ဆိုင်ကယ်ကိုလမ်းဘေးရပ်။

တံတားအဟောင်းဘက်ဆီကိုငေးကြည့်ရင်း လက်ဆော့

တောင်ဘက်ထိပ်ရောက်ပြန်တော့ မြူငွေ့တွေဝေနေတဲ့ စစ်ကိုင်းတောင်ကိုလက်ဆော့

ရင်း မင်းဝံတောင်ကိုငေးးးးးးးးးးးးးးးးးးးးးးးး။

အဲဒါနဲ့ဘဲ ဆိုင်ကယ်ကိုဖြည်းဖြည်းမောင်းလို့ပြန်အလာ

ရွှေကြက်ကျဆိပ်ကမ်းကိုအလွန်မှာတော့ မင်းဝံတောင်ရိုးကိုနေခြည်အခကိုမြင်လိုက်ရတဲ့အခါ

………………………………………………………………………………………..

 

ကိုပေါက်လမ်းသလားနေသည်

24-11-2012

 

18 comments

  • Mr. MarGa

    December 3, 2012 at 10:57 am

    ပုံ ၂၊ ၁၄၊ ၁၆ တို့ကို သဘောကျမိပါကြောင်း
    ကူးယူသွားပါကြောင်း
    လေးပေါက်အား အသိပေးပါ၏

  • ဗုံဗုံ

    December 3, 2012 at 10:59 am

    လေးပေါက်ရဲ့ ဓာတ်ပုံတွေက အပြင်မှာထက်ပိုလှတယ်နော် ဗုံဗုံတို့လည်း စစ်ကိုင်းတံတားပေါ်ရောက်ရင် သရဲမရဲ စီးအောင် ဆိုင်ကယ်စီးကြတာ ဓာတ်ပုံတော့ တစ်ခါမှ မရိုက်ဖူးသေးဘူး နောက်ကျရင်တော့ ရိုက်ပြီးတင်အုံးမယ် လေးပေါက် ငိုနဲ့နော် (စတာ) ပုံလေးတွေ အရမ်းလှတယ် မင်းဝံတောင်တန်းကြီးမြင်ပြီး လေးပေါက် ဘုန်းကြီး ဝတ်ချင်စိတ်မပေါက်ဘူးလားဟင် ဗုံဗုံတော့ စစ်ကိုင်းချောင်ရောက်ရင် သီလရှင်ဝတ်ချင်စိတ်ပေါက်ပေါက်သွားတယ် နေရတာ အပူသက်သာလို့ (အဟီး)

    • ဖောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး(ဘောလုံးဖောက်သံ)
      (လေးပေါက် ဘုန်းကြီး ဝတ်ချင်စိတ်မပေါက်ဘူးလားဟင်)လို့မေးတယ်ဆိုရင်အဲဒီအမေးဟာ
      မှားပါတယ်ခင်ဗျာ…………..(တနင်္ဂနွေနေ့ တိုင်းလာသော ဆန်းထွဋ်လေသံဖြင့်ပြောသည်)

  • ဗုံဗုံ

    December 3, 2012 at 11:07 am

    လေးပေါက်ရဲ့ ပုံလေးတွေ အရမ်းလှတယ်နော် မိဗုံတို့လည်း စစ်ကိုင်းတံတားပေါ်ရောက်ရင် လီဗာအကုန်တင်ပြီ း ဆိုင်ကယ်စီးပြိုင်ကြတာ ဓာတ်ပုံရိုက်ဖို့တော့ သတိမရဖူးဘူးရယ် အဲ ကင်မလာလေးနဲ့ လှည့်ရိုက်နေတဲ့ ဦးလေးတစ်ယောက်တော့ တွေ့ဖူးတယ် လေးပေါက်လားမသိဘူး ခပ်ချောချောနဲ့လေ (ဖားထားမှ သားလေး ဘာလေးရှိလားမသိဘူး ချွေးမတော်ရအောင်) အဟီး နောလေးပေါက်

    • ဖောင်းးးးးးးးးးးးးးးးးးဖောင်း။။။။။။။။။။။။။။။။။
      စင်ပေါ်က ဆင်းလို့ရပါပြီခင်ဗျာ……………….
      (ကင်မလာလေးနဲ့ လှည့်ရိုက်နေတဲ့ ဦးလေးတစ်ယောက်တော့ တွေ့ဖူးတယ် လေးပေါက်လားမသိဘူး ခပ်ချောချောနဲ့လေ ) လို့ပြောတဲ့အပြောလေးက မှားပါတယ်။
      လေးပေါက် က ပေါင်200နီးပါ ဗိုက်ပူပူ အသားမဲရတဲ့အထဲ ရှေ့သွားတွေက ကျိုးနေပါသေးတယ်။
      ဆံပင် ဖြူတစ်ဝက် နက်တစ်ဝက် တစ်လောကလုံးသူ့လုပ်စားစားနေတဲ့မျက်ခွက်နဲ့လူဖြစ်ပါတဲ့အပြင်
      ပြောလဲရင်သဟောက်သဟဲ လူဆိုးပုံဖြစ်ပါတယ်ခင်ဗျာ။

      • Hnin Hnin

        December 3, 2012 at 10:29 pm

        အရမ်းလှသော ပုံပြာပြာလေးတွေပါ…..
        ၂..၈..၁၄..၁၅….တို့ကို အခိုက်ဆုံးပဲ…

        ပြီးတော့…လေးပေါက်ရေ ….ကို်ယ့်ကိုယ်ကို အဲ့လို အမြဲမပြောပါနဲ့ဂျ…
        နော့အစ်ကိုတစ်ယောက်လည်း အပြောကတော့ သဟောက်သဟာ၊ ကျယ်လောင်ဟောင်ဖွာ
        ( သူ့ကို ‘ ဦးအာကျယ်ကြီး ‘ လို့ ကွယ်ရာမှာ ခေါ်တယ်လေ :mrgreen: )
        စိတ်ရင်းက တကယ်တော့ နူးညံ ကောင်းမှကောင်း…အဲဒါပဲ အရေးကြီးတယ်… 🙂

        စိတ်ရင်း နူးညံ့လို့သာ ဒီလို သဘာဝအလှလေးတွေကို ခံစားတတ်ပြီး ပုံလှလှလေးတွေ
        အမြဲထွက်အောင် ရိုက်နိုင်တယ်လို့ ထင်ပါတယ်…

  • surmi

    December 3, 2012 at 11:52 am

    ကျနော်ရိုက်ရင်ဒီလိုတစ်ခါမှမရဘူး
    အတွေ ့အကြုံ ပညာနဲ ့ လေ ့လာမှုကြောင်ထင်တယ်
    ဂဇက်ထဲရောက်ပြီးမှ ဓတ်ပုံအကြောင်းပိုပြီးသိလာရတယ်
    ကင်မရာ အသေးနဲ ့ ဒီပုံမျိုးတွေထွက်တာတွေ ့တော ့ အားကျမိတယ်
    ဒါနဲ ့ ဖေ ့စ်ဘွတ်မှာ တင်ထားတာလေးဒီနေ ့တွေ ့ရတယ်
    တော်တော်သဘောကျမိပါတယ် ။

  • ကျနော်ကံကောင်းထောက်မစွာနဲ့ ရူ့ခင်းကောင်းကောင်းနေရာတွေကို အချိန်ကိုက်ရောက်သွားတာကြောင့်
    ပုံလှလှလေးတွေကို ပိုင်ဆိုင်ခွင့်ရတယ်လို့ ထင်ပါတယ် ကိုဆာမိရေ

  • မောင်ပေ

    December 3, 2012 at 1:11 pm

    ဒါပြီးခဲ့အပတ် မိုးတွေအုံ ့တဲ့နေ ့က သွားရိုက်ခဲ့တာလားဗျ

  • candle .

    December 3, 2012 at 1:21 pm

    ပုံတွေအားလုံး တအားမိုက်တယ်..
    14 နဲ ့ 15 ကတော့ ကဗျာဆန်ပြီး ကျက်သရေရှိလွန်းလို ့..ကူးယူခွင့်လေးပြုပါနော်..

  • kyeemite

    December 3, 2012 at 3:51 pm

    ကိုပေါက်ရေ…ဓါတ်ပုံတွေကြည့်တိုင်း
    လာလည်ချင်စိတ်ပဲပေါ်ပေါ်လာတယ်ဗျို့…
    ဒီဇင်ဘာနောက်ဆုံးပါတ်လောက်တော့
    လာလည်ဖို့ မှန်းထားတာပဲ…

    • ကိုမိုက်ရေ လာပါ တွေ့ချင်ပါ၏။
      မန်းလေးလက်ဖက်ရည် ဖန်ဆိမ့်လေးသောက်ပြီး စကားဆိမ့်ဆိမ့်လေးတွေပြောကြရအောင်

  • Mobile

    December 3, 2012 at 8:16 pm

    မင်္ဂလာပါ ကိုပေါက်ရေ
    ဒီတစ်ခါရိုက်ထားတဲ့ပုံ တွေကိုတော့ အားလုံးနီးပါးကို သဘောကျမိတယ်ဗျာ။
    တစ်ခုတော့မေးစရာလေးရှိလို့ အင်ဝ တံတားဆိုတာကို ကျနော် တစ်ခါမှ မရောက်ဖူးလို့ဗျ
    ဘယ်နေရာနဲ့ ဘယ်နေရာကို ဆက်ထားတဲ့ တံတားဖြစ်တယ်ဆိုတာလေး . . . . . .

    • အင်းဝ တံတားဆိုတာ မူလရှိခဲ့တဲ့ တံတားအဟောင်းကိုခေါ်တာပါ။
      စစ်ကိုင်းတံတားလို့လဲခေါ်ပါတယ်။
      တောင်ဘက်ခြမ်း က သပြေတန်းခံတပ်နားကနေ စပါတယ်။
      မြောက်ဘက်က တော့ စစ်ကိုင်းဘက်ကမ်းပေါ့။
      အင်းဝတံတားလို့ခေါ်ရခြင်းအကြောင်းက အဲဒီတံတားအခြေက နေ အင်းဝဘက်ကမ်းကို ဖောင်
      လှေ သမ္ဗာန်တွေနဲ့ ကူးလို့ရနိုင်လို့ပါဘဲ။

  • Mလုလင်

    December 3, 2012 at 10:11 pm

    နံပါတ် 15 လေး က ဖမ်းစား တယ်ဗျ …

  • လုလင်ရေ နောက်တစ်ခါလာရင် စစ်ကိုင်းတံတားဟေ့နော်ာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ

  • ဒီနေ့မနက်တောင် စစ်ကိုင်းတံတားဘက်သွားပြီး လက်ဆော့ခဲ့သေးတယ်။
    ဆင်များရှင်ဘုရားပုံတွေတင်ပေးမယ်နော်

Leave a Reply