မာနလေးတွေ ခဏလောက်ရပ်စဲပေးပါ

လောဘတွေ မောဟတွေခဏလေး အဝေးကိုပြစ်ထားပေးပါ

ကြည့်စမ်းပါဦး ဟိုးတစ်နေရာမှာ ဆာလောင်မွတ်သိပ်နေတဲ့

ကလေးငယ်တွေရဲ့ရင်ခွင်ထဲကို အပြေးလေးဝင်ကြည့်ပေးပါ

သူတို့လေးတွေရဲ့ နှလုံးသားမှာ တောင်းတနေတာလေးကို ဖြေ့ဆည်းပေးနိုင်ပါ့မလား

အေးချမ်းလှတဲ့လောကကြီးထဲမှာ မင်းဘာတွေ တောင်းတချင်နေသေးတာလဲ

လိုအပ်လို့လား အပိုအချိန်တွေမကုန်ချင်စမ်းပါနဲ့ကွာ

မင်းတို့ရဲ့ အေးချမ်းတဲ့ လက်နှစ်ဖက်နဲ့ အိုမင်းနေတဲ့ ဘိုးဘွားတွေကို ဖှေးမကူညီပေးလိုက်ပါ

တွဲခေါ်လိုက်ပါ တွဲခေါ်ပေးလိုက်ပါကွာ အားအင်ကုန် ဆီခမ်းနေတဲ့ မီးတောက်လေးကို

မင်းတို့ရဲ့ ပြင်းထန်စွာတောက်လောင်နေတဲ့ အလင်းတန်းလေးနဲ့ ခဏလောက်တော့ ပေးကူလှည့်ပါ

မေတ္တာတိုင်း ရောက်ပြန်ပါတယ်ကွာ အကြင်မှာ ရင်မှာ မင်းရှိနေသေးတစ်ရွှေ့တော့ လိုအပ်နေတဲ့ မေတ္တာတွေကို

ပိုနေတဲ့ မင်းတို့ရင်ထဲက အကြင်နာများနဲ့ ဖှေးမပေးလိုက်ရင် မီးစာကုန်ဆီခမ်းလုလုဖြစ်နေတဲ့ မိဘတွေရဲ့ ရင်ခွင်နဲ့

မေတ္တာဆာလောင်မွတ်သိပ်နေတဲ့ ကလေးငယ်တွေရဲ့ အပေါ်မှာ အကြင်နာသက်ရောက်မယ်ဆိုရင်

လောကကြီးက မင်းပေးခဲ့တဲ့ အလင်းကြောင့် အေးချမ်းသာယာပါလိမ့်မယ်

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..