နားခိုရာ

ကာရံNovember 24, 20121min1006

မာနလေးတွေ ခဏလောက်ရပ်စဲပေးပါ

လောဘတွေ မောဟတွေခဏလေး အဝေးကိုပြစ်ထားပေးပါ

ကြည့်စမ်းပါဦး ဟိုးတစ်နေရာမှာ ဆာလောင်မွတ်သိပ်နေတဲ့

ကလေးငယ်တွေရဲ့ရင်ခွင်ထဲကို အပြေးလေးဝင်ကြည့်ပေးပါ

သူတို့လေးတွေရဲ့ နှလုံးသားမှာ တောင်းတနေတာလေးကို ဖြေ့ဆည်းပေးနိုင်ပါ့မလား

အေးချမ်းလှတဲ့လောကကြီးထဲမှာ မင်းဘာတွေ တောင်းတချင်နေသေးတာလဲ

လိုအပ်လို့လား အပိုအချိန်တွေမကုန်ချင်စမ်းပါနဲ့ကွာ

မင်းတို့ရဲ့ အေးချမ်းတဲ့ လက်နှစ်ဖက်နဲ့ အိုမင်းနေတဲ့ ဘိုးဘွားတွေကို ဖှေးမကူညီပေးလိုက်ပါ

တွဲခေါ်လိုက်ပါ တွဲခေါ်ပေးလိုက်ပါကွာ အားအင်ကုန် ဆီခမ်းနေတဲ့ မီးတောက်လေးကို

မင်းတို့ရဲ့ ပြင်းထန်စွာတောက်လောင်နေတဲ့ အလင်းတန်းလေးနဲ့ ခဏလောက်တော့ ပေးကူလှည့်ပါ

မေတ္တာတိုင်း ရောက်ပြန်ပါတယ်ကွာ အကြင်မှာ ရင်မှာ မင်းရှိနေသေးတစ်ရွှေ့တော့ လိုအပ်နေတဲ့ မေတ္တာတွေကို

ပိုနေတဲ့ မင်းတို့ရင်ထဲက အကြင်နာများနဲ့ ဖှေးမပေးလိုက်ရင် မီးစာကုန်ဆီခမ်းလုလုဖြစ်နေတဲ့ မိဘတွေရဲ့ ရင်ခွင်နဲ့

မေတ္တာဆာလောင်မွတ်သိပ်နေတဲ့ ကလေးငယ်တွေရဲ့ အပေါ်မှာ အကြင်နာသက်ရောက်မယ်ဆိုရင်

လောကကြီးက မင်းပေးခဲ့တဲ့ အလင်းကြောင့် အေးချမ်းသာယာပါလိမ့်မယ်

ပိတောက်မိုး

6 comments

  • Mobile

    November 24, 2012 at 10:42 pm

    စာသားလေးတွေကို ကြိုတ်တယ်ဗျာ
    ကူယူထားလိုက်ပါကြောင်းဗျာ……

  • padauk moe

    November 24, 2012 at 10:53 pm

    ကျေးဇူးတင်ပါတယ်ဗျာ ဆက်လက်ပြီးခံစားနိုင်ပါစေနော် စေသနာချင်းတူရင် မျှယူခံစားနိုင်ပါစေ

  • ရွှေ ကြည်

    November 25, 2012 at 11:59 am

    စိတ်ထဲမှာနင့်နင့်နဲနဲလေးခံစားမိသွားတယ်
    အဲဒီလိုလေးတွေတွေးမိတိုင်းကိုယ်လျှောက်နေတဲ့လမ်းနဲ့ ဘဝအဓိပ္ပါယ်ဆိုတာအမြဲဝေဝါးနေတယ်..။

  • padauk moe

    November 25, 2012 at 1:44 pm

    မဝေးသောတဲ့ ဘဝလေးပါ ပိုင်ဆိုင်မှုဆိုတာ လက်တစ်ကမ်းမှာပါ ကြိုးစားမှုတွေက
    အစဉ်နိုးကြားနေသရွှေ့တော့ အိပ်မက်လှလှလေးတစ်ခု တည်ဆောက်ခွင့်ရ တော့မယ်လေ

  • မောင်ပေ

    November 25, 2012 at 8:47 pm

    နားခိုရာ
    သွားဂျိုကာ
    ကျားပျိုလာ
    စားချိုတာ
    အားပိုမှာ

  • padauk moe

    November 25, 2012 at 9:08 pm

    ကိုပေရေ အားပိုမှာ ဆိုပြီးချန်ထားခဲ့ပြန်ပြီ တိန်

Leave a Reply