စာပေဆုအစီအစဉ်သစ်တမျိုး စဉ်းစားခဲ့မိခြင်း..

 

 

 

 

 

 

 

 

 

ကျွန်တော်တို့ မန်းဂဇက်ချစ်သူများ စာပေဆု

ဖတ်ရွေးအဖွဲ့ကြီးအတွက် အရေးအကြီးဆုံးမူဝါဒတစ်ခုရှိပါတယ်..

အဲဒါကတော့  လွယ်လွယ်ကူကူ နဲ့ ပေါ့ပေါ့ပါးပါး ဖြစ်ဖို့  ….ပါပဲ။

အဲဒါအင်မတန်အရေးကြီးပါတယ်။  ဘာကြောင့်လဲဆိုတော့ မလွယ်ရင်  မပေါ့ပါးရင်  ဖတ်ရွေးအဖွဲ့ သက်တမ်းရှည်မှာမဟုတ်လို့ပါပဲ..။

 

ဖတ်ရွေးအဖွဲ့ကြီး လေးလတာ ခရီးပေါက်ပြီးချိန်မတော့

ကျွန်တော်လဲ  အခြေအနေကို နဲနဲသဘောပေါက်စပြုလာပါတယ်…။

ဖတ်ရွေးရတာ ပင်လဲ ပင်ပန်း  တာဝန်လဲကြီး လို့ ဒီအတိုင်းဆို သက်တမ်းမှရှည်ပါ့မလားလို့လဲ စဉ်းစားမိလာတယ်။

တကယ်တော့ အစကတည်းက ကိုဘလက်ချောက စဉ်းစားမိပြီးသား

သူ့အိုင်ဒီယာကိုလဲ ချပေးပြီးသားပါ…

ဒီအိုင်ဒီယာအပေါ်မှာ ကိုဘလက်ချောကို ရာနှုံးပြည့်ခရက်ဒစ်ပေးရပါမယ်။

ကျွန်တော်က စာစီပေးတာလောက် သာသာပါပဲ…။

အဲဒီ ကိုဘလက်ချောရဲ့ အိုင်ဒီယာပေါ်မှာ နဲနဲမွမ်းမံပြီး

အစီအစဉ်သစ်လေး  ပုံစံသစ်လေး တစ်ခု စိတ်ကူးယဉ်ကြည့်မိတယ်

ပင်တိုင်ဖတ်ရွေးအဖွဲ့ဝင်  ၁၂  ဦး ရှိရမယ်။ တစ်လစီမှာ ဖတ်ကူမယ့် အလှည့်ကျအဖွဲ့ဝင်တွေလဲရှိမယ်

အဲဒါကို သုံးဖွဲ့ခွဲမယ်….. အုပ်စု သုံးခုဆိုပါတော့

အုပ်စုတခုကို လေးယောက်ပါမယ်… လေးယောက်+အလှည့်ကျအဖွဲ့ဝင်(ရှိလျှင်)

အုပ်စုတစ်ခုကို တစ်လ မှာ (၁၀)ရက်စာ ဖတ်ရွေးပေးရမယ်…

အုပ်စုဝင်တစ်ယောက်ဟာ မိမိတာဝန်ကျတဲ့ (၁၀) ရက်စာအပြင် ထပ်ပြီး အပိုဖတ်ရွေးပေးချင်ရင်လဲ အပို(၃)ပုဒ်အထိ ရွေးပေးခွင့်ရှိမယ်

ဘာကြောင့်လဲဆိုတော့ ဒီလိုဖတ်ရွေးတာက အပြိးအပြတ်မဟုတ်ပဲ အကြိုဖတ်ရွေးတာပဲ ဖြစ်လို့ပါပဲ..။

တစ်နည်းအားဖြင့်-

တကယ်ရွေးပေးဖို့  ပဏာမ စာမူတွေ ဆွဲထုတ်တာ မို့လို့ပါပဲ…။

ဆိုတော့ ခုနစကားပြန်ကောက်ရရင်-

ဥပမာ ပထမအုပ်စုက လစဉ် (၁)ရက် က (၁၀) ရက်အထိ

ဒုတိယအုပ်စုက လစဉ် (၁၁)ရက်က (၂၀) ရက်အထိ

တတိယအုပ်စုက လစဉ်( ၂၁)ရက်က လကုန်တဲ့ရက်အထိ

အဖွဲ့ဝင်တစ်ယောက်ဟာ မိမိတာဝန်ကျတဲ့ ရက်ပိုင်းအတွင်းတက်တဲ့ပိုစ့်တွေထဲက မိမိအကြိုက်ဆုံးပိုစ့် (၄)ပုဒ်ရွေးပေး…

မိမိတာဝန်မကျတဲ့အခြားရက်တွေအတွင်းတက်တဲ့ပိုစ့်တွေထဲကလဲ ထပ်ကြိုက်လို့ ထပ်ရွေးပေးချင်ရင် (၃)ပုဒ်အထိရွေးပေးခွင့်ရှိမယ်။

ဒီနည်းအားဖြင့် ဘယ်ပိုစ့်ကတော့ ဘယ်အဖွဲ့လက်ထဲရောက်သွားလို့ အရွေးခံထိုက်ရဲ့သားနဲ့ လွတ်သွားတယ်ရယ်လို့ မရှိနိုင်တော့ဘူး..။

ဒီလိုလုပ်ရင် အုပ်စုတစ်ခုက အကြိုက်မတူရင် အများဆုံး (၁၆)ပုဒ်ထွက်ပါမယ်။ အကြိုက်တစ်ထပ်တည်းတူစေဦး အနည်းဆုံး(၄)ပုဒ် ထွက်ပါမယ်။

အုပ်စု(၃) ခုပေါင်းလိုက်တော့-

အများဆုံးဆိုရင် (၄၈) ပုဒ်+ အပိုရွေးပေးတာတွေ  /

အနည်းဆုံးဆိုရင် (၁၂)ပုဒ် ထွက်ပါမယ်…။

အဲဒီစာရင်းကို လကုန်ပြီး လဆန်း (၇)ရက်နေ့မှာ အတွင်းရေးမှုးသို့မဟုတ် တွဲဖက်အတွင်းရေးမှုးက ပိုစ့်တင်ပြီး ရွာသားတွေကို  vote ပြန်လုပ်ခိုင်းပါမယ်။ လဆန်း(၁၂)ရက်နေ့ မြန်မာစံတော်ချိန် ည (၁၀) နာရီ နောက်ဆုံးထားပြီး  vote  ရပါမယ်။

ဘယ်လိုဆန္ဒပေးရမလဲဆိုတော့ အကောင့်တစ်ခုကို အကြိုက်ဆုံးတပုဒ် ရွေးပေးဖို့ပါ။ ကွန်မင့်နဲ့ ခေါင်းစဉ်ကိုပဲရွေးပေးဖို့ပါ။

ဥပမာ –

ဦးဦးပါလေရာ says:

စိန်ဗိုက်ခရီးသွားနေသည်

 

ဒါပါပဲ…

ရက်စွဲတွေ စာရေးသူတွေ link တွေ  မှတ်ချက်တွေ မလိုတော့ပါဘူး….

အဲဒီတော့ အဲဒါတွေစုပေါင်းပြီး လဆန်း(၁၃)ရက်ဆို အဖြေထွက်ပါပြီ

အဲဒီအဖြေကို ပိုစ့်တပုဒ်တင်ပေးစရာတောင်မလိုတော့ပါဘူး

မူရင်း  ပဏာမ ရွေးထားတဲ့စာရင်း ပိုစ့်မှာပဲ  ထပ်ဖြည့် နိဂုံးချုပ်လိုက်ရုံပါပဲ..

ဒီနည်းအားဖြင့် ဘယ်ပိုစ့်တွေ ပဏာမရွေးခံရတယ်ဆိုတာ၊ ဘယ်ပိုစ့် ဘယ်နှစ်မဲရတယ်ဆိုတာ ပိုစ့်တပုဒ်ထဲမှာပဲ အပြီးမှတ်တမ်းတင်လိုက်လို့ရသွားပါတယ်။

ပဏာမရွေးစာရင်းတင်တဲ့ပိုစ့်မှာ ရှုပ်ထွေးမှု့မဖြစ်ရအောင်  –

မန်ဘာတွေ ကိုယ်ရွေးတဲ့ပိုစ့်ခေါင်းစဉ်အမည်မှအပ အခြားစာလုံး/စကားလုံး ကွန်မင့်ထဲမထည့်ရပါဘူး

ထည့်လာရင်လဲ အတွင်းရေးမှုးက ဖျက်လိုက်ဖို့ပါပဲ…။

. . . . . . . . . .

ဒီအစီအစဉ်မှာ မေးစရာတွေရှိပါမယ်-

စဉ်းစားမိသလောက် ကြိုဖြေကြည့်ပါမယ်…။

(၁)ပင်တိုင်ဖတ်ရွေးအဖွဲ့ဝင်အခုရော ဘယ်နှစ်ယောက်ရှိသလဲ။ ဆယ့်နှစ်ယောက်ထက်ပိုရင်ရော…?

(ဖြေ) ဆယ့်နှစ်ယောက်ထက်တစ်ယောက်ပိုရင် တတိယအုပ်စုမှာထည့်ပါ။ နှစ်ယောက်ပိုရင် တတိယနဲ့ ဒုတိယအုပ်စုမှာတစ်ယောက်စီတိုးပါ။ အဲဒီနည်းနဲ့ အုပ်စုခွဲဖို့ပါ။

 

(၂)ပင်တိုင်ဖတ်ရွေးအဖွဲ့ဝင် ဆယ့်နှစ်ယောက်မပြည့်ရင်ရော…?

(ဖြေ) တစ်ယောက်လျော့ရင် ပထမအုပ်စုက နှုတ်ပါ။ နှစ်ယောက်လျော့ရင် ပထမနဲ့ ဒုတိယအုပ်စုကနှုတ်ပါ။ သုံးယောက်လျော့ရင် အုပ်စုတစ်ခုစီက နှုတ်ပါ။ ဒါပေမယ့် ဆယ့်နှစ်ယောက်ထက် လျော့လို့မကောင်းပါ။ ပြန်ဖြည့်ဘို့ကြိုးစားပါ။

 

(၃) လစဉ် ဖတ်ကူမယ့် အလှည့်ကျအဖွဲ့ဝင်တွေကို အုပ်စုတွေထဲမှာဘယ်လိုခွဲမလဲ။ ?

(ဖြေ) လစဉ်ဖတ်ကူမယ့်အလှည့်ကျအဖွဲ့ဝင်တွေကို – ပင်တိုင်အဖွဲ့ဝင်တွေ လျော့ပါက လျော့တဲ့အုပ်စုမှာဖြည့်ရန်။ ကျန်သေးလျှင် တစ်ယောက်ဆိုပါက တတိယအုပ်စုမှာထည့်ရန်။ နှစ်ယောက်ဆိုပါက တတိယနှင့်ဒုတိယအုပ်စုမှာထည့်ရန်။ သုံးယောက်ဆိုပါကအုပ်စုတစ်စုစီမှာထည့်ရန်။ သို့သော်- အကယ်၍ အလှည့်ကျအဖွဲ့ဝင်က ဘယ်ရက်ပိုင်းမှာသာ ဖတ်ပေးမည်ဟု ဆန္ဒပြုပါက ၎င်းဆန္ဒအတိုင်းသာ ဖတ်ရွေးခွင့်ပြုရန်။

 

(၄) ပင်တိုင်ဖတ်ရွေးအဖွဲ့ဝင်များနှင့် အလှည့်ကျဖတ်ရွေးအဖွဲ့ဝင်များ ပဏာမရွေးပြီးသောစာရင်းတွင် vote လုပ်ခွင့်ရှိပါသလား…။?

(ဖြေ) ရှိပါသည်။ ဖတ်ရွေးတုန်းက မိမိတို့ကြိုက်သောပိုစ့်များကို ဆွဲထုတ်ပြခြင်းသာဖြစ်သည်။ ပဏာမရွေးစဉ်တုန်းကရတဲ့ မဲအရေအတွက်သည် အပြီးသတ် ဆန္ဒပေးသောအခါထည့်သွင်းခြင်းမခံရပါ။ ဥပမာ ပိုစ့်တပုဒ်ကို တာဝန်ကျပင်တိုင်ဖတ်ရွေးအဖွဲ့ဝင်(၄)ဦး+ အလှည့်ကျ ဖတ်ရွေးအဖွဲ့ဝင် (၂)ဦး+ တာဝန်မကျသော်လည်းအခြားအုပ်စုမှ ပင်တိုင်ဖတ်ရွေးအဖွဲ့ဝင်(၃)ဦး က အကြိုက်ညီခဲ့ကြသည် ဆိုပါစို့…

အဆိုပါပိုစ့်သည် ပဏာမရွေးစဉ်မှာ စုစုပေါင်း (၉) မဲ ရခဲ့ပြိးဖြစ်သည်။

သို့ရာတွင် အပြီးသတ်ဆန္ဒပေးသောအခါ ပဏာမရွေးချယ်ထားသည့် ပိုစ့်တပုဒ်အဖြစ်သာလျှင် အခြားရွေးထားသောပိုစ့်များနှင့် အခြေခံ(၀) မှတ်ချင်း တူနေမည်ဖြစ်သည်။ ထို့ကြောင့် ထိုပိုစ့်၏ အမှန်တကယ်ရပြီးဖြစ်သော မဲအရေအတွက်မဆုံးရှုံးစေရန်နှင့် ဖတ်ရွေးအဖွဲ့ဝင်များ၏ တစ်မဲပေးခွင့် မန်ဘာအခွင့်အရေးမဆုံရှုံးစေရန်အလို့ငှာ-

ပင်တိုင်ဖတ်ရွေးအဖွဲ့ဝင်များနှင့် အလှည့်ကျဖတ်ရွေးအဖွဲ့ဝင်များ ပဏာမရွေးပြီးသောစာရင်းတွင် vote လုပ်ခွင့်ရှိပါသည်။

 

(၅) ပဏာမဖတ်ရွေးရာမှာ ပိုစ့်အမည် ၊ ရေးသူ၊ Link နဲ့ ဘာကြောင့်ရွေးတယ်ဆိုတဲ့မှတ်ချက်တွေ ပေးရဦးမှာလား…။ ?

(ဖြေ) ပေးရပါမယ်။ ပိုစ့်အမည် ၊ ရေးသူ၊ Link တွေကတော့ ဖတ်ရွေးအဖွဲ့ဝင်အချင်းချင်းနဲ့ အတွင်းရေးမှုးအဖွဲ့တို့ အလုပ်လုပ်ရလွယ်အောင်ဖြစ်ပါတယ်။ ဘာကြောင့်ရွေးရတယ်ဆိုတဲ့မှတ်ချက်ကတော့ မိမိကိုယ်တိုင် သေချာဖတ် သေချာကြိုက်လို့ရွေးကြောင်း သက်သေတစ်ခုဖြစ်ပါတယ်။

 

(၆)ဒီလိုရွေးချယ်ပုံပြောင်းတော့ကော ဒီရွေးချယ်မှု့ဟာ မန်းဂဇက်တခုလုံးကို ကိုယ်စားပြုတယ်လို့ ပြောနိုင်ပြီလား… ?

(ဖြေ) မပြောနိုင်ပါ။  လုံးဝမပြောနိုင်ပါ။ မန်းဂဇက်မှာ မန်ဘာအကောင့် တစ်သောင်းဝန်းကျင်ရှိပါတယ်။ လူတစ်သောင်းဝန်းကျင်ရဲ့ စိတ်/ဆန္ဒ ကို ဝင်မဲပေးတဲ့ active member လက်တဆုပ်စာက လုံးဝကိုယ်စားမပြုပါ။ ဒီလိုကိုယ်စားပြုရာမရောက်စေချင်လို့  အစကတည်းက အယ်ဒီတာချုပ် သူကြီးရဲ့ကဏ္ဍကို အစကတည်းကထည့်မထားခဲ့ပါ။ ချွင်းချက်အနေနဲ့ မေးလ် လိပ်စာတစ်ခုသာ တောင်းခဲ့ပါတယ်။

 

(၇) မန်းဂဇက်ချစ်သူများစာပေဆုဟာ မန်းဂဇက်မှာတင်တဲ့စာမူတွေထဲက အကောင်းဆုံးစာမူကို ရွေးတာလား..။ ?

(ဖြေ)မဟုတ်ပါ။ လုံးဝမဟုတ်ပါ။ အကောင်းဆုံးဆိုတာရွေးချင်ရင် ရွေးမယ့်လူတွေက အရွေးခံရမယ့်စာမူရှင်တွေထက်မလျော့သော စာပေဆိုင်ရာအရည်အချင်းမျိုးရှိဘို့လိုပါတယ်။ ပြီးတော့ မှန်လဲမှန် ၊ အများလဲလက်ခံတဲ့ မူဝါဒ၊ စည်းမျဉ်း၊ စံနှုံး တွေ လိုပါတယ်။ အဲဒါတွေ လုံးဝမရှိပါ။

ဒါကြောင့် အကောင်းဆုံးစာပေကို ရွေးတာလဲမဟုတ်ပါ။ ဖတ်ရွေးသူတွေနဲ့တကွ မဲဆန္ဒပေးတဲ့မန်ဘာတွေရဲ့ အကြိုက်အညီဆုံးစာပေကို ရွေးတာပဲဖြစ်ပါတယ်။

ဒါကြောင့်  မည်သည့်စာရေးဆရာ၏စာပေကိုဖြစ်စေ မည်သည့်ပေတံစံနှုံးများဖြင့်တိုင်းတာခြင်းလုံးဝမပြုပဲ ဖတ်တဲ့သူများက “ဖတ်လို့ကြိုက်မိတယ်”   ဆိုတဲ့ အချက်သက်သက်ဖြင့်သာ ရွေးခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့်  ဟင်းမချက်တတ်သူတစ်ယောက်ဟာ စားဖိုမှုးတစ်ယောက်ကို ဟင်းချက်ပုံက ဘယ်သို့ဘယ်ညာဆိုပြီး မဝေဖန်ထိုက်ပါ။ သို့သော် သူစားမိတဲ့ဟင်းကိုတော့ ကြိုက်တယ်/မကြိုက်ဘူးတော့ ပြောခွင့်ရှိပါတယ်။ ဒီဟင်းလေးစားကောင်းလိုက်တာ လို့လဲ သူများကို လက်တို့ပြောပြခွင့်ရှိပါတယ်။ အခုစာပေဆုက အဲဒီသဘောသာ ဖြစ်ပါတယ်။

 

(၈) မန်ဘာတွေ ဆန္ဒပေးရာမှာ ကွန်မင့်နဲ့ဗြောင်မဲပေးရရင် ဟိုလူကိုပေးရင် ဒီလူကိုအားနာရမှာမျိုးတွေ မဖြစ်ဘူးလား..?

(ဖြေ) ကောင်းတာ၊ ပိုကောင်းတာ ၊ အကောင်းဆုံးကို ရွေးတာဆိုရင်တော့  အားနာချင်လဲအားနာပေါ့နော

ဖတ်လို့ကြိုက်တာကို ရွေးရတာဆိုရင်တော့ အားနာစရာမကောင်းလှပါဘူး

မကြိုက်တာကိုရွေးရမှသာ အားနာစရာကောင်းပါတယ်။

မဟုတ်တဲ့နေရာမှာ အားနာတဲ့စိတ်မျိုးရှိတတ်ရင်  ဒီလိုဗြောင်ဆန္ဒပေးတာကလဲ အဲဒီအကျင့်မျိုးကို တိုက်ဖျက်တဲ့နည်းတခုပါပဲ..။

 

. . .

တကယ်တော့ ဒီအစီအစဉ်ကို ဖတ်ရွေးအဖွဲ့ထဲမှာပဲ တင်ပြဖို့ပါ…

နောင်နှစ်အတွက်ပါ…

အခုတော့ အကြောင်းတိုက်ဆိုင်လာလို့ ရွာထဲတင်ပြလိုက်ပါတယ်။

အခြားမေးခွန်းများစွာကို လေးစားစွာ စောင့်မျှော်နေပါကြောင်း…

ပြန်လှန်မေးခွန်းမေးသူများကို  ကျုပ်အနေဖြင့် စိတ်မဆိုး၊ စိတ်မခု၊ စိတ်မကွက်ပဲ

ကိုယ့်ကိုအဖက်လုပ်အရေးထားလို့မေးတာလို့ခံယူသဖြင့်

အမှန်တကယ်စိတ်ပါလက်ပါကျေးဇူးတင်မှာဖြစ်ပါကြောင်း….

 

လေးစားစွာဖြင့်

ဦးဦးပါလေရာ

 

 

25 comments

  • surmi

    November 25, 2012 at 12:01 am

    ဒီလောက်သက်သာမယ်ဆိုရင်တော ့ ပူးပေါင်းမည် ့
    သူတွေ ပေါ်ထွက်လာမှာပါ ။တစ်ဖွဲ ့ကို ငါးယောက်ထက်မနဲ ရှိသင် ့တာဆိုတော ့
    ဖတ်ကူ အဖွဲ ့ဝင်တွေ ထပ်လိုပါသေးတယ် ။
    တော်တော်ပြည် ့စုံနေပါပြီ ။မေးစရာအထူးမရှိတော ့ပါဗျာ ။

    • ဦးဦးပါလေရာ

      November 26, 2012 at 1:54 pm

      မအားတဲ့အကြောင်းပြချက် ပေးလို့မရအောင် လွယ်၊ကောင်း၊ သက်သာ လေးပေါ့….

  • ဦးဦးပါလေရာ

    November 25, 2012 at 12:49 am

    ပြောဖို့ကျန်ခဲ့တာတစ်ချက်ရယ် တမင်ချန်ထားခဲ့တာတစ်ချက်ရယ်ရှိပါတယ်။

    ပြောဖို့ကျန်ခဲ့တာက-
    ဖတ်ရွေးအဖွဲ့က ပဏာမရွေးပြီးသားစာမူတွေကို ရွာထဲချပြပြီး ဆန္ဒမဲပေးစေရာမှာ လှို့ဝှက်ဆန္ဒမဲပေးနည်းကို မထောက်ခံပါဘူး။
    ဘာကြောင့်လဲဆိုတော့ တချို့မန်ဘာတွေက အကောင့်တစ်ခုထက်ပိုပြီးရှိပါတယ်။ ကျုပ်ကြားဖူးတဲ့တစ်ယောက်ဆို အကောင့်ရှစ်ခုရှိသတဲ့….
    အဲဒါကြောင့် လှို့ဝှက်ဆန္ဒမဲပေးရင် အဲဒီအကောင့်ပွားတွေသုံးပါလိမ့်မယ်။
    ဗြောင်ဆန္ဒမဲပေးတော့ အကောင့်တစ်ခုထက်ပိုပေးချင်တယ်ထား တကယ်active ဖြစ်တဲ့အကောင့်လား ခါတော်မှီထုတ်သုံးတာလား ထင်ရှားသွားမှာဖြစ်ပါတယ်။

    အဖွဲ့ထဲမှာပြောဘို့ပြင်ထားပြီး ရွာထဲမှာမပြောသင့်ဘူးထင်လို့တမင်ချန်ခဲ့တာက-
    အစကစဉ်းစားတုန်းက ဖတ်ရွေးအဖွဲ့က ပဏာမရွေးပြီးသားစာမူတွေကို ရွာထဲချပြပြီးရင် အဲဒီပိုစ့်တွေထဲမှာမပါလဲ စာမူတခုကိုအရွေးခံသင့်တယ်လို့ မန်ဘာတွေထဲကထင်မြင်ရင် သုံးရက်အချိန်ပေးပြီး ကွန်မင့်နဲ့ ဖြည့်ပြောစေဘို့ပါ။ အဲဒီဖြည့်ပြောတဲ့ပိုစ့်အမည်ကိုလဲ ဖတ်ရွေးအဖွဲ့က ရွေးပေးထားတဲ့အမည်တွေနဲ့အတူ စာရင်းထပ်တိုးပြီး ထည့်အရွေးခံစေဖို့ပါ။
    ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ အဲဒီလိုလုပ်ရင် ရွာထဲမှာက ဆိုင်ရာဆိုင်ရာ တူရာတူရာ အုပ်စုလေးတွေ ရှိပါတယ်။ ကျူပ်မန်ဘာစဖြစ်တဲ့ ၂၀၁၁ နှစ်ဆန်းပိုင်းကတည်းက သတိပြုမိပါတယ်။ အဲဒီတော့ သူ့လူထဲကပါတယ် ကိုယ့်လူလဲပါအောင်ထည့်ကြဟေ့ ..ဆိုတာမျိုး ဖြစ်လာမှာဖြစ်ပြီး ဗွက်ပေါက်သွားနိုင်ပါတယ်။

    အင်း.. ဒီနေရာမှာ သူကြီးအပါအဝင် မိတ်ဆွေများကို ကျုပ်ပြောချင်တာက
    အွန်လိုင်းမီဒီယာဆိုတာ
    အရေအတွက်ကို သိလဲမသိနို်င် ထိန်းလဲမထိန်းချုပ်နိုင်ပါဘူး
    ဒါကြောင့် ဒီမိုကျဖို့ဆိုရာမှာလဲ ဒီမိုအခွံလောက်သာ တူအောင်ရနိုင်ပေမယ့်
    ဒီမို အနှစ်သာရကတော့ မလွယ်ပါကြောင်း….. 🙁

  • မဟာရာဇာ အံစာတုံး

    November 25, 2012 at 12:53 am

    ဦးဦးပါ …
    ကျနော့် အနေနဲ့ နည်းနည်း ဝင်ပွားချင်ဘာဒယ် ခင်ဗျ ..
    အိုက်ဒါကဒေါ့ ..
    ဟို .. Vote လုပ်ပြီး ကွန်မန့် ပေးတဲ့အခါ ..
    ခေါင်းစဉ် တစ်ခုကိုပဲ ရေးပေးခိုင်းတာထက် စာရင် …

    ကိုယ် Vote တဲ့ ပို့စ်ခေါင်းစဉ်ကို
    ကွန်မန့်ရဲ့ ထိပ်ဆုံးမှာ မဖြစ်မနေ အရင်ဆုံး ထည့်သွင်းရေးသားရပါမယ် ..
    ပြီးတော့မှ .. မိမိ ဘာကြောင့် ကြိုက်နှစ်သက်လဲ ဆိုတာကို ရေးချင်သေးသပ ဆိုရင် ..
    “……” ဒီလိုထဲမှာ ဖြစ်ဖြစ် …
    {…..} ဒီလိုထဲမှာ ဖြစ်ဖြစ်ပေါ့ဗျာ …
    အောက်ကနေ (တစ်ကြောင်းကျော် လောက်ကပေါ့) ထပ်မံ ထည့်သွင်းပြီး ရေးသားနိုင်ပါတယ် ဆိုရင် ပိုကောင်းလေမလားလို့ပါ …

    ဘာလို့လဲ ဆိုတော့ ..
    Vote တဲ့ မန်ဘာတွေကလည်း ဘာကြောင့် Vote တယ် ဆိုတဲ့အကြောင်းကို
    နည်းနည်းများ ပေါချင်ဂျမလားဆိုပြီး တွေးလိုက်မိလို့ပါ …
    အနော် နည်းနည်း ပွားချင်ဒါ ဒါလေးဘာဘဲ ခညာ … အဟီးးးး :mrgreen:

    • ဦးဦးပါလေရာ

      November 25, 2012 at 7:24 am

      အဲဒါဆိုရင်တော့ ကျုပ်တို့အကြိုက်ဆုံးပေါ့ ကိုအံစာရယ်…
      ဒါပေမယ့် ပြဿနာက မှတ်ချက်ကလေးထည့်ပေးရမယ်ဆိုရင် မဲမပေးတော့မှာလဲ စိုးရိမ်တယ်…
      ဒီတော့ မှတ်ချက်ပေးချင်သူကပေး မပေးချင်သူကမပေးပဲ ခေါင်းစဉ်ပဲရေးပေး… ဆိုရင်တော့ မဆိုးဘူး..

      ကျုပ်တကယ်စိုးရိမ်တာက –
      ဖတ်ရွေးအဖွဲ့ လူနည်းသွားမှာကို မဟုတ်ဘူး…
      မဲပေးမယ့်လူအရေအတွက်နည်းမှာကို စိုးရိမ်တာ….

  • မိုချို

    November 25, 2012 at 8:06 am

    မေးစရာ မရှိ အောင် ပြည့် စုံ တယ် လို့ ထင် မိ ပါ တယ်။အပေါ် မှာ ဖတ် နေ တုန်း က မေးခွန်း နံပါတ်( ၈ ) ကို မေးဖို့ စဉ်း စား နေမိတယ်။ ဆက်ဖတ် ကြည့် လိုက် တော့ ကိုယ် မေး ချင်တဲ့ မေး ခွန်း ကို အဖြေ ပါ တခါ တည်း ထည့် ထား တော့ နားလည်းသဘောလည်းပေါက်စွာ သဘော တူ ပါတယ်။
    အဲဒါကြောင့် ငှက်ကထ ကြီး က ငှက် ကထ ကြီး ပါပဲ လို့ ပြေ ာ ကြတာ ထင် ပါရဲ့။
    ရွေး ထား ပြီး ထာ း ရှယ်တွေ ထဲ က ဗုဒ် ရ မှာ ဆိုတော့ ဟိုလည်း ဗုဒ်ချင် ဒီ လည်း ဗုဒ် ချင် နဲ့ တော် တော် ဦး စား ရ ဦး မှာ ပဲ။ မောင် အံ ဇာ ပြော သလို ဗုဒ် လည်း ဗုဒ် ၊ ပွား လည်း ပွား ခွင့် ရ ရင်တော့ ပို ကောင်း ပါတယ်။
    တတ် သမျှ ပိုစ့် တွေ အကုန် ဖတ် ဖြစ် ပေမယ့် ဖက်ရွေး ဖက် ကူထဲ အလှည့် ကျ လေးတောင် မကူ ပေး နိုင်တဲ့ အတွက် အားနာမိ ပါတယ်။

    • ဦးဦးပါလေရာ

      November 26, 2012 at 1:52 pm

      ပွားချင်တဲ့သူက ပွား …
      မပွားပဲ ဗုတ်ရုံပဲဆိုလဲ ခေါင်းစဉ်ပဲ ဗုတ်သွား …
      ဆိုတာမျိုးဆို ကောင်းတယ်ထင်ပါတယ်ဗျာ..။

  • ဦးကြောင်ကြီး

    November 25, 2012 at 11:40 am

    မဟုတ်တရုတ် ကြေးမုံဂျီးဆိုသူကို သေချာစောင့်ကြည့်ဖို့ တိုက်တွန်းပါတယ်။ သူရို့အမျိုး သန်းတထောင့်ငါးရာစလုံး မင်န်ဘာဝင်လိုက်ကြမယ်ဆိုရင် ဆာဗာဂျီးသာမက အင်တာနက်ကြီးတခုလုံး ဒေါင်းသွားမှာစိုးလို့ပါ။

    • ဦးဦးပါလေရာ

      November 26, 2012 at 1:48 pm

      ဦးကြောင်ရဲ့ သတိပေးနှိုးဆော်ချက်ကို မှတ်တမ်းတင်ပါတယ်
      :hee:

  • အလင်းဆက်

    November 25, 2012 at 7:24 pm

    ဟုတ်..။

    ဒီ အစီအစဉ်ကတော့..
    (အခု…တွေးမိသလောက်..တော့).ကောင်းပါတယ် ။ လိုအပ်ချက်..သိပ်မရှိပါဘူး ..လို့ထင်ပါတယ် ။
    လက်တွေ ့လုပ်ကြည့်ကြပြီး..ဒီ အစီအစဉ်အတိုင်း.. ဖြစ် လာ..ရင်တော့..ပိုကောင်းတာပေါ့ ။

    လက်တွေ ့ လုပ်ကြည့်ရာမှာလည်း… သက်သာပြီး.တရားမျှတနေတဲ ့အတွက်…
    ကောင်းမွန်နေတဲ ့အစီအစဉ်…ဖြစ်လာမယ်.ထင်ပါတယ် ။

    တစ်ခုပဲ..
    —————————————–

    ပဏာမရွေးစဉ်တုန်းကရတဲ့ မဲအရေအတွက်သည် အပြီးသတ် ဆန္ဒပေးသောအခါထည့်သွင်းခြင်းမခံရပါ။ ဥပမာ ပိုစ့်တပုဒ်ကို တာဝန်ကျပင်တိုင်ဖတ်ရွေးအဖွဲ့ဝင်(၄)ဦး+ အလှည့်ကျ ဖတ်ရွေးအဖွဲ့ဝင် (၂)ဦး+ တာဝန်မကျသော်လည်းအခြားအုပ်စုမှ ပင်တိုင်ဖတ်ရွေးအဖွဲ့ဝင်(၃)ဦး က အကြိုက်ညီခဲ့ကြသည် ဆိုပါစို့…
    အဆိုပါပိုစ့်သည် ပဏာမရွေးစဉ်မှာ စုစုပေါင်း (၉) မဲ ရခဲ့ပြိးဖြစ်သည်။
    သို့ရာတွင် အပြီးသတ်ဆန္ဒပေးသောအခါ ပဏာမရွေးချယ်ထားသည့် ပိုစ့်တပုဒ်အဖြစ်သာလျှင် အခြားရွေးထားသောပိုစ့်များနှင့် အခြေခံ(၀) မှတ်ချင်း တူနေမည်ဖြစ်သည်။
    —————————————–

    အဲဒါ.လေး.ကို..နည်းနည်း..စဉ်းစား….နေမိပါတယ် ။

    • ဦးဦးပါလေရာ

      November 26, 2012 at 1:46 pm

      ကိုအလင်းဆက်ရေ-
      အခုအစီအစဉ်အတိုင်းဆိုရင် ဖတ်ရွေးအဖွဲ့က ဆုရစာမူကို ရွေးတာမဟုတ်တော့ပဲ ဆုရစာမူရွေးရမယ့် လက်ရွေးစဉ်စာမူများကိုသာ ထုတ်နှုတ်ပေးတဲ့သဘောဖြစ်သွားပါပြီ။
      ဆုရစာမူကို မန်ဘာများကသာ ဒီမိုကျကျ ရွေးကြရမှာဖြစ်ပါတယ်။
      ဖတ်ရွေးအဖွဲ့ဝင်တွေကတော့ ဆုရစာမူရွေးရာမှာ အခြားမန်ဘာများနည်းတူ အခွင့်တူ တစ်မဲပေးဘို့သာ အခွင့်အရေးရှိပါတော့တယ်။

      ဒါထက် … စကားမစပ်-
      ကိုအလင်းဆက်ကို ဖတ်ရွေးအဖွဲ့မှာ အလှည့်ကျအဖွဲ့ဝင်အဖြစ် နိုဝင်ဘာအတွက် ဖိတ်ခေါ်ထားတာ အကြောင်းရှိပါတယ်နော…
      အချိန်အခါသင့်တဲ့အခါမှာ ဆွေးနွေးပါမယ်
      အမြည်းလောက်ပြောထားရရင်
      ကျုပ်တို့မန်းဂဇက်ရဲ့စာမျက်နှာတွေမှာ
      ကဗျာ စာမူတွေဟာ အင်အားတရပ်အဖြစ် ပါဝင်နေပါတယ်။
      တနေ့မှာတော့ ကဗျာစာမူတွေအတွက်လဲ တစ်စုံတစ်ရာ စဉ်းစားရပါလိမ့်မယ်…
      ဒီအစီအစဉ်မျိုးလုပ်ခဲ့ရင် အဲဒါကို ကဗျာဆရာကသာ လုပ်နိုင်မှာဖြစ်ပါတယ်….
      တနေ့ ….. ပေါ့ နော…

  • မောင်ပေ

    November 25, 2012 at 7:38 pm

    ဦးဦးပါလေရာ စဉ်းစားတာ သင့်မြတ်လှကြောင်းပါ

    • ဦးဦးပါလေရာ

      November 26, 2012 at 1:36 pm

      ကျေးဇူးပါကိုပေရေ-
      ကိုပေလဲ လိုအပ်ချက်လေးတွေကို ဖြည့်စွက်အကြံပေးဘို့ ဖိတ်ခေါ်ပါတယ်။

  • kyeemite

    November 26, 2012 at 1:19 pm

    ကိုပါရေ…တစ်ခုတော့စဉ်းစားမိပါတယ်…
    အတွေ့အကြုံအရပါ
    ဥပမာ ပထမအုပ်စုက လစဉ် (၁)ရက် က (၁၀) ရက်အထိဆိုပါတော့…
    အဲဒီရက်အတွင်း စိတ်ကြိုက်ပို့စ်၊ သင့်တော်တဲ့ပို့စ် မတွေ့ရင်ကော…????
    လေးစားလျှက်…

    • ဦးဦးပါလေရာ

      November 26, 2012 at 1:34 pm

      မှန်ပါ့ ကိုမိုက်ရယ်..
      လူတကိုယ်အကြိုက်တစ်မျိုးမို့ တစ်လလုံးတောင် မနည်းရွေးရတာ
      ဆယ်ရက်ထဲအတွင်း လေးပုဒ်ရွေးလို့ရဘို့ ဖြစ်ရင်လဲဖြစ်မယ်၊ ဖြစ်ချင်မှလဲဖြစ်မယ်
      ဒီအချက်ဟာ အခုချပြတဲ့ အစီအစဉ်ရဲ့အားနည်းချက် ဖြစ်ပါတယ်….

      အဲဒီအတွက်အဖြေကို ဝိုင်းစဉ်းစားပေးကြပါ…

      • ခင်ခ

        November 26, 2012 at 2:34 pm

        အကယ်လို့ ဆယ်ရက်အတွင်း အကြိုက်ပိုစ့် လေးပုဒ်ရွေးရလောက်အောင် မတွေ့ဘူး အလှည့်ကျအုပ်စုမှာ ဖြစ်လာခဲ့ရင် မရွေးဘဲထားတာပို သင့်လျော်ပါလိမ့်မယ်။ အဆိုးထဲက ကောင်းတာလေး ရီဖျူးပြန်လုပ်ပြီးရွေးပြန်ရင်လည်း ရသ သုတ မူလျော့ရဲ ပျက်သလိုဖြစ်တာရယ် မပြည့်လိုအားနာပြီးရွေးမိတာ တို့တွေဖြစ်နိုင်ဖွယ်ပါ။ ဒါကြောင့် အလှည့်ကျအဖွဲ့အမြင်က စိတ်ကြိုက်ပိုစ့်မတွေ့ရင် မတွေ့ပါ ဟုသာ မှတ်ချက်ပြု လစ်လပ် ထားစေသင့်တယ်ဟု အကြံပြုရုံလေးပါဗျ။

  • kyeemite

    November 26, 2012 at 3:52 pm

    ကောင်းသောအကြံလေးဝင်ပေးလို့ အဖွဲ့ကိုယ်စား
    ကျေးဇူးတင်ပါဂျောင်းကိုခင်ခရေ…

  • အလင်းဆက်

    November 26, 2012 at 7:13 pm

    ဟုတ်..။
    အစီအစဉ်ကတော့..တော်တော်လေ.း အသက်ဝင်ပါတယ် ။
    ရွာသူရွာသားတွေ အားလုံးလည်း..မဲပေးတဲ ့နေ ့..(ငါးရက်တာပေါ့နော် )တွေမှာ..
    စည်စည်ကားကား..မဲတွေပေးကြ…မယ်…ဆိုရင်..ဒီအစီအစဉ်က.. တော်တော်ကြီးကို မြိုင်ဆိုင်နေတော့မှာပါပဲနော် ။
    ဖတ်ရေးတွေအတွက်လည်း.တစ်ဦးကို . တစ်လမှာ.10 ရက် ( လေးပုဒ် ) လောက်ပဲ..ဖတ်ရမှာဆိုတော့
    အခု ထက်တော့ သက်သာ သွားမှာပေါ့နော် ။
    အစီအစဉ်က… သက်တောင့်သက်သာ လည်းရှိ မျှတ မှုလည်း ရှိနေပါပြီ ။

    ဒီ ့ထက် ကောင်းတဲ ့အကြံကောင်းများနဲ ့.. အရောင်တင်ဖို ့ /
    အကောင်အထည်ဖော်ဖို ့ သာ..လိုပါတော့တယ်ဗျို ့ ။

    =====================

    ဒါနဲ ့သားးကို..ကဗျာ..စာမူတွေနဲ ့ ပက်သက်ရာမှာ.. တစ်ခုခု တွေးထားတယ်ပေါ့နော် .။

    ဟုတ်. ။

    သားလည်း..ရွာ ့ကဗျာ အရေးကို.စိတ်ဝင်စားပါတယ် ။
    ရွာထဲမှာ.. တော်တဲ ့… တတ်သိ နားလည် မှု အများကြီးရှိတဲ ့…
    ကဗျာသမားတွေ..တော်တော်များများ…ရှိနေတာ သတိထားမိပါတယ် ။
    ဦးကြောင်ကြီးလည်း.. ကဗျာ သမားထဲမှာ.ပါ့တယ် ။ သူ ့ကွန်မန့်ကဗျာတွေက. သက်သေ…
    အတည်အခန့်မရေးသေးလို ့ ။ ရေးရင်… တကယ့်ကို လက်ဖျားခါ ရ မှာ. ။ ဒါ အတည်ပြောတာပါ ။

    နောက် မော်ဒန်ကဗျာတွေ ခေတ်ပေါ်ကဗျာတွေ အရေးကောင်းတဲ ့ ဆရာတွေလည်းတွေ ့မိတယ် ။

    နောက်… ခံစားချက်ကို စာသားတွေ..နဲ ့ သိကုံးပြရာမှာ.. အလွန် တော်သော..
    စကားလုံးကို.. အံ့မခမ်း..သုံးစွဲ ပြနိုင်သော..စာပေသမားတွေလည်းတွေ့ ထားတယ် ။

    နောက်…. …

    ================

    အင်း..လောလောဆယ်တော့ ကဗျာကိစ္စ ကို…ခဏ ဘေးဖယ်ထားရတယ် ဗျ ။
    သားလည်း အလုပ်နဲ ့ ကိုယ်ရေးကိုယ်တာတွေ..ကြားမှာ.မအားရတာနဲ ့ကဗျာအတွေး.ကဗျာအရေးတောင် အတော် နည်းနေပါတယ် ။
    အခု.. ကဗျာ..နဲ ့တွဲပြီး.. အလင်းဆက် ကို မြင် လိုက်တာလေး..သိရတော့
    ဝမ်းလည်း သာ မိတယ် ။
    အင်း…ကဗျာဘက်..လည်း…. လှည့်ဦးမှ… လို ့တွေးမိပါတယ် ။

    ဒါက ကဗျာ….ဘက်..။

    =================

    အခု သား စဉ်းစားနေမိတာက…

    ရွာ ့ စာမျက်နှာတွေ..ထက်မှာ…
    အတွေ ့ နည်းနေတဲ ့ ( အခု သားရွာသားဖြစ်ချိန် က စလို ့တွေ ့ကို မတွေံ ့ရသလောက် ဖြစ်နေတဲ ့ )
    စာမျက်နှာလေးတစ်ခု.. ကိစ္စ လေး တစ်ခု တွေးနေမိတာပါ ။

    စဉ်းစား ဆဲ… ပဲ ရှိပါသေးတယ် ။ အကောင်အထည်ဖော်နိုင်ဖို ့.. ကြိုးစားကြည့်ပါဦးမယ် ။.

    အဲဒါကတော့… ကာတွန်း… ကဏ္ဍ ပါ ။

    ===================

    ရွာထဲမှာ..ကာတွန်း သရုပ်ဖော် ကဏ္ဍ ကို.. မတွေ ့ရသလောက် ဖြစ်နေတော့…

    ရွာ့ လူကြီးတွေကိ်ု.. ဒီ နေရာကနေပဲ.မေးကြည့်ချင်ပါတယ် ။
    ရွာထဲမှာ..ကာတွန်းသရုပ်ဖော်…စာမျက်နှာ.. တင်ပြခွင့်ရှိ /မရှိ…။

    သား..တကယ် မသိလို ့မေးတာပါ ။ ရှိ ခဲ့ဖူးသလား..
    ရှိနေလား..
    သား..မတွေ ့မိလို့ပါ ။

    =====================

    သားက… အခု ကာတွန်း သရုပ်ဖော်ကို ရေးချင်ပါတယ် ။
    ကာတွန်းကို.. သားမဆွဲတတ်ပါဘူး ။
    ကာတွန်း ရုပ်ပုံလေးတွေ.ဆွဲတတ်တဲ ့ သားသူငယ်ချင်း ဒီဇိုင်နာ တစ်ယောက် ကို..
    သားက သားတွေးမိတဲ ့အတွေးကို..ပြောပြမယ်။ သူက..သူ ့ လက်ရာ ကာတွန်း ရုပ်ပုံလေးတွေ.နဲ ့သရုပ်ဖော်မယ် ..။

    အဲဒီလို.. ပူးပေါင်း ဖန်တီး ကြည့်ချင်လို ့….

    အဲဒီ ကိစ္စလေး..အကောင်အထည်ဖော်ချင်နေလို ့…

    အဟိ ။

    ဒါက…..

    တွေးမိတာလေး.ကို.. တိုင်ပင်ကြည့်တဲ ့သဘောပါ ။

    သများတွေ.. ရွာ ့ စာပေချစ်သူ ဆု.. ကိစ္စ အလုပ်ရှုပ်နေချိန်မှာ..
    သားသားက….တစ်စခန်းထ ပြီး..ဝင်ရှုပ်နေတယ်.လို ့…
    မထင်ကြပါနဲ ့နော် ။

    သားကို.. အဟိ အဟိ… ခွင့်လွှတ်ပါ..။

    ခည ။

    🙂

    =================
    လေးစားစွာ….

    အလင်းဆက်

    • MaMa

      November 26, 2012 at 8:12 pm

      ကာတွန်းကဏ္ဍလေးကို ပြောချင်ပါတယ်။
      ကာတွန်းဆိုတာ ဆိုလိုတာကို တိုတိုတုတ်တုတ် ထိထိမိမိပေးနိုင်လို့ သဘောကျတယ်။
      အရင်တခါလည်း ကာတွန်းကဏ္ဍဖြစ်မြောက်အောင် ကြိုးစားကြသေးတယ်။
      ဒါပေမယ့် စာရေးဖို့ဆိုတာကမှ လွယ်သေးတယ်။
      ကာတွန်းဆွဲတတ်ဖို့ တင်တတ်ဖို့ဆိုတာ လိုအပ်ချက်တွေ များတော့ တင်နိုင်တဲ့သူနည်းပါတယ်။
      တတ်တဲ့သူ တင်နိုင်တဲ့သူတင်မယ်ဆိုရင် (သဂျီးသဘောတော့ မသိဘူး) ကိုယ့်သဘောနဲ့ ကိုယ်ဆိုရင်တော့ အားပေးပါတယ်။ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။
      :hee:

      • kai

        November 27, 2012 at 5:16 am

        ကာတွန်းဆို.. စိတ်ကြိုက်ကို.. သတင်းစာထဲသုံးဖို့.. ဝယ်တောင်ဝယ်ပေးနိုင်ပါသေးတယ်..။
        လှိုက်လှဲစွာ.. အားပေးပါကြောင်း.. :kwi:

        • MaMa

          November 27, 2012 at 8:48 am

          သဂျီးရေ-
          ကြုံတုန်းပြောရအုံးမယ်။
          ဒီဇင်ဘာမှာ RIT international reunion လုပ်တဲ့အခါ……
          ကြို့ကုန်းကျောင်းဝင်းထဲမှာလုပ်မယ့်အပြင် ကျောင်းကပွဲအမှတ်တရတွေကိုလည်း ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ ကပြဖို့ တီစကွဲယားယိမ်း တိုက်နေလို့ ကြားပါတယ်။

          ကာတွန်းဘောက်စ်အမှတ်တရ အနေနဲ့ အရင်ကာတွန်းဘောက်စ်မှာ တင်ဖူးတဲ့ ကာတွန်းတွေကို စုစည်းပြီး စာအုပ်ထုတ်ရောင်းမယ်လို့ ပြောပါတယ်။

          သဂျီးလက်ရာလေးတောင် ပါလာအုံးမလားလို့ ကြည့်ချင်နေတယ်။
          :hee:

  • surmi

    November 26, 2012 at 7:41 pm

    တစ်ခုပဲ
    ဇကာတင်ရွေးပေးပြီးကာမှ ရွာသူားတွေက အားနာပြီးဖြစ်ဖြစ်
    မဗုတ်ကြရင် ဘယ်လိုအဖြေထုတ်ပေးမလဲဆိုတာလေး…….
    လိုအပ်သလောက် မဲ အရေအတွက်မရရင်ပေါ ့လေ…….
    ဒီအခါမှာ ဖတ်ရွေများကပဲ အဆုံးသတ်ရမယ်ထင်တယ်…..

  • (ဒီအခါမှာ ဖတ်ရွေများကပဲ အဆုံးသတ်ရမယ်ထင်တယ်…..)
    ကိုဆာမိ မုန့်လုံးကိုတော့ စက္ကူကပ်ဖြစ်ကုန်မှာပေါ့။

  • Mr. MarGa

    November 27, 2012 at 4:06 pm

    သင့်တော်တယ်လို့ ထင်မိပါတယ်

  • Mobile

    December 13, 2012 at 12:51 am

    အပြည့်အဝထောက်ခံမဲပေးပါတယ်။

Leave a Reply