စဉ်းစားကြစေလိုပါတယ် ( ၄၂ ) ( လက်ပံတောင်း )

Foreign ResidentNovember 25, 20122min18319

စဉ်းစားကြစေလိုပါတယ် ( ၄၂ )

( လက်ပံတောင်း )

 

အခု ဝန်ကြီး ဦးအောင်မင်း ၊

လက်ပံတောင်း တောင် မှာ ၊

ပြောခဲ့တဲ့ စကားတွေက ၊

တော်တော် Hot နေတယ် ။

ဒို့တွေပါ ရောဖွကြည့်ရအောင် ။

ဟီ ဟိ ။

 

သူပြောခဲ့တာတွေ က ၊

<https://www.facebook.com/photo.php?v=10151255031063704>

———————–

” တရုတ် ကိုလည်း တပည့်တော်တို့က ကြောက်ရတယ် ဘုရာ့ ။

တရုတ် အစိုးရရဲ့ ကျေးဇူးရှိတယ် ။ အဓိက ၂ ချက်ပေါ့ ။

 

၁ ။ ၁၉၈၈ တုန်းက စားစရာကို မူဆယ်က သွင်းပေးလို့ ကျေးဇူးရှိတယ် ။

၂ ။ တိန်ရှောက်ဖိန် အစိုးရ က ဗကပ ကို အထောက်အပံ့ဖြတ်ပေးတဲ့ ကျေးဇူးရှိတယ် ။

 

တရုတ်ကြီး နှင့်လည်း ရန်မဖြစ်ရဲဘူး ။

ရန်ဖြစ်ခဲ့လို့ တရုတ်က စိတ်ဆိုးသွားရင် နယ်စပ်က ပုန်ကန်သူတွေကို

ပြန်ထောက်ပံ့ခဲ့လို့ရှိရင် ၊ စီးပွားရေးကိုမလုပ်နိုင်ပဲ ၊ စစ်ပဲတိုက်နေရမယ် ။

 

အခုတောင် မြစ်ဆုံဆည် ကိစ္စ ၊ တရုတ်ကြီး တော်တော် စိတ်ဆိုးနေတယ် ။

အဲဒီ ဆည်ကိစ္စ တရုတ်ကြီး လျှော်ကြေးတောင်းရင် 3 Billion $ လောက် လျှော်ရဖို့ ရှိတယ် ။

 

တပည့်တော်တို့ နိုင်ငံက စံနစ် မှားခဲ့တဲ့အတွက် ၊

တရုတ်ကြီး တစ်နိုင်ငံ ထဲနှင့် ပေါင်းသင်းခဲ့ရတယ် ။

တပည့်တော်တို့မှာလည်း ချပြောလို့မရတဲ့ ကိစ္စတွေ အများကြီးပါ ။ တဲ့ ။

———————–

 

ဝန်ကြီး ဦးအောင်မင်း မဆီမဆိုင် သူ့အကြောင်းပြောသွားတာလေး တစ်ချို့ကလွဲရင် ၊

ဦးအောင်မင်း ပြောသွားတာတွေက အမှန်တွေချည်းပါဘဲ ။

( နိုင်ငံရေး အရ အကျိုး ရှိ ၊ မရှိတော့ ၊ မသေချာလှ )

 

ပထမ အချက်ကတော့ ။

သူ ချပြောလို့ မရတာတွေ တော်တော်ရှိနေတာတောင် ၊

အမှန်တွေကို သူ တော်တော် ပြောသွားခဲ့ / ပြောသွား ရဲ တာပဲ ။

 

အထူးသဖြင့် ၊ ” တပည့်တော်တို့ နိုင်ငံက စံနစ် မှားခဲ့တဲ့အတွက် ” ဆိုပြီး ထုတ်ပြောခဲ့တဲ့ ၊

ဝန်ကြီး ဦးအောင်မင်း ကို ချီးကျူးပါတယ် ။

ဝန်ကြီး ဦးအောင်မင်း တစ်နည်းပြောရရင် စစ်တပ် / အစိုးရ ရဲ့ ပွင့်လင်း မြင်သာလာမှု နှင့် ၊

အမှန်တရားကို လက်ခံ ပြီး ၊ လူထုရှေ့မှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောရဲတဲ့ အပြုအမူကို ၊

( အရင်က မှားခဲ့သည် ဆိုစေအုံး ) ချီးကျူး ကြိုဆိုမိပါတယ် ။

 

ကြုံတုန်း ပြောရအုံးမယ် ၊

အဘကတော့ ၊ ယခု အချိန်အထိ ဦးသိန်းစိန် ကို ထောက်ခံတယ် ။

တိုင်းပြည်ရဲ့ အခြေအနေ ၊ တိုင်းသူပြည်သားတွေရဲ့ ရင့်ကျက်ပညာတတ်မှု အခြေအနေအရ ၊

ဦးသိန်းစိန် အစိုးရ အနေနှင့် ဒီမိုကရေစီ ခြေလှမ်းကို ဒီလောက်ပဲ လှမ်းနိုင်မှာပဲ ။

 

ဘာလို့ ဘလိုင်းကြီး အစိုးရကို လာဖားနေရလဲဆိုတော့ ၊

On Line ပေါ်မှာက စစ်တပ် ဆိုရင် ဆဲမယ် ဆိုတာချည်းပဲ ။

တစ်ယောက်က စဆဲ ရင်လည်း ယောင်တောင်ပေါင်တောင်နှင့် လိုက်ဆဲနေတာ မဆုံးတော့ဘူး ။

ကျိုးကြောင်း ဆီလျှော်စွာ အမုန်းခံပြီး သုံးသပ်ပေးတဲ့ Comment တစ်ခု မတက်လာ မခြင်းပဲ ။

အဲလို အမုန်းခံပြီး သုံးသပ်ပေးတဲ့ Comment တက်လာရင်တော့လဲ တစ်ပြုံလုံး ရပ်သွားပြန်ရော ။

 

အဲဒီတော့ကာ ၊ စစ်တပ် ရဲ့ အပြုအမူ မှန်တဲ့အခါများမှာ ၊ တမင်ကို မှန်ကြောင်း ၊

အမုန်းခံပြီး ချီးကျူးပေးမယ့်လူ လိုနေတယ်ထင်လို့ကို ၊ အမုန်းခံပြီး ချီးကျူးပေး လိုက်တာ ။

 

အရင် စစ်အစိုးရ လက်ထက် တုန်းကတော့ အဆိုးဆုံး Comment တွေကို အဘ ပေးခဲ့တာပါ ။

ဒါပေမယ့် ၊ လမ်းကြောင်း မှန်လာတဲ့အချိန်မှာတော့ ၊ အသိအမှတ်ပြုသွားရမှာပါပဲ ။

အဲဒါကသာ ၊ တိုင်းပြည်အတွက် အပြုသဘောဆောင်တယ် ထင်တာပဲ ။

 

ဒုတိယ အချက် ။

တရုတ်ကြီး ကျေးဇူး ရှိတယ် ဆိုတဲ့ ကိစ္စ ကတော့ ၊

ကျေးဇူး ရှိတာ တပ်မတော် အပေါ်မှာလား ၊ ပြည်သူ အပေါ်မှာလား ဒွိဟ ဖြစ်စရာပါ ။

အကြမ်းဖျင်းပြောရရင်တော့ ၊ သိပ် လက်မခံချင်ပါဘူး ။

 

တတိယ အချက် ။

တရုတ်ကြီး နှင့်လည်း ရန်မဖြစ်ရဲဘူး ။

အင်း ၊ အဲဒီ စကား ကမှ ချဲ့ စဉ်းစားစရာလို့ ထင်ပါတယ် ။

 

Face Book ပေါ်မှာ လေ နှင့် မျိုးချစ်ပြတာကတော့ လွယ်တာပေါ့နော် ။

တကယ့်တကယ်ကျတော့ ၊ ခြေ လက် ပြတ်ပြီး အသေခံရတော့ ၊ စစ်သားတွေကိုး ။

 

တရုတ်ကြီးက သူကိုယ်တိုင် တိုက်စရာတောင်မလိုပါဘူး ၊

သူ့နိုင်ငံထဲက Expire ဖြစ်ခါနီး လွင့်ပြစ်ရတော့မယ့် လက်နက်တွေကို ၊

ရှမ်း ၊ ဝ ၊ ကချင်တွေကို ( 1 Billion $ ဖိုးလောက် ) ပေးလိုက်ယုံနှင့်တင် ၊

မြန်မာပြည် အပေါ်ပိုင်း တိုင်းပြည်ပျက်သလိုကို ဖြစ်သွားမှာ ။

 

အဓိက က လူသောင်း သိန်းချီပြီး အသေခံနိုင်တယ်ထားအုံး ၊

စစ်ဖြစ်နေပြီ ဆိုကတည်းက မြန်မာပြည် တစ်ပြည်လုံးလဲ ၊

နောက် နှစ် ၅ဝ / ၁၀ဝ လောက် ဆင်းရဲခြင်း သံသရာထဲ ထပ်ဝင်ရဦးမှာ ။

 

ကြုံလို့ ၊ ပြည်သူတွေ အထင်မှားနေတာလေး တစ်ခုကို ရှင်းပြရရင် ၊

စစ်တပ်ထဲမှာလဲ တရုတ်ကြီး ကိုကြိုက်တဲ့သူ တော်တော်ကို နဲပါတယ် ။

ဒါပေမယ့် ၊ Real Politic ပေါ့လေ ။ မကြိုက်ပေမယ့် အောင့်ကာနမ်းနေရတာပါ ။

 

ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် ဝေလွင် လွှတ်တော်မှာ ပြောခဲ့သလိုပေါ့ ။

ထာဝရ ရန်သူ ၊ ထာဝရ မိတ်ဆွေ ဆိုတာ မရှိဘူး ၊ ထာဝရ ( နိုင်ငံ့ ) အကျိုးစီးပွားပဲ ရှိတယ် ။

( စစ်တပ် က ) အမေရိကန် ဘက်လဲမလိုက်ဘူး ၊ တရုတ် ဘက်လဲမလိုက်ဘူး ၊ တဲ့ ။

 

အင်း ၊ ကိုယ်တွေကမှ ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး မတည်ဆောက်နိုင်သေးပဲကိုး ၊

ကိုယ့် တိုင်းပြည်ထဲက နိုင်ငံသားတွေကိုမှ တစ်စိတ် တစ်ဝမ်းထဲ ရှိအောင် မစည်းရုံးနိုင်ပဲကိုး ။

ခံ ကြပေါ့ ။

 

နည်းတစ်ခုပဲ ကျန်တယ် ၊

ပြီးခဲ့တဲ့ စီမံကိန်းတွေကတော့ မတတ်နိုင်တော့ဘူး ။ ထားလိုက်တော့ ။

တရုတ်ကြီး ကို တောင်းပန်သင့်ရင်လည်း တောင်းပန် ၊ လျှော်သင့်ရင်လည်း လျှော်ပေါ့ ။

 

ရှေ့လျှောက်ကို ၊ အမေစု နှင့် စစ်တပ် သင်ပုန်းချေ လက်တွဲပြီး ၊

တိုင်းရင်းသား ၊ မြန်မာနိုင်ငံသား အားလုံး စည်းလုံး ညီညွတ်ရေး တည်ဆောက် ။

အမေစု Power ၊ အမေရိကန် Power နှင့်

တရုတ်ကြီးကို Counter Balance ပြန်ဟန့်ရမှာပဲ ။

ဟန့်ရုံပဲ ဟန့်ရမှာနော် ၊ သွားရန်စလို့မရဘူး ။

 

စဉ်းစားကြည့်မိတာလေးပါ ။

 

တော်သေးဘီ ။

 

အဘ ဖေါ  ( FR ) ။

 

19 comments

  • ဦးကြောင်ကြီး

    November 25, 2012 at 12:28 pm

    ဘဖောစာမဖတ်ခင် အခုပဲ ပို့စ်တင်လိုက်မိတယ်။ တရုတ်ကြီးကိုများဗျာ ကြောက်စရာမှတ်လို့… တရုတ်ဘုရင်ဥတည်ဘွားနဖူး ထုံးသုတ်တဲ့ ပုဂံသူရဲကောင်းလိုမျိုး (နာမည်မေ့နေတယ်) ရှာပြီး ကြေးမုံဂျီးအဘ တရုတ်ကူမြူနစ် ပေါလစ်ဗြူရိုတဖွဲ့လုံး လဗြွတ်တွေကို ကတ္တရာစေးလောင်းပြနိုင်ရင် ဒင်းတို့ မြန်မာ့သတ္တိသိသွားရစေမှာပေါ့…။ သူရဲကောင်းကို ကြံ့ဖွတ်ထဲ့ဖြစ်ဖြစ် စွမ်းအားရှင်ထဲကဖြစ်ဖြစ်ရွေး၊ ယာဘစိတ်ကြွဆေးတိုက်ပြီး ယူနန်ကနေ ပီကင်းမြို့တော်ဆီ လွှတ်လိုက်ယုံပဲ…။ လွယ်မှလွယ်လွယ်လေး…
    အလဂါးနောက်တာပါဗျာ၊ ဟိုမှာ ကြေးမုံဂျီးအဟုတ်မှတ်လို့ တရုတ်ကူမြူနစ်ပါတီဗဟိုဆီ အီးမေးလ်ပို့နေပြီ။ အတည်ပြောမယ်.. တရုတ်ကြီး အမေရိကန်ရဲ့ ဝိုင်းပတ်ပိတ်ဆို့ရေး ပိုက်ကွန်ဗျူဟာထဲ မိနေပြီ။ တရုတ်စီးပွားရေး ဘယ်လောက်ကောင်းတယ် ပြောပြော သူ့မှာ ဟုတ်ဟုတ်ငြားငြား အားကိုးရတဲ့ မဟာမိတ် မရှိဘူး၊ အီရန်လို အပျက်သဘော နှောက်မဲ့နိုင်ငံမျိုးပဲရှိတယ်။ အာဆီယံဆိုတာကလည်း ဆိုးရင်ရှောင် ရရင်တီးမည့် မိတ်ဆွေမျိုး။ တရုတ်ကိုယ်ပိုင်လက်နက် နည်းပညာ နိမ့်သေးတယ်။ ပိုဆိုးတာ အမေရိကန်က တနိုင်ငံထဲမဟုတ်ဘူး အနောက်တကမာ္ဘလုံး၊ အာရှပစိဖိတ်မှာဆိုလည်း ဂျပန် ကိုရီးယား ထိုင်ဝမ်လိုနိုင်ငံတွေအား ယူချမှာ..။ အာရပ်ကမာ္ဘကို မိတ်ဖွဲပြီး အီရတ်ကို ဆော်ခဲ့သလိုမျိုးပေါ့။ ကိုလိုနီခေတ် ဘိန်းစစ်ပွဲမှာလို တရုတ်အနေနဲ့ ပြန်မလုပ်နိုင် ခေါင်းငုံ့ခံရမယ်လို့ မဆိုလိုဘူး၊ တန်ပြန် အဖျက်စွမ်းအား ကြီးကြီးမားမား လုပ်နိုင်မယ် သို့သော် သူလည်း စိစိညက်ညက် အချေခံရမယ်။ ဒါကို တရုတ်အစိုးရ ကောင်းကောင်းသိပါတယ်။ သိလို့လည်း သူ့ရေပိုင်နက်ထဲက စပရက်လီကျွန်း ကိစ္စ အာစီယံနိုင်ငံလေးတွေနဲ့ စကားစစ်ထိုးနေရတယ်။ သူနဲ့ပြောင်းပြန် ၁၉၈၃လောက်မှာ ဗြိတိန်က မိုင်ထောင်ချီဝေးတဲ့ ဖော့ကလန်ကျွန်းကို သူပိုင်ငါပိုင် အငြင်းပွားနေတဲ့ အာဂျင်တီးနားဆီကနေ တိုက်ခိုက်ခိုက်သိမ်းယူခဲ့တယ်။
    ပထဝီနိုင်ငံရေးကိုပဲကြည့်ပါ၊ တရုတ်ကြီးဘေးပတ်လည်မှာ မြောက်ကိုရီးယားကလွဲရင် ဘယ်နိုင်ငံ သူ့မိတ်ဆွေရှိသလဲလို့၊ ဝံပုလွေလို ဟန်ဆောင်မိတ်ဆွေနဲ့ သိုးငယ်လို ထွက်ပြေးမဲ့ မိတ်ဆွေလေးတွေပဲတွေ့ရမယ်။ တရုတ်ကြီးကို တနေ့ (ခန့်မှန်းရရင် ၂၀၃ဝလောက်မှာ) အမေရိကန်က အပြတ်တီးမှာပဲ။ တရုတ်ကြီး စနစ်ပြောင်းမလား၊ နယ်မြေပိုင်နက် အဆုံးအရှုံးခံမလားပဲ ကြည့်ရမှာ။
    မြန်မာအနေနဲ့ တရုတ်နဲ့အမေရိကန်အကြား စစ်ဖြစ်လာရင် ရှောင်လွှဲမရဘူး၊ တဖက်ဖက်ပါရမှာပဲ။ အသက်သာဆုံးအနေနဲ့ ဒုတိယကမာ္ဘစစ်မှာ ထိုင်းနိုင်ငံ သူနယ်နမိတ်ကို ဂျပန်စစ်တပ်ကို ဖွင့်ပေးသလိုပဲရမယ်။ ဒါတောင် တရုတ်ကြီးက မခံနိုင်လို့ မြန်မာနိုင်ငံတွင်းက ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဒုံကျည်နဲ့ဆော် လေယဉ်ပျံနဲ့ဗုံးကြဲရင် လောနိုင်ငံ ဗီယက်နမ်စစ်မှာ မြေစာပင်ဖြစ်သလို ခံရမှာပဲ။ မြန်မာစစ်ဗိုလ်တွေ ကြောက်နေတာ တရုတ်မရှိတော့ရင် မျောက်သစ်ကိုင်း လွတ်သလိုဖြစ်မှာစိုးတာ။ အမေရိကန်နဲ့ ပေါင်းမိသွားဖို့ ဆယ်နှစ်လောက်တော့ အချိန်ယူရမယ်ထင်တယ်။ ဒီကြားထဲမှာ တရုတ်တစ္ဆေ လိုတာထက်ပို ခြောက်ပြနေအုံးမှပဲ။ မဟုတ်မှလွဲရော :kwi: တရုတ်ကြီး သဘောထား မကြာခင် ပြောင်းလာဖို့ရှိတယ်။ မြန်မာပြည်အနေနဲ့ စစ်အစိုးရလက်ထက် ချုပ်ထားတဲ့ စာချုပ်တွေကို ပြန်စစ်ဆေးခွင့် ရယူပြီး ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ လမ်းဖွင့်ပေးထားရမယ်။ ဈေးကွက် ဝယ်လိုအားနဲ့ ရောင်းလိုအားလိုပဲ နိုင်ငံခြင်းဆက်ဆံရေးမှာလည်း လိုချင်သူက ကြိုက်ဈေးပေးရမယ်။ တခုရှိတာ တရုတ်ကြီးကို လိုမလို၊ လိုရင် ဘယ်လောက်လိုသလဲ မေးခွန်းဖြေတဲ့အခါ အာဏာရှင်ကြီးငယ်များ ရှိနေသ၍ တရုတ်ကျောထောက်နောက်ခံ ကြီးကြီးမားမား လိုနေမှာမို့ ဒီမိုကရေစီ အရပ်သားအုပ်ချုပ်ရေးစနစ် အပီအပြင် လှမ်းနိုင်ပါမှ သိက္ခာရှိ စစ်မှန်တဲ့ ကုန်သွယ်မိတ်ဖက် ဆက်ဆံရေး တရုတ်နဲ့ ထူထောင်နိုင်ပါလိမ့်မယ်။

    • surmi

      November 25, 2012 at 1:29 pm

      ဦးကြောင်ပြောတာနဲ ့ ကြောက်လာပြီ
      စစ်ဖြစ်ရင်ဘယ်နားသွားနေရမလဲ
      :harr:

    • aye.kk

      November 28, 2012 at 7:37 am

      ကြောင်ကြီးအဆိုကိုု
      ထောက်ခံလိုက်ပါတယ်။

  • Foreign Resident

    November 25, 2012 at 2:25 pm

    ပထမဆုံ နှင့် ရှည်လျားတဲ့ Comment ပေးခဲ့တဲ့ အတွက် ၊
    ကျေးဇူးတင်ပါတယ် ၊ ဦးကြောင် ။

    ၁ ။ ဟုတ်ပါတယ် ၊ တရုတ်မှာ မိတ်ဆွေစစ် မရှိပါဘူး ။
    ဒါပေမယ့် ၊ မိတ်ဆွေမပါပဲ တစ်နိုင်ငံတည်းကို အင်အား တော်တော် ကြီးနေပါပြီ ။
    စစ်ရေး တင်မက ၊ စီးပွားရေး အင်အားပါ ထည့်တွက်တာပါ ။
    အခုပဲ ထိုင်း နိုင်ငံ ရောက်နေတဲ့တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် က ၊
    ထိုင်းနိုင်ငံ ၏ ရေနက်ဆိပ်ကမ်းမှာ တရုတ် နိုင်ငံက ဒေါ်လာ ဘီလျှံ ၅ဝ မြုပ်နှံမယ် လို့ ၊
    ပြောချလိုက်ပြီ ။ ဒေါ်လာ ဘီလျှံ ၅ဝ နော် ၊ နဲတဲ့ ပိုက်ဆံ မဟုတ်ဘူး ။
    မြန်မာ တစ်နိုင်ငံလုံးရဲ့ တစ်နှစ်စာ GDP လောက်ရှိတယ် ။
    သူတို့ကတော့ အေးအေးဆေးဆေး ပြောသွားတာ ။

    ၂ ။ နည်းပညာကတော့ သိပ်မကြာခင်မှာပဲ တရုတ် တွေ ၊
    တော်တော် တိုးတက်လာလိမ့်မယ် ထင်ရတယ် ။ လက်ရှိလဲ သိပ်လျော့မတွက်ပါနှင့် ။
    အခုကိုပဲ အာကာသထဲကို လူပို့နိုင်တာ အမေရိကန် ၊ ရုရှား နှင့် တရုတ် ၃ နိုင်ငံပဲ ရှိတာလေ ။
    အဲလို နိုင်ငံကြီးရဲ့ နည်းပညာကို လျော့တွက်ရင် မှားသွားမှာပေါ့ ။

    ၃ ။ ” တရုတ်ကြီးကို တနေ့ ( ခန့်မှန်းရရင် ၂၀၃ဝလောက်မှာ ) အမေရိကန်က အပြတ်တီးမှာပဲ။ ”
    အဲဒါကတော့ လုံးဝ မဖြစ်လောက်ပါဘူး ။
    အဲလို နူကလီးယား နိုင်ငံကြီး နှစ်ခုလုံးက ဒဲ့ စစ်တိုက်လောက်အောင် မမိုက်ပါဘူး ။
    အလွန်ဆုံး ကြားခံ နိုင်ငံငယ် တစ်ခုခုမှာပဲ Proxy War တိုက်မှာပါ ။ ( ဥပမာ ။ ။ မြန်မာ / ကိုရီးယား )

    အဘတို့က အဲဒါကိုပဲ စိုးရိမ်တာပါ ။
    အဲဒီ အားပြိုင် စစ်ပွဲတွေ မြန်မာ ပြည်မှာသာ လာဖြစ်ရင် ၊ သေပြီ ။

    အခု အဘ ပြောခဲ့တဲ့
    ” ရှမ်း ၊ ဝ ၊ ကချင်တွေကို ( 1 Billion $ ဖိုးလောက် ) ပေးလိုက်ယုံနှင့်တင် ” ဆိုတဲ့ စကားကို ၊
    တပ်မတော် အရာရှိကြီးတွေ ကိုယ်နှိုက်က အဘကို ပြောခဲ့တာပါ ။
    သူတို့ စိတ်ဆိုးရင် တစ်ကယ်ဖြစ်လာမှာပါ ။ မယုံမရှိပါနှင့် ။ အဲဒါ Real Politic ပါ ။

    မမေ့ပါနှင့် ၊ ဝ တွေဟာ BGF လုံးဝ မလုပ်နိုင်ဘူးလို့ အပြတ် ငြင်းခဲ့တာပါ ။
    လက်ရှိ သူပုန်တွေထဲမှာလည်း စစ်တပ် အကြောက်ဆုံးက ဝ တပ်ဖွဲ့ ကိုပါ ။
    မှန်တာပြောရရင် Gunnery မှာ စစ်တပ်ထက်သာတယ်လို့ နာမည်ကြီးပါတယ် ။

    ပြီးခဲ့တဲ့ သူတို့စစ်ရေးပြပွဲမှာလည်း သံချပ်ကာ ကားတွေပါပါပြီး ၊
    ဝ လူမျိုးတွေကို မြေပြင်တင်မက ၊ ဝေဟင်က အန္တရာယ်တွေကိုပါ ကာကွယ်ပေးနိုင်ပြီ ဆိုပြီး ၊
    တက်ရောက်လာတဲ့ မြန်မာ ဗိုလ်ချုပ်တွေ ရှေ့မှာပါ ကြုံးဝါးခဲ့တာပါ ။
    မြန်မာ ဗိုလ်ချုပ်တွေ ခမျာ ၊ မချိပြုံးလေးတွေနှင့် ပြန်လာခဲ့ရတာပါ ။

    တပ်မတော်ကြီးခမျာ KIA လောက်ကိုတောင် မနဲတိုက်နေရတာ ၊
    ဝ တွေပါ အလုံးအရင်းနှင့် ဝင်ပါလာလို့ကတော့ ၊ ပျားတုတ်ပြီပဲ ။

    ထားပါ ၊ အဲဒီ တရုတ် အမေရိကန် အားပြိုင် စစ်ပွဲတွေ မြန်မာ ပြည်မှာ မဖြစ်ရအောင် ၊
    အဘ တို့ နိုင်ငံ ခေါင်းဆောင်တွေ လည်ဝယ်ဖို့ ၊ ရှောင်ရှားတတ်ဖို့ လိုပါတယ် ။
    ကိုယ့် တိုင်းပြည်ထဲက နိုင်ငံသားတွေကို တစ်စိတ် တစ်ဝမ်းထဲ ရှိအောင် စည်းရုံးနိုင်ရပါမယ် ။
    အဘတော့ အဲလို လုပ်နိုင်မယ့်သူဆိုလို့ အမေစု တစ်ယောက်ပဲတွေ့တယ် ။

    • ဦးကြောင်ကြီး

      November 25, 2012 at 3:54 pm

      ၁။ မြန်မာနဲ့ယှဉ်ရင်တော့ တရုတ်က ကျားပေါ့ဗျာ၊ အမေရိကန်ဗျူဟာနဲ့ဆိုရင်တော့ အဲဒီကျား တိရစာ္ဆန်ရုံထဲ ရောက်သွားပါလိမ့်မယ်။
      ၂။ အာကာသနည်းပညာနဲ့ လူတွေကို ထမင်းကျွေးလို့ မရဘူးလေ။ ကမာ္ဘမှာ ထိပ်တန်းအဆင့် ရောက်ဖို့ဆိုတာ ဘက်ပေါင်းစုံ တိုးတက်တာကို ပြောတာပါ။ ဒါမှ ရေရှည် ခိုင်မြဲမှာလေ..။ ရုရှားလည်း တိုးတက်တာပဲ သို့ပေမဲ့ အခြေခံ အဆောက်အအုံ မခိုင်မာတော့ ဘုံးဘုံးလဲကျခဲ့တာပဲ။
      ၃။ တရုတ်ကြီးကို ဘယ်လို အပြုတ်တီးမလဲဆိုတာ ဆိုဗီယက်ရုရှားကို အမေရိကန် ၁၉၈၉မှာ အလဲထိုးချခဲ့တာကို ပြန်ကြည့်ပါ။ အဲသလို ဆော်လိမ့်မယ်။ စစ်ဖြစ်ဖို့ဆိုတာ တရုတ်ကြီးဖက်မှာ မူတည်တယ်၊ သူဖြစ်ချင်ရင် ဖြစ်လိမ့်မယ်။ ဥပမာ သူ တတိတိ ပြုန်းလားတာ မခံနိုင်တော့လို့ ဂျပန်၊ ကိုရီးယားမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို လှမ်းပစ်မယ်ဆိုရင် စစ်ဖြစ်မယ်။ အဖြူကောင်တွေကတော့ အတတ်နိုင်ဆုံး အကောင်းပတိရအောင် ကြံမှာပဲ။ နောင်အနှစ်၂ဝဆိုတာ မူဆလင်ကမ္ဘကို ထိန်းချုပ်နိုင်မဲ့ ကာလ ဖြစ်နိုင်ခြေကို ခန့်မှန်းပြောတာပါ။ လွန်ရောကျွံရော ၂၀၅ဝခုနှစ်ပေါ့ဗျာ။။ မက္ကာမြို့မှာသာ တရုတ်ကူမြူနစ်ပါတီ ဌာနချုပ်ဖွင့်ပြီးသွား ဆုတောင်းထားပေတော့..။
      ဝတွေကို ဆော်တာနှစ်ပိုင်းရှိတယ်။ တောင်ပိုင်းနဲ့မြောက်ပိုင်း.. ထိုင်းနယ်စပ်ဖက် အယင်ခွန်ဆာမော်ထိုင်း အမ်တီအေနေရာ ယူထားတဲ့ ဝတပ်ကိုဆော်ချင်ရင် ဖြစ်နိုင်တယ်။ ဝမြောက်နဲ့တောင်ပိုင်းအကြားက ရှမ်းသူပုန်တွေကို ပေးစားလိုက်ရုံပဲ။ ထောက်ပံ့ရေးလမ်းကြောင်း ပြတ်သွားရင် ဘယ်ကောင်မှ မခံနိုင်ဘူး။ တခုရှိတာ မြန်မာစစ်ဗိုလ်များ ရှမ်းတွေနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိရဲ့လားဆိုတာ။ တရုတ်နယ်စပ်က ဝတပ်နဲ့ ကေအိုင်အေကိုတော့ လုပ်ရတာ အခက်အခဲရှိတယ် ဘာလို့လည်းဆိုတော့ ၁။ တရုတ်နယ်ထဲ ဝင်သွားနိုင်လို့ အပြတ်ရှင်းဖို့ မဖြစ်နိုင်ဘူး ၂။ စစ်ဖြစ်ရင် နယ်စပ်ကုန်သွယ်ရေး ပျက်ဆီးမယ် ၃။ ကိုယ်လည်းနာ သူလည်းနာမယ်။ ၄။ အစိုးရတရပ်အဖို့ ဘတ်ဂျက်ပြသနာရှိတယ်။ ၅။ မနိုင်တဲ့အပြင် တရုတ်ရန်သူ ဖြစ်တာပဲ အဖတ်တင်မယ်။ အခြားအခြားသော စဉ်းစားချက်တွေ ရှိပါအုံးမယ်။
      တရုတ်အနေနဲ့ မျက်မှောက်ခေတ် ကမာ္ဘ့ပထဝီဝင် နိုင်ငံရေးမှာ သူများနယ်နမိတ်ဖြတ်ပြီး ထိထိရောက်ရောက် လက်နက်တပ်ဖို့ဆိုတာ သိပ်ခက်ပါတယ်။ အမေရိကန်လည်း မတတ်နိုင်ဘူး၊ ဆီးရီးယား လစ်ဗျား ပြည်တွင်းစစ်တွေမှာ လက်နက်ငယ်လေးတွေပဲ မှောင်ခိုပေးရတယ်။ ဒါတောင် သိသာသိစေ မမြင်စေနဲ့ ပေါချောင်ကောင်း လက်နက်တွေ ရှာကြံပေးရတာ။ အခုမပြောနဲ့ ကမာ္ဘစစ်အေးတိုက်ပွဲ ပြင်းထန်စဉ် ၁၉၇ဝ – ၁၉၈ဝ ကာလတွေမှာတောင် တရုတ်ကြီး ဗကပကို ဘယ်လောက် ပေးနိုင်ခဲ့လို့လဲ။ သူ့အင်အားနဲ့ဆို မြန်မာပြည်မြောက်ပိုင်း အလွယ်လေး သိမ်းသင့်တာပေါ့။ လက်ဝဲဝါဒ အားကောင်းချိန်မှာတောင် အစွမ်းရှိသလောက် မပေးနိုင်ခဲ့ရင် ဒီနေ့လို တရုတ်ကြီးကို ဝိုင်းပတ်ထိန်းချုပ်ထားချိန်မှာ ပိုသိသာပါတယ်။ မြန်မာအစိုးရကလည်း အမိုက်ခံ မလုပ်ပါဘူး၊ အပြတ်ရှင်းနိုင်ရင် တမျိုးပေါ့လေ…။ ကြည့်နေပါဗျာ ဘဖောတရုတ်ကြီး ဟီးဟီးဟဲဟဲနဲ့ လေသံပြောင်းလာ ရပါစေ့မယ်။ ဒီလိုပုံနဲ့ပဲ ဗကပတွေကို အဆက်ဖြတ်ခဲ့တာ မဟုတ်လား..။
      အရေးကြီးတာ မြန်မာစစ်တပ်ရဲ့ စဉ်းစားပုံစဉ်းစားနည်း။ သူတို့သာ အရပ်ဖက် အုပ်ချုပ်ရေးကို တကယ်လက်ခံရင် တရုတ်နဲ့ဆက်ဆံရေးကို လျှော့ချလို့ဖြစ်တယ်။ အဲလိုမဟုတ်ဘဲ အာဏာသိမ်းဖို့ အကြံရှိပြီး တရုတ်ကြီးအားကိုးနဲ့ နောက်တချီတမောင်း ပြန်ဆွဲမယ်ဆိုရင်တော့ ဒီလိုပဲ နူးနှပ်ထားအုံးမှာပေါ့။

  • pooch

    November 25, 2012 at 2:53 pm

    ပြည်သူ အကျိုးရှိသလား စစ်တပ်အကျိုးရှိသလားကတော့ သူတို့ပဲ ပိုသိပါလိမ့်မယ်။

    တရုတ်ကို ခြေစုံကန်လို့ မရဘူးဆိုတာ တစိတ်တဒေသ လက်ခံပါတယ်။ ကုန်သွယ်ရေးမှာ တရုတ်က လက်လွှတ်လို့ မရသေးပါဘူး ။ နောက်လည်း ရမယ် မထင်ပါဘူး။

    အမေရိကန်ကြီးကတော့ နည်းပညာတွေ ပညာရေးတွေ နိုင်ငံရေး ဗျူဟာ အရ ဖမ်းဆုပ်ရမှာပါ။

    နောက်တခုက အဲ့ဒီ ခေတ် ( ခုချိန်ထိ ) တရုတ်နဲ့ ကုန်သွယ်ရာမှာ ပြည်သူတယောက်အနေနဲ့ ကိုယ်တိုင် ကြုံခဲ့ ကြားခဲ့ရသူအနေနဲ့ ကိုယ့်အထွာလေးနဲ့ ကိုယ်နည်းနည်းတော့ ဝင်ဖြေချင်ပါတယ်။

    တကယ်တမ်း နစ်နာခဲ့ရတာက အောက်ခြေလူထု အသိမကြွယ် ပညာမတတ်ရှာတဲ့ အကြောက်ကြီးတဲ့ ပြည်သူတွေပါ။ ဘက်စုံက အဖိနှိပ်ခံပြီး ပေးလာတဲ့ ဝယ်သွားတဲ့ နှစ်ပဲ တပြားကိုပဲ အဟုတ်မှတ်ပြီး ပျော်ခဲ့ရရှာတာ။

    အင်ကြင်းကျောက်က စလို့ ပဲမျိုးစုံ ဆန်မျိုးစုံအထိပါပါတယ်။ ပွဲစားတွေ ခေတ်လို့ ပြောလို့ရပါတယ်။ လည်သူတွေ စားကြတဲ့ ခေတ်ပါ။

    ဒါကြောင့်မို့ ချမ်းသာ ဆင်းရဲ ကွာဟမှုအများကြီး ကျန်နေခဲ့တဲ့ ခေတ်ပါ။

    ဟိုဘက်ထိ ပေါက်ရောက်သူတွေ ခေတ်ကောင်းခဲ့ပါတယ်။ ကားပစ္စည်းအစ လျှပ်စစ်ပစ္စည်း အိမ်သုံးပစ္စည်း အဆုံး အ သုံးအဆောင် ပစ္စည်းအလယ် အတုကို အစစ်နည်းပါး လုပ်ပြီး ကြီးပွားခဲ့တဲ့သူတွေ လည်း လက်ညှိုးထိုးမလွဲပါဘူး ။

    သူတို့သာ ဈေးပေါပေါနဲ့ ကုန်တွေ မသွင်းခဲ့ဖူးဆိုရင် (ကွာလတီကို အသာထားပါ) ( အနီးဆုံး ဥပမာပြရရင် ခုချိန် လူတိုင်းကိုင်နေနိုင်တဲ့ တရုတ်ဟန်းဆက်တွေ သာ မရှိခဲ့ရင် ) လူလတ်တန်းစားတွေ လူတို်င်းဖုန်းကိုင်နိုင်အုန်းမှာ မဟုတ်ပါဘူး။

    ကျမခု သုံးနေတဲ့ လက်ပကျွတ်ကစလို့ ( made in china ) တချို့သော ပစ္စည်းတွေဟာ ဈေးပေါလို့သာ သုံးနိုင်ခဲ့တာပါ။

    နောက်ပြီး တရုတ်နဲ့ ဆက်ဆံရာမှာ သူတို့က ငွေကိုတော့ အတော်လေး မက်မောပြီး ကျားကုတ်ကျားခဲ ရှာတတ်ဖွေတတ်လုပ်တတ်ကိုင်တတ်ပါတယ်။ ဒါပေမဲ့ ငွေမျက်နှာ အကြည့်လွန်ပြီး ဘာစည်းမှ သိပ်မထားတတ်တော့ပါဘူး ။

    လူယုံသတ်လို့ သေခဲ့ကြတဲ့ သာဓကတွေ ရှိပါတယ်။ ရှိနေဆဲပါ။

    အလုပ်မဖြစ်ခင် တမျိုး အလုပ်ဖြစ်ပြီး တမျိုးမို့ ဟိုဘက် ဒီဘက်ကုန်သွယ်မယ်ဆို လိုက်နာရမဲ့ သူ့စည်းကိုယ့်စည်းကို ၂ ဖက်ပေါင်းပြီး မျှမျှတတ အကာကွယ်ပေးနိုင်မဲ့ ကုန်သွယ်မှု အခြေခံ ဥပဒေကို ဆွဲသင့်ပါတယ်။ ထင်သာမြင်သာရှိအောင်ပါ။

    နောက်တခုက အခုပြောနေလုပ်နေတဲ့ တဦးချင်း ကုန်သွယ်ခွင့်ဆိုတာ ကုန်သွယ်ချင်တဲ့ သူတိုင်းကို တပိုင်တနိုင် ပေးလိုက်ရင် အတော်လေး အဆင်ပြေလာမှာပါ။ မှောင်ခိုခေတ်လည်း ပျောက်လာပါလိမ့်မယ်။

    လက်ရှိနီးနီးနားနား ကုန်သွယ်ခွင့်ရနေတာ ဆိုတော့ ၂ ဖက်အဆင်ပြေအောင် လုပ်တတ်ရင် အကျိုးဒီထက်ပိုများလာနိုင်ပါတယ်။

    နယ်စပ်မှာ အစားအသောက်က စလို့ ကုန်သွယ်တဲ့ ပစ္စည်းတွေကို အရည်အသွေးစစ်တဲ့ စခန်းတွေ ထားပေးရမှာပါ။ အဲ့ဒီ ဌာနဆိုတာ ပြည်သူကို ကျစ်ဖို့ ညစ်ဖို့ ဆိုရင်တော့ ဘယ်ကုန်ကိုမှ မှန်မှန်ကန်ကန်
    သွင်းနိုင် ပို့နိုင်ဖို့ မမျှော်လင့်ပါနဲ့ ။

    နောက်တခုက အဲ့ဒီဘက် က သွင်းလာတဲ့ ထုတ်ကုန်တွေ ပြည်တွင်းနဲ့ အပြိုင်ဖြစ်လာနေတဲ့ ( စက်ပစ္စည်း ကားပစ္စည်း စတဲ့ ပြည်တွင်းပရုတ်လုံးများကို ထိခိုက်လာနိုင်တဲ့ ) ကုန် တွေကို တော့ အခွန်ဆောင်ဖို့ ကောက်ဖို့ ကြပ်ကြပ်မတ်မတ်လုပ်ပေးရင် ဒီဘက်က လုပ်ငန်းရှင်တွေ ခံသာပါလိမ့်မယ်။

    ဒီဘက်ကလည်း သူ့နည်းနဲ့ သူ ကာထားဖို့ ဆိုင်ရာ အုပ်စုဖွဲ့ ဖို့ လက်ရှိမှာတော့ ကြိုးစားနေကြပါတယ်။

    သူကြီးပြောတဲ့ သမဂ္ဂလိုမျိုးပါ။ ခက်တာက တော်တော်များများက အဲ့ဒီလိုလုပ်ရင် ရတယ်ဆိုတဲ့ အသိမရှိသေးတာပါ။ မရှိတာထက် မသိတာခက်ဆိုတဲ့ အခြေနေတွေ များနေတော့ မျက်စိဖွင့်နားဖွင့်ပေးနိုင်မဲ့ အခြေနေတွေ အရေးတကြီး လိုနေပါတယ်။

    နောက်တခုက ကချင်ဘက်မှာ ဖြစ်နေတဲ့ စစ်နဲ့ ပတ်သတ်ပြီး နည်းနည်းလောက်တော့ ပြောချင်ပါတယ်။

    ပြန်လာတဲ့ အတွင်းသိတယောက်ကနေ ကြားခဲ့ရတာပါ။

    စစ်တွေ ဖြစ်တော့ သိတဲ့ အတိုင်းပါပဲ ဟိုက ပစ်ဒီက ပစ် ။ ကျောက်တူးတဲ့ ကမ်ပနီတိုင်းမှာ သိုလှောင်ထားတဲ့ ယမ်းဆိုတာ ဂိုဒေါင်တွေနဲ့ အပြည့်ပါ။ အပစ်ခံရလို့ မီးကူးရင် အကုန်ထပေါက်တာဆိုတော့ ဆိုင်ရာက ယမ်းတွေကို လွှင့်ပစ်ဖို့ သိမ်းမထားဖို့ ပြောပါတယ်။

    (အဲ့ဒီလို ပေါက်ကွဲတဲ့အတွက် ဒီတခေါက်မှာ လာ ခိုနေတဲ့ မြန်မာ စစ်သား တော်တော်များ များ သေကုန်တယ်ဆိုပါတယ်။ ) မထားရဘူးသာပြောတယ် ဘယ်လို ဖျက်ဆီးရမယ်ဆိုတာမပါတော့ လူတွေက အလွယ်ဆုံးနည်းနဲ့ ရေထဲ လွှင့်ပစ်ပါလေရော။

    အဲ့ဒီဒေသမှာနေထိုင်သူတွေက ဒီရေကို သုံးတော့ ဒီယမ်းတွေကြောင့် ရောဂါတွေ ဖြစ်ပြန်ပါတယ်။ စစ်ဖြစ်ရာဒေသမှာ နာဖျားကြတော့ မကုနိုင်တော့ ဒုက္ခတွေ ရောက်ကြပါတယ်။ ဒေါသထွက်လာကြပါတယ်။ အများစု ဟာ တနယ်တကျေးကနေ လာပြီးလောပန်းအိမ်မက်နဲ့ ရေမဆေးကျောက်အရှာထွက်ကြတဲ့ ကျပန်းတွေပါ။ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာပါ။

    အဲ့ဒီမှာ ရွာတွေက လူတွေ ပေါင်းပြီး ထောင်ချီလာတဲ့ အခါ ကမ်ပနီတွေ ကို လုကြယက်ကြနဲ့ နှစ်ပေါင်းများစွာ တည်ထောင်လာတဲ့ လုပ်ငန်းတခု ကို အချိန်ခဏအတွင်းမှာ ပြောင်သလင်းခါအောင် လုနိုင်ပါတယ်။

    အကုန်ဒုက္ခရောက်တာပါ။ ညောင်ဦးကမ်းပါးပြိုတာနဲ့ တခြားက နွားမ ပေါင်ကျိုးဆိုသလို သူထိတော့ ကိုယ်ပါ ထိလာပါတယ်။ အဲ့ဒီဖက်မှီပြီး ဖြစ်နေတဲ့ လုပ်ငန်းတွေ ထိုင်သွားပါတယ်။

    တိုးတက်ဖို့ဆို စစ်ပွဲတွေ ရပ်မှ ဖြစ်မှပါ။ ဟိုဘက်မှာ ဖြစ်နေတဲ့ စစ်က နောက်နေတာ မဟုတ်ပါဘူး ။အသေအကြေစော်နေတာပါ။ မြန်မာစစ်သားတွေ တော်တော်သေနေပါပြီ။

    တခုခုတော့လုပ်ကို လုပ်ရမှာပါ။

    နောက်လေးပေါက်ရေးတဲ့ လွှတ်ချစရာတွေ အများကြီး ဆိုတဲ့ ဆောင်းပါးလိုပဲ ကျမတို့ ကိုယ့်ရပိုင်ခွင့် လုပ်ပိုင်ခွင့်ကို ဘောင်ဝင်အောင် ဘယ်လိုလုပ်ယူရမယ် ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြပေးမဲ့သူတွေလည်း လိုအပ်နေပါတယ်။

    အဓိက ကို ဆွဲလို်က်ရရင် မျက်စိတွေနားတွေကို ဖွင့်ပေးနိုင်မဲ့ အခြေအနေတွေ လို်နေတာပါ။ မသိလို့ ဖြစ်နေတဲ့ အမှားတွေက ပိုဆိုးနေ ပိုများနေလို့ပါ။

    ပြောရရင်လည်း စိတ်ထဲ မကောင်းလှပါဘူး ။

    ကိုယ်တိုင်လည်း လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝမို့ အလူးလူး အလိမ့်လိမ့်ပါ။

    ဒီလို ဒုက္ခအိုး မျက်မလည် နားသူငယ်လေးတွေနဲ့ ဘကြီးစိန်နဲ့ အမေစု ဒီလောက်ရွှေ့ပေးနိုင်တာကိုပဲ တော်သေးတယ်ပြောရမှာပါ။ ကျမက ဘကြီးစိန်ကို အရင်ကထဲက ထောက်ခံခဲ့တဲ့သူပါ။

    ပြောရရင်လည်း ကုန်မှာ မဟုတ်လို့ ရပ်လိုက်ပါတော့မယ်။

  • တိမ်မည်း

    November 25, 2012 at 3:03 pm

    အဘဖောရေ

    ကျွန်တော်အခုပဲ ဦးအောင်မင်းပြောသွားတာတွေကို သေသေချာချာ နားထောင်ပီးပါပီ……….
    သူပြောတာတွေ အားလုံးက မှားလဲမမှားပါဖူး………
    မှန်လဲ အကုန်မမှန်ပါဖူး……………….
    တကယ်တမ်းတော့ လက်ပံတောင်းကိတ်စဟာ တဖက်က တောင်းဆိုမှူပုံစံလိုနေသလို အစိုးရကိုယ်တိုင်ကလည်း မြစ်ဆုံလို ဖြစ်မှာစိုးလို ့ အစိုးရိမ်လွန်းပီး ဦးအောင်မင်းကိုလွတ်ပီး ခြိမ်းခြောက်ခိုင်းလိုက်ပုံရပါတယ်……
    ဒါဟာ အစိုးရအနေနဲ ့ မဖြစ်သင့်တဲ့ အပြုအမှူလို ့ယူဆရပေမယ့် လွန်ကဲတဲ့ စိုးရိမ်မှူလည်း မဟုတ်ပါဖူး…..
    သေချာတာတခုကတော့ အဘရဲ့ အရေးအသားက ဦးအောင်မင်းဖတ်လိုက်ပီး ရေးသားထားပါတယ်….
    အဲဒီတော့ မျှတတဲ့ အရေးအသားတခုတော့ မဟုတ်ပါဖူး………….
    တကယ်ဆို ခေါင်းစဉ်က “”လက်ပံတောင်း”” ဆိုတာထက် “”လက်ပံတောင်းအရေးအတွက် ဦးအောင်မင်းရဲ့အာဘော်”” လို ့ ပြောင်းမှည့်သင့်ပါတယ်…..
    ဘာဖြစ်လို ့လဲဆိုတော့ လက်ပံတောင်းအကြောင်း ရေရေရာရာမပါပဲ… ဦးအောင်မင်းအာဘော်သာ တွေ ့ရလို ့ပါ……

    အဘရဲ့ ကော်မန် ့ကတော့ ခြိမ်းခြောက်မှူ ပိုပါလာတော့………
    တကယ်ဘဝင်မကျတာပါ……………

    အမေရိကန်နဲ ့တရုတ်ကြားညှပ်ပီး Proxy War ဖြစ်ပါပီတဲ့……….
    ကိုရီးယားဖြစ်သလို မြန်မာဖြစ်မယ်ပေါ့…………
    အဘရေ ကိုရီးယားကြားညှပ်တဲ့ ရာဇဝင်လေး တချက်ပြန်ဖတ်ကြည့်ပါအုံး…………
    ဘာကြောင့် အဲ့လိုဖြစ်လဲဆိုတာ မြန်မာနဲ ့မနုှိင်းသင့်ပါဖူး ဖြစ်တဲ့ ပုံစံတွေက လုံးလုံးကွဲပြားနေလို ့ပါ…….

    နောက်ပီးတခုက အခုအချိန်မှာ တရုတ်က မြန်မာကိုမကျေနပ်လို ့ အဘပြောသလို ထောက်ပံ့ပါပီတဲ့……
    ကမာ္ဘက မသိဖူးထင်လား…………………..
    သိရင် ဘာလုပ်မလဲ…. သေချာတာတော့ စီးပွားရေး ပိတ်ဆို ့မှာပဲ…………….
    စီးပွားရေး ပိတ်ဆို ့ရင် ဂျပန် အာဆီယံ ဥရောပ… အရင်တုန်းက သူရဲ့ မိတ်ဆွေကြီး မြန်မာပါ ပိတ်ပီ……
    သူ ့မှာ ရုရှား မြောက်ကိုရီးယားနဲ ့ အီရန်တို ့လို ့ လူတွေပဲကျန်မယ်………….
    ဒါမျိုး သူအဖြစ်ခံမယ်ထင်လား……………
    ဒါပေါ့….. သူက လုံခြုံရေး အင်အားကြီးထဲမှာပါတာ…….
    တိုက်ရိုက်တော့ ဘယ်ပိတ်မလဲ ဒီမိုတွေမှာ Professional Ways တွေရှိပါတယ်……
    ဘယ်လိိုပိတ်မယ်ဆိုတာ စိုးရိမ်ဖို ့မလိုပါဖူး……………..

    အဘရေ စစ်ရေး ကိတ်စကတော့ အထူးမပြောလိုပါဖူး………..
    Sun Tzu ရဲ့ စစ်ရေးဗျူဟာကျမ်းအရပြောမယ်ဆိုရင်တော့…………
    အခုအချိန်ထိ မြန်မာအစိုးရလက်ထဲမှာ ဘာတွေ ရှိလဲဆိုတာ ဘယ်သူမှ သေသေချာချာ မသိပါဖူး………
    ဒါဟာ အကြီးမားဆုံး အားသာချက်ပါ………….
    ဝ တွေ မှာ တင်ကား ရှိတယ် ဘာရှိတယ် ညာရှိတယ် သိတယ်………….
    ကောင်းတာပေါ့…. ဒါဆို ဘာကို ဘာနဲ ့ရှင်းမယ်… ညာနဲ ့ ညာကိုရှင်းမယ်လေ……..
    အဘရေ စစ်ဆိုတာ ကိုယ့်မှာ ဘာရှိတယ်ဆိုတာ မကြွားတာ အကောင်းဆုံးပါပဲ………
    ကြွားတယ်ဆိုကတည်းက စစ်ရေးမကြွယ်ဝကြောင်း ပြနေတာပါ…………….
    မြန်မာစစ်ဗိုလ်တွေ မချိပြုံး ဘာကြောင့်ပြုံးတယ်ဆိုတာ မပြောတော့ဖူးနော်……..

    လေးစားလျက်
    တိမ်မည်း

    • Foreign Resident

      November 25, 2012 at 3:36 pm

      ကိုရင် တိမ်မည်း ရေ ။
      ” သိရင် ဘာလုပ်မလဲ…. သေချာတာတော့ စီးပွားရေး ပိတ်ဆို ့မှာပဲ ”

      လက်ရှိ အခြေအနေအရ ၊ မြန်မာနိုင်ငံလို နိုင်ငံငယ်လေးအတွက် ၊
      ဘယ်နိုင်ငံကမှ တရုတ်ကြီး ကို အတိုက်အခံ မလုပ်နိုင်ပါဘူးကွယ် ။

      ကိုရင်က ၊ ခြိမ်းခြောက်တယ် ထင်ရင်လည်းထင်ပေါ့လေ ။
      သေချာတာက ၊ လက်ရှိမှာ ၊ အဲဒီအတိုင်းက တကယ်ဖြစ်နေတာပဲလေ ။
      တကယ်ဖြစ်နေလို့သာ ၊ ဦးအောင်မင်း က ဝန်ကြီး တန်မဲ့ ဝန်ခံသွားရတာပေါ့ ။
      အဘ ကတော့ ဦးအောင်မင်း ပြောသွားတာတွေကိုယုံတယ် ။

      • တိမ်မည်း

        November 25, 2012 at 3:57 pm

        အဘရေ……….

        နိုင်ငံကြီးတွေ ကိတ်စကြီးကြီး လုပ်ချင်ရင် သူတို ့လိုချင်တာကတော့ ခိုင်လုံသော အကြောင်းပြချက်ပါ……
        တရုတ်ကြီး ကို အတိုက်အခံလုပ်တာမဟုတ်ပါဖူး…………
        တရုတ်ကြီး အခုထက် ကြီးလာမှာကို တားတာပါ…………….
        တရုတ်ကြီးကို အနီးကပ် ခြိမ်းခြောက်နိုင်မယ့်သူကို မွေးထုတ်နေတာပါ…………

        နိုင်ငံငယ်ဖြစ်တော့ မတားရဖူးလို ့ ကုလသမဂ္ဂမှာ အမိန် ့စာထုတ်ပြန်ထားလားဟင်……
        အဲ့လိုတားဖို ့ အကြောင်းပြချက်ကောင်းကောင်းရှိတယ်လေ………………
        အရင်က မြန်မာနိုင်ငံက စစ်အစိုးရမို ့လို ဘာဖြစ်ဖြစ် ထိုင်ကြည့်နေပေမယ့်……………….
        အခုအခြေအနေမှာ ဒီမိုကရေစီလမ်းစဉ်မှန်မှန်နဲ ့ အာရှကျားတကောင်ဖြစ်ဖို ့ တာစူနေသမို ့ ထိုင်ကြည့်မယ်လို ့ မထင်ပါဖူး……
        ပီးတော့ နိုင်ငံငယ်ဖြစ်နေသေးပေမယ့်… ပထဝီ အနေအထားအရ ဘယ်လောက် အရေးပါတဲ့ နိုင်ငံဆိုတာ အဘလည်း သတိထားမိမယ်ထင်ပါတယ်……

        နောက်တခု ပြောချင်တာက တရုတ်က ဘယ်လောက်ကြီးကြီး ဂျပန်ကို မသိမ်းနိုင်ခဲ့ပါဖူး…..
        ဂျပန်ကသာ အမြဲ တရုတ်ကို သိမ်းနိုင်ခဲ့တာပါ…….
        ဒါက ဂျပန်ပဲရှိသေးတယ်နော်…. လောလောဆယ် မြန်မာရဲ့ အကြီးဆုံး အထောက်အပံ့နိုင်ငံထဲက တခုပေါ့…….

        နောက်ဆုံးပြောချင်တာက ဦးအောင်မင်းကို မယုံဖူးလို ့မပြောပါဖူး………..
        ဦးအောင်မင်းက ဒီမိုကရက်ဆန်ဆန် ခြောက်လုံးသုံးသွားတာပါ………
        သူက တရုတ်နဲ ့ မိတ်မပျက်စေချင်လို ့ပါ…………
        ဒါလည်း ဖြစ်သင့်ပါတယ်……
        ဘာပြောပြော အိမ်နီးချင်းတွေပဲလေ ဘယ် မျက်နှာပျက်ချင်မလဲ…….
        လက်ပံတောင်းကလူတွေ တောင်းဆိုတာ လိုပေမယ့်…… သူတို ့တာဝန်ကလည်း တောင်းဆိုဖို ့ပါပဲ……….
        အစအဆုံး ဦးအောင်မင်းက ဆုံးဖြတ်ချ မချနိုင်ဖူးလို ့ တွင်တွင်ပြောပေမယ့်…..
        ဦးအောင်မင်းက တောင်းဆိုနေသူတွေကို ဆုံးဖြတ်ချက်ချဖြစ်အောင် ဖိအားပေးနေတာကို တွေ ့မှာပါ…….

        ဘာပဲပြောပြော ကော်မရှင် စစ်ဆေးပီးရင် အဖြေတခုထွက်လာမှာပါ……
        အဲ့ဒါကို စောင့်ကြည့်တာပေါ့နော်…..

        လေးစားလျက်
        တိမ်မည်း

  • kai

    November 25, 2012 at 5:31 pm

    “ကျနော်တို့ ဗမာတွေမှာ စောက်ကျင့်တခုရှိတယ်။
    ဘာစောက်ကျင့်တခုရှိသလည်းဆိုရင် ဒါကလည်းဘဲ ကျနော်တို့
    ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ကျနော် ဂျပန်ခေတ်တုန်းက
    ပုသိမ်ဖက်ကို သွားတဲ့အခါ လှေပြိုင်ပွဲတ်ခုရှိတယ်။
    လှေပြိုင်ပွဲလုပ်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ဘာဖြစ်သလည်းဆိုတော့
    လှေတွေ ပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့အစင်းက
    ပန်းတိုင်မရောက်သေးဘူး။ ရှေ့ကို နဲနဲရောက်တယ်ဆိုရင်ဘဲ တက်ထောင်တယ်။
    ကြွားတာ ကြွားတာ။
    တခါ ရှုံးတဲ့အနောက်က နေတဲ့လှေကလည်းဘဲ
    ပန်းတိုင်မရောက်သေးဘူး။ ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။
    မကြိုးစားတော့ဘူး။ ရှုံးတော့မှာပါပဲကွာဆိုပြီး ခြေပစ်လက်ပစ်နဲ့
    တယ်မခတ်ချင်တော့ဘူး။”
    ဗိုလ်ချုပ်အောင်ဆန်း

    ဆိုတော့..
    မြန်မာတွေ.. အင်အားမတောင့်တင်းသေးဘူး..
    ရှိသမျှအိမ်နီးချင်းတွေနဲ့.. စစ်မျက်နှာတွေဖွင့်ချင်ပြီထင်တယ်..
    အနိစ္စ… :buu:

    • တိမ်မည်း

      November 25, 2012 at 5:55 pm

      သဂျီးရယ်………

      ဘယ်မှာများ စစ်ဖွင့်နေလို ့လဲဗျာ……….
      စီးပွားရေးစစ်မျက်နှာဆိုရင်တော့ ဖွင့်ရမှာပဲ သဂျီးရေ……
      လက်နက်နဲ ့တိုက်တဲ့စစ်ကတော့ မဖြစ်နိုင်ပါဖူး………….
      ဘယ်သူမှလည်း မဖြစ်ချင်ပါဖူး…….

      ပီးတော့ တက်လည်း အကုန်မထောင်ပါဖူး တက်လည်း အကုန်မချပါဖူး……….
      ခက်တဲ့သူတွေ ခက်နေကြတုန်းပါ…….

      သဂျီးဆိုလိုချင်တာကို တကယ်နားမလည်နိုင်တာပါ…….

  • တိမ်မည်း

    November 25, 2012 at 10:03 pm

    ဒါကတော့ ဖေ့ဘွက်ထဲက ရထားတဲ့ စာသားလေးတွေပါ……..
    ဒီပို ့စ်နဲ ့ဆိုင်မယ်ထင်လို ့ မျှဝေလိုက်ပါတယ်…………….

    တရုတ်ကို စိတ်နဲ့တောင် မပြစ်မှားမိစေနဲ့ (ပုံ / ဦးအောင်မင်း)

    ကျွန်တော်တို့ မြစ်ဆုံ စီမံကိန်းကို ရပ်ပေးလိုက်ရတာ တရုတ်က လျော်ကြေးမပြောသေးလို့၊ ဒေါ်လာသန်းသုံးထောင် အ
    လျော်ပးရမယ်၊ မြစ်ဆုံးစီမံကိန်းက အပေါ်မှာသာ ဘာမှမရှိတာ၊ အောက်မှာ ဖောင်ဒေးရှင်းတွေလုပ်တာ အများကြီးပဲ၊ ခုလက်ထိ တရုတ်က စကားမပြောသေးဘူး။

    တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား ….

    (ဒီစကားဟာ ကျုပ်တို့ကတော့ တရုတ်ကိုကြောက်တယ်၊ ခင်ဗျားတို့ ရဲရင်ချဆိုတဲ့၊ တဖက်လှည့်နဲ့ လူထုကို တရုတ်ဆန့်ကျင်ရေးဘက်ကို မောင်းပို့လိုက်တဲ့ စကားလား၊ ကိုယ့်အမှုကိုယ်မရှင်းဘဲ လူထုနဲ့ လှည့်တိုက်နေပြန်ပြီ)

    နှစ်ချက်ရှိတာပေါ့ ..
    (၁) ၁၉၈၈ ခုနှစ် တိုင်းပြည်ပျက်တဲ့အခါမှာ တပည့်တော်တို့ စားစရာမရှိဘူး၊ တရုတ်ဆီကနေ မှုဆယ်လမ်းကြောင်းကနေ သွင်းရတယ်၊ မှုဆယ်လမ်းကြောင်းက သွင်းရလို့ တပည့်တော်တို့ အသက်ဆက်လို့ရတာ၊ အဲဒီကျေးဇူးလေးတော့ သူ့ကို ပြန်ပြီးတော့ကြည့်ရမယ်။

    (၈၈ မှာ ရိက္ခာဂိုဒေါင်တွေကို လက်ဦးမှုယူပြီး သိမ်းသွားတဲ့ စစ်တပ်က ဘယ်က စစ်တပ်လဲ)

    (၂) နယ်စပ်မှာ ထကြွသောင်းကြမ်းတဲ့ ဗ.က.ပ ဆိုတာရှိတယ်၊ အဲဒါ တရုတ်ပြည်ကနေ ထောက်ပံ့ထားတာ၊ ဆန်တွေ၊ ပါတ်ဆံတွေ၊ အကုန်လုံးထောက်ပံတာပေါ့၊ ဗ.က.ပ ဖြစ်ဖျားဒေသတိုင်းဆိုပြီးတော့ အင်းတော်၊ ဘမောက်၊ ကောလင်း၊ ဗမှုဆိုပြီးတော့ အဲဒီဒေသကို ဝင်လာတယ်၊ နောက်ဒုတိယလမ်းကြောင်းက မသုံးလုံး မိတ္ထီလာ၊ မြင်းခြံ နယ်မြေထိဝင်ပြီး အင်တော၊ ကျောက်ဖြူထိ ရောက်တာပေါ့။

    (ပြည်တွင်းစစ်ပြဿနာကို သေချာမရှင်းချင်းပဲ၊ သူပုန်ကို ချောင်းပိတ်ရိုက်ချင်တဲ့ စိတ်က စစ်အုပ်စု ငယ်ထိပ်ရောက်နေလို့ပါ)

    အခုရဲရွာရေအားနား အင်တော၊ ကျောက်ဂူထိရောက်တာပေါ့၊ တတိယလမ်းကြောင်းက ပျဉ်းမနာ၊ တပ်ကုန်း ရှေ့ခြမ်းထိရောက်လာတာပေါ့၊ အဲတော့ ဒီအဖွဲ့တွေအားလုံးကို လိုက်တိုက်နေရတဲ့ အခါမှာ တိုင်းပြည်ရဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဘာမှ မလုပ်နိုင်ဘူး၊ အဲတော့ တရုတ်အစိုးရထောက်ပံ့ထားလို့၊ တိန့်ရှောက်ဖိန် အစိုးရတက်လာတဲ့အခါမှာ ဒီထောက်ပံ့မှုတွေ အကုန်ဖြတ်လိုက်တဲ့အခါကျတော့ ဗ.က.ပ ချုပ်ငြိမ်းသွားတယ်၊ ဒါကြောင့် တရုတ်နဲ့လည်း ရန်မဖြစ်ရဲဘူး၊ ဒါစိတ်ထဲမှာပဲထား၊ ဘာမှ ဟိုဒင်းမဖြစ်နဲ့။

    အကယ်၍ တရုတ်နဲ့ စိတ်ဆိုးသွားခဲ့လို့ရှိရင် အကယ်၍ နယ်စပ်ဒေသတွေမှာ အဲလိုပြန်ပြီးတော့ ဟိုကနေထောက်ပံ့ ဒီကနေထောက်ပံ့ တပည့်တော်တို့ကနေ စီးပွားရေးလုပ်ဖို့ကို နောက်ကိုပြန် လှည့်ကြည့်နေရဦးမယ်။

    ဒါကြောင့်မို့ အရင်တုန်းကလုပ်ခဲ့တဲ့ မြစ်ဆုံးစီမံကိန်းတောင် တရုတ်အစိုးရက တော်တော် စိတ်ဆိုးနေတယ်၊ ဒီအုတ်စာကိုတော့ စဉ်းစားစေချင်တယ်လို့ ပြောချင်တယ်။

    (မြစ်ဆုံစီမံကိန်းလုပ်ပါလို့ လူထုဆန္ဒပေးခဲ့လို့လား၊ စီမံကိန်းလုပ်ဖြစ်အောင် ဂွင်ရိုက်ပေးတဲ့လူတွေ လျော်ပေါ့ လွယ်ပါတယ်)

    အေးချမ်းမွန်မှ Yamoun Nar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

    မူရင်းလင့်ကိုသွားရန်

  • uncle gyi

    November 25, 2012 at 11:13 pm

    မြစ်ဆုံရေကာတာကအစားပြန်မရနိုင်တဲ့အရာ
    လုံးဝကန့်ကွက်ပါတယ်
    နောက်ဆုံးလျော်ဆိုလည်းလျော်ရုံပေါ့

    လက်ဝဲတွေလက်ယာတွေမပြောနဲ့
    လက်ပန်တောင်းကမြေနေရာအရမြစ်ဆုံနဲ့မတူပါဖူး
    ထုတ်လုပ်မှုနည်းပညာတွေကောင်းမယ်ဆိုရင်
    တိုင်းပြည်အတွက်အကျိုးရှိမယ်ဆိုရင်
    လုပ်သင့်တဲ့လုပ်ငန်းလို့ပဲမြင်ပါတယ်

  • Foreign Resident

    November 26, 2012 at 12:36 pm

    အင်း ၊ အဘရဲ့ ဒီ Post လေးကိုလေ ၊
    Irrawaddy သတင်းဋ္ဌာနရဲ့ Blog မှာတင်ထားတာတွေ့ရတယ် ။
    —http://blog.irrawaddy.org/2012/11/blog-post_7114.html—

    အဘ နှင့် ဦးကြောင် ရဲ့ Comment တွေနှင့် တကွပေါ့ ။
    Irrawaddy သတင်းဋ္ဌာန ဆိုတာက နာမည်ကြီးလှတယ်ကွယ် ။
    အဲဒီတော့ကာ ၊ အကျယ် အကျယ် ဖြစ်သွားရင် မကောင်းဘူးကွယ် ။
    အဘ လည်း ပြန် မမန့် / ဆက် မမန့်တော့ဘူးနော် ။
    ရွာသူားတို့လည်း ကျေနပ်ကြပါတော့နော် ။

    ဘိုင့် ဘိုင် ။ အဘ တော့လစ်ပြီ ။
    သားသား ၊ ကြောက်ကြောက် ။ 😛

    • ဦးကြောင်ကြီး

      November 28, 2012 at 11:10 am

      ကြောက်ဖူးကွ၊ သတ္တိရှိရင် လာဖမ်းစမ်း… သူနဲ့ငါ တဝက်စီ ခံမယ်….။ ဦးဖောက ရေ.. ငါက လေနဲ့… :harr:

  • အရီးခင်လတ်

    November 28, 2012 at 4:45 am

    {{ အထူးသဖြင့် ၊ ” တပည့်တော်တို့ နိုင်ငံက စံနစ် မှားခဲ့တဲ့အတွက် ” ဆိုပြီး ထုတ်ပြောခဲ့တဲ့ ၊ ဝန်ကြီး ဦးအောင်မင်း }}

    မှားခဲ့တာ သိပြီးရင် ဒီအတိုင်း နေလို့မရ ပါ။
    ပြင်ရပါမယ်။
    ပြသနာက အဲဒီစနစ် အမှား ဆိုးကြီး ထဲမှာ ဘာမှ မလုပ်တတ်တဲ့ နားမလည်တဲ့ စားဖို့ ဝါးဖို့ အတွက် နေရာ အတင်းယူနေရတဲ့ လူမှား နေရာမှားတွေ က အထင်ရှားဆုံးဘဲ။
    ဒီတော့ စနစ်ကို မှန်စေ ဖို့ အဲဒီလို လူတွေ အရင်ထွက်။
    ဒီအတိုင်းသွားလို့ကတော့ ဒီလိုဘဲ ဆက်ဖြစ်နေမှာဘဲ။
    လူကြားကောင်းအောင် ပြောတာဘဲ ရှိမယ်။

    ဘိုင့် ဘိုင် ။ ကျွန်မလဲ လစ်ပြီ ။ 😆

  • aye.kk

    November 28, 2012 at 7:49 am

    မလတ်ရေ
    မှန်တာတွေချည်းပါဘဲလား။

Leave a Reply