တစ်ခါတစ်ခါ

attach mentNovember 25, 20121min1015

တစ်ခါတစ်ခါ

ပြောသူမသိလိုက်တဲ့ အမှတ်မဲ့စကားတစ်ခွန်းဟာ

ကြားနာသူအတွက်

နာကျင်စရာရိုက်ချက်ပြင်းပြင်းတစ်ခုပါပဲ..။

တစ်ခါတစ်ခါ

အသိမှတ်ပြုမခံရတဲ့

စေတနာ မေတ္တာတွေဟာ

ပေးဆပ်မိသူအတွက်တော့

ခါးလွန်းပါတယ်..။

နာကျင်စရာကောင်းလွန်းလှတဲ့

မျက်ရည်ပူပူတွေကို နှလုံးသားရဲ့ ခံစားချက်အတိုင်း

ဖော်ထုတ်ခွင့်မရနိုင်တာ

ငါ့ဘဝရဲ့ကံတရားပဲလား

ဒီကံတရားကြီးကို ပြောင်းလဲပြစ်လိုက်ချင်တယ်။

5 comments

  • Mobile

    November 25, 2012 at 12:00 pm

    ခံစားချက်ကို ထုတ်ဖော်ထားတဲ့ ကဗျာလေး။
    ၅ဝ ရာနှုန်းလောက်တော့ ဖတ်ကောင်းတယ်လို့ ဝေဖန်ချင်တယ်ဗျာ။

  • ရွှေ ကြည်

    November 25, 2012 at 12:25 pm

    မျက်ရည်ပူပူတွေကို နှလုံးသားရဲ့ ခံစားချက်အတိုင်း

    ဖော်ထုတ်ခွင့်မရနိုင်တာ

    ငါ့ဘဝရဲ့ကံတရားပဲလား..။

  • အလင်းဆက်

    November 25, 2012 at 7:32 pm

    တစ်ခါတစ်ခါ….စကားလုံး လှလှ.လေးတွေ..ကို.မြင်ရရင်…
    ရင်ခုန်မိတာ..
    ကျွန်တော်ပါ ။.

  • attach ment

    November 26, 2012 at 1:25 pm

    comment ပေးပေးတာကျေးဇူးတင်ပါတယ်

  • ခင်ခ

    November 26, 2012 at 2:45 pm

    တစ်ခါတစ်ခါ မရေးဖြစ်ဘဲ
    နေမိတာ။
    ရေးသူမသိပေမယ့် ဖတ်သူသိပါ၏။
    ဆက်ရေးပေးပါ အားပေးမှာ။

Leave a Reply