မဟုတ်တရုတ် ပလုပ်တုတ် China

တလောက သမဒဂျီး ဦးသိန်းစိန် အင်တာဗျူးမှာ မြန်မာအစိုးရ အခက်အခဲ တွေ့နေစဉ်မှာ တရုတ်ပြည်သည် အကူအညီပေးခဲ့တဲ့ အကောင်းဆုံး မိတ်ဆွေဂျီးဆိုပြီး မဟာချီးမွှမ်းခန်း ဖွင့်သွားပါတယ်။ ပြည်တွင်းပြည်ပ စောင့်ကြည့်အကဲခတ်များက ရုတ်နဲ့ကန် နှစ်နိုင်ငံအကြား ဗျာများနေတဲ့ သမဒဂျီးကို စာနာမှုပေးခဲ့ကြပြီး အသံတိတ်နေပေးခဲ့ကြတယ်။ ဒါကိုပဲ အဟုတ်ထင်သွားသလား မသိဘူး၊ လက်ပံတောင်း ကြေးနီတောင် သပိတ်စခန်းဖွင့် ဆန္ဒပြသူတွေဆီ ပြည်ဒေါင်စုဝမ်ကျီး ဦးအောင်မင်းသွားတွေ့ခိုက် ” တရုတ်က မူဆယ်ဖက်ကနေ ပစ္စည်းတွေ သွင်းပေးပြီး ထမင်း ကျွေးကြောင်း ၊ တရုတ်ကျေးဇူး ကြီးကြောင်း ၊ တရုတ်နိုင်ငံရဲ ့ ကျေးဇူးကို ကာပြန်ရင် အဝီစိငရဲမှာ နောက်ဘုရား မပွင့်မချင်း နေရမှာဖြစ်တယ် ” ပြောသွားခဲ့ကြောင်း fng news မှာဖတ်ရတယ်။ သစ်ထူးလွင်မှာလည်း အစောပိုင်း မြန်မာနိုင်ငံ ထမင်းငတ်စဉ် တရုတ်ကျွေးထားခဲ့လို ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း ရေးထားတယ်။ တခါ ကာကွယ်ရေးဝမ်ကျီး ဗိုလ်ဂျုတ်ဝေလွင်က အများညီရင် ဤကို ကျွဲဖတ်တဲ့ အချိုး မချိုးကြဖို့ လက်ပံတောင်းအရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ကြိုးစားနေတဲ့ လွှတ်တော်ကို သတိပေးသွားတယ်။

ဒင်းတို့မို့ ပြောရက်တယ်။ သူတို့စစ်အာဏာသိမ်း အစိုးရ သက်ဆိုးရှည်ဖို့ လက်နက်ငွေကြေး ထောက်ပံ့ခဲ့တဲ့ တရုတ်အစိုးရကို ရာစုနှစ်ဝက်ကြာအောင် အဖိနှိပ်အညှင်းဆဲ ခံထားရတဲ့ ပြည်သူလူထုက တိုင်းပြည်သယံဇာတ တွင်းထွက်တွေနဲ့ ကျေးဇူးတုံ့ပြန် ရမတဲ့လား။ အရပ်သား အုပ်ချုပ်ရေးဖက် ကူးပြောင်းနေလို့ အပြောအဆို အနေအထိုင် ညက်လာပြီ ထင်ကာရှိသေး ခွေးမြီးတောက် ခြေတောက်စွပ်ပြပြီ။ ဆင်ခြင်တုံမဲ့ ငါ့စကားနွားရ အပြောမျိုးတွေနဲ့ အရင်အစိုးရလက်ထက် စိတ်ထင်တိုင်း ကြဲခဲ့ကြတာ မှတ်မိကြပါမယ်။ တရုတ်ကြီးနဲ့စာချုပ် ရိုးရိုးသားသား ချုပ်ခဲ့တာလို့ ယုံကြည်ရင် လွတ်လပ်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက် အစစ်အဆေး ခံရဲရမယ်။ ပြည်သူကို တာဝန်ခံရဲရပါမယ်။ ဒင်းတို့ မတရားပြဌာန်းခဲ့တဲ့ နာဂစ်အခြေခံမူအရ နောက်ကြောင်း ပြန်လှည့် အရေးမယူရဆိုတာ တချိန်တခါက ဥပဒေမဲ့ ပြုကျင့်ထားမှုများကို ရှေ့ဆက်သွားခွင့် ပေးထားခြင်း မဟုတ်လို့ ပြောပါရစေ။

တနေ့ကပဲ ဒေါ်စု နယူးဇီလန် ဝံကျီးချုပ်နဲ့ တွေ့ဆုံစဉ် အထောက်အပံ့ပေးရာမှာ ပြည်သူလူထုရဲ့ အင်အားကို ဖြည့်ဆည်းပေးတဲ့ အကူအညီတွေကို အဓိကထားပေးဖို့ လိုကြောင်းပြောလိုက်တယ်။ အိန္ဒိယခရီးစဉ်မှာလည်း အစိုးရခြင်းထက် ပြည်သူအချင်းချင်း ဆက်ဆံရေး ထူထောင်ခြင်းသာ မှန်ကန်ကြောင်း မှတ်ချက်ပြုခဲ့တယ်။ အမေရိကန် သမတအိုဘားမား မိန့်ခွန်းမှာလည်း ပြည်သူလူထုသာ အခရာကျကြောင်း အချက်ပေးသွားတယ်။ ဒီလိုအချိန်မှာ စစ်တဗိုင်းအစိုးမရ ဝမ်ကျီးနှစ်ပါး တရိုးအားကုတ် တရုတ်အားကိုး လေသံထွက်တာ တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး။ ဦးသန်းရွှေလက်ထက် စာချုပ်ထားတဲ့ တရုတ်စီမံကိန်း လုပ်ငန်းများအပေါ် ဖြစ်ပေါ်လာဖွယ်ရှိတဲ့ ဒေသခံပြည်သူများရဲ့ သဘောထားများအပေါ် ကြိုတင်ဟန့်တား တာဖြစ်နိုင်တယ်။

အစိုးရဖက်က တရုတ်ကြီးနဲ့ ဆက်ဆံရေးအပေါ် သဘောထား မပြောင်းနိုင်ရင် ပြည်သူလူထုအနေနဲ့ ကိုယ်ပိုင် အမြင်တွေကို ထုတ်ဖော်ပြရတော့မယ်။ အဦးဆုံးအနေနဲ့ တတ်သိပညာရှင်များ၊ နိုင်ငံရေးသမားများမှ တရုတ် အကူအညီ၊ ကုန်သွယ်စီးပွားမှု တိုင်းပြည်ကို တကယ် ကျေးဇူးပြုခဲ့သလား ပွင့်ပွင့်လင်းလင်း ဝေဖန်သင့်တယ်။ ဖိုရမ်ဆွေးနွေးပွဲများနဲ့ ဟုတ်တယ် မဟုတ်ဘူး၊ အကျိုးသင့်အကြောင်းသင့် အချက်အလက်နဲ့ လေ့လာပြနိုင်ရင် မှတ်တမ်းမှတ်ရာ သာမက နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားအတွက် အထောက်အကူ ပြုလိမ့်မယ်။ တရုတ်အနေနဲ့ မူဝါဒအပေါ် ကာကွယ်ပိုင်ခွင့် ရှိသလို မြန်မာအနေနဲ့လည်း ခံစားချက်ကို ထုတ်ပြပိုင်ခွင့်ရှိတယ်။ အရေးကြီးတာ ပြသနာ ဖြေရှင်းလိုတဲ့ ဦးတည်ချက် အပြုသဘောဆောင်ဖို့…။ နို့မို့ရင် သူပေးချင်တဲ့ မက်ဆေ့ချ် ကိုယ်မရ၊ ကိုယ်ပေးချင်တဲ့ မက်ဆေ့ချ် သူမသိ ပိုပြီးဆက်ဆံရေး ရှုပ်ထွေးသွားမယ်။

တရုတ်မူဝါဒ ရေးဆွဲသူများ အနေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားကို တရားဝင် သိခွင့်မရသေး (သို့မဟုတ်) တရုတ်အစိုးရ နိုင်ငံခြားရေးဌာန အစီရင်ခံစာအတိုင်း လိုက်လံချမှတ်နေတာဆိုရင် မူဝါဒသစ်အတွက် ခိုင်လုံတဲ့ အချက်အလက် ဖြစ်သွားပြီ။ မြန်မာပြည်အတွက်လည်း တရုတ်နိုင်ငံအပေါ် ရေရေရာရာရှိတဲ့ သဘောထား ဖြစ်သွားမယ်။ မီဒီယာများကနေ အလုပ်ရုံဆွေးနွေးပွဲ၊ ဖြစ်နိုင်ရင် တရုတ်တတ်သိပညာရှင်များပါ အလွတ်သဘော ပါဝင်ဖို့ အားထုတ်ပေးနိုင်ရင် အကောင်းဆုံးပေါ့ဗျာ။ ဂဇက်ရွာမှာလည်း လူပေါင်းစုံရှိလေတော့ တရုတ်မကောင်းဘူး ဆဲဆိုနေတာထက်စာရင် အပြုသဘော အိုင်ဒီယာ အချက်အလက်တခုခု ရလိုရငြား အချေအတင် ဆွေးနွေးကြရင် ကောင်းမလားလို့…
ဒီနေ့ ဧရာဝတီဘလော့ သတင်းအရ ဒေါ်စု လက်ပံတောင်းတောင်ကို နိုဝင်ဘာ၂၉ရက်နေ့သွားမည်ဖြစ်သည်။

မြန်မာပြည်တွင်ရောင်းသော မဟုတ်တရုတ် ကြေးမုံဂျီး ကွန်ပြူတာများ

တရုတ်မကြိုက်သူ
ဦးကြောင်ကြီး
တရုတ်မကောင်းလျင်
အရှင်မျိုတတ်သဖြင့်
ကြေးမုံဂျီးခမျာ
မဟုတ်တရုတ်ဆို၍
ရေကာတာ
လှိမ့်ဆောက်နေရတော့သည်..။

စပ်ဆက်သတင်းများ
http://freedomnewsgroup.com/2012/11/24/u-aung-min-china/
http://www.thithtoolwin.net/2012/11/bbc-11-24-12-1.html
http://www.thithtoolwin.net/2012/11/popular-myanmar-news-journal-11-23-12.html
http://www.rfa.org/burmese/news/dassk-meet-newzelandpm-11222012115532.html
http://blog.irrawaddy.org/2012/11/blog-post_6760.html

22 comments

  • surmi

    November 25, 2012 at 1:15 pm

    ဒီကြေးနီတောင် အကြောင်းကလည်း ပွင် ့လင်းမြင်သာမှု မရှိခဲ ့ဘူး
    အကျိုးအပြစ်ကို တင်ပြနိုင်ရင်ကောင်းမယ် ။ လူသိနည်းနေပြီး တစ်နိုင်ငံလုံး
    ပါဝင် လှုပ်ရှားမှုမရှိသလိုပဲ ။ မြစ်ဆုံတုန်းကလို အကြောင်းစုံစုံ လင်လင်
    သိဖို ့ ရေးသားကြရင်ကောင်းမှာပါ ။အဓိက ပုံနှိတ်မီဒီယာမှာ စဉ်ဆက်မပြတ်
    ရေးသားနေရင် လူသိများလာပါလိမ် ့မယ် ။ ဆန္ဒပြတာတွေပဲ တွေ ့နေရတော ့
    နဲနဲ ထုံသလိုဖြစ်နေကြတယ်ထင်တယ် ။

  • တိမ်မည်း

    November 25, 2012 at 2:07 pm

    မန် ့ချင်တာကတော့………..
    ဂလိုပါ…

    ကျွန်တော်ကတော့ တရုတ်လုပ်သမျှ အခုထိ ဘဝင်မကျမိတာတော့ အမှန်ပါ…..
    ဒါပေမယ့်………
    တရုတ်မကောင်းဖူးလို ့မပြောချင်ပါဖူး…………………….
    ကျွန်တော် သူငယ်ချင်း အများစုက တရုတ်တွေပါ……………
    ကောင်းတာလည်း ရှိပါတယ်……… ဆိုးတာလည်း ရှိပါတယ်…………
    အခုထိ ပခုံးဖတ်ပေါင်းနေတဲ့ တရုတ်တွေ ရှိပါသေးသလို………….
    ငါတကိုယ်ကို ကြည့်လွန်းလို ့ တရုတ်သူငယ်ချင်း အချင်းချင်း ကျွန်တော်အပါအဝင် ကြည့်မရတဲ့ ကောင်တွေလည်း ရှိပါတယ်……
    ကျွန်တော်ကိုယ်တိုင်လည်း တရုတ်စကား တီးမိခေါက်မိရှိပါတယ်………..

    တခုပြောချင်တာက…..
    ဥရောပ နိုင်ငံခြားသားတွေက မေးတိုင်း ကျွန်တော်ခွဲပြောလေ့ရှိတာက……………..
    ကွန်မြူနစ်တရုတ်ဆိုတာပါပဲ…………………….
    ဟောင်ကောင် ထိုင်ဝမ် စင်ကာပူ စသဖြင့်ပေါ့ သူတို ့လည်း တရုတ်ပါပဲ………….
    အဲ့ဒါက စာတက်တရုတ်တွေ ကောင်းတဲ့တရုတ်အများစုရှိတဲ့နေရာပေါ့ဗျာ…………..
    တရုတ်ပြည်မကြီးလား မကောင်းတဲ့တရုတ်တွေ………….
    သူတို ့မကောင်းတာလည်း အပြစ်ပြောစရာတော့ မရှိပါဖူး…………
    သူတို ့အစိုးရကလည်း သိပ်ချစ်ဖို ့ကောင်းရှာတာကိုး………….
    နဲနဲချမ်းသာလာတာနဲ ့ ကြည့်မရရင် ပြည်သူပိုင် သိမ်းမယ်ဆိုတာကြီးပဲ…………..
    ဝမ်ကုန်းကုန်းတို ့ အမျိုးတွေချမ်းသာရင်တော့ မပါဖူးပေါ့နော်…………..
    ယေဘုယျအားဖြင့် အဲ့လို မှတ်လို ့ရပါတယ်လို ့ မန် ့ခဲ့ဖူးပါတယ်……………

    ဆိုတော့ကား…………
    အခုအချိန်မှာ တရုတ်သည် ကိုရီးယားနဲ ့လည်း မတည့်ပါဖူး……
    ဂျပန်နဲ ့လည်း မတည့်ပါဖူး………. အာဆီယံနဲ ့လည်း မတည့်ပါဖူး……….
    အနောက်နဲ ့လည်း မတည့်ပါဖူး…………
    အခုအချိန်မှာ မြန်မာကို အတင်းဖိအားပေးပီး စီးပွားရေးလုပ်မယ်ဆိုရင်………..
    အမေရိကန်အတွက် ဝင်ရောက်စွက်ဖက်ဖို ့ ပိုအားပေးသလိုဖြစ်သွားမှာပေါ့နော်………….
    ဒါကိုလည်း တရုတ်ကြိုက်မယ်မထင်ပါဖူး………….
    ဘာမပြောညာမပြောနဲ ့ အိုဘားမားရဲ့ အလှူငွေလေးနဲနဲပေးတာတောင်…………
    ဒီလောက်နဲ ့ လုပ်လို ့မရပါဖူးဆိုပီး အသဲအသန် လှမ်းအော်နေသေး…………….
    တမျိုးပဲနာ်…… ဘာနဲ ့တူလဲဆိုတော့ အရွယ်မရောက်သေးတဲ့ကလေးလိုပဲ………
    သူလက်ထဲက ပေါက်စီလေး တဖဲ ့လောက် မျှစားဖို ့ကြံလိုက်တာနဲ ့………….
    ဗြဲဆိုပီး ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ငိုကော…………………

    အချုပ်အားဖြင့်……….
    တရုတ်ကို မမုန်းပါ…………….. ကွန်မြူနစ်တရုတ်ကိုတော့ မကြိုက်တာအမှန်ပါ…….
    တရုတ်လူမျိုးကို မမုန်းပါ……… ကိုယ့်ကိုယ်ကိုပဲသိတဲ့ လူမျိုးဆိုရင်တော့ ဘယ်သူမဆို ကြည့်မရဖူး……
    တရုတ်စီးပွားရေးကို မမုန်းပါ….. ကို်ယ်ကျိုးစီးပွားတခုတည်းကို ကြည့်တာတော့ အကုန်မုန်းတယ်…..
    တရုတ်စားစရာလည်း မမုန်းပါ…. ဟဲဟဲ…. ဘယ်သူမဆိုကြိုက်တာများပါတယ်… အဲ့ဒါတော့ ဝန်ခံလိုက်…

    တရုတ်နဲ ့မြန်မာ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေး ဆုမွန်ကောင်းတောင်းလျက်……

    လေးစားလျက်
    တိမ်မည်း

    စာကြွင်း။ ။တနိုင်ငံလုံးလူများစုမုန်းနေသော တရုတ်သည် Mainland China (Communist China) ဖြစ်သည်…… ထိုကြောင့် အထက်ပါစာတွင်ပါဝင်သော “” တရုတ်”” ဟူသော စာလုံးသည် တခြားသောနိုင်ငံ(မြန်မာနိုင်ငံအပါအဝင်)မှာ နေထိုင်သော တရုတ်များအား မရည်ညွန်းပါ………
    ရည်ညွန်းမိသည်ဟု ထင်သော် ကြိုတင် တောင်းပန်ပါတယ် ရိုင်းမိသွားတဲ့အတွက်…….
    အမှားရှိလည်း ထောက်ပြပါ….. လွတ်လပ်စွာဝေဖန်နိုင်ပါသည်…………..

    • တိမ်မည်း

      November 25, 2012 at 3:16 pm

      သွားကြည့်လိုက်ပီ ဦးပေရေ….
      ပီးမှ လာမန် ့မယ်နော်…….

  • koyinmaung

    November 25, 2012 at 2:45 pm

    တရုတ်နိုင်ငံဆိုတာကွန်မြူနစ်စနစ်နဲ့အုပ်ချုပ်ပြီးဘူဇွာစီးပွားရေကို
    အားပေးနေတဲ့ နိုင်ငံပါ…
    သတင်းနဲ့စာနယ်ဇင်းကိုချုပ်ကိုင်ပြီး
    အပေါ်ပိုင်းခေါင်းဆောင်တွေ
    အုပ်စုဖွဲ့ကိုယ်ကျိုးရှာစီးပွားရေးလုပ်နေကြ
    လပ်စားနေကြ တဲ့အစိုးရပါ….
    ခုအချိန်မှာတော့ မသိမသာလေးဘဲရှိနေသေးတယ်..
    ဒီအတိုင်းသာသွားလို့ကတော့
    နောင်တချိန် တို့နိုင်ငံထက်အကြောင်းဆိုးမဲ့နိုင်ငံပါ…
    ဒီနိုင်ငံစီးပွားရေးတိုးတက်တယ်ဆိုတာ..
    ခိုင်မာမှု့မရှိဘူးလို့မြင်ပါတယ်..
    လူအခွင့်အရေး … အလုပ်သမားတွေရဲ့အခွင့်အရေး
    ချိုးဖေါက်နေတာကိုလဲအစိုးရက မျက်ကွယ်ပြုနေပါတယ်
    ဒီနိုင်ငံနဲ့ ဆက်ဆံတဲ့အခါ ကိုယ်အသာရဘို့ထက်
    အနာခံရဘို့များပါတယ်…

  • ရွှေ ကြည်

    November 25, 2012 at 3:21 pm

    ဪ တို့ဝံကြီးတွေကဂလိုပဲပြောသလား…။
    အဲလိုဆိုတော့လည်း ညတိုင်းရှိခိုးအိပ်ရတော့မယ်ထင်တယ် တရုတ်ပြည်ဘက်ပဲခေါင်းထိုးအိပ်ကြတာပေါ..။
    ငါတို့ပြည်သူတွေဘွကလည်း အဖေကိုယ်တိုင်ကပထွေးလက်အပ်ချင်နေတဲ့ သားသမီးတွေဖြစ်နေကြပြီ။
    ငါမကျွေးနိုင်တုန်းကသူကျွေးထားတာ အဖေတော်လိုက်ဖြစ်နေပါလား..။

  • မောင်သုည

    November 25, 2012 at 4:26 pm

    ေဩာ်…ဆပ်၍ပင်မကုန်နိုင်တော့ပါလား…..မြန်မာပြည်မြေပုံထဲလည်းထည့်ဆွဲစရာ…ခေါင်းမရှိတော့ဘူး…သစ်တွေကလည်း တစ်နေ့ကို ၁ဝ ဘီးကားကြီးတွေနဲ့အစီး(၂၀)လောက်သယ်နေတာလည်းထည့်မပြောတော့ပါဘူး…ကျောက်စိမ်းတုံးတွေကို အပေါ်ကတစ်မျိုးအောက်ကတစ်ဖုံ အမျိုးမျိုးပေးနေရတာလည်းမသိကြရှာဘူး…ရေအောက်ကထွက်တဲ့ ဂစ်ဆိုတာဟာလည်းပေးရ၊မြေပေါ်က စွမ်းအင်ဆိုတာလည်းပေးရ…ဒါလဲဆပ်၍မကုန်သေးဘူးဆိုရင်တော့…ရှိရှိသမျှ…နှမအပျိုတွေပါထည့်ပေး…ရအုံးမယ်ထင်ပါ့…
    “ကြေးနီတောင်ဦး၊မကကျူးသား၊ကျေးဇူးကြီးလှ တရုတ်အဖ” လို့ သင်ရိုးပြောင်ဆိုရတော့မယ်ထင်ပါ့….
    ကာတွန်း အောင်ဆန်းကျော်၏စာသားခဏယူသုံးလိုက်ရပါ၏…။

  • kyeemite

    November 26, 2012 at 8:58 am

    ကိုကြောင်ပြောတဲ့ ပြည်ဒေါင်စုဝမ်ကျီး ဦးအောင်မင်းစကားကို ကြည့်ကြပါအုံးဗျာ…

    သံဃာတော်တွေနဲ့ ဒေသခံတွေကို သူ ပြောသွားခဲ့တာကတော့ –

    “နံပတ်တစ်အချက်က ဘာလဲဆိုတော့ ၁၉၈၈ ခုနှစ် တိုင်းပြည်ပျက်တဲ့အခါမှာ စားစရာမရှိဘူး။ စားစရာမရှိတဲ့အခါမှာ တရုတ်ဆီကနေ မူဆယ်လမ်းကြောင်းကနေ သွင်းရတယ်။ မူဆယ်လမ်းကြောင်းကနေ သွင်းလို့ တပည့်တော်တို့ အသက်ဆက်လို့ ရတာ။ အဲဒီကျေးဇူးတွေ သူ့ကို ပြန်ပြီးတော့ ကြည့်ရမယ်။ တပည့်တော်တို့ နယ်စပ်မှာ ထကြွသောင်းကျန်းတဲ့ ဗကပ တွေကို တရုတ်ပြည်ကနေ ထောက်ပံ့ထားတာ၊ ဆန်တွေ ပိုက်ဆံတွေ အကုန်လုံး ထောက်ပံ့တာ။ အဲဒီတော့ ဒီအဖွဲ့တွေ အားလုံးကို တပည့်တော်တို့က လိုက်တိုက်နေရတဲ့ အခါမှာ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဘာမှ မလုပ်နိုင်ဘူး။ အဲဒီတော့ ဒီ တရုတ်အစိုးရက နောက်က ထောက်ပံ့ထားလို့။ အကယ်၍ တရုတ်နဲ့ စိတ်ဆိုးသွားရင်၊ အကယ်၍ နယ်စပ်ဒေသတွေမှာ အဲဒီလို ပြန်ပြီးတော့ ဟိုကနေ ထောက်ပံ့ ဒီကနေ့ ထောက်ပံ့တွေ လုပ်လိုက်ရင် တပည့်တော်တို့က စီးပွားရေး လုပ်ဖို့အတွက်ကို နောက်ကို ပြန်လှည့်ကြည့်နေရမယ်။ အရင်တုန်းက လုပ်ခဲ့တဲ့ မြစ်ဆုံ စီမံကိန်းတောင် တပည့်တော်တို့ကို တရုတ်အစိုးရက အတော် စိတ်ဆိုးနေပြီ။”

    တောက်(စ်)… :chee: :chee: :chee: :chee: :chee:

  • Inz@ghi

    November 26, 2012 at 9:10 am

    ချဉ်ပါတယ်အေ…

    • Inz@ghi

      November 26, 2012 at 9:14 am

      ဦးနှောက်ဆေးခံထိထားတဲ့ ခပ်ညံ့ညံ့ လူပြက် တယောက်ရဲ့ …ခါးအောက်ပိုင်းပြက်လုံးလို့ပဲ မှတ်တယ်…
      ထွီ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 26, 2012 at 9:50 am

    ဘယ်နေရာမှာလည်းသိဘူး ဘယ်သူမှတ်တယ် ပြောတာလေးတစ်ခု ရှိသဗျ
    အဲ့သည် ခွေးမသားတွေ ပြည်သူတွေမသိဘဲနဲ့ လုပ်ထားတဲ့စာချုပ်တွေကို
    ပြန်လည်စစ်ဆေးလို့ရတဲ့ ဘာလို့ခေါ်မဒုံး
    အဲ့ဒါဘဲ
    အဲ့သည် လီးလိုလိုမှိုလိုလိုစာချုပ်တွေကို ဂဘာဂျီးနဲ့တိုင်ပြောလို့ရဘူးလား
    တရုပ်ဆိုတာကိုဆဲတဲ့ကိစ္စကတော့
    မြန်မာပြည်ထဲက မှတ်ပုံတင်ရှိတဲ့တရုပ်တွေကပါ ဖင်လိုက်ယားတာကတော့စိတ်ပျက်စရာဘဲ
    ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် မြန်မာနိုင်ငံသား လို့မခံယူနိုင်ကြဘူးလား
    တရုပ်တွေကိုဆဲတယ်ဆိုတာ
    စစ်အစိုးရနဲ့ပေါင်းပြီးမြန်မာသံယံစာတတွေကို အမြတ်ထုတ်တဲ့ခွေးမသားတရုပ်တွေကို
    ဆဲတာလို့တော့ ခင်ဗျားတို့နားလည်သင့်တာပေါ့
    ဆဲတာကတော့ ဘယ်ကောင်းမလဲဗျာ
    ဒါပေသိ ကိုယ်တတ်နိုင်တာက အဲ့ဒါဘဲလေ
    ငါလိုးမသားတရုပ်တွေ :mrgreen: :mrgreen: :mrgreen:

  • kai

    November 26, 2012 at 9:58 am

    ဟင်းဟင်း..
    ဦးအောင်မင်းပြောလိုက်တာဖြစ်တာမို့… လူထုကို.. စိတ်ဓါတ်စစ်ဆင်ရေးတော့လာပြီ…ထင်မိတယ်..
    ဦးအောင်မင်းက.. ဦးအောင်မင်းပဲလေ..။ သူ့ဘက်ကရောင်း..ပြန်ကြည့်ကြပေါ့..။

    နောက်ကွယ်က.. မြုတ်ချက်အမိဖမ်းစေလိုကြောင်း… :kwi:

    • ဦးကြောင်ကြီး

      November 26, 2012 at 10:22 am

      မှန်၏။ လူရှေ့သူရှေ့ မှတ်တမ်းအဝင်ခံပြီး ဒီလိုစကားထွက်ရဲတာ မြှုပ်ကွက် တခုခု သေချာပေါက်ရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် တတိုင်းတပြည်လုံးအနေနဲ့ တရုတ်နိုင်ငံအပေါ် သဘောထားကို သတ်သတ်မှတ်မှတ် ဖော်ထုတ်ပြဖို့ အချိန်တန်ပြီ။ မီဒီယာက ဦးဆောင်မလား၊ လှုပ်ရှားတက်ကြွသူများ ဦးဆောင်မလား သိချင်တယ်။ နိုင်ငံရေးပါတီ၊ အစိုးရအဖွဲ့ အနေနဲ့တော့ လုပ်နိုင်ဖို့ အခြေအနေ သိပ်မပေးဘူး။ အားပေးထောက်ခံတာလောက်ပဲ လုပ်ကောင်းမယ်။
      တရုတ်နဲ့ချုပ်ထားတဲ့ စာချုပ်တွေ ဖျက်ရမရနဲ့ ပတ်သက်လို့ ဥပမာပေးရရင် ဆွစ်ဇာလန် ဘဏ်တွေမှာ နိုင်ငံတကာက အကျင့်ပျက် အစိုးရခေါင်းဆောင်တွေ အခွန်ရှောင်သူတွေရဲ့ ငွေစာရင်းကို စစ်ဆေးပိုင်ခွင့် ရှိနေပြီ။ ရပိုင်ခွင့်ဆိုပြီး ပုန်းနေလို့ မရတော့ဘူး။ တရုတ်ကိုလည်း အဲဒီနည်းသုံးရမယ်။ စာချုပ်တွေ မဖျက်စေချင်ရင် လွတ်လွတ်လပ်လပ် စစ်ဆေးခွင့်ပြုပါ။ စာချုပ်ပါ အချက်အလက် သဘောတူချက် အပေးအယူတွေ ဖွင့်ချပြပါ။ အဲဒီအပေါ် မူတည်ပြီး သဘောတူထားတာတွေ တရားဝင်မဝင် ဥပဒေနဲ့ညီမညီ ပြန်ညှိနှိုင်းသင့်မသင့် ပယ်ဖျက်သင့်မသင့် ဆုံးဖြတ်မယ်။ အားလုံးကောင်းနေရင် ဒါမှမဟုတ် ညှိနှိုင်းလို့ အဆင်ပြေရင် လက်ရှိကွန်ထရိုက်တာကို ဦးစားပေးရမှာပေါ့။ သို့သော် အရင်ပုံစံတော့ ဖြစ်ချင်မှဖြစ်မယ်။ စာချုပ်မှန်နေတောင် ပုံမှန်လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေထားရှိခွင့် သဘောတူမှရမယ်။ ဒါတိုင်းပြည်တခုရဲ့ အချုပ်အခြာ အာဏာပဲ။ မကျေနပ်ရင်ညောင်း…..

  • jullies cezer

    November 26, 2012 at 10:54 am

    တရုတ်ပဲဖြစ်ဖြစ် ကုလားပဲဖြစ်ဖြစ် အများစုမှာ ကိုယ်ကျိုး လူမျိုးအကျိုးကိုပဲကြည့်ပြီး
    ဂုတ်သွေးစုတ်နေတဲ့ ခေတ်သစ်ကိုလိုနီတွေပါပဲ :saut:

  • Fall Guy

    November 26, 2012 at 11:41 am

    တရုတ် က ယူယုံတင်မကပါဘူးဗျာ….။
    လွှင့်ပစ်ရမည့် စီးပွားရေးအရတွက်ခြေမကိုက် ပတ်ဝန်းကျင်ထိခိုက် ခေတ်မမှီတော့တဲ့စက်အစုတ်တွေ
    ကိုလဲ စီးပွားရေးအကျိုးအမြတ်၊နို်င်ငံရေးအကျိုးအမြတ်တစ်ခုခုယူပြီးတော့ပေးတတ်ပါသေးတယ်…။
    ဒုက္ခရောက်ပြီးပိုမွဲအောင်ထင်ပါရဲ့..။
    ရတဲ့သူတွေကရ၊ ခံရတာတော့ထုံးစံအတိုင်း ပြည်သူတွေပေါ့ဗျာ……။

  • cobra

    November 26, 2012 at 11:50 am

    ဆိုးပါ့ ကိုတရုတ်တို့ရယ်
    ကို့ နိုင်ငံက လူကြီးပိုင်းတွေကမှမကောင်းတော့လည်း
    ကိုတရုတ်တို့ကိုအပြစ်ပြောလည်းဘာမှမထူးပါဘူး
    အရေးကြီးတာက ကို့နိုင်ငံက ဦးနှောက်မရှိတဲ့ လူကြီးတွေ
    မရှိတော့ရင်အဆင်ပြေပြီ။

  • မောင်သုည

    November 26, 2012 at 10:54 pm

    အင်း….ပြောပြန်ရင်လည်းအောင်မင်းလွန်ရာကျမယ်…မပြောပြန်တော့လည်း အထုထောင်းခံရအုံးမယ်….
    ဒီလိုပါ ဘုရား…တပည့်တော်တို့မှာ ဆုပ်လည်းဆူး၊စားလည်းရှုးဆိုသလိုပါ ဘုရာ့…ရှင့်လည်းလျှောက်သာ၊ပျားလည်းစွဲအောင်သာ လုပ်ကြပါဘုရား…
    တပည့်တော်တို့မှာ သတိုူ့တွေ ယိုခဲ့သမျှ ချီးတွေအကုန်လုံး တပည့်တော်တို့ ခေါင်းပေါ်ရောက်နေပါတယ်ဘုရား…

  • kai

    November 27, 2012 at 1:48 am

    ချိုင်းနား-အမေရိကား အခြေအနေအမှန်သိချင်ရင်.. .ဆွေးနွေးခန်းတက်နားထောင်ဖို့.. ဖတ်ဖို့..ဝင်ကြေး တဒေါ်လာနဲ့ရတယ်..။ ပြီးရင် မန်င်ဘာကို ပြန်ဖျက်ဖို့တော့မမေ့နဲ့.. တနှစ် ၃၀ဝ တဲ့..။ :kwi:
    https://www.newsmaxstore.com/newsletters/lignet/signup_china.cfm?s=al&promo_code=10D8D-1
    ====
    Lignet – Fast Breaking News

    This is an important notification that Newsmax’s global intelligence and forecasting service, LIGNET, will be holding an urgent briefing on the escalating tensions between the United States and China.

    This online event will be held Tuesday, Dec. 4, 2012, at 11 a.m. EST.

    Leading the intelligence panel will be former CIA Director Gen. Michael Hayden and former Utah Gov. Jon Huntsman, who recently served as U.S. ambassador to China.

    Please Note: This private forum is available to LIGNET members only.

    Join LIGNET today for ONLY $1.00 by Clicking Here

    LIGNET is a globally recognized intelligence resource prepared by former CIA analysts, national security officers, and presidential advisers.

    What transpires between the U.S. and China could have dire consequences for America and inescapable economic ramifications.

    During this exclusive program, LIGNET’s esteemed intelligence panel will address the following:

    The implications surrounding China’s volatile leadership change
    The likelihood China will surpass the U.S. as the global economic superpower
    Is China a true currency manipulator?
    The truth about China’s economy and the potential for a real estate bust
    The impact of China’s military expansion and cyber-warfare capabilities
    The possibility China will use military force to seize control of contested islands in the Asia-Pacific region
    China’s growing influence in Latin America and Africa
    The immense investment opportunities in China
    And much, much more!

    We strongly encourage you to join this urgent LIGNET briefing Tuesday, Dec. 4, 2012, at 11 a.m. EST to discover how this dangerous conflict affects you and your wealth.

    Important: We recommend forwarding this email to your friends so they can sign up to participate in this event as well.

    Get a LIGNET Membership and See China Briefing for $1 — Go Here Now

    • kai

      November 27, 2012 at 5:00 pm

      လက်တွေ့ကျကျအဖြေတခုထုတ်နိုင်ကြဖို့.. ..
      ယူအက်စ်က.. မြန်မာပြည်သံရုံးဝန်ထမ်းတွေ.. သွားတက်သင့်.. လေ့လာသင့်တယ်ထင်ပါကြောင်း..
      ခုတလော.. ယူအက်စ်သင့်ခ်တန့်တွေအုပ်စုထဲ.. ချိုင်းနားကိစ္စတော်တော်လေး.. ဆွေးနွေးနေကြပါကြောင်း..

      မြန်မာအစိုးရအနေနဲ့.. မျက်ခြေမပြတ်ရအောင်. သတင်းလိုက်သင့်ပါကြောင်း..

  • ဦးဦးပါလေရာ

    November 27, 2012 at 8:39 am

    ဒီအချိန်မှာ လုပ်သင့်တာတခုက

    စစ်အစိုးရလက်ထက်က ချုပ်ဆိုထားတဲ့ သဘောတူထားတဲ့ စာချုပ်တွေ သဘောတူညီချက်တွေ အားလုံးကို လွှတ်တော်မှာ အပြည့်အစုံချပြပြီး ပြန်လည်သုံးသပ်ဖို့
    လွှတ်တော်ကို အသံပေး ဖိအားပေး ဘို့ပဲ…။
    အဲဒါကို ပြည်သူတရပ်လုံးက မီဒီယာပေါင်းစုံကနေ တခဲနက် ဆန္ဒပေးဘို့လိုတယ်။
    ဥပမာ မြစ်ဆုံတုန်းကလိုပေါ့…။

    သတင်းစာမှာတော့ အပြည့်အစုံး ချပြမှာမဟုတ်ပေမယ့် လွှတ်တော်ဆိုရင် မငြင်းနိုင်ဘူး…

    အဲသလိုနဲ့ နဲနဲပိုခံသာမယ့် အဖြေတွေ ထွက်လာနိုင်တယ်…..

  • တရုတ်ရယ်၊ကုလားရယ်မှမဟုတ်ပါဘူး။
    ဘယ်လူမျိုးမှာမဆို ကောင်းတဲ့လူ၊ဆိုးတဲ့လူရှိကြတာပါပဲ။
    တိုင်းတပါးဆိုတာကတော့ ကိုယ့်တိုင်းပြည်က ၁ကျပ်ဖိုးရဖို့၊သူတို့က ၁ပြားဖိုးလောက်ကူညီပြီး အခါအခွင့် စောင့်နေသူချည်းပဲလို့ထင်ပါတယ်။

    ဒီအထဲမှာမှ ကိုယ့်လူမျိုးအချင်းချင်းရဲ့ကလေး ရေထဲပြုတ်ကျသွားတာကိုကူဆယ်ပေးဖို့တောင်၊
    ဈေးညှိနေရတာနဲ့ကလေးကရေနစ်သေဆုံးရတယ် ဆိုတဲ့စီးပွားရေးကိုရှေ့တန်းတင်တဲ့ ကျွန်မတို့အိမ်နီးနားချင်းပေါက်ဖော်ကြီးတို့ကတော့ ပိုဆိုးကောင်းဆိုးနေပါလိမ့်မယ်။

    ဟူးးးးးးးးငါးတစ်စုယိုခဲ့သမျှ#ီး….ပုဇွန်ဆိတ်တွေခေါင်းပေါ်စုကုန်တယ်လို့ပဲမှတ်ရမယ်။
    ဒီငါးတွေ တော်တော်ယိုနိုင်ပါကလားးးးးးးးး

Leave a Reply