အကြင်နာတရားတွေ ခေါင်းပါးလှချီလား

ရင်မှာတောင်းတမိတာ မေတ္တာတရားပါ

မင်းတို့ရဲ့နှုတ်ကထွက်တဲ့ သစ္စာဆိုတာတွေကို

ဘယ်အရာနဲ့တိုင်းတာချင်နေသေးတာလဲ နာကျင်နေတဲ့ နှလုံးသားကို မင်းတို့ရဲ့ သုံးမရတဲ့

လောဘတွေနဲ့ တစက်စက်ထိုးနှုတ်နေတုန်းဘဲလေ မောဟမျဉ်းပြိုင်ကြားမှာ

ငါလေ သောကတွေထွေးပိုက်ရင်း လျှောက်လှမ်းနေရတုန်းပါ

ကြင်နာပေးပါ နာကျင်မှုတွေမလိုအပ်တော့တဲ့ ဘ၀လေးကို အပြုံးခွန်အားလေး

ပေးသနားလှည့်ပါကွာ တောင်းဆိုနေတာမဟုတ်ပါဘူး  တောင်းပန်မှုလေးပါ

ကူမယ့်သူမရှိပေမယ့်လဲ နားလည်မှုလေးတွေကိုတော့ မင်းတို့ ဖန်ဆင်းပေးနိုင်သေးတယ်ဆိုရင်

ဘယ်လောက်ဘဲ ပင်းပန်းတဲ့ လောကဒဏ်ဖြစ်နေပါစေကွာ  ငါ့ပုခုံးနဲ့ မင်းတို့အတွက်

ထန်းပိုးပေးနိုင်မယ်ဆိုရင် ကျေနပ်ပေးနိုင်ပါစေ

အေးချမ်းပါစေ ငြိမ်းချမ်းပါစေ ချစ်ရသောသူ ချစ်မိသူတွေ

ရင်မှာအစဉ်လန်း ၀မ်းမြောက်မှုတွေ ပိုင်လှည့်တော့လေ……..

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..