နောင်တအစဉ်

ကာရံNovember 25, 20121min1125

အခိုးအငွေ့တွေအောက်မှာ မင်းလေးတစ်ယောက်ရောက်နေပြီပေါ့

နစ်မွန်းသွားမယ့် မင်းတို့ရဲ့ဘဝလေးကို ခဏလောက်တော့စာနာပေးကြည့်ပါ

နားလည်လာမယ့်တစ်နေ့ နောင်တတွေတစ်ပွေ့တစ်ပိုက် မရချင်စမ်းပါနဲ့

ဘာများအရသာရှိလို့လဲ တားမြစ်နေတာမဟုတ်ပါဘူးလေ တောင်းဆိုတာလေးပါ

စိမ်းလန်းပြီးအေးချမ်းတဲ့ ပတ်ဝန်းကျင်ကို မင်းလေး အရောင်တွေဖုန်းလွှမ်းမပြစ်လိုက်ပါနဲ့

အပြစ်မဲ့တဲ့ ကလေးငယ်တွေရဲ့ ရင်မှာ အမှတ်မှားမိမှာစိုးရိမ်လို့ပါကွာ

ကြိုက်လို့ဘဲ ရှိုက်ရှိုက် စိတ်ညစ်လို့ဘဲ ဖွာဖွာ ပျော်လို့ဘဲ ရှုရှု ဘယ်အရာမှ

အတည်မြဲတဲ့ အရာတွေကြားမှာ မင်းလေးတစ်ယောက် ဒုက္ခတွေကို ဈေးကြီးပေးမဝယ်ချင်စမ်းပါနဲ့ကွာ

ပိုနေရင်လဲ လိုအပ်နေတဲ့ နေရာလေးတွေကို မင်းလေးဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်

အားလုံးအကျိုးရှိမယ့် ဒါနလေးတစ်ခုပါ များများလှူမှ ကြီးမြတ်တာမဟုတ်ပါဘူး

မသိခြင်းသော အလှူတွေက မင်းတို့ငါတို့ရဲ့ရင်ခွင်ကို အစဉ်နွေးထွေးစေမှာ အသေအချာဘဲပေါ့

နောင်တအစဉ်

အလင်းရောင်အောက်

မရောက်သရွှေ့

လျှောက်လေခရီး

ပင်ပန်းသည့်ဒဏ်

ခံနိုင်မည်လား

အသင်လူသား………………

နောင်တအစဉ်

ဆုံးသည့်တစ်နေ့

ငွေနှင်းမြူဆိုင်း

အပြုံးပန်ဝေ

မိုးစက်တို့ခြွေ

ရွှေရင်လောင်မီး

ငြိမ်းတော့မယ်လေ………..

နောင်တအစဉ်

မရှိသရွှေ့

ငြိမ်းချမ်းသောစိတ်

တည်ငြိမ်သောရေ

ပွက်သည့်ပမာ

နားခိုရာသို့

ပို့ဆောင်မှုတွေ

ပေးတော့မှာသည် မှန်ပါစေလေ ချစ်ရပါသော သူငယ်ချင်းတစ်တွေ

ပိတောက်မိုး

5 comments

  • မောင်ပေ

    November 25, 2012 at 2:09 pm

    နောင်တအစဉ်
    စောင်မအဝင်
    ကြောင်မအမြင်
    ရှောင်ထအရင်
    ထောင်မှအကင်

  • padauk moe

    November 25, 2012 at 2:57 pm

    သနားပါတယ်ကိုပေရယ် ကြောင်လေးကိုတော့သတ်ပြီးမစားလိုက်ပါနဲ့နော် ကျွန်တော်ကကြောင်လေးကို ချစ်တယ်ဗျ

  • jullies cezer

    November 27, 2012 at 4:56 pm

    ရွာထဲလဲ ကြောင်ချစ်သူတွေများသား ဦးကြောင် ကိုကြောင်ဝတုတ် ကိုပိတောက်မိုး
    cezer etone နောက်ဘယ်သူကျန်သေးလဲမသိ …….

  • ရွှေ ကြည်

    November 27, 2012 at 5:40 pm

    ပိတောက်မိုးရေးသမျှထဲမှာ ဒီကဗျာအကြိုက်ဆုံးပဲ..။

  • padauk moe

    November 27, 2012 at 8:28 pm

    အကုန်လုံးကိုချစ်ပါတယ်ဗျာ ဟုတ်မမရွှေကြည် ကျေးဇူးတင်တယ်နော်

Leave a Reply