(၁)

လူ၇ယ်လို့ ဖြစ်လာ၇င်

အဖျော်ဖြေခံနဲ့  ဖျော်ဖြေသူ ပဲ ၇ှိတယ်တဲ့ 

ဘ၇စ်တနီ၇ဲ့  သီချင်းထဲက ဆွဲထုတ်ထားတဲ့ သီအို၇ီ

အခါခါပြောင်းပေမယ့် အဟောင်းထဲက ၇ုန်းမထွက်နိုင်သေးတဲ့

ပြဌာန်းဘုတ်အုပ် အစဉ်အလာကို ကျော်လို့ 

ခဏတွေးကြည့်မိလိုက်တော့

ဖျော်ဖြေနေတဲ့ သူတွေ———- ပြီးတော့ အဖျော်ဖြေခံတွေ———။

××××××××××(၂)×××××××××××

လူစည်ကားတဲ့ မြို့ လေးပေါ်က အ၇ုပ်ဆိုးတဲ့ လမ်းပေါ်မှာ

တ၇ုတ်ပြည်က အ၇ုပ်ဆိုးတဲ့ ဆိုင်ကယ်ကြီးစီးပြီး —–

အင်္ကျီ ကြယ်သီးကို အကုန်ဖြုတ်လို့ ———

၇င်အုပ်ကြွက်သားတွေ မပေါ်ပေါ် အောင် ဖွင့်ပြ

သံစဉ်အစအဆုံးမ၇တဲ့  သီချင်းကိုဆို၇င်း

လက်တစ်ဘက်က ၇မ်ပုလင်းကို စတိုင်လ် ကျကျထုတ်သောက်—–

အား၇ပါး၇မြှောက်ပြီး ၇ိုက်ခွဲချလိုက်တယ်

“ခွမ်း—–” ခနဲ မြည်သံက ကျန်ုပ်၇ဲ့  ပါဖောမင့် အဆုံး——

လူသားအားလုံး ကြည့်၇ှု ခံစား အားပေးနိုင်ကြပါစေသော်————–

ငါဟာ လူမိုက်ကောင်းတစ်ယောက်——-

ငါ့အပေါင်းအသင်းတွေက ငါ့လို လူမိုက်၇ှိတဲ့ အတွက် ၀မ်းသာမဆုံး—–။

သတိမထားမိလိုက်တာက

အားကျအတုယူတဲ့ မျက်လုံးတွေနဲ့  ကြည့်နေကြတဲ့  အဖျော်ဖြေခံလေးတွေ

တချို့ ကတော့ သူတို့ ကိုစကားကြီးစကားကျယ်ပြောကြတယ်—-

ဘာ——သူတို့ အနာဂတ်အတွက် သားကောင်းတွေဆိုလား ဘာဆိုလားပဲ —–

အဲ့ဒါတော့ မသိဘူး

ကျန်ုပ်၇ဲ့ သားကောင်တွေ ဖြစ်နေကြတာတော့ ကျေနပ်စ၇ာ———

အဲ့ဒီ သားကောင်တွေ၇ဲ့  ဟိုးအဝေးကြီးကို မျှော်ကြည့်လိုက်တော့

မှော်ဝင်အော်ပ၇ာဇာတ်ထုပ်တစ်ခုကို ကြည့်မိလျက်သား ဖြစ်သွားတယ်—။

×××××××××(၃)××××××××××××××

တကယ့် လက်တွေ့ မှာ ဒါတွေ၇ှိခဲ့ လို့ လား———

လုံးဝ မယုံနိုင်စ၇ာ အော်ပ၇ာကြီး

ကြည့်ပါဦး——-

သူတို့ ဘု၇င်က ‘ လက်တစ်ဘက်နဲ့ တိုင်းသူပြည်သားတွေကို

အစားအသောက်နဲ့ အ၀တ်ပေးပြီး တခြားတစ်ဘက်နဲ့ 

မျက်၇ည်သုတ်ပေးမယ်တဲ့ ’—-

အတူတူကြည့်နေတဲ့ ဘေးက ပ၇ိသတ်တွေဆီက တအံ့တသြ

အသံတွေနဲ့ ဆူညံနေတာပါပဲ—–

အော်ပ၇ာကပြတဲ့ လူတွေကလည်း တော်၇ှာပါတယ်

မှော်ဝင်ဆန်တဲ့  အဆင့်အတန်းမြင့် ဇာတ်ကွက်တွေ

ဘယ်အချိန်ပြန်ကြည့်ကြည့် မ၇ိုးမအီတဲ့  အခမ်းနားဆုံး တင်ဆက်မှု —

ဒါပေမယ့် လက်၇ှိဘ၀မှာ ကြီးပြင်းနေတဲ့  ကျွန်ုပ်အတွက် ယုံဖို့ ခက်နေတယ်

ကြည့်ကောင်းတာနဲ့ ဆက်ကြည့်နေဆဲ——–

အဲ့ဒီအချိန်မှာပဲ ဗိုလ်အောင်ဒင်ဇာတ်က ခင်းကျင်းပြသ—-

ငါလေ—— အမြင့်တက်နေတဲ့ လူတစ်ယောက် ဟိုးအောက်ကို

အ၇ိုက်ချခံ၇တဲ့ ခံစားမှု မျိုး

ဘယ်သူမှ မထင်မှတ်တဲ့  အလှည့်အပြောင်းတွေ—-

တ၇ားမျှတမှုတို့ ၊

အသိဥာဏ်တို့ ဆိုတာဘယ်နေ၇ာသွား၇ှာ၇မှန်းမသိတဲ့  အကွက်တွေနဲ့ 

ထိတ်လန့် ၇ွံ၇ှာစ၇ာ လူမဆန်တဲ့  ဇာတ်ဝင်ခန်းတွေ

“သမိုင်းမှာ ဆင်ဆာမ၇ှိဘူး” ဆိုသလို —————–။

ဒါကြောင့် ခမ်းနားတဲ့ ဇာတ်ကွက်တွေ ပြန်လိုက်၇ှာတယ်

အာ့ခ်box ထဲမှာလည်း မတွေ့ 

ဟေးဒီ့စ်။ ဖ၇ိုင်ယာ၊ အာခိလိ——- အသင်တို့အား အကျွန်ုပ်၇ှိကြီးခိုးပါတယ်

တောင်အောက်ပြုတ်ပြုတ်ကျတဲ့  ကျောက်တုံးကို

ပြန်တင်ပေးမယ့် ဆစ်ဆိုဖီတွေ အများကြီး ၇ှိနေတယ်

တကယ်အများကြီးပါ—————— တကယ့်ကို—————။

××××××××××××(၄)×××××××××××××

အော်ပ၇ာကအပြီးမှာ စဉ်းစားမိတာက

ဖျော်ဖြေတဲ့ သူပဲဖြစ်ဖြစ်—- အဖျော်ဖြေခံပဲဖြစ်ဖြစ်

လက်၇ှိအချိန်မှာ ကပြမယ့်ဇာတ်—– အညံ့စားစာ၇င်းထဲ မပါစေချင်ဘူး။

သို့ သော်လည်းလေ—–သို့ သော်လည်း

လူတိုင်း အက်ဒီဆင်လုပ်လို့ တော့မ၇ဘူး

သေ၇င် မီးမှိတ်အလေးပြုမယ့်သူ မ၇ှိမှာစိုးလို့ 

အဲ–

လူတိုင်းဗိုလ်ချုပ်ဖြစ်နေပြန်၇င်လည်း

ပဲပြုတ်နဲ့  နံပြားစားချင်တဲ့ အခါ

ဘယ်သူ့ သွားပြောကြ၇ပါ့———————————–။

NB-

ဆစ်ဆိုဖီ–ေ၇ှးခေတ် ဂ၇ိနှင့်ေ၇ာမတို့ တွင် နတ်ဘု၇ားများ လွှမ်းမိုးစဉ်က ဆစ်ဆိုဖီဆိုသောလူတစ်ယောက် ၇ှိခဲ့  သည်။ ကမ္ဘာပေါ်တွင် သူတစ်ယောက်တည်း သေမင်းလက်က လွတ်မြောက်နိုင်သည့် အ၇ည်အချင်း၇ှိသူဖြစ်သည်။ နတ်ဘု၇ားက ၄င်းအား တာဝန်ပေးသည့်  အနေဖြင့် ကျောက်တုံးတစ်တုံးကို တောင်ပေါ်သို့ လိမ့် တင်ခိုင်းလိုက်သည်။ ထိုကျောက်တုံးသည် တောင်ပေါ်သို့ေ၇ာက်ခါနီးတိုင်း တောင်အောက်သို့  ပြန်လည် လိမ့် ဆင်း သွားသဖြင့် တောင်အောက်ကျလိုက် တောင်ပေါ် တင်လိုက် ဖြင့် ထိုတာဝန်မှာ မပြီးဆုံးတော့ပေ။ ( English စာတွင်၎င်းအဖြစ်အပျက်မှစကာ မပြီးဆုံးနိုင်သော unfinished cases များကို ဆစ်ဆိုဖီ(ယမ်) ဟု သုံးနှုန်း၏)

အာ့ခ်– ခ၇စ်ယာန် ကျမ်းလာ ဘာသာဝင်တို့ ၏မြင့်မြတ်ပြီး အဖိုးတန်သော သေတ’္တာ ။

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash3/s720x720/559202_296998927078320_959535086_n.jpg

About ---မိုးကျေ၇ွှကိုယ်-----dennis rockstar

has written 7 post in this Website..

အမှန်တ၇ားက နံပြားလို ဘုတွေနဲ့ - ---- မြင်မကောင်းဘူး--။ မဟုတ်တာကို မဟုတ်ပါဘူးလို့ ပြော၇င် အဲ့ဒီ မဟုတ်တာလုပ်တဲ့  သူတွေက သိပ်မဟုတ်ချင်ကြဘူး။ အေ၇းအသားတွေ ကြမ်းချင်ကြမ်းမယ်၊ so-callled လူယဉ်ကျေးတွေ မျက်စိနဲ့ ကြည့်၇င် အမြင်မတော် ဖြစ်ချင်ဖြစ်နေမယ်။ ဒါပေမယ့် ဘယ်သူ့ အပေါ်မှ မယုတ်မာဘူး။ ဟူးတုးတူး--- ပြော၇တာလည်း မောတွားဘီ---------- ၀ါဝါးသောက်ပီး ၇ှူး၇ှူး တွားပေါက်လိုက်ဦးမယ်--------- ။ အဲ---ခဏလေး ---- ပုဂ္ဂိုလ်ေ၇းအ၇တိုက်ခိုက်တဲ့  comment မျိုးဆို၇င်တော့ မန္တလေး ဂေဇက် နည်းဥပဒေလုပ်ထုံးလုပ်နည်း များအတိုင်း မျက်၇ည်ယိုဗုံးနဲ့  ဖောက်ခွဲပစ်မယ်--- ဒါဗြဲ---- ဂွပ်-------။။။။