ကာလတို ့ ၌ အသက်သွင်းအပ်သော အော်ပရာ

(၁)

လူရယ်လို ့ဖြစ်လာရင်

အဖျော်ဖြေခံနဲ ့ ဖျော်ဖြေသူ ပဲ ရှိတယ်တဲ ့

ဘရစ်တနီရဲ ့ သီချင်းထဲက ဆွဲထုတ်ထားတဲ ့သီအိုရီ

အခါခါပြောင်းပေမယ့် အဟောင်းထဲက ရုန်းမထွက်နို်င်သေးတဲ့

ပြဌာန်းဘုတ်အုပ် အစဉ်အလာကို ကျော်လို ့

ခဏတွေးကြည့်မိလိုက်တော့

ဖျော်ဖြေနေတဲ ့သူတွေ———- ပြီးတော့ အဖျော်ဖြေခံတွေ———။

××××××××××(၂)×××××××××××

လူစည်ကားတဲ ့မြို ့လေးပေါ်က အရုပ်ဆိုးတဲ ့လမ်းပေါ်မှာ

တရုုုုုုုုတ်ပြည်က အရုုပ်ဆိုးတဲ ့ဆိုင်ကယ်ကြီးစီးပြီး —–

အကျင်္ ီ ကြယ်သီးကို အကုန်ဖြုတ်လို ့———

ရင်အုပ်ကြွက်သားတွေ မပေါ်ပေါ် အောင် ဖွင့်ပြ

သံစဉ်အစအဆုံးမရတဲ ့ သီချင်းကိုဆိုရင်း

လက်တစ်ဘက်က ရမ်ပုလင်းကို စတိုင်လ် ကျကျထုတ်သောက်—–

အားရပါးရမြှောက်ပြီး ရိုက်ခွဲချလိုက်တယ်

“ခွမ်း—–” ခနဲ မြည်သံက ကျန်ုပ်ရဲ ့ ပါဖောမင့် အဆုံး——

လူသားအားလုံး ကြည့်ရှု ခံစား အားပေးနိုင်ကြပါစေသော်————–

ငါဟာ လူမိုက်ကောင်းတစ်ယောက်——-

ငါ့အပေါင်းအသင်းတွေက ငါ့လို လူမိုက်ရှိတဲ ့အတွက် ဝမ်းသာမဆုံး—–။

သတိမထားမိလိုက်တာက

အားကျအတုယူတဲ ့မျက်လုံးတွေနဲ ့ ကြည့်နေကြတဲ ့ အဖျော်ဖြေခံလေးတွေ

တချို ့ကတော့ သူတို ့ကိုစကားကြီးစကားကျယ်ပြောကြတယ်—-

ဘာ——သူတို ့အနာဂတ်အတွက် သားကောင်းတွေဆိုလား ဘာဆိုလားပဲ —–

အဲ့ဒါတော့ မသိဘူး

ကျန်ုပ်ရဲ ့သားကောင်တွေ ဖြစ်နေကြတာတော့ ကျေနပ်စရာ———

အဲ့ဒီ သားကောင်တွေရဲ ့ ဟိုးအဝေးကြီးကို မျှော်ကြည့်လိုက်တော့

မှော်ဝင်အော်ပရာဇာတ်ထုပ်တစ်ခုကို ကြည့်မိလျက်သား ဖြစ်သွားတယ်—။

×××××××××(၃)××××××××××××××

တကယ့် လက်တွေ ့မှာ ဒါတွေရှိခဲ ့လို ့လား———

လုံးဝ မယုံနိုင်စရာ အော်ပရာကြီး

ကြည့်ပါဦး——-

သူတို ့ဘုရင်က ‘ လက်တစ်ဘက်နဲ ့တို်င်းသူပြည်သားတွေကို

အစားအသောက်နဲ ့အဝတ်ပေးပြီး တခြားတစ်ဘက်နဲ ့

မျက်ရည်သုတ်ပေးမယ်တဲ ့’—-

အတူတူကြည့်နေတဲ ့ဘေးက ပရိသတ်တွေဆီက တအံ့တဩ

အသံတွေနဲ ့ဆူညံနေတာပါပဲ—–

အော်ပရာကပြတဲ ့လူတွေကလည်း တော်ရှာပါတယ်

မှော်ဝင်ဆန်တဲ ့ အဆင့်အတန်းမြင့် ဇာတ်ကွက်တွေ

ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးမအီတဲ ့ အခမ်းနားဆုံး တင်ဆက်မှု —

ဒါပေမယ့် လက်ရှိဘဝမှာ ကြီးပြင်းနေတဲ ့ ကျွန်ုပ်အတွက် ယုံဖို ့ခက်နေတယ်

ကြည့်ကောင်းတာနဲ ့ဆက်ကြည့်နေဆဲ——–

အဲ့ဒီအချိန်မှာပဲ ဗိုလ်အောင်ဒင်ဇာတ်က ခင်းကျင်းပြသ—-

ငါလေ—— အမြင့်တက်နေတဲ ့လူတစ်ယောက် ဟိုးအောက်ကို

အရိုက်ချခံရတဲ ့ခံစားမှု မျိုး

ဘယ်သူမှ မထင်မှတ်တဲ ့ အလှည့်အပြောင်းတွေ—-

တရားမျှတမှုတို ့၊

အသိဉာဏ်တို ့ဆိုတာဘယ်နေရာသွားရှာရမှန်းမသိတဲ ့ အကွက်တွေနဲ ့

ထိတ်လန် ့ရွံရှာစရာ လူမဆန်တဲ ့ ဇာတ်ဝင်ခန်းတွေ

“သမိုင်းမှာ ဆင်ဆာမရှိဘူး” ဆိုသလို —————–။

ဒါကြောင့် ခမ်းနားတဲ ့ဇာတ်ကွက်တွေ ပြန်လိုက်ရှာတယ်

အာ့ခ်box ထဲမှာလည်း မတွေ ့

ဟေးဒီ့စ်။ ဖရိုင်ယာ၊ အာခိလိ——- အသင်တို့အား အကျွန်ုပ်ရှိကြီးခိုးပါတယ်

တောင်အောက်ပြုတ်ပြုတ်ကျတဲ ့ ကျောက်တုုံးကို

ပြန်တင်ပေးမယ့် ဆစ်ဆိုဖီတွေ အများကြီး ရှိနေတယ်

တကယ်အများကြီးပါ—————— တကယ့်ကို—————။

××××××××××××(၄)×××××××××××××

အော်ပရာကအပြီးမှာ စဉ်းစားမိတာက

ဖျော်ဖြေတဲ ့သူပဲဖြစ်ဖြစ်—- အဖျော်ဖြေခံပဲဖြစ်ဖြစ်

လက်ရှိအချိန်မှာ ကပြမယ့်ဇာတ်—– အညံ့စားစာရင်းထဲ မပါစေချင်ဘူး။

သို ့သော်လည်းလေ—–သို ့သော်လည်း

လူတိုင်း အက်ဒီဆင်လုပ်လို ့တော့မရဘူး

သေရင် မီးမှိတ်အလေးပြုမယ့်သူ မရှိမှာစိုးလို ့

အဲ–

လူတို်င်းဗိုလ်ချုပ်ဖြစ်နေပြန်ရင်လည်း

ပဲပြုတ်နဲ ့ နံပြားစားချင်တဲ ့အခါ

ဘယ်သူ ့သွားပြောကြရပါ့———————————–။

NB-

ဆစ်ဆိုဖီ– ရှေးခေတ် ဂရိနှင့်ရောမတို ့တွင် နတ်ဘုရားများ လွှမ်းမိုးစဉ်က ဆစ်ဆိုဖီဆိုသောလူတစ်ယောက် ရှိခဲ ့ သည်။ ကမ္ဘာပေါ်တွင် သူတစ်ယောက်တည်း သေမင်းလက်က လွတ်မြောက်နိုင်သည့် အရည်အချင်းရှိသူဖြစ်သည်။ နတ်ဘုရားက ၎င်းအား တာဝန်ပေးသည် ့ အနေဖြင့် ကျောက်တုံးတစ်တုံးကို တောင်ပေါ်သို ့လိမ် ့တင်ခိုင်းလိုက်သည်။ ထိုကျောက်တုံးသည် တောင်ပေါ်သို ့ရောက်ခါနီးတိုင်း တောင်အောက်သို ့ ပြန်လည် လိမ် ့ဆင်း သွားသဖြင့် တောင်အောက်ကျလိုက် တောင်ပေါ် တင်လိုက် ဖြင့် ထိုတာဝန်မှာ မပြီးဆုံးတော့ပေ။ ( English စာတွင်၎င်းအဖြစ်အပျက်မှစကာ မပြီးဆုံးနိုင်သော unfinished cases များကို ဆစ်ဆိုဖီ(ယမ်) ဟု သုံးနှုန်း၏)

အာ့ခ်– ခရစ်ယာန် ကျမ်းလာ ဘာသာဝင်တို ့၏မြင့်မြတ်ပြီး အဖိုးတန်သော သေတ’္တာ ။

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash3/s720x720/559202_296998927078320_959535086_n.jpg

One comment

  • Mobile

    November 25, 2012 at 9:34 pm

    ဖတ်ရှုအားပေးသွားရုံတင်မက ကူးယူထားလိုက်ပါတယ်။
    နောက်လဲ ဆက်လက်ရေးသားဖော်ပြ ပေးဖို့တောင်းဆိုလိုက်ပါတယ်။

Leave a Reply