လူသားတို ့အတွက် အဆိုးယုတ်ဆုံးသော တရားတွေ မို ့လို ့ လူမှန်ရင် အသိဉာဏ်ရှိရင် –မှားတယ်လို ့ရဲရဲ ပြောနိုင်တဲ့ မိစ္ဆာဝါဒ

အယူဝါဒမတူလို ့ ရှုတ်ချတာ မဟုတ်ပါ ။ လူတစ်ယောက်ဖြစ်နေလို ့ လူသားမျိုးနွယ်တွေရဲ့ စိတ်ဓါတ်ကို ဖျက်ဆီးတဲ ့အရာတွေမို ့ နိုင်ရာတာဝန်ထမ်းတဲ ့အနေနဲ ့ လုပ်တာပါ။ မကျေနပ်တဲ ့သူ မကျေနပ်သလိုသာ နေကြပါ။

မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့
(၁) ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တစ်ခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်။ ဒီကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီ။ ဒီလူမလွတ်လပ်တော့ဘူး။

(၂) ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။

(၃) ဘယ်တရားမှ မရချင်နေ။ ရှေ့ဘဝ၊ နောက်ဘဝကိုတော့ မတွေးရဘူး။ ရှေးဘဝ၊ နောက်ဘဝ တွေးတဲ့သူဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ဆိုပြီးသကာလ ကျုပ်တို့နဲ့ ပဋိပက္ခအရာမှာ ရှိတယ်။

(၄ လေးသချေင်္၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ပေါ်ထွန်းလာသော ဗုဒ္ဓသည် မှားယွင်းသောကြောင့် မိစ္ဆာသမ္မာသမ္ဗုဒ္ဓဖြစ်သည်။ လက်ရှိ ပစ္စုပ္ပန်ဘဝတစ်ခုတည်း၌ ဉာဏ်ဖြင့် ဖောက်ထွင်းသိမြင်သော ဗုဒ္ဓသာလျှင် သမ္မာသမ္ဗုဒ္ဓဖြစ်သည်။ ဘဝသံသရာဟူသည်မရှိ။ ပစ္စုပ္ပန်ဘဝတစ်ခုသာ ရှိသည်။

(၅) ဂေါတမဘုရားရှင်သည် ကိလေသာမကုန်သေး။ လောဘ။ တဏှာ၊ ကိလေသာရှိသေးသည်။

(၆) ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တဝါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။ (ဒီနေရာမှာ ဦးဉာဏတို ့က ငရဲ ဆိုတာကို လက်မခံဘူးလို ့ ထပ်တလဲလဲ ပြောထားပေမယ့် ငရဲ မကြီးချေဆိုတဲ ့ စကားနဲ ့ငရဲ ကို လက်ခံထားပြန်ကြောင်း ထူးဆန်းအံဩဖွယ်တွေ ့ရှိရပါသည်။သို ့သော် ကျတော်အခုဆွေးနွေးမှာက အဲ့ဒီအပိုင်းမဟုတ်လို ့ မပြောလိုတော့ပါဘူး)

(၇) ပုဂ္ဂလိကတစ်ဦးတည်းပိုင် ပစ္စည်းကို ခိုးယူလုယက်ခြင်းသည် အပြစ်ရှိသည်။ အများပိုင်ပစ္စည်းကို ခိုးယူလျှင် ပိုင်ရှင်ဖြစ်သူများမှာ ထိခိုက်နစ်နာမှုမရှိသောကြောင့် အပြစ်မရှိ။

(၈) ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။ သူတော်ကောင်းတို ့၏ မဂ္ဂင် အကျင့်ဟုပင် ယူဆနိုင်သည်။

(၉) မိမိတစ်ဦးတစ်ယောက် အကျိုးအတွက် လိမ်လည်ပြောလျှင် အကုသိုလ်ဖြစ်သည်။ အများကောင်းကျိုးအတွက် လိမ်လည်လျှင် အပြစ်မရှိ။

မိုးပြာဂိုဏ်းခေါင်းဆောင် ဦးဉာဏ၏ နောက်ခံ

လွန်ခဲ့သည့်ကာလ (၂၅) နှစ်က ဦးဉာဏသည် စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တင်တောင်မှာ နေထိုင်သူဖြစ်ပါသည်။
ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာ စသည်ဖြင့် ကြွားဝါကာ တရားဟောခဲ့သူဖြစ်ပါသည်။
ထိုအကြောင်းကို ကြားသိကြသဖြင့် နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးကပင် စစ်ကိုင်းတိုင်း သာသနာရေးမူး ဥိးစိုးမြင့် က
စွဲဆို၍ စစ်ကိုင်းမြို့နယ် သံဃနာယက သို့ တင်ခဲ့သည်။
ရှင်ဉာဏ နှင့် ရှင်ဂုဏ တို့နှစ်ပါး ရှုံးခဲ့ကြပါသည်။ တစ်ဖန် သူတို့ကပင် တိုင်းသို့တက်ခဲ့ကြသည်။
တိုင်းမှာလဲ သူတို့ပင် ရှုံးကြပြန်သည်။ တစ်ဖန် ဗဟိုဌာန ဟု ဆိုရမည်ဖြစ်သော နိုင်ငံတော်သံဃမဟာနာယက ထံသို့ သူတို့ကပင် စောဒနာ
တင်ကြလျက် “သာသနာရေး လျှောက်ထားတောင်းဆိုလွာ” အမည်ဖြင့် စတင်၍ မြို့နယ်နှင့်တိုင်းတို့က ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန်
တောင်းဆိုခဲ့ကြသည်။ နိုင်ငံတော်မှာလဲ သူတို့ပင် ရှုံခဲ့၍ ထောင် သုံးနှစ်ကျခဲ့ပါသည်။

၁၉၉၁-၁၉၉၈ ခုနှစ်တွင် ထေရဝါဒအတွင်းမှ ဂိုဏ်းသီးသန့်ထောင်မူဖြင့် ထောင် (၁၀) နှစ်ကျခဲ့ပါသည်။
ထောင်နှစ်ကျခံပြီး ထွက်လာပြီးနောက်တွင် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံလျက်ဂိုဏ်းထူးထောင်ပြီး
မိလိန္ဒပဥှာဝတ္တု စသည်တို့ကိုပါ ပြန်လည်ကူးယူဖြန့်ဝေကြောင်းတွေ့ရပြီး (၂၀၀၂-၂၀၀၈)တို့မှာ
အကြီးအကျယ် အင်အားကြီးဂိုဏ်းဖြစ်လာကြောင်း တွေ့ရပါသည်။

( အထူးမှတ်စေလိုသည်မှာ ၎င်း ထောင်ကျသည် ့ ကိစ္စမှာ အာဏာဖြင့် အတင်းဖိနှိပ် အကြပ်ကိုင်ထောင်ချခြင်းမဟုတ်၊ ဥပဒေဖြင့် မညီသောကြောင့်သာ ထောင်ကျခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာအား ဖျက်ဆီးသောကြောင့်မဟုတ်။ လူသားမျိုးနွယ်တို ့အား စိတ်ပိုင်းဆိုင်ရာအရ မှားယွှုင်းသော အယူဝါဒတို ့ဖြင့်ဖျက်ဆီးသောကြောင့်ဖြစ်သည်။ )

၁၉၉၁ ခုနှစ်တွင်သာသနာတော်ကြီး စော်ကားခံခဲ့ကြရပြီးဖြစ်ပါသည်။

တစ်ဖန် ၁၉၉၈ ခုနှစ်မှ စ၍ ယခုတိုင်အောင် ဆက်တိုက်ပင်သာသနာတော်ကြီးကို ဖျက်စီးခံနေရပါပြီ။

ပစ္စုပ္ပန်ကမ္မဝါဒ အမည်ခံဂိုဏ်းကြိးသည် ပညာရှင်အင်အား ဘာသာဝင်အင်အား ငွေကြေးအင်အား
ပုံနှိပ်ထုတ်ဝေဖြန့်ချီအင်အား အခိုင်မာဆုံး အဓမ္မဝါဒီဂိုဏ်းကြီးဖြစ်ပါသည်။
ငွေရတု ပူဇာ စာအုပ်ကို လေ့လာကြည့်လျှင် အလွန်ပင် ထင်ရှားမည်ဖြစ်ပါသည်။
ပညာတတ် အမည်ခံ အရှင်ဉာဏိန္ဒာလင်္ကာရ အရှင်ဝိစိတ္တသာရာဘိဝံသ (မြစ်ကြီးနား) စသူများ၊
ဥိးစိုးအောင် (သ.စ.အ- ဓမ္မာစရိယ၊သုတေသန) စသည်များ အပြင် စာရေးတတ်သူ ဟောပြောတတ်သူ
အများအပြားရှိနေကြပါသည်။
အခြေခံသင်တန်းများရော ဓမ္မဝိဟာရီ သင်တန်းများပါရှိကြကြောင်း သိရပါသည်။
ဓမ္မဝိဟာရီ သင်တန်းတို့တွင် အာသဝက္ခယဝိဟာရီစာတမ်းပြုစုရကြောင်းလဲ သိရပါသည်။

ဓမ္မဆရာ ဥိးရန်အောင်၏ ဟောပြောချက်များအရ ဩဠာရိကသုခုမ ဆေးပညာရှင်များအုပ်စုလိုက်ကြီးပင်
ထိုပစ္စုပ္ပန်ကမ္မဝါဒဂိုဏ်းသားများဖြစ်သွားကြောင်း ကြားသိရပါသည်။

အင်းဝဘဏ်သူဌေး ဦးရင်စိန် တို့လို သူဌေးများကြောင့်လည်းကောင်း၊
ဦးဝင်းမြင့်မောင် လို ပုံနှိပ်တိုက်ကျွမ်းကျင်သူများကြောင့်လည်းကောင်း၊

အရှင်ဝိစိတ္တသာရာဘိဝံသ (မြစ်ကြီးနား) လို သိန်းပေါင်း ထောင်သောင်းချီချမ်းသာသူများကြောင့်လည်းကောင်း၊
စာအုပ်များ အများအပြား ထုတ်ဝေနိုင်ကြောင်းလည်း သိရပါသည်။

အရှင်ဝိစိတ္တသာရာဘိဝံသ (မြစ်ကြီးနား) သည် စာအုပ်များစွာကို ကိုယ်တိုင်ရေးပြီး
ကိုယ်တိုင်ထုတ်ဝေလျက် ကိုယ်တိုင်ပင် နေရာများစွာသို့ လိုက်လံသွားလာကာ ပေးဝေစည်းရုံးနေကြောင်း
သိရပါသည်။

မိုးပြာဂိုဏ်းမှ တရားမဝင် ထုတ်ဝေဖြန့်ချိထားသည့် စာအုပ်ပေါင်းမှာ ၆ဝ ကျော်ရှိပြီး ၎င်းတို့မှ အချို့မှာ –

၁။ ဝိမုတိ္တဒေသနာ ခေါ် လွတ်လပ်ရေးဒေသနာ (စာမျက်နှာ ၁၁၀၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၂။ ဘုရား(စာမျက်နှာ ၂၂၈)၊

၃။ ဘာသာတရားများအကြောင်း ယေဘူယျနှိုင်းယှဉ်ချက် (စာမျက်နှာ ၅)၊

၄။ ဓမ္မပူဇာ (စာမျက်နှာ ၂၄၇)၊

၅။ စိတ်စိတ်ဖြာဖြာ ဥပါဒါနက္ခန္ဓာ (စာမျက်နှာ ၁၆၃)၊

၆။ ဓမ္မ (စာမျက်နှာ ၃၉၀၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁ဝ ရက်။ အထိမ်းအမှတ်စာအုပ်)၊

၇။ မိုးပြာကျောင်းမှ ပေးစာများ-၁(မိုးပေါက်ကျချောင်) (စာမျက်နှာ ၄၄၉၊ ထုတ်ဝေနှစ် ၁၃၅၂)၊

၈။ ဘာသာတရားကပေးသော ဆုလာဘ်
(စာမျက်နှာ ၄၆၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁ဝ ရက်။ အထိမ်းအမှတ် စာအုပ်)၊

၉။ တဏှာရှင်းတမ်း (စာမျက်နှာ ၄၀၀၊ ထုတ်ဝေနှစ် ၁၉၉၆)၊

၁၀။ ဓမ္မကထာ (စာမျက်နှာ ၂၃၂၊ ထုတ်ဝေနှစ် ၂၀၀၅)၊

၁၁။ ဓမ္မဝိဟာရီငွေရတုပူဇာ (စာမျက်နှာ ၂၂၄၊ ထုတ်ဝေနှစ် ၂၀၀၈၊ ဖေဖော်ဝါရီလ ၁ဝ ရက်။ အထိမ်းအမှတ်)

၁၂။ လွတ်လပ်တဲ့သူ (စာမျက်နှာ ၃၉၉၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၁၃။ ဉာဏကထာ (ပထမအုပ်) (စာမျက်နှာ ၃၅၆)၊

၁၄။ မဟာပေါဋ္ဌက (ပထမတွဲ) (စာမျက်နှာ ၃၉၄/၂၀၄/၃၀၂= စုစုပေါင်း = ၁၁၀၀)၊

၁၅။ အရိယဝေါဟာရ ဉေယျဓမ္မတ္ထကထာ (စာမျက်နှာ ၁၁၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၁၆။ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား (စာမျက်နှာ ၉၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊

၁၇။ ဗုဒ္ဓဘုရားသာသနာနှင့်မြန်မာပြည် (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၁၈။ အရိယသစ္စကထာ (စာမျက်နှာ ၂၇၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊

၁၉။ ဥတ္တရိမနုဿဓမ္မဒဿစာစဉ်-၁ (စာမျက်နှာ ၇၀၊ ထုတ်ဝေနှစ် ၁၃၆၄၊ သက္ကာယမိစ္ဆာဒိဋ္ဌိမှ သမ္မာဒိဋ္ဌိသို့-မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိ-ဗုဒ္ဓဘုရားရဲ့ လောကအမြင်မိတ်ဆက် – သုံးမျိုးစု)၊

၂၀။ ဥတ္တရိမနုဿဓမ္မဒဿန စာစဉ်-၂ (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဗုဒ္ဓဘာသာက မယူသော မိစ္ဆာဒိဋ္ဌိများ- ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်-ရှေ့ဘဝနောက်ဘဝ- ဦးနှောက်၏ ချွတ်ယွင်းဖောက်ပြန်မှုများ – လေးမျိုးစု)၊

၂၁။ သဒ္ဓမ္မသုံးဖြာ (ပထမတွဲ) (စာမျက်နှာ ၂၀၆၊ ထုတ်ဝေနှစ် ၂၀၀၂)၊

၂၂။ သဒ္ဓမ္မသုံးဖြာ (ဒုတိယတွဲ) (စာမျက်နှာ ၂၀ရ မှ ၃၄၇၊ ထုတ်ဝေနှစ် ၂၀၀၂)၊

၂၃။ ငြိမ်းချမ်းရေးသစ္စာ ဓမ္မစကြာဒေသနာ (စာမျက်နှာ ၃၉၆၊ ထုတ်ဝေနှစ် ၁၃၅၆)၊

၂၄။ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာလမ်းညွှန် (စာမျက်နှာ ၁၂၉၊ ထုတ်ဝေနှစ် ၂၀၀၂)၊

၂၅။ တောစကားတောင်စကား (စာမျက်နှာ ၃၉)၊

၂၆။ အရိယသစ္စဓမ္မပေတံ (စာမျက်နှာ ၂၅၅၊ ထုတ်ဝေနှစ် ၂၀၀၇)၊

၂၇။ သက္ကာယဒိဋ္ဌိရှင်းတမ်း (စာမျက်နှာ ၂၈၊ ထုတ်ဝေနှစ် ၂၀၀၈)၊

၂၈။ ဘာသာတရားဆိုတာ ဘာလဲနှင့် လွန်ကျူးမှုကို ဘယ်လိုနားလည်ရမလဲ (စာမျက်နှာ ၇၂၊ ထုတ်ဝေနှစ် ၂၀၀၂)၊

၂၉။ နိဗ္ဗာန်နှင့် သက္ကာယမိစ္ဆာဒိဋ္ဌိ (စာမျက်နှာ ၈၆၊ ထုတ်ဝေနှစ် ၂၀၀၀)၊

၃၀။ ဓမ္မစကြာညွှန်ပြချက် (စာမျက်နှာ ၁၇၂၊ ထုတ်ဝေနှစ် ၂၀၀၃)၊

၃၁။ လူသားလျှောက်ရမည့်လမ်း (စာမျက်နှာ ၆၀)၊

၃၂။ လူသားမှန်သမျှ ကျင့်ပွားဖွယ်ရာ ပုညကြိယာဝတ္ထုဆယ်ဖြာ (စာမျက်နှာ ၁၂၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၃၃။ ဓမ္မဝိဟာရာရာမမိုးပြာခြံမှ ပေးစာနှစ်စောင်တွဲ (စာမျက်နှာ ၃၂၊ ထုတ်ဝေနှစ် ၂၀၀၇-၂၀၀၈)၊

၃၄။ ဓမ္မဝိဟာရီသို့ ဦးခိုက်ခြင်း (စာမျက်နှာ ၁၆)၊

၃၅။ မိလိန္ဒပဉာှဝတ္ထုဘယ်လဲ (စာမျက်နှာ ၃၁၂၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊

၃၆။ ဝိသုဒိ္ဓမဂ်ဘယ်လဲ (စာမျက်နှာ ၄၀၈၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊

၃၇။ နိဗ္ဗာနဒီပနီဘယ်လဲ (စာမျက်နှာ ၂၃၀၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)တို့ ဖြစ်ပါသည်။

ဦးဉာဏ၏ စာရေးသားသည့် အမည်ခွဲများမှာ

– သျှင်မိုးပြာ (ခ)ရှင်မိုးပြာ
(ခ) အရှင်ဉာဏ (ခ) ရှင်ဉာဏ (ခ)ဉာဏ
(ခ)ဓမ္မဝိဟာရီ (ခ) ဓမ္မဝိဟာရီအရှင်ဉာဏ (ဂ) ဓမ္မဝိဟာရီရှင်ဉာဏ (ခ) ဓမ္မဝိဟာရီဉာဏ (ခ) ဓမ္မဝိဟာရီ ရှင်မိုးပြာ (ခ)
ဘကြီးဝိဟာရီ ( www.forums.myanmarcommunity.com )
(ခ) အနုပါဒါ (ခ) ဗောဓိဉာဏ (ခ) မောင်ဉာဏ်ထက် (ခ) ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာပုရုသျှ (ဘုရား)
(ခ) ခေါင်းဆောင်ကြီးတို့ ဖြစ်ကြပါသည်။

လောကတွင် လူ၄ မျိုးရှိသည်ဟု ဗုဒ္ဓက ဟောခဲ ့ပါသည်။

-လူယုတ်မာ
-လူယုတ်မာထက် ယုတ်မာတဲ ့သူ
-သူတော်ကောင်း
-သူတော်ကောင်းထက် ကောင်းတဲ ့သူ

သူတော်ကောင်းထက်ကောင်းတဲ ့သူဆိုသည်မှာ သူတော်ကောင်းအကျင့်ကို ကိုယ်တိုင် မကျင့်ကြံနိုင်သော်မှ ကျင့်ကြံသော သူတော်ကောင်း တို ့ကို ( လူ ့လောကအားကောင်းကျိုးဆောင်ရွက်ကြသော ပုဂ္ဂိုလ်တို ့ကို) အားပေးကူညီ ထောက်ပံ့သောသူအမျိုးအစားဖြစ်ပါသည်။

လူယုတ်မာထက် ယုတ်မာတဲ ့သူ ဆိုသည်မှာ လူယုတ်မာတို ့အား ယုတ်မာမှန်း သိလျက်နှင့် အားပေးသူ၊ ကူညီသူ၊ လူယုတ်မာအလုပ်ကို အားပေးသူ၊ လူယုတ်မာတို ့ ဘက်မှ ( လူ ့အခွင့်အရေး ၊ ဘာညာ စသည် အကြောင်းပြအသံကောင်းဟစ်ကာ)ကာကွယ်ပြောဆိုသူ တို ့ပါဝင်သည်။
ဥပမာ တစ်ခုပေးလိုပါသည်။ လူတိုင်းမှာ လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိသည်မှာ လက်ခံပါသည်။ သိူု ့သော်–သို ့သော်—— ဆိုပါစို ့ — လူတော်တော်များများက မုဒိန်းကျင့်တာကို လက်မခံတဲ ့အချိန်မှာ၊ A က မုဒိန်းကျင့်တာကို ကောင်းတယ်လို ့လက်ခံတယ်။ ဒီအထိ ဘာမှ မပြစ် မဖြစ်သေးပါ။ ဒါပေမယ့် မြိန်ရည် ရှက်ရည် မုဒိန်းလိုက်ကျင့်နေရင်တော့ သူ ့ကို အရေးယူမလား။ သူလည်း သူ ့အမြင်နဲ ့သူ မုဒိန်းကျင့်တာပဲ လူ ့အခွင့်အရေး ဆိုပြီး ဒီအတို်င်းထားမလား———————-

အဲ့ဒီလိုပါပဲ။ လူတိုင်း မတူကွဲလွဲခွင့်ရှိကြပါသည်။ သို ့သော ် ကိုယ်ထိလက်ရောက်တော့ “မုဒိန်းမကျင့်ကြပါနဲ ့လို ့” ———။ ကျတော်လည်း ကျတော့် အမြင်နဲ ့ကျတော် တင်ပြတာလေ။

ကျတော် ဝန်ခံပါသည်။ ကျတော်သည် သူတော်ကောင်းလည်း မဟုတ် ၊ သူတော်ကောင်းထက် ကောင်းတဲ ့သူလည်း မဟုတ်။

သို ့သော်— လူယုတ်မာ ထက် ယုတ်မာတဲ ့သူ မဖြစ်ချင်ပါ။

မကျေနပ်တဲ ့သူ မကျေနပ်သလိုသာ နေတော်မူကြပါလို ့———

15 comments

  • ဦးကြောင်ကြီး

    November 25, 2012 at 8:56 pm

    သူတို့ငြိမ်နေပြန်တော့လည်း လိုက်စတယ်။ နင်ကိုယ်၌ကိုယ်က ရန်ဖြစ်ချင်နေတာလား ဒါမှမဟုတ် သူ့လူကိုယ့်ဖက်သားလုပ် လိုက်ဖွနေတာလား တခုခုပဲ..။ ဖွချင်ရင် ကိုယ်ပိုင်အတွေးနဲ့ ရေးပါကွာ။ ဒီလိုမျိုး ကော်ပီပေ့စ်ဆိုတာ သူ့စာကို အကိုးအကား တခုအနေနဲ့ ပြန်တုံ့ပြန်တာမျိုးမှာ သုံးသင့်တာ။ စာက နေရင်းထိုင်ရင်းကြီး တက်လာတယ်၊ မကြာခင်မှာ မိုးပြာဂိုဏ်းသားတွေရဲ့ပို့စ် တက်လာမယ်။ နင်မကြေနပ်ရင် မိုးပြာဆိုက်ဒ်မှာ အဲဒီစာသွားတင်ပါလား။ ဒီဆိုက်ဒ်မှာ မိုးပြာအယူ ရေပန်းစားနေတာလည်းမဟုတ်…. ခက်တယ်ကွယ် နင်တို့ကြောင့် ထေရဝါဒ နာမည်ပျက်တယ်။

  • တိမ်မည်း

    November 25, 2012 at 9:12 pm

    တရားအကြောင်း သိပ်နားမလည်ပေမယ့် တခုတော့ ထောက်ပြချင်ပါတယ်………..

    အခုပို ့စ်က မိုးပြာပဲပြောပြော ဘာပဲပြောပြော တရားနဲ ့ပတ်သက်သော အကြောင်းရယ်လို ့ထင်ပါတယ်…………

    ဒါပေမယ့် ရေးသူ Profile Photo

    နဲ ့ မိုးကျရွေကိုယ် ဆိုတဲ့နာမည် (အများနားလည်ထားတာကတော့ အဲ့နာမည်က Porn Site တွေမှာ သုံးနေကြနာမည်ပါ…..)

    အဲ့ဒါက တမျိုးကြီးဖြစ်နေသလားလို ့ပါ………

    ကျန်တဲ့ စာကတော့ သက်ဆိုင်ရာ ရွာသူားများ မန် ့ပါလိမ့်မယ်……
    ဘဝင်မကျတာလေးကို ဝင်မန် ့မိတာပါ……………….

    လေးစားလျက်
    တိမ်မည်း

  • Mobile

    November 25, 2012 at 9:48 pm

    ဒီဆိုက်ဒ်မှာ မိုးပြာအယူ ရေပန်းစားနေတာလည်းမဟုတ်….
    ခက်တယ်ကွယ် နင်တို့ကြောင့် ထေရဝါဒ နာမည်ပျက်တယ်။
    ဒီအတိုင်းလေး ကော်ပီပေ့လုပ်လိုက်ပါတယ်။

  • San Hla Gyi

    November 25, 2012 at 10:20 pm

    အင်း အခုရက်ပိုင်း အငြင်းအခုန်ပွဲလေး လုပ်ထားလို့ နည်းနည်း ပင်ပန်းပြီး ဘယ်သူ့ပို့စ်မှ မသွားဘူးလို့ ဆုံးဖြတ်ထားတာ အခုတော့ နည်းနည်းဝင်မန့်လိုက်ဦးမယ်။ အခုတလော မိုးပြာဆရာတွေ တော်တော် ငြိမ်နေပါတယ်။ ကောင်းတော့ ကောင်းပါတယ်။ အခုတင်တဲ့ဟာလိုမျိုး ပို့စ်တွေဟာ အရင်ကလဲ တင်ပြီးပါပြီ။ တကယ်လို့ မိုးပြာဆရာတွေ လာရင်တော့ ဆောင်းပါးရှင် ရှင်းနိုင်ဖို့ လိုပါတယ်။ မရှင်းနိုင်ရင် မလွယ်ပါဘူး။ တော်တော်များများလဲ သူတို့ကို အယူဝါဒရေးရာအရ မရှင်းနိုင်တာ တွေ့ဖူးပါတယ်။ အဲဒီတော့ အဲဒီကျရင်သာ တာဝန်ယူပါ။ သူ့ဟာသူ နေနေတာကို မရှင်းနိုင်ရင် မရဲပဲနဲ့ ကျွဲပြဲစီးလို့ မကောင်းပါဘူး။
    ဘယ်လိုဖြစ်လို့ တင်ပြီးသား ဟာမျိုးကို အစလုပ်ပြီး ထပ်တင်သလဲ မသိပါ။ အမှန်တော့ ကျနော့်စိတ်ထင် အစက ဒီဆိုက်ဒ်မှာ မိုးပြာဝါဒေတော်တော် ရေပန်းစားတယ် ထင်ပါတယ်။ ခုတလော သူတို့ကို တော်တော်လေး ဖိထားလိုက်ရပါတယ်။ အဲဒီတော့ စာရေးသူရေ သူတို့လာရင်သာ ကိုယ့်ဇတ်ကိုယ်နိုင်ဖို့ လိုပါတယ်။ တခုတော့ ရှိတယ်။ ကိုယ့်ကိုကိုယ် အတွေးအခေါ် သမားလို့ ထင်တတ်သူတွေဟာ ဆဲတာလောက်ကို မဖြုံပါဘူး။
    ကဲ ကိုယ့်ဇတ်ကိုယ်နိုင် စေသတည်း။

  • San Hla Gyi

    November 25, 2012 at 10:36 pm

    ဟာ မေ့လို့ အခုမှ ကိုယ့်လူရဲ့ အရှေ့ပို့စ်တွေကို ခနလေး ပြန်ကြည့်တာ စကတည်းက ရွှေတိဂုံနဲ့ စလိုက်တာပဲ။ အဲဒီလို စာမျိုးကို မြင်ဖူးတယ်။ အရေးအသားကလည်း သံသယ မရှိပါဘူးလို့ ပြောထားပေမယ့် တော်တော်လေး သံသယရှိတယ်လို့ ပြောထားတဲ့ သဘောပဲ။ လေသံကို ကျနော် တော်တော် သံသယရှိတယ်။
    ကျနော်က ကျနော့် သံသယကိုပဲ ပြောမယ်။ ဆောင်းပါးရှင်ကို ကိုကြောင်ကြီး ပြောတဲ့ ကွန်မန့်အတိုင်း ကျနော်လဲ သံသယရှိတယ်။ သူ့လူ ကိုယ့်ဘက်သား လုပ်လို့လဲ ရတာကိုး။ ကျုပ်စိတ်ထင် အရင်က တော်တော်လေး လှုပ်ရှားပြီး ပျောက်သွားတဲ့ မိုးပြာဆရာတယောက်နဲ့တောင် ဆင်နေသလိုပဲ။
    ကျနော့် သံသယဆိုတော့ မှန်ချင်မှ မှန်မှာပေါ့ဗျာ။ ဒီတော့ နောက်ကို သူများပိုသံသယ မဖြစ်ရအောင် ကိုယ့်ဘက်က ရှင်းရှင်းလင်းလင်းနေပေါ့။(သတိ ပါစင်နယ် တိုက်ခိုက်တာ မဟုတ်ပါ။ အမြင်ကို ပြောခြင်းမျှသာ ဖြစ်ပါသည်။ မဟုတ်ဘူးဆိုလျှင်လဲ ရပါသည်။ နောက်တော့ စောင့်ဖတ်ရတော့မယ် ထင်သည်။)

  • surmi

    November 25, 2012 at 11:09 pm

    ကျုပ်လိုငတုံးကဖတ်ကြည် ့တော ့
    မိုးပြာကို ကြော်ငြာပေးနေတယ်လို ့မြင်တယ် ။
    မိုးပြာစာအုပ်တွေကို ပြည့်ပြည် ့စုံစုံ ကြော်ငြာထားတာပဲ
    ဒါနဲ ့……… ဘယ်မှာဝယ်လို ့ရလဲဟင် ?
    :harr:

  • kai

    November 26, 2012 at 8:01 am

    သံသယတွေများလွန်းနေပြီ… ထင်မိပါတယ်..

    ဆိုတော့…
    ဒီမိုကရေစီကို.. အလွဲသုံးစားလုပ်.. သူတပါးဝါဒရေးရာ..အတွေးအခေါ်ကို.. ကိုယ်နဲ့မတူတိုင်း..ထိခိုက်စော်ကား..
    ရေးသူပြောနေသူတွေဟာ.. သူတို့(မိုးပြာတို့)ရေးထားတဲ့စာအုပ်.. ထုတ်ပြန်ထားတဲ့.. ဝါဒရေးရာစာအုပ်.. တအုပ်ကိုမှ.. ပြီးအောင်သေချာမဖတ်ပဲ… မိုးပြောဂျိုးပြောနဲ့.. လေဖမ်းရမ်းအုပ်နေတယ်ပဲ.. ထင်မိတယ်..

    အာဟိ..အာဟိ… :kwi:

    • ဦးကြောင်ကြီး

      November 26, 2012 at 8:14 am

      ဖတ်စရာလားဗျ..ကိုယ့်ထေရဝါဒ အခြေခံစာပေတောင် တအုပ်ပြည့်အောင် မဖတ်ဖြစ်ဘူး။ မန်းဂဇက်သတင်းစာဆို ဟုတ်တုတ်တုတ်..။

    • myanmarcitizen

      November 26, 2012 at 5:22 pm

      “(မိုးပြာတို့)ရေးထားတဲ့စာအုပ်.. ထုတ်ပြန်ထားတဲ့.. ဝါဒရေးရာစာအုပ်.. တအုပ်ကိုမှ.. ပြီးအောင်သေချာမဖတ်ပဲ… မိုးပြောဂျိုးပြောနဲ့.. လေဖမ်းရမ်းအုပ်နေတယ်ပဲ.. ထင်မိတယ်.”

      သဂျီး မရှင်း မရှင်းမလုပ်နဲ့ ကိုဆာမိပြောသလို “ပို ့စ်ပိုင်ရှင်ကိုပြောတာလား ကော ့မန် ့ရေးသူတွေကိုပြောတာလား” ဆိုတာလေးလဲပြန်ဖြေပေးပါအုန်း

      မန့်မလို့ဟာ ဘယ်သူ့ကိုပြောမှန်းမသိပဲ အားနာစရာတွေဖြစ်မှာဆိုးလို့ မနက်ဖြန်မှပြန်လာကြည့်အုန်းမယ်

    • San Hla Gyi

      November 26, 2012 at 5:29 pm

      သူကြီးရေ
      မိုးပြာစာအုပ်တွေ ဖတ်ချင်ပေမယ့် မအားလို့ မဖတ်နိုင်ပါဘူး။ လေ့လာပါ ဆိုတော့လဲ ကျနော့်အနေနဲ့ လေ့လာလောက်စရာလို့ကို မမြင်ဘူး။ အဲဒါကြောင့်မို့ သူကြီးရဲ့ မိုးပြာဆရာတွေကို တွေ့ရင် သူတို့ရဲ့ အယူဝါဒကို မေးကြည့်ရတာပေါ့။ ဝေဖန်သူက လေဖမ်းရမ်းအုပ်တယ်ပဲ ထားပါအုံး။ သူကြီးရဲ့ မိုးပြာဆရာတွေကလဲ ဆောင်းပါးတိုင်းမှာ သူများဆီက ကူးယူဖော်ပြပါသည်။ ကိုယ်တိုင်ရေး မဟုတ်ပါလို့ တပ်ထားတာချည်းပဲ။ အဲဒါမှ တာဝန်ယူစရာ မလိုတော့သလို သူတို့ဝါဒကိုလည်း ပြောချင်တိုင်း ပြောပြီး တဘက်က ပြောမယ့်အကွက်ကို ပိတ်ပြီးသား ဖြစ်နေတာကိုး။ မေးလိုက်ရင်လည်း မိုးပြာဝါဒကို ရေးထားပြီး ဒီဝါဒအောက်တော့ အရောက်မခံပါဘူး ဆိုတာက ပါသေးတယ်။ အဓိကကတော့ မိုးပြာအယူဝါဒတွေကို တာဝန်ယူပြီး မဖြေချင်လို့ ခေါင်းရှောင်လိုက်တာ။
      အဲဒီတော့ သူကြီးက သူတို့ပြောထားတဲ့ ဝါဒရေးရာစာအုပ်တွေ သေသေချာချာ ဖတ်ပြီး တကယ်ကို ယုံကြည်ရင် သူကြီးချရေးလိုက်ပါ။ ကျနော်ကတော့ ကိုယ်တိုင် လာဆွေးနွေးပါမယ်။ ကတိတောင် ပေးနိုင်တယ်။ မရေးခင်တော့ သူကြီးလဲ တကယ် ယုံကြည်မှရေးပါ။ မိုးပြာဝါဒ အမှန်အကန်ပါဆိုတာ သူကြီးရဲ့ ဂိုဏ်းတူညီအကိုတွေဆီက ထောက်ခံချက်ပါရင် ပိုကောင်းပါတယ်။
      ကျနော်က အမှန်တော့ ကိုယ့်ကိုကိုယ် မိုးပြာဆရာပါလို့ ရင်ကော့ပြီး ဆောင်းပါးရေးရဲတဲ့လူကို တကယ်ကို တွေ့ချင်တာ။ ကျနော် မသိတာတွေ မေးစရာ အများကြီး ရှိနေလို့။ ကိုယ်တိုင်ရေးပို့စ်တော့ ဖြစ်ရမယ်နော်။ တချို့က ကျနော်မိုးပြာလို့ ပြောပေမယ့် ပို့စ်တပုဒ်မှ မတင်တော့ သူ့မှာ ဘာမှတာဝန်မရှိဘူး။ အဲဒီလို လူမျိုးလည်း မတွေ့ချင်ဘူး သူကြီးရေ။ တကယ်ကို့ မိုးပြာဆရာ အစစ်အမှန်နဲ့ကို တွေ့ချင်တာ။ စီစဉ်နိုင်ရင် စီစဉ်ပေးပါဗျာ။ ကျနော့် ထုံးစံအတိုင်း ချဲလင့်ခ် လုပ်ပါတယ်လို့။ အဲဒါလေး ပြောထားချင်ပါတယ်နော။(ကောလိပ်ဂျင်နေဝင်းလေသံ)
      ကျနော် အခုပြောတာတွေက တကယ့်ကို ယုံကြည်လို့ ပြောတာ သူကြီးရေ။ ကျနော့်စကားကို ကျနော် တာဝန်ယူပါတယ်။

  • surmi

    November 26, 2012 at 9:10 am

    သဂျီးမင်းခင်ဗျ
    ပို ့စ်ပိုင်ရှင်ကိုပြောတာလား ကော ့မန် ့ရေးသူတွေကိုပြောတာလာခင်ဗျ
    လိုအပ်တာထက်ပိုပြီး ရွာဆူရင်လည်း အစွန်းရောက်သွားနိုင်ပါတယ်ခင်ဗျ ။

    • San Hla Gyi

      November 26, 2012 at 9:18 pm

      ကိုဆာမိကလဲ ရေးတာပဲ ကြာလှပြီ။ သူကြီးအကြောင်း မသိတာ ကျနေတာပဲ။ တစိမ်းဆန်လိုက်တာ။ သူကြီးက အဲဒီလို မထိတထိ ပြောတာလောက်တော့ ခေါင်းထဲ ထည့်မနေနဲ့။ သူလဲ လစ်ဘရယ် ဒီမိုဆိုပြီး မလိုတမျိုး လိုတမျိုး လုပ်တတ်တာပဲဟာကို။ အဲဒီတော့ သူပြောတာကို ပြောချင်ရင် ပြန်ပြောလိုက်။ မပြောချင်ရင် စဉ်းစားမနေနဲ့။ ကိုယ်လုပ်ချင်တာကို ကိုယ့်အကြောင်းပြချက်နဲ့လုပ်။ ကိုယ့်ဇတ်ကိုယ် နိုင်ပစေပေါ့။
      လစ်ဘရယ် ဒီမိုဆိုတာ ဒီလိုဗျ။ ကိုယ်ကပြောချင်ရင် ဒါ ပုဂ္ဂိုလ်ရေး မဟုတ်ဘူး။ မူကိုဝေဖန်တာ။ သူများက ကိုယ့်ကိုပြောရင် ဥပဒေကို လက်တလုံးကြားလုပ်သူ ဘာညာပေါ့။ လိုအပ်ရင် ဖျက်ပစ်လိုက်။ ဒါ လစ်ဘရယ် ဒီမိုဝါဒအရဆိုပြီးပေါ့။
      အခု ပြောနေတာတွေဟာ real life ကိုဝေဖန်တာ မဟုတ်ပါဘူး။ ဂေဇက်မှာ ပြုမူလုပ်ရှားနေတဲ့ virtual life ကိုဝေဖန်တာ ဖြစ်ပါတယ်။ ကျနော် စကားပြော လောသွားလို့ နောက်ကျမှ ပြန်ရှင်းတာပါ။

  • ဦးဦးပါလေရာ

    November 26, 2012 at 2:30 pm

    ဘာမှ ဝင်မပြောရဲပါဘူး..
    ပိုစ့်ထဲပါတဲ့ မိုးပြာစာအုပ်လေးတွေရရင်တော့ ဖတ်ချင်တယ်…။
    ဘယ်မိုးပြာကိုယ်တော်ကများ ဓမ္မဒါနပြုမလဲလို့ စောင့်မျှော်နေပါကြောင်း….။

    • မောင်ဘလိူင်

      November 27, 2012 at 11:47 am

      မိုးပြာ ကိုယ်တော်တော့ မဟုတ်ဘူး ဦးဦးပါ ရေ..
      စာအုပ်လေး တစ်ချို့တော့ ရှာပေးလိုက်မယ်..
      ဦးဉာဏ ရေးတဲ့ဟာ တစ်ချို့ပေါ့..။
      “http://www.dhammaviharri.org/EBooks”
      “http://www.dhammaviharri.org/EBooks/Nyana%20files/”

Leave a Reply