အဘဖောရဲ့စဉ်းစားကြစေလိုပါတယ် (၄၂)လက်ပံတောင်း

ဖတ်ပြီးအဘဖောလိုပဲဒီစာကိုရေးချင်လာလို့ရေးလိုက်ပါတယ်

အဘဖောစာဖတ်ပြီးအတွေးများပြီးစာရေးချင်နေတုန်း

eleven ကကိုသန်းထွဋ်အောင်    ရေးတဲ့ပြောပြချင်ပါတယ်(၈)ကိုဖတ်လိုက်မိပါတယ်

သန်းထွဋ်အောင်   ရဲ့ပြောပြချင်ပါတယ်အကုန်လောက်နီးပါးဖတ်းဖူးပြီးအကြိုက်ချင်းလည်းတူညီမှုရှိတာကိုပထမပြောချင်ပါတယ်

ဒါကြောင့်အခုလည်းပြောပြချင်ပါတယ် ၈ ထဲကစာပိုဒ်အချို့ကိုcopy past လုပ်ပြီးအရင်ဖော်ပြလိုက်ပါတယ်

 

♦ လက်ပံတောင်းတောင်အတွက်ရတဲ့ ပွဲခလို့နားလည်ထားတဲ့ ဒေါ်လာသန်း ၁၀၀၊

♦ ၀မ်ပေါင်ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာသန်း ၁၀၀၀၊

♦ လက်ပံတောင်းတောင် ကြေးနီသိုက် ခန့်မှန်းတန်ဖိုးက ဒေါ်လာ ၄၆ ဘီလျံ။

♦ ဒေသခံတွေအတွက် ကုမ္ပဏီမှ လျာထားတာ ဒေါ်လာ ၁ဒသမ၂ သန်း၊

♦ လယ်သမားတို့ရတဲ့တစ်ဧက လျော်ကြေးနှုန်းက ဒေါ်လာ ၆၀၀၊

♦ ဦးပိုင်က နိုင်ငံပိုင်ကနေ ဘယ်လို လွှဲယူခဲ့တာလဲ၊

♦ အကျိုးအမြတ်ဘယ်လို ခွဲဝေနေတာ၊

♦ အခွန်ဘယ်လိုဆောင်ထားတာတွေ မသိရဘူး။

ဒီကိန်းဂဏန်းတွေက ပြဆိုနေတာက နိုင်ငံအတွက် မမျှတဘူး။ ပြည်သူအတွက် မမျှတဘူး။ ဒီတော့ ဘယ်လိုရှင်းကြမှာလဲ။ ”ရပ်” ဆိုတာတစ်ခုတည်းနဲ့ တရုတ်နဲ့ မြန်မာဆက်ဆံ ရေး ဘယ်လိုဆက်လုပ်မလဲ။ နိုင်ငံတကာဆက်ဆံရေးကော၊ ကချင်၊ ၀ ပြဿနာအရှည်ကြီးစဉ်းစားရမှာပါ။

အရင်အစိုးရလက်ထက်မှာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး စီးပွားရေးအရ တိုင်းပြည်ကို အထူးနစ်နာစေတဲ့ (ကြွေးမြီတင်စေခဲ့တဲ့) ၀န်ကြီးဌာနတွေက စက်မှု(၁)၊ စက်မှု(၂)၊ လျှပ်စစ်(၁)၊ သတ္ထုတွင်း၊ စွမ်းအင်တို့ပဲဖြစ်ပါတယ်။ အဲဒီကလာတဲ့ နောက်ဆက်တွဲနစ်နာမှုတွေ ခုထိမရှင်းနိုင်သေးပါဘူး။ ပြီးတာတွေ ပြီးပါစေတော့ဆိုသည့်တိုင် မပြီးနိုင်သေးတာက သူတို့ကို မှီခိုပြီး ပေါက်ဖွားလာတဲ့ ခရိုနီတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဆက်စပ်မှုပါပဲ။  တစ်သက်လုံးအညွန့်ခူး၊ အခွင့်ထူးခံယူ၊ အခွန်လုံးဝမဆောင်ဘဲ အခုအစိုးရ ခေတ်မှာလည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ပြီး စီမံကိန်း (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်ဆောင်ပြီး ဖြစ်ကြောင်းငွေဖြူမပြရုံသာမက၊တင်သွင်းလာတဲ့ စက်ပစ္စည်းတွေအတွက် အခွန်လည်းမပေးရ၊ ၀င်ငွေခွန်လည်း ငါးနှစ်သက်သာခွင့်ရနိုင်တဲ့ အခွင့်အရေးလည်းရတယ်။ ဘယ်လောက်မမျှတပါသလဲ၊  တိုင်းပြည်ကို ဘယ်လောက်နစ်နာစေပါသလဲ။

ကျွန်တော်တို့လိုချင်တာက ခရိုနီတွေ အခွန်မှန်မှန်ဆောင်ဖို့ အဓိကပါ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဆီက သတင်းတွေ အတိအကျလိုချင်ပါတယ်။ စာချုပ်တွေ၊ အချက်အလက်တွေ(အတိအကျ)၊ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်အားလုံး၊ သူတို့ရဲ့မိသားစုတွေ လုပ်ကိုင်တဲ့လုပ်ငန်းတွေကို သမ္မတတစ်ဦးတည်းမဟုတ်ဘဲ တစ်ပြည်လုံးသိသင့်ပါတယ်။ မင်းကြီးတာကို စမပိတ်ရင် မရပါဘူး။ အစိုးရအစဉ်အဆက်ဆက်နဲ့ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး၂၀၀လောက်ပဲ ရှိပါတယ်။ သူတို့ကို စံနမူနာပြ အခွန်ကောက်ရပါမယ်။

တကယ်တော့ ဒီမိုကရေစီနိုင်ငံမှာ အသက်က ကျောသားရင်သားမခွဲဘဲ အခွန်ကိုတစ်ပြေးညီကောက်ခြင်းပါပဲ။ အခွန်ကောက်ခံခြင်းဟာ ဓနခွဲ ဝေခြင်း(Wealth Distribution)ပါ။ ရတဲ့အခွန်ကို ပြည်သူ့တာဝန်ခံတဲ့ လွှတ်တော်နဲ့ အစိုးရက ပြည်သူအတွက် မှန်မှန်ကန်ကန်ခွဲဝေသုံးစွဲရင် ဒါဟာဆင်းရဲချမ်းသာကွာဟမှုကို ထိန်းကျောင်းတာပါ။မြန်မာနိုင်ငံမှာ ရသင့် ရထိုက်တဲ့ အခွန်ရဲ့ဆယ်ရာခိုင်နှုန်းအောက်ပဲ ရရှိနေပါတယ်။ အခုတလောနာမည်ကြီးတဲ့ လောင်စာဆီမှောင်ခိုတင်သွင်းမှုလို ကိစ္စမျိုးကို အစိုးရက ထိထိရောက်ရောက် မဖော်ထုတ်ဘူး၊ ဥပဒေနဲ့အညီ ထိရောက်စွာအရေးမယူဘူးဆိုရင် ကျန်တဲ့အခွန်ထမ်းပြည်သူတွေက ဘာပြောကြမလဲ။

သြဇာတိက္ကမရှိတဲ့၊ ပြည်သူတွေနှစ်သက်တဲ့ ခေါင်းဆောင်တွေအနားကို အရည်အချင်းမရှိတဲ့သူတွေ၊ မြှောက်ပင့်စားတတ်သူတွေ၊ အခွင့်အရေးလိုချင်သူတွေ ချဉ်းကပ်လာတတ်တာဟာ လောကနိယာမပါ။ အကြံပေးကောင်စီမှာပါတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေပဲ လုပ်ငန်းတွေတိုးချဲ့၊ အကြံပေးအဖွဲ့တွေ၊ အနီးအနားရှိသူတွေရဲ့ ဇနီး၊ ဆွေမျိုးတွေက နေရာကောင်းတွေရထား။ ခေတ်အဆက်ဆက်က ခရိုနီတွေကိုပဲ  အမေရိကန်၊ ဂျပန်၊ ကိုရီးယားလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ထောက်ခံပေး။ ဒီသတင်းတွေကြားရတာ မသင့်လျော်ပါဘူး။

ဒီမိုကရေစီအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကတော့ အားလုံးညီညွတ်စွာ ပေါင်းလုပ်ကြရမှာပါ။ ဒါပေမယ့် ဆင်းရဲချမ်းသာကွာဟမှုနည်းတဲ့ လူလတ်တန်းစားအလွှာကျယ်ပြန့်တဲ့ ဒီမိုကရေစီစီးပွားရေးစနစ်ကို ထူထောင်ပေးနိုင်သူကတော့ သမ္မတကြီးပါပဲ။ မင်းကြီးတာကိုတော့ လုံအောင်ပိတ်ပေးပါ။

 

ဒေါက်တာသန်းထွဋ်အောင်   ရဲ့ပြောပြချင်ပါတယ်နဲ့အဘဖောရဲ့လက်ပံတောင်းကရည်ရွယ်ချက်ချင်းတူနေတာကိုတွေ့လိုက်ရပါတယ်

တင်ပြပုံ ချဉ်းကပ်ပုံတွေကကွာတာတော့ရှိတယ်ပေါ့

 

အန်ကယ်ကလည်းရေးချင်ပြောချင်စိတ်သာရှိတာအဘဖောလိုကိုသန်းထွဋ်အောင် တို့လိုလိမ့်ပတ်လည်အောင်အချက်နဲ့အလက်နဲ့ကသိပ်မပြောတတ်

အန်ကယ်ပြောချင်တာစပါပြီ

 

မြစ်ဆုံစီမံကိန်းကအကျိုးအမြတ်ရမယ် မြန်မာနိုင်ငံကိုလည်းပိုပေးမယ်ဆိုလည်းမလုပ်သင့်တဲ့စီမံကိန်းရှင်းပါတယ်

 

အခုလက်ပံတောင်းစီမံကိန်းကရပ်သင့်တယ်လုပ်သင့်တယ်နဲ့ငြင်းနေကြတာ

အန်ကယ်တဦးတည်ဆန္ဒနဲ့ပြောပါဆိုဆက်လုပ်သင့်တဲ့စီမံကိန်းပါ

ဆက်လုပ်ဆိုတာလည်းဒေါက်တာသန်းထွဋ်အောင်ပြောသလို

ထင်သာမြင်သာရှိဖို့အရေးကြီးသလိုနိုင်ငံအတွက်တကယ်ကိုအကျိုးရှိဖို့အရေးကြီးပါတယ်

နိုင်ငံအကျိုးမရှိပဲအခြားအခြားများ တနည်းခရိုနီများအကျိုးရှိသွားမယ့်ကိစ္စဆိုရင်တော့မဖြစ်မနေတားပြီး

နိုင်ငံအကျိုးအတွက်ပြန်လုပ်ကြရမှာဖြစ်ပါတယ်

လက်ပံတောင်းကသဘာဝပတ်ဝန်းကျင်ပျက်တယ်ဘယ်လိုပြောပြော

အခုခေတ်မှာထုတ်လုပ်မှုလုပ်ငန်းစဉ်ကအများကြီးကောင်းလာပါပြီ

ကောင်းလာတဲ့ထုတ်လုပ်မှုလုပ်ငန်းတွေလုပ်ရင်အရင်းအနှီးကပိုလိုလာပြီးပိုအကုန်အကျများလာပါမယ်

များလာပေမဲ့လိုအပ်တဲ့လုပ်ငန်းစဉ်တွေမို့လို့လုပ်ကိုလုပ်ရပါမယ်

အရင်းနည်းနည်းနဲ့ငွေရပြီးရောပတ်ဝန်းကျင်ဂရုမစိုက်ငွေထုတ်ပိုက်ပြီးပြန်သွားတဲ့အဖွဲ့အစည်းမျိုးမဖြစ်ဖို့အရေးကြီးပါတယ်

နောက်ဆုံးကျန်ခဲ့မှာကကိုယ့်နိုင်ငံတွင်းမှာလေ

ကျွန်တော်တို့ဆီမှာကဦးပေါက်ပြောသလိုလွှတ်ချစရာတွေကများပေမဲ့ကိုင်ထားကြတာတွေများနေတာကြောင့်

မဖြစ်သင့်တာတွေဖြစ်နေတယ်လို့မြင်ပါတယ်

နိုင်ငံတနိုင်ငံရပ်တည်ဖို့ဆိုတာနိုင်ငံဝင်ငွေကောင်းဖို့လိုပါတယ်

ကျွန်တော်တို့ဆီမှာအခုမှအစကစနေရတာဆိုတော့နိုင်ငံရဲ့ဝင်ငွေကိုရသမျှစုနေရချိန်ဖြစ်ပါတယ်

စိုက်ပျိုးရေးကလည်းသိကြတဲ့အတိုင်းသုတေသနမရှိနည်းပညာမရှိနဲ့အခုချက်ချင်းစိုက်အခုချက်ချင်းဝင်ငွေရဖို့မလွယ်ပါဖူး

သူများနိုင်ငံတွေနဲ့ယှဉ်ရင်အောက်ကျေးနဲ့ရောင်းရတာပါ

ရွှေနဲ့ကျောက်တွေဆိုတာလည်းတူးနေလိုက်ကြတာသဘာဝပတ်ဝန်းကျင်ဆိုတာအဲဒီဘက်မှာပိုဆိုးပိုပျက်နေတာလူတိုင်းအသိ

အခုကိုအရှိန်လျော့လုပ်ဖို့ပြင်နေကြရပြီ

သစ်ဆိုတာလည်းစာရင်းထဲရှိတာကိုကအတော်နည်းနေပြီသစ်ထုတ်ဖို့ထက်ထိမ်းသိမ်းဖို့ကပိုအရေးကြီးနေပြီ

 

စက်မှုထုတ်ကုန်ဆိုတာလည်းသိကြတဲ့အတိုင်းလိမ်တဲ့သူတွေကလည်းဗြောင်လိမ်တယ်

အလိမ်ခံတဲ့သူတွေကလည်းလိမ်မှန်းသိသိကြီးနဲ့ကျေကျေနပ်နပ်ကြီးအလိမ်ခံနေလိုက်ကြတာအခုဆိုဘယ်မှာလည်းထုတ်လုပ်မှု

 

သတ္တုသိုက်ဆိုတာနိုင်ငံတိုင်းမထွက်ပါဖူး

ထွက်တဲ့နေရာမှထွက်တာပါအခုကိုသတ္တုထွက်တဲ့နိုင်ငံတွေကမ္ဘာမှာမျက်နှာပွင့်လှပေါ့

ဘာမဟုတ်တဲ့ပင်လယ်ထဲကပေ၂၀၀ပတ်လည်လောက်မြေကလေးကိုတောင်လုနေကြတာ

ကိုယ်တွေဆီမှာရှိတာကိုနိုင်ငံအတွက်တကယ်အကျိုးရှိအောင်ထုတ်လုပ်နိုင်ရင်ထုတ်လုပ်ဖို့ရှိပါတယ်

သတ္တုထုတ်တာနဲ့သစ်အလုံးလိုက်ရောင်းစားတာဘယ်အမျိုးအစားကပိုပြီးသဘာဝပတ်ဝန်းကျင်ကိုပျက်စေမလဲ

မြစ်ဆုံလိုကိုယ်လည်းမသုံးရ သူများသုံးဖို့ကိုယ့်ပတ်ဝန်းကျင်အပျက်ခံပြီးငွေရအောင်လုပ်တဲ့လုပ်ငန်းမျိုးမဖြစ်ဖို့

အရေးကြီးတယ်လို့မြင်ပါတယ်

 

ကမ္ဘာမှာအနုမြူမကောင်းဖူးမလုံခြုံဖူးပတ်ဝန်းကျင်ဘာဖြစ်တယ်ညာဖြစ်တယ်

ဘယ်လိုပြောပြောလိုအပ်မှုအရအနုမြူဓါတ်အားပေးရုံတွေတည်နေကြရတယ်မဟုတ်လား

အဓိက ကထုတ်လုပ်မှုနည်းစဉ်ပါ

မြန်မာမှာကထုတ်လုပ်မှုနည်းစဉ်တွေကိုကျော်လွှားပြီငွေပိုရဖို့လုပ်နေကြလို့ပတ်ဝန်းကျင်ပျက်စီးမှုတွေပိုဖြစ်နေတာပါ

အခုကထင်သာမြင်သာရှိလာပြီဖြစ်တဲ့အတွက်နိုင်ငံရဲ့ရေမြေသဘာဝကိုအတတ်နိုင်ဆုံးကာကွယ်ကြရပါမယ်

အဲဒါနဲ့တပြိုင်တည်းနိုင်ငံရဲ့ဝင်ငွေရလမ်းများကိုလည်းဖန်တီးနိုင်ရပါမယ်

အနိမ့်ဆုံးလမ်းဘေးဈေးသည်ကို နောက်ဆုံးဥပမာပေးပါမယ်

လမ်းဘေးဈေးရောင်းဖို့ကိုသူ့မှာဈေးရင်းဖို့ငွေကလေးတော့နည်းနည်းရှိရပါမယ်

ဒါမှသူ့ဝမ်းရေးအတွက်အမြတ်ငွေရမှာဖြစ်ပါတယ်

ဆိုချင်တာကအရင်းလိုပါတယ်

အန်ကယ်ကြီးတို့နိုင်ငံမှာလည်းဝင်ငွေရဖို့နည်းနည်းတော့ရင်းရပါမယ်

အရင်းနည်းနည်းနဲ့အမြတ်များများဖြစ်ဖို့တော့လိုပါတယ်

အဲဒီအမြတ်ကလည်းခရိုနီတွေအတွက်မဟုတ်ပဲ

နိုင်ငံအတွက်တကယ်ဖြစ်ဖို့လိုပါတယ်

 

ကဲဆက်လျှောက်မလား ရပ်မလား

 

 

 

 

 

About uncle gyi

uncle gyi has written 17 post in this Website..