ဆက်လျှောက်မလား ရပ်မလား

uncle gyiNovember 26, 20121min37443

အဘဖောရဲ့စဉ်းစားကြစေလိုပါတယ် (၄၂)လက်ပံတောင်း

ဖတ်ပြီးအဘဖောလိုပဲဒီစာကိုရေးချင်လာလို့ရေးလိုက်ပါတယ်

အဘဖောစာဖတ်ပြိီးအတွေးများပြီးစာရေးချင်နေတုန်း

eleven ကကိုသန်းထွဋ်အောင်    ရေးတဲ့ပြောပြချင်ပါတယ်(၈)ကိုဖတ်လိုက်မိပါတယ်

သန်းထွဋ်အောင်   ရဲ့ပြောပြချင်ပါတယ်အကုန်လောက်နီးပါးဖတ်းဖူးပြီးအကြိုက်ချင်းလည်းတူညီမှုရှိတာကိုပထမပြောချင်ပါတယ်

ဒါကြောင့်အခုလည်းပြောပြချင်ပါတယ် ၈ ထဲကစာပိုဒ်အချို့ကိုcopy past လုပ်ပြီးအရင်ဖော်ပြလိုက်ပါတယ်

 

♦ လက်ပံတောင်းတောင်အတွက်ရတဲ့ ပွဲခလို့နားလည်ထားတဲ့ ဒေါ်လာသန်း ၁၀၀၊

♦ ဝမ်ပေါင်ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာသန်း ၁၀၀၀၊

♦ လက်ပံတောင်းတောင် ကြေးနီသိုက် ခန့်မှန်းတန်ဖိုးက ဒေါ်လာ ၄၆ ဘီလျံ။

♦ ဒေသခံတွေအတွက် ကုမ္ပဏီမှ လျာထားတာ ဒေါ်လာ ၁ဒသမ၂ သန်း၊

♦ လယ်သမားတို့ရတဲ့တစ်ဧက လျော်ကြေးနှုန်းက ဒေါ်လာ ၆၀၀၊

♦ ဦးပိုင်က နိုင်ငံပိုင်ကနေ ဘယ်လို လွှဲယူခဲ့တာလဲ၊

♦ အကျိုးအမြတ်ဘယ်လို ခွဲဝေနေတာ၊

♦ အခွန်ဘယ်လိုဆောင်ထားတာတွေ မသိရဘူး။

ဒီကိန်းဂဏန်းတွေက ပြဆိုနေတာက နိုင်ငံအတွက် မမျှတဘူး။ ပြည်သူအတွက် မမျှတဘူး။ ဒီတော့ ဘယ်လိုရှင်းကြမှာလဲ။ ”ရပ်” ဆိုတာတစ်ခုတည်းနဲ့ တရုတ်နဲ့ မြန်မာဆက်ဆံ ရေး ဘယ်လိုဆက်လုပ်မလဲ။ နိုင်ငံတကာဆက်ဆံရေးကော၊ ကချင်၊ ဝ ပြဿနာအရှည်ကြီးစဉ်းစားရမှာပါ။

အရင်အစိုးရလက်ထက်မှာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး စီးပွားရေးအရ တိုင်းပြည်ကို အထူးနစ်နာစေတဲ့ (ကြွေးမြီတင်စေခဲ့တဲ့) ဝန်ကြီးဌာနတွေက စက်မှု(၁)၊ စက်မှု(၂)၊ လျှပ်စစ်(၁)၊ သတ္ထုတွင်း၊ စွမ်းအင်တို့ပဲဖြစ်ပါတယ်။ အဲဒီကလာတဲ့ နောက်ဆက်တွဲနစ်နာမှုတွေ ခုထိမရှင်းနိုင်သေးပါဘူး။ ပြီးတာတွေ ပြီးပါစေတော့ဆိုသည့်တိုင် မပြီးနိုင်သေးတာက သူတို့ကို မှီခိုပြီး ပေါက်ဖွားလာတဲ့ ခရိုနီတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဆက်စပ်မှုပါပဲ။  တစ်သက်လုံးအညွန့်ခူး၊ အခွင့်ထူးခံယူ၊ အခွန်လုံးဝမဆောင်ဘဲ အခုအစိုးရ ခေတ်မှာလည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ပြီး စီမံကိန်း (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်ဆောင်ပြီး ဖြစ်ကြောင်းငွေဖြူမပြရုံသာမက၊တင်သွင်းလာတဲ့ စက်ပစ္စည်းတွေအတွက် အခွန်လည်းမပေးရ၊ ဝင်ငွေခွန်လည်း ငါးနှစ်သက်သာခွင့်ရနိုင်တဲ့ အခွင့်အရေးလည်းရတယ်။ ဘယ်လောက်မမျှတပါသလဲ၊  တိုင်းပြည်ကို ဘယ်လောက်နစ်နာစေပါသလဲ။

ကျွန်တော်တို့လိုချင်တာက ခရိုနီတွေ အခွန်မှန်မှန်ဆောင်ဖို့ အဓိကပါ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဆီက သတင်းတွေ အတိအကျလိုချင်ပါတယ်။ စာချုပ်တွေ၊ အချက်အလက်တွေ(အတိအကျ)၊ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်အားလုံး၊ သူတို့ရဲ့မိသားစုတွေ လုပ်ကိုင်တဲ့လုပ်ငန်းတွေကို သမ္မတတစ်ဦးတည်းမဟုတ်ဘဲ တစ်ပြည်လုံးသိသင့်ပါတယ်။ မင်းကြီးတာကို စမပိတ်ရင် မရပါဘူး။ အစိုးရအစဉ်အဆက်ဆက်နဲ့ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး၂၀ဝလောက်ပဲ ရှိပါတယ်။ သူတို့ကို စံနမူနာပြ အခွန်ကောက်ရပါမယ်။

တကယ်တော့ ဒီမိုကရေစီနိုင်ငံမှာ အသက်က ကျောသားရင်သားမခွဲဘဲ အခွန်ကိုတစ်ပြေးညီကောက်ခြင်းပါပဲ။ အခွန်ကောက်ခံခြင်းဟာ ဓနခွဲ ဝေခြင်း(Wealth Distribution)ပါ။ ရတဲ့အခွန်ကို ပြည်သူ့တာဝန်ခံတဲ့ လွှတ်တော်နဲ့ အစိုးရက ပြည်သူအတွက် မှန်မှန်ကန်ကန်ခွဲဝေသုံးစွဲရင် ဒါဟာဆင်းရဲချမ်းသာကွာဟမှုကို ထိန်းကျောင်းတာပါ။မြန်မာနိုင်ငံမှာ ရသင့် ရထိုက်တဲ့ အခွန်ရဲ့ဆယ်ရာခိုင်နှုန်းအောက်ပဲ ရရှိနေပါတယ်။ အခုတလောနာမည်ကြီးတဲ့ လောင်စာဆီမှောင်ခိုတင်သွင်းမှုလို ကိစ္စမျိုးကို အစိုးရက ထိထိရောက်ရောက် မဖော်ထုတ်ဘူး၊ ဥပဒေနဲ့အညီ ထိရောက်စွာအရေးမယူဘူးဆိုရင် ကျန်တဲ့အခွန်ထမ်းပြည်သူတွေက ဘာပြောကြမလဲ။

ဩဇာတိက္ကမရှိတဲ့၊ ပြည်သူတွေနှစ်သက်တဲ့ ခေါင်းဆောင်တွေအနားကို အရည်အချင်းမရှိတဲ့သူတွေ၊ မြှောက်ပင့်စားတတ်သူတွေ၊ အခွင့်အရေးလိုချင်သူတွေ ချဉ်းကပ်လာတတ်တာဟာ လောကနိယာမပါ။ အကြံပေးကောင်စီမှာပါတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေပဲ လုပ်ငန်းတွေတိုးချဲ့၊ အကြံပေးအဖွဲ့တွေ၊ အနီးအနားရှိသူတွေရဲ့ ဇနီး၊ ဆွေမျိုးတွေက နေရာကောင်းတွေရထား။ ခေတ်အဆက်ဆက်က ခရိုနီတွေကိုပဲ  အမေရိကန်၊ ဂျပန်၊ ကိုရီးယားလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ထောက်ခံပေး။ ဒီသတင်းတွေကြားရတာ မသင့်လျော်ပါဘူး။

ဒီမိုကရေစီအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကတော့ အားလုံးညီညွတ်စွာ ပေါင်းလုပ်ကြရမှာပါ။ ဒါပေမယ့် ဆင်းရဲချမ်းသာကွာဟမှုနည်းတဲ့ လူလတ်တန်းစားအလွှာကျယ်ပြန့်တဲ့ ဒီမိုကရေစီစီးပွားရေးစနစ်ကို ထူထောင်ပေးနိုင်သူကတော့ သမ္မတကြီးပါပဲ။ မင်းကြီးတာကိုတော့ လုံအောင်ပိတ်ပေးပါ။

 

ဒေါက်တာသန်းထွဋ်အောင်   ရဲ့ပြောပြချင်ပါတယ်နဲ့အဘဖောရဲ့လက်ပံတောင်းကရည်ရွယ်ချက်ချင်းတူနေတာကိုုတွေ့လိုက်ရပါတယ်

တင်ပြပုံ ချဉ်းကပ်ပုံတွေကကွာတာတော့ရှိတယ်ပေါ့

 

အန်ကယ်ကလည်းရေးချင်ပြောချင်စိတ်သာရှိတာအဘဖောလိုကိုသန်းထွဋ်အောင် တို့လိုလိမ့်ပတ်လည်အောင်အချက်နဲ့အလက်နဲ့ကသိပ်မပြောတတ်

အန်ကယ်ပြောချင်တာစပါပြီ

 

မြစ်ဆုံစီမံကိန်းကအကျိုးအမြတ်ရမယ် မြန်မာနိုင်ငံကိုလည်းပိုပေးမယ်ဆိုလည်းမလုပ်သင့်တဲ့စီမံကိန်းရှင်းပါတယ်

 

အခုလက်ပံတောင်းစီမံကိန်းကရပ်သင့်တယ်လုပ်သင့်တယ်နဲ့ငြင်းနေကြတာ

အန်ကယ်တဦးတည်ဆန္ဒနဲ့ပြောပါဆိုဆက်လုပ်သင့်တဲ့စီမံကိန်းပါ

ဆက်လုပ်ဆိုတာလည်းဒေါက်တာသန်းထွဋ်အောင်ပြောသလို

ထင်သာမြင်သာရှိဖို့အရေးကြီးသလိုနိုင်ငံအတွက်တကယ်ကိုအကျိုးရှိဖို့အရေးကြီးပါတယ်

နိုင်ငံအကျိုးမရှိပဲအခြားအခြားများ တနည်းခရိုနီများအကျိုးရှိသွားမယ့်ကိစ္စဆိုရင်တော့မဖြစ်မနေတားပြီး

နိုင်ငံအကျိုးအတွက်ပြန်လုပ်ကြရမှာဖြစ်ပါတယ်

လက်ပံတောင်းကသဘာဝပတ်ဝန်းကျင်ပျက်တယ်ဘယ်လိုပြောပြော

အခုခေတ်မှာထုတ်လုပ်မှုလုပ်ငန်းစဉ်ကအများကြီးကောင်းလာပါပြီ

ကောင်းလာတဲ့ထုတ်လုပ်မှုလုပ်ငန်းတွေလုပ်ရင်အရင်းအနှီးကပိုလိုလာပြီးပိုအကုန်အကျများလာပါမယ်

များလာပေမဲ့လိုအပ်တဲ့လုပ်ငန်းစဉ်တွေမို့လိို့လုပ်ကိုလုပ်ရပါမယ်

အရင်းနည်းနည်းနဲ့ငွေရပြီးရောပတ်ဝန်းကျင်ဂရုမစိုက်ငွေထုတ်ပိုက်ပြီးပြန်သွားတဲ့အဖွဲ့အစည်းမျိုးမဖြစ်ဖို့အရေးကြီးပါတယ်

နောက်ဆုံးကျန်ခဲ့မှာကကိုယ့်နိုင်ငံတွင်းမှာလေ

ကျွန်တော်တို့ဆီမှာကဦးပေါက်ပြောသလိုလွှတ်ချစရာတွေကများပေမဲ့ကိုင်ထားကြတာတွေများနေတာကြောင့်

မဖြစ်သင့်တာတွေဖြစ်နေတယ်လို့မြင်ပါတယ်

နိုင်ငံတနိုင်ငံရပ်တည်ဖို့ဆိုတာနိုင်ငံဝင်ငွေကောင်းဖို့လိုပါတယ်

ကျွန်တော်တို့ဆီမှာအခုမှအစကစနေရတာဆိုတော့နိုင်ငံရဲ့ဝင်ငွေကိုရသမျှစုနေရချိန်ဖြစ်ပါတယ်

စိုက်ပျိုးရေးကလည်းသိကြတဲ့အတိုင်းသုတေသနမရှိနည်းပညာမရှိနဲ့အခုချက်ချင်းစိုက်အခုချက်ချင်းဝင်ငွေရဖို့မလွယ်ပါဖူး

သူများနိုင်ငံတွေနဲ့ယှဉ်ရင်အောက်ကျေးနဲ့ရောင်းရတာပါ

ရွှေနဲ့ကျောက်တွေဆိုတာလည်းတူးနေလိုက်ကြတာသဘာဝပတ်ဝန်းကျင်ဆိုတာအဲဒီဘက်မှာပိုဆိုးပိုပျက်နေတာလူတိုင်းအသ်ိ

အခုကိုအရှိန်လျော့လုပ်ဖို့ပြင်နေကြရပြီ

သစ်ဆိုတာလည်းစာရင်းထဲရှိတာကိုကအတော်နည်းနေပြီသစ်ထုတ်ဖို့ထက်ထိမ်းသိမ်းဖို့ကပိုအရေးကြီးနေပြီ

 

စက်မှုထုတ်ကုန်ဆိုတာလည်းသိကြတဲ့အတိုင်းလိမ်တဲ့သူတွေကလည်းဗြောင်လိမ်တယ်

အလိမ်ခံတဲ့သူတွေကလည်းလိမ်မှန်းသိသိကြီးနဲ့ကျေကျေနပ်နပ်ကြီးအလိမ်ခံနေလို်က်ကြတာအခုဆိုဘယ်မှာလည်းထုတ်လုပ်မှု

 

သတ္တုသိုက်ဆိုတာနိုင်ငံတိုင်းမထွက်ပါဖူး

ထွက်တဲ့နေရာမှထွက်တာပါအခုကိုသတ္တုထွက်တဲ့နိုင်ငံတွေကမ္ဘာမှာမျက်နှာပွင့်လှပေါ့

ဘာမဟုတ်တဲ့ပင်လယ်ထဲကပေ၂၀ဝပတ်လည်လောက်မြေကလေးကိုတောင်လုနေကြတာ

ကိုယ်တွေဆီမှာရှိတာကိုနိုင်ငံအတွက်တကယ်အကျိုးရှိအောင်ထုတ်လုပ်နိုင်ရင်ထုတ်လုပ်ဖို့ရှိပါတယ်

သတ္တုထုတ်တာနဲ့သစ်အလုံးလိုက်ရောင်းစားတာဘယ်အမျိုးအစားကပိုပြီးသဘာဝပတ်ဝန်းကျင်ကိုပျက်စေမလဲ

မြစ်ဆုံလိုကိုယ်လည်းမသုံးရ သူများသုံးဖို့ကိုယ့်ပတ်ဝန်းကျင်အပျက်ခံပြီးငွေရအောင်လုပ်တဲ့လုပ်ငန်းမျိုးမဖြစ်ဖို့

အရေးကြီးတယ်လို့မြင်ပါတယ်

 

ကမ္ဘာမှာအနုမြူမကောင်းဖူးမလုံခြုံဖူးပတ်ဝန်းကျင်ဘာဖြစ်တယ်ညာဖြစ်တယ်

ဘယ်လိုပြောပြောလိုအပ်မှုအရအနုမြူဓါတ်အားပေးရုံတွေတည်နေကြရတယ်မဟုတ်လား

အဓိက ကထုတ်လုပ်မှုနည်းစဉ်ပါ

မြန်မာမှာကထုတ်လုပ်မှုနည်းစဉ်တွေကိုကျော်လွှားပြီငွေပိုရဖို့လုပ်နေကြလို့ပတ်ဝန်းကျင်ပျက်စီးမှုတွေပိုဖြစ်နေတာပါ

အခုကထင်သာမြင်သာရှိလာပြီဖြစ်တဲ့အတွက်နိုင်ငံရဲ့ရေမြေသဘာဝကိုအတတ်နိုင်ဆုံးကာကွယ်ကြရပါမယ်

အဲဒါနဲ့တပြိုင်တည်းနိုင်ငံရဲ့ဝင်ငွေရလမ်းများကိုုလည်းဖန်တီးနိုင်ရပါမယ်

အနိမ့်ဆုံးလမ်းဘေးဈေးသည်ကို နောက်ဆုံးဥပမာပေးပါမယ်

လမ်းဘေးဈေးရောင်းဖို့ကိုသူ့မှာဈေးရင်းဖို့ငွေကလေးတော့နည်းနည်းရှိရပါမယ်

ဒါမှသူ့ဝမ်းရေးအတွက်အမြတ်ငွေရမှာဖြစ်ပါတယ်

ဆိုချင်တာကအရင်းလိုပါတယ်

အန်ကယ်ကြီးတို့နိုင်ငံမှာလည်းဝင်ငွေရဖို့နည်းနည်းတော့ရင်းရပါမယ်

အရင်းနည်းနည်းနဲ့အမြတ်များများဖြစ်ဖို့တော့လိုပါတယ်

အဲဒီအမြတ်ကလည်းခရိုနီတွေအတွက်မဟုတ်ပဲ

နိုင်ငံအတွက်တကယ်ဖြစ်ဖို့လိုပါတယ်

 

ကဲဆက်လျှောက်မလား ရပ်မလား

 

 

 

 

 

43 comments

  • ဦးကြောင်ကြီး

    November 26, 2012 at 12:02 pm

    တိုင်းရင်းသား လက်နက်ကိုင်တွေက ငြိမ်းချမ်းရေး မသေချာခင် ဖွံ့ဖြိုးရေး စီးမံကိန်း ကုန်သွယ်ရေး ဘာညာကွိကွ ခေါင်းစဉ်တပ်လုပ်တာ ဒေသအကျိုးစီးပွား ရေရှည်မဖြစ်ထွန်းကြောင်း တညီတညာထဲ အသံထွက်နေကြပြီ။ သူတို့ ဘဝတွေနဲ့ ရင်းပြီးရထားခဲ့တာ။ ဒေါ်စုကလည်း စီးပွားဖွံ့ဖြိုးမှုသည် လူနည်းစု လူများစု ကွဲပြားပြသနာအတွက် စစ်မှန်တဲ့ အဖြေမဟုတ်ကြောင်း ပြောသွားတယ်။ သဘာဝတွင်းထွက်လို ပြန်ဖြည့်လို့မရနိုင်တဲ့ တခါသုံး အဖိုးတန် သယံဇာတဆိုတာ အလောသုံးဆယ်မလုပ်သင့် မလုပ်အပ်၊ သက်ဆိုင်သူ အားလုံးနဲ့ ညှိနှိုင်းတိုင်ပင်ပြီးမှ အသင့်တော်ဆုံးဖြစ်အောင် အတတ်နိုင်ဆုံးလုပ်ရမယ်လို့ အဖြေထွက်ပါတယ်။ ဒီတော့ ရပ်မလား ဆက်လျှောက်မလား မေးခွန်းထက် အချိန်ကျပြီလား မကျသေးဘူးလား အရင်မေးပါလိမ့်မယ်။ မော်တော်ကားဝယ်တာတော့လွယ်တယ်။ စပယ်ယာပတ်စ်မရှိရင် တနှစ်လောက်မောင်းပြီး မိုးထဲရေထဲ ရပ်ထားရလိမ့်မယ်။ လှည်းလို နွားတပ်မောင်းလို့ရလျင်လည်းကောင်း၏။ ရှိသမျှနွားလည်း တရုတ်ပြည် မှောင်ခိုပို့လို့ကုန်ပြီ…။ :buu:

  • kyeemite

    November 26, 2012 at 1:51 pm

    ကျုပ်အမြင်တစ်ခုဝင်ပြောရရင်တော့
    စစ်အာဏာရှင်လက်ထက်မှာပေါ်ပေါက်လာတဲ့
    “ဦးပိုင်လီမိတက်” ဆိုတာကြီးကို လုံးဝဖျက်သိမ်းပီးနိုင်ငံတော်ပိုင်
    လုပ်ပစ်ရမှာပါ…အခုတော့နေရာတကာ“ဦးပိုင်” “ဦးပိုင်”နဲ့
    အဲဒီဝင်ငွေတွေ ဘယ်ရောက်ကုန်မှန်းမသိ
    ဘယ်သူ့အိပ်ထဲရောက်ကုန်မှန်းမသိ
    ဘာစါရင်းရှင်းတမ်းမှ ပြည်သူတွေမသိရ
    3:) :chee:

    • Foreign Resident

      November 26, 2012 at 2:21 pm

      ” “ဦးပိုင်လီမိတက်” ဆိုတာကြီးကို လုံးဝဖျက်သိမ်းပီး
      နိုင်ငံတော်ပိုင် လုပ်ပစ်ရမှာပါ ”

      ကိုကြီးမိုက်ရဲ့ ။
      ဦးပိုင် ဆိုတာ ၊
      ၁ ။ လက်ရှိ စစ်သား ဗိုလ်ချုပ် အားလုံး ( အားလုံး ) ရဲ့ ချွေးနည်းစာလေး တွေ ၊
      ၂ ။ စစ်မှုထမ်းဟောင်း အများစုရဲ့ ချွေးနည်းစာလေး တွေ ၊
      ၃ ။ စစ်တပ် တပ်ရင်း အားလုံးရဲ့ တပ်ရင်း ရံပုံငွေ လေး တွေ ၊
      အဲဒါတွေနှင့် ရှယ်ယာဖွဲ့ပြီး ထောင်ထားတဲ့ ကုမ္ပဏီ ခမျ ။

      အဲဒီလို သူတို့ ချွေးနည်းစာလေး တွေ နှင့် ထောင်ထားတဲ့ ၊
      ဦးပိုင် ကုမ္ပဏီ ကိုများ ၊ ပြည်သူပိုင် သိမ်းလိုက်လို့ကတော့ ၊
      ဒီနေ့ ပြည်သူပိုင် သိမ်း ၊ နောက်နေ့ စစ်တပ်က အာဏာသိမ်းပြစ်မှာပဲ ။ 🙁

      သူတို့ရဲ့ အသက်နှင့်ရင်းပြီး ရှာထားတဲ့ ချွေးနည်းစာလေး တွေကို ၊
      အဲလို မတရား သွားသိမ်းလို့ ဘယ်ရမလဲဗျ ။ ဘယ်ခံမလဲဗျ ။

      • myanmarcitizen

        November 26, 2012 at 5:26 pm

        ကျန်တာလက်ခံနိုင်ပါတယ်။ အဘဖော ဒါလေးပဲ အဆင်ပြေအောင်ပြန်ရေးပေးပါ
        ” ဗိုလ်ချုပ် အားလုံး ( အားလုံး ) ရဲ့ ချွေးနည်းစာလေး” ဆိုတာကိုပါ 🙂

      • Foreign Resident

        November 26, 2012 at 5:43 pm

        ” စစ်သား ဗိုလ်ချုပ် အားလုံး ( အားလုံး ) ရဲ့ ချွေးနည်းစာလေး တွေ ”

        စစ်သား ဗိုလ်ချုပ် အားလုံး ( အားလုံး ) ရဲ့ ၊
        အသက်နှင့်ရင်းပြီး ရှာထားရတဲ့ အစိုးရ လစာထဲက ဖြတ်တာဗျ ။
        အဲဒါကိုမှ ချွေးနည်းစာ မခေါ်လို့ ဘာခေါ်ရမတုံး ။
        ပြင်စရာ မလိုပေါင်ဗျာ ၊ မပြင်နိုင်ပေါင်ဗျာ ။

        အသက်နှင့်ရင်းပြီး ရှာထားရတဲ့ တကယ့် ချွေးနည်းစာ အစစ်တွေ ။

        ကြုံလို့ပြောရဦးမယ် ၊ စစ်တပ်ထဲ မလဲ ၊
        စိတ်ထားကောင်း ၊ လာဘ်မစားတဲ့ အရာရှိကြီးတွေ အများကြီး ရှိပါတယ် ။
        ဥပမာ ပြရရင် ၊ သမ္မတကြီး ဦးသိန်းစိန်ဗျာ ။
        သူ စိတ်ကောင်းရှိလို့သာ ၊ တိုင်းပြည် ဒီမိုကရေစီ လမ်းမှန်ပေါ် ရောက်လာတာ ။
        သူကသာ မပေးဘူးကွာ ဆိုရင် ၊ ဘယ်သူ ဘာလုပ်ရဲတာ မို့လို့လဲ ။

        • myanmarcitizen

          November 27, 2012 at 2:35 pm

          (အပေါ်က comment ကတော့ ရီပြီးတော့ ဟာသအနေနဲ့ပြောတာပါ ဒါကို အတည်ပြန်မန့်တော့ ကျွန်တော်လဲတပ်မန့်ရတာပေါ့ဗျာ)

          ကျွန်တော်ကော်ပြောတဲ့ ချွေးနဲကစာဆိုတဲ့အထဲမှာ အောက်ခြေကစစ်သားတွေကိုပြောတာ မဟုတ်ပါဘူး ဗိုလ်ချုပ်ဆိုတာကိုပဲ ကော်ပီလုပ်ပြီးရေးထားတာပါ။ (၂ နဲ့ ၃ ကို ကျွန် တော်ဘာမှမပြောပါဘူး)

          “အသက်နှင့်ရင်းပြီး ရှာထားရတဲ့ အစိုးရ လစာထဲက ဖြတ်တာဗျ” ဆိုတော့ …

          ဦးပိုင်ရဲ့ရင်းနှီးမတည်ငွေအားလုံးဟာ စစ်သားအားလုံးရဲ့ လစာ(တချို့တဝက်) တင်ပဲ လား။ ရှယ်ယာလို့ပြောရင်ကော ဘယ်သူ့ရှယ်ယာကပိုများလိမ်မလဲ (သာမန်စစ်သားနှင့်ဗိုလ်ချုပ်)
          ဗိုလ်ချုပ်တွေထဲ့ထားတဲ့ များပြားလှတဲ့ရှယ်ယာတွေကကော လစာကတင်ပဲရတာပါလို့ ရဲရဲကြီးအာမခံနိုင်ပါသလား။

          “အသက်နှင့်ရင်းပြီး ရှာထားရတဲ့ တကယ့် ချွေးနည်းစာ အစစ်တွေ” ဆိုတော့…
          Choice ပေါ့ဗျာ စစ်သားမှ အသက်နဲ့ရင်းရတာမဟုတ်ပါဘူးဗျာ။ သင်္ဘောသားလဲ အသက်နဲ့ရင်းပြီးရှာရတာပဲ(ဒါကတော့ ပုင်္ဂလိကအလုပ်ဆိုတော့ထားအုန်း)။ လျပ်စစ်က ဝန်ထမ်းလဲ ဓါတ်လိုက်သေတာပဲ။ စာသင်တဲ့ကျောင်းဆရာမှာလဲ မြေဖြူမုန့် အဆုပ်ထဲဝင်ကင်ဆာဖြစ်ပြီးသေနိုင်တာပဲ။ လမ်းလယ်မှာ အချက်ပြနေရတဲ့ မော်တော်ပီ ကယ်လဲ ကားဝင်တိုက်ပြီးသေရတာပဲ။

          ဟုတ်ပါတယ် စစ်တပ်ထဲမှာ စိတ်ထားကောင်း ၊ လာဘ်မစားတဲ့ အရာရှိကြီးတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ရှားပါတယ်။

          “ဘယ်သူ ဘာလုပ်ရဲတာ မို့လို့လဲ ” လို့အပေါ်မှာ ရေးထားတာတွေ့တော့ စိတ်မကောင်း ဖြစ်မိတယ်။ လုပ်ရဲတဲ့သူတွေလဲလုပ်နေကြပါတယ် သေသွားတဲ့သူတွေ လဲအများကြီးပါ၊ ထောင်ထဲမှာလဲ အကြာကြီးနေခဲ့တဲ့သူတွေလဲရှိပါတယ်။ နောက်ဆုံး
          ဆေးကုမပေးလို့ (အချိန်လွန်မှ ဆေးရုံ့ပို့လို့ ) ခန္ဒာကိုယ်အစိတ်အပိုင်းတွေ ဆုံးရှုံးရ တဲ့ သူတွေလဲရှိပါတယ်။

          ဦးပိုင်ကိုပြည်သူပိုင်သိမ်းဖို့က အခုအစိုးရက စစ်အစိုးရမှမဟုတ်တာဘယ်လုပ်လို့ ဖြစ်
          မလဲ။ ကျွန်တော်လဲလက်မခံပါဘူး။

          နောက်ပြီးတစ်ခုသိချင်တာလဲရှိတယ်ဗျ။ တခြားသောတိုင်းပြည်က စစ်တပ်တွေကော ဒီလိုမျိုး company ထောင်ပြီးစီးပွားရှာတာမျိုးရှိလားဆိုတာလဲ သိချင်ပါတယ်။ (ဒါကတော့ ကျွန်တော့စိတ်ထဲကသိချင်နေတာပါ တခြားဘာကိုမှမရည်ရွယ်ပါဘူး)
          အဲ့တော့ ရွာထဲမှာလေးစားစရာကောင်းပြီးဗဟုသုတစုံတဲ့ သဂျီးတို့ အဘဖောတို့ ကိုဒီနေရာကတောင်းဆိုပါတယ် အဲ့ဒီအကြောင်းလေး post လေးပဲဖြစ်ဖြစ် comment လေးပဲဖြစ်ဖြစ်လုပ်ပေးပါအုန်း ဆိုတာလေးပါခင်ဗျား

        • Foreign Resident

          November 28, 2012 at 4:15 am

          ” ဘယ်သူ ဘာလုပ်ရဲတာ မို့လို့လဲ ”

          Sorry ပါ ၊ အဘ စကားက နဲနဲကြမ်းသလိုဖြစ်သွားတယ် ။
          ဘယ်သူ မှ ဘာမှ မတတ်နိုင်တာကို ဆိုလိုပါတယ် ။

          ” အဲ့တော့ ရွာထဲမှာလေးစားစရာကောင်းပြီး ဗဟုသုတစုံတဲ့ ၊
          သဂျီးတို့ အဘဖောတို့ကို ဒီနေရာကတောင်းဆိုပါတယ် ၊
          အဲ့ဒီအကြောင်းလေး post လေးပဲဖြစ်ဖြစ် comment လေးပဲဖြစ်ဖြစ် ၊
          လုပ်ပေးပါအုန်း ဆိုတာလေးပါခင်ဗျား ”

          ကို myanmarcitizen ရေ ။

          ဦးပိုင် အကြောင်း Post တော့ မတင်ပါရစေနှင့်ကွယ် ။
          သူများတွေ ကားသစ်တွေ ဈေးကျလာလို့ ဝယ်စီးနေတဲ့အချိန်မှာ ၊
          အဘ ကျမှ ကားပြာကြီး စီးနေရပါအုန်းမယ် ။
          ( ဟင့် ၊ Air-con မပါ ဘာမပါ နှင့် )

          တစ်ခုပဲ ထပ်ရှင်းချင်တာက ၊ အဘ သိသလောက်ပေါ့နော် ၊
          ဦးပိုင်ရဲ့ ရှယ်ယာ အများစုကြီးက ဗိုလ်ချုပ်တွေပိုင်တာ မဟုတ်ပါဘူး ၊
          အဓိက က ရဲဘော်တွေရဲ့ လစာ နှင့် တပ်ရင်း ရံပုံငွေတွေပါ ။
          တပ်ရင်း တိုင်း သိန်း ရာဂဏန်းနှင့် ချီပြီး ရင်းနှီးထားပါတယ် ။

          အဘသိသလောက် ဘယ်ဗိုလ်ချုပ်မှ သိန်း ရာထောင်ချီ ။
          ဦးပိုင်မှာ ရှယ်ယာဝင်ထားတယ် မကြားမိပါဘူး ။

          ဗဟုသုတ အနေနှင့် တစ်ခုပဲ ထပ်ပြောပါရစေ ။
          The Union of Myanmar Economic Holdings Limited ( UMEHL ဦးပိုင် ) နှင့်
          Myanmar Economic Corporation ( MEC ) မတူပါဘူး ။

          ဦးပိုင်က လက်ရှိ စစ်မှုထမ်း နှင့် စစ်မှုထမ်းဟောင်းတွေရဲ့ ကိုယ်ပိုင် ငွေ ရှယ်ယာငွေ
          စစ်တပ်ရင်းတွေရဲ့ Regiment Fund တပ်ရင်း ရံပုံငွေ နှင့် ဖွဲ့ထားတာပါ ။

          MEC က စစ်တပ်ရင်းတွေရဲ့ Regiment Fund တပ်ရင်း ရံပုံငွေ နှင့် ဖွဲ့ထားတာပါ ။
          MEC မှာ ( သိရသလောက် ) လူပုဂ္ဂိုလ် ရဲ့ ရှယ်ယာငွေ မပါပါဘူး ။
          သူက စစ်တပ် ပိုစစ်ပါတယ် ။

        • အရီးခင်လတ်

          November 28, 2012 at 4:36 am

          ဆင်းရဲသား လယ်သမားတွေ၊ အလုပ်သမားတွေ၊ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ လက်လုပ်လက်စားသမားတွေ ကို လဲ နဲနဲ တော့ အားနာပါဦးလို့ တော့ ပြောချင်ပါတယ် အဘရေ။
          ဒီလိုလူမျိုးတွေ ကို တော့ ဘယ်သူကမှ စဉ်းစားပေးပါ့မလဲ။
          သူတို့လဲ လူထဲကလူ တွေပါဘဲ။
          ဦးပိုင် ဇာတ်ထုပ် ကိုတော့ ဝင်မဖြည် တော့ပါဘူး။
          ကာတွန်းထဲ မှာတော့ မင်းက အရိုးစား ဆိုပြီး ပေးနေတာမျိုးတော့ မြင်ဘူးတယ်။

          ဒါထက် စပိန်က နေ နိုင်ငံ ကူးပါရစေတော့။ :harr:

        • Foreign Resident

          November 28, 2012 at 4:55 am

          အရီးခင်လတ် ရေ ။
          မြေသိမ်းခံရတဲ့သူတွေကို မသနားလို့ပြောတာ မဟုတ်ပါ ။
          မြေသိမ်းခံရတဲ့သူတွေ ဆန္ဒပြကြပါ ၊ အစိုးရ နှင့် ရှင်းကြပါ ။
          အဲဒီ အထိ ထောက်ခံတယ် ။

          ဒါပေမယ့် ဝမ်ပေါင် အလုပ်လုပ်တာကို သွားတားကြတယ် ။
          ဝမ်ပေါင်က အစိုးရနှင့် တရားဝင် စာချုပ်ချုပ်ထားတဲ့ ၊
          တရားဝင် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်း ။

          သူတို့ တရားဝင် အလုပ်လုပ်နေတာကို သွားတားရင် ၊
          ဒါ တရားဥပဒေမဲ့ လုပ်ရပ် စဖြစ်လာပြီ ၊
          အဲဒီမှာ အစိုးရက လူမိုက် ဝင်လုပ်ရတော့တာပဲ ။

        • စိုင်း ကွမ်းခေး

          November 28, 2012 at 5:34 am

          ဆိုတော့ အဘရေ….

          မသိလို့မေးပါရစေဦး၊ “မင်းနှင့် ပြည်သူ” ဆိုတဲ့ ဆရာပါရဂူရေးထားတဲ့ စာအုပ်လေးများ ဖတ်ဖူးသလားလို့ပါ.. ကျွန်တော်ဖတ်ခဲ့ဖူးပါတယ်… သိပ်လဲ သဘောကျခဲ့ပါတယ်… မှတ်မိသလောက်ဆိုရင်များပေါ့… မင်းတိုင်ပင်အမတ်ကြီးကပြောတဲ့သဘောတရားတွေ သိပ်သဘောကျတာပဲ.. တိုင်းပြည်အုပ်ချုပ်တဲ့ မင်းဆိုတာ ပြည်သူတွေရဲ့ လစာကို စားနေရတဲ့ ဝန်ထမ်းတစ်ယောက်ပေပဲမို့ ပြည်သူ့ကောင်းကျိုးကိုသာ လုပ်ဆောင်ရမယ်ဆိုလားပဲ…

          ဆိုတော့… ဒီအခြေအနေမှာ ကျွန်တော်ကတော့ ရိုးရိုးပဲတွေးပါတယ်.. ဝမ်ပဲပေါင်တာလား၊ မယားပဲပေါင်ထားတာလားတော့မသိဘူူး… တရုတ်ကြီးကို ကျေးဇူးဆပ်လိုလွန်းတဲ့ ချုပ်ချုပ်ကြီးတွေကြောင့် ကိုယ့်ပြည်သူတွေ မျက်ရည်လည်ရွှဲဖြစ်နေရမှာကို မင်းကောင်း မင်းမြတ်မှန်လျင် ကြည့်နေနိုင်ပါရဲ့လား… ယခုတစ်လော မြန်မာပြည် အနောက်ခြမ်းကိုပဲကြည့်.. ကိုယ့်လူမျိုးတွေ ကျီးလန့်စာစား ဖြစ်နေရတာကို ခုမှ နိုင်ငံတစ်ကာမှာ မျက်နှာကောင်းလိုချင်နေတဲ့ မျိုးမစစ် ကြံ့ဖွတ်ကြီးက ဖားဖားယားယားလုပ်ပြီး ကိုင်တွယ်နေတာကို ကောင်းတယ်လို့ မထင်ထားတဲ့ကျွန်တော် ခု ပေါက်ဖော်ကြီးတွေကို အစွမ်းကုန် ကာကွယ်နေတာ လွန်လွန်းတယ် မထင်ဘူးလား..

          ထားပါတော့ အရင်အစိုးရလက်ထက်က တရားဝင်ခဲ့တယ်… သူတို့ချင်း အပေးအယူမျှခဲ့တယ်.. ဒါပေမယ့် ခုအစိုးရက တရားဝင်အာဏာရ၊ လက်ရှိအစိုးရဖြစ်တယ်။ လုံးဝမဖျက်သိမ်းနိုင်တောင် အရင်အစိုးရရဲ့ ဆိုးမွေတွေကို လှည်းကျိုးဝင်မထမ်းသင့်ဘူးမြင်တယ်… ဘယ်လိုနည်းနဲ့ပဲ အာဏာရလာ ရလာ၊ ဘယ်လိုပဲ အမှားတွေပုံနေအောင် မှားခဲ့ပါစေဦးတော့၊ သမိုင်းကိုချေဖျက်ဖို့ အကောင်းဆုံးအခွင့်အခါကို ရောက်နေပြီပဲမလား၊ ဆက်လိုက ဆက်ပါစေပေါ့.. ဒါပေမယ့် ပြန်လည် ဆွေးနွေးညှိနှိုင်းသုံးသပ်ပါရစေဆိုပြီး (၅၆ %) လားမသိတဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် မှန်မမှန် ပြန်စစ်သင့်တယ်။ နောက်ပြီး ဒီစီမံကိန်းကြီးကြောင့် တိုင်းပြည်ဝင်ငွေ ဘယ်လောက်ရှိတယ်၊ ဒေသခံပြည်သူတွေအတွက် ဘယ်လိုမြှင့်တင်ပေးနိုင်တယ်၊ စုစုပေါင်းရငွေက ဘယ်လောက်၊ ဒေသခံပြည်သူတွေအတွက်က ဘယ်လောက်၊ နိုင်ငံတော်ကြီူးအတွက် ဘယ်လောက်ဆိုတာတွေ ချပြသင့်တယ်။

          တစ်ချိန်ကတော့ အာဏာရှင်စနစ်မို့ထားတော့၊ ခုတော့ ဘာတဲ့ ဒီမိုးကရေစီးတဲ့ အစိုးရကြီးဆိုလား၊ Clean Government, Good Government ဆိုလားပဲ၊ ခုထိတော့ ချေးအထူထူ အနံ့တစ်ထောင်းထောင်းနဲ့ ညစ်တီးညစ်ပါတ်၊ စုတ်စုတ်ပြတ်ပြတ်လူတွေပဲ ထမင်းစားဝတ်စုံကြီးတွေဝတ်၊ နောက်ကွယ်ကနေ သေနတ်ပြောင်းတွေနဲ့ ချိန်ထားခံရတဲ့ ရုပ်သေးရုပ်တွေပဲ မြင်နေရပါသေးတယ်။

          စကားမစပ်.. တရုတ်ကျေးဇူး ဆပ်ဖူးချင်တယ်ဆိုတဲ့သူကြီးလဲ မြင်မိပါရဲ့.. နာယကဂုဏ်ခြောက်ပါးနဲ့ ပြည့်စုံတယ်လို့ မထင်မိပေါင်၊ ရုပ်ကြီးကိုက နီစပ်စပ်နဲ့.. ကျန်တာတော့ ပြောတတ်ဖူး…

          သူများလူမျိုးကို နောက်မှာထားပြီး ကိုယ့်လူမျိုးကို သေနတ်ပြောင်းကြီးချိန်ထားတာတော့ မကြိုက်ပေါင်ဗျာ.. ကိုယ်တွေက သူများမြေမှာနေနေရတာမလား.. သူတို့လူမျိုးဆို အရာရာ အလျှော့ပေး၊ သူတို့ရိုးရာ ဓလေ့ထုံးတမ်းတွေကိုလိုက်နာ၊ သူတို့စည်းကမ်းမှန်သမျှကို ကြောက်နေရသူတွေအဖို့ ကိုယ့်ပြည်ကိုယ့်မြေမှာ ကိုယ့်လူမျိုးတွေ နေစရာမရှိ၊ စားစရာမရှိ၊ အားကိုးစရာမရှိဖြစ်နေတာတော့ အသည်းနာသဗျာ…

          အဲဒါလေးတစ်ခုတည်းနဲ့ အဲဒီပေါက်ဖော်ကြီးတွေကို မြန်မာ့မြေက အရှင်းမောင်းထုတ်ပြစ်ချင်ပါကြောင်း…

          (ခုချိန်ထိ မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေဆဲ သီဟနဲ့ တင်စိုးကို ဘုရင်မြှောက်ရင်ကောင်းမလားလို့)

          :harr:

        • Foreign Resident

          November 28, 2012 at 6:45 am

          နောက်တစ်ချက် ထောက်ပြချင်တာက ၊
          မသွဲ့သွဲ့ဝင်း စကားပြောတာ မှားတယ် ။
          မသွဲ့သွဲ့ဝင်း က ကြေးနီတောင် ကိစ္စကို လုံးဝ ဖျက်ဖို့ကြီးပဲပြောတယ် ။
          ရွာသူ ရွာသား တွေကို တခြားနည်းနှင့် ၊
          ကျေနပ်အောင်လုပ်ဖို့ ၊ ညှိဖို့ ကို လုံးဝ မပြောဘူး ။

          တိုင်ပြည်တိုင်းကတော့ ၊
          သယံဇာတတွေ ထုတ်ရမှာပဲလေ ။
          အောက်မှာ ဦးပါလေရာ မန့်ထားသလိုပေါ့ ။
          ” အဲဒါတွေအားလုံးကို တိုင်းပြည်အတွက် လုပ်ရပါမယ်…
          ရပ်လို့မရပါဘူး…. ရပ်ရင် ငတ် သွားမှာပေါ့…
          အခုတောင် တွေ့တဲ့လူဆီက
          လမ်းလေးခင်းပေးပါဦး မြို့လေး ပြင်ပေးပါဦးနဲ့
          လျှောက်တောင်းနေရတဲ့ဘဝပါ ”

          နစ်နာတဲ့ သူတွေက ညှိဖို့ကို လက်ခံသင့်တယ် ။
          လုံးဝ ဖျက်ဖို့ကြီးပဲပြောရင်တော့ ၊
          အစိုးရမှာ ရွေးစရာ မကျန်တော့ဘူး ။

          ကျနော်ထင်တယ် ၊ အစိုးရ တကယ် နှိမ်နင်းတော့မယ် ။

        • Foreign Resident

          November 29, 2012 at 5:40 am

          ဒီ မနက် တော့ သပိတ်စခန်းတွေ အားလုံးကို ၊
          အမေစု မလာမှီ ဖြိုခွင်းလိုက်ပါပြီ ။

          အစိုးရ / ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ကတော့ ၊
          ပုံမှန် ( နိုင်ငံတကာ စံ ) အတိုင်းလို့ ကြားတာပဲ ။
          မီးသတ်ပိုက် ၊ မျက်ရည်ယိုဗုံး ၊ ရာဘာတုတ် ။
          တော်သေးတာပေါ့ ၊ သိပ် မထိခိုက်ကြလို့ ။

        • myanmarcitizen

          November 29, 2012 at 1:55 pm

          “ဦးပိုင် အကြောင်း Post တော့ မတင်ပါရစေနှင့်ကွယ် ။
          သူများတွေ ကားသစ်တွေ ဈေးကျလာလို့ ဝယ်စီးနေတဲ့အချိန်မှာ ၊
          အဘ ကျမှ ကားပြာကြီး စီးနေရပါအုန်းမယ် ။
          ( ဟင့် ၊ Air-con မပါ ဘာမပါ နှင့် )”

          အဘကလဲကြောက်တပ်ရန်ကော … ဟိုအဝေးမှာနေနေပြီးတော့ 🙂
          ကျွန်တော်ပြောတာက ဦးပိုင်အကြောင်းမဟုတ်ပါဘူးဗျာ … တစ်ခြားနိုင်ငံက စစ်တပ်တွေစီးပွားရေးလုပ်မလုပ်ဆိုဒါလေးပါ …

  • ခင်ခ

    November 26, 2012 at 2:02 pm

    အတိတ်ဇာတ်ကြောင်း ပြန်လည်ခံစား အမြင်မကြည်လို့ ဘာဘဲလုပ်လုပ် ဆန္ဒပြကာရပ်ခိုင်းကြမယ် ဆိုတာမျိုးတော့ မဖြစ်သင့်တော့တဲ့ အချိန်ရောက်နေပြီလို့ ယူဆပါတယ်။ ရှေ့ကိုမျှော်ကာတွေးပြီး ဆိုကျိုး ကောင်းကျိုး ယှဉ်တွဲကြည့်လိုက်ပါ။ အကောင်း ၈ အဆိုး ၂ ဆိုခဲ့ရင် အဆိုးကို လစ်လှုရှု့သင့်ပါတယ်၊ အဲ အဆိုး ၆ အကောင်း ၄ ဆိုရင်တော့ တားသင့်တယ်ထင်ဆက်တားပေါ့။
    တစ်ခုသတိထားရမှာက အတားများရင် ထွက်ပေါက်ပိတ်ပြီး ကိုယ့်ရှုးကိုယ်ပတ် သလိုဖြစ်နိုင်ဖွယ်ရှိတတ်တဲ့ သဘာဝလေးပါဘဲဗျာ။

  • ဦးဦးပါလေရာ

    November 26, 2012 at 2:21 pm

    အခုတလော ဘယ်ပိုစ့်မှ ဝင်မမန့်ရဲလို့ ရေငုံနှုတ်ပိတ်နေတာ…
    ဒီပိုစ့်တော့ အရဲစွန့်ပြီးမန့်ပါဦးမယ်……

    ကြေးနီတူးတာ
    ရွှေတူးတာ
    ကျောက်စိမ်း၊ ပတ္တမြား တူးတာ
    ရေနံ၊ ဓါတ်ငွေ့တူးတာ
    စွမ်းအင်ထုတ်လုပ်တာ

    အဲဒါတွေအားလုံးကို တိုင်းပြည်အတွက် လုပ်ရပါမယ်…
    ရပ်လို့မရပါဘူး….
    ရပ်ရင် ငတ် သွားမှာပေါ့…
    အခုတောင် တွေ့တဲ့လူဆီက လမ်းလေးခင်းပေးပါဦး မြို့လေး ပြင်ပေးပါဦးနဲ့
    လျှောက်တောင်းနေရတဲ့ဘဝပါ…

    တစ်ခုတော့ရှိတယ်…
    အဲဒါတွေကို အကျိုးရှိသထက်ရှိအောင်၊ အပြစ်နဲသထက်နဲအောင် လုပ်ရမယ်
    အဲသလိုလုပ်ဖို့ဆိုရင်တော့
    ပြည်သူတွေယုံရတဲ့လူတွေက ဦးစီးဦးကိုင်လုပ်ဖို့လိုတယ်
    ပြည်သူတွေယုံရတဲ့လူတွေ မရသေးခင်မှာတော့
    အစွမ်းကုန် ပွင့်လင်းမြင်သာအောင် အချက်အလက်မှန်တွေဖေါ်ပြတာ
    သင့်လျှော်တဲ့ ကုန်ထုတ်နည်းစဉ်တွေအသုံးပြုတာ
    မျှတတဲ့ ခွဲဝေခံစားမှု့တွေ ပြန်သတ်မှတ်တာ တွေ
    ချက်ခြင်း အကောင်အထည်ဖေါ်သင့်တယ်
    ဒီအချိန်ဟာ ပြည်သူကို မထေမဲ့မြင်ပြုပြီး လုပ်ချင်ရာဆက်လုပ်နေရမယ့်အချိန်မဟုတ်ဘူး….
    ကုန်ထုတ်လုပ်မှု့ဆိုတာက နှစ်ပေါင်းများစွာ သွားရမှာ
    ဒါ့ကြောင့် ရေရှည်အလုပ်ဖြစ်ချင်ရင် ကုန်ထုတ်တဲ့နယ်မြေဒေသရဲ့အကျိုးစီးပွားကို လစ်လျှူရှု့ဘို့ မသင့်ဘူး…။

    ပြီးတော့ သတိထားဖို့က အနို်င်ကျင့်တယ်ဆိုတာ
    အနိုင်ကျင့်လိုက်ရသူက ခဏနဲ့မေ့သွားပေမယ့်
    အနိုင်ကျင့်ခံရသူက အဲလောက်လွယ်လွယ်မမေ့ဘူး…….

  • ခင်ခ

    November 26, 2012 at 3:13 pm

    လူငယ်အရွယ်လောက်က ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတစ်ခုမှာ နားထောင်ဖူးတာ ကျွန်တော်တို့တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါ သူများနိုင်ငံက ခြေတလှမ်းလှမ်းရင် ကျွန်တော်တို့က လေး ငါး ခြောက်လှမ်းလောက်လှမ်း ကာမှာ နောက် ၁ဝ နှစ် ၁၅ နှစ် ကျတော်ရုံဖြစ်မှာတဲ့။ အခုအခြေအနေက လေး ငါး ခြောက်လှမ်း လှမ်းရမယ့် အချိန်မဟုတ်ဘူး ပြေးလိုက်တာတောင် မှီပါ့မလားဘဲ။ အဲဒီတော့ တကယ်တိုင်းပြည်အတွက်လုပ်ကြတာဆိုရင် အစိုးရလုပ်သူကလည်း မညာနဲ့ မျှမျှတတဖြစ်အောင်လုပ် ပြည်သူကလည်းပူးပေါင်းဖို့တော့ လိုပြီလေ။
    လေသွား လေလာဆိုရင်တော့ ဘာမှအလုပ်မဖြစ်ဘူးလေ။ ဆိုလိုတာက အုပ်ချုပ်သူ အစိုးရအကြီး အကဲကလည်း စကားလုံးကောင်းလေးတွေနဲ့ မိန်ခွန်းဘဲပြောပြီး အကောင်အထည်ဖော်ဆောင်မှု့ အားနည်း၊ ပြည်သူကလည်း မကျေနပ်ဆန္ဒပြ အော်ကာတောင်းဆို ဒါနဲ့ဘဲကျင်လည်ရာ ဘဝဆိုရင်တော့ဖြင့်ဗျာ။

    • Foreign Resident

      November 26, 2012 at 4:49 pm

      ကိုကြီးမိုက်ရဲ့ ။
      ကျနော်က ပြည်သူပိုင် မ သိမ်းသင့်ကြောင်းပဲ ပြောတာပါ ။
      လုပ်ချင်ရင် ၊ ဦးပိုင် ကို ပုံမှန် ကုမ္ပဏီတွေ နှင့် အခွင့် အရေး တန်းတူသာ ဖြစ်စေလိုက်ပါ ။
      ပုံမှန် ကုမ္ပဏီတွေ နှင့် တန်းတူပဲ အခွင့် အရေး ပေးမယ် ။
      ပုံမှန် ကုမ္ပဏီတွေ နှင့် တန်းတူ အခွန်ဆောင်ရမယ် ။
      ပုံမှန် ကုမ္ပဏီတွေ နှင့် တန်းတူ စာရင်းစစ်ခံရမယ် ။

      အဲဒီ အခါမှာ အပေါ်က ကိုယ်ကျိုးရှာနေတဲ့ သူတွေရဲ့ ၊
      အရည်အချင်း အစစ်ပေါ်လာလိမ့်မယ် ။
      အေး ၊ သူတို့ မြတ်အောင် မလုပ်နိုင်ရင် ၊
      သူတို့ကို တပ် က ထောင်းလိမ့်မယ် ။

  • kai

    November 26, 2012 at 4:59 pm

    လက်ရှိအစိုးရက..တော်တော်အနေကြပ်မှာပဲ…
    ဦးပိုင်ရဲ့.. ငွေရပေါက်..ငွေရှာပေါက်ထိနေတော့ကာ.. တပ်-အစိုးရ-လူထု.. သုံးပွင့်ဆိုင် ထိပ်တိုက်တွေဖြစ်သွားမယ်ထင်မိတယ်..

    လုပ်ကြရမယ်ဆိုရင်တော့.. အပြတ်ကြီးလုပ်ရမယ်ထင်ကြောင်း…
    ညောင်မြစ်တူးရင်း.. ပုတ်သင်ဥတွေထွက်လာမယ်တော့.. ထင်နေကြောင်း..
    တော်တော်လေး.. အန္တရာယ်ရှိကြောင်း….
    ဖြစ်နိုင်ရင်.. နောက်ကနေ..ထရန်ပင်ရန်စီထား… ညှိကြဖို့သင့်ကြောင်း… :harr:

    • Foreign Resident

      November 26, 2012 at 5:24 pm

      သူကြီးရဲ့ ။

      ၁ ။ ဦးပိုင်ကိုထိရင် တပ်က ခံမှာ မဟုတ်ဘူး ။
      တစ်လ ဒေါ်လှ ၂ သန်းရှုံးရင် စစ်တပ် စိတ်ဆိုးတော့မယ် ။

      ၂ ။ နိုင်ငံတကာ စာချုပ်တွေကို ခဏခဏ ဖေါက်ဖျက်တာကို အစိုးရကလည်း မကြိုက်ဘူး ။
      မြစ်ဆုံ ဖျက်ပေးတာနှင့်တင် သူတို့ မျက်နှာပျက်လှပြီ ။
      ကြာရင် အစိုးရ လည်း နိုင်ငံတကာ မှာ ငပေါကြီး ဖြစ်တော့မယ် ။

      ၃ ။ ကြည့်ရတာ အမေစုကလည်း လက်ဝင်ရှိုမယ့်ပုံ မရှိဘူး ။

      အဲဒီတော့ ညှိပြီး နဲနဲပါးပါး လျော်ကြေးပေးပြီး ပွဲပြီးသွားလိမ့်မယ် ။
      အဲဒီလို ညှိတာကိုမှ လက်မခံရင် ၊ အစိုးရ ခပ်ကြမ်းကြမ်း ဆော်လိမ့်မယ် ထင်တယ် ။
      ဒီ လက်ပန်းတောင်း ပွဲ က Turning Point ဖြစ်နိုင်တယ် ။

      ဆန္ဒပြတာတွေ သိပ်များနေပြီ ၊ အစိုးရ သိပ် သည်းခံနိုင်တော့မယ် မထင်ဘူး ။

    • Foreign Resident

      November 28, 2012 at 3:22 am

      ” သပိတ်စခန်း ဖြိုခွဲရန် ( နောက်ဆုံး အချိန် ) ထပ်တိုးပေးမည်
      ထိုအချိန်မှ မဖြိုခွဲလျှင် အင်အားသုံးပြီးသာ ဖြေရှင်းရတော့မည်ဖြစ်ကြောင်း ၊
      ဆားလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့မှုးက မြန်မာဝမ်ပေါင် ကုမ္ပဏီမှ
      အရေးပေါ် စီမံပေးထားသည့် အသံချဲ့စက်ဖြင့် ကြေငြာ ” ( FNG )

      ” နံနက် ၁ နာရီ ၃၅ နောက်ဆုံးသိရသည့် သတင်းများ အရ ၊
      ဆားလင်းကြီး ဒေသမှ သပိတ်စခန်း ၆ ခု စလုံး ၊
      နံနက် ၈ နာရီ နောက်ဆုံးထားပြီး ဖျက်သိမ်းပေး ရန် ၊
      ဒေသခံ လုံခြုံရေးအဖွဲ ့များမှ ညွှန်ကြားထား ” ( FNG )

      ကျနော် ကြိုမှန်းထားသလိုတော့ ဖြစ်လာပြီ ။
      တကယ် လုပ်တော့မှာနော် ။
      ပုံစံက အမေစု ကို သပိတ်စခန်း ကို မလာစေချင်ပုံပဲ ။
      အမေစု ရောက်လာရင် ပိုရှုပ်ကုန်မှာ စိုးရိမ်ပုံရတယ် ။

      အခုလက်ရှိက အမေစုက ဦးသိန်းစိန် အစိုးရဖက်က ပါပြီးပြောပေးနေတယ် ။
      သပိတ်စခန်း ကို မသွားဘူး ( တစ်နည်း ထောက်ခံမှုပေးကြောင်း မပြဘူး ) ၊
      စာချုပ်ကို ထိန်းသိမ်းရမယ် ၊ မီဒီယာတွေ ဖွတယ် ဆိုပြီး ။
      အဲဒါလေးမှာ ၊ အမေစု သပိတ်သမားတွေနှင့် တွေ့မိရင် ၊
      အမေစု သပိတ်သမားတွေဖက်ကို စိတ်ယိုင်သွားမှာ စိုးရိမ်ပုံလဲရတယ် ။

      လောလောဆယ် အချိန် အထိတော့ ၊
      သမ္မတကြီး ဦးသိန်းစိန် ဘက်က ထောက်ခံပါသေးတယ် ။
      ဒါမေယ့် ၊ ကိုယ့်လူမျိုးအချင်းချင်း ၊
      တုတ်လောက်ကိုပဲ အမြင့်ဆုံးသုံးစေချင်ပါတယ် ။

      ဒီလိုပါပဲ ၊ ဆန္ဒပြ သပိတ်မှောက်တာတွေ ၊ ၁၄၄ ထုတ်တာတွေ ၊
      ဆန္ဒပြ သပိတ်မှောက်တာကို ဖြိုခွဲတာတွေက အမြဲဖြစ်နေ ရှိနေမှာပါပဲ ။
      ဘာပဲပြောပြော ၊ အမေစု နှင့် ဦးသိန်းစိန် လက်တွဲနေသေးသရွေ့တော့ ၊
      တိုင်းပြည် ဦးတည်ချက် မှန်နေသေးမယ် ထင်ပါတယ် ။

    • Foreign Resident

      November 29, 2012 at 5:42 am

      ဒီ မနက် တော့ သပိတ်စခန်းတွေ အားလုံးကို ၊
      အမေစု မလာမှီ ဖြိုခွင်းလိုက်ပါပြီ ။

      အစိုးရ / ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ကတော့ ၊
      ပုံမှန် ( နိုင်ငံတကာ စံ ) အတိုင်းလို့ ကြားတာပဲ ။
      မီးသတ်ပိုက် ၊ မျက်ရည်ယိုဗုံး ၊ ရာဘာတုတ် ။
      တော်သေးတာပေါ့ ၊ သိပ် မထိခိုက်ကြလို့ ။

      • kai

        November 29, 2012 at 5:58 am

        နောက်တလှမ်းလည်း.. လှမ်းထားပြီးနေပြီ..
        မြန်မာတွေကို.. တရုတ်တွေနဲ့..လှည့်တိုက်ပေးဖို့ပဲ..
        ချိုင်းနီးစ်တွေနဲ့..မဟုတ်ဖူးနော.. တရုတ်ဆိုတဲ့..မြန်မာပြည်ပေါက်မြန်မာ တွေနဲ့..

        ဆိုတော့…
        ဒီပွဲကို.. မြန်မာပြည်အနောက်ဖက်ကမ်းကပြဿနာကိုရှင်းသလို.. မြန်မာတွေကို.. ကုလားနဲ့လှည့်မတိုက်သွားတာပဲ.. ကံကောင်းနေသေးတယ်ဆိုရမလိုလို…
        လာမယ်.. ကြာဦးမယ်ပေါ့…
        ဒါက.. ပေါ်တင်ဝှက်ဖဲ.. :kwi:

      • Foreign Resident

        November 29, 2012 at 7:12 am

        ဟုတ်တယ် ၊ ကျနော်တို့လည်း စောင့်ကြည့်နေတာ ။
        ပထမ ဘင်္ဂါလီ ကုလား နှင့်ဖြစ်တယ်ပေါ့ ။
        ပြီးတော့ တိုင်းရင်းသား ကမာန် ကိုပါ မဆီမဆိုင် ဆော်လာတယ် ။
        နောက်ဆို မြန်မာ မွတ်ဆလင် တွေပါ ပါလာမယ် ။

        အဲဒီလိုပဲ အခု ပြည်မကြီး တရုတ်ကို ရန်လိုနေကြတယ် ။
        ( အမှန်က ပြည်မကြီး တရုတ် ကလည်း စီးပွားရေးပဲ လုပ်နေတာပါ )
        နောက်ဆို ပြည်တွင်း တရုတ်ကိုပါ ရန်လို လာမယ့်ပုံပဲ ။

        မြန်မာပြည်တွင်းက ပိုင်ဆိုင်မှုတွေကို နိုင်ငံခြားကို ရွေ့သင့်နေပြီ ။
        မိတ်ဆွေတွေကိုလည်း သတိပေးထားမှထင်တယ် ။

        ကျနော်တို့ အဖွဲ့ထဲက မိတ်ဆွေ ( တရုတ် ) တစ်ယောက်ဆို ၊
        ထေရဝါဒ သာသနာကို အချီးမြှောက်ဆုံး အလှူတန်းဆုံးတွေထဲမှာပါတယ် ။
        ထေရဝါဒ အဖွဲ့မှန်ရင် မသိသူ မရှိလောက်အောင် နာမည်ကြီးတယ် ။
        ဘုရား ကျောင်း သိမ် ဆေးရုံ မြေ အကုန်လှူတာ ။
        ကျနော် သိတာတင် သိန်းပေါင်းကို သောင်းပေါင်း တော်တော်များနေပြီ ။
        ဘာဆက်လုပ်သင့်သလဲ ၊ စ စဉ်းစားဖို့ သင့်နေပြီ ။

        • တိမ်မည်း

          November 29, 2012 at 9:10 am

          ရခိုင်ဘက်က ကိတ်စကို အဘက ဘယ်လောက်သိလို ့ ပြောနေတာလဲလို ့ ကျွန်တော်မေးချင်ပါတယ်……………
          မသိရင် မပြောပါနဲ ့…………..
          အဘ အဲ့ဒီက ဖြစ်နေတဲ့ နယ်မြေတွေကို ရောက်ဖူးလား……….
          ဖြစ်နေတဲ့ ပြည်သူတွေရဲ့အသံနားထောင်ဖူးလား………..
          ဖြစ်နေတဲ့ သူတွေကိုမြင်ဖူးလား…………
          ကွင်းထဲအထိဆင်းပီးပြောတာနော်…..
          You Tube ပေါ်ကတို ့ ဟိုဆိုက်ဒီဆိုက်တို ့က ပြောတာမဟုတ်ဖူး……
          ဘာကြောင့် ဖြစ်လဲကော စဉ်းစားဖူးလား…………….
          ဒါတွေကို တခုမှ မစဉ်းစားဖူး မမြင်ဖူး မကြားဖူးဘူးဆိုရင် ရခိုင်ကိတ်စ အဘနဲ ့ ဘာမှမဆိုင်ဖူး……
          အဲဒီအတွက် လေသံမဟစေချင်ပါဖူး…………

          ကျန်တဲ့ တရုတ်ကိတ်စတော့ အဘက ပြောလွန်းလို ့ အဘနဲ ့ အမျိုးတော်ပုံရပါတယ်……
          အဲ့ဒီတော့ ကိုယ့်အမျိုးသားရေး ကိုယ်ပြောတဲ့ အတွက် ဘာမှမပြောချင်ပါဖူး…..
          လွတ်လပ်စွာ ဆွေးနွေးပါ……

          ဒါပေမယ့် အပြုသဘောနဲ ့ပဲ ဆွေးနွေးစေချင်ပါတယ်……………
          ခြိမ်းခြောက်တဲ့အပြောလေးတွေထက် ပြသာနာကို ပြေလည်စေတဲ့ အရေးမျိုးကိုသာရေးသင့်ကြောင်း……

          လေးစားလျက်
          တိမ်မည်း

        • Foreign Resident

          November 29, 2012 at 11:12 am

          ကိုရင် တိမ်မည်း ရဲ့ ။

          အဘ က ၊
          လက်ရှိ မြန်မာနိုင်ငံသား Passport ကြီး ကိုင်ထားတဲ့ ၊
          လက်ရှိ မြန်မာနိုင်ငံသား လေ ။
          မြန်မာပြည် အကြောင်း မပြောရဘူးလားကွယ် ။

          နောက်ပြီး အဘ အခုဖြစ်နေတဲ့ ရခိုင်ပြည်ကို ၊
          အခေါက်ခေါက် အခါခါ ရောက်ဖူးပါ့ကွယ် ။
          ရခိုင်တွေ ဘင်္ဂါလီတွေရဲ့ အခြေအနေကို သိပါ့ ။
          အဘရဲ့ စဉ်းစားကြစေလိုပါတယ် ( ၃၅ )
          ( ဆွေးနွေး မိတာလေးပါ ) ဆိုတဲ့ Post လေးမှာ
          Detail ရေးထားပြီးသားပါကွယ် ။

          အဘ အတွေးအခေါ်တွေ အတွက် ၊
          အဘမှာလည်း ခိုင်လုံတဲ့ သတင်း Source တွေ ရှိပါ့ဗျာ ။
          ဒီမှာ ထုတ်ပြောလို့ မကောင်းလောက်အောင်ကို ၊
          ခိုင်လုံပါ့ဗျား ။

          ဒီမှာသာ ထုတ်မပြောသင့်လို့ မပြောတာ ၊
          အဘ ရန်ကုန်မှာ ရွာသူားတွေနှင့် ၊
          လူ ကိုယ်တိုင်တွေ့တော့တောင် ထုတ်ပြောလိုက်သေး ။

        • တိမ်မည်း

          November 29, 2012 at 11:39 am

          အဘရေ

          အဘ သိတာတွေနဲ ့ ဖြစ်နေတာတွေနဲ ့က တခြားစီဖြစ်လွန်းအားကြီးလွန်းလို ့ ပြောနေတာပါ…….

          ငိုနေတာတွေ ခံစားနေရတာတွေကို မြင်ရလွန်းလို ့…….
          နားလည်ပေးပါဆိုတဲ့ post ကို ရေးမိတာပါ…………..

          ပီးတော့ သတင်းဆိုတာက ဘယ်လောက်မှန်မှန် ကိုယ်လိုချင်တဲ့ ဘက်ကို ဆွဲပြောတာပါ…..
          လက်ရှိမြင်ရတာထက် ဘယ်သတင်းကမှ မမှန်ပါဖူး………..

          လေးစားလျက်
          တိမ်မည်း

  • thit min

    November 26, 2012 at 7:11 pm

    အန်ကယ်ကြီးရေ
    (ခေါ်ရတာ ခန့်သဗျား)
    ကျနော် နဲနဲဝင်ပွါးကြည့်ရရင်
    “စကတည်းကယဉ်သကို” ဆိုတဲ့ စကားလေးကိုဘဲ ကိုးကား ကိုးကား။
    “ဖြစ်မဲ့ခွေး အမွှေးကတမျိုး” လို့ဘဲ ရည်ညွန်းချင်ရည်ညွန်း။

    “ပုံမလာ”တာကတော့ အမှန်ဗျ။

    ရှင်းပါမည်။

    ဒီမှာတွေ့ဘူးတဲ့ အတွေ့အကြုံလေးနဲ့ ကြည့်မိတာပါ။
    ဒီမှာ ဟိုင်းဝေးလမ်းမကြီးတွေ ဖောက်ပါတယ်။
    အဲဒီလမ်းမကြီးတွေရဲ့ ဘေးဘယ်ညာမှာ ရှိတဲ့ အိမ်တွေကို ဟိုင်းဝေးလမ်းက”ဆူညံသံ”တွေအတွက်
    အကာအရံတွေလုပ်ပေးထားပါတယ်။ နောက်တဆင့် “သီးခံခလို့ခေါ်မလား လူ့အခွင့်အရေး
    လျော်ကြေးလို့ခေါ်မလား” (တကယ်က ဘာမှသိမ်းတာမဟုတ်လို့
    မြန်မာတွေလိုဆို လျော်ကြေးလို့တောင်ပြောလို့မရပါဘူး)
    အဲဒီဟိုင်းဝေးလမ်းမကြီးဖောက်တဲ့ ကန်ပနီက အဲဒီလမ်းနားကအိမ်တွေကို အဲ(ရ်)ကွန်းတွေပေးတာ
    ရေခဲသေတ္တာတွေပေးတာတွေ့ဘူးပါတယ်။တချို့တော့ ရိုးရိုးလက်ဆောင်လေးတွေပေးတာရှိပါတယ်။
    တောင်းပန်စကားဆိုပါတယ်။
    အဲ မရှိမဖြစ်တော့ အသံလုံကာရံမှုတွေ လုပ်ပေးပါတယ်။

    အဲဒီလို ချိန်ထိုးကြည့်မယ်ဆိုရင်
    “အပိုမပေးပါနဲ့အုန်း” ဗျာ၊လယ်သိမ်းမယ် မြေသိမ်းမယ်၊အနီးမှာ မိုင်း လုပ်မယ်ဆိုရင် တန်ရာတန်ကြေးကို
    တော့ ထိုက်ထိုက်တန်တန်ကို ပေးချေသင့်တာက အခြေခံပါ။
    အာဏာနဲ့ ဆင်သွားရာလမ်းဖြစ်တယ်ဆိုပြီးလုပ်ချင်တိုင်းလုပ်တတ်တဲ့ အဲဒီအကျင့်ပျောက်ဖို့ဆိုတဲ့
    အရာဟာ ကျန်တာတွေထက် ဒီနိုင်ငံမှာရှိရမဲ့အရာလို့ ကျနော်မြင်ပါတယ်။
    ခုလို ချိန်မှာ ထုတ်လုပ်မှုအားကောင်းပါမှ တိုင်းပြည်နလံထူမှာ မို့ ဒီလို သတ္ထ၊ူတနည်းအားဖြင့်စက်မှူကုန်ကြမ်း
    အလုပ်တွေကလုပ်ရမဲ့အထဲမှာပါတယ်။
    ဒါပေမဲ့ “တိကျတဲ့ပလဲန်” မတွေ့မိဘူး။
    ဥပမာပေါ့ဗျာ။ တနိုင်ငံလုံး စိုက်ဧက ဘယ်နှစ် သန်းရှိရမယ်။
    သစ်တော၊သတ္ထ၊ူသားငါး ဘယ်နှစ်ဧက ရှိရမယ်။
    သယံဇာတ တွေ့လဲ ဘယ်နှနှစ်စီမံကိန်းရှိတယ်(ဆိုလိုတာကတွေ့တိုင်းမထုတ်ဘူး)။
    ဘယ်နှစ်မှာ ဘယ်နယ်မြေ ဆိုတာမျိုး။
    အဓိကပြောချင်တာက ဘဲလဲန့်ချိန်ရမယ်။
    ဂေဟ စနစ်ပျက်စီးမှု၊ပါတ်ဝန်းကျင်ညစ်ညမ်းမှု ၊ရောဂါဖြစ်ပွါးနိုင်မှုတွေဟာ သဘာဝနဲ့
    လူသားအရင်းအမြစ်ကို ပျက်စီးစေတဲ့အချက်တွေဖြစ်လို့ တဘက်ကကြည့်ရင်ကုန်ထုတ်စွမ်းအား
    ကျဆင်းစေမယ်။
    စက်မှုနိုင်ငံထူထောင်ရေးတွေနဲ့ ပါတ်သက်ပြီး နိုင်ငံတော်တော်များများကိုလေ့လာဘူးပါတယ်။
    အားလုံးက စိုက်ပျိုးရေးကို တော်တော်အဆင့်မြင့်အောင်လုပ်ပြီးမှ စက်မှုကိုကူးကြတာပါ။
    ခု မြန်မာ့စိုက်ပျိုးရေးဆိုတာလဲ ၁၀၀% မက်ကဲန်းနိုက်ဇ် မဖြစ်သေးဘူးမဟုတ်လား။
    မြန်မာနိုင်ငံအနေအထားနဲ့ဆို ပြိုင်တူသွားသင့်တာလို့မြင်တယ်။
    ခုတော့ ဟိုမှာလယ်သိမ်းပြန်ပြီ (စက်ရုံဆောက်မလို့ဆိုပြီး)၊ပြီးတော့မှ မြေကွက်ရိုက်ပြီးရောင်းစားတယ်။
    အဲဒီလို ကိုယ့်အိတ်ထဲ ထည့်ဖို့လုပ်နေသူတွေ ရှိနေသ၍ ခုလို “မတန်ရာမတန်ကြေးနဲ့ ချစ်တီးလယ်သိမ်း
    စတိုင် တွေ ရှိနေမှာမလို့ အဲဒီချစ်တီးလိုလူတွေကိုလဲနှိပ်ကွပ်၊ချစ်တီးအားပေးသူတွေလဲဖြုတ်မှ။

    အဲဒီလိုဆိုတော့ အန်ကယ်ကြီးရဲ့ မေးခွန်းကိုဖြေရရင်
    ရပ်သင့်တာရပ်မယ်၊လုပ်သင့်တာလုပ်မယ်၊ အရေးအကြီးဆုံးက “ဖြုတ်သင့်တဲ့ လူဖြုတ်” ရအုန်းမှာ။

    • မင်းနန္ဓာ

      November 26, 2012 at 9:18 pm

      ဟုတ်လိုက်လေ.. မှန်လိုက်လေဗျာ.. “ဖြုတ်သင့်တဲ့လူ ဖြုတ်ရအုံးမှာ”ပါခင်ဗျာ။
      ကျုပ်တို့ရုံးမှာတော့ ခေါင်သူကြီးမပြောင်းတော့ ကြိုးနီစနစ်က တန်းလမ်းပါပဲဗျာ..
      လက်ညှိုးထောင် ခေါင်းညိတ် အစည်းအဝေးတွေ အလုပ်ရုံဆွေးနွေးပွဲတွေလည်း လုပ်တော့လုပ်နေတာပဲ ဟန်ပြသာသာ..။
      ရပ်သင့်တာတွေ ရပ်ပြီး
      ဆက်လုပ်သင့်တာတွေကိုလည်း အကျိုးအပြစ်၊(အဓိက ပြည်သူတွေ မနစ်နာဖို့) သေချာစိစစ်၊ ထင်သာမြင်သာလေးလုပ်ကြပါ..
      ခုတော့ဗျာ.. ကြားကုမ္ပဏီက ပွဲခရတာ သန်း ၁၀၀၊ လယ်သမားကိုပေးတဲ့ မြေလျော်ကြေးက ဒေါ်လာ ၆၀ဝ တဲ့
      ကြားလို့မှ မကောင်း..
      လျှောက်တော့ ဆက် လျှောက်ကြပါရဲ့.. moonwalk တော့ မလုပ်ကြပါနဲ့..

    • pooch

      November 26, 2012 at 9:20 pm

      ဖြုတ်သင့်တဲ့သူတွေကို ဖြုတ်မရမှာကိုပဲ စိုးရိမ်နေတာပါ။ 🙁

    • kai

      November 28, 2012 at 1:52 am

      … ဖြုတ်သင့်တဲ့သူရှိတယ်ပဲထားဦး.. ဘယ်သူကတာဝန်ယူဖြုတ်မှာလည်း.. ပြဿနာရှိပါတယ်..။
      .. ဖြုတ်သင့်တာဆိုပြီး.. ထိုင်ဖြုတ်နေရင်..အာဏာရှင်စနစ်ပြန်ဖြစ်မှာပေါ့.. ကိုသစ်ရဲ့..။

      လူထုက.ဖြုတ်စေချင်လည်း.. တရားရေးတက်ရမှာ.. ။ တရားစွဲရမှာ.. တရားဆိုင်ရမှာ..
      ရွေးကောက်ထားတဲ့သူဆို.. ဖြုတ်ရအင်မတန်ခက်ပါတယ်..။
      နောက်တခေါက်ရွေးကောက်ပွဲအထိ.. စောင့်ဖို့ပဲရှိတယ်..။ :kwi:

      ဖြုျတ်ဖို့ကိစ္စက.. စစ်တပ်နဲ့သွားညိနေရင်တေ့ာ.. ယူအက်စ်မှာတောင်.. အလွန်လုပ်ရခက်ပါကြောင်း…

      • အရီးခင်လတ်

        November 28, 2012 at 4:51 am

        မဖြုတ်ပါဘူး။
        သူတို့ဟာသူတို့ အတင်းဝင်ယူထားတာ မို့ သူတို့ဟာသူတို့ အသိ နဲ့ ထွက်သင့်ပါတယ်။
        စနစ်မှား ကြီး လို့ တောင် ဝန်ခံပြီးပြီဘဲ။
        ယူအက်စ် နဲ့တော့ လာမညှိ နဲ့လေ သူကြီးမင်းရယ်။

        • kai

          November 28, 2012 at 7:12 am

          စီအိုင်အေက.. ဒါရိုက်တာ..ကြယ်လေးလုံး ဗိုလ်ချုပ်ကြိးဖြစ်သလို..
          .. မိန်းမတယောက်က ..”ဘွား”ကနဲ့ပေါ်လာပြီး.. သူ့ကို/သူက ကွိကွိကွကွ.. လုပ်လိုက်/ခံရရင်လည်းဖြစ်တာပါပဲ..
          ဆိုတော့…
          အဲဒိနောက်တော့.. ရီဇိုင်း..ကိုယ့်ဖာကိုယ်တင်ပေါ့..

          ပြီးခဲ့တဲ့သမ္မတရွေးပွဲမှာ.. ရီပါ့ဗလစ်ကန်င်ဖက်ကတက်လာတဲ့.. အမည်းသမ္မတလောင်းHerman Cain လဲ.. အဲဒီနည်းနဲ့ပဲ.. သွားခဲ့တာပေါ့

          နော… :kwi:

  • MaMa

    November 27, 2012 at 2:50 pm

    အန်ကယ်ကြီးရေ-
    မရေးမရေးနဲ့….
    ရေးမယ့်ရေးတော့လည်း တကယ့်အကြီးကြီးကိုမှပါပဲလား။
    ဒါ့အပြင် ဆြာသစ်ရဲ့ အားဖြည့်မှုကြောင့် ပိုစ့်က အားပိုပါသွားတယ်။
    ပိုစ့်ရော ကွန်မန့်ရော အနှစ်တွေချည်းပဲ အကျိုးများလှပါပေတယ်။ :hee:

  • uncle gyi

    November 27, 2012 at 10:12 pm

    ကိုကြောင်ရေ
    အချိန်ကျပြီလား မကျသေးဘူးလားမေးသင့်တာပေါ့ဗျာ
    ဒါပေမဲ့ကိုယ့်ဝမ်းအခြေအနေကိုယ်သိတာပေါ့မဟုတ်ဖူးလား
    သံယံဇာတဆိုတာအစားထိုးလို့မရဆိုတာသိတာပ
    ဒါပေမဲ့လုပ်ကြဟဆိုပြီးအကုန်ဝကွက်အပ်လုပ်ဖို့ပြောတာမဟုတ်ပါဖူး
    လက်ပံတောင်ကဥပမာပေးလိုက်တာပါ
    အခုမှကျွန်တော်တို့ဆီမှာကြီးကြီးမားမားထုတ်ဖို့စလုပ်နေတာပါ
    အဲလိုဖြစ်နေရင်နိုင်ငံခြားကလာမယ့်အရင်းအနှီးပိုင်ရှင်တွေလာရဲကြပမလား
    ကျွန်တော်ပြောတာတရုတ်မှကုလားမှမဟုတ်ပါဖူး
    ဘယ်သူလာလုပ်လုပ်ကိုယ့်ဘက်ကအရင်းနည်းနည်းနဲ့အမြတ်များများရရင်လုပ်သင့်တယ်လို့ပြောတာပါ

    ကိုကျီးရေ
    ဒီတခါတော့ကိုကျီးနဲ့သဘောလွဲပြီးအဘဖောနဲ့ဆန္ဒတူကြောင်းဆန္ဒထုတ်ဖော်ပရစေ
    အဲဒီဝင်ငွေတွေ ဘယ်ရောက်ကုန်မှန်းမသိ
    ဘယ်သူ့အိပ်ထဲရောက်ကုန်မှန်းမသိ
    ဘာစါရင်းရှင်းတမ်းမှ ပြည်သူတွေမသိရ
    ဒါကြောင့်မို့လည်းကိုသန်းထွဋ်အောင် ရဲ့ဆောင်းပါးကိုဖြတ်ညှပ်ကပ်လုပ်ပြီးထည့်ပေးလိုက်တာပါ

    အဘဖောရေဒီတခါတော့ကျွန်တော်စီတီဇင်ဘက်ကဗျာ
    အသက်နှင့်ရင်းပြီး ရှာထားရတဲ့
    အဲဒီစကားနဲ့သူတို့လုပ်စားလာတာကြာပြီဗျာ
    အခုလည်းမဝင်မနေရဥပဒေထုတ်ပြီးပြီပဲ
    နောက်ဆိုသူတို့ဒီအပြောလေးတွေနဲ့လုပ်စားလို့မရလောက်တော့ဖူးထင်ပါကြောင်း

    ကိုခရေ ၈ ။ ၂ မှ ၈။ ၂ ဗျာ
    အုပ်ချုပ်သူ အစိုးရအကြီး အကဲကလည်း စကားလုံးကောင်းလေးတွေနဲ့ မိန်ခွန်းဘဲပြောပြီး အကောင်အထည်ဖော်ဆောင်မှု့ အားနည်း၊ ပြည်သူကလည်း မကျေနပ်ဆန္ဒပြ အော်ကာတောင်းဆို ဒါနဲ့ဘဲကျင်လည်ရာ ဘဝဆိုရင်တော့ဖြင့်ဗျာ။
    တိုင်းပြည်တိုးတက်ဖို့ဘယ်မမြင်ပေါ့ဗျာ

    သဘောညီမျှကြောင်းပါဦးဦးရေ

    မှန်ပါတယ်အဘဖောရေဦးပိုင်ကိုကြောပေးထားတာကြာပြီ
    အခုချိန်ကစလို့သူလည်းသူများတွေလိုတန်းတူယှဉ်ပြိုင်သင့်ပြီပေါ့ဗျာ
    အစိုးရကလည်းပွင့်လင်းသင့်တာပွင့်လင်းမြင်သာထင်သာရှိတာကိုမြင်သာထင်သာရှိအောင်လုပ်
    လျော့တန်တာလျော့လုပ်သင့်တာလုပ်ရမှာပါ
    အခုကဆန္ဒပြနေကြတာတွေကိုသေချာစစ်ကြည့်လိုက်ရင်
    အစိုးရရဲ့ကိုင်တွယ်ပုံတိကျမြန်ဆန်မှုလိုတာကိုလည်းတွေ့ရမှာပါ

    ကိုသစ်နည်းနည်းပွါးတာကကျွန်တော့ပိုစ့်မှာပြည့်စုံသွားလို့ကျေးဇူးပါ
    ရပ်သင့်တာရပ်မယ်၊လုပ်သင့်တာလုပ်မယ်၊ အရေးအကြီးဆုံးက “ဖြုတ်သင့်တဲ့ လူဖြုတ်” ရအုန်းမှာ။
    ကြိုက်တယ်ဗျာ

    မမရေ
    အကြီးကြီးမဟုတ်ရပါဖူး
    ဒီအကြောင်းတွေရေးချင်လို့စုနေတာကြာပြီ
    အဘဖောကလည်းအစဖော်ပေး ကိုသန်းထွဋ်အောင် ရဲ့ဆောင်းပါးကလည်းအဆင်သင့်ဖတ်လိုက်ရတော့
    ရေးဖြစ်သွားတာပါ
    ကိုယ့်ဘာသာကိုယ်ဆိုရေးဖြစ်အုန်းမှာမဟုတ်သေးဖူး
    ဘာလို့ဆိုကျွန်တော်ကသူတို့လိုလိမ့်ပတ်လည်အောင်မရှင်းတတ်ဖူးလေ

    ကျွန်တော့်ရဲ့စာကိုဝင်ရောက်ဖတ်ပြီးပိုမိုအသက်ဝင်ပြည့်စုံအောင်အားပေးသွားကြ
    သူများအားလုံး
    ကိုကြောင်အစသူကြီးနဲ့ကိုသစ်အလယ် မမ အထိကျေးဇူးအထူးတင်ပါကြောင်း

  • အန်ကယ်ဂျီး ဘယ်ကနေရေးနေတာလဲဗျ။
    ကျနော်တို့ဆီမှာ တကယ်ကောင်းစေချင်ရင်
    လေနဲ့ကောင်း စာထဲမှာကောင်းနေတာတွေလျော့ချပြီး အပြင်မှာ လက်တွေ့မှာကောင်းအောင်
    လုပ်ကြရမယ့် အချိန်ကိုရောက်လာနေပါပြီ။
    ကောင်းအောင်ဆိုပြိး လုပ်ကြပါတယ် ဟန်ပြလောက်ဘဲဖြစ်နေတာမျိုး.
    တစ်ခုခုလုပ်မယ်ကွာ ဆိုရင် ဟုတ်ဟုတ် မဟုတ် ဟုတ် အတို်က်အခံလုပ်ရရင်ပြီးရောဆိုတဲ့စိတ်တွေလဲလျော့ရမှာပါ။
    အန်ကယ်ဂျီး ကြိုပြောလိုက်သလိုဘဲ လွှတ်ချစရာတွေအများကြိးနောက်က ကိုင်ထားတာတွေလဲအများကြီးက
    ရေးနေပါတယ်ဗျာ…………………………မပြီးသေးဘူး

  • aye.kk

    November 27, 2012 at 10:39 pm

    ဖြုတ်သင့်တဲ့လူတွေကိုမဖြုတ်နိုင်ဘဲ
    ဝိဒေဟရာဇ်ထံခစားတဲ့ပုတ်သင်ညိုကို ရွှေဆွဲကြိုးတတ်သလိုမျိုး ပုံပမာအနှိုင်းပြချင်ပါတယ်။
    အခုဟာက ဌာနဆိုင်ရာကလူတွေကို လက်သင့်ရာ မြှောက်စား ရာထူးတွေတိုးပေးပြီး နေရာမှန် လူမှန်နေတဲ့သူတွေကို နောက်ချန်ထားပြီး ရှေးမူမပျက်ခြစားနေတာတွေကို မသိကျိုးကျဉ်ပြုထားပြီး မဖြုတ်နိုင်သေးတာ ၂၀၁၅ နှစ်မှာသူတို ့အတွက် ထောက်ခံမဲပေးဘို ့ပြုလုပ်နေတာလား
    ဆိုတာစဉ်းစားရကြပ်လှပါတယ်။။

  • Inz@ghi

    November 28, 2012 at 6:59 am

    ကျနော်မြင်မိတာကတော့ Green Wash တွေရဲ့ ဘေးထွက်ဆိုးကျိုးပါပဲ ..
    တိုးတက်တဲ့နိုင်ငံကြီးတွေက သူတို့ တိုင်းပြည်က ကမ်းခြေတွေ
    ရေအောက်ရောက်ကုန်မှာစိုးလို့ ဖန်လုံအိမ်တို့ ဂရင်းတို့ကို အသံကျယ်ကျယ်
    အော်ခဲ့ကြတယ်… ကော်ပိုရေးရှင်းကြီးတွေဆိုလည်း အတူတူပဲ …
    တကယ်က ကမာ္ဘကြီးကို မဂရင်းအောင် ဒင်းတို့ ဖျက်ဆီးခဲ့ကြတာလေ…

    တိုးတက်ဖို့ အားယူတဲ့ တိုင်းပြည်တွေ စွမ်းအင်ထုတ်တော့မှ ..မိုင်းတူးတော့မှ…
    စိုးတယ် စိုးမိတယ် စိုးထိတ်မိတယ် အော်နေကြတာ …
    အော်မပေါ့ဗျာ ရေခဲတောင်ပိုပျော်လို့ …
    မိုင်ယာမီက မြေတစ်လက်မ ရေအောက်ရောက်တာနဲ့ ..
    ကျုပ်တို့ ဆီက ဓနိတော ရေအောက်ရောက်တာ ဈေးကသိပ်ကွာသကိုး ..

    ဆိုတော့ တိုးတက်အောင်လုပ်ဖို့က သဘာဝပတ်ဝန်းကျင်ကို အထိုက်အလျောက်
    ထိခိုက်ခံရမှာပဲ ။ ဆော်လမွန်ဘုရင်ရဲ့ သိုက်ကို ဖင်ခုထိုင်ပြီး ကိုယ်တုံးလုံးနဲ့
    ဗိုက်ဆာနေရရင် အဓိပ္ပါယ်မရှိဘူး ထင်မိရဲ့…။

    ဆိုတော့ အန်ကယ်ကြီးပြောခဲ့သလို အကျိုးအမြတ်ခွဲဝေမှု မျှတမှုရှိစေရေးနဲ့
    ပွင့်လင်းမြင်သာမှု ရှိရေးက အရေးကြီးတယ် ထင်မိပါတယ်။

    ရထားကြီးပြောသလို ပေါက်ဖော်ကျေးဇူး ဆပ်ဖူးချင်တယ် ဆိုတာရော …
    ဦးနှောက်အစိမ်းရောင် ဆေးဆိုးခံထိထားသူတွေ ပြောသလို အခုရပ်
    ဆိုတာရော မမှန်ဘူးလို့ ထင်မိတယ်…

    ဆိုတော့ လုပ်ပါ ဆက်လုပ်ပါ။ ဒေသခံတွေကိုလည်း ရေနဲ့ သင့်တင့်လျောက်ပတ်တဲ့
    အခြေခံအဆောက်အဦတွေ ဖြည့်ဆည်းပေးပါ..။ ဝင်း-ဝင်း ဖြစ်ပါစေ ဆုတောင်းပါတယ်…

    တော်သေးဘီ

    ခင်တဲ့
    ဂီ

    • စိုင်း ကွမ်းခေး

      November 28, 2012 at 7:11 am

      ဒီမယ်ဂီ…

      သဘောထားတူပါပေတယ်..
      လေသံတော့နည်းနည်း ကွဲပေမပေါ့၊ အဘဖောတော့ သူလိုတာ ဆွဲပြောဦးမယ်ထင်ပါ၏။
      ကျွန်တော်ကတော့ ကိုယ်မြင်တာ ပြောပြီးလေပြီ။

      လုံးဝ (လုံးဝ) မခင်တတ်တဲ့

      စိုင်း

  • kai

    November 29, 2012 at 8:36 am

    ‘အခု လက်ပံတောင်းတောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီးသွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက်ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရမယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ တင့်တယ် တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည်ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊ ဒီနိုင်ငံနဲ့ အလုပ် လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံ သူတွေ စိတ်မဝင်စားနိုင်တော့ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

    http://8888linker.blogspot.com/2012/11/blog-post_652.html

  • uncle gyi

    November 29, 2012 at 10:45 am

    ကိုစိုင်းရေမင်းနဲ့ပြည်သူကထွက်တာကြာပြီဖတ်တာလည်းကြာြပြီဆိုတော့အကုန်တော့မမှတ်မိတော့ပါ

    တိုင်းပြည်အုပ်ချုပ်တဲ့ မင်းဆိုတာ ပြည်သူတွေရဲ့ လစာကို စားနေရတဲ့ ဝန်ထမ်းတစ်ယောက်ပေပဲမို့ ပြည်သူ့ကောင်းကျိုးကိုသာ လုပ်ဆောင်ရမယ်ဆိုလားပဲ…

    မှန်တာပေါ့ဗျာပြည်သူ့ေကောင်းကျိုးကိုသာဆောင်ရမယ်ဆိုလို့တိုင်းပြည်ကိုတကယ်ကောင်းဖို့ဆို
    လုပ်သင့်တာကိုလည်းလုပ်ရမှာသူတို့တာဝန်လို့မြင်ပါတယ် ကိုပေါက်ပြောသလိုလုပ်ပိုင်ခွင့်နဲ့ပေါင်းပြီ
    ကိုယ်ကျိုးလုပ်သွားလို့တော့မဖြစ်ဖူးပေါ့ဗျာ

    ဒါပေမယ့် ပြန်လည် ဆွေးနွေးညှိနှိုင်းသုံးသပ်ပါရစေဆိုပြီး (၅၆ %) လားမသိတဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် မှန်မမှန် ပြန်စစ်သင့်တယ်။ နောက်ပြီး ဒီစီမံကိန်းကြီးကြောင့် တိုင်းပြည်ဝင်ငွေ ဘယ်လောက်ရှိတယ်၊ ဒေသခံပြည်သူတွေအတွက် ဘယ်လိုမြှင့်တင်ပေးနိုင်တယ်၊ စုစုပေါင်းရငွေက ဘယ်လောက်၊ ဒေသခံပြည်သူတွေအတွက်က ဘယ်လောက်၊ နိုင်ငံတော်ကြီူးအတွက် ဘယ်လောက်ဆိုတာတွေ ချပြသင့်တယ်။

    အမှန်ဖြစ်သင့်တာကကိုစိုင်းပြောသလိုအထက်ပါအချက်များထင်သာမြင်သာရှိလာအောင်
    အသိမ်းခံမြေများတန်ရာတန်ကြေးရအောင်ထုတ်လုပ်မှုကပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင်
    စသဖြင့်အစိုးရထံတောင်းဆိုရမှာပါ
    အခုကအဲဒီမှာသွားလုပ်တော့သူတို့ကအခုတရားဝင်ဖြိုလိုက်တော့ကိုယ့်တပ်နာပါတယ်
    ချဉ်းကပ်ပုံလုပ်နည်းကို်င်နည်းတောင်းဆိုနည်းတွေပြုပြင်ဖို့လိုတယ်လို့မြင်ပါတယ်
    ဒီမနက်elevenထဲမြင်ရတာစိတ်မကောင်းလိုက်တာဗျာ

    အစိုးရလုပ်တာအကုန်လိုက်ပြီးဖျက်သိမ်းဆိုတာလည်းမဟုတ်ဖူးလို့မြင်ပါတယ်
    အခုကနိုင်ငံတကာကဝင်ဖို့လုပ်နေပါပြီမြစ်ဆုံကထားတော့အခုကြေးနီစီမံကိန်းကထပ်ဖျက်ရင်
    မြန်မာကိုဘယ်သူယုံတော့မယ်လို့ထင်မလဲအလွန်ဆုံးနောက်ထပ်စီမံကိန်းတွေထပ်မလုပ်ဖို့
    အထိပဲကန့်ကွက်သင့်တယ်လို့မြင်ပါတယ်

  • uncle gyi

    November 29, 2012 at 4:20 pm

    လေနဲ့ကောင်း စာထဲမှာကောင်းနေတာတွေလျော့ချပြီး အပြင်မှာ လက်တွေ့မှာကောင်းအောင်
    လုပ်ကြရမယ့် အချိန်ကိုရောက်လာနေပါပြီ။
    ကောင်းအောင်ဆိုပြိး လုပ်ကြပါတယ် ဟန်ပြလောက်ဘဲဖြစ်နေတာမျိုး.
    တစ်ခုခုလုပ်မယ်ကွာ ဆိုရင် ဟုတ်ဟုတ် မဟုတ် ဟုတ် အတို်က်အခံလုပ်ရရင်ပြီးရောဆိုတဲ့စိတ်တွေလဲလျော့ရမှာပါ။

    ကိုပေါက်ရေ
    လေလျော့ပြီးစာထဲကနေအပြင်ရောက်
    တာနှေနေလို့အခုလိုတွေဖြစ်ကုန်ကြတယ်လို့မြင်ကြောင်းပါ
    အတိုက်အခံကရှိရပါမယ်ဒါပေမဲပုံစံလေးတွေလိုနေတယ်လို့မြင်တယ်ဗျာ
    ငါတို့စကားမှဆိုတဲ့အပြောတွေပြင်သင့်ပါပြီတိုင်ပြည်အတွက်တက်ယ်လိုအပ်တယ်ထင်ရင်
    ပြည်သူကလည်းသူတို့ဘက်ပါ ဥပမာပြောတာနော်
    ကိုယ့်ဘက်ကလျော့ပေးတဲ့အတိုက်အခံဖြစ်သင့်ပါတယ်
    နောက်မို့ဆိုပြည်သူပဲနာပြီးတိုင်းပြည်တိုးတက်ဖို့နှေးကွေးနေမှာပါ

    နောက်ဆုံးပြောချင်တာက ကိုင်ထားစရာတွေမြန်မြန်လေး လို့ပြောချင်ပါတယ်

  • uncle gyi

    November 29, 2012 at 4:50 pm

    ။ ဆော်လမွန်ဘုရင်ရဲ့ သိုက်ကို ဖင်ခုထိုင်ပြီး ကိုယ်တုံးလုံးနဲ့
    ဗိုက်ဆာနေရရင် အဓိပ္ပါယ်မရှိဘူး ထင်မိရဲ့…။
    ကိုဂီရေဥပမာပေးတော့ကြိုက်သွားပြီဗျာ
    ကိုသစ်ပြောသလိုအသိမ်းခံတွေကိုတန်ရာတန်ကြေးဖြစ်အောင်ရအောင်အဓိကတောင်ရမယ်
    ရလည်းရသင့်တယ်လေမဟုတ်ဖူးးလား

Leave a Reply