ကထိန် အလှူ သာဓု ခေါ်နိုင်ကြပါစေသော်..

နွေဦးNovember 26, 20121min732

ရာသီချိန်မှီ ရေးတင်ပြချင်သော်လည်း ရှားပါးသော အချိန်ကြောင့်
နောက်ကျသွားပါသဖြင့် နားလည်ခွင့်လွှတ်စေချင်ပါသည်။

“သင်္ကန်းမှာကထိန်၊ ကျောင်းမှာသိမ်၊ ဆွမ်းမှာပိဏ္ဍပါတ်” ဟူ၍ ရှိလေရာ မြတ်စွာဘုရားရှင် မိန့်ကြားခဲ့သည့် အတိုင်း
အမြတ်ဆုံးအလှူတို့တွင် ကထိန်သင်္ကန်း လှူခြင်းလည်း ပါဝင်၏။

ဦးစွာ ကထိန်မမြောက်သော သင်္ကန်းများမှာ…

၁။ နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၂။ ဤသင်္ကန်း (ဗိုလ်မ၊ ကြာငါးခိုင်၊ ဇောတိက၊ သမ္မတစသည်)တို့ဖြင့် ကထိန်ခင်းရမည်ဟူ၍ ဘုန်းကြီးကပြော၍
ကထိန်ခင်းလျှင်
၃။ ငါ့၌ရှိသောသင်္ကန်းကို ဝတ္ထုငွေနှင့်လဲလှယ်၍ ကထိန်ခင်းပါဟုဆိုလျှင်
၄။ ခေတ္တငှားရမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၅။ ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ သိုမှီးသိမ်းဆည်းထားသည့် သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၆။ ကထိန်ခင်းသည့် နေ့မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၇။ ကထိန်ခင်းသည့်နေ့မှာပင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း(သို့မဟုတ်) ငါးခန်းထက်ပိုအောင် မဖြတ်ထား
သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၈။ ကျောင်း၌ ယခင်က ကပ်ထားသည့် သင်္ကန်းများ၊ ကပ္ပဗိန္ဓုထိုးပြီးသား သင်္ကန်းများနှင့် ကထိန်ခင်းလျှင်

ကထိန်မမြောက်ပါ။

ကထိန်မြောက်သော သင်္ကန်းများမှာ

၁။ သင်္ကန်းအသစ်နှင့် ကထိန်ခင်းလျှင်
၂။ နိမိတ်မပြဘဲ အလိုလိုဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၃။ အလိုလိုဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၄။ မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၅။ ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်း၌ မသိုမှီးမသိမ်းဆည်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၆။ ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်းကို ကြိုတင်မပို့ထားသော သင်္ကန်း၊ ကထိန်းခင်းမည့် နေ့ရက် ရောက်မှ
ကျောင်းကိုပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၇။ ကထိန်ခင်းသည့်နေ့မှာပင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း(သို့မဟုတ်) ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်
ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်

ကထိန်မြောက်ပါသည်။
ကထိန် မြောက်သည် မမြောက်သည် ဆိုသော ကန့်သတ်ချက်မှာ ရဟန်းသံဃာ များအတွက် အရေးကြီးပါသည်။
လူပုဂ္ဂိုလ် များအနေဖြင့် အလှူပြီးမြောက်သဖြင့် ကုသိုလ် စိတ်ကြောင့် ကုသိုလ် ရပြီးဖြစ်ပါမည် ။
သာဓုခေါ်နိုင်ရန်သာ အဓိကဖြစ်မည်ထင်ပါသည် ။

 

2 comments

  • မောင်ပေ

    November 26, 2012 at 7:08 pm

    ဟုတ်ကဲ့… အခုလို ပြည့်ပြည့်စုံစုံလေး ရေးပြပေးလို ့ ကျေးကျေးပါနော

  • ရွှေ ကြည်

    November 27, 2012 at 4:36 pm

    ကိုနွေဦးရေ ကထိန်အလှူအကြောင်းခုလိုအသိပေးတဲ့အတွက်ကျေးဇူးပါလို့ပြောပါရစေ..။

Leave a Reply