1 မင်းကွန်းကအပြန် စစ်ကိုင်းအသွားလမ်း

 

2 အတက်အဆင်း မညီညာတဲ့လမ်းကလေး

3 သီတဂူသို့အ၀င်

 

4 သီတဂူ ဆန်ချီစေတီတော်

5 သီတဂူက အာသောက

 

6 သီတဂူ နှင့် စစ်ကိုင်းတောင်

7 မိုင်းညို့ညို့ တောင်ရိပ်ကျနေတဲ့စစ်ကိုင်းတောင်

 

8 ဆွမ်းဦးပုညရှင်သို့အ၀င်

9 ဆွမ်းဦးပုညရှင် ဆင်းတုတော်

 

10 အနီးကပ်ဆွမ်းဦးပုညရှင်

 

11 စစ်ကိုင်းဘက်ကမ်းကနေလှမးအကြည့်

 

12 မြစ်ပြင်နဲ့ ရှင်ဖြူရှင်လှ

 

13 ဆွမ်းဦးပုညရှင်မှ မြင်ရတဲ့မြင်ကွင်း

 

14 မန်းလေးဘက်က မူန်ပြာရီ

1 နည်းနည်းလေးစီကွာပေမယ့် တစ်မျိုးစိလှနေပါတယ်

16 သောင်ထွန်းနေတဲ့မြစ်ပြင်

 

17 သီတဂူကို အဝေးကအကြည့်

 

18 စစ်ကိုင်းတံတားနှစ်စင်းကိုမြင်ရတာလေးပါ

 

19 အမြင်တစ်မျိုး

 

“မင်းဝံတောင်ရိုးပေါ်ကစေတီ…….”

 

 

မင်းကွန်းမြေကနေထွက်လာတဲ့အခါ စစ်ကိုင်းတောင်ပေါ်ကစေတီတွေကိုသွားဘို့စိတ်ကူးမိပါတယ်။

စစခြင်းတောင်တက်လမ်းမှာရှိတဲ့ ဆရာတော်ဦးဉာဏိသရရဲ့ သီတဂူစေတီတော်ကိုအရင်ဝင်လိုက်ကြပါတယ်။

ဗုဒ္ဓဂါယာမှာရှိတဲ့ဆန်ချီစေတီတော်ပုံစံအတိုင်းတည်ဆောက်ထားတယ်လို့သိရပါတယ်။

အိန္ဒယနွယ်သော ဒီဇိုင်းများနဲ့ အမြင်ဆန်းပါတယ်။

ပထမတစ်ခေါက်ရောက်စဉ်က တွေ့မြင်ခဲ့ရတဲ့ မှတ်တမ်း ဓါတ်ပုံတွေဗုဒ္ဓဂါယာက ဓါတ်ပုံတွေကိုမတွေ့ရတော့တာပါဘဲ၊။

စစ်ကိုင်းတောင်ပေါ်ကိုဆက်တက်လာတဲ့အခါ ကောင်းမူ့တော်လဲဝင်ချင် တောင်သမန်အင်းလဲသွားချင်ဆိုတော့

ဆွမ်းဦးပုညရှင်တစ်ဆူတည်းကိုဘဲ ဖူးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။

ဝင်မယ်ဆိုရင်တော့ ဥမင်သုံးဆယ်က လမ်းသင့်ပါတယ်။

ညနေကလဲ သုံးနာရီကျော်နေပါပြီ။

ဒါနဲ့ဘဲ အချိန်လင့်မှာစိုးတော့ ဆွမ်းဦးပုညရှင်ကိုဘဲတန်းသွားခဲ့ပါတယ်။

စိန်းလန်းစိုပြေတဲ့ စစ်ကိုင်းတောင်ပေါ်ကို ညနေပိုင်းရောက်ဘူးတာ တော့ ဒီတစ်ကြိမ်ဘဲရှိပါသေးတယ်။

အဲဒါနဲ့အကွေ့အကောက်လမ်းလေးတွေအတိုင်း သွားရင်းက ဆွမ်းဦးပုညရှင်စေတီကိုရောက်သွားပါတယ်။

ရှင်ဖြူရှင်လှပြီးရင် ဆွမ်းဦးပုညရှင်က ဧရာမြစ်ပြင်မြင်ကွင်းကိုကောင်းကောင်းမြင်ရတဲ့နေရာဖြစ်ပါတယ်။

ဆွမ်းဦးပုညရှင်ကနေလှမ်းကြည့်ရင် မူန်ပြပြ မန်းလေးတောင်ကို မြင်နိုင်ပါတယ်။

အနောက်ဖက်ကနေကြည့်မယ်ဆိုရင် ဟိုးမြောက်ဘက်ဝေးဝေးမှာ ကောင်းမူ့တော်စေတီ၊

အနောက်တည့်တည့်မှာ သီတဂူစေတီတော်နဲ့ တောင်ဘက်မှာတော့ ဧရာဝတီမြစ်ကိုဖြစ်ကူးထားတဲ့ တံတားအသစ်နဲ့အဟောင်းနှစ်စင်းကိုယှဉ်လျက်တွေ့နိုင်ပြန်ပါတယ်.။

နောက်တော့စစ်ကိုင်းတောင်ပေါ်ကဆင်းပြီး ရာဇာမဏိစူဠာ ကောင်းမူ့တော်စေတီကိုရောက်ခဲ့ပါတယ်။

အဲဒီရောက်တော့ ဘုရားဝင်ကန်တော့ စေတီတော်ကိုတော့ အဆုံးထိမလျောက်တော့ဘဲ တောင်သမန်အင်းရဲ့

ညနေခင်းလေးဆီအပြေးအလွားလာခဲ့ကြပါတယ်။

 

 

ကိုပေါက်လမ်းသလားနေသည်

(25-11-2012)

 

20 ကောင်းမူတော့်သို့အ၀င်

 

21 ကောင်းမူ့တော်သို့အ၀င်

 

22 အနီးကပ်ကောင်းမူ့တော်

23 ငါးထပ်ကြီး

24 ဆင်များရှင်

 

25 ဧရာဝတီ တံတား

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။

   Send article as PDF