မင်းဝံပေါ်မှ စေတီတော်များသို့……………..

1 မင်းကွန်းကအပြန် စစ်ကိုင်းအသွားလမ်း

 

2 အတက်အဆင်း မညီညာတဲ့လမ်းကလေး
3 သီတဂူသို့အဝင်

 

4 သီတဂူ ဆန်ချီစေတီတော်
5 သီတဂူက အာသောက

 

6 သီတဂူ နှင့် စစ်ကိုင်းတောင်
7 မိူင်းညို့ညို့ တောင်ရိပ်ကျနေတဲ့စစ်ကိုင်းတောင်

 

8 ဆွမ်းဦးပုညရှင်သို့အဝင်
9 ဆွမ်းဦးပုညရှင် ဆင်းတုတော်

 

10 အနီးကပ်ဆွမ်းဦးပုညရှင်

 

11 စစ်ကိုင်းဘက်ကမ်းကနေလှမးအကြည့်

 

12 မြစ်ပြင်နဲ့ ရှင်ဖြူရှင်လှ

 

13 ဆွမ်းဦးပုညရှင်မှ မြင်ရတဲ့မြင်ကွင်း

 

14 မန်းလေးဘက်က မူန်ပြာရီ
1 နည်းနည်းလေးစီကွာပေမယ့် တစ်မျုးိစိလှနေပါတယ်
16 သောင်ထွန်းနေတဲ့မြစ်ပြင်

 

17 သီတဂူကို အဝေးကအကြည့်

 

18 စစ်ကိုင်းတံတားနှစ်စင်းကိုမြင်ရတာလေးပါ

 

19 အမြင်တစ်မျုးိ

 

“မင်းဝံတောင်ရိုးပေါ်ကစေတီ…….”

 

 

မင်းကွန်းမြေကနေထွက်လာတဲ့အခါ စစ်ကိုင်းတောင်ပေါ်ကစေတီတွေကိုသွားဘို့စိတ်ကူးမိပါတယ်။

စစခြင်းတောင်တက်လမ်းမှာရှိတဲ့ ဆရာတော်ဦးဉာဏိသရရဲ့ သီတဂူစေတီတော်ကိုအရင်ဝင်လိုက်ကြပါတယ်။

ဗုဒ္ဓဂါယာမှာရှိတဲ့ဆန်ချီစေတီတော်ပုံစံအတိုင်းတည်ဆောက်ထားတယ်လို့သိရပါတယ်။

အိန္ဒယနွယ်သော ဒီဇိုင်းများနဲ့ အမြင်ဆန်းပါတယ်။

ပထမတစ်ခေါက်ရောက်စဉ်က တွေ့မြင်ခဲ့ရတဲ့ မှတ်တမ်း ဓါတ်ပုံတွေဗုဒ္ဓဂါယာက ဓါတ်ပုံတွေကိုမတွေ့ရတော့တာပါဘဲ၊။

စစ်ကိုင်းတောင်ပေါ်ကိုဆက်တက်လာတဲ့အခါ ကောင်းမူ့တော်လဲဝင်ချင် တောင်သမန်အင်းလဲသွားချင်ဆိုတော့

ဆွမ်းဦးပုညရှင်တစ်ဆူတည်းကိုဘဲ ဖူးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။

ဝင်မယ်ဆိုရင်တော့ ဥမင်သုံးဆယ်က လမ်းသင့်ပါတယ်။

ညနေကလဲ သုံးနာရီကျော်နေပါပြီ။

ဒါနဲ့ဘဲ အချိန်လင့်မှာစိုးတော့ ဆွမ်းဦးပုညရှင်ကိုဘဲတန်းသွားခဲ့ပါတယ်။

စိန်းလန်းစိုပြေတဲ့ စစ်ကိုင်းတောင်ပေါ်ကို ညနေပိုင်းရောက်ဘူးတာ တော့ ဒီတစ်ကြိမ်ဘဲရှိပါသေးတယ်။

အဲဒါနဲ့အကွေ့အကောက်လမ်းလေးတွေအတိုင်း သွားရင်းက ဆွမ်းဦးပုညရှင်စေတီကိုရောက်သွားပါတယ်။

ရှင်ဖြူရှင်လှပြီးရင် ဆွမ်းဦးပုညရှင်က ဧရာမြစ်ပြင်မြင်ကွင်းကိုကောင်းကောင်းမြင်ရတဲ့နေရာဖြစ်ပါတယ်။

ဆွမ်းဦးပုညရှင်ကနေလှမ်းကြည့်ရင် မူန်ပြပြ မန်းလေးတောင်ကို မြင်နိုင်ပါတယ်။

အနောက်ဖက်ကနေကြည့်မယ်ဆိုရင် ဟိုးမြောက်ဘက်ဝေးဝေးမှာ ကောင်းမူ့တော်စေတီ၊

အနောက်တည့်တည့်မှာ သီတဂူစေတီတော်နဲ့ တောင်ဘက်မှာတော့ ဧရာဝတီမြစ်ကိုဖြစ်ကူးထားတဲ့ တံတားအသစ်နဲ့အဟောင်းနှစ်စင်းကိုယှဉ်လျက်တွေ့နို်င်ပြန်ပါတယ်.။

နောက်တော့စစ်ကိုင်းတောင်ပေါ်ကဆင်းပြီး ရာဇာမဏိစူဠာ ကောင်းမူ့တော်စေတီကိုရောက်ခဲ့ပါတယ်။

အဲဒီရောက်တော့ ဘုရားဝင်ကန်တော့ စေတီတော်ကိုတော့ အဆုံးထိမလျောက်တော့ဘဲ တောင်သမန်အင်းရဲ့

ညနေခင်းလေးဆီအပြေးအလွားလာခဲ့ကြပါတယ်။

 

 

ကိုပေါက်လမ်းသလားနေသည်

(25-11-2012)

 

20 ကောင်းမူတော့်သို့အဝင်

 

21 ကောင်းမူ့တော်သို့အဝင်

 

22 အနီးကပ်ကောင်းမူ့တော်
23 ငါးထပ်ကြီး
24 ဆင်များရှင်
 

25 ဧရာဝတီ တံတား

 

10 comments

  • candle .

    December 7, 2012 at 11:31 am

    ကိုပေါက်ရေ..ဆွမ်းဦးပုညရှင် ရုပ်ပွားတော်မြတ်ကြီးအားကြည်ညိုစွာဖူးမျော်သွားပါတယ်..
    နံပါတ် 16 သောင်ထွန်းနေတဲ့မြစ်ပြင်ကတော့ အကြိုက်ဆုံးပါလို ့….

  • Mobile

    December 7, 2012 at 11:39 am

    နံပါတ် ၁၄ ကိုကြိုတ်တယ်ဗျာ။
    ပုံအကြီးတွေကို သဘောကျတယ်ဗျ။ ပုံအသေးတွေကို သိပ်ပြီး သဘောမတွေ့ဘူးဗျာ။
    ကြည့်ရတာသေးလို့ အရသာမရှိဘူးဗျ။ စစ်ကိုင်း ကောင်းမှုတော်စေတီ အရင်တုန်းက
    ကျနော်သိတာ အဖြူရောင်ဗျ။ အခုရွှေရောင်ဆေးတွေ သုတ်ထားတာပါလား။ ကြည့်ရတာ
    တစ်မျိုးကြီးပဲဗျ အဖြူရောင်လောက် မျက်စိထဲမှာ မယဉ်ဘူးဗျာ။

  • ခင်ခ

    December 7, 2012 at 11:54 am

    အရွယ်ငယ်စဉ်က ခရီးသွားကားနဲ့ ညနေခင်းမှောင်ရီပျိုးချိန် ရွှေဘိုကအပြန် ကောင်းမှု့တော် ဘုရားအနီးနားက ကားဖြတ်သွားရင် ထုံးဖြူဖြူဘုရားကြီးကြီး ကောင်းမှု့တော်ကိုဖူးရရင် ကြည်းနူးကာ လွမ်းမိတယ်၊ အခုရွှေရောင်ပြောင်းပြီးမှာ အဲလို ညနေခင်းမှောင်ရီပျိုးချိန် မဖူးဖြစ်သေးဘူး တစ်ခါလောက်တော့ အဲဒီအချိန်သွားဖူးကြည့်အုံးမယ်ဗျာ ကိုပေါက်ရေ။

  • ပထမဆုံးဝင်လာခဲ့တဲ့ candleရေ ကျေးကျေးပါ။
    Mobile ရေ ပုံအကြီး ကကင်မရာအလျားလိုက်ရိုက်ပြီး ပုံအသေးကတော့ ဒေါင်လိုက်ရိုက်တာပါ။
    ကိုယ်ပြချင်တဲ့ ပုံအနေအထားကိုလိုက်ပြီးအလျားလိုက် ရိုက်မလား ဒေါင်လိုက်ရိုက်မလားဆိုပြီး
    ဆုံးဖြတ်ပြီးရိုက်ရတာပါ။

    ကိုခရေ
    ဒီကောင်းမူ့တော်စေတီကြီးကို ထုံးသင်္ကန်းနဲ့ကပ်ထားတုံးက ညဆိုရင် ဖြူဖွေးတောက်ပလို့ပါ။
    လသာညများဆိုရင် ငွေရောင်တွေတောက်ပလို့ အင်မတန်ကိုသပ္ပါယ်ပါတယ်။
    ရွှေရောင်ပြောင်းလဲ နေချိန်ရော ပြောင်းလဲပြိးတဲ့အချိန်ရော မှာပါ ရွှေဘို မုံရွာဘက်သွားရင်း
    အကြိမ်ပေါင်းများစွာ ညပိုင်းမှာ ဘုရားဘေးက ဖြတ်သန်းခဲ့ဘူးပါတယ်။
    ကျနော်စိတ်ထဲမှာ အရင်လောက်မသပ္ပါယ်ဘူးလို့ခံစားရတာကတော့ အမှန်ပါဘဲ။

  • ဗုံဗုံ

    December 7, 2012 at 12:52 pm

    ဟုတ်တယ်လေးပေါက် ထုံးသင်္ကန်းကပ်ထားတာက ပိုပြီးကြည်ညိုစရာကောင်းတယ် ရွှေသင်္ကန်းက ဘာလို့ကပ်တာလဲ မသိဘူးနော်

  • ဖေပေါက်ဂျီးရေ …

    ဝင်ရောက်လာပြီး သကာလ ..
    ဘုရားဖူးသွားပါကြောင်း ….
    ပြီးတော့ ဆုလည်း တောင်းသွားပါကြောင်း …

  • မောင်ပေ

    December 7, 2012 at 9:07 pm

    နောက်တစ်ခါရောက်ရင် ကောင်းမှုတော်ဘုရား က ငါးကန် မြင်ကွင်းကို ရိုက်ခဲ့ပေးပါဗျို ့

  • ကိုပေရေ ငါးကန်ပုံတင်ဘူးတယ်ဗျ
    မေလတုန်းက ဒါပေမယ့် နောက်တစ်ခါထပ်တင်ပေးပါမယ် အဲဒီတုန်းက မေတ္တာကန်တောင်ရိုက်ခဲ့သေးတယ်ထင်တာဘဲ။

  • garuda

    December 9, 2012 at 2:02 pm

    သာဓုပါဗျာ။။ အခုလိုမြင်ရ ဖူးရတဲ့ အတွက်။

Leave a Reply