မကျက် တကျက် ဒီမိုကရေစီ၊ ဘွန်ဇိုင်း အမိမြေ၊ နိူင်ငံရေးနာ့စ်များနှင့် ကျွန်တော်

စိန်ကြက်ဆင်November 26, 20121min15715

ကျနော် ဒီခေါင်းစဉ်ကြီး တပ်ပီးမှ မှားသွားမှန်း သိတယ် ။ ခေါင်းလဲ အတော်ကြီးသွားတယ်

ရေးရမယ့် အကြောင်းအရာရော အချက်အလက်ရောက အရမ်းကို ကြီးမားကျယ်ပြန့်လွန်း

အားကြီးတယ်။

ကျနော့် ဖြတ်သန်းမှု နှစ်ပိစိကွေးလောက်နဲ့ မလုံလောက်သလို ဖတ်ဖူးမှတ်ဖူး

နားထောင်ဖူးတာလေးတွေနဲ့လဲ

မပြည့်စုံပေဘူး နောက်ပီး အာဂုံမဆောင်ထားဘဲ လိုအပ်ရင် ဆွဲယူးပီး

ဖင်ပိတ်ငြင်းလို့ရအောင် စုထားတဲ့ အကိုးအကား

အချက်အလက် စာအုပ်တွေ စာပေတွေက External Hard Disk ထဲမှာ

နည်းနေသေးတယ်။ နောက်ပီး

သူများအာဘော် ကိုယ့်အာဘော်လုပ်ပီးလဲ မရေးရဲဘူး။ အသက်ကလဲ ငယ်သေးတော့

ကိုယ်ဘာလုပ်လုပ်

သည်းငြီးခံ ထောက်ခံပေးမဲ့ လူအင်အားကလဲ သိပ်မရှိလေတော့ …အဲ နောက်ပီး ကျနော်နဲ့

သိတဲ့တချို့များကျတော့လည်း

ကျနော် ကျပ်မပြည့်မှန်းသိလို့ နာရင်းဝိုင်းအုပ်မှာ သေချာတယ်။ ဆိုတော့ကာ …….

ကျနော့်ဘကြီး ဆုံးမခဲ့သလို လောကကြီးက အစဉ်သဖြင့်တော့ အလွဲလွဲ အချော်ချော် ရှိမှာဘဲတဲ့ ဒါမှလဲ ပြန်လည်တည့်မတ်ပေးသူတွေရဲ့ ဦးဆောင်မှုအောက်မှာ လူ့ဘောင်ကြီးကို အစဉ်သဖြင့် လှုပ်ခါစေမှာတဲ့ အဲတော့

ဘယ်သူတွေ လိုလို

ဘယ်သူတွေပိုပို

ဘယ်သူတွေ လွဲနေနေ မင်းမပါဖို့လိုတယ်တဲ့ တခါမင်းလွဲလိုက်တာ မင်းအိမ်နားက ကုလားကြီး တပတ်လောက်

ဒုတ်ခရောက် လူလဲပင်ပန်း ငွေလဲ လေး၊ငါရာလောက် ကုန်သွားဖူးတာ မှတ်မိလားတဲ့ …. ဆိုသဟာကြောင့်

မင်းလေ့လာပါ သင်ယူပါ မှတ်ပါ …

စားပီးမှ သွားပါ …။

စားရင်းသွားတာတို့ သွားရင်းစားတာတို့ ဆိုတဲ့ အလယ်အဆင့်တွေကို အခုချိန် မကျော်ပါနဲ့တဲ့ ဒါမို့ နောက်ဆို

အစက ပြန်စမည် ဖြစ်ကြောင်း ….

Yee Xie Returns …

15 comments

  • မောင်ပေ

    November 26, 2012 at 6:58 pm

    စားပီးရင် အီးပါ ပါ ၊ အီးပါရင်း သေးပေါက်ပါ ၊ ပြီးရင် လက်ကို ဆပ်ပြာနဲ ့သေချာဆေးပါ
    :kwi:

  • Mobile

    November 26, 2012 at 7:01 pm

    ဘာကိုဆိုလိုတာလဲ ဘာကိုရေးသားတာလဲ။
    ဒီပို့ကို မှတ်ချက်ပြု့ရမယ်ဆိုရင်
    ဝင်ရောက်ဖတ်ရှု့ရတာ အင်မတန်မှ အကျိုးနည်းလှကြောင်း
    အချိန်ကုန်သည်သာ အဖတ်တင်ခဲ့ရကြောင်း နောက်နောင်မှာ
    ဒီကလောင်ရှင်ရေးသားသော ပို့စ်ကိုတွေ့ရပါက လုံးဝ (လုံးဝ- လုံးဝ)
    အချိန်ကုန်ခံ၍ မဝင်တော့ပါကြောင်း . . . . . . . . .
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    • နီပေပါ

      November 27, 2012 at 9:19 am

      မှန်ပါတယ် ကို Mobile ခင်ဗျ မှန်လွန်းလို့ Best Comment တောင်ပေးထားပါတယ်။တခုဘဲဗျာ့ အဲဒါသိသွားရင် ကိုယ့်စိတ်ထဲထားရမှာလေ ခုတော့ခင်ဗျားလဲ အပေါ်ကတပ်ထားတဲ့ ခေါင်းစဉ်အောက် ရောက်သွားပါပြီ။ကိုယ့်ရဲ့ရိုးသားမှုကို မရင့်ကျက်မှုကြောင့် နားလည်မှု အလွဲမခံပါနဲ့ ခင်ဗျ။

  • pooch

    November 26, 2012 at 9:22 pm

    welcome back home ပါ ကရဲစည်

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 27, 2012 at 8:54 am

    အိမ်ပြန်လာတဲ့ ဦးလေးလိမ္မာလေးကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်…
    ဦးလေးက အကျိုးအကြောင်းမရှိဘဲ စာမရေးသူဆိုတော့ ဦးလေးမှာအကျိုးအကြောင်းလေးနဲနဲတော့ရှိမယ်ထင်ပါ့…
    ဘာပဲဖြစ်ဖြစ်ပါ…
    ပြန်လည်အားဖြည့်လာသူ ဦးလေးရဲစည်အား ကြိုဆိုလျက်-

    ကြောင်ဝတုတ်

  • blackchaw

    November 27, 2012 at 9:09 am

    ဖတ်ဖူးမှတ်ဖူး နားထောင်ဖူးတာလေးတွေနဲ့လဲ မပြည့်စုံပေဘူး….။
    နောက်ပီး အာဂုံမဆောင်ထားဘဲ…
    လိုအပ်ရင် ဆွဲယူးပီး ဖင်ပိတ်ငြင်းလို့ရအောင်…
    စုထားတဲ့ …
    အကိုးအကား အချက်အလက် စာအုပ်တွေ စာပေတွေက…
    External Hard Disk ထဲမှာနည်းနေသေးတယ်။

    ဟုတ်ကဲ့…။
    နွေးထွေးစွာ ကြိုဆိုပါတယ် ဗျာ…။
    :mrgreen: :mrgreen: :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 27, 2012 at 10:05 am

    what I know is what I ဖတ်ဘူးတဲ့ စာအုပ်တွေ
    လို့ ဆိုကြတာဘဲ
    လွန်လေပြီးသော သမိုင်းဆိုတာတွေကြီးကို ဘယ်သူမှငုတ်တုတ်ကြီး ထိုင်ကြည့်ခဲ့ကြတာမဟုတ်သလို
    လက်ရှိ အဖြစ်အပျက်တွေကိုလည်း ဘယ်သူမှ ရွာပတ်ပြီး အနုစိတ်
    လင်မယားဟိုဒင်းပြုနေကြတာကို ထရံပေါက်က အပီချောင်းသလို လိုက်ချောင်းနေကြတယ်မထင်
    မသကာ သတင်းထောက်တစ်ယောက်ပေါ့
    သူလည်းတတ်နိုင်တဲ့ ဖက်ကအတိုင်းတာတစ်ခုဘဲရတာဘဲ
    ပြန်လှန်ဝေငှကြတာဘဲ
    လိုသလိုပြောကြတာဘဲ
    မလိုသလိုပြောကြတာဘဲ
    ဝေဖန်သုံးသပ်ကြတာဘဲ
    အချက်အလက်တွေကို စုပြီး ကိုယ်ပိုင်အာဘော်တွေကို အော်ကြတာဘဲ
    လုပ်ကြည့်မှ သိမယ့်သဘောစိဒယ် ( ခရက်ဒစ် စိန်ပေါက်ပေါက် )
    ဆိုတော့ကာ ကျုပ်ကတော့ သိပ်ပြီးမောင်းမတင်ထားဘို့ တိုက်တွန်းဘာဒယ်
    လုပ်ကြည့်ပေါ့
    စမ်းကြည့်တော့ရေတွေ့တာပေါ့ဟုတ်ဘူးလား
    အားလုံး ကကြီးခဂွေး ကနေစပြီးလေ့လာခဲ့ကြတာဘဲ
    စာလုံးအကြီးကြီးတွေနဲ့ ရေးထားဒါဂိုဂ ထူးမဲ့ရုပ် :mrgreen:

  • surmi

    November 27, 2012 at 10:41 am

    နာမည်ပြောင်းထားလို ့ ရုတ်တရက် ဘယ်သူလဲလို ့………..??
    ကဲ ကဲ ခရီးရောက်မဆိုက် လုပ်ပါဦး အတွေ ့အကြုံလေးတေ ွ ……

    သတိယလျက်……..

  • kyeemite

    November 27, 2012 at 11:40 am

    အူးလေးနီပေပါ..နေကန်းတယ်နော်..ဟီး
    အရင်ဆေးတွေသောက်ရတုံးလား… :hee:
    အမှတ်တရ ဓါတ်သေ(ခွက်ဒစ်တူ ဂန္တရီဆြာအုပ်) လေးဒွေပို့ပေးအုံးလေ…
    အရက်ပုလင်းလေးများအရဂါးရရင် တားတားဒို့ဂို ခေါ်အုံးနော်.. :kwi:

  • Shwe Ei

    November 27, 2012 at 5:21 pm

    ကိုရဲ အစက ပြန်စမယ်ဆိုလို့ ဝမ်းသာမိပါကြောင်း။
    အရင်တုန်းက ကိတ်စတေအကုန်လုံး ခွင့်လွှတ်ပေးမည်ဖြစ်ပါကြောင်း။ :harr:

  • ခေါင်းစဉ်မှာကိုက အဓိပ္ပာယ်တွေပါနေပါပြီ။
    ၁-ဒီမိုကရေစီကမရင့်ကျက်သေးဘူး၊အသားမကျသေးဘူး။
    ၂-အမိမြေဟာ သက်တမ်းရှည်ပေမယ့် ကြီးထားခြင်းမရှိတဲ့ သက်ကြီးပု
    ၃-နိုင်ငံရေးနာ့စ်ပေါင်းစုံရဲ့ကြား ဘယ်လိုရှေ့ဆက်မှာလဲ
    သေသေချာချာမသိနားမည်သူများ ဝင်မပါသင့်ဘူး
    လို့ဆိုချင်တာများလားရှင်(ကျွန်မသဘောပေါက်သလောက်လေးနော်)

  • အလင်းဆက်

    November 27, 2012 at 7:41 pm

    ဘယ်သူတွေ လိုလို
    ဘယ်သူတွေပိုပို
    ဘယ်သူတွေ လွဲနေနေ မင်းမပါဖို့လိုတယ်

    ———————–

    စားပီးမှ သွားပါ …။
    စားရင်းသွားတာတို့ သွားရင်းစားတာတို့ ဆိုတဲ့ အလယ်အဆင့်တွေကို အခုချိန် မကျော်ပါနဲ့…..

    တဲ ့…..

    တဲ ့…

    မှတ်သားစရာလေးတွေပါ .။

    ယူတတ်ရင်.. ရမှာပေါ့နော် ။

    🙂

  • အလင်းဆက်

    November 27, 2012 at 7:42 pm

    ကိုရဲရေ…

    ကိုရဲပြန်လာလို ့.. ဝမ်းတာဒယ်…ဂျာ. ။

    တားတားတို ့က..ကိုရဲကို..လွမ်းနေဒါ….ဂျ ။

    :kwi:

  • padauk moe

    November 27, 2012 at 9:00 pm

    ဝင်ရောက်ဖတ်ရှုလေ့လာသွားပါတယ်ဗျာ

  • ဦးကြောင်ကြီး

    November 28, 2012 at 11:06 am

    ပြန်စမယ်ဆို
    မတန်တဆ
    လှန်မပြနဲ့
    မာန်ချပါ၊
    ရန်စဆိုတာ
    နာမ်လှသူအတွက်
    တယ်ဟန်မကျ
    သန်သပဆိုရင်
    စံပြဖြစ်ပါစေ၊
    ကံမလှရင်တော့
    ပျံကျဈေးသည်
    ဒဏ်ချခံရသလို
    အံမရမှာစိုးတယ်
    ဈာန်ကြွကာပြေး..။

Leave a Reply