အကျွန်နုပ်တို့ဗုဒ္ဓ၏…..ဗုဒ္ဓဝင်

myanmar oscarNovember 27, 20121min29925

၁။ လူအမည်                                           = သိဒ္ဒတ္တ

၂။ ဘုရားဘွဲ့                                            = ဂေါတမ

၃။ မိဘအမည်                                         = သုဒ္ဓေါဒန နှင့် မဟာမာယာဒေဝီ

၄။ ကြင်ယာတော်                                    = ယသော်ဓရာ

၅။ ရင်သွေးတော်                                     = ရာဟုလာ

၆။ ယောက်ဖတော်                                   = ဒေဝဒတ္တ

ရ။ မိထွေးတော်                                         = ဂေါတမီ

၈။ နေပြည်တော်                                       = ကပိလဝတ်ပြည် (သက္ကတိုင်း၊မဇ္ဈိမဒေသ)

၉။ ဖွားရာဌာန                                           = လုမ္မနီဥယျာဉ် (ကပိလဝတ်နှင့် ဒေဝဒဟကြား)

၁၀။ နန်းစံနှစ်                                            = ၁၃နှစ် (၁၆နှစ်မှ ၂၉နှစ်ထိ)

၁၁။ နိမိတ်ကြီးများ                                   = သူအို၊ သူနာ၊ သူသေ၊ ရဟန်း

၁၂။ ဗျာဒိတ်ခံယူသောဘဝ                      = သုမေဓာရသေ့ဘဝ

၁၃။ ဗျာဒိတ်ခံယူသောနေ့                        = ကဆုန်လပြည့်နေ့

၁၄။ ဗျာဒိတ်ပေးသောဘုရား                    = ဒီပင်္ကရာမြတ်စွာဘုရား

၁၅။ ပါရမီဖြည့်ဖက်                                  = သုမိတ္တာအမျိုးသမီး(ယသော်ဓရာအလောင်း)

၁၆။ ပါရမီဖြည့်ရာကာလ                         = လေးသချေင်္နှင့် ကမ္ဘာတသိန်း (သုမေဓာဘဝမှ ဝေသန္တရာဘဝအထိ)

၁ရ။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက်     = သတ္တဝါများအကျိုးဆောင်ရွက်ရန်

၁၈။ ဒုက္တရစရိယာ ကျင့်ရ

သောနှစ်                                               = ၆ နှစ်ကြာ (၉ရမှ ၁၀၃ ထိ)

၁၉။ ဒုက္တရစရိယာ ကျင့်ရ

ရသည့်နေရာ                                        = ဥရုဝေဠတော

၂၀။ ဘုရားဖြစ်ချိန် သက်တော်                    = ၃၅ နှစ်အရွယ်

၂၁။ ဘုရားပွင့်ရာ သက်တမ်း                      = ၁၀၀-တမ်း

၂၂။ အလုပ်အကျွေး                                    = ပဉ္စဝဂ္ဂီ ငါးဦး (ဒုက္တရစရိယာ ကျင့်ခိုက်)

၂၃။ တရားဦးဟောသည့်နေရာ                 = ဗာရာဏသီ မိဂဒါဝုန်တော

၂၄။ ပထမဆုံး သာဝက                               = ပဉ္စဝဂ္ဂီ ငါးဦး

၂၅။ နောက်ဆုံးကျွတ်သော

သာဝက                                                  = သုဘဒ္ဒပရိဗိုဇ်

၂၆။ လက်ယာရံ အဂ္ဂသာဝက                     = အရှင်သာရိပုတ္တရာ

၂၇။ လက်ဝဲရံ အဂ္ဂသာဝက                         = အရှင်မောဂ္ဂလာန်

၂၈။ အဆုံးအမသာသနာ                            = ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိပေဓ

၂၉။ ကျင့်စဉ်သိက္ခာ                                     = သီလ၊ သမာဓိ၊ ပညာ

၃၀။ ချမှတ်သောလမ်းစဉ်                            = မဇ္ဈိမပဋိပဒါ (မဂ္ဂလမ်းစဉ်)

၃၁။ သနေ¨ယူသောနေ့                         = မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့်၊ ကြာသာပတေးနေ့

၃၂။ ဖွားမြင်သောနေ့                              = မဟာသက္ကရာဇ် ၆၈-ခု၊  ကဆုန်လပြည့်၊ သောကြာနေ့

၃၃။ တောထွက်သောနေ့                       = မဟာသက္ကရာဇ် ၉၇-ခု၊ ဝါဆိုလပြည့်၊ တနင်္လာနေ့

၃၄။ ဘုရားဖြစ်သောနေ့                         = မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့

၃၅။ ဓမ္မစကြာဟောသောနေ့                  = မဟာသက္ကရာဇ် ၁၀၃-ခု ဝါဆိုလပြည့်၊ စနေနေ့

၃၆။ ပရိနိဗ္ဗာန်စံသောနေ့                       = မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့

၃ရ။ တေဇောဓာတ်လောင်

သောနေ့                                            = မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လဆုတ် ၁၂ ရက်၊

တနင်္ဂနွေနေ့

ယခုလို ဒီပို့စ်လေးကိုတင်ရခြင်းကတော့ ရွာထဲကရွာသူ၊ရွာသားတွေရော၊

ရွာ့ပြင်ကနေလာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တော်တွေရော ကြီးသူ၊ ငယ်သူ

မည်သူမဆို သိရှိလိုခြင်းငှာ၊ ဗဟုသုတရစေလိုခြင်းငှာ ရေးသားတင်ပြလိုက်ခြင်းဖြစ်

ပါသည်။

အားလုံးကျန်းမာ၊ ချမ်းသာကြပါစေ………….

25 comments

  • ရွှေ ကြည်

    November 27, 2012 at 7:07 pm

    ိနိပ်ဟ အချက်အလက်လေးပဲထုတ်ပြထားတာ..။
    ကျေးကျေးပါ..။ သာဓု သာဓု သာဓု..။

  • Mobile

    November 28, 2012 at 2:44 am

    ဗဟုသုတ ဖြစ်စေပါတယ်ဗျာ။
    ကူးလို့တောင် ယူထားလိုက်ပါသေးဗျာ။

  • San Hla Gyi

    November 28, 2012 at 9:21 pm

    ကို Myanmar Oscar ရေ
    အခုလို အချက်အလက်လေးတွေပဲ ပြုံရေးတာလည်း ဆိုးတော့ မဆိုးပါဘူး။ ကောင်းပါတယ်။ ကျနော့်အနေနဲ့ ထင်မြင်ချက် ပေးရရင်တော့ ခင်ဗျား ဟိုတခါရေးတဲ့ နတ်အကြောင်းလို ဆောင်းပါးပုံစံ စကားပြေ အရေးအသားနဲ့ဆို ပိုပြီး ရုပ်လုံးပေါ်လာမယ် ထင်ကြောင်း။
    အားပေးသွားပါသည်။

    • kai

      November 29, 2012 at 2:38 am

      ၂။ ဘုရားဘွဲ့ = ဂေါတမ

      ကိုရင်စံလှကြီး.. အဲဒါကိုလက်ခံတာလား…
      ဒါမှမဟုတ်.. မသိချင်ယောင်ဆောင်လိုက်တာလား.. သိချင်သား.. :kwi:

      • San Hla Gyi

        November 29, 2012 at 5:42 pm

        ဒါက ဒီလိုရှိတယ် သူကြီးရဲ့။ တခါတလေတော့လဲ အိပ်ချင်ယောင် ဆောင်သူဟာ နိုးရခက်တယ် ဆိုတာ သူကြီးလို လူမျိုးထင်ပါ့။ ကျနော့်အထင် ကို Myanmar Oscar က ကျနော် ၈ တန်းလောက်က မြင်ဘူးလိုက်တဲ့ မာဂဓီသာစည်ရေးတဲ့ စာအုပ်လေးထဲက ကူးပြီးရေးတာနဲ့တူတယ်။ အဲဒါကတော့ အချက်အလက် သက်သက်ရေးတာကိုး။ သူ့အရေးအသားဟာ စကားပြေ မဟုတ်ဘူး ဆိုတာလဲ သူကြီး သတိထားမိမှာပေါ့။ ဆိုလိုတာက သူကိုယ်တိုင် ပြောစကားအနေနဲ့ ရေးထားတာ မဟုတ်ဘူး။ ကျနော်တို့ မြန်မာစာ မြန်မာစကားက ပြောဟန် ရေးဟန်နဲ့ စကားလုံးနည်းနည်း ပြောင်းလိုက်တာနဲ့ ခံစားချက်က အများကြီး ကွာသွားတယ်ဆိုတာ သူကြီးလည်း သိမှာပေါ့။ အယ်ဒီတာပဲဟာကို။ ဆိုလိုတာက ရေးသူက သူကိုယ်တိုင် ပြောတဲ့အနေနဲ့ မရေးပဲ စာအုပ်ထဲက အချက်အလက်သက်သက် ဆိုပြီး ရေးထားတာ။ အဲဒါကို တန်ဆာဆင်ပြီး စကားလုံးလေးတွေပါ ထည့်ပြီး ရေးလိုက်လို့ကတော့ ရေးသူရဲ့ စေတနာပါ ပါသွားပြီ။ အဲဒီမှာ ခံစားမှုပါလာတော့တာပဲ။ သူကြီးရေ ကျနော် ပြောသလိုပဲ တန်ဆာဆင်ပြီး ရေးထားတဲ့ စာထဲက ရေးသူရဲ့ စေတနာကို ဖတ်သူက နားလည်စမြဲဆိုတာလေး ထပ်ပြောပါရစေ။
        ဥပမာဗျာ လူတယောက်က ဒီလိုပြောတယ် ဆိုပါတော့။ “အောင်ခြင်း၈ပါးတဲ့ ဂေါတမဗုဒ္ဓများ တခါမှ သီးခံ သီးခံဆိုပြီး အရှုံးမပေးခဲ့ဘူး။ နိုင်အောင်ကိုလုပ်တယ်။ အဲဒီတော့ အောင်ခြင်းပေါ့” ဟော ရေးသူရဲ့ စေတနာနဲ့ ဆိုလိုရင်းကို ဖတ်သူက တခါတည်း နားလည်သွားပါရောလား။
        အမှန်က ဒီအချက်က ပို့စ်ပိုင်ရှင်က ရှင်းရမှာ ဖြစ်ပေမယ့် ကျနော့်ကို နာမည်တပ်ပြီး မေးတာဖြစ်လို့ ကျနော်ရှင်းပေးလိုက်တာ။ နောက်ပြီး တော်တော့်အသစ်က သူကြီးကို ပြန်ပြီးငြင်းဝံ့မယ် မထင်ဘူး။ အဲဒါကြောင့်ပါ။ ဒါကတော့ သူက အချက်အလက် သက်သက်အနေနဲ့ စာအုပ်ထဲက ကူးရေးတာဖြစ်ပြီး သူဘာမှ စကားလုံးတွေ တန်ဆာမဆင်ဘူး ဆိုတာလဲ သူကြီးမြင်မှာပါ။ ကျန်မိတ်ဆွေတွေလဲ ကျနော် ပြောတာ ဟုတ်မဟုတ် ဖတ်ကြည့်ပေါ့။

        • kai

          November 30, 2012 at 12:26 am

          အိပ်ချင်ယောင်ဆောင်တာ.. ကိုရင်ဗျ..။
          ဆြာမောင်မိုးညို” ဂေါတမ”ရေးတော့.. ကိုရင်က အတော်ရိုင်းတယ်..ဆင်ခြင်ပါဆိုပြီး ပြောတယ်လေ..။

          http://myanmargazette.net/154228/

          ကျုပ်ကတော့ .. ဂေါတမတလုံးထဲ မရေးဘူး..” ဂေါတမဗုုဒ္ဓ”လို့.. “ဗုဒ္ဓ”ကို ပါအောင်ရေးတယ်..။
          နားလည်ထားသလောက် အဖေနာမည် Shuddodana Gautama သားအမည် Siddhartha Gautamaဆိုထားသမို့.. ဂေါတမဆိုတာ.. Family name or surname or last name ဖြစ်နေလို့ပဲ..။

          Gotama
          From Wikipedia, the free encyclopedia
          Jump to: navigation, search

          The name Gautam (a vrddhi patronymic of Gotama and also transliterated as Gautama or Gauthama) is one of the ancient Indian names and is derived from the Sanskrit roots “gŐ(गः)” and “tama (तम)”. The word actually signifies the one, who has gained knowledge (spiritual) by dispelling ignorance. Many persons in India and Nepal assume this word either as a first name or as a last name. It may refer to:

          Gautama Buddha, the founder of Buddhism and a great religious leader.
          Gautama Maharishi, one of the Saptarshis in Hinduism.
          Gautam Rajputs, a Sub-clan of Khastriya caste (Rajputs) found in North India.
          Akṣapāda Gotama, an Indian philosopher and logician.
          Gautam Brahmins, a sub-group of Hindu Brahmins in India.
          Gautam Gambhir, Indian cricketer
          Gautam Bhatia, Indian architect and writer.
          Gautam Himal, a section of the Himalaya along the Nepal-Tibet border, west of Mustang
          Gautam Kaul, a professor of finance in Ross School of Business, University of Michigan

          ဗုဒ္ဓဆိုတာ.. “Buddha” meaning “awakened one” or “the enlightened one.”

          ဖြစ်တာမို့.. ပွင့်ဖူးတဲ့ဘုရားဗုဒ္ဓတွေ.. ဗုဒ္ဓအများကြီးအထဲ.. မမှားရအောင် ဂေါတမဗုဒ္ဓခေါ်တာပါ..။

          Gautama Buddha or Siddhārtha Gautama Buddha (Sanskrit: सिद्धार्थ गौतम बुद्ध; Pali: Siddhattha Gotama) was a spiritual teacher from the Indian subcontinent [note 1], on whose teachings Buddhism was founded.[6]
          The word Buddha is a title for the first awakened being in an era. In most Buddhist traditions, Siddhartha Gautama is regarded as the Supreme Buddha (P. sammāsambuddha, S. samyaksaṃbuddha) of our age, “Buddha” meaning “awakened one” or “the enlightened one.” [note 2] Gautama Buddha may also be referred to as Śākyamuni (Sanskrit: शाक्यमुनि “Sage of the Śākyas”).

          =
          သည်းခံစာလုံးဘယ်ကထွက်လာသလည်း…
          လူတွေအထင်မှားမှာမို့.. ထပ်ရေးရှင်းပါမယ်.. ။မူရင်းပို့စ်ကို အပြည့်ညွှန်းစေချင်ပါတယ်..။ မူရင်းပို့စ်ဖတ်ရင်.. ကျုပ်ဆိုလိုတာ.. လူပြိန်းတောင်နားလည်လောက်မှာပါ..။
          http://myanmargazette.net/126056/

          မြန်မာများ.. သီးမခံပါနဲ့..
          ..အောင်ကြစေသတည်း..။

          အဟမ်း.
          နည်းနည်းပျင်းနေလို့.. ကိုရင်နဲ့..စကားကပ်.. ငြင်းခုန်ခြင်းအနုပညာလုပ်နေတာ..
          အချိန်ရရင်စာပြန်ပါ… :kwi:

      • San Hla Gyi

        November 30, 2012 at 7:13 pm

        ဟာ သူကြီးရေ
        ကျနော် ခင်ဗျားပြောတာကို ကောင်းကောင်း မှတ်မိပါတယ်ဗျာ့။ ကျနော်ပြောတဲ့ ကွန်မန့်ကိုပဲ ပြန်ကြည့်ပါအုံး။ ဒီပို့စ်မှာရေးသူက အချက်အလက် အနေနဲ့ ရေးထားတာဗျ။ သူကိုယ်တိုင် သုံးထားတဲ့ စကားလုံး တခုမှမပါဘူး။ ခင်ဗျားမှ ပို့စ်ကို ရှင်းအောင် မဖတ်ပဲ။
        ခင်ဗျားဆရာ မောင်မိုးညိုက ဒီလိုပြောတာဗျ။ “ဂေါတမနဲ့ တန်ခိုးအရာ ဖန်တီးပြောဆိုကြတဲ့ ကိစ္စလေးလည်း ဆွေးနွေးပေးစေလိုပါတယ်။ ဂေါတမ မြန်မာနိုင်ငံကို ကြွလာတဲ့” သူကိုယ်တိုင် ပြောစကား အနေနဲ့ ရေးထားတာ ဆရာရဲ့။ အဓိပ္ပါယ် အများကြီးကွာတယ် ကိုယ့်လူရဲ့။ အဲဒီအကြောင်းကို ကျနော် ရှင်းရှင်းလင်းလင်း ရေးခဲ့တယ်။ ခင်ဗျားပြောသလို လူပြိန်းတောင် နားလည်နိုင်တယ်။ ကျုပ်က ခင်ဗျားနားလည်မယ် ထင်နေတာ။
        အဲဒီတော့ ခင်ဗျားကို ဥပမာပေးမယ်။ စာအုပ်ထဲကဟာကို ရေးတာနဲ့ ကိုယ်တိုင်ပြောစကား မတူဘူး သဂျီးရဲ့။ ဥပမာ ဆာဝီလီယံစလင်း ဆိုတဲ့ အင်္ဂလိပ်တပ်မှူးကြီးက “အောင်ဆန်း” သည်ကိုယ်ကျိုးရှာသော နိုင်ငံရေးသမား တယောက်မဟုတ်ဟု ကျွန်ုပ်ယုံကြည်သည်။ “အောင်ဆန်း” နဲ့ ကျနော် အလုပ်ဖြစ်သည်လို့ ရေးထားခဲ့တယ်ဗျ။ အဲဒီလို “အောင်ဆန်း” ချင်းထပ်ပြီး ရေးတာကို ဖတ်ရတဲ့ ဘယ်မြန်မာမှ စိတ်ဆိုးမှာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဆာဝီလီယံစလင်းရဲ့ စိတ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုတယ်ဆိုတဲ့ မြန်မာတွေရဲ့ စိတ်မျိုးမဟုတ်နိုင်ဘူး ဆိုတာနားလည်တာကိုး။ သူက ကြားလူ နောက်ပြီး ဗိုလ်ချုပ်နဲ့လဲ အရွယ်ချင်း မတိမ်းမယိမ်း ခေတ်ပြိုင် ရန်သူအနေနဲ့လည်း ရင်ဆိုင်ဖူးတာကိုး။ နောက်ပြီး သူက သူ့ဘာသာသူ သူ့ဘာသာနဲ့ သူ့နိုင်ငံမှာ ထုတ်ဝေတာ။ ဒါပေမယ့် အဲဒါကို အားကျပြီး မြန်မာစာရေးဆရာ တယောက်က “အောင်ဆန်း” ကိုဒီလိုမြင်သည် ဘာညာနဲ့ ရေးရင်(မြန်မာဘာသာနဲ့) အဝေဖန်မခံရရင်တောင် ဖတ်သူစိတ်ထဲမှာ ခံစားချက် မတူနိုင်ဘူး သူကြီးရဲ့။ ခေတ်ချင်း မတူတဲ့ နောက်ပေါက်လူ ဆိုရင်တော့ ကျိန်းသေတယ် အဝေဖန်ခံရဖို့ များတယ်။
        သူကြီးရေ ဘာသာစကားတွေမှာ စကားလုံး အလေးအပေါ့ မိခင်ဘာသာ ဟုတ် မဟုတ်က သိပ်အရေးကြီးတယ် သူကြီးရဲ့။ အနောက်တိုင်း စာအုပ်တွေထဲမှာ “Gautama Buddha” လို့ရေးထားတာကိုတွေ့လို့ ကျုပ်ကလည်း အဲဒီလို မြန်မာဘာသာနဲ့ ခေါ်တယ်ဆိုရင် မှန်ပေမယ့် ရိုင်းရာရောက်တယ်။ စကားရိုင်းရင် ခွင့်လွှတ်ဗျာ။ ဥပမာ ကျုပ်ပြောတာ ဟုတ်မဟုတ် စကားလုံးက အရေးကြီးမကြီး သိရအောင် သူကြီးနဲ့ ခင်တဲ့လူတယောက်ကို သူကြီးကို ပထမ အင်္ဂလိပ်လို မိုးမွှန်အောင် ဆဲခိုင်းပြီး ခံကြည့်။ Fucking တို့ son of ….. ဘာညာပေါ့ဗျာ။ နောက်တော့မှ အဲဒီလူကိုပဲ မြန်မာဘာသာနဲ့ မိုးမွှန်အောင် ဆဲခိုင်းပြီး ခံကြည့်။ “ငါ” နဲ့ ကိုင်တုတ်ခိုင်းကြည့်။ သူကြီး ရင်ထဲမှာ စိတ်ဆိုးတဲ့ ဒီဂရီမတူတော့ဘူး သူကြီးရဲ့။ ကိုယ့်ကိုကိုယ် မညာနဲ့။ မြန်မာဘာသာနဲ့ အတုတ်ခံရတာကို ပိုနာလိမ့်မယ်။ နားလည်တာချင်း တူပေမယ့် စကားလုံးက ရင်ထဲကို ရောက်ပုံချင်းကွာတယ်။
        နောက် ဥပမာ တခုပေးဦးမယ်။ အနောက်တိုင်းက ပညာရှင်တွေက ရေးတဲ့ စာအုပ်တွေမှာ “Jesus of Nazareth” တို့ “Towards the understanding of Jesus” တို့ အများကြီး တွေ့ဖူးသလိုပဲ။ သတိထားနော် သူတို့ကိုယ်တိုင် ယေရှုလို့ လူနာမည် မရေးပဲနဲ့ Jesus ဆိုတဲ့ နာမဝိသေသနနဲ့ ရေးထားတာ။ မြန်မာတွေက မြတ်စွာဘုရားရှင်လို့ ခေါ်ပုံမျိုးလို့ ကျနော်တော့ ခံစားမိတယ်။ ဘာလို့ခေါ်တာလည်း သိလား။ သူတို့ ရင်ထဲမှာ ကြည်ညိုစိတ် ရှိနေတဲ့အပြင် ဒီစကားလုံးကို ကောင်းကောင်းကြီး ခံစားနိုင်တာကိုး။ အဲဒါကို မြန်မာ ခရစ်ယာန်တွေက သခင်ခရစ်တော်တို့ သခင်ယေရှုခရစ်တော်လို့ ခေါ်ကြပြန်ရော။ အဲဒါကို ကျုပ်က သူတို့ရှေ့သွားပြီး ယေရှုလို့ တခါကနေ နှစ်ခါခေါ်ရင် သူတို့ရင်ထဲ အောင့်သွားမှာပေါ့ သူကြီးရဲ့။
        အဲဒါ သူကြီးပြောပြောနေတဲ့ အင်္ဂလိပ်လို ရေးထားတာတွေ့လို့ မြန်မာလို အဲဒီလိုပဲ ခေါ်တယ်ဆိုတာ ကျုပ်က ရှင်းပြတာ။ နောက်ပြီးလင့်ခ်တွေပေးလဲ မထူးဘူး သူကြီးရေ။ ကျန်တဲ့လူတွေက ခင်ဗျားကို ရှိန်နေလို့ မပြောဝံ့ကြတာ ဖြစ်လိမ့်မယ်။ မူရင်းပို့စ်သွားကြည့်ရင်လဲ ရတယ်။ ကိုယ့်လူက မြန်မာများ သီးမခံပါနဲ့ အောင်ကြစေသတည်းလို့ ဘယ်လိုပဲ နောက်က စကားလေးထည့်ထည့် ရှေ့က ကိုယ့်လူပြောတဲ့ စကားကတော့ မြန်မာတွေ ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရှင်ကို စော်ကားတဲ့ စကားပဲ။ အရှင်းဆုံး ပြောရရင် သီးခံ သီးခံဆိုပြီး နိုင်အောင်ကိုလုပ်တယ် ဆိုတဲ့ စကားက နောက်သလိုလိုနဲ့ စော်ကားတာ သေချာပါတယ်။ ကျန်တဲ့လူကတော့ ခင်ဗျားကို ပြောဝံ့မှာ မဟုတ်ဘူး။ ကျုပ်ကတော့ ပြောဝံ့တယ်။ အဲဒါက သေချာပါတယ်။
        နောက်ပြီး ဒါက သူများပို့စ်ဆိုတော့ သူကြီးနောက်ပြောချင်ရင် ကျနော့်ပို့စ်ကျရင် လာပြောပါ။ ကျနော် သေသေချာချာ မှတ်ထားပါ့မယ်။ အခုတောင် သိပ်ရှည်နေတယ်။ ပြောမယ်ဆိုလဲ သူမျာတွေ မေးလို့ ပြောလို့ ပြီးပြီဆိုမှ သီးသန့်လာဆွေးနွေးပေါ့။ ဘာလို့လဲဆိုတော့ သူကြီးနဲ့ ကျုပ်အပြန်အလှန် ပြောရင် ကြာလိမ့်မယ်။
        ကဲ မှန်တာတွေ ပြောလို့ အနီလေးများ ချီးမြှင့်ကြပါအုံး သွပ် သွပ်။ သဂျီးက စာပြန်ပါဆိုလို့ ပြန်လိုက်သည်။

        • San Hla Gyi

          November 30, 2012 at 10:15 pm

          အဟမ်း အဟမ်း မောင်ညီမလေးတို့ရေ အဲလေ ရွာသူရွာသားတို့ရေ
          ပြောဖို့ မေ့ကျန်ခဲ့လို့။ သူဂျီး Kai ပြတဲ့ လင့်ခ်လေးတွေကို ဖတ်ဖြစ်အောင် စေ့စေ့စပ်စပ် ဖတ်စေလိုပါတယ်ကွယ်။ ပထမဆုံး သူပြောတဲ့ ဆြာမောင်မိုးညိုဆိုသူ “ဂေါတမ” လို့ရေးတော့ ကျနော်က အတော်ရိုင်းတယ်လို့ ကန့်ကွက်တယ်ဆိုတဲ့ လင့်ခ်ကလေးထဲက အပြန်အလှန် ပြောစကားတွေကို သေသေချာချာ ဖတ်စေလိုပါတယ်။ ဆြာမောင်မိုးညိုဆိုသူဟာ မြန်မာတွေ ကိုးကွယ်တဲ့ မြတ်စွာဘုရားရှင်ကို သူ့သူငယ်ချင်းလို နာမည်တပ်ပြီး သူကိုယ်တိုင် ပြောတဲ့စကားအနေနဲ့ ရေးတာပါ။ အဲဒီမှာ သေသေချာချာ ဖတ်နိုင်ပါတယ်။ ဘုရားဘွဲ့= ဂေါတမလို့ စာအုပ်ထဲက ပါတဲ့အတိုင်း ကိုယ်ကပြောတဲ့ အနေနဲ့ မဟုတ်ပဲ ရေးတာနဲ့ လုံးဝမတူပါဘူး။ တကယ်လို့ ကျနော်နဲ့ ခင်တဲ့လူက အဲဒီလို ပြောစကားအနေနဲ့ ပြောရင် ကျနော်က မြင်ရင် ရှုတ်ချမှာပါ။ လုံးဝဘက်မလိုက်ပါဘူး။ နောက်ပြီး သဂျီးပြောတဲ့ ဆြာမောင်မိုးညို ဆိုသူဟာလည်း မန်းဂေဇက်ရဲ့ သတင်းစာမှာတောင် ဖော်ပြခဲ့ရတဲ့ ဆောင်းပါးရှင်တယောက်လို့ ကြားဘူးလို့ ဒီလို ဂေဇက်ရဲ့ ပင်တိုင်ဆောင်းပါးရှင် တယောက်ကို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ အကြောင်းကို ပြောရာမှာ လေးစားမှုထားဖို့ ပြောခဲ့တာပါ။ ဖရုဿဝါစာတွေကို ကြုံသလို သုံးစွဲတတ်တဲ့ လမ်းဘေးက အရက်သမားတယောက်က “ဂေါတမ” လို့ခေါ်တာကို ကန့်ကွက်ချင်မှ ကန့်ကွက်မှာပါ။ အဲဒီလို လူမျိုးကျတော့ သူ့အဆင့် သူပြတာပဲဖြစ်ပြီး အများမြင်အောင် လွှတ်ထားမှာပါ။
          အဲဒီမှာလည်း သဂျီးပြောတဲ့ ဆြာမောင်မိုးညိုက ကျနော်ပြောတဲ့ စကားလုံးလေးကို သူ့ဘာသာသူ ပြင်ချင်တဲ့ နေရာလေးကွက်ပြင်ပြီး ကျနော့်ကို စကားနဲ့ဖမ်းလို့ ကျနော်က သူ့ကို စကားလုံးတွေကို ကိုယ်လိုသလို လျှောက်မပြင်ဖို့ မြန်မာစာ မြန်မာစကားဟာ စကားလုံးနည်းနည်း ပြောင်းလိုက်တာနဲ့ အဓိပ္ပါယ် အများကြီး ပြောင်းတတ်တယ်ဆိုတာ သေသေချာချာကြီးကို ရှင်းပြခဲ့ပါတယ်။ သေသေချာချာ ဖတ်ကြစေလိုပါတယ်။
          သဂျီးပြတဲ့ ဒုတိယလင့်ခ်ကလေးကိုလည်း သေသေချာချာ ဖတ်ကြပါကွယ်။ အဲဒီမှာ သူက ပြောတာက “အောင်ခြင်း၈ပါးတဲ့ ဂေါတမဗုဒ္ဓများ တခါမှ သီးခံ သီးခံဆိုပြီး အရှုံးမပေးခဲ့ဘူး။ နိုင်အောင်ကို လုပ်တယ်။ ဆိုတော့ “အောင်ခြင်း” ပေါ့။ မြန်မာများ သီးမခံပါနဲ့ အောင်ကြစေသတည်း” လို့ ဖြစ်ပါတယ်။ ကျနော် စကားလုံးလည်း မပြင်ပါဘူး။ ရှေ့နဲ့နောက်လည်း မပြောင်းပါဘူး။ သဂျီးကတော့ မူရင်းပို့စ်ဖတ်ရင် သူဆိုလိုတာ လူပြိန်းတောင် နားလည်လောက်မှာပါလို့ ပြောပါတယ်။ ကျနော်ကတော့ မူရင်းပို့စ်က ကွန်မန့်ကို ဖတ်လေ ဒါ ဗုဒ္ဓမြတ်စွာဘုရားကို စော်ကားတိုက်ခိုက်တာလို့ ခံစားရလေ ဖြစ်နေပါတယ်။ လူပြိန်းထက် ညံ့တယ်လို့ ပြောလည်း ရဲရဲကြီးကို ပြောပါမယ်။ ဒါတမင် ဗုဒ္ဓဘုရားရှင်ကို အပုပ်ချ စွပ်စွဲတာ ဖြစ်ပါတယ်။ မြန်မာများ သီးမခံပါနဲ့ အောင်ကြစေသတည်း ဆိုတဲ့ စကားလေးကတော့ မြန်မာတွေကို အရာရာကို သည်းခံမနေနဲ့လို့ ပြောတာဆိုရင် နားလည်နိုင်ပါတယ်။ ဒါပေမယ့် ရှေ့က စကားလုံးတွေကကော?။ ဘယ်လိုဖတ်ဖတ် အဲဒီ အဓိပ္ပါယ်ပဲ ထွက်နေပါတယ်။ အသေးစိတ် ဥပမာပေးပြီး ရှင်းမပြရဲလို့ ကိုယ်တိုင်သာ ဖတ်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။
          ဖတ်ကြည့်ပြီးရင် စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို စဉ်းစားပါ တွေးတောပါလို့ တိုက်တွန်းပါတယ်။ ပြီးရင် ဗုဒ္ဓဘုရားရှင်ကို စော်ကားသူ မိစ္ဆာဒိဋ္ဌိများအား အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် လည်းကောင်း အခြား ဘာသာများ တတ်ပါက ကိုယ်တတ်သော ဘာသာစကားများဖြင့် လည်းကောင်း မြန်မြန် ကြိမ်းမောင်း ဆဲဆိုကြပါလို့ တိုက်တွန်းပါတယ်။
          သဂျီးပြောတဲ့ သူဆိုလိုတာ လူပြိန်းတောင် နားလည်မှာပါ ဆိုတာကတော့ သူ့ကို ဆန့်ကျင်ရင် လူပြိန်းထက် ညံ့သူဖြစ်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ နတ်ဝတ်ပုဆိုး တိမ်မီးခိုးဆိုတဲ့ ဇတ်လမ်းထဲက လိုပေါ့ဗျာ။ ဘုရင်ကြီး ဝတ်တဲ့ နတ်ဝတ်ပုဆိုး တိမ်မီးခိုးကို ဘုန်းကံရှိသူမှ မြင်နိုင်တယ်လို့ စကားခံထားတော့ မှူးမတ်တွေလည်း ဘုန်းကံမရှိသူတွေ ဖြစ်မှာစိုးတာနဲ့ ဘုရင်ကြီး ဟိုဒင်းကြီး တန်လန်းဖြစ်နေတာကို အမယ်မင်း လှလိုက်တဲ့ ဝတ်လဲတော်ကြီးပါဘုရားလို့ ပြောရတဲ့ အပေါက်မျိုးပေါ့။ ကျုပ်ကတော့ လူပြိန်းထက် ညံ့သူ အဖြစ်ခံပြီး ပြောလိုက်ပါတယ်။ အနီလေးများ ပေးသနားကြပါ။

        • kai

          December 1, 2012 at 1:39 am

          ကိုရင်က.. လူပြိန်းမဟုတ်တော့..
          ကျုပ်ရေးတာတွေ..သေသေချာချာမဖတ်ဖူးလို့ပဲ..ယူဆလိုက်ပါတယ်..။

          မနေ့ကတင်တာမှာ..ပို့စ်တခုက.. နောက်ပြန်ရောက်သွားသမို့.. တိုက်ရိုက်ပြန်ကူးတင်ပေးလိုက်ပါကြောင်း.. :kwi:
          http://myanmargazette.net/92911/arts-humanities

          kai says:

          ခန္တီ…သည်းခံတယ်ဆိုတာကို.. အဓိပ္ပါယ်မကွဲပြား… ရောထွေးနေကြဟန်ရှိမယ့်သူတွေအတွက်.. ဒီပို့စ်ရှေ့ပြန်ထွက်လာအောင်.. ရေးတာပါ.. :kwi:
          မကျေလည်သေးသူတွေ… ဆွေးနွေးနိုင်ကြပါတယ.်.။

          ဆွေးနွေးသူတွေဟာ..
          http://myanmargazette.net/126056
          ဂေဇက်ရွာမှ……ဒီမိုကရေစီနဲ့ ခနီ္တ အယူအဆ – ဇောက် ထိုး အဲဒီအပေါ်ကပို့စ်ရယ်..။
          https://myanmargazette.net/158046/
          အကျွန်နုပ်တို့ဗုဒ္ဓ၏…..ဗုဒ္ဓဝင် – myanmar oscar
          https://myanmargazette.net/142392/
          ကန် ့ကွက်ဖြစ်အောင် ကန် ့ကွက်ကြပါ – အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး

          အပေါ်က.. ပို့စ်တွေရယ်ကို.. အရင်ဖတ်ကြဖို့.. ညွှန်းဆိုချင်ပါတယ်..။

          ဒီပို့စ်”အငုံစိတ် ၊ သိမ်ငယ်စိတ် ၊ ယုံကြည်မှုမရှိတတ်တဲ့စိတ် “ကို.. လွန်ခဲ့တဲ့.. ၁ဝလက.. ပုရှ်မမက.. ရေးထားတယ်ဆိုတာလေးလည်း.. သတိရှိကြပါစေနော.. :harr:

          ဟုတ်ကဲ့..
          အောင်ခြင်းင်င်င်င်း…… အောင်ခြင်းးးးးးး… ၈ပါးပါ..။

          အပြင်အောင်ခြင်း ၈-ပါး

          မာန်နတ်ကို အောင်တော်မူခြင်း။
          နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမနိုင်တဲ့ နည်းဥပဒေသများအား ညွန်ကြားတော်မူပြီး အောင်တော်မူခြင်း။
          သစ္စကပရိဗိုဇ်ကို ပညာဖြင့် အောင်တော်မူခြင်း။
          ဗကဗြဟ္မာကြီးကို နှိမ်နင်းဆုံးမကာ အောင်တော်မူခြင်း။
          အင်္ဂုလိမာလကို အောင်တော်မူခြင်း။
          စိဉ္စမာဏဝိကာ၏ စွတ်စွဲတဲ့စကားကို အောင်တော်မူခြင်း။
          အာဠဝကဘီလူးကို အောင်တော်မူခြင်း။
          နာဠာဂီရိဆင်ကို အောင်နိုင်ခြင်း။

        • kai

          December 1, 2012 at 1:42 am

          ပိုသေချာသွားအောင်.. အဲဒီပုရှ်မမရေးတဲ့ပို့စ်ထဲက.. ကျုပ်ရေးတဲ့ကော်မန့်လေး.. တခုပြန်ကူးတင်ပါတယ်..။
          အဲဒါ..1-15-12 ကရေးတာပါနော..။ လွန်ခဲ့တဲ့ ၁ဝလလောက်ကပေါ့…။ :harr:
          တကယ်လို့ဆက်ဆွေးနွေးချင်တယ်ဆိုရင်.. ကျုပ်ရေးတာကို.. ကိုယ်ကောက်ချင်သလိုကောက်ပြီးစွတ်စွဲမပြောစေလိုပါဘူး.. ဒါက ပါစင်နယ်တိုက်ခိုက်တာဖြစ်နေပါပြီ..။ အချက်အလက်ဖြစ်တဲ့.. ဂေါတမဗုဒ္ဓက.. သည်းခံခြင်း-ခန္တီ .. ဆိုတာကို.. ဘယ်လိုအဓိပ္ပါယ်ဖွင့်သလည်း.. သိစေလိုသလည်းဆိုတာကို.. ဆွေးနွေးစေလိုတာပါ..။
          ဒါက.. ပရိုအလုပ်ပါ..။

          kai says:

          ဗုဒ္ဓက သည်းခံရမယ်ပြောတယ်လုပ်ပြီး တောင်ပိုင်းသာသနာဗုဒ္ဓဘာသာဝင်တွေ… သည်းခံခဲ့လို့.. ဗုဒ္ဓသာသနာဟာ.. မူလဘူတဇာတိက.. ကွယ်ခဲ့ရတယ်..။
          မဟာယာနက သည်းမခံပါဘူး..။ ရှောင်လင်သိုင်းကျောင်းလို.. ဘုန်းတော်ကြီးတွေက.. တိုက်ခိုက်ရေးပညာတွေပါသင်ပြီး.. သာသနာနဲ့ ကိုယ့်ယုံကြည်ချက်တွေ ကို ကာကွယ်ခဲ့ကြတာပါ..။
          မြန်မာပြည်ဖက်မှာလည်း.. အရည်းကြီးအမည်ခံ.. ရဟန်းတွေက.. သာသနာကို.. ကာကွယ်ပေးခဲ့ကြတယ် ထင်မိတယ်..။
          အနော်ရထာက.. နိုင်ငံရေးအရ.. စစ်သားလိုအပ်မှုမှာ အသုံးချချင်လို.. လူဝတ်လဲခိုင်းပြီး စစ်တပ်ထဲသွင်းလိုက်လို့သာပေါ့..။

          သည်းခံ..သည်းခံ..နိဗ္ဗာန်ဆိုတာ…
          .. အယူအဆရေးရာအရ .. စံနစ်တကျ.. သာသနာကို…လုပ်ကြံမှုတခုလို့ မြင်မိတာပဲ..။

          ဆိုတော့..
          ဗုဒ္ဓကိုယ်တိုင်လည်း (မြန်မာတွေပြောနေတဲ့..သည်းခံတာမျိုး)ခေါင်းငုံ့သည်းခံ မလုပ်ပါဘူး..။
          အတိုအရှည်ကြည့်ပြီး.. အချိန်အခါကိုက်ညှိလို့.. စံနစ်တကျ တုံ့ပြန်ပါတယ်..။ 🙂

          ဆိုတော့..
          ဟဲ..ဟဲ..ဟဲ..။

        • San Hla Gyi

          December 1, 2012 at 7:49 am

          ဟာ နောက်မှကျုပ်ပို့စ်မှာ လာဆွေးနွေးပါ ဆိုတာကို ဘယ်လိုဖြစ်လို့ အသားကုန် ရှင်းပြနေရတာလဲ။ အဲဒီကတည်းက ခင်ဗျားဟာ ဒီစာကို လုံးဝသည်းမခံနိုင်ဘူး ဆိုတာ ပြတာပဲ။ မှန်နေတာကိုးဗျ။ အဲဒီ သဂျီး ပြန်ကူးတင်ပေးတဲ့ လင့်ခ်ကို ကျနော် ဖတ်ဖူးပါတယ်။ ကျနော် ကွန်မန့်တော့ မပေးဖြစ်ပါဘူး။ သဂျီး ကြည့်ရတာ ကျနော့်ကို အငုံ့စိတ်ရှိတယ်လို့ တိုက်ခိုက်ချင်ပုံရတယ်။ ခင်ဗျား အဲဒီလို ပြောလဲ ကျုပ်ဘာမှ မဖြစ်ဘူး။ ခင်ဗျားတို့ ဒီမိုကရေစီ အမေရိကန်နိုင်ငံမှာတောင် သမ္မတလောင်းတွေ အပြန်အလှန် စကားစစ်ထိုးပွဲတွေ ရှိသေးတာပဲဗျာ။ အခုဟာက ကိုယ့်လူတို့က ကိုယ့်လူတို့ အသိုင်းအဝိုင်းကို ဝေဖန်ရင် အငုံ့စိတ်ရှိလို့ မဝေဖန်မှ လိုက်လျောညီထွေ နေတတ်သူဆိုတဲ့ စကားမျိုး ဖြစ်နေတာကိုး။ အဲဒါလည်း ကိုယ်လိုရာဆွဲတာပဲ။
          အဲဒီ မ pooch က ကျုပ်နဲ့ အပြောအဆိုရှိသူ ဆိုတော့ သူ့ပို့စ်ကို ဘာမှမပြောလိုပါဘူး။ သဂျီးကိုယ်တိုင်လည်း သူများကိုသာ ကျုပ်ရေးတာကို ကိုယ်ကောက်ချင်သလို ကောက်ပြီး စွပ်စွဲမပြောစေလိုပါဘူးလို့ ပြောနေတာ သဂျီးကိုယ်တိုင်က အဲဒီလို သူများပို့စ်ကို ကိုယ်လိုချင်တဲ့ဘက်ကို ဆွဲပြီး တိုက်ခိုက်ချင်ပုံရတယ်။
          သဂျီးရေ ကျနော်အနေနဲ့တော့ သဂျီးရဲ့ ထင်မြင်ချက်တွေ ဆိုတဲ့ကွန်မန့်တွေကို အမှန်တရားတွေလို့ မယူဆပါဘူး။ ဘာလို့လဲဆိုတော့ သဂျီးကလဲ လူပီပီ ကိုယ်ထင်ရာ ကိုယ်ပြောတာကိုး။ ဗုဒ္ဓဘာသာဟာ မူလဒေသက ကွယ်ခဲ့ရတာဟာ သည်းခံခြင်းကြောင့် မဟုတ်ဘူး ကိုယ့်ဆရာရဲ့။ ရဟန်းတော်တွေ ကိုယ်တိုင် အကျင့်အသိ ချို့တဲ့ခဲ့လို့။ ရှောင်လင်ဘုန်းကြီးတွေနဲ့ အရည်းကြီးတွေကတော့ သိပ်မဆိုင်လို့ နောက်တော့ ပြောတာပေါ့ဗျာ။ အဲဒါတွေကလဲ သဂျီးက ကိုယ့်အထင် ကိုယ်ပြောတာပါ။ အားလုံး အမှန်တွေလို့ ကျုပ်တော့ မထင်ပါဘူး။
          သဂျီးကိုယ်တိုင် ထင်မိတယ် ထင်မိတယ်နဲ့ ပြောပြောနေတော့ အဲဒါတွေကလည်း ထင်မိတယ်ဆိုတဲ့ အတိုင်း မှားနိုင်တာပဲလေ။
          သဂျီးကွန်မန့်နဲ့ အမည်းရောင်လုပ်ပြီး ရေးသလို ကျုပ်ရေးတာကို ကိုယ်ကောက်ချင်သလို ကောက်ပြီး စွပ်စွဲမပြောစေလိုပါဘူးလို့ ဆိုသလို ကိုယ့်အမြင်ကိုယ်ပြောတာလေ။ အဲဒါ သူများကလုပ်တော့ စွပ်စွဲတယ် ဖြစ်ကရော။ ကိုယ်ကပြောတော့ ကိုယ့်အမြင်ကို ပြောတာပေါ့။ စွပ်စွဲတော့လည်း ရှင်းလိုက်ပေါ့ဗျာ။ ဖတ်တဲ့လူတွေက သူတို့ဘာသာ သူတို့ ဖတ်ပြီး နှစ်သက်သလို လက်ခံမှာပေါ့။ အခုလဲ သဂျီးလင့်ခ်တွေ အများကြီးနဲ့ ရှင်းပြနေတာပဲ။ ကျုပ်ကတော့ စာဖတ်သူတွေက ဆုံးဖြတ်ပါစေလို့ပဲ သဘောထားတယ်။
          မစိုးရိမ်ပါနဲ့။ သဂျီးကို သူတို့စိတ်ထဲမှာ မကျေနပ်လဲ တော်တော့်လူက ဖွင့်မပြောရဲပါဘူး။ ကျုပ်ကတော့ မူလပြောတာကိုပဲ ထပ်ပြောမယ်။ သဂျီးပြောတဲ့ “အောင်ခြင်း၈ပါးတဲ့ ဂေါတမဗုဒ္ဓများ တခါမှ သီးခံ သီးခံဆိုပြီး အရှုံးမပေးခဲ့ဘူး။ နိုင်အောင်ကိုလုပ်တယ်။ ဆိုတော့ “အောင်ခြင်း” ပေါ့” ဆိုတဲ့ စကားလေးကတော့ သဂျီးက ဗုဒ္ဓဘုရားရှင်ကို နောက်သလိုလိုနဲ့ စော်ကားတဲ့ စကားလို့ပဲမြင်တယ်။ အောင်ခြင်း၈ပါးတဲ့ လို့ ရေးလိုက်တဲ့ နေရာမှာ “တဲ့” ဆိုတဲ့ စကားလုံးလေးကပဲ အများကြီး အနက်တွေ ထွက်တယ်။ ဟုတ်မဟုတ်ကတော့ ဖတ်သူတွေ ကိုယ့်ဘာသာဖတ်ပြီး ဆုံးဖြတ်ပါစေ။ သဂျီးပြတဲ့ လင့်ခ်တွေကိုလဲ သူတို့ဘာသာ ဝင်ကြည့်ပစေပေါ့။
          နောက်ပြီး မမေ့နဲ့ သဂျီးရဲ့။ ကျုပ်က ဒီပို့စ်မှာ လာပြီး ပို့စ်ပိုင်ရှင်ကို အားပေးစကားလေး လာပြောတာကို သဂျီးဘာသာ မနေနိုင် တိုင်တတ်ပြီး ဇာတ်လမ်းလာလုပ်တာ။ ဒီတော့ လွန်တယ်လို့ ပြောရင်တော့ စတင်သူက သဂျီးကိုယ်တိုင်ပဲ။ သဂျီး ကိုယ်တိုင်လဲ ပြောခဲ့တယ်လေ။ ပျင်းနေလို့ စကားကပ်ပြီး ငြင်းခုံခြင်း အနုပညာလုပ်နေတာလို့။ ကျုပ်က မပြောချင်ပဲနဲ့ သဂျီးကို အားနာလို့ ပြောပေးနေရတာ။ လွန်တာကတော့ ခင်ဗျားပဲ ဟဲ ဟဲ။
          သူကြီးနဲ့ ပုလင်းတူဘူးဆို့များလဲ အမြင်ပါနော်။

        • San Hla Gyi

          December 1, 2012 at 8:40 am

          အော် သူကြီးရေ ပြောဖို့မေ့ကျန်ခဲ့လို့။ အချိန်ရရင် စာပြန်ပါ ဆိုလို့ အမှန်တော့ အချိန်မရဘူး။ ဒီနေ့ အရေးကြီးကိစ္စရှိလို့။ ဒါပေမယ့် ရေးလက်စလေး ဖြစ်နေလို့ ထပ်ရေးလိုက်ဦးမယ်။ သဂျီးပြောတဲ့ “တကယ်လို့ ဆက်ဆွေးနွေးချင်တယ် ဆိုရင် ကျုပ်ရေးတာကို ကိုယ်ကောက်ချင်သလို ကောက်ပြီး စွပ်စွဲမပြောစေလိုပါဘူး။ ဒါက ပါစင်နယ် တိုက်ခိုက်တာ ဖြစ်နေပါပြီ။” လို့အစချီတဲ့ ကွန်မန့်ကလေးပါ။ အဲဒါ ကျနော်က ကျနော့်ကို ပြောတယ်လို့ မယူဆပါဘူး။ ဘာလို့လည်းဆိုတော့ အခုပြောနေတဲ့ ကိစ္စဟာ သဂျီးကိုယ်တိုင် ရေးခဲ့တဲ့ ကွန်မန့်အပေါ်မှာ ကိုယ့်အမြင်ကို ဝေဖန်တာဖြစ်ပြီး လုံးဝ ပါစင်နယ် မဟုတ်ပါဘူး။ စာဖတ်သူရဲ့ ပြောရေးဆိုခွင့် ဖြစ်ပါတယ်။ သဂျီးကလဲ ကိုယ့်ဘက်က လင့်ခ်တွေ မျိုးစုံပြပြီး ရှင်းပြပါတယ်။ ကျနော်က ကျန်စာဖတ်သူတွေ သူတို့ဘာသာ ဆုံးဖြတ်လိမ့်မယ်လို့ ခံယူပါတယ်။ ထုတ်မပြောရင်တောင် တခုခုတော့ ကောက်ချက်ချသွားမှာပါ။ အဲဒီတော့ ဒါဟာ ဆွေးနွေးပွဲပါ။ နောက်ပြီး ကျနော်ကလဲ ဒီပို့စ်မှာ သဂျီးနဲ့ ဆွေးနွေးချင်တယ်လို့ လုံးဝမပြောပါဘူး။ သဂျီးက ဆက်ဆွေးနွေးချင်တယ်ဆိုရင် လို့အစချီတဲ့ ကွန်မန့်ကလေးရေးလို့ ဖြစ်ပါတယ်။ တခြားပို့စ်က ကူးလာလဲ ဒီပို့စ်ရောက်လာလို့ ပြောရတာပါ။ ကျနော် သဂျီးနဲ့ ဆက်ဆွေးနွေးချင်တယ်လို့ မပြောသလို မဆွေးနွေးချင်လို့ ကျနော့်ပို့စ်ကျမှ လာပြောဖို့တောင် ပြောခဲ့ပါသေးတယ်။ သဂျီးကိုယ်တိုင် ပျင်းနေလို့ စကားကပ်ပြီး ငြင်းချင်လို့ အကြောင်းပြပြီး ရောက်လာတာပါ။ အဲဒါကြောင့် ပြန်ပြောရတာပါ။ ဖတ်သူတွေက ဆုံးဖြတ်ပါလိမ့်မယ်။ သူကြီးက အုပ်တောင့်ပါတယ် မပူပါနဲ့။

    • surmi

      November 29, 2012 at 2:26 pm

      ဟုတ်ပ အစ်ကိုရေ
      မမောနိုင်မပန်းနိုင်
      ၁၅ ကိုယ်ခွဲလားထင်ရတယ်

  • မောင်မောင်ချစ်

    November 29, 2012 at 5:57 pm

    သာဓု .. သာဓု .. သာဓု ..
    ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့
    ခုလိုမျိုး စာတွေအတွက် အရင်ဆုံး သာဓု ခေါ်ပါတယ် ..

    ဒါနဲ့ စဉ်းစားမိတာတစ်ခု မေးရပါဦးမယ် …
    ယောက်ဖတော်က ဒေဝဒတ် တစ်ယောက်တည်းလားဗျ …

    ပြီးတော့ နံပါတ် ၂၂ – အလုပ်အကျွေးရဲ့ အောက်မှာ ..
    အရှင်အာနန္ဒာကိုပါ တစ်ပါးတည်း ထည့်လိုက်သင့်တယ်လို့ မြင်မိပါကြောင်း ..
    အဲဒါလေး ပါပဲ …

  • အလင်းဆက်

    November 29, 2012 at 9:31 pm

    ကောင်းပါလေ့ကွယ်.. ။

    နောင်လာနောင်သားလေးဒွေ…အတွက်..
    လိုရင်းအချက်အလက် သိစရာလေးတွေကို.
    တိုတိုတုတ်တုတ်…ရေးလိုက်တော့…
    အိမ်း….

    ကောင်းပါလေ့ကွယ်…။

    သာဓု……

    ( နောက်နှစ်ခါ.ကို…ဝိုင်းခေါ်ပေးကြပါကွယ်.. ။
    အခုတော့ ..အဘ. အိပ်ချင်ပြီ.. ။ ဆက်မခေါ်နိုင်တော့ဘူး ။)

  • myanmar oscar

    November 29, 2012 at 10:04 pm

    ရွာနဲ့ နဲနဲလေးအဆက်အသွယ်ပြတ်သွားတဲ့အတွက် ကိုယ့်ပို့စ်ကိုအခုမှ
    ပြန်ပြီးဖွင့်ကြည့်မိတယ်…..
    ဘယ်သူတွေများကောင်းချီးပေးထားလဲလို့…….
    ထင်တဲ့အတိုင်းပါပဲ….လက်ညိုးညွှန်ရာရေထွက်တဲ့ ရွာသူကြီးကမေးထားတယ်…….
    ကိုရင်စံလှကြီးပြောသလိုပဲ သူကြီးကို မငြင်းရဲပါဘူး…..
    because…….သူကရွာပိုင်ရှင်ကိုး
    တော်ကြာ သူက …..××==++××- – – -? ဘာညာဘာညာပြောပြီး
    ဂျောင်းတော့ဆိုရင် ကိုရင်နေရာပေးမှာလား……
    ဒါပေမဲ့ ပါးစပ်ကပြောတာမဟုတ်ဘူး၊ လက်ကစာရိုက်တာဆိုတော့
    လက်ယားတယ်…..
    ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် မိမိယုံကြည်ကိုးကွယ်ရာ(သူ)ရဲ့
    အမည်(သို့မဟုတ်)ဘွဲ့ကို၊ ကိုးကွယ်နေစဉ်တရှောက်လုံးမှာ လက်ခံကြမှာပါ။
    အကြောင်းတစ်ခုခုကြောင့်ဘာသာပြောင်းသွားရင်တော့ တစ်မျိုးပေါ့နော်။
    အဲ…လက်မခံဘူးဆိုရင် အသင်သူဟာ ဘာလဲပေါ့…….
    နဖူးပေါ်လက်တင်ပြီးသာ စဉ်းစားကြည့်ပေါ့…….
    ဟုတ်ပါတယ် သည်စာလေးဟာအမှတ်တမဲ့နဲ့ရခဲ့တာပါ……
    သူငယ်ချင်းတစ်ယောက်ရဲ့အဖေ နာရေးလေးမှာဝေလို့ရတာပါ……
    ဘာရယ်လို့မဟုတ် သိစေချင်တဲ့စေတနာသက်သက်နဲ့တင်ပေးတပါ…..
    ကဲ အနော်ပြောတာလွန်လား ကိုရင်….

    • San Hla Gyi

      November 30, 2012 at 7:27 pm

      ဟေ့လူ ဆောင်းပါးရှင်
      ကိုယ့်လူ ဘာကြောင်တာလဲ။ ကျုပ်က ခင်ဗျားကို ဝင်အားပေးနေတာ။ သူကြီးက ခင်ဗျားကို ဘာညာ ဘာညာပြောပြီး ဂျောင်းတော့ဆိုလဲ မရေးနဲ့ပေါ့ဗျာ။ ကျုပ်က ဘာလို့ ခင်ဗျားကို နေရာပေးရမှာလဲ။ ကျုပ်လဲ ဘာနေရာမှ မရှိဘူး။ ခင်ဗျားက မရေးရမှာစိုးလို့ သူ့ကို ဘာမှ မပြောဝံ့တာလား။ အဲဒါ ကျုပ်စိတ်ထင် သူက သိပ်ကြိုက်လိမ့်မယ် မထင်။ ဘာလို့လဲ ဆိုတော့ သူက ဒီမိုသမားဗျ။ အကျိုးနဲ့ အကြောင်းနဲ့ ပြောရင် ကြိုက်တယ်ဆိုတဲ့ သဘောမျိုးလဲ ပြောဖူးတယ်။ နောက်ပြီး သူကိုယ်တိုင်လဲ မတူတဲ့အမြင်နဲ့ မန့်ရမယ်လို့ ပြောဖူးတယ်ဗျ။
      အနော် ပြောတာလွန်လား ကိုရင်ဆိုတော့ ခင်ဗျားပြောတာ မလွန်ပါဘူး။ ဒါပေမယ့် နားမလည်ဘူး။ ခင်ဗျားလဲ သူများကွန်မန့်ကို နားမလည်ဘူး ထင်တယ်။ ခင်ဗျားပြောတဲ့ “ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်……ဘာသာပြောင်းသွားရင်တော့ တစ်မျိုးပေါ့နော်” ဆိုတဲ့စာပိုဒ်ကလေးက ကျုပ်ပဲ အမြင်မသန်လို့လား ဘာမှန်းမသိဘူး။ နည်းနည်းလေး ရှင်းအောင် ပြောစမ်းပါ။ ကျုပ်ကလဲ ပို့စ်တခုကို လာတာ ပို့စ်ပိုင်ရှင်နဲ့ ပြောချင်လို့ပဲ။ ကျန်တဲ့လူတွေနဲ့ သိပ်မပြောချင်ဘူး။
      သူကြီးက အမှန်တော့ ကျုပ်က ခင်ဗျားကို ဘက်လိုက်တယ်လို့ စွပ်စွဲနေတာ။ ဘာလို့လဲဆိုတော့ ဟိုတနေ့ကပဲ သူ့ကို မလိုတမျိုး လိုတမျိုးလို့ လူပုံအလည်မှာ ကျုပ်က ပြောလိုက်လို့။

  • မိုးတိမ်

    November 30, 2012 at 12:23 pm

    ဘာမှတော့ဝင်ရောက်ပြီးအခုအချိန်ထိပြောစရာမရှိသေးပါ။အားပေးသွားပါတယ်ခင်ဗျာ။

  • ဦးဦးပါလေရာ

    November 30, 2012 at 1:24 pm

    ဘုရားဆိုတာ လောကမှာ တစ်ချိန်မှာ တစ်ဆူတည်းသာရှိရမှာဖြစ်တဲ့အတွက် ဘုရားချင်းမမှားနိုင်တာမို့ သီးခြားဘွဲ့တစုံတစ်ရာ မလိုအပ်ပါဘူး..။ ဗုဒ္ဓ ဆိုတာကိုက သူ့ရဲ့ ဘွဲ့ပဲဖြစ်ပါတယ်။
    (ဗုဒ္ဓံ = သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသောမြတ်စွာဘုရား)
    ဒါကြောင့် ပွင့်ပြီးတဲ့ဘုရားတွေကို ခေါ်ဝေါ်ရာမှာ လူဘဝက အမျိုးအနွယ်ရဲ့အမည်နဲ့သာ တွဲပြီး မှတ်သားခေါ်ဝေါ်ပါတယ်။
    ဥပမာ- ကဿပ မြတ်စွာဘုရားဆိုတာ ကဿပမျိုးနွယ် ပုဏ္ဏားမျိုးကမွေးဖွားခဲ့သော မြတ်စွာဘုရား ဆိုတာလိုပေါ့..။
    ဂေါတမဗုဒ္ဓ (ဂေါတမ မြတ်စွာဘုရား)ဆိုတာ ဂေါတမမျိုးနွယ် မင်းမျိုးကမွေးဖွားခဲ့သော မြတ်စွာဘုရား လို့ ဆိုလိုပါတယ်။

    ဒါပေမယ့်…

    ကျုပ်တို့မြန်မာပြည်မှာတော့ အစဉ်အဆက်ကတည်းက ဂေါတမ ဆိုတဲ့အမည်ကို မြတ်စွာဘုရားရဲ့ ဘွဲ့အဖြစ် သတ်မှတ်သုံးနှုံးဖေါ်ပြခဲ့ကြပါတယ်။
    ဦးဖိုးစိန်တို့ နောက်ပိုင်းဇတ်ကြီးတွေကတဲ့အခါ ဇတ်စာတွေမှာ မြတ်စွာဘုရားကို ဒိဌိတွေက (ရှင်ကြီးဂေါတမ) လို့ အာသံလျှာသံအပြည့်နဲ့ ခေါ်ပြောသုံးစွဲခဲ့ကြရာက တနိုင်ငံလုံးပျံ့နှံ့ပြီး ဂေါတမဆိုတာကို မြတ်စွာဘုရားရဲ့ဘွဲ့(အမည်) လို ဖြစ်သွားပါတယ်။ ပြီးတော့ စာအုပ်တွေထဲ ရောက်လာတာပေါ့…။

    အဲဒါ နောက်လမကူးခင် အင်တာနက်သုံးနိုင်တုန်း ဝင်ပွားတာပါ..။
    တကယ်တော့ ဘယ်လိုခေါ်ခေါ် အရေးမကြီးပါဘူး
    ဘယ်လိုမှမခေါ်လဲ အရေးမကြီးပါဘူး…

  • မောင်ပေ

    November 30, 2012 at 7:58 pm

    ပို ့စ်ပိုင်ရှင် ရဲ ့ပြန်လည် ဝေမျှပေးမှုအတွက် စိတ်ကျေနပ်သဘောကျမိသလို
    ကိုစံလှကြီး နဲ ့သဂျီး တို ့ရဲ ့ကွန်မင့်များကလဲ အထူးစိတ်ဝင်စားဖွယ်ရာပါကလား

  • Ba Yint Naung

    December 3, 2012 at 8:16 pm

    ဘုရား ဘုရား ဂေါတမ မြတ်စွာဘုရား အနုတ်လက္ခဏာတွေ နဲ့ပါလား ဦးစံလှဂျီရဲ့။ ဘယ်လိုဖစ်တာလဲ။ သူဂျီးဆိုတဲ့ ဟာကြီး ကျတော့လဲ အပေါင်းတွေနဲ့ စိမ်းစိုနေတာပဲ။ ကျွန်တော် ကိုစံလှဂျီးပို့စ်ကို လာဖူးဒယ်။ အခု ရေးချင်လွန်းလို့ တလုံးချင်း အကြာဂျီး ရိုက်ရတယ်။
    ဦးဦးစံလှဂျီ ပြောတာလဲ ဝုတ်တာပဲ။ သူ့ပို့စ်လည်း မဟုတ်ပဲနဲ့ သူလည်း သူများပို့စ် အလည်လာတာကို သဂျီးဆိုတဲ့ ဟာကြီးက အတင်ဝင်ပြီး ဖောတာ မဟုတ်လား။ သူပြောတဲ့ စကားပြေ အရေးအသား အကြောင့် အနော်တော့ ကြိုက်တယ်။ ဦးစံလှဂျီးကို ကြိုက်တယ်လို့ ပြောရတာ ကြောက်တော့ကြောက်တယ်။ ဦးဦးက ရန်သူတွေများတယ်။
    အော်လူဒွေ လူဒွေ အုပ်စုနဲ့ မြေခွေးတွေ ကျနေတာပဲ။

  • San Hla Gyi

    December 3, 2012 at 9:42 pm

    အမယ်လေး နာမည်ကြီးကလဲ ကြောက်လိုက်တာဗျာ Ba Yint Naung တဲ့။ ဦးဦးတော့ မလုပ်ပါနဲ့ဗျာ။ ကျုပ်ကို မမြင်ဖူးကြလို့ပါ။ အခုမှ ၁၆ နှစ်ကျော်ကျော်လေး ရှိပါသေးတယ်။ လူပြိုဂလေးပါ။
    ဟုတ်လိုက်တာ မိတ်ဆွေရာ။ အနုတ်တွေ အပေါင်းတွေ ထားလိုက်ပါဗျာ။ ကျုပ်လဲ အစက တော်တော်စိတ်ဆိုးတယ်။ ဒါပေမယ့် နောက်ကျတော့ ပြန်မပြောနိုင်ပဲ ဒီလိုလုပ်တာ သူတို့အခံရခက်လို့ ဆိုတာ နားလည်သွားတယ်။ အခု မိုးပြာဆရာတွေပို့စ်ကို သွားကြည့်ရင် ကျနော်ကွန်မန့်တွေ အနုတ်ဖြစ်နေတာ နည်းမှာမဟုတ်ဘူး ထင်တယ်။ ဒါပေမယ့် တကယ်တမ်း ဆွေးနွေးတုန်းက သူတို့ခမျာ ဘာမှကို ပြန်မပြောနိုင်တာ များပါတယ်။
    အဲဒါ အသာထားပါ။ အခုခင်ဗျားကို ကျနော်ရှင်းပြအုံးမယ်။ အခုကေ့စ်က ခင်ဗျား ပြောသလို သဂျီးဆိုတဲ့ ဟာကြီးက အရင်စတာဗျ။ မိတ်ဆွေပဲ စဉ်းစားကြည့်လေ။ ဒီပို့စ်က ကျုပ်ပို့စ်လည်း မဟုတ်ဘူး။ ကျုပ်ပို့စ် ဆိုရင်တော့ ပို့စ်ပိုင်ရှင်က ကျုပ်ဖြစ်တော့ ကျုပ်နဲ့ တည့်သူဖြစ်စေ မတည့်သူဖြစ်စေ ဆွေးနွေးရင် ကျုပ်က တတ်နိုင်သမျှ ပြန်ပြောရမယ့် တာဝန်ရှိတယ်။ အခုဟာက ကျုပ်ကိုယ်တိုင် အလည်လာတာ။ အဲဒါကို သူ့ဘာသာသူ ရောက်လာပြီး ဘုရားဘွဲ့ = ဂေါတမ လို့ရေးတာကို မသိချင်ယောင် ဆောင်လိုက်တာလားလို့ လာမေးတယ်ဗျ။
    ဘာလို့ မေးသလဲဆိုတာ ကျုပ်သိပါတယ်။ ဟိုနေ့ကပဲ Kai ဆိုတဲ့ သဂျီးဟာ မလိုတမျိုး လိုတမျိုး လုပ်တတ်သူဆိုတာ ကျုပ်က သူ့ကိုတည့်ပြောလိုက်လို့ ခမျာ မကျေနိုင် မချမ်းနိုင် ဖြစ်ပြီး အပြစ်ရှာမယ်ဆိုပြီး ရောက်လာတာ။ ဒီလူ အယ်ဒီတာ လုပ်နေပြီး မြန်မာစာ အရေးအသားကို မျက်စိလည်နေသလား မသိဘူး။ အင်္ဂလိပ်လို အဖတ်များလို့ မြန်မာစာ မတတ်တာ ဖြစ်နိုင်တယ် ထင်တာပဲ။
    သူစမေးကတည်းက သူ့ဆရာ မောင်မိုးညိုအတွက် ဆိုတာကျုပ်သိပါတယ်။ တကယ်တော့ ကိုယ်ရေးရာဇဝင် သဘောက ပြောစကားတို့ စကားပြေတို့နဲ့မှ မတူတာ။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇဝင်ကို ဒီပို့စ်လို အကျဉ်းချုပ်ရေးလဲ အမည် = အောင်ဆန်း လို့ပဲ ရေးရမှာပေါ့ဗျ။ စကားပြေနဲ့ ရေးတော့မှ သူရောက်နေတဲ့ အချိန်ကိုမှီပြီး ကိုအောင်ဆန်း သခင်အောင်ဆန်း ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နာမဝိသေသနထည့်ပြီး ရေးရမှာပေါ့။
    အခုလဲ မင်းသားဘဝကိုရေးရင် သိဒ္ဓတ္တမင်းသား ဘုရားဖြစ်တဲ့ ဘဝကိုရေးမှ ဂေါတမမြတ်စွာဘုရားဆိုတဲ့ နာမဝိသေသန ထည့်ရေးရတာလေ။ အဲဒါ အဲဒီ အောင်ကြူကြူလူကို ရှင်းပြပြီးပါပြီ။ သူ့ဆရာ ဆြာမောင်မိုးညိုဆိုတာက သူကိုယ်တိုင် ပြောစကားအနေနဲ့ “ဂေါတမနဲ့ တန်ခိုးအရာ ဖန်တီးပြောဆိုကြတဲ့” “ဂေါတမ မြန်မာနိုင်ငံကို ကြွလာတဲ့” ဆိုတဲ့ အရေးအသားကို သုံးပြီး ရေးလို့ ရိုင်းလို့ရိုင်းတယ် ပြောတာပေါ့။ ဘာဝင်နာနေလည်း မသိဘူး။ အဲဒီတော့လဲ အဲဒါနဲ့ ပက်သက်ပြီး သူ့ခမျာ ပြောစရာ မရှိတော့ပြန်ဘူး။
    သူဆတ်ဆတ်ခါ နာသွားတာ ကျနော်ရှင်းပြတဲ့ ကိစ္စမဟုတ်ဘူးဗျ။ သူပြောတဲ့ “အောင်ခြင်း၈ပါးတဲ့ ဂေါတမဗုဒ္ဓများ တခါမှ သီးခံ သီးခံဆိုပြီး အရှုံးမပေးခဲ့ဘူး။ နိုင်အောင်ကို လုပ်တယ်။ ဆိုတော့ “အောင်ခြင်း” ပေါ့။” ဆိုတဲ့ စကားလေးကို ကျနော်က ထည့်လိုက်လို့ အနာပေါ် တုတ်ကျသွားတာ။ နာပေတာပေါ့ဗျ။ သူတကယ် ပြောခဲ့တာကိုး။ ကျနော်သိတယ်။ သူနည်းနည်းတောင် ကြောက်နေတယ် ထင်တယ်။ အဲဒီစကားကို တယောက်ယောက်က ပြောတိုင်းပေါ့။ ဘာလို့လဲဆိုတော့ နောက်ပိုင်း တယောက်ယောက်က သူ့ကို ဒီအကြောင်း ပြန်ပြောမှာ လန့်ပုံရတယ်။ နောက်ပြီး မတော် ဆိုင်ဘာတပ်မတော်တို့ ဘာတို့က တွေ့သွားရင် အမျိုး ဘာသာ သာသနာနဲ့ ဗုဒ္ဓဘုရားရှင်ကို စော်ကားတဲ့ သဂျီးဆိုပြီး ပစ်မိန့်တွေ ဘာတွေပေးမှာလည်း ကြောက်ပုံရတယ်။( အဲဒီလို ပစ်မိန့် အမြန်ဆုံးပေးပြီး သူ့ကို ဒဏ်ခတ်ပါစေဗျာ ဟီး ဟီး စိတ်တွင်းမှ ဆုတောင်းဖြစ်ပါသည်။)
    အဲဒါကြောင့် နောက်သူ့ကို ဘယ်သူမှ မပြောဝံ့အောင် အဲဒီအကြောင်းနဲ့ ပက်သက်ပြီး တမင် မကျေလည်သေးသူတွေ ဆွေးနွေးနိုင်ပါတယ်လို့ တမင်ပြောလိုက်တာ။ သူ့ကို တော်တော့်လူက ဘယ်ဒဲ့ပြောဝံ့ပါ့မလဲ။ အခု ပို့စ်ပိုင်ရှင်တောင် နောက်မရေးရမှာ ကြောက်လို့ သဂျီးကိုတော့ ပြန်မပြောဝံ့ပါဘူးလို့ ဆိုသွားတာသာ ကြည့်တော့။ နောက်ပြောရင် တွေ့မယ်ဆိုပြီး မသိမသာ ခြိမ်းခြောက်လိုက်တာ။ နောက်ပြီး သူက သားမယား ခြွေရံသင်းပင်း ကျေးကျွန်အင်အား တောင့်တင်းသူ မဟုတ်လား။ ဝိတ်နဲ့ဖိချင်တာပေါ့ဗျာ။ ဒါပေမယ့် သူ့အတွက် ဒီစကားက သမိုင်းကျန်ခဲ့ပါပြီ။
    အဲဒီစကားကတော့ ဗုဒ္ဓဘုရားရှင်ကို သူပြစ်မှား စော်ကားတဲ့ စကားပါပဲ။ ဒါက သိပ်သေချာပါတယ်။ ကျနော် ဥပမာပေးမယ်။ အဲဒီမှာ မြန်မာစာ အရေးအသားကို ကျနော်က ပြောချင်တာနော်။ စကားလုံးတွေကို သတိထားကြည့်။ အောင်ခြင်း၈ပါးတဲ့ ဆိုတဲ့ စကားမှာ “တဲ့” ဆိုတာက အဓိကပဲ။ နောက်ပြီး ဂေါတမဗုဒ္ဓများ ဆိုတဲ့စကားလုံးမှာလည်း “များ”ဆိုတဲ့ စကားလုံးလေးက အဓိကအသက်ပဲ။ ကျုပ်ပြောကြည့်မယ်။
    “ပြည်သူ့ဘက်က ပြည့်သူ့ သမ္မတကြီး “တဲ့” ဦးဟိုဒင်း “များ” တခါမှ good government ဆိုပြီး ပြေပြေလည်လည် မလုပ်ဖူး။ မီးလောင်ဗုံးနဲ့ကို ပစ်တယ်။ ဆိုတော့ “ပြည်သူ့သမ္မတကြီး” ပေါ့” ကဲ ဒီစကားက ချီးမွမ်းတာလား ရှုတ်ချတာလား။ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပေါ့။
    နောက်တခုဗျာ။ “လစ်ဘရယ် ဒီမိုသမား “တဲ့” ဦးဟိုဟာ “များ” တခါမှ မျှတရေး မျှတရေးဆိုပြီး မျှမျှတတ မလုပ်ဘူး။ တဘက်စောင်းနင်းလုပ်တယ်။ ဆိုတော့ “လစ်ဘရယ် ဒီမိုသမား” ပေါ့။ ကဲ ဒီစကားက ချီးမွမ်းတာလား ရှုတ်ချတာလား။ စဉ်းစားကြည့်ပေါ့။
    အဲဒါကို သူဖုံးချင်လို့ မဆိုင်တဲ့ပို့စ်တွေပါ ထည့်ပြီး ဟိုပို့စ်မှာ ဟိုလို ပြောခဲ့ပါတယ်တို့ ဒီပို့စ်မှာ ဒီလိုပြောခဲ့ပါတယ်တို့ လျှောက်ပြောနေတာ။ အားလုံးက ထင်ရှားပြီးသား။ အမှန်တော့ ကျုပ်က ရိုးရိုးသားသား သူများပို့စ်ကို လာအားပေးတာကို ပြဿနာမရှိ စပြီး ပြဿနာရှာလို့ ကျုပ်ကလည်း အားလုံး ပြန်ပြောတာ။ အဓိကက သူကစပြီးလွန်တာပဲ ဟဲ ဟဲ။
    နောက်ပြီး ဘယ်လောက် ရယ်စရာကောင်းတဲ့ လူလဲလို့ စဉ်းစားကြည့်လေ။ ကျုပ်ကလည်း သူနဲ့ ဆွေးနွေးချင်တယ်လို့ တခွန်းမှ မပြောပဲ ကျုပ်ပို့စ်မဟုတ်လို့ ကျုပ်ပို့စ်ကျမှ လာဆွေးနွေးပါလို့ ပြောထားတာတောင် တကယ်လို့ ဆက်ဆွေးနွေးချင်တယ်ဆိုရင်လို့ အစချီတဲ့ ကွန်မန့်ကို အရှက်မရှိ ထည့်ရေးသေးတယ်။ ကိုယ်လိုရာဆွဲတဲ့ နေရာမှာတော့ သူများကိုသာ လိုရာမဆွဲနဲ့ ပြောပြီး သူကိုယ်တိုင်ကတော့ နိုးတူးပါပဲဗျာ။
    ဒါကျုပ်ကလည်း သူ့ကို ပါစင်နယ် တိုက်ခိုက်တာ မဟုတ်ပါဘူး။ သူပြောခဲ့သလိုပဲ “အတိုအရှည် ကြည့်ပြီး အချိန်အခါ ကိုက်ညှိလို့ စံနစ်တကျ တုန့်ပြန်ပါတယ်။ ဆိုတော့။ ဟဲ ဟဲ ဟဲ” ဆိုသလို ကျုပ်ကလဲ သူ့စာအရေးအသားကို ဥပမာတွေနဲ့ သေသေချာချာ ဝေဖန်တာပါ။ စာကိုပါ။ စာမှာပါတဲ့ သဘောထားတွေကိုပါ။
    ဒီလူရဲ့ စာမှာပါတဲ့ သဘောထားတွေကို ကြည့်ရတာ ဗုဒ္ဓဘုရားရှင်ကို စော်ကားတဲ့ စကားမျိုးတွေ ပြောမှ သူ့ကိုယ်သူ ခေတ်မီသူလို့ ထင်နေသလား မသိဘူး။ နောက်မှ ခံရတော့ တယောက်တည်း ဖြစ်နေမယ်။ အရင်တုန်းကလည်း ခဏ ခဏပြောတယ်။ မှန်တာပြောရင် အားများအောင် ဘက်ကပ်တယ်တို့ တံဆိပ်ကပ်တယ်တို့ လုပ်သေးတယ်။
    (အခု ပြောတာတွေဟာ တယောက်ကိုကြုံလို့ ကိုယ်ပြောချင်တာတွေ ပြောသွားခြင်း ဖြစ်ပြီး ဦးတည်သော ကွန်မန့်ပိုင်ရှင် Ba Yint Naung နဲ့ဘာမှ မဆိုင်ပါကြောင်း။ နာမည်ခေါ်ရတာ ပါးစပ် ယားလိုက်တာ ကျနော်ရေးသားသမျှသည် ကျနော့် အာဘော်သာ ဖြစ်ပါကြောင်း)

  • myanmar oscar

    December 4, 2012 at 12:51 am

    ကဲ ကိုကိုစံ….. ဘာကြောင်တာလဲဆိုတော့ ဘာမှမကြောင်ပါဘူး။
    ဝင်ရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်(အားလုံးကိုပြောတာပါ)။
    အနော်ပြောတာကို သဘောမပေါက်ဘူးပဲ……
    ဒီလိုဗျ ….(ကျုပ်က ဘာလို့ ခင်ဗျားကို နေရာပေးရမှာလဲ။ ကျုပ်လဲ ဘာနေရာမှ မရှိဘူး။)
    ဆိုတာ ကိုရင်စံလှကြီး ရောဒီရွာကခွဲထွက်ပြီး ရွာတစ်ရွာတည်နိုင်ရင် နေရာပေးမလားလို့၊
    ရွာပိုင်ရှင်တစ်ယောက်လိုပြောပြီးခိုင်းနှိုင်းထားတာ။
    ကျွန်တော်ကတော့ C မိုတွေ၊ D မိုတွေ နားမလည်ဘူး၊ မှန်ရာဆိုရင် အကုန်ပြောရဲတယ်
    ဘုရားဘွဲ့=ဂေါတမ
    သူကြီးကလက်မခံဘူးလား၊ ကျွန်တော်ရေးထားတာကိုက ဘုရားဘွဲ့လို့ရေးထားတာ
    လူနာမည်လို့ရေးထားတာမဟုတ်ဘူး၊ အဲ့ဒီတော့ ဂေါတမရဲ့နောက်မှာ သူ့ရဲ့ ဝိဘတ်ဖြစ်တဲ့
    ဗုဒ္ဓ ဆိုတဲ့ရည်ညွှန်းချက် မရေးထားလဲ အသိရှိသူ ဗုဒ္ဓဘာသာဝင်တိုင်း အကုန်သိကြတဲ့အတွက်
    ရေးစရာလိုမည် မထင်ကြောင်းပါနော်….
    ဥပမာပေါ့ဗျာ……ဂေါတမ ဆိုရင် ဗုဒ္ဓမြတ်စွာဘုရား လို့သက်မှတ်ထားသလို
    (Kai)သူကြီး ဆိုရင် ရွာပိုင်ရှင်လို့ ရွာထဲကလူတိုင်းသိတယ်
    သက်မှတ်ထားတာနဲ့ သက်မှတ်ချက် ကွာသွားတာကို တလွဲချော်မတွေးပါနဲ့……….
    “ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်……ဘာသာပြောင်းသွားရင်တော့ တစ်မျိုးပေါ့နော်” ဆိုတဲ့စာပိုဒ်ကလေးက ကျုပ်ပဲ အမြင်မသန်လို့လား ဘာမှန်းမသိဘူး။
    ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် တခြားဘာသာဝင်
    တစ်ယောက်ကို ချစ်ခင်စုံမက်လို့လက်ထပ်လိုက်တယ်ဆိုပါတော့ဗျာ။
    တိုတိုပဲပြောတော့မယ် (အနော်ကစာရေးရတာပျင်းတယ်ဗျ) တကယ်ချစ်လို့တကယ်လက်ထပ်
    သွားတော့ အမိတားမရ၊ အဖတားမရနဲ့ နောက်ဆုံး ဘာသာပါပြောင်းသွားတော့ ……………
    အဖေ၊ အမေ မွေးစဉ်သိတက်စ (၄)၊(၅)၊(၆) လလောက်ကတည်းက ဦးတော်ပါဘုရား၊
    ကန်တော့ပါ၏ ဘုရား ဆိုတဲ့အသံကလေးနဲ့ အစဉ်အဆက်ကိုးကွယ်လာတဲ့ ဂေါတမဗုဒ္ဓမြတ်စွာဘုရား
    ရဲ့အယူဝါဒကိုထားခဲ့ပြီး တဖက်ဘာသာရဲ့အရှင်ကိုလက်ခံယုံကြည်သွားတာကိုပြောတာပါ။
    *မှတ်ချက်။ ။ စာရေးရမှာပျင်းသည်……..
    အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။

  • San Hla Gyi

    December 4, 2012 at 6:13 pm

    ဆောင်းပါးရှင်ရေ
    ခင်ဗျား ပြောတာကို သဘောပေါက်ပါတယ်။ ဒါပေမယ့် အဓိပ္ပါယ် မရှိလို့ ဘာကြောင်တာလဲလို့ မေးလိုက်တာပါ။ ကျုပ်က ဒီကနေ ခွဲထွက်ပြီး ရွာတရွာ တည်မယ်လို့ ဘယ်ပို့စ် ဘယ်ကွန်မန့်မှာ ပြောဖူးသလဲဗျာ။ တခါမှ မပြောမိဘူး ထင်ပါတယ်။ ကျုပ်နဲ့ အပြင်မှာ သိတဲ့လူလဲ တယောက်မှ မရှိလို့ အဲဒါ ခင်ဗျားဘယ်ကနေ သတင်းရပြီး မေးတာမှန်း မသိလို့ပါ။ မသွားရေးချ မသွားပဲဗျို့ အဲဒီလို ပြောလို့ကတော့။ ရေးချင်တဲ့ အချိန်မှာ ရေးချင်တာကို အကြောင်းအကျိုးလေးနဲ့ ရေးပြီး နေစမ်းပါဗျာ။ ကျုပ်ကိုယ်တိုင်လဲ ဘယ်သူ့ကိုမှ နှင်မထုတ်ဖူး။ မိုးပြာဆရာတွေကို သူများနှင်လဲ ကျုပ်က ဆွေးနွေးရုံပဲ ဆွေးနွေးတာ မနှင်ဘူး။
    ခင်ဗျား အဲဒီအခေါ်အဝေါ် ကိစ္စက ရှင်းစရာ မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားက အခုမှလာတာ။ ရေးတဲ့ကွန်မန့်ဒိတ်ကိုပဲကြည့်။ ကျုပ် သဂျီးကို ကိုယ်ရေးရာဇဝင် အဖြစ် နာမည်သက်သက် ရေးတာနဲ့ ပြောစကားအနေနဲ့ စကားလုံးလေးတွေ ထည့်ပြီးရေးတာ ဘယ်လောက်ကွာတယ် ဆိုတာ ရှင်းပြပြီးသား။ ဥပမာလဲ စုံနေပြီ။ မြန်မာစကားရဲ့ စကားလုံးလေး တလုံးလောက် လိုလိုက်ပိုလိုက်တာနဲ့ ဘယ်လောက် ခံစားချက်ချင်း ကွာသွားသလဲ ဆိုတာလဲ ရှင်းပြပြီးသား။ အဲဒီကိစ္စက ပြီးပြီ။ မလိုတော့ဘူး။
    ခင်ဗျားပြောတဲ့ ဘာသာပြောင်းတဲ့ ကိစ္စဟာ ခင်ဗျားရေးတဲ့ ဗုဒ္ဓဝင်ကို အချက်အလက်ပဲ ရေးတဲ့ပို့စ်နဲ့ မဆိုင်လို့ ကျုပ်ဘာမှန်းမသိဘူးလို့ ပြောလိုက်တာ။ ဥပမာ ခင်ဗျားက ကျနော်တို့ ဗုဒ္ဓဘာသာဝင်များ အကြောင်းလို့ ရေးရင်တော့ ဘာသာပြောင်းတဲ့ကိစ္စ ထည့်လို့ရလိမ့်မယ်။ အခုဟာက အချက်အလက်မှာ ဇတ်လမ်းလိုလို ချက်ချင်းဝင်လာလို့ ဘာမှန်းမသိဘူး ပြောလိုက်တာ။
    ခင်ဗျား စာရေးရမှာ ပျင်းတယ်လို့ နှစ်ခါတောင်ပြောလို့ ကျနော် တခုအကြံပေးမယ်။ ခင်ဗျား ပြောလို့နော်။ ကျုပ်အကြံအတိုင်းဆို ခင်ဗျား ပြောသလို သဂျီးကိုလည်း လန့်စရာ မလိုတော့ဘူး။ ဘယ်သူ့ဆီမှလည်း နေရာတောင်းစရာ မလိုတော့ဘူး။ ဒီနေရာက စာရေးရတဲ့ နေရာဆိုတော့ စာရေးရမှာ ပျင်းလဲ ကွန်မန့်ဖြစ်ဖြစ် ပို့စ်ဖြစ်ဖြစ် ဘာမှမရေးပဲ နေလိုက်ပေါ့ဗျာ။ ကိုယ်ကမှ ပျင်းလို့ မလုပ်ချင်တာပဲ။ ဘယ်သူကလာပြီး တရားစွဲမှာလဲ။ ဟုတ်တယ်မို့လား။
    နောက်ပြီး အမှန်တော့ ကျုပ်က ခင်ဗျားပို့စ် ဗုဒ္ဓဝင်ဖြစ်ပေမယ့် ကျနော် ဝင်ကြည့်တဲ့အခါမှာ ကွန်မန့်ပေးသူ နှစ်ယောက်ပဲ ရှိသေးလို့ ရိုးရိုးသားသား လာအားပေးတာ။ အဲဒါကို သဂျီးက တမင်ကို မဟုတ်တာနဲ့ လိုက်ပြီး ပြဿနာရှာလို့ ရှင်းပြရတာ။ သူက စပြီး ပြဿနာလုပ်တာ။ ပြီးတော့ အကျိုးအကြောင်းလည်း မဆီလျော်ပဲနဲ့။ အဲဒါပဲ။ သူတို့က သူတို့စရင်တော့ ဘာသံမှ မထွက်ဘူး။ သူများက ပြန်ပြောရင် red line တွေ green line တွေကိုဖြတ်တယ် ဆိုပြီး အသံတွေက ထွက်လာရော။
    သဂျီးပြောတဲ့ ထင်မိတယ်ဆိုတဲ့ စကားအတိုင်း ကျုပ်လည်း ထင်မိတာလေး ပြောအုံးမယ်။ အခုကေ့စ်က သဂျီးက တမင်လုပ်တာ ထင်မိတယ်ဗျ။ ဘာလို့လည်းဆိုတော့ ကျုပ်က ကျုပ်ထုံးစံအတိုင်း ပြန်ပြောရင် အုပ်စုနဲ့ဝိုင်းပြီး ကျုပ်ကပဲ လူဆိုးကြီးလိုလို ရန်ဖြစ်သလိုလို ပုံစံပေါက်အောင် တမင်လုပ်တာလို့ ထင်မိတယ်ဗျ။ ဟိုတလောကပဲ လစ်ဘရယ် ဒီမိုဝါဒီ သူ့ဘော်ဘော် တယောက်နဲ့ ဆွေးနွေးထားတာလေး ရှိလို့ အခုသူက တမင်လိုက်စတာလို့ ထင်မိတယ်ဗျ။ သူပြောသလို ထင်မိတယ် ပြောတာနော်။ အငုံ့စိတ် မဟုတ်ဘူး။ ထင်မိတယ်လို့ ပြောတာ အငုံ့စိတ်ဆိုရင်တော့ သဂျီးလည်း အငုံ့စိတ် ရှိတယ်ဗျာ။
    အိုကေ bye bye ဆောင်းပါးရှင်ရေ

Leave a Reply