အလွမ်းပြေ

သုရွင္November 27, 20122min15913

အလွမ်းပြေ

 

 

ဓါတ်ပုံလေးတွေ ကြည့်နေမှ လား

စကားသံလေးတွေ ကြားနေမှ လား

ဒါမှမဟုတ်..လေပြေအသွေးမှာ

ပင့်သက်ရှိုက်မှု တစ်ခု တစ်လေ နဲ့

ထိတွေ့ လှုပ်ခတ်သွားမှ တဲ့ လား။

တိုက်ဆိုင်မှ သတိရနေဖို့ဆိုတာ တောင်

အမှတ်တရတွေ တစ်သီတစ်တန်းကြီး

ရင်းနှီးထားရသေးတာပဲ။

မ..အတွက်…မောင့် သတိရခြင်းမှာ

တိုက်ဆိုင်မှ…ဆိုတာထက် ကျော်လွန်နေပါပြီ။

ဘာလုပ်လုပ် ဘာပြောပြော

ဘာစားစား ဘယ်မှာ ရောက်ရောက်

သိစိတ်မှာရော မသိစိတ်မှာရော

ဘာကို သတိရနေတာပါ လို့..

ပြစရာမရှိလောက်အောင်

သတိရခြင်းတွေက များပြားလွန်းလှပေါ့။

လွမ်းလို့ သတိရ..နေပေမယ့်

သတိရ လို့ အလွမ်းပြေ သွားပါရဲ့လား

မောင်…လွမ်းလို့ အလွမ်းပြေရေးတဲ့ကဗျာ မှာ

မောင်…မေး ပြီး မောင် မဖြေ နိုင်တဲ့ ပုစ ္ဆာတစ်ပုဒ်

မ..သိမ်းထားဖို့…ပေးရင်း မေး…လိုက်တယ်။

 

 

 

မောင်

သုရှင်(၂၇-၁၁-၁၂)

အင်္ဂါ

 

13 comments

  • Mon Kit

    November 27, 2012 at 1:34 pm

    ဟင်!!!
    မောင်က ဘာတွေမေးလို့ မ ကလဲ ဘာတွေ ပြန်မေးလိုက်လဲဟင်???
    သိချင်ထှာ!! :kwi:

  • သုရှင်

    November 27, 2012 at 2:45 pm

    သတိရရုံနဲ့အလွမ်းပြေ သွားရဲ့လား ဆိုတဲ့မေးခွန်းပါဗျာ

  • ခင်ခ

    November 27, 2012 at 3:14 pm

    အလွမ်းပြေမလား
    ထင်ကာထားလို့
    စီကာကုံးဆို။

    သတိရရင်
    လွမ်းစိတ်ပြေမယ်
    ထင်ကာထားလို့
    စီကာကုံးဆို။

    တကယ်တော့လည်း
    လွမ်းစိတ်ကယ်မပြေ
    သတိရနေလျှက်
    စီကာကုံးဆို။

  • padauk moe

    November 27, 2012 at 9:05 pm

    မောင် စားလို့လည်းလွမ်း အိပ်ရင်းတမ်းတ ချစ်မဝသေးခင် ခွဲခဲ့သည့်လမ်း စောင့်ရသည့်အချိန်
    ိနီးစပ်သည့်တစ်နေ့ အပြေးသာလှည့်လာခဲ့ပါတော့ မရေ ခံစားအားပေးသွားပါတယ်ဗျာ ဆက်လက်ပြီးခံစားရေးဖွဲ့နိုင်ပါစေနော်

  • Nay Chi

    November 28, 2012 at 10:34 am

    လွမ်းလို့ သတိရ..နေပေမယ့်
    သတိရ လို့ အလွမ်းပြေ သွားပါရဲ့လား။
    >>> ဒီ စကားလုံးလေး လှလိုက်တာ…။

  • အလင်းဆက်

    November 28, 2012 at 6:30 pm

    မနဲ ့မောင်..
    မောင်နဲ ့မ…

    သူတို ့ဇာတ်လမ်းကို ကဗျာစပ်သွား တာ..
    ဘေးက..ဝင်ဖတ်တဲ ့ ကဗျာချစ်တဲ ့အလက်ဆင်း..လည်း
    တစ်ယောက်ယောက်ကို…
    လွမ်း….ဟမ်းဟမ်း…သွားပါတော့ဒယ်…။

  • ရွှေ ကြည်

    November 28, 2012 at 6:47 pm

    ဟမ် တယ်ဆိုးတာပဲ သတိရတာနဲ့ လွမ်းတာဘာမှမကွာဘူးနော် အမွှာတွေလေ…။
    သုရှင်ရဲ့မတော့ဒီပုစ္ဆာအတွက်ခေါင်းခြောက်တော့မှာပဲ.. :mrgreen:
    မိရွှေကြည်ကတော့ ဒီလိုမြင်တယ် သတိရတာနဲ့လွမ်းတာ
    အမြဲတမ်းဆက်စပ်နေတယ် သတိရမိလိုက်တာနဲ့လွမ်းတယ်ဆိုတာကပ်ပါလာတယ်..။
    ဂျာအေးသူ့အမေရိုက်နေတော့မှာပဲ သတိရလို့လဲအလွမ်းမပြေသလို
    လွမ်းလို့လဲသတိရတာလျှော့မသွားနိုင်ပါဘူးလေ..။

  • ခိုင်ဇာ

    November 28, 2012 at 8:10 pm

    မှတ်ဉာဏ်တွေကိုု format ချလိုုက်လိုု့ ရရင်လည်း ကောင်းမကွယ်။. :mrgreen:

  • သုရှင်

    November 29, 2012 at 5:32 pm

    တိုက်ဆိုင်မှု ရှိတဲ့သူတွေချည်းပဲနဲ့ တူပါတယ် ဗျာ။ ကွန်းမန့်တွေ ထဲမှာ ခံစားချက်တွေ တွေ့နေရတယ်။ :mrgreen:

  • Hnin Hnin

    November 29, 2012 at 10:29 pm

    ‘ အလွမ်း ‘ ဆိုတာ ရင်ထဲမှာ သတိရ၊တမ်းတခြင်းတွေ အလိုလိုနဲ့ တိုးလို့ တိုးလို့ ပေါ့။
    (တိုက်ဆိုင်မှုတော့ မရှိတော့ပါ :mrgreen: )

  • candle .

    November 30, 2012 at 10:56 am

    ကိုသုရှင် ..အလွမ်ပြေဖို ့ မ……ကိုယ်စား candle ဖြေပေးထားတယ်နော်.. 🙂

  • သုရှင်

    December 1, 2012 at 8:33 am

    ဖတ်ပြီးပါပြီ။ကောင်းပါတယ်ဗျာ။ အဲလိုမျှဝေခံစားလို့လည်း ကျေးဇူးတင်ပါတယ်။

Leave a Reply