တန်ဆောင်မုန်း လပြည့်နေ့အတွက် ဦးမာဃရဲ့ လက်ဆောင်

ဘာရယ်မဟုတ်ပါဘူး

အရင် သီတင်းကျွတ်လတုန်းက လေးပေါက်က လပြည့်နေ့မှာ တစ်ရွာလုံးကို ဘုရားဖူးပို့ပေးတာလေးသွားသတိရမိလို့ ဒီခေါင်းစဉ်လေးကို ပေးဖြစ်တာပါ။

ဒီပို့စ်က တန်ဆောင်မုန်းလပြည့်နဲ့တော့ သိပ်မဆိုင်ပါဘူး

ဒါပေမယ့် တန်ဆောင်မုန်းလပြည့်နေ့မှာ လူငယ်တွေက လူကြီးတွေဆီက မုန့်ဖိုးတောင်းတတ်ကြတာကို သွားသတိရမိတာက တစ်ကြောင်း။

ဦးမာဃလဲ ဒီရွာထဲက လူကြီးသူမအဖြစ် ကိုယ့်ကိုယ်ကို ခံယူပြီးတော့ မုန့်ဖိုးပေးချင်စိတ်ပေါ်လာတာက တစ်ကြောင်း ။ (အင်း…… ငရဲတွေတော့ အစုလိုက် အပြုံလိုက် ကြီးတော့မယ်။ ကိုယ်က အသက်အငယ်ဆုံးတောင် ဖြစ်ချင်ဖြစ်နေမှာကိုနော်)

အဲဒီ အကြောင်းတွေကြောင့် အပေါ်က ခေါင်းစဉ်လေးထွက်လာတယ်။

အဲ ဒါပေမယ့် ဦးမာဃမှာ ရွာသူားတွေကို ပေးစရာ မုန့်ဖိုးတော့မရှိဘူး

ဒါကြောင့် ဦးမာဃ ဖတ်ထား မှတ်ထားတဲ့အထဲက တစ်ခုကိုထုတ်ပြီးတော့ ဗဟုသုတလက်ဆောင်အနေနဲ့ ပေးလိုက်ပါတယ်။

======================================================

ဦးမာဃတို့ရဲ့ ဘုရားဟော ပါဋိတော်တွေမှာ အရေအတွက် အတိုင်းအတာတွေ တွေ့ရတတ်တယ်။

ဥပမာ ကုဋေ ရှစ်ဆယ် သူဌေးသား

အခေါဘဏီ တပ်တော်

လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း စတာတွေပေါ့လေ

အဲဒါတွေကို ဖတ်မိရင် ဦးမာဃ သူတို့ရဲ့ အရေအတွက်ကို သိချင်လာမိတယ်(ဖတ်နေရင်းနဲ့ သိချင်စိတ်ပေါ်လာရင် လက်ထောင်   :kwi:)

ဒါနဲ့ပဲ ဟိုနားသည်နား ရှာလိုက်တော့ ဆက်သွယ်ချက်လေး တွေ့မိတယ်။

ဒါကြောင့် ဦးမာဃရဲ့ မှတ်စုထဲကို ထည့်သွင်းထားလိုက်ပြီး အခု ဂေဇက်ကို လက်ဆောင်အနေနဲ့ ရေးပေးလိုက်တာပါ။

ခေါင်းစဉ်ကိုတော့ ခေါင်းပူအောင်စဉ်းစားပြီးတော့ ပါဋိတော်လာ အရေအတွက်ပမာဏ ဆက်သွယ်ချက်များ လို့ပဲ ပေးလိုက်မယ်။  (တကယ်တော့ ခေါင်းစဉ်မစဉ်းစားရသေးခင်ကတည်းက စာပေဆုရွေးရင်းနဲ့ခေါင်းပူနေတာပါ)

ကဲ ပါဋိတော်က ပမာဏတွေအတွက် ညီမျှခြင်းကတော့ အောက်ပါအတိုင်းပါတဲ့ဗျာ

သိန်းတစ်ရာ = တစ်ကုဋေ

1×107

ကုဋေပေါင်း သိန်းတစ်ရာ = ပကောဋိ (ပကုဋေ)

1×1014

ပကောဋိ (ပကုဋေ) ပေါင်း သိန်းတစ်ရာ = ကောဋိပကောဋိ (ကုဋေပကုဋေ)

1×1021

ကောဋိပကောဋိပေါင်း သိန်းတစ်ရာ = နဟုတ

1×1028

နဟုတပေါင်း သိန်းတစ်ရာ = နိန္နဟုတ

1×1035

နိန္နဟုတပေါင်း သိန်းတစ်ရာ = အက္ခောဘဏီ

1×1042

အက္ခောဘဏီပေါင်း သိန်းတစ်ရာ = ဗိန္ဒု

1×1049

ဗိန္ဒုပေါင်း သိန်းတစ်ရာ = အဗ္ဗုဒ

1×1056

အဗ္ဗုဒပေါင်း သိန်းတစ်ရာ = နိရဗ္ဗုဒ

1×1063

နိရဗ္ဗုဒပေါင်း သိန်းတစ်ရာ = အဟံဟ

1×1070

အဟံဟပေါင်း သိန်းတစ်ရာ = အဗဗ

1×1077

အဗဗပေါင်း သိန်းတစ်ရာ = အဋဋ

1×1084

အဋဋပေါင်း သိန်းတစ်ရာ = သောဂန္ဒိက

1×1091

သောဂန္ဒိကပေါင်း သိန်းတစ်ရာ = ဥပ္ပလ

1×1098

ဥပ္ပလပေါင်း သိန်းတစ်ရာ = ကုမုဒ

1×10105

ကုမုဒပေါင်း သိန်းတစ်ရာ = ပဒုမ

1×10112

ပဒုမပေါင်း သိန်းတစ်ရာ = ပုဏ္ဍရိက

1×10119

ပုဏ္ဍရိကပေါင်း သိန်းတစ်ရာ = ကထာန

1×10126

ကထာနပေါင်း သိန်းတစ်ရာ = မဟာကထာန

1×10133

မဟာကထာနပေါင်း သိန်းတစ်ရာ = အသင်္ချေ

1×10140

ရွာသူားတွေ ဗဟုသုတ မရရင်နေပါစေ ခေါင်းထဲကို နည်းနည်းရောက်သွားရင်ပဲ ဦးမာဃ ကျေနပ်ပါပြီ။

စိတ်ဝင်စားပြီး အားနေရင်ဖြင့် ဒီပမာဏတွေနဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုပမာဏတွေကို တွက်ကြည့်ကြပါလားဟင်။

ရွာ သတ်ပုံအဖွဲ့ကိုလဲ ဦးမာဃရဲ့ ပါဋိစာသားတွေ မှန်မမှန် စစ်ပေးပါဦး လို့ နော်။

စကားအတင်းစပ်

ဦးမာဃရဲ့ ပိုင်ဆိုင်မှုကတော့ နတ်သမီး တစ်ဖက်ငါးရာနဲ့ မိဖုရား လေးပါးသားဖြစ်ပါကြောင်း  :mrgreen:

(ဘာရယ်ဟုတ်ဖူး သမ္မတ မို့လို့  ပိုင်ဆိုင်မှု ဖော်ထုတ်ပြတာပါ။)

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

သိဒ္ဓိမိုးမဂ္ဂဇင်း ၂၀၀၉ နိုဝင်ဘာ က ဆရာ ကိုကိုလတ် (ဆည်မြောင်း) ရဲ့ ဆောင်းပါးကို ကိုးကားပါတယ်။

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ CJ # 9292010